← Chapters

အခန်း (၂၅၂)

Vol. 24 Ch. 252

အခန်း (၂၅၂)

Vol. 24 Ch. 252

အပိုင်း(၂၅၂)

ကမ္ဘာကြီးကိုကြေငြာခြင်း

ချင်းယွင်ကျိ သူ့သဘောထားကို ပြတ်ပြတ်သားသား ထုတ်ပြလိုကိသည်။

အတိတ်တုန်းက အဇူရာတိမ်ဂိုဏ်းက အခုလိုစိန်မခေါ်ရဲခဲ့ခြင်းမှာ သူတို့တွင် ဘယ်ကုန်းမြေတိုက်ကြီးကိုမှ ဖျက်ဆီးနိုင်စွမ်းမရှိ၍ ဖြစ်၏။

အခုတော့ မိစ္ဆာငါးကောင်ကိုလွှတ်ပေးပြီးနောက် ချင်းယွင်ကျိတွင် ယုံကြည်မှုရှိလာခဲ့ချေပြီ။

ခြေလှမ်းပြင်နေသော မြင့်မြတ်သခင် ရုတ်တရက် သူ့ခြေလှမ်းများကို ရပ်တန့်လိုက်လေသည်။

သူ့မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေခဲ့၏။

တကယ်တော့ သူတင်မဟုတ်ဘဲ အဇူရာတိမ်ကုန်းမြေတိုက်ကြီးကိုဝိုင်းထားသော ဂိုဏ်းကြီးတိုင်း ရှုပ်ထွေးကာ မယုံကြည်နိုင်ဖြစ်နေကြခြင်း ဖြစ်သည်။

သူတို့သည် အဇူရာတိမ်ဂိုဏ်းက မိစ္ဆာများကို ဖိနှိပ်ရင်ဖိနှိပ် မဖိနှိပ်ရင်လွှတ်ပေးလိုက်လိမ့်မည်ဟုသာ တွက်ဆထားခဲ့ကြခြင်း ဖြစ်၏။

အခုလို မိစ္ဆာများနှင့်ပူးပေါင်းသွားလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့မိကြပေ။

ဘယ်လိုလုပ် ဖြစ်နိုင်ပါမည်နည်း။

ဤအခြေအနေကို ဘယ်သူမှ မယုံကြည်နိုင်ခဲ့ကြပေ။

သူတို့နတ်အာရုံများက ချင်းယွင်ကျိသည် မိစ္ဆာ ၁၅ကောင်နှင့်အတူတူတိုက်ခိုက်နေပြီး ကျန်မိစ္ဆာများကလည်း သူ့အမိန့်ဖြင့် တာအိုပေါင်းစည်းခြင်းအဆင့်များကို ရှင်းလင်းနေသည်ကို မြင်လိုက်ရသောအခါတွင်တော့ ဂိုဏ်းကြီးတိုင်းမှလူများ ကြက်သီးမွှေးညှင်းထကုန်ကြတော့သည်။

မိစ္ဆာ ၁၅ကောင်!

မိစ္ဆာတစ်ကောင်ချင်းစီတိုင်းသည် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ပညာရှင်တစ်ယောက်နှင့် ညီကြ၏။ ထိုအရာက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၁၅ယောက်ရှိနေခြင်းဟု ဆိုလိုနေခြင်း ဖြစ်သည်။

ချင်းယွင်ကျိကိုပါ ထည့်ပေါင်းလိုက်လျှင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၁၆ ယောက် ဖြစ်၏။

သူတို့ဂိုဏ်းတစ်ဂိုဏ်းချင်းစီကိုထားဦး ဂိုဏ်းအားလုံးပေါင်းလိုက်မည်ဆိုလျှင်ပင် သူတို့တွင်ရှိသော ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် စုစုပေါင်းက ၁၆ယောက်ထက် အများကြီး ပိုနေမည် မဟုတ်ပေ။

ဂိုဏ်းတိုင်း ကြောက်ရွံ့မှုကြောင့် တုန်ရီသွားခဲ့ကြသည်။

အဇူရာတိမ်ဂိုဏ်းသာ တကယ်ကြီး ထိုမိစ္ဆာများနှင့်အတူချီတက်လာလျှင် သူတို့ ကုန်းမြေတိုက်ကြီးများ ပျက်ဆီးသွားမှာသေချာမှန်း သူတို့ကောင်းကောင်းကြီး သိနေခဲ့ကြ၏။

“အမြန် အမြန်ပြန်ပြီး မဟာ၀င်္ကပါကို အသက်သွင်းကြ တံခါးပိတ်ကျင့်ကြံနေတဲ့သူတွေအားလုံးကို ခေါ်ထုတ်ကြ

သက်တမ်းကုန်ခါနီး ဘိုးဘေးတွေအားလုံးကိုလည်း အကြောင်းကြားထားကြ”

ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များ အလျင်အမြန် အမိန့်ပေးလိုက်ကြပြီး သူတို့နောက်လိုက် တာအိုပေါင်းစည်းခြင်းအဆင့်များကလည်း အလျင်အမြန်ပင် ပြင်ဆင်ဖို့ ဂိုဏ်းဆီ ပြန်သွားခဲ့ကြသည်။

မြင့်မြတ်သခင် လန်ကျားအထွတ်အမြတ်မြေက လူတိုင်းကို အချိန်မရွေးသေသည်အထိတိုက်ခိုက်နိုင်ဖို့ ပြင်ဆင်ခိုင်းထားလိုက်၏။

အဘယ်ကြောင့်ဆိုသော် လန်ကျားအထွတ်အမြတ်မြေနှင့်၀မ်လင်းဂိုဏ်းသည် အဇူရာတိမ်ကုန်းမြေတိုက်ကြီးနှင့် အနီးဆုံးဖြစ်နေသောကြောင့် ဖြစ်သည်။ အကယ်၍များ အဇူရာတိမ်ဂိုဏ်းကသာ ဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းကိုတိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်လျှင် သူတို့ဂိုဏ်းများသာ အရင် ဖြစ်လာနိုင်၏။

ဂိုဏ်းကြီးကိုးဂိုဏ်းမှ တာအိုပေါင်းစည်းခြင်းအဆင့်များ ဖြူဖျော့နေသောမျက်နှာထားများဖြင့် သူတို့ဂိုဏ်းများဆီ ပြန်ပြေးကုန်ကြတော့သည်။

ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များကတော့ အဇူရာတိမ်ကုန်းမြေတိုက်ကြီးအပြင်ဘက်တွင် မသက်မသာ စောင့်ဆိုင်းနေကြရဆဲပင်။

သူတို့အဇူရာတိမ်ကုန်းမြေတိုက်ကြီး၏ နောက်အကွက်ကိုစောင့်ကြည့်ဖို့လိုပြီး ထိုမှသာ အချိန်မီ တုန့်ပြန်နိုင်မည် ဖြစ်သည်။

သေသည်အထိတိုက်ခိုက်ဖို့လား!

သူတို့တွင် ထိုမျှအင်အားရှိမနေပေ။

သူတို့တွင် လက်ရှိရှိနေသော အင်အားမှာ ကျိုးရွှမ်ရှန်းရောပေါင်းမှ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၁၀ယောက်သာ ရှိနေခြင်း ဖြစ်၏။

အဇူရာတိမ်ဂိုဏ်းဘက်တွင်တော့ ၁၆ ယောက် ရှိနေခဲ့သည်။

အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲ၀င်ပြီး တိုက်ခိုက်ဖို့က မဖြစ်နိုင်ပေ။

ထို့အပြင် သူတို့သာ အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲ ၀င်တိုက်ခိုက်လျှင် ကုန်းမြေတိုက်ကြီးတစ်ခုလုံး ပျက်ဆီးသွားရပေလိမ့်မည်။

ဤသို့ဖြစ်သွားလျှင် အဇူရာတိမ်ဂိုဏ်းအတွက် သူတို့ကုန်းမြေတိုက်ကြီးများကို ကျူးကျော်ဖို့ အကြောင်းပြချက်ပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။

ဘယ်သူက အဲ့လောက်စွန့်စားရဲပါမည်နည်း။

ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ပညာရှင်တိုင်း ဤအကြပ်အတည်းကို ဘယ်လိုဖြေရှင်းရမလဲ ခက်ခက်ခဲခဲ အဖြေရှာနေခဲ့ကြ၏။

နည်းလမ်းပေါင်းစုံစဉ်းစားပြီးနောက်တွင်တော့ နောက်ဆုံးတွင် သူတို့အတွက် အဖြေတစ်ခုသာ ကျန်ရစ်ပေတော့သည်။

ညှိနှိုင်းခြင်း!

သူတို့အကြပ်အတည်းနှင့်ရင်ဆိုင်နေရချိန်တွင် ချင်းယွင်ကျိလည်း သက်တောင့်သက်သာရှိနေခြင်း မဟုတ်ခဲ့ပေ။

တကယ်တော့ သူတို့တွင်ပိုင်ဆိုင်ထားသည်က ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၆ ယောက်တည်းဂာ ဖြစ်၏။

အကယ်၍များ အပြင်က ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များဂာ အထဲ၀င်ပြီး တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်လျှင် သူ့မိစ္ဆာ ၁၀ ကောင်က အတုများဖြစ်မှန်း ချက်ချင်း ဘူးပေါ်သလို ပေါ်သွားပေလိမ့်မည်။

ထိုမိစ္ဆာဆယ်ကောင်ထဲတွင် ဘယ်ကောင်ကမှ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်၏ ပြိုင်ဘက် ဟုတ်မနေပေ။

အခြားမိစ္ဆာများကို လွှတ်ပေးဖို့ကျတော့လည်း ထိုမိစ္ဆာများသည် သူတို့ထိန်းချုပ်မှုအောက်တွင်ရှိနေခြင်း မဟုတ်ပေ။ လွှတ်ပေးလိုက်လျှင် အကျိုးဆက်က သူကိုင်တွယ်နိုင်တာထက် ကျော်လွန်သွားပေလိမ့်မည်။

နောက်ပြဿနာတစ်ခုမှာ တိုက်ပွဲသည် အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်တွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။

အကယ်၍များ ဤနေရာတွင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များ တိုက်ခိုက်ခဲ့လျှင် တိုက်ပွဲအဟုန်ကြောင့် ကုန်းမြေတိုက်ကြီးတစ်ခုလုံး ကြေမွသွားမှာ သေချာ၏။

သူထိုသို့ အဖြစ်မခံနိုင်ပေ။

အထူးသဖြင့် အဇူရာတိမ်ဂိုဏ်းတွင် သောင်းချီသောတပည့်များ ရာချီသော သက်တမ်းရင့်ဆေးပင်များနှင့်အဆုံးမဲ့သော ကောင်းကင်ရတနာများရှိနေသော အခါမျိုးတွင်ဖြစ်သည်။

ဤ‌အခြေအနေမျိုးတွင် အရူးကသာ အသက်ချင်းလဲ၍ တိုက်ခိုက်ပေလိမ့်မည်။

သို့သော် ယခုအခြေအနေတွင် သူအားနည်းပြလိုက်၍ မဖြစ်မှန်းလည်း ချင်းယွင်ကျိ ကောင်းကောင်းကြီး သိနေခဲ့၏။

သူအားနည်ပြလိုက်သည်နှင့် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ဆယ်ယောက်က ချက်ချင်း ၀င်လာကြပေလိမ့်မည်။

ထိုသူများ ဝင်မလာသည်ကိုမြင်မှ ချင်းယွင်ကျိ ကြိတ်၍ သက်ပြင်းချလိုက်မိသည်။

တာအိုပေါင်းစည်းခြင်းအဆင့် ၃ ယောက်ကို သတ်ပြီးနောက်တွင်ပင် သူမိစ္ဆာများကို ပြန်မသိမ်းဘဲ ထိုမိစ္ဆာများနှင့်အတူ အဇူရာတိမ်ဂိုဏ်း၏ အနောက်မြောက်အရပ်ဆီ ထွက်ခွာလာခဲ့၏။

ထိုနေရာတွင် ဂူယန်နှင့်ကျိုးရွှမ်ရှန်းသည် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြဆဲပင်။

“တာအိုမိတ်ဆွေတို့ ငါ့နောက်လိုက်ပြီး ကျိုးရွှမ်ရှန်းကို ဖမ်းကြ”

ချင်းယွင်ကျိ အခြားမိစ္ဆာများကိုဆက်သွယ်၍ ပြောလိုက်သည်။

အပေါ်ယံတွင်တော့ ချင်းယွင်ကျိသည် မိစ္ဆာ ၁၄ကောင်နှင့်အတူ ကျိုးရွှမ်ရှန်းကို ဝိုင်းထားဖို့ ပြင်နေပုံ ပေါက်နေခဲ့၏။

အဇူရာတိမ်ကုန်းမြေတိုက်ကြီး အပြင်ဘက်တွင် စောင့်ကြပ်နေသော ကျိုးကျွင်းချန် လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားခဲ့မိသည်။

သူတို့ဂိုဏ်းချုပ်သည် ဘယ်လောက်စွမ်းအားကြီးကြီး ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၁၆ယောက်ကို ခုခံနိုင်စရာတော့ အကြောင်းမရှိပေ။

“ဂိုဏ်းချုပ် ပြေး!” ကျိုးကျွင်းချန် နတ်အာရုံသုံးကာ အလောတကြီး ကျိုးရွှမ်ရှန်းကို အသိပေးလိုက်လေသည်။

“ချင်းယွင်ကျိက မိစ္ဆာ ၁၄ကောင်ထပ်ခေါ်လာပြီး ဂိုဏ်းချုပ်ကို ဝိုင်းထားဖို့ ပြင်နေပြီ!”

“ဘာ ၁၄ကောင်ထပ်ရှိသေးတာလား” ကျိုးရွှမ်ရှန်း ကြောင်အသွားခဲ့၏။

မိစ္ဆာတစ်ကောင်တည်းကပင် သူ့ကိုင်တွယ်နိုင်စွမ်းကို ကျော်လွန်နေပြီဖြစ်လေရာ အခုတော့ ၁၄ကောင်ထပ်ရှိနေသေးတယ် တဲ့လား!

“ဂိုဏ်းချုပ် ပြေး!” ကျိုးကျွင်းရှန် ရူးသွပ်တော့မလို ဖြစ်နေခဲ့သည်။

“ချင်းယွင်ကျိက အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲ ၀င်ရဲတဲ့သူရဲ့ကုန်း‌ေမြတုိက်ကို ဖျက်ဆီးပစ်မယ်လို့ ကြေငြာထားတယ် ဘယ်သူမှ ဂိုဏ်းချုပ်ကိုကူညီဖို့ မ၀င်ရဲကြဘူး အရင်ဆုံး ဆုတ်ခွာပါ ဂိုဏ်းချုပ်”

ကျိုးရွှမ်ရှန်း ကောင်းကင်နှင့်မြေပြင်နိယာမများကို ဖောက်ခွဲပစ်လိုက်ပြီး ဂူယန့်ကိုတားဆီးလိုက်ကာ ချက်ချင်း ၀မ်လင်းဂိုဏ်းရှိရာဘက်ဆီသို့ နောက်လှည့်ပြေးလေတော့သည်။

“မပြေးနဲ့” ဂူယန် ကောင်းကင်နှင့်မြေပြင်နိယာမများကို ချေမွပစ်ကာ သူ့နောက်မှ လိုက်လာခဲ့၏။

သူသည် နောက်ဆုံးတွင် ထိုက်တန်သောပြိုင်ဘက်တစ်ယောက်ကို တွေ့ပြီဖြစ်လေရာ အဘယ်သို့ အလွယ်တကူ အလွတ်ပေးနိုင်ပါမည်နည်း။

ထိုအခိုက်တွင် ချင်းယွင်ကျိက သူ့မိစ္ဆာ ၁၀ကောင်နှင့်အတူ ရောက်ရှ်ိလာခဲ့သည်။ အခြားမိစ္ဆာ လေးကောင်ကလည်း တာအိုပေါင်းစည်းခြင်းအဆင့်များကို ရှင်းလင်းပြီးနောက် အလျင်အမြန် သူတို့ဆီ ချီတက်လာနေခဲ့ကြ၏။

“တာအိုမိတ်ဆွေ ငါတို့ရပ်တန့်လို့ မရတော့ဘူး” ဂူဒူအာ ချင်းယွင်ကျိကိုကြည့်ကာ ပြောလိုက်သည်။

“မင်းက အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲ ၀င်လာတဲ့သူမှန်သမျှရဲ့ ကုန်းမြေတိုက်ကြီးကိုဖျက်ဆီးပစ်မယ်လို့ ကြေငြာထားပြီးပြီ မင်းတကယ်အဲ့လိုလုပ်မပြရင် ဘယ်သူမှ မင်းစကားကိုယုံတော့မှာ မဟုတ်ဘူး”

ချင်းယွင်ကျိ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိ၏။

သူတို့သည်ဓားသွားပေါ်တွင် ကခုန်နေရခြင်းဖြစ်ပြီး တစ်ချက်ကလေး အမှားလုပ်မိသည်နှင့် ကပ်ဘေးကြီးတစ်ခုက ကျရောက်လာပေလိမ့်မည်။

တခဏတွေးတောပြီးနောက် ချင်းယွင်ကျိ ခပ်ဖြည်းဖြည်းပြောလိုက်လေသည်။

“သူတို့ကိုခေါ်ပြီး ၀မ်လင်းကုန်းမြေတိုက်ကြီးဆီ သွားလိုက် အဲ့ဒီကိုရောက်တာနဲ့ လွတ်လွတ်လပ်လပ်တိုက်ခိုက်ပစ်ကြ သူတို့ကို သင်ခန်းစာတစ်ခု ပေးကိုပေးရမယ် သူတို့ဘက်က ညှိနှိုင်းဖို့ ကမ်းလှမ်းလာမှ ပြန်ဆုတ်ခဲ့”

သူဂူဒူအာ၏အကြံပြုချက်ကို လက်ခံဖို့ကလွဲ ရွေးချယ်စရာမရှိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူ့မိစ္ဆာဆယ်ကောင်က အတုများဖြစ်ပြီး တိုက်ပွဲဖြစ်ပွားသည်နှင့် ချက်ချင်းပေါ်သွားနိုင်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် တိုက်ပွဲကိုအဇူရာတိမ်ကုန်းမြေတိုက်ကြီးနှင့် ဝေးနိုင်သမျှဝေးရာအရပ်ဆီ ခေါ်သွားခြင်းက သူတို့အတွက် ပိုကောင်း၏။

ဂူဒူအာနှင့်မိစ္ဆာများအတွက်ကတော့ အခုက သူတို့ခွန်အားကိုပြသဖို့ အချိန်ပင်ဖြစ်သည်။

ဂူဒူအာအသာအယာပြုံးလိုက်၏။

“စိတ်မပူပါနဲ့ ငါတို့ဘာလုပ်ရမလဲ သိပါတယ် ဒါပေမယ့် ဒီတိုက်ပွဲပြီးရင်တော့ မင်းငါတို့ကို လွတ်လပ်မှုနည်းနည်းပိုပေးရမယ်လို့ ကတိပေးရမယ်”

ဤအရာက သူချင်းယွင်ကျိကို ကူညီနေရသော အဓိကအကြောင်းအရင်း ဖြစ်သည်။

မကြာခင်တွင် ဂူဒူအာအခြားမိစ္ဆာ သုံးကောင်ကိုဦးဆောင်ပြီး ၀မ်လင်းဂိုဏ်းဆီဦးတည်သွားနေသော ဂူယန်နောက်သို့ လိုက်သွားခဲ့၏။

ကုန်းမြေတိုက်ကြီးပတ်ပတ်လည်က ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များ ဤအခြေအနေကို သတိထားလိုက်မိကြပြီး ဖြူဖျော့သွားခဲ့ကြလေသည်။

အဇူရာတိမ်ဂိုဏ်းက တကယ်ကြီး လုပ်တော့မှာလား!

အဲ့ဒီမိစ္ဆာတွေကရော အဲ့လောက်တောင် နာခံတတ်တာလား!

အခြေအနေက မကောင်းတော့ပေ။

သူတို့သည် ကပ်ဘေးကြီးတစ်ခုကို နှိုးဆွလိုက်မိချေပြီ။

All Chapters