← Chapters

အခန်း (၂၅၆)

Vol. 24 Ch. 256

အခန်း (၂၅၆)

Vol. 24 Ch. 256

အပိုင်း(၂၅၆)

မျက်နှာကိုဖြတ်ရိုက်ခွင့်တောင်းခြင်း

စိတ်ဝိညာဉ်ကျောက်တုံး ၅၀ဘီလီယံ!

နတ်အာရုံဖြင့် တိတ်တဆိတ်ကြည့်ရှုနေသော ချင်းယွင်ကျိပင် လေအေးများရှူသွင်းလိုက်မိသည်။

ဤအခြေအနေကြီးကတော့ များလွန်းလှသည်။

ထိုပမာဏသာ လျော်ကြေးပေးလိုက်ရလျှင် ဂိုဏ်းကြီးများသည် လျော်ကြေးပေးပြီးနောက် ဂိုဏ်းပင် ပျက်ဆီးသွားနိုင်၏။

ထို့ကြောင့်လည်း ထိုအခြေအနေကို ဂိုဏ်းကြီးများကလုံး၀ လက်ခံလိမ့်မယ် မဟုတ်ပေ။

တာအိုပေါင်းစည်းခြင်းအဆင့်များ ထရပ်ကာ ထွက်သွားဖို့ ပြင်နေသည်ကို‌တွေ့သောအခါကျန်းယန် ပျင်းရိစွာ ပြောလိုက်သည်။

“ညှိနှိုင်းတယ်ဆိုတာက တစ်ယောက်က ဈေးအမြင့်ကြီးတစ်ခုကိုပြောလိုက်ပြီး အဲ့ဒီဈေးမှန်ကန်တဲ့အနေအထားတစ်ရပ်ရောက်သွားအောင် အခြားသူတွေက ညှိယူရတာမျိုးပဲ ကျွန်တော့်ဘက်ကတော့ ဈေး‌ေခါ်ပြီးသွားပြီ စီနီယာတို့ဘက်က တန်ပြန်ဈေးခေါ်ပေးပါ”

“စိတ်ဝိညာဉ်ကျောက်တုံး ၁ဘီလီယံ” ဘုန်းတော်ကြီး ကျင်းရှန် အေးစက်စက်ပြောလိုက်၏။

ဗုဒ္ဓကျင့်ကြံသူတစ်ယောက်ဖြစ်သော သူပင် ဒေါသကို မထိန်းနိုင်ခဲ့ပေ။

စိတ်ဝိညာဉ်ကျောက်တုံး ဘီလီယံ ၅၀ က များလွန်းလှသည်။

ကျန်းယန် မျက်ခုံးပင့်ကာ အေးစက်စက်ပြောလိုက်၏။

“ညှိနှိုင်းတယ်ဆိုတာ အဲ့လိုလုပ်ရတာမဟုတ်ဘူး ကျွန်တော်စိတ်ဝိညာဉ်ကျောက်တုံး ဘီလီယံ ၅၀လို့ ဈေးခေါ်လိုက်တာက စီနီယာတို့ဂိုဏ်းတွေ ကျွန်တော်တို့အပေါ် အကောက်ကြံခဲ့တဲ့ အချိန်က နှစ်၅၀၀ ရှ်ိနေပြီ မလို့ပဲ

ဆိုတော့ ညှိနှိုင်းချင်ရင် စီနီယာတို့ဘက်ကလည်း အကျိုးအကြောင်းသင့်တဲ့ အကြောင်းပြချက်မျိုးပေးဖို့လိုတယ်

ဒီလိုဆိုရင်ရော ကျွန်တော်ဥပမာပြမယ်

နှစ်တစ်ထောင်လုံးလုံး စီနီယာတို့က မိစ္ဆာတွေကိုနှိမ်နှင်းခြင်း မိစ္ဆာတွေကိုနှိမ်နှင်းခြင်းလို့ပဲ အကြိမ်ကြိမ်ပြောနေတာဆိုတော့ မိစ္ဆာတွေကိုနှိမ်နှင်းတဲ့ ကုသိုလ်ကို အခြေခံညှိနှိုင်းဈေးအဖြစ်ထားလိုက်ရင်ရော

ဟိုးအရင်မျိုးဆက်တွေက ကျွန်တော်နဲ့ဝေးလွန်းတယ် ဆရာကလည်း ကျွန်တော့်ကိုအသေးစိတ်ပြောမပြတော့ ကျွန်တော်မသိဘူး

ဒီခေတ်မှာတော့ ရှို့ယိဘုရားကျောင်းက ချင်းရှုနဲ့စန်းစုန့်တို့ ဆရာတပည့်နှစ်ယောက်က မိစ္ဆာတွေကို ဖိနှိပ်တဲ့နေရာမှာ စိတ်ရောကိုယ်ပါအားစိုက်ပြီး သူတို့ကိုယ်သူတို့စတေးခဲ့ကြတယ်

ချင်းရှုက ဝိညာဉ်အခြေတည်အဆင့်ဆိုတော့ သူ့ကို ဝိညာဉ်ကျောက်တုံး ၁၀သန်းတန်တယ်လို့ တွက်မယ်

စန်းစုန့်ကတော့ တာအိုပေါင်းစည်းခြင်းအဆင့်ဆိုတော့ သူ့ကိုက ၅ ဘီလီယံ လောက်လို့ သတ်မှတ်ရင် သင့်တော်နိုင်တယ်

အဲ့တော့ ရှို့ယိဘုရားကျောင်းက အခြားကုသိုလ်တွေမရှိတော့ရင် ကျွန်တော်တို့အပေါ် ၄၅ ဘီလီယံ ပဲ အကြွေးတင်နေတော့မယ်

ကျွန်တော်တွက်ထားတာ အကျိုးအကြောင်းသင့်တယ်မဟုတ်လား”

တာအိုပေါင်းစည်းခြင်းအဆင့်များ တိတ်ဆိတ်နေပြီး ကျန်းယန်ကို ကြည့်ရှုနေခဲ့ကြ၏။

ရှို့ယိဘုရားကျောင်းက ယွင်စုန့်သာ ပြန်မေးလိုက်သည်။

“စန်းစုန့်က မင်းတို့အဇူရာတိမ်ဂိုဏ်းမှာလား”

စန်းစုန့်သည် ပျောက်ဆုံးနေတာကြာနေပြီဖြစ်ပြီး ရှို့ယိဘုရားကျောင်းက သူ့ကို နေရာအနှံ့တွင်လိုက်ရှာနေခဲ့ခြင်း ဖြစ်၏။ သူက အဇူရာတိမ်ဂိုဏ်းထဲ ရောက်နေလိမ့်မည်ဟု ဘယ်သူက ထင်ထားပါမည်နည်း။

နားထောင်ရသလောက်တော့ သူက အဇူရာတိမ်ဂိုဏ်းထဲ ၀င်သွားသည့်ပုံပင်။

ကျန်းယန် ခပ်တည်တည်ခေါင်းညိတ်ပြလိုက်သည်။

“စီနီယာစန်းစုန့်နောက်ဆုံးတစ်ခေါက် အဇူရာတိမ်ဂိုဏ်းဆီလာတုန်းက မိစ္ဆာတွေရဲ့ ကြောက်စရာကောင်းပုံကို သိသွားပြီး သူ့အသက်ကိုစတေး‌ပြီး မိစ္ဆာတွေကိုဖိနှိပ်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လေ သူ့ရဲ့ မြင့်မြတ်လှတဲ့စိတ်ထားကြောင့်

ဂိုဏ်းကလည်းသူ့ကိုလက်ခံပေးခဲ့တယ်

စီနီယာစန်းစုန့်ကအခုဆို အမတရတနာဖြစ်တဲ့ အဇူရာတိမ်ကျောက်စိမ်းဝိုင်းကို ထိန်းချုပ်ပြီး မိစ္ဆာတွေကိုဖိနှိပ်တဲ့နေရာမှာ အများကြီး အကျိုးပြုနေပြီ”

ယွင်စုန့် ထဆဲချင်မိသွားခဲ့သည်။

မိစ္ဆာများသည် လွတ်လာပြီးဖြစ်လေရာ ဘာကို ဖိနှိပ်ရပါတော့မည်နည်း။

သို့သော် စန်းစုန့်အဇူရာတိမ်ဂိုဏ်းထဲ ၀င်သွားတာကတော့ အမှန်တရား ဖြစ်ပုံပေါ်၏။

ရုတ်တရက် ချင်းယွင်ကျိ လူတိုင်းရှေ့တွင်ပေါ်လာခဲ့လေသည်။

တာအိုပေါင်းစည်းခြင်းအဆင့်များ ကျောချမ်းသွားကြပြီး အလိုလို ပိုပြီး ရိုကျိုးသွားခဲ့ကြ၏။

ကျန်းယန် အမြန်ထရပ်ကာ မေးလိုက်သည်။

“ဆရာ မိစ္ဆာတွေကိုဖိနှိပ်ပြီးပြီလား”

ချင်းယွင်ကျိသူ့တပည့်နှင့်ပူးပေါင်းကာ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူတာအိုပေါင်းစည်းခြင်းအဆင့် ၉ယောက်ကိုကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ငါတို့အဇူရာတိမ်ဂိုဏ်းက ကျေးဇူးမသိတတ်တဲ့သူတွေမဟုတ်ဘူး အခြားဂိုဏ်းက စီနီယာကြီးတွေ ငါတို့အပေါ်ပြသခဲ့တဲ့ ကြင်နာမှုတွေကို မှတ်ထားတယ်

ငါမွေးလာတာနောက်ကျတော့ ငါသေချာမမှတ်တော့တဲ့ ကိစ္စအချို့တော့ ရှိသေးတယ်

ဒါပေမယ့် မိစ္ဆာတွေကိုဖိနှိပ်တဲ့နေရာမှာ ကြီးကြီးမားမားအကျိုးဆောင်ခဲ့တဲ့သူတွေကိုတော့ အတိအကျမှတ်မိတယ်

ကျန်းယန် သူတို့နာမည်တွေကို လိုက်ရေးထား”

“ဟုတ်ကဲ့ဆရာ” ကျန်းယန် အမြန်ပြန်ဖြေလိုက်သည်။

“လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက ရှို့ယိဘုရားကျောင်းရဲ့ ကပ်‌ေဘးဖြတ်‌ေကျာ်ခြင်းအဆင့်စီနီယာ ယွင်ချန်းက မိစ္ဆာတွေကို တိုက်ခိုက်တဲ့တိုက်ပွဲမှာ ပါ၀င်ခဲ့တယ်….”

“လွန်ခဲ့တဲ့ နှစ်၈၀၀တုန်းက ရှို့ယိဘုရားကျောင်းက တာအိုပေါင်းစည်းခြင်းအဆင့်ပညာရှင်ကျန်းရှင်က မိစ္ဆာတွေကိုဖိနှိပ်ရင်း ပင်ပန်းလွန်းလို့ သက်တမ်းကုန်ဆုံးသွားခဲ့ရတယ်

လွန်ခဲ့တဲ့နှစ်၇၀၀က ရှို့ယိဘုရားကျောင်းက တာအိုပေါင်းစည်းခြင်းအဆင့်ပညာရှင် ကျန်းချင်က မိစ္ဆာတွေကိုဖိနှိပ်ရင်း မိစ္ဆာစွမ်းအားလှိုင်း‌ေတွရဲ့ တန်ပြန်တိုက်ခိုက်တာကို ခံလိုက်ရလို့ ရှို့ယိဘုရားကျောင်းဆီ ပြန်ခေါ်သွားခဲ့ရတယ် …”

ယွင်စုန့် ၀င်ပြောလိုက်သည်။

“စီနီယာက ရှို့ယိဘုရားကျောင်းကို ပြန်ရောက်ပြီး နှစ်၁၀၀မပြည့်ခင်မှာ ဆုံးပါးသွားခဲ့ရပါတယ်”

ချင်းယွင်ကျိ ယွင်စုန့်ကိုလျစ်လျူရှုထားပြီး ဆက်ပြောနေခဲ့၏။နောက်ဆုံးမှ သူယွင်စုန့်ကို လှည့်ကြည့်ပြီး မေးလိုက်သည်။

“ဒါက ငါမှတ်မိတာအကုန်ပဲ မင်းမှာထပ်ပေါင်းထည့်စရာ ကျန်သေးလား”

ယွင်စုန့် တိတ်ဆိတ်နေခဲ့၏။

အဇူရာတိမ်ဂိုဏ်းတွင် ကျဆုံးခဲ့ရသော ရှို့ယိဘုရားကျောင်းမှလူအရေအတွက်သည် ဒီထက်များမှန်း သူကောင်းကောင်းကြီး သိပေသည်။

သို့သော် သူထုတ်မပြောရဲခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူချင်းယွင်ကျိ၏ရည်ရွယ်ချက်ကို သိရှိနေသောကြောင့် ဖြစ်၏။

တကယ်တော့ အခြားသူများလည်း ချင်းယွင်ကျိ ဆိုလို‌တာကို ကောင်းကောင်းကြီး နားလည်နေခဲ့ကြသည်။

အဇူရာတိမ်ဂိုဏ်းသည် စာရင်းစာအုပ်တစ်အုပ်ကို တွက်ချက်နေခြင်း ဖြစ်၏။

“ဒါပေမယ့် ခင်ဗျားတို့က မိစ္ဆာတွေကိုလွှတ်ပေးခဲ့တယ်” ၀မ်လင်းဂိုဏ်းက တာအိုပေါင်းစည်းခြင်းအဆင့် ခပ်ဖြည်းဖြည်းပြောလိုက်သည်။

ကျန်းယန် မတ်တပ်ထရပ်လိုက်ပြီး သူ့ကိုလက်ညှိုးထိုးကာ ပြောလိုက်၏။

“ခင်ဗျား ဒီကိုလာပြီး ရှေ့မှာရပ်နေပေး ကျုပ်ကိုတစ်ချက်လောက် ရိုက်ခွင့်ပေးစမ်းပါ”

၀မ်လင်းဂိုဏ်းကိုယ်စားလှယ် အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။

“မင်းဘာပြောတာလဲ”

ချင်းယွင်ကျိ ရှိနေ၍သာ သူစိတ်ထိန်းထားနိုင်ခြင်း ဖြစ်၏။ ထိုကောင်လေးသည် သူ့ကိုမရိုက်ရိုက်အောင် လာဆွနေခဲ့သည်။

ကျန်းယန် သူ့ကိုလှောင်ပြောင်ဟန်ဖြင့် ကြည့်လိုက်ပြီး

“ခင်ဗျားကျ တစ်ချက်လောက်ရိုက်ခံဖို့‌ေတာင် ရပ်နေမပေးနိုင်ဘဲ သူများကိုကျတော့ လည်ပင်းပေါ်ဓားတင်ထားပြီး ပြန်ခုခံလို့ အပြစ်ပြောနေတာလား

မိစ္ဆာတွေကိုလွှတ်လိုက်တော့ ဘာဖြစ်လဲ

တကယ်လို့ ဒီနေ့ဆွေးနွေးပွဲကသာ အဖြေမထွက်ခဲ့ရင် ကျုပ်တို့က ၀မ်လင်းဂိုဏ်းကို အရင်ရှင်းမှာ

ခင်ဗျားဂိုဏ်းချုပ် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်နှောင်းပိုင်းအဆင့်က ဒီနေရာကို သူ့အိမ်လိုမျိုး ၀င်ချင်တိုင်း၀င် ထွက်ချင်းတိုင်းထွက်လုပ်ခဲ့တာက အရမ်း လေးစားစရာကောင်းတယ်ပေါ့ဟုတ်လား ဟမ်

အချိန်ကျလာတဲ့အခါ ခင်ဗျားတို့ ၀မ်လင်းဂိုဏ်းကို မိစ္ဆာငါးကောင်ပို့လိုက်မယ် ခင်ဗျားတို့မှာ မိစ္ဆာတွေကိုခုခံဖို့ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ဘယ်နှစ်ယောက်ရှိမလဲ ကြည့်ကြတာပေါ့”

၀မ်လင်းဂိုဏ်းကိုယ်စားလှယ်၏မျက်နှာဖြူဖျော့သွားပြီး တိတ်ဆိတ်သွားခဲ့၏။

ချင်းယွင်ကျိ သူ့ကိုတစ်ချက်ကြည့်လိုက်ကာ လူတိုင်းကို အေးအေးဆေးဆေးပြောလိုက်လေသည်။

“နှစ်တစ်ထောင်ရှိနေပြီဖြစ်တဲ့ ငါတို့ကြားက ရန်ငြှိုးကို ရှင်းရှင်းလင်းလင်း ဖြေရှင်းနိုင်မှာမဟုတ်ဘူး မင်းတို့ဂိုဏ်းသားတွေလည်း မိစ္ဆာတွေကိုဖိနှိပ်ရင်း ကျဆုံးခဲ့ရသလို ငါတို့ဂိုဏ်းသားတွေလည်း မင်းတို့အကောက်ကြံမှုတွေအောက်မှာ သေဆုံးခဲ့ရတယ်

ဒီလိုကျေးဇူးကြွေးနဲ့ရန်ငြှိုးကို ဘယ်လိုလုပ် တွက်ထုတ်နိုင်မှာလဲ ငါတကယ်မသိတော့ဘူး

ဒါပေမယ့် ကျန်းယန်ရဲ့နည်းလမ်းက ငါ့ကိုအကြံတစ်ခုရသွားစေခဲ့တယ် အရာအားလုံးကို အကျိုးအမြတ်နဲ့ပဲ တွက်လိုက်ကြတာပေါ့

တွက်ပြီးတာနဲ့ လျော်စရာရှိတဲ့လူက လျော်ရမယ်

ဒါပေါ့ တစ်ယောက်ယောက်က မလျော်ချင်ရင်တော့ လျော်ကြေးကို ငါတို့ကိုယ်တိုင်လာယူရလိမ့်မယ်”

တာအိုပေါင်းစည်းခြင်းအဆင့်များ စိတ်ရှုပ်ထွေးကုန်ကြသည်။

အရင်တုန်းက သူတို့စီနီယာများသည် မိစ္ဆာများအား အသက်ကိုစတေးပြီးပင် ဖိနှိပ်ပေးခဲ့ကြ၏။

သို့သော် အဇူရာတိမ်ဂိုဏ်းအားနည်းလာချိန်တွင်တော့ လူတွေ၏နှလုံးသားက ပြောင်းလဲလာခဲ့သည်။

မိစ္ဆာတွေကိုဖိနှိပ်ရမည့်အစား သူတို့က အဇူရာတိမ်ဂိုဏ်းအပေါ်တွင်သာ အကောက်ကြံခဲ့ပြီး သူတို့ကြား ပဋိပက္ခများက ပိုပိုကြီးမားလာခဲ့၏။

အခုတော့ သူတို့သည် ခွင့်လွှတ်၍မရသော ရန်သူများ ဖြစ်နေခဲ့ကြချေပြီ။

“ကျန်းယန် ရှို့ယိဘုရားကျောင်း ဘယ်လိုပေးရမလဲဆိုတာ တွက်လိုက်” ချင်းယွင်ကျိ ပြောလိုက်သည်။

ကျန်းယန် သူ့လက်ထဲကစာရင်းကို တစ်ချက်ကြည့်လိုက်၏။

“ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်က ၁၀ဘီလီယံ

တာအိုပေါင်းစည်းခြင်းအဆင့်က ၅ ဘီလီယံ ဆရာက သုံးယောက်ပြောခဲ့တယ် စန်းစုန့်လည်းပါတယ်ဆိုတော့ ၂၀ ဘီလီယံ

နတ်ဝိညာဉ်အဆင့်က ၁ဘီလီယံ ဆရာက ၁၀ယောက်ပြောခဲ့တော့ ၁၀ ဘီလီယံ

အခြားရေတွက်လို့မရတဲ့ ဝိညာဉ်အခြေတည်အဆင့်တွေကိုတော့ အားလုံးပေါင်း ၅ ဘီလီယံ ထားလိုက်မယ်

ဆိုတော့ အားလုံးပေါင်းရင် ရှို့ယိဘုရားကျောင်းက အဇူရာတိမ်ဂိုဏ်းကို စိတ််၀ိညာဥ်‌ေကျာက်တံုး ၅ဘီလီယံ လျော်ကြေးပေးရမယ်”

သူအကျိုးအကြောင့်သင့်သော ပမာဏကိုသာ တောင်းခံလိုသောကြောင့် နတ်ဝိညာဉ်အဆင့်နှင့်တာအိုပေါင်းစည်းခြင်းအဆင့်ဧ။် တန‌်‌ေကြးကို သိပ်မခွာထားခဲ့ခြင်း ဖြစ်သည်။

ထိုဂိုဏ်းများ မပေးနိုင်သောပမာဏသို့ ရောက်ရှိသွားခဲ့လျှင် ရလဒ်က စစ်ပွဲဆီသို့သာ ဉီးတည်သွားမည်ဖြစ်ပြီး ထိုအရာက သူတို့လိုချင်သောအရာ မဟုတ်ပေ။

“ကောင်းတယ် ဒါဆို သတ်မှတ်ပြီးပြီ ရှို့ယိဘုရားကျောင်းက စိတ်ဝိညာဉ်ကျောက်တုံး ၅ဘီလီယံ” ချင်းယွင်ကျိ ယွင်စုန့်ကိုကြည့်ကာ ပြောလိုက်၏။

“အဲ့ဒီထဲမှာ စိတ်ဝိညာဉ်ကျောက်တုံးကို ၃ဘီလီယံပဲပေး ၁ ဘီလီယံကို ဆေးပင်တွေပေးရမယ် ၁ ဘီလီယံကိုတော့ သတ္တုတွေပေးရမယ် လျော်ကြေးအားလုံးကို တစ်လအတွင်းလိုချင်တယ် တစ်လအတွင်းလျော်ကြေးရောက်မလာခဲ့ရင် ငါကိုယ်တိုင် မိစ္ဆာ ၁၅ကောင်ခေါ်ပြီး အကြွေးကို လာသိမ်းမယ်”

ယွင်စုန့် လုံး၀ကြောင်အနေခဲ့သည်။

ဘာလို့ ဒီပမာဏနဲ့ စီစဉ်ပြီးသား ဖြစ်သွားရတာလဲ!

ဘယ်သူမှ ငါ့ကိုဘာမှမမေးခဲ့ဘူးလေ!

(Translation note- 1000millions ကို 1billion ရှိပါတယ်ဗျ သန်းနဲ့ပဲဆို ဂဏန်းတွေအရမ်းရှုပ်သွားမှာစိုးလို့ ဘီလီယံ လို့ပဲရေးလိုက်ပါတယ်)

All Chapters