← Chapters

အခန်း (၂၄၉)

Vol. 24 Ch. 249

အခန်း (၂၄၉)

Vol. 24 Ch. 249

အပိုင်း(၂၄၉)

စွမ်းအားကြီးပုဂ္ဂိုလ်များ၏ကျူးကျော်မှု

ဂိုဏ်းကြီး ၉ ဂိုဏ်းမှ တစ်ဂိုဏ်းကို တာအိုပေါင်းစည်းခြင်းအဆင့် ၃ ယောက်ဆီပို့လိုက်ခြင်းဖြစ်ပြီး စုစုပေါင်း တာအိုပေါင်းစည်းခြင်းအဆင့် ၂၇ ယောက် ဖြစ်သည်။

ထိုတာအိုပေါင်းစည်းခြင်းအဆင့်များသည် သက်တမ်းကုန်ဆုံးခါနီးအဖိုးကြီးများဖြစ်သော်လည်း သူတို့တစ်ယောက်ချင်းစီ၏ ကျင့်ကြံခြင်းကတော့ တာအိုပေါင်းစည်းခြင်းအထွတ်အထိပ်အဆင့်ဖြစ်၏။

ထိုအကြီးအကဲကြီးများ နှစ်ပေါင်းမည်မျှကြာအောင် အသက်ရှင်ခဲ့ပြီးမှန်း ဘယ်သူမှ မသိကြပေ။ အခုတော့ ထိုအဖိုးကြီးများသည် သူတို့ဂိုဏ်း၏အကျိုးစီးပွားအတွက် အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲသို့ တုန့်ဆိုင်းခြင်းမရှိ ၀င်လာခဲ့ကြသည်။

ဤခရီးသည် နောက်ဆုံးတွင် သေခြင်းဆီသို့သာဦးတည်သွားမည်ဖြစ်မှန်း သူတို့ကောင်းကောင်းကြီးသိ၏။

သို့သော် သူတို့ဂိုဏ်း၏အကျိုးစီးပွားအတွက် သူတို့သိသိကြီးနှင့်လာခဲ့ကြခြင်း ဖြစ်သည်။

ဂိုဏ်းတစ်ဂိုဏ်းချင်းစီတိုင်းက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်စီကတော့ သူတို့တပ်ဖွဲ့များကိုဦးဆောင်ကာ အချိန်မရွေးလှုပ်ရှားနိုင်ဖို့ အဇူရာတိမ်ကုန်းမြေတိုက်ကြီး ပတ်ပတ်လည်တွင် စောင့်ကြပ်နေခဲ့ကြ၏။

ဒါပေါ့ ထိုသူများကတော့ အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲ၀င်ဖို့အစီအစဉ်မရှိကြပေ။ သူတို့က မိစ္ဆာများထွက်မလာစေရန် အပြင်တွင် စောင့်ကြပ်နေကြရုံသာ ဖြစ်သည်။

တာအိုပေါင်းစည်းခြင်းအထွတ်အထိပ်အဆင့် ၂၇ယောက်နှင့် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်က အဇူရာတိမ်ဂိုဏ်းကိုရင်ဆိုင်ဖို့ လုံလောက်တာထက်ပင် ပိုနေသေး၏။

သူတို့အကြီးအကဲများ သေမှာသိလျက်နှင့် အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲ ၀င်သွားတာကိုတွေ့သောအခါ ဂိုဏ်းသားများစိတ်ထဲ စစ်မြေပြင်ကသူရဲကောင်းများကိုကြည့်နေရသလိုပင် ခံစားလိုက်ကြရသည်။

ဤအရာက ကျူးကျော်ခြင်းဆိုတာကိုတောင် သူတို့မေ့လျော့နေခဲ့ကြ၏။

သူတို့ကျူးကျော်ခြင်းကြောင့် အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်က ဘီလီယံနှင့်ချီသောအသက်များ သေဆုံးသွားရတော့မှာကိုလည်း သူတို့မေ့လျော့နေခဲ့ကြပုံပင်။

“တာအိုပေါင်းစည်းခြင်းအထွတ်အထိပ်အဆင့် ၂၇ယောက်” ချင်းယွင်ကျိ အေးစက်စက်ပြောလိုက်သည်။

“အဲ့ဒီသားရဲအိုကြီး ကျိုးရွှမ်ရှန်းလည်း ပါလာတာပဲ”

စန်းစုန့်လေအေးများရှိုက်သွင်းလိုက်မိ၏။

“အဲ့ဒီကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့် တကယ်လို့ သူသာဆက်ကျင့်ကြံနေမယ်ဆိုရင် သူကအမတနယ်မြေကိုတောင် တက်လှမ်းသွားမှာ”

“သူ့လိုလူမျိုးက အမတဖြစ်လာဖို့ ထိုက်တန်လို့လား” ချင်းယွင်ကျိ အေးစက်စက်လှောင်ပြောင်လိုက်သည်။ ထို့နောက် သူအဇူရာတိမ်ဂိုဏ်းက အခြားသူများဘက်လှည့်လိုက်ကာ

“မင်းတို့သက်ဆိုင်ရာ နေရာတွေကိုပြန်ပြီး ၀င်္ကပါကိုအသက်သွင်းဖို့ ပြင်ထားကြ ကျန်းယန် အဲ့ဒီမိစ္ဆာတွေကို ထုတ်ထားလိုက်တော့ ငါကျိုးရွှမ်ရှန်း နဲ့သွားတွေ့လိုက်မယ်”

“ခဏ” ကျန်းယန် သူ့ကိုအမြန်တားဆီးလိုက်သည်။

“ဆရာ ဂူယန်က တိုက်ပွဲဆာလောင်နေတာ သူသွားပါစေ

ဆရာ့အလုပ်က အခြားတာအိုပေါင်းစည်းခြင်းအဆင့်တွေကို အမြန်ရှင်းပစ်ဖို့ပဲ

ဒီကုန်းမြေတိုက်ကြီးက ကျွန်တော်တို့နေရာပဲ သူတို့က မဆင်မခြင်တိုက်ခိုက်ကြမှာ ကျွန်တော်တို့ကတော့ ဒီကုန်းမြေကို ကာကွယ်ရဦးမယ်”

သူမပြောသည့် နောက်တစ်ချက်မှာ ကျိုးရွှမ်ရှန်းသည် ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်ဖြစ်သော‌ကြောင့် သူ့ဆရာ ထိုသူ၏ပြိုင်ဘက်ဖြစ်မနေမှာကို စိုးရိမ်နေခြင်း ဖြစ်သည်။

ဂူယန်က အားကုန်သုံး၍တိုက်ခိုက်ပြီးမှ သူ့ဆရာ တိုက်ပွဲထဲ၀င်တာက ပိုကောင်းပေသည်။

ချင်းယွင်ကျိ ကျန်းယန်၏အကြံကို မငြင်းဆန်ခဲ့ပေ။ သူချက်ချင်း အဇူရာတိမ်ကုန်းမြေတိုက်ကြီး၏ တောင်ပိုင်းဆီဦးတည်သွားလိုက်ကာ ချက်ချင်းဆိုသလို မိုင်တစ်ထောင်အဝေးသို့ ရောက်ရှိသွားခဲ့၏။

လင်းယွင်ကျိနှင့်အခြားသူများလည်း သက်ဆိုင်ရာ တောင်ထွတ်အသီးသီးသို့ပြန်ကာ ၀င်္ကပါကို အသက်သွင်းလိုက်ကြသည်။

အဇူရာတိမ်တောင်ထွတ်ကိုတော့ စန်းစုန့်ကိုသာ ယုံယုံကြည်ကြည်အပ်နှံခဲ့ပြန်၏။

အဇူရာမဟာတိမ်၀င်္ကပါ နောက်တစ်ကြိမ်အသက်၀င်လာခဲ့ပြန်ပြီး ၀င်္ကပါစွမ်းအားက ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ဖုံးအုပ်သွားခဲ့လေသည်။

ထို၀င်္ကပါ၏ တာအိုပေါင်းစည်းခြင်းအဆင့်များ၏ တိုက်ခိုက်မှုများကို အလုံးစုံမကာကွယ်နိုင်ဘူးဆိုလျှင်တောင် ပျက်ဆီးနှုန်းကိုတော့ လျှော့ချပေးပေလိမ့်မည်။

ကျန်းယန် အလျင်အမြန်ပင် မိစ္ဆာငါးယောက်ရှေ့သို့ရောက်ရှိသွားပြီး လေးလေးနက်နက်ပြောလိုက်၏။

“စီနီယာတို့ စီနီယာတို့အကူအညီကိုလိုအပ်တဲ့အချိန်ရောက်လာပြီ ကျွန်တော်နဲ့လိုက်ခဲ့ပေးပါ သွားရင်း ပြောပြမယ်”

မိစ္ဆာငါးကောင်ချက်ချင်း သူ့နောက်မှ လိုက်လာခဲ့ကြသည်။ အထူးသဖြင့် ဂူယန်ပင်။ သူကျန်းယန်လာမခေါ်ခင်ကတည်းက ခြေတကြွကြွဖြစ်နေခဲ့ခြင်း ဖြစ်သည်။

စည်းထဲမှထွက်လာပြီးနောက် ကျန်းယန် အရပ်မျက်နှာပေါင်းစုံကိုလက်ညှိုးထိုးပြကာ အမိန့်ပေးလိုက်၏။

“အရပ်မျက်နှာတိုင်းမှာ စွမ်းအားကြီးရန်သူတွေက အဇူရာတိမ်ဂိုဏ်းကိုတိုက်ခိုက်နေကြတယ်

စီနီယာတို့တာ၀န်က အားလုံးကို သတ်ပစ်ဖို့ပဲ ပြီးတော့ အပျက်အဆီးတတ်နိုင်သမျှနည်းအောင် ဂရုစိုက်ရမယ်

ကျေးဇူးပြုပြီးတိုက်ခိုက်တဲ့အခါ ဒီကုန်းမြေတိုက်ကြီးကိုလည်း ထည့်စဉ်းစားပေးပါ

ဒါပေါ့ အဲ့ဒီလိုထည့်စဉ်းစားလို့ စီနီယာတို့အတွက် ထိရောက်မှုလျော့သွားမယ်ဆိုရင်တော့ မေ့ထားလိုက်တော့

သတ်သာသတ်!

နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ စီနီယာဂူယန် ကျွန်တော်စီနီယာ့အတွက် ပြိုင်ဘက်ရှာတွေ့ထားပြီးပြီ”

ကျန်းယန် ၀မ်လင်းဂိုဏ်းရှိရာအရပ်ကို လက်ညှိုးထိုးပြလိုက်၏။

“ဟားဟား ကောင်းတယ်”

ဂူယန် အားရပါးရ ရယ်မောလိုက်ကာ အဇူရာတိမ်ဂိုဏ်း၏ အနောက်မြောက်အရပ်သို့ ထွက်ခွာသွားခဲ့လေသည်။

“ဝုန်း…”

တစ်ခုခုက လေဟာနယ်ကိုစုတ်ဖြဲပစ်လိုက်သလိုအသံမျိုး ထွက်ပေါ်လာခဲ့ပြီး ဂူယန် ရုတ်ချည်းပျောက်ကွယ်သွားခဲ့၏။

“စီနီယာတို့ ကျေးဇူးပြုပြီးတော့” ကျန်းယန် အခြားမိစ္ဆာများကို အရိုအသေပေးပြီး ပြောလိုက်သည်။

“စီနီယာတို့ ဘယ်သူတွေကိုသတ်ရမယ်ဆိုတာ သိလိမ့်မယ်လို့ ကျွန်တော်ယုံတယ်”

မိစ္ဆာများ အကြည့်ချင်းဖလှယ်လိုက်ကြပြီး ပျောက်ကွယ်သွားခဲ့ကြ၏။

ဂူမေ့ယင်သည် ပျံသန်းထွက်ခွာသွားပြီးနောက် သူမပုံသဏ္ဍာန်ကြီးက ပိုပိုကြီးလာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း သူမသည် အလွန်အမင်းပြန့်ကားလာကာ နောက်ဆုံးတွင် ကောင်းကင်ကိုဖုံးအုပ်ထားသော မိစ္ဆာတိမ်တိုက်ကြီးအဖြစ် မြောက်အရပ်သို့ ပျံသန်းထွက်ခွာသွားခဲ့၏။

ဂူဒူအာကတော့ လက်နှစ်ဖက်ကိုနောက်ပစ်ပြီး အရှေ့တောင်အရပ်သို့ မနှေးမမြန်ခြေလှမ်းမျိုးဖြင့်လျှောက်ကာ ဦးတည်သွားခဲ့သည်။ သူ့အရှိန်ကိုတင်လိုက်သောအခါတွင်တော့ သူ့ပတ်ပတ်လည်တွင် အရိပ်များတစ်ခုပြီးတစ်ခုပေါ်ပေါက်လာခဲ့ပြီး ေနာက်ဆံုးတွင် စစ်သည်တစ်ထောင်ပါသော အရိပ်စစ်တပ်ကြီးဖြစ်သွားခဲ့သည်။

ဂူဟွမ်ကတော့ မြောက်ဘက်စူးစူးဆီ အလျင်အမြန်ပင်ပြေးလွှားလာခြင်းဖြစ်ပြီး သူဖြတ်သွားသော နယ်မြေတိုင်းသည် အပျက်အဆီးအဖြစ် ပြောင်းလဲသွားခဲ့ရ၏။

ဂူချမ်းက အနောက်အရပ်သို့ထွက်ခွာလာခြင်း ဖြစ်သည်။ ပျံသန်းနေရင်း သူ့ကိုယ်ခန္ဓာကြီးက လျင်မြန်စွာကြီးထွားလာခဲ့ကာ နောက်ဆုံးတွင် ကျန်းဒါဇင်နှင့်ချီအောင် မြင့်မားလာခဲ့ပြီး ကျောတွင်လည်း ကျန်းရာချီရှည်လျားသော အတောင်ကြီးတစ်စုံပေါ်ပေါက်လာခဲ့သည်။ ထိုအတောင်ကြီးများက ကောင်းကင်နှင့်နေလုံးကိုတောင် ဖုံးအုပ်ထားခဲ့၏။

ထိုမိစ္ဆာများသည် စွမ်းအားကြီးပညာရှင်ကြီးများဖြစ်ကြပြီး သူတို့ရန်သူကဘယ်မှာလဲဆိုတာ အစကတည်းက အာရုံခံခဲ့မိပြီးသား ဖြစ်သည်။

ကျန်းယန် အဇူရာ‌တိမ်တောင်ထွတ်တွင်ရပ်နေရင်း ထွက်ခွာသွားသော မိစ္ဆာများကို ကြည့်ရှုနေခဲ့၏။ သူ့နှလုံးသားထဲတွင်တော့ ပျော်မနေခဲ့ပေ။

ထိုမိစ္ဆာများ စည်းကျော်မသွားစေဖို့သာ သူမျှော်လင့်နေခဲ့မိသည်။

…..

တစ်ဖက်တွင် ကျိုးရွှမ်ရှန်းနှင့်တာအိုပေါင်းစည်းခြင်းအဆင့် ၂၇ယောက်တို့ ကုန်းမြေတိုက်ကြီးထဲ၀င်ရောက်လာကြပြီးနောက် ချက်ချင်းဆိုသလို ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် ကြောက်မက်ဖွယ်ဖိအားကြီးများ ထွက်ပေါ်လာသည်ကို ခံစားလိုက်ကြရ၏။

ဤအရာက အဇူရာမဟာတိမ်၀င်္ကပါ၏စွမ်းအားဖြစ်မှန်း သူတို့သိကြသည်။

အဇူရာတိမ်ဂိုဏ်းသည် သူတို့ရောက်ရှိလာတာကို အာရုံခံမိပြီး ၀င်္ကပါကိုအသက်သွင်းလိုက်ခြင်းဖြစ်မှန်း ထင်ရှားလှ၏။

တာအိုပေါင်းစည်းခြင်းအဆင့် ၂၇ယောက်၏ခြေလှမ်းများ ချက်ချင်းနှေးသွားခဲ့သည်။

အဇူရာမဟာတိမ်၀င်္ကပါသည် မိစ္ဆာများကိုပင် ဖိနှိပ်ထားနိုင်သောအရာဖြစ်၏။ အကယ်၍ သူတို့ မဆင်မခြင်လုပ်မိ၍ အဇူရာတိမ်ဂိုဏ်းဆီသို့ပင် မရောက်‌လိုက်ဘဲ ဤ၀င်္ကပါများကြောင့် သေသွားခဲ့ရလျှင် ထိုအရာက လုံး၀ရယ်စရာကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။

အဖိုးကြီးများ၏ အရှိန်အဝါကြီးများတစ်ခုပြီးတစ်ခုထွက်ပေါ်လာပြီး သူတို့တာအိုပိုင်နက်များကိုလည်း တစ်ခုပြီးတစ်ခုဖွင့်လိုက်ကြလေသည်။ ထို့နောက်တွင်တော့ ဖိအားကိုတောင့်ခံကာ အဇူရာတိမ်ဂိုဏ်းဆီ ဦးတည်သွားခဲ့ကြ၏။

တာအိုပေါင်းစည်းခြင်းအဆင့်ဖြစ်သောသူတို့အတွက် ၀င်္ကပါ၏ဖိအားက သိပ်ပြီးသန်မာမနေခဲ့ပေ။

သူတို့ပဟေဠိလည်းဖြစ်သွားခဲ့ကြသည်။

အဇူရာတိမ်ဂိုဏ်းသည် တကယ်ကြီး ဒီလောက်ဖိအားလေးကိုသုံးပြီး မိစ္ဆာများကို ဖိနှိပ်နေခြင်းပေလော။

ထိုစဉ် ကျိုးရွှမ်ရှန်းကတော့ ၀င်္ကပါ၏ဖိအားကိုလုံး၀လျစ်လျူရှုထားခဲ့၏။ သူသည် ပန်းခြံထဲ‌လမ်းလျှောက်နေသလိုပင် အဇူရာတိမ်ဂိုဏ်းဆီ အေးအေးဆေးဆေးလမ်းလျှောက်လာနေခဲ့သည်။

သူ့ပစ်မှတ်ကတော့ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ဖြစ်သော ချင်းယွင်ကျိ ဖြစ်၏။

အခြားသူများက သူကိုယ်တိုင်တိုက်ခိုက်ဖို့ မတန်ပေ။

ဂိုဏ်းကြီးကိုးဂိုဏ်းပူးပေါင်းတိုက်ခိုက်ခြင်းကို အဇူရာတိမ်ဂိုဏ်းက မည်သို့ခံနိုင်ပါမည်နည်။

အဇူရာတိမ်ဂိုဏ်းတော့ ကပ်ဘေးသင့်ချေပြီ။

ထို့ကြောင့် သူမလော‌ခဲ့ပေ။

ရုတ်တရက် ကျိုးရွှမ်ရှန်း နှိုင်းတုမရလောက်အောင်ကြောက်စရာကောင်းသောအရှိန်အဝါကြီးတစ်ခု သူ့ဆီချဉ်းကပ်လာနေသည်ကို ခံစားလိုက်ရသည်။

“ချင်းယွင်ကျိ လာနေပြီလား”

သူအသာအယာပြုံးလိုက်၏။

“သူ့ကိုကြောက်စရာကောင်းတဲ့လူတစ်ယောက်အဖြစ် သတ်မှတ်နိုင်ပေမယ့် ဒီအဖိုးကြီးက ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်လေ”

ရုတ်ချည်းဆိုသလို သူ့ပတ်ပတ်လည်မှ ကြောက်မက်ဖွယ်စွမ်းအားအချို့ ပြန့်ကားလာခဲ့ပြီး လီထောင်ချီအောင်ပျံ့နှံ့သွားခဲ့လေသည်။

ထိုလီထောင်ချီသောနယ်မြေထဲရှိ အရာအားလုံးက ကြမ်းတမ်းစွာ တုန်ခါနေခဲ့ကြ၏။

ထိုကြောက်မက်ဖွယ်အရှိန်အဝါကလည်း သူ့တာအိုပိုင်နက်ထဲ တည့်တည့်ကြီး ပြေး၀င်လာခဲ့လေသည်။

ထိုပုံရိပ်ကိုမြင်သောအခါ ကျိုးရွှမ်ရှန်း ကြက်သေသေသွားခဲ့၏။

“ဒါကဘာကြီးလဲ”

ထိုပုံရိပ်ကြီးသည် ကျန်း၈၀ကျော်မြင့်မားနေခဲ့ပြီး ဘယ်လိုမိဘက အခုလိုသတ္တဝါမျိုးကိုမွေးထုတ်ပေးလိုက်သလဲ သူမသိခဲ့ပေ။ ထိုပုံရိပ်၏တစ်ကိုယ်လုံးက နက်မှောင်နေခဲ့ပြီး ထိုအမှောင်က အလင်းပင်မဖောက်နိုင်အောင် မှောင်နေခြင်းဖြစ်သည်။

“ဝုန်းးး”

ထိုအနက်ရောင်ပုံရိပ်ကြီးပြေး၀င်လာသည်နှင့် သူ့မဟာတာအိုဆီမှ ဟိန်းဟောက်သံများကြားလိုက်ရသလို ခံစားလိုက်ရကာ သူ့ပတ်ပတ်လည်က ကောင်းကင်နှင့်မြေပြင်နိယာမများကလည်း တုန်ရီကာ အလိပ်လိပ်ထလာခဲ့၏။

ထိုမတူညီသောတာအိုစွမ်းအားကိုခံစားမိသောအခါမှ ကျိုးရွှမ်ရှန်း နောက်ဆုံးတွင် တုန့်ပြန်နိုင်ခဲ့လေသည်။ သူဒေါသတကြီး ဟိန်းဟောက်လိုက်၏။

“အဇူရာတိမ်ဂိုဏ်း! မင်းတို့က တကယ်ကြီး မိစ္ဆာတွေကို လွှတ်ပေးရဲသလား မင်းတို့က သေဖို့ထိုက်တန်တယ်ကွ!”

All Chapters