← Chapters

အခန်း (၂၅၃)

Vol. 24 Ch. 253

အခန်း (၂၅၃)

Vol. 24 Ch. 253

အပိုင်း(၂၅၃)

၀မ်လင်းကုန်းမြေတိုက်ကြီးဆီ ချီတက်ခြင်း

“တာအိုမိတ်ဆွေ အရာအားလုံးကို ဆွေးနွေးလို့ရပါတယ်”

“တာအိုမိတ်ဆွေ စိတ်လိုက်မာန်ပါ မလုပ်လိုက်ပါနဲ့”

“တာအိုမိတ်ဆွေ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါဦး”

ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များ နတ်အာရုံများ ပို့လွှတ်ကာ ချင်းယွင်ကျိကို ဖျောင်းဖျဖို့ ကြိုးစားကြလေတော့သည်။

ဒါပေါ့ သူတို့၀မ်လင်းဂိုဏ်းကို ကူညီဖို့ကြိုးစားနေကြခြင်းတော့ မဟုတ်ပေ။

သူတို့ကြောက်သည်က ၀မ်လင်းဂိုဏ်းပြီးသွားလျှင် အဇူရာတိမ်ဂိုဏ်း၏ မြှားဦးက သူတို့ဆီလှည့်လာမှာကိုသာ ဖြစ်၏။

“စိတ်လျှော့ရမှာလား” ချင်းယွင်ကျိ ဒေါသတကြီး ရယ်မောလိုက်လေသည်။

“မင်းတို့က ငါ့ကိုဘယ်လိုဖြစ်ပြီး စိတ်အေးအေးထားဖို့ မျှော်လင့်နေကြတာလဲ

လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက ငါတို့အဇူရာတိမ်ဂိုဏ်းက ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားခဲ့လဲ

အခုနှစ်တစ်ထောင်ကြာပြီးတဲ့နောက်မှာရော ဘယ်လောက်တောင် အားနည်းသွားခဲ့ရလဲ

ဒီကိစ္စက မိစ္ဆာတွေရဲ့အပြစ်တစ်စိတ်တစ်ပိုင်းပါနေပေမယ့် အဓိကက‌တော့ မင်းတို့ကြောင့်ပဲ

မင်းတို့သာ နောက်ကွယ်ကနေ အကောက်ကြံမနေကြရင် အဇူရာတိမ်ဂိုဏ်းက ဒီလောက်ထိ ကျဆင်းသွားစရာလား

စိတိ‌ေလျှာ့ထားရမယ်တဲ့လား

ငါသာစိတ်လျှော့မထားရင် မင်းတို့‌ေခွး‌ေကာင်‌ေတွအားလုံးကို အပိုင်းပိုင်းဖြတ်ပစ်ပြီးနေပြီ”

သူပိုပြီး မောက်မာပြလေလေ အဇူရာတိမ်ဂိုဏ်းက ပိုလုံခြုံလေဖြစ်မှန်း သူကောင်းကောင်းကြီး သိနေခဲ့၏။

ထိုစကားလုံးများကို သူသူ့တပည့်ဆီက သင်ကြားလာခဲ့ခြင်း ဖြစ်သည်။

နှစ်ပေါင်းများစွာ ကျန်းယန်နှင့်အတူနေလာပြီးနောက် သူလည်း ကျန်းယန်ဆီက တစ်ခုနှစ်ခုတော့ တတ်လာခဲ့၏။

ပတ်ပတ်လည်က တာအိုပေါင်းစည်းခြင်းအဆင့်များ မျက်နှာကိုကြည့်ပြီး စော်ကားခံလိုက်ရသလို ခံစားလိုက်ကြရသောကြောင့် ဒေါသထွက်သွားခဲ့ကြသည်။ သို့သော် သူတို့မကျေနပ်ကြောင်း အနည်းငယ်‌ေတာင် ထုတ်မပြရဲကြပေ။

သူတို့ကြောက်ရွံ့သည်မှာ သူတို့သာ ချင်းယွင်ကျိကိုတွန်းအားပေးလိုက်လျှင် ချင်းယွင်ကျိသည် ရူးသွပ်သွားပြီး အားလုံးကို သူနှင့်အတူဆွဲချသွားမှာကို ဖြစ်၏။

နောက်ဆုံးတွင် ယခုအခါ အဇူရာတိမ်ဂိုဏ်း၌ ယုံကြည်မှုရှ်ိနေချိန် မဟုတ်ပါလော။

“တာအိုမိတ်ဆွေ ငါတို့ဒီကိစ္စကို အေးအေးဆေးဆေးထိုင်ပြီး ဆွေးနွေးလို့ရပါတယ် ဖြေရှင်းလို့မရတဲ့ကိစ္စဆိုတာ မရှိဘူးမလား”

“အဇူရာတိမ်ဂိုဏ်း ဒီနှစ်တွေထဲမှာ နာကျင်ခဲ့ရတာတွေအတွက်ကတော့ ငါတို့လည်း အများကြီးစိတ်မကောင်းဖြစ်ရပါတယ် ဒီကိစ္စကို ငါတို့ကျိန်းသေပေါက် တာ၀န်ယူမှာပါ”

“မိစ္ဆာတွေကိုဖိနှိပ်ဖို့ အဇူရာတိမ်ဂိုဏ်းတစ်ဂိုဏ်းတည်းက တာ၀န်ယူမနေသင့်ဘူး ငါတို့လည်း ပါ၀င်သင့်တယ် တာအိုမိတ်ဆွေ ဘာလိုလဲဆိုတာသာပြောလိုက်ပါ ငါတို့ပူးပေါင်းမှာပါ”

များစွာသော ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များ ချိုချိုသာသာဖြင့် သူတို့ပိုက်ဆံအိတ်ကို ဖွင့်ပေးနေကြပြီး ချင်းယွင်ကျိ လိုချင်တာယူနိုင်ကြောင်း အချက်ပြနေခဲ့သည်။

ချင်းယွင်ကျိ ကြိတ်၍ လှောင်ပြောင်လိုက်၏။ ဤခွေးကောင်များသည် ရှုံးနိမ့်သွားချိန်မှာတောင် အရှုံးကို၀န်မခံဘဲ သူတို့ကိုယ်သူတို့ ဂုဏ်သိက္ခာရှိရှိဖြင့် အမှန်တရားဘက်က ရပ်တည်နေသလို လုပ်နေသေးသည်။

သူအေးစက်စက်ပြောလိုက်၏။

“မင်းတို့ဂိုဏ်းတစ်ဂိုဏ်းချင်းစီက ငါတားမြစ်ထားတဲ့ ကုန်းမြေတိုက်ကြီးထဲကို တာအိုပေါင်းစည်းခြင်းအဆင့် မ၀င်ရဘူးဆိုတဲ့ စည်းမျဉ်းကိုချိုးဖောက်ခဲ့ကြတယ် အဲ့ဒီအတွက် ဖြေရှင်းချက်တစ်ခုပေးရမယ်

၀မ်လင်းဂိုဏ်းအတွက်ကတော့ မင်းတို့စိတ်ပူနေစရာမလိုဘူး

သူတို့က တာအိုပေါင်းစည်းခြင်းအဆင့်တင်မဟုတ်ဘူး ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ပါ ပို့ခဲ့တာ

၀မ်လင်းဂိုဏ်းက ငါတို့ကျေနပ်လောက်စရာ ဖြေရှင်းချက်တစ်ခုပေးရမယ် မဟုတ်ရင်တော့ ကျန်တဲ့တာအိုမိတ်ဆွေတွေကိုပါ ၀မ်လင်းဂိုဏ်းဆီ လွှတ်လိုက်မယ်”

ချင်းယွင်ကျိ သူ့သဘောထားကို အနည်းငယ်လှစ်ဟပြလိုက်သည်။

နောက်ဆုံးတွင် သူလိုချင်တာကလည်း ညှိနှိုင်းဖို့ဖြစ်ပြီး အဇူရာတိမ်ဂိုဏ်းက လက်ရှိအနေအထားဖြင့် စစ်ပွဲမဆင်နွှဲနိုင်သေးပေ။

ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များလည်း ချင်းယွင်ကျိစကားကိုနားထောင်ပြီး သိသိသာသာ စိတ်အေးသွားခဲ့ကြ၏။

သူစကားပြောချင်နေသေးသရွေ့ သူတို့အတွက်လည်း အဆင်ပြေပေသည်။

အရမ်းကောင်းတယ်!

၀မ်လင်းဂိုဏ်းအတွက်ကတော့….ထိုဂိုဏ်းကို နည်းနည်းလောက် အားနည်းသွားအောင် လုပ်လိုက်ခြင်းက သိပ်ဆိုးသောအရာတော့ မဟုတ်ပေ။

“တာအိုမိတ်ဆွေ ငါတို့ဂိုဏ်းတွေကနေ ညှိနှိုင်းဖို့ကိုယ်စားလှယ်တွေ အဇူရာတိမ်ကုန်းမြေတိုက်ကြီးဆီ လွှတ်လိုက်မယ်ဆိုရင်ရော တာအိုမိတ်ဆွေသဘောတူရင် သဘောတူညီချက်ကို ချက်ချင်းလုပ်ပေးလိုက်လို့ရတယ်”

“ဟုတ်တယ် ကျေးဇူးပြုပြီး ရှင်းရှင်းလင်းလင်းပြောပေးပါ တာအိုမိတ်ဆွေ”

ချင်းယွင်ကျိ အေးအေးဆေးဆေးပြောလိုက်၏။

“လူလွှတ်ဖို့ကတော့ မင်းတို့ကြိုက်တဲ့အချိန်လွှတ်လိုက်ပါ

ငါကမင်းတို့ထက်စာရင် ကတိတည်တဲ့လူပါ ငါကငါ့အောက်ခြေစည်းကို ကျော်မလာသေးသရွေ့ အတော်လေး အကျိုးအကြောင်းသင့်တဲ့လူဆိုတာ မင်းတို့သိသင့်ပါတယ်”

သူအခြားသူများကို ထွက်ပေါက်တစ်ခုပေးလိုက်သည်။

“ဟုတ်တယ် ဟုတ်တယ် တာအိုမိတ်ဆွေရဲ့ ကိုယ်ကျင့်တရားကကျော်ကြားပါတယ်”

“ကျုပ်တို့က တာအိုမိတ်ဆွေကို ယုံပြီးသားပါ”

ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များ ဖားယားနေကြသော်လည်း စိတ်ထဲတွင်တော့ ကြိတ်၍ ကျိန်ဆဲနေခဲ့ကြ၏။

မိစ္ဆာတွေနဲ့ပူးပေါင်းထားတာတောင် မင်းက အောက်ခြေစည်းဆိုတဲ့စကားမျိုးကို ပြောရဲသေးတယ်လား!

မကြာခင်တွင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များ ဆုတ်ခွာသွားခဲ့ကြသည်။

သူတို့အဇူရာတိမ်ကုန်းမြေတိုက်ကြီးမှ အဝေးကြီးသို့ရောက်သွားသောအခါမှ သူတို့ မကျေနပ်မှုများကို ဖွင့်ဟရဲကြ၏။

သူတို့သည် ထိပ်တန်းဂိုဏ်းကြီးများဖြစ်ကြသော်လည်း ဒီနေ့တော့ မျက်နှာပျက်ခဲ့ကြရသည်။

သို့သော် သူတို့ဂိုဏ်းတိုင်းတွင် ကာကွယ်ပေးစရာလူများ ရှိနေသေးသောကြောင့် သည်းမခံလို့လည်း မဖြစ်ပေ။

သူတို့သည် ချင်းယွင်ကျိ မဆင်မခြင်လုပ်ပစ်လိုက်မှာကို ကြောက်ရွံ့နေကြသောကြောင့် ယခုအချိန်တွင်တော့ သည်းခံပြီး သူ့အလိုကိုလိုက်ရုံမှလွဲပြီး ရွေးချယ်စရာ မရှိပေ။

ထို့နောက် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များ ၀မ်လင်းကုန်းမြေတိုက်ကြီးဆီ ဦးတည်သွားခဲ့ကြ၏။

သူတို့ ၀မ်လင်းဂိုဏ်းကိုအားနည်းသွားစေချင်ကြသော်လည်း ပျက်ဆီးတော့မသွားစေလိုကြပေ။

အဘယ်ကြောင့်‌ဆိုသော် အကယ်၍သာ အဇူရာတိမ်ဂိုဏ်းက ၀မ်လင်းဂိုဏ်း၏ကြွယ်၀မှုများကို သိမ်းယူသွားပြီး လျင်မြန်စွာ ကြီးထွားလာခဲ့လျှင် နောက်ပစ်မှတ်က သူတို့ဖြစ်လာမှာ ကြောက်သောကြောင့် ဖြစ်သည်။

ထိုအခိုက်တွင် ၀မ်လင်းကုန်းမြေတိုက်ကြီးပေါ်တွင် ကြောက်ရွံ့မှုကြောင့် ကမ္ဘာပျက်နေခဲ့၏။

မိစ္ဆာငါးကောင်က ကျိုးရွှမ်ရှန်းနောက်သို့လိုက်ရင်း ၀မ်လင်းကုန်းမြေတိုက်ကြီးဆီ ချီတက်လာခဲ့ကြသည်။

အထဲသို့ရောက်သည်နှင့် သူတို့ဘာစည်းမှမထားတော့ပေ။

အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲတွင်တုန်းက သူတို့သည် ထိုဂိုဏ်းနှင့်ပူးပေါင်းထားခြင်းဖြစ်သောကြောင့် အဖုအထစ်များ အထင်လွဲစရာများ ဖြစ်မသွားစေရန် သူတို့ခွန်အားကို ထိန်းချုပ်ခဲ့ကြရ၏။

အခုကတော့ ထိန်းချုပ်ထားစရာမလိုတော့ပေ။

ဂူယန်သည် သူ့မာကျောလွန်းသောခန္ဓာကိုယ်ကြီးကို အားကိုးကာ ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို စစ်ရထားကြီးတစ်စင်းနှယ် ဖျက်ဆီးပစ်နေခဲ့သည်။

ဂူမေ့ယင်ကလည်း မိစ္ဆာတိမ်တိုက်ကြီးအဖြစ်ပြောင်းလဲသွားကာ ကောင်းကင်ပေါ်မှ ပုံရိပ်ယောင်စွမ်းအားများ ထုတ်လွှတ်နေပြီး မရေတွက်နိုင်သော ကျင့်ကြံသူများ၏ အသိစိတ်များကို ဖျက်ဆီးပစ်နေခဲ့၏။

ဂူဒူအာကလည်း သူ့အရိပ်စစ်သားများဖြင့် တွေ့ကရာကို နင်းချေပစ်နေခဲ့သည်။

ဂူဟွမ်က ပျက်ဆီးခြင်းစွမ်းအားများကို အရပ်မျက်နှာအနှံ့ထုတ်လွှတ်နေသလို ဂူချမ်၏ မိစ္ဆာမီးတောက်စွမ်းအားကလည်း ကောင်းကင်နှင့်မြေပြင်တစ်ခွင်ကို လွှမ်းခြုံထားခဲ့၏။

၀မ်လင်းကုန်းမြေတိုက်ကြီးသည် လွန်ခဲ့သောနှစ်တစ်ထောင်က အဇူရာတိမ်ကုန်းမြေတိုက်ကြီး ကြုံတွေ့ခဲ့ရသော ကပ်ဘေးမျိုးကို ခံစားနေခဲ့ရချေပြီ။

မရေတွက်နိုင်သော သာမန်ကျင့်ကြံသူများက မိစ္ဆာအရှိန်အဝါသက်သက်ကြောင့်ပင် ပျောက်ကွယ်သွားခဲ့ကြရသည်။

အနည်းငယ်သန်မာသော ဝိညာဉ်အခြေတည်အဆင့်များ နတ်ဝိညာဉ်အဆင့်များကတော့ မိစ္ဆာအရှိန်အ၀ါ‌ေကြာင့် စိတ်ဖောက်ပြန်ကာ ရူးသွပ်သွားခဲ့ရ၏။

၀မ်လင်းကုန်းမြေတိုက်ကြီးပေါ်ရှိ သက်ရှိတိုင်းသည် ဆိုးရွားလွန်းသော ကပ်ဘေးကြီးကို ခါးစည်း၍ ခံနေခဲ့ရသည်။

ပိုဆိုးသည်မှာ ၀မ်လင်းဂိုဏ်းတွင် အဇူရာတိမ်ဂိုဏ်းလို ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ကာကွယ်ပေးနိုင်သည့် ၀င်္ကပါမျိုးရှိမနေခြင်း ဖြစ်၏။

သူတို့အကာအကွယ်၀င်္ကပါသည် သူတို့ဂိုဏ်းနယ်မြေကိုသာ ကာကွယ်ပေးထားနိုင်ခြင်း ဖြစ်သည်။

ရလဒ်အနေဖြင့် ၀မ်လင်းဂိုဏ်း၏ ဆုံးရှုံးမှုက အဇူရာတိမ်ဂိုဏ်းထက်အများကြီး ပိုဆိုးနေခဲ့ရ၏။

…..

၀မ်လင်းဂိုဏ်းထဲတွင် များစွာသော ပညာရှင်များ အလွန်အမင်းဒေါသထွက်နေကြသလို ကြောက်လည်းကြောက်ရွံ့နေခဲ့ကြသည်။

သူတို့သည် အဇူရာတိမ်ဂိုဏ်းလွန်ခဲ့သော နှစ်၁၀၀၀က ကြုံကြိုက်ခဲ့ရသော ကပ်ဘေးမျိုးနှင့်ကြုံတွေ့နေရခြင်းဖြစ်သောကြောင့် ဘယ်လို တုန့်ပြန်ရမလဲမသိ ဖြစ်နေခဲ့၏။

“အမြန် အမြန် အမြန်! ဂိုဏ်းကို ရှိသမျှအားလုံးထုတ်ပြီး ကာကွယ်ကြ” ကျိုးရွှမ်ရှန်း အလောတကြီး အော်ပြောလိုက်သည်။

“ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တွေအားလုံး ငါ့နောက်လိုက်ပြီး မိစ္ဆာတွေကို ရင်ဆိုင်ကြ”

ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့် ဂိုဏ်းချုပ်တစ်ယောက်အနေနှင့် သူသည် ဦးဆောင်လှုပ်ရှားရပေတော့မည်။

သူကျိုးကျွင်းချန်နှင့် သက်တမ်းကုန်ဆုံးခါနီး ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်နှစ်ယောက်ကို ဦးဆောင်ပြီး မိစ္ဆာများနှင့် ရင်ဆိုင်ခဲ့၏။

မိစ္ဆာများဆီ ပြေး၀င်သွားရင်း ကျိုးရွှမ်ရှန်း နောင်တရသလိုလည်း ခံစားနေခဲ့ရသည်။

အခုလိုတွေ ဖြစ်လာမည်မှန်းသာ ကြိုသိခဲ့လျှင် သူအဇူရာတိမ်ဂိုဏ်းကို အပြစ်ပြုခဲ့မိလိမ့်မည် မဟုတ်ပေ။

သို့သော် ဘယ်သူက အဇူရာတိမ်ဂိုဏ်းသည် မိစ္ဆာများနှင့်ပူးပေါင်းသွားလိမ့်မည်ဟု စိတ်ကူးထားခဲ့မိပါမည်နည်း။

ကျိုးရွှမ်ရှန်း အသံနက်ကြီးဖြင့် အော်ပြောလိုက်၏။

“မင်းတို့အခုလိုကူညီပေးဖို့ အဇူရာတိမ်ဂိုဏ်းက မင်းတို့ကို ဘာအကျိုးအမြတ်တွေပေးထားတာလဲ”

“ခန့်မှန်းကြည့်လေ” ဂူဒူအာ အသာအယာပြုံး၍ ပြောလိုက်သည်။

ကျိုးရွှမ်ရှန်း အော်ဆဲမိတော့မလို ဖြစ်သွားခဲ့၏။

ထို့နောက် သူကမ်းလှမ်းလိုက်သည်။

“မင်းတို့က တကယ်ကြီး ငါတို့နဲ့သေတဲ့အထိတိုက်ခိုက်တော့မှာလား မင်းတို့အသက်တွေကို တကယ်ကြီး အဇူရာတိမ်ဂိုဏ်းအတွက် ရောင်းချင်နေတာလား”

All Chapters