← Chapters

အခန်း (၁၁၃၃-၁၁၃၄)

Vol. 66 Ch. 1133-1134

အခန်း (၁၁၃၃-၁၁၃၄)

Vol. 66 Ch. 1133-1134

အပိုင်း (၁၁၃၃)

နန်းဆောင်သခင် ကျိုးရှီသည် ပျံသန်းနေသော သားရဲဖြင့် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

“ဒါနဲ့... မေးစရာ တစ်ခု ရှိတယ်။”

“မေးချင် မေးနိုင်ပါတယ်။ ဒါပေမဲ့ ဖြေချင်မှ ဖြေမယ်။”

“နုရှောင့်မြို့နဲ့ မဝေးတဲ့ ပင်လယ်ကြမ်းပြင် အောက်မှာ လျှို့ဝှက်အပျက်အစီး တစ်ခု ရှိတယ်။ မကြာသေးခင်က တစ်ယောက်ယောက် ဝင်သွားခဲ့ပြီး ခြေရာလက်ရာတချို့ ကျန်ခဲ့တာ တွေ့တယ်။ အဲဒါ ခင်ဗျားလား။”

“ဟုတ်တယ်။ ကျုပ်ပဲ။”

ရှမ့်လန် အံ့အားသင့်သွားခဲ့ရ၏။ ‘တကယ်ပဲ ကျိုးရှီ ဖြစ်နေတာကိုး။ သူက ရှေးဟောင်းထောင်ကို တကယ် ရောက်သွားခဲ့တာပဲ။ ဒါပေမဲ့ ကျိုးရှီက အတွင်းပိုင်းထိ ဝင်လို့မရဘဲ အပြင်ဘက်က ဘုရားကျောင်းမှာပဲ နေခဲ့ရတာ ဖြစ်မယ်။’

“အဲဒါက ရှေးဟောင်းအပျက်အစီး တစ်ခု ဖြစ်နိုင်တယ်။ ခင်ဗျား ဘာလို့ ဆက်ပြီး မလေ့လာချင်ရတာလဲ။ ဒီတိုင်းပဲ ထွက်သွားတော့မလို့လား။”

“ဘဝမှာ အကြီးမားဆုံး တားမြစ်ချက်က ဆုံးဖြတ်ချက် မပြတ်သားတာပဲ။ သဲကန္တာရကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်လို့ ရည်မှန်းထားပြီးမှတော့ အရာအားလုံးကို ဒီတစ်ပွဲတည်းနဲ့ ပုံအောလိုက်ရမယ်။ တခြား ရှေးဟောင်း အပျက်အစီးတွေက ဘယ်လောက်ပဲ မက်မောစရာ ကောင်းနေပါစေ အာရုံလွင့်လို့ မဖြစ်ဘူး။ အရင်းအမြစ်တွေကို ခွဲဝေသုံးစွဲဖို့ ပိုတောင် မဖြစ်ဘူး။”

ရှမ့်လန်က လက်မထောင်ပြလိုက်သည်။ “ခင်ဗျား တကယ် တော်တယ်။”

သို့သော်ငြား ရှမ့်လန်သည်လည်း တော်ပါပေသည်။ သူသည် ရှေ့မှောက်ရှိ အကျိုးစီးပွားများ၊ ပတ်ဝန်းကျင်ရှိ အကျိုးစီးပွားများကို မည်သည့်အခါမှ မက်မောခဲ့ခြင်း မရှိပေ။ အစမှ အဆုံးတိုင်အောင် သူ၏ မူလရည်မှန်းချက်ကို ဘယ်တော့မှ မမေ့ခဲ့ပေ။

နန်းဆောင်သခင် ကျိုးရှီသည် ရှမ့်လန်၏ အပြုအမူကို သည်းမခံနိုင်တော့ဘဲ ချက်ချင်း ထွက်ခွာသွားခဲ့ သည်။ တကယ်တော့ ရှမ့်လန် မေးချင်သော မေးခွန်းတစ်ခု ကျန်ရှိနေသေး၏။ သို့သော်ငြား ကျိုးရှီ ဖြေမည် မဟုတ်မှန်း သိသောကြောင့် မမေးတော့ခြင်း ဖြစ်၏။

…………………..

တော်ဝင်နှင်းတောင်ထိပ်ရှိ တော်ဝင်ကပ်ဘေးဘုရားကျောင်း အပျက်အစီးနေရာ ....။

နှစ်အနည်းငယ် ကြာပြီးနောက် ရှမ့်လန် ဤနေရာသို့ ပြန်ရောက်လာခဲ့ပြန်သည်။ ဤနေရာ၏ ခမ်းနား ထည်ဝါမှုကို သူ ခံစားနေရဆဲ ဖြစ်၏။ တော်ဝင်ကပ်ဘေး ဘုရားကျောင်းသည် တကယ့်ကို အံ့မခန်းပင်။ ဤတောင်ထိပ်ပေါ်တွင် ကြီးမားခမ်းနားသော နန်းတော် အဆောက်အအုံများကို တည်ဆောက်ခဲ့ကြသည် မဟုတ်ပါလား။

လွန်ခဲ့သော နှစ်အနည်းငယ်က ရှမ့်လန်သည် ဤနေရာတွင် နှင်းပြိုကျမှုကို အသုံးပြုပြီး ချင်ဘုရင် အာယုထန်ကို သုတ်သင်ရှင်းလင်းခဲ့ကာ စုမျိုးနွယ်စုကို သေစေလောက်သော ထိုးနှက်ချက် ပေးခဲ့ဖူးသည်။ ပြန်တွေးကြည့်လိုက်လျှင် မနေ့တစ်နေ့ကလိုပင် ထင်ရ၏။ စုနန်သည် ယခုအချိန်တွင် တော်ဝင်ချန် အင်ပါယာ၏ လက်အောက်ခံ ဖြစ်လာပြီး မှန်ကို ကာကွယ်ကာ ချန်မြို့တော်တွင် ရင်ကွမ်းကို ရင်ဆိုင် နေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ။

“အရှင်... ချန်မြို့တော် အခြေအနေ ဘယ်လိုရှိလဲ။” ရွှယ်ရင်က မေးလိုက်၏။

“အကုန်လုံး အဆင်ပြေပါတယ်။ ဒီတော်ဝင်ကပ်ဘေးဘုရားကျောင်း ခရီးစဉ်သာ အောင်မြင်ခဲ့ရင် ရင်ကွမ်းနဲ့ ဂိုဏ်းချုပ်ရန်ကို ကျုပ်ရဲ့ ရန်သူစာရင်းထဲကနေ အပြီးအပိုင် ဖျက်ပစ်နိုင်တော့မှာပါ။”

“လန်အာ... သရဲမြို့တော် ဝင်ပေါက်က တော်ဝင်ကပ်ဘေးဘုရားကျောင်းထဲမှာ ရှိတယ်ဆိုတာ သေချာ လို့လား။ လူအများကြီးက အဲဒီလိုပဲ ထင်ခဲ့ကြပေမဲ့ ရှာဖွေမှုတိုင်းက ကျရှုံးခဲ့တာချည်းပဲ။ မယုံရင် ပန်ရော့ကို မေးကြည့်”

“ဟုတ်ပါတယ်။”

ပညာရှင် ပန်ရော့က ဝင်ပြောလိုက်သည်။ “ကျွန်မက တော်ဝင်ကပ်ဘေးဘုရားကျောင်း အပျက်အစီးတွေကို အများဆုံး လေ့လာခဲ့တဲ့သူပါ။ ဒါပေမဲ့ သရဲမြို့တော် ဝင်ပေါက်ကို မတွေ့ခဲ့သလို ရှေးဟောင်း အပျက်အစီးလည်း မတွေ့ခဲ့ပါဘူး။ သရဲမြို့တော်ဆိုတာ မရှိဘူးလို့တောင် ကျွန်မ သံသယ ဝင်မိတယ်။ တော်ဝင်ကပ်ဘေးနတ်ဘုရားရဲ့ ဝိညာဉ် အမွေအနှစ် ဆိုတာလည်း ကောလာဟလ သက်သက်ပဲ ဖြစ်လောက်တယ်။”

“ကောလာဟလ မဟုတ်ဘူး။ အစစ်အမှန်ပါ။”

ထို့နောက် ရှမ့်လန်သည် တော်ဝင်ကပ်ဘေးဘုရားကျောင်း အပျက်အစီးများထဲတွင် တင်ပျဉ်ခွေထိုင်ပြီး မျက်လုံးမှိတ်ကာ အနားယူလိုက်သည်။ ယခုတစ်ကြိမ်တွင် သူ ကျရှုံး၍ မဖြစ်ပေ။ တော်ဝင်ကပ်ဘေး နတ်ဘုရား၏ ဝိညာဉ်ကို မရရအောင် ယူရမည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် အလွန် အစွမ်း ထက်သော စိတ်စွမ်းအားကို ကိုယ်စားပြုသောကြောင့်ပင်။ ရင်ကွမ်းနှင့် ဂိုဏ်းချုပ်ရန်ကို ချေမှုန်းရန် အတွက် အဓိက သော့ချက်ပင် ဖြစ်၏။

ရွှယ်ရင်က မေးလိုက်သည်။ “လန်အာ... သရဲမြို့တော်ဝင်ပေါက်က ဒီအပျက်အစီးတွေထဲမှာ ရှိတယ်ဆိုရင် အခုပဲ စရှာကြမလား။”

“ရှာနေလို့ အလကားပဲ။ ပညာရှင် ပန်ရော့က မရေမတွက်နိုင်အောင် ရှာဖွေခဲ့ပြီးပြီ။ ဘာမှ မတွေ့ခဲ့ဘူးလေ။”

“ဒါဆို အခု ဘာလုပ်ရမလဲ။”

“စောင့်ရမယ်။”

“ဘာကို စောင့်ရမှာလဲ။”

“တော်ဝင်ကပ်ဘေး ကျရောက်မယ့် အချိန်ကို စောင့်ရမယ်။ နေကြတ်မယ့် အချိန်ကို စောင့်ရမယ်။”

……………..

ကျွန်းတစ်ကျွန်း၏ တောင်ထိပ်ပေါ်တွင် ဘိုးဘေးလော်သည် ကောင်းကင်ကို မျက်နှာမူလျက် တင်ပျဉ်ခွေ ထိုင်နေ၏။

“ဆရာ... ကျွန်မတို့ ဘာကို စောင့်နေကြတာလဲ။”

ရှမ့်လန်သာ ထိုအသံကို ကြားလိုက်ရပါက အလွန်အမင်း စိတ်လှုပ်ရှားသွားပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုအသံပိုင်ရှင်သည် သူ အိပ်မက်ထဲတွင်ပင် တောင့်တနေခဲ့ရသော မူလန်၏ အသံ ဖြစ်သောကြောင့်ပင်။

ဘိုးဘေးလော်က ပြန်လည်ဖြေကြားလိုက်သည်။ “အချိန်အခါကြီးတစ်ခုကို စောင့်နေကြတာ။ နေကြတ်မဲ့ အချိန်ကို စောင့်နေကြတာ။”

……………..

သရဲမြို့တော်နှင့် တော်ဝင်ကပ်ဘေး နတ်ဘုရား အကြောင်း ဒဏ္ဍာရီများသည် ရာစုနှစ်ပေါင်းများစွာ ပျံ့နှံ့ခဲ့ သည်။ အထူးသဖြင့် ဧကရာဇ်ကျန်းလီက တော်ဝင်ကပ်ဘေး ဘုရားကျောင်းကို ချေမှုန်းပြီးနောက် ထိုဒဏ္ဍာရီနှစ်ခုသည် ပိုမို ရေပန်းစားလာခဲ့၏။

တော်ဝင်ကပ်ဘေး ဘုရားကျောင်းသည် လူပြောအများဆုံး အကြောင်းအရာ ဖြစ်လာပြီး နှစ်စဉ်နှစ်တိုင်း ထိပ်တန်းပညာရှင်များ လာရောက် ရှာဖွေလေ့ ရှိကြသည်။ တစ်နှစ်ပြီး တစ်နှစ်၊ ဆယ်နှစ်၊ အနှစ်နှစ်ဆယ် ကြာသော်လည်း မည်သည့် ရလဒ်မှ မထွက်ပေါ်ခဲ့ပေ။

ထို့ကြောင့် အလွန် ရေပန်းစားခဲ့သော တော်ဝင်ကပ်ဘေးဘုရားကျောင်း အပျက်အစီးများသည် တဖြည်းဖြည်း လူသူ ကင်းမဲ့လာခဲ့၏။ ပညာရှင် ပန်ရော့ပင် မကြာခဏ မလာရောက်တော့ပေ။ နန်းတော် အပျက်အစီးများ ထဲမှ ရုပ်တုများစွာလည်း တူးဖော် ခိုးယူခံလိုက်ရသည်။

ယခုအခါ တော်ဝင်ကပ်ဘေးဘုရားကျောင်း အပျက်အစီးများသည် လေတိုက်တိုင်း ယိမ်းယိုင်နေသော ခြောက်သွေ့သော နေရာတစ်ခု အဖြစ်သာ ကျန်တော့၏။

ရှမ့်လန်သည် တော်ဝင်ကပ်ဘေး ဘုရားကျောင်း၏ တိုတမ်အမှတ်အသားကို လေ့လာကြည့်ရာ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်ပုံစံ ဖြစ်နေသည်ကို တွေ့ရသည်။ ဤတိုတမ်ကို နေရာတိုင်းတွင် တွေ့မြင်နိုင်ပြီး အပျက်အစီးများကြားတွင်လည်း များစွာ ကျန်ရှိနေသေးသည်။ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး၊ ယင်နှင့် ယန်၊ ခေါင်းပေါ်တွင် နေမင်း တစ်စင်း ရှိသည်။ ဤတိုတမ်၌ မည်သည့်အရာကိုမှ ထူးထူးခြားခြား မတွေ့ရပေ။

သို့သော်ငြား နန်းတွင်းအမတ် ရှားယင် ရှမ့်လန်အတွက် ချန်ထားခဲ့သော သေတမ်းစာပါ တော်ဝင်ကပ်ဘေး ဘုရားကျောင်း တိုတမ်မှာမူ ကွဲပြားနေသည်။ ထိုတော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ နေမင်းမှာ အနက်ရောင် ဖြစ်နေ၏။ ထို့ကြောင့် ၎င်းသည် အမှောင် တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင် ဖြစ်ပေသည်။ သေတမ်းစာပေါ်တွင် ဧပြီလ ၁၃ ရက် ဟူသော ရက်စွဲတစ်ခုလည်း ပါရှိသည်။

ယခင်က ဧကရာဇ် ကျန်းလီသည် လူအင်အားဖြင့် တော်ဝင်ကပ်ဘေးဘုရားကျောင်းကို တိုက်ခိုက်ခဲ့စဉ်က လူအကုန်နီးပါးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ လူအနည်းငယ်သာ ထွက်ပြေး လွတ်မြောက်သွားခဲ့၏။ ထိုစဉ်က ငယ်ရွယ်ပြီး အဆင့်နိမ့်သေးသည့် ခူဟိုင် နှင့် ထုဟိုင်တို့သည် ပိုက်ကွန်မှ လွတ်သွားသော ငါးများ ဖြစ်ခဲ့ကြ၏။

တော်ဝင်ကပ်ဘေး ဘုရားကျောင်းသည် အလွန် အင်အားကြီးမားခဲ့သည်။ အဖြစ်အပျက် ပြီးနောက် သူတို့သည် အနောက်ဘက် ဒေသသို့ ထွက်ပြေးသွားကြပြီး အမှန်တကယ် စွမ်းအားကြီးမားပုံ ပေါက်နေခဲ့၏။ သို့သော်ငြား ကျူးဟုန်ရွှဲ့သည် သွေးဝိညာဉ် တပ်တော် တစ်သောင်းကို ဦးဆောင်ကာ အနောက်ဘက်ဒေသသို့ သွားရောက်ပြီး တော်ဝင်ကပ်ဘေး ဘုရားကျောင်းနှင့် အနောက်ဘက်ဒေသ မဟာမိတ်တပ် သန်းပေါင်း များစွာကို အနိုင်ယူခဲ့သည်။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် တော်ဝင်ကပ်ဘေး ဘုရားကျောင်းသည် မည်မျှ အားနည်းနေကြောင်း သိသာနေပေသည်။ အဘယ်ကြောင့်ဆိုသော် ဧကရာဇ် ကျန်းလီသည် ထိုစဉ်က တော်ဝင်ကပ်ဘေး ဘုရားကျောင်းကို လုံးဝ ဖျက်ဆီးပစ်ခဲ့သောကြောင့်ပင်။

ရာထူးကြီးမားသူ၊ သိုင်းပညာ ထူးချွန်သူ အားလုံးနီးပါး သေဆုံးခဲ့ရသည်။ ဆယ်ကျော်သက် အရွယ် ကိုရင်လေး တစ်ပါးသာ အသက်ရှင် ကျန်ရစ်ခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သည်။ ခူဟိုင်နှင့် ထုဟိုင်တို့သည်လည်း ထိုစဉ်က ကိုရင်လေးများသာ ဖြစ်ကြသေးသည်။

ထိုအသက်ရှင် ကျန်ရစ်သူများသည် အနောက်ဘက်ဒေသသို့ ထွက်ပြေးခဲ့ကြပြီး တော်ဝင်ကပ်ဘေး ဘုရားကျောင်းကို ပြန်လည် တည်ဆောက်ခဲ့ကြသည်။ ထို့အပြင် အရှေ့လောကသို့ ပြန်လည် တိုက်ခိုက်ရန် အမြဲ ကြံစည်နေခဲ့ကြ၏။ သို့သော်ငြား ရလဒ်မှာ ရှင်းလင်းလှသည်။ သူတို့သည် ဟာသတစ်ခုသာ ဖြစ်ခဲ့ကြသည်။ မင်းသားကျင်းပင် သူတို့ကို အထင်သေးခဲ့၏။ ကျူးဟုန်ရွှဲ့သည် အနောက်ဘက်ဒေသရှိ နိုင်ငံအသီးသီးတွင် သူတို့ကို နှိမ်နင်းခဲ့၏။

သို့သော်ငြား တော်ဝင်ကပ်ဘေး ဘုရားကျောင်း၏ အသက်ရှင် ကျန်ရစ်သူများထဲတွင် ခြွင်းချက် တစ်ခု ရှိခဲ့သည်။ ထိုသူမှာ နန်းတွင်းအမတ် ရှားယင် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ တည်းက သူသည် တော်ဝင်ကပ်ဘေး ဘုရားကျောင်း၏ အထက်တန်း ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပြီးပြီ။

လူတို့သည် မိမိ၏ မွေးဖွားလာမှုကို ရွေးချယ်၍ မရနိုင်သော်လည်း မိမိ၏ အနာဂတ် လမ်းကြောင်းကို ရွေးချယ်နိုင်ပေသည်။ ဤစကားသည် ရှားယင်၏ ဘဝလမ်းကြောင်းကို အကောင်းဆုံး ရှင်းပြထားခြင်း ဖြစ်၏။

ရှားယင်သည် တော်ဝင်ကပ်ဘေး ဘုရားကျောင်းတွင် ကြီးပြင်းခဲ့သော်လည်း ရွှံ့နွံထဲတွင် ပေါက်ဖွားသော ကြာပန်းကဲ့သို့ စင်ကြယ်သူ ဖြစ်သည်။ တော်ဝင်ကပ်ဘေး ဘုရားကျောင်း တစ်ခုလုံး မိစ္ဆာပညာရပ်များ၊ အာဏာနှင့် မိန်းမကိစ္စများ၌ နစ်မွန်းနေချိန်တွင် သူသည် ပညာရပ်ပိုင်းဆိုင်ရာ သုတေသနကိုသာ အာရုံစိုက်ခဲ့သည်။

သူ၏ သိုင်းပညာမှာ မြင့်မားခြင်း မရှိသော်လည်း အသက် ၄၀ နား ကပ်လာသောအခါ တော်ဝင်ကပ်ဘေး ဘုရားကျောင်း၏ အကြီးအကဲတစ်ဦး ဖြစ်လာခဲ့ပြီး ရှေးဟောင်း ကျမ်းစာများကို ဘာသာပြန်ဆိုခြင်း၌ အာရုံစိုက်ခဲ့သည်။ သူသည် တော်ဝင်ကပ်ဘေး ဘုရားကျောင်း၏ ဦးတည်ချက်ကို ပြောင်းလဲရန် ကြိုးစား ခဲ့သော်လည်း ကျရှုံးခဲ့၏။

ဧကရာဇ် ကျန်းလီက တော်ဝင်ကပ်ဘေး ဘုရားကျောင်းကို ဖျက်ဆီးလိုက်သောအခါ ရှားယင်သည် နှမြောတသ ဖြစ်ခဲ့သော်လည်း အမုန်းတရား မထားရှိခဲ့ပေ။ ထို့ကြောင့် ထိုတိုက်ပွဲတွင် ရှားယင် အသက်ရှင် ကျန်ရစ် ခဲ့သည်။ ဧကရာဇ်ကျန်းလီက သူ့ကို မထိပါးရန် အမိန့်ပေးခဲ့ပြီး တော်ဝင်ချန်အင်ပါယာသို့ လာရောက် တရားဟောကြားရန် ဖိတ်ခေါ်ခဲ့သည်။

သို့သော်ငြား ရှားယင်က ငြင်းပယ်ခဲ့သည်။ သူသည် ရသေ့တစ်ပါးကဲ့သို့ တစ်နေရာမှ တစ်နေရာသို့ လှည့်လည်သွားလာ နေထိုင်ခဲ့သည်။ အနောက်ဘက်ဒေသရှိ တော်ဝင်ကပ်ဘေး ဘုရားကျောင်းသည် ပြန်လည် တည်ဆောက်ပြီးနောက် သူ့ကို အကြိမ်ကြိမ် ပြန်လာရန် ဖိတ်ခေါ်ခဲ့သော်လည်း ရှားယင်က ငြင်းပယ်ခဲ့၏။

နောက်ဆုံးတွင် သူသည် သဲကန္တာရ လူရိုင်းမျိုးနွယ်စုထံသို့ သွားရောက်ကာ သူ၏ စံပြနိုင်ငံတော်ကို အစမှ ပြန်လည် တည်ဆောက်ရန် ကြိုးစားခဲ့သည်။ သူတို့သည် ကောင်းမွန်သော အစပျိုးမှု ရှိခဲ့သော်လည်း ရှမ့်လန်၏ သရုပ်မှန် ပေါ်ပေါက်သွားပြီးနောက် အရာအားလုံး အဆုံးသတ်သွားခဲ့ပြီး သဲကန္တာရ လူရိုင်း မျိုးနွယ်စုမှာလည်း ကပ်ဘေးနှင့် ကြုံတွေ့ခဲ့ရသည်။

ကျူးဟုန်ရွှဲ့သည် သွေးဝိညာဉ် တပ်တော်ကို ဦးဆောင်ကာ တောင်ဘက်သို့ ချီတက်ပြီး မင်းသားကျင်း၏ တပ်ကို လိုက်လံတိုက်ခိုက်ခဲ့သည်။ ထိုအချိန်တွင် နန်းတွင်းအမတ် ရှားယင်သည် အသက် ၈၀ ကျော်နေပြီ ဖြစ်၏။ နောက်ဆုံးတွင် သူသည် မြစ်ငယ်လေး တစ်စင်း၏ ဘေးတွင် ကွယ်လွန်သွားခဲ့ပြီး မင်းသားကျင်းနှင့် အတူ ကျင်းကန်တောင် ရှေးဟောင်း အပျက်အစီးများထဲသို့ လိုက်ပါမသွားနိုင်ခဲ့ပေ။

သူသည် ရှမ့်လန်အတွက် ပုံတစ်ပုံနှင့် “ဧပြီလ ၁၃ ရက်” ဟူသော စာသားမှလွဲ၍ မည်သည့်အရာမှ ချန်ထားခဲ့ခြင်း မရှိပေ။

ထိုပုံသည် နားလည်ရ လွယ်ကူသည်။ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ ခေါင်းပေါ်မှ နေမင်းသည် ရွှေရောင် မဟုတ်ဘဲ အနက်ရောင် ဖြစ်နေ၏။ ကျယ်ပြန့်သော သဘောအရ အမှောင်ထု၏ ဘုရင်ဟု နားလည်နိုင်ပေသည်။ သို့သော်ငြား ရှမ့်လန်သည် ထိုမျှလောက် နက်နဲစွာ မတွေးတောခဲ့ပေ။ သူသည် သဘာဝအတိုင်းသာ တွေးတောခဲ့၏။ ၎င်းသည် နေကြတ်ခြင်း ဖြစ်သည်။

နေမင်းသည် အမှောင်ထု၏ ဖုံးလွှမ်းမှုကို ခံလိုက်ရပြီး နေ့ခင်းကြောင်တောင် အမှောင်ကျသွားခြင်း ဖြစ်သည်။

ထိုသို့ဖြစ်လျှင် အဘယ်ကြောင့် ဧပြီလ ၁၃ ရက် ဖြစ်ရသနည်း။ နေကြတ်ခြင်းသည် ရှားပါးသော်လည်း ထိုမျှလောက် ရှားပါးသည် မဟုတ်ပေ။

လောကမြေပေါ်တွင် နှစ်အနည်းငယ် (သို့မဟုတ်) ဆယ်စုနှစ် အနည်းငယ်ကြာတိုင်း နေကြတ်ခြင်းကို မြင်တွေ့နိုင်သည်။ သို့သော်ငြား နေရာဒေသ တစ်ခုတည်းတွင် နေကြတ်ခြင်း နှစ်ကြိမ်ကို မြင်တွေ့ရရန်မှာ နှစ်ပေါင်း တစ်ရာကျော် ကြာမြင့်နိုင်ပေသည်။

နေကြတ်ခြင်းတွင် ပုံစံတစ်ခု ရှိသော်လည်း ပုံသေ သံသရာစက်ဝန်း မရှိပေ။ ထို့ကြောင့် ရှမ့်လန်သည် ဉာဏ်ကောင်းသူ ဖြစ်သော်လည်း နေကြတ်မည့် အချိန်အတိအကျကို တွက်ချက်ရန် ခက်ခဲနေခဲ့သည်။ ထို့အပြင် တစ်နေရာတွင် နေအပြည့်ကြတ်သော်လည်း အခြားတစ်နေရာတွင် တစ်စိတ်တစ်ပိုင်းသာ ကြတ်ခြင်းမျိုး ဖြစ်နိုင်၏။

ထို့ကြောင့် ရှမ့်လန်သည် ဆက်လက် လေ့လာခဲ့ပြီး နောက်ဆုံးတွင် မီးနတ်ဘုရားဂိုဏ်း၏ သမိုင်းမှတ်တမ်း များမှ ပိုမို တိကျသော သတင်းအချက်အလက်ကို ရရှိခဲ့သည်။ မီးနဂါး ကြယ်တံခွန်သည် ဤလောကနှင့် တိုက်မိပြီး တစ်နှစ်ခန့် အကြာတွင် နေကြတ်ခြင်း ဖြစ်ပေါ်လေ့ ရှိသည်။

ထိုမျှမက တော်ဝင်ကပ်ဘေး ဘုရားကျောင်းသည် လောကပေါ်ရှိ သူကောင်းမျိုးများကို ဆွဲဆောင်နိုင်ကြောင်း အကြိမ်ကြိမ် ဖော်ပြထားခဲ့သည်။ အကြောင်းရင်း နှစ်ချက် ရှိ၏။ အရေးအကြီးဆုံး အချက်မှာ ထာဝရ နုပျိုခြင်း ဖြစ်သည်။ မသေနိုင်ခြင်း မဟုတ်သော်လည်း အသက်ရှည်ရှည် နေနိုင်ခြင်း ဖြစ်၏။

ထို့ကြောင့် အရှေ့လောကမှ သူကောင်းမျိုးများသည် ထိုနေရာသို့ စုပြုံရောက်ရှိလာကြခြင်း ဖြစ်သည်။ အမှန်တရားက သက်သေပြခဲ့သည်မှာ ဤသည်မှာ မိစ္ဆာပညာရပ်သာ ဖြစ်သည်။ ထို့အပြင် မိမိ၏ အိုမင်း ရင့်ရော်မှုကို နှေးကွေးစေရန် အခြားသူများ၏ အသက်ကို စတေးရခြင်း၊ ရိတ်သိမ်းရခြင်းများ ပါဝင်သည်။

ထိုကဲ့သို့သော မြင်ကွင်းများသည် နုရှောင့်မြို့တွင် အကြိမ်ကြိမ် ဖြစ်ပွားခဲ့ဖူးသည်။ ယခင် ရွဲ့ဘုရင် နင်ရှောင်သည် ထိုအရာကို နှစ်သက်သဘောကျခဲ့ပြီး သူ၏ဥယျာဉ်ထဲတွင် အပြစ်မဲ့ အလောင်းများ ပြည့်နှက်နေခဲ့၏။

ရှမ့်လန်သည် တော်ဝင်ကပ်ဘေး ဘုရားကျောင်း နတ်ဘုရားများ အကြောင်း လေ့လာသောအခါ နတ်ဘုရား တစ်ပါးစီသည် အသက်ရှည်ကြကြောင်း တွေ့ရသည်။ သူတို့သည် အသက် ၁၃၀၊ ၁၄၀ အထိ နေထိုင်ကြပြီး နှစ်ပေါင်း ၁၀၀ နီးပါး အာဏာရယူလေ့ ရှိကြသည်။

သူ ဆက်လက် လေ့လာသောအခါ နတ်ဘုရားများ အမွေဆက်ခံသည့် အချိန်ကာလသည် မီးနဂါး ကြယ်တံခွန်၏ ကာလနှင့် ဆင်တူကြောင်း တွေ့ရှိရသည်။ အစပိုင်းတွင် နှစ် ၉၀ မှ နောက်ပိုင်းတွင် ၁၀၇ နှစ် အထိ ဖြစ်လာ၏။

သတင်းအချက်အလက် အားလုံးကို စုစည်းပြီးနောက် ရှမ့်လန်သည် ကောက်ချက်တစ်ခု ချလိုက်သည်။ တော်ဝင်ကပ်ဘေး နတ်ဘုရား၏ ဝိညာဉ်အမွေ ဆက်ခံခြင်းနှင့် သရဲမြို့တော် တံခါးပွင့်ခြင်းသည် ကြယ်တံခွန် တိုက်မိပြီး တစ်နှစ်အကြာ နေကြတ်ချိန်တွင် ဖြစ်ပေါ်ပေလိမ့်မည်။

တော်ဝင်ကပ်ဘေး ဘုရားကျောင်းကို အဘယ်ကြောင့် တော်ဝင်ကပ်ဘေး ဘုရားကျောင်းဟု ခေါ်သနည်း။ သိပ္ပံပညာ မဖွံ့ဖြိုးသေးသော လောကတွင် နေကြတ်ခြင်းသည် အလွန် ကြောက်မက်ဖွယ် ကောင်းသည်။ နေ့ခင်း ကြောင်တောင် နေမင်း ပျောက်ကွယ်သွားပြီး လောကကြီး အမှောင်ကျသွားခြင်း ဖြစ်၏။ လူများစွာက လောကပျက်ပြီဟု ထင်မှတ်ကြသည်။

လောကကြီးတွင် အပြစ်များလွန်း၍ ကောင်းကင်ဘုံက အပြစ်ပေးခြင်း၊ သတိပေးခြင်းဟု ထင်မှတ်ကြသည်။ ထို့ကြောင့် နေကြတ်တိုင်း အနောက်လောကမှ လူများစွာသည် မိမိကိုယ်ကို သတ်သေကြပြီး မြေပြင်ပေါ် ဒူးထောက်ကာ ခွင့်လွှတ်ပေးရန် တောင်းပန်ကြသည်။ အရှေ့လောကမှ ဧကရာဇ်များနှင့် ဘုရင်များ သည်လည်း အမှားလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သော အမိန့်ပြန်တမ်း များကို ထုတ်ပြန်လေ့ ရှိကြ၏။

ရှမ့်လန် သိချင်သော အခြားအရာ တစ်ခုလည်း ရှိသေးသည်။ တော်ဝင်ရန် ဧကရာဇ်သည် တိုင်းပြည်ကို ဂရုမစိုက်ဘဲ အဘယ်ကြောင့် တရားကျင့်ကြံနေသနည်း။ ထို့အပြင် သူသည် ယမန်နှစ် ဤအချိန်လောက်က စတင် ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ရှမ့်လန်၏ ခန့်မှန်းချက်အရ တော်ဝင်ကပ်ဘေး ဘုရားကျောင်း ဟူသော အမည်သည် နေကြတ်ခြင်းမှ ဆင်းသက်လာခြင်း ဖြစ်သည်။ အချိန်ကာလအရ ယခုနှစ်သည် တော်ဝင်ကပ်ဘေး နတ်ဘုရား၏ ဝိညာဉ်အမွေ ဆက်ခံရမည့် နှစ်ဖြစ်၏။ ကံမကောင်းစွာဖြင့် ဧကရာဇ် ကျန်းလီသည် တော်ဝင်ကပ်ဘေး ဘုရားကျောင်းကို အချိန်မပေးဘဲ လွန်ခဲ့သော နှစ် ၃၀ ကပင် ဖျက်ဆီးပစ်ခဲ့၏။

ထိုအချိန်က တော်ဝင်ကပ်ဘေး ဘုရားကျောင်းသခင်သည် အရွယ်ကောင်းတုန်းဖြစ်ပြီး သေဆုံးရန် ဝေးကွာ နေသေးသည်။ သို့သော်ငြား တိုက်ခိုက်ခံရချိန်တွင် သေဆုံးသွားခဲ့ရသည်။ ရှမ့်လန်သာ မမှားခဲ့လျှင် တော်ဝင်ကပ်ဘေး နတ်ဘုရား၏ ဝိညာဉ်သည် သရဲမြို့တော်ထဲတွင် ရှိနေဆဲဖြစ်ပြီး အမွေဆက်ခံမည့်သူ အသစ်ကို စောင့်မျှော်နေပေလိမ့်မည်။

……………..

အပိုင်း (၁၁၃၄)

“အရှင်... ဘယ်လောက်ကြာအောင် စောင့်ရအုံးမှာလဲ။” ရွှယ်ရင်က မေးလိုက်၏။

“နောက်ထပ် ၇ ရက်...”

ယနေ့သည် ဧပြီလ ၆ ရက် ဖြစ်သောကြောင့် သူ စောရောက်နေခဲ့သည်။

“အရှင်... အဲဒီနေ့ကျရင် တခြားလူတွေ ရောက်လာအုံးမလား။”

ရှမ့်လန် ခေတ္တ တွေးတောပြီးနောက် ခေါင်းခါလိုက်၏။ “မသိဘူး။ မလာပါစေနဲ့လို့ မျှော်လင့်ရတာပဲ။”

ကျန်ရှိသော အချိန်များတွင် ရှမ့်လန်သည် စားလိုက်အိပ်လိုက် လုပ်ရင်း ဧပြီလ ၁၃ ရက် ရောက်လာမည့် အချိန်ကို စောင့်မျှော်နေခဲ့၏။ သူ၏ ခန့်မှန်းချက် မှန်ကန်ပါစေ၊ နန်းတွင်းအမတ် ရှားယင်၏ သေတမ်းစာ မှန်ကန်ပါစေဟု သူ မျှော်လင့်နေမိသည်။

တော်ဝင်ကပ်ဘေး နတ်ဘုရား၏ ဝိညာဉ်စွမ်းအားသည် အလွန် အရေးကြီးလှသည်။ ၎င်းသည် ရင်ကွမ်းနှင့် ဂိုဏ်းချုပ်ရန်ကို ချေမှုန်းရန် အဓိက သော့ချက် ဖြစ်ပေ၏။

……………

ချန်မြို့တော် နန်းတော်၏ မြေအောက်ခန်း...

တော်ဝင်ချန်နန်းတော်အောက်တွင် ရှေးဟောင်း အပျက်အစီး အမွေအနှစ် တစ်ခု ရှိနေလိမ့်မည်ဟု မည်သူကမှ ထင်မှတ် မထားခဲ့ကြပေ။ “ဂိုဏ်းချုပ်ရန်... ကျုပ် လျှို့ဝှက်မထားတော့ပါဘူး။”

ဂိုဏ်းချုပ်ရန်သည် နန်းတော်အောက်ရှိ မြေအောက်နန်းတော်ကို မယုံနိုင်စွာ ကြည့်နေမိသည်။ “အရှင် ကျန်းလီက ခင်ဗျား ကို တကယ် ယုံကြည်တာပဲ။ နန်းတော်အောက်က ရှေးဟောင်း အပျက်အစီးကိုတောင် အသိပေးထားတယ်။”

“ကျန်းမျိုးနွယ်စုက ဒီရှေးဟောင်း အပျက်အစီးကို တွေ့ပြီးနောက် အဲဒီအပေါ်မှာ နန်းတော် တည်ဆောက် ခဲ့ကြတာ။ ရှေးဟောင်း အပျက်အစီးကို တဖြည်းဖြည်း တူးဖော်ဖို့ နှစ်ရာပေါင်းများစွာ အချိန်ယူခဲ့ကြတယ်။ အခုဆိုရင် တော်ဝင်ချန်နန်းတော်ရဲ့ ကာကွယ်ရေးက အပြစ်ပြောစရာ မရှိတော့ဘူး။ စစ်တပ် ထောင်ပေါင်း များစွာ လာတိုက်ရင်တောင် ဖောက်ဝင်နိုင်မှာ မဟုတ်ဘူး။”

ပိုမို နက်ရှိုင်းသော နေရာသို့ သွားပြီးနောက် နောက်ဆုံးတွင် တော်ဝင်ချန်နန်းတော်အောက်ရှိ ရှေးဟောင်း အပျက်အစီး၏ အနက်ရှိုင်းဆုံး မြေအောက်နန်းတော်သို့ ရောက်ရှိလာကြသည်။ ရင်ကွမ်းသည် သေတ္တာများကို တစ်လုံးပြီးတစ်လုံး ဖွင့်လိုက်၏။ နောက်ဆုံးတွင် နဂါးဥသည် ဂိုဏ်းချုပ်ရန်၏ ရှေ့မှောက်၌ ပေါ်ထွက်လာခဲ့သည်။ ချက်ချင်းဆိုသလို သူတို့နှစ်ဦးစလုံး၏ အကြည့်များ ဝေဝါးသွားကြ၏။

ဂိုဏ်းချုပ်ရန်က ပြောလိုက်သည်။ “အမှန်အတိုင်းပြောရရင် ခုဏကအထိ ဒီနဂါးဥက အတုဖြစ်နိုင်တယ်၊ ရှမ့်လန်က ကျုပ်တို့ကို ငါးစာချတာ ဖြစ်နိုင်တယ်လို့ ကျုပ် ထင်နေခဲ့တာ။ ဒါပေမဲ့ အခုတော့ အဲဒီအတွေး ပျောက်သွားပြီ။

နဂါးနောင်တရဲ့ စွမ်းအင် အရှိန်အဝါ ရှိရုံတင်မကဘဲ ပိုပြီး အစွမ်းထက် ကြောက်မက်ဖွယ်ကောင်းပြီး ဖျက်ဆီးနိုင်စွမ်းရှိတဲ့ စွမ်းအင် အရှိန်အဝါလည်း ရှိနေတယ်။ ဒီလောကမှာ နဂါးတွေကပဲ ဒီလို အရှိန်အဝါကို ထုတ်လွှတ်နိုင်တာ။”

ဂိုဏ်းချုပ်ရန်သည် မျက်လုံးမှိတ်ကာ စွမ်းအင် အရှိန်အဝါကို ခံစားကြည့်လိုက်၏။ “ရှေးဟောင်း ကျမ်းစာတွေထဲမှာ ဖော်ပြထားတဲ့ နဂါးထွက်သက်နဲ့ အရမ်း တူတယ်။ ကြောက်ရွံ့ခြင်း၊ ပျက်သုဉ်းခြင်း၊ အမှောင်ထုနဲ့ ထူးဆန်းတဲ့ အလင်းရောင်တွေက သွေးနဲ့ ဝိညာဉ်ထဲထိ စိမ့်ဝင်နေတယ်။ တားဆီးလို့ မရဘူး။”

မှန်ပေ၏။ ဓာတ်ရောင်ခြည်သင့် ပစ္စည်းများ၏ ကြောက်မက်ဖွယ် ရောင်ခြည်သည် ထိုကဲ့သို့ပင် ဖြစ်၏။ ကြောက်ရွံ့ခြင်း၊ ပျက်သုဉ်းခြင်း၊ အမှောင်ထုနှင့် ထူးဆန်းသော အလင်းရောင်...။ ဤအရာက ရောင်ခြည် စွမ်းအင်ကို စားသုံးပြီး ကြီးပြင်းလာသော ဂေါ်ဇီလာကို သတိရစေသည်။

“ဂိုဏ်းချုပ်ရန်... အံ့ဖွယ်အမှု တစ်ခုကို ပြမယ်။”

ထို့နောက် ရင်ကွမ်းသည် မီးများ အားလုံးကို ပိတ်လိုက်ရာ မြေအောက်နန်းတော် တစ်ခုလုံး အမှောင်ကျသည်။ ထို့နောက် ရင်ကွမ်းသည် အိပ်မက်ဆိုး ကျောက်တုံးများ အားလုံးကို ဖွင့်လိုက်ပြီး ဤ ‘နဂါးဥ’ ကို စွမ်းအင်ဖြင့် တိုက်ခိုက်လိုက်၏။

ထိုအခါ အံ့ဖွယ်မြင်ကွင်းတစ်ခု တကယ် ဖြစ်ပေါ်လာခဲ့၏။ ဤနဂါးဥသည် ငရဲမီးအရောင်နှင့် တူသော ထူးဆန်းသည့် အဝါရောင်သန်းသော အလင်းကို ထုတ်လွှတ်လိုက်သည်။ ထိုမျှမက ဥခွံ တစ်ခုလုံး ကြည်လင်သွားသကဲ့သို့ ဖြစ်သွားပြီး အတွင်းမှ နဂါးပေါက်လေး၏ ပုံသဏ္ဍာန်ကို တွေ့မြင်လိုက်ရသည်။

ချက်ချင်းဆိုသလို ရင်ကွမ်းနှင့် ဂိုဏ်းချုပ်ရန်တို့ အသက်ရှူရပ်မတတ် ဖြစ်သွားကြသည်။ အတုလုပ်ခြင်းနှင့် ပတ်သက်လျှင် ရှမ့်လန်ကို မည်သူ ယှဉ်နိုင်မည်နည်း။ နေရောင်အောက်တွင် ပြရုံဖြင့် နဂါးပေါက်လေး၏ အရိပ်ကို မပြသပေ။ သင်ကိုယ်တိုင် အားကုန်သုံးပြီး အိပ်မက်ဆိုးကျောက်တုံး စွမ်းအင်ဖြင့် လှုံ့ဆော်မှသာ၊ နည်းလမ်းပေါင်းစုံသုံးပြီး ဉာဏ်ကုန်ထုတ်မှသာ အတွင်းမှ နဂါးပေါက်လေးကို ရှာဖွေတွေ့ရှိနိုင်စေရန် စီစဉ်ထားခြင်း ဖြစ်၏။

ဤအချိန်တွင် ဤနဂါးဥ အတုဖြစ်သည်ဟု သံသယ ဝင်နေဦးမည်လား။ ရင်ကွမ်းသည် ဤနဂါးဥကို ဖောက်ရန် နည်းလမ်းပေါင်း ရာချီ ကြိုးစားခဲ့သော်လည်း အားလုံး ကျရှုံးခဲ့ရသည်။ နောက်ဆုံးတွင် နဂါးဥထဲမှ သန္ဓေသား ပေါ်လာစေမည့် နည်းလမ်းကို ရှာတွေ့ခဲ့သည်။

သို့သော်ငြား ဤသည်မှာ အတွင်းမှ ရောင်ခြည်သင့်ပစ္စည်းများကို ပြင်းထန်သော စွမ်းအင်ဖြင့် လှုံ့ဆော်လိုက်သောကြောင့် တောက်ပလာခြင်းသာ ဖြစ်သည်။ တောက်ပရုံသာမက လှုပ်ရှားခြင်းလည်း ပြုလုပ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် အတွင်းမှ ရောင်ခြည်သင့် ပစ္စည်းများ တောက်ပလာသောအခါ အခြား ပစ္စည်းများ ပူနွေးလာပြီး အတိုင်းအတာ တစ်ခုအထိ ပြန့်ကားလာသောကြောင့် ဖြစ်၏။

“လှုပ်နေတယ်။ လှုပ်နေတယ်။” ဂိုဏ်းချုပ်ရန်၏ အသံများ တုန်ယင်နေခဲ့သည်။

ရင်ကွမ်းသည်လည်း အတွင်းမှ နဂါးပေါက်လေး လှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။ သူတို့နှစ်ဦး ပိုမို ရှင်းလင်းစွာ မြင်ရရန် ရှေ့သို့ တိုးသွားကြ၏။ ဤအချိန်တွင် ရောင်ခြည်စွမ်းအင်သည် အပြင်းထန်ဆုံး ဖြစ်နေသည်။ သူတို့နှစ်ဦး သိုင်းပညာ မြင့်မားသော်လည်း မူးဝေလာကြ၏။

သို့သော်ငြား သူတို့ ဂရုမစိုက်ကြပေ။ ပို၍ပင် စိတ်လှုပ်ရှားလာကြသည်။ ဤနဂါးဥသည် အံ့မခန်းပင်။ မပေါက်ဖွားမီကပင် ဤမျှ ပြင်းထန်သော စွမ်းအင်ကို ထုတ်လွှတ်နိုင်သည် မဟုတ်ပါလား။ သူတို့နှစ်ဦး နဂါးဥရှေ့တွင် ရပ်ကာ နဂါးပေါက်လေး အားနည်းစွာ လှုပ်ရှားနေသည်ကို ကြည့်ရင်း အချိန်ကိုပင် မေ့သွားကြသည်။

ရင်ဝူမင် သေဆုံးသွားသောအခါ ရင်ကွမ်း အလွန် ဝမ်းနည်းကြေကွဲခဲ့ရသော်လည်း သူထင်သလောက် စိတ်ပျက်အားငယ်ခြင်း မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ မျှော်လင့်ချက် အားလုံးကို ဤနဂါးဥအပေါ် ပုံအပ်ထားသောကြောင့် ဖြစ်၏။ ရင်ဝူမင်၏ သေဆုံးမှုကို ပေးဆပ်မှု တစ်မျိုးအဖြစ်ပင် သူ မှတ်ယူထားခဲ့သည်။

နဂါးကဲ့သို့ အစွမ်းထက်သော သတ္တဝါ မွေးဖွားလာရန်အတွက် အသက်ပေးလှူရန် လိုအပ်သည်မှာ သေချာသည်။ အနောက်လောကမှ လူများသည် စစ်ပွဲမစခင် ကိုယ့်မိသားစုဝင်များကို ယဇ်ပူဇော်လေ့ ရှိကြသည် မဟုတ်ပါလား။

ဤနဂါးဥ ပေါက်ဖွားလာနိုင်သရွေ့ ရင်ဝူမင် သေဆုံးသွားတော့ရော ဘာဖြစ်သနည်း။ နဂါးကို ထိန်းချုပ်နိုင်သူသည် ဤလောက၏ အမြင့်ဆုံး စွမ်းအင်ကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး တရားဝင် အုပ်စိုးသူ ဖြစ်လာပေမည်။ ရင်ကွမ်းသည် သားဖြစ်သူ၏ အသက်ကို ဤနဂါးအတွက် ပေးဆပ်ခဲ့သည်။ ဤသည်မှာ လုံလောက်သော ကြည်ညိုဖွယ် လုပ်ရပ်တစ်ခု မဟုတ်ပါလား။

ဤအချိန်တွင် တစ်စုံတစ်ယောက်ကသာ ဤနဂါးဥ အတုဖြစ်သည်ဟု ပြောဆိုရဲပါက ရင်ကွမ်းသည် ထိုသူ၏ မျိုးနွယ်စု တစ်ခုလုံးကို သတ်ဖြတ်ရန် ဝန်လေးမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ဤအရာ အပေါ် ရင်းနှီးမြှုပ်နှံထားမှု များလွန်းလှပြီ ဖြစ်သည်။ ဤအရာသည် သူ၏ မျှော်လင့်ချက်၊ သူ၏ ယုံကြည်ချက် ဖြစ်နေပြီ။ ငြင်းပယ်ရဲသူ မည်သူမဆို သေရမည်။

“အစ်ကိုရန်... ဒီနဂါးဥ အတုဖြစ်နိုင်တယ်လို့ ထင်သေးလား။”

“ဘယ်သူမဆို အတုလို့ ပြောရင် သေရမယ်။”

“ရှမ့်လန် ပြောတာ မှန်တယ်။ ပုံမှန် အခြေအနေမှာ နဂါးဥ ပေါက်ဖို့ မဖြစ်နိုင်ဘူး။ နဂါးသေတ္တာကို သုံးမှ ရမယ်။ ဘာလို့လဲဆိုတော့ ဒီနဂါးဥ ပေါက်ဖို့ ယှဉ်ပြိုင်ဘက်ကင်းတဲ့ စွမ်းအင် လိုအပ်တယ်။ ထိပ်တန်း စွမ်းအင် ဖြစ်မှရမယ်။”

မည်ကဲ့သို့ အဓိပ္ပာယ် မရှိဘဲ နေမည်နည်။ စောဏက ရင်ကွမ်းနှင့် ဂိုဏ်းချုပ်ရန် ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ အိပ်မက်ဆိုးကျောက်တုံး၏ စွမ်းအင်ကို သုံးပြီး လှုံ့ဆော်လိုက်ချိန်တွင် စွမ်းအင်ကို စုပ်ယူသွား၏။ ပြီးနောက် တောက်ပလာပြီး နဂါးပေါက်လေးက တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။ ထိုအရာက ဘာကို သက်သေ ပြနေသနည်း။ စွမ်းအင်ကို မျိုချဖို့ လိုအပ်သည် ဆိုခြင်းပင်။ လုံလောက်သည့် စွမ်းအင်ကို မျိုချပြီးမှသာ အပြည့်အဝ ပေါက်ဖွားနိုင်ပေမည်။

“ပြီးတော့ အဲဒီ နဂါးသေတ္တာက တော်ဝင်ရန် အင်ပါယာမှာ ရှိတယ်။ ရှမ့်လန်က အင်ပါယာအတွက် လျှို့ဝှက် ဆန်းကြယ်တဲ့ သေတ္တာတစ်လုံး ဖွင့်ပေးခဲ့ဖူးတယ်။”

“ခရီးရှည်ကြီး ကျန်သေးတာပဲ။”

ရင်ကွမ်းက သက်ပြင်းချလိုက်သည်။ “ဟုတ်တယ်။ ဒါပေမဲ့ ဒီနဂါးဥ ပေါက်လာတာနဲ့ တော်ဝင်ရန် အင်ပါယာရဲ့ နေဝင်ချိန် ရောက်လာပြီ။ ရန်မျိုးနွယ်စု လောကကို အုပ်စိုးမယ့် အချိန် ရောက်လာပြီ။”

……….

နောက်ရက်အနည်းငယ်အတွင်း ရှမ့်လန်သည် အချိန်အများစုကို အိပ်စက်ခြင်းဖြင့် ကုန်ဆုံးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူက အနားယူရန် လိုအပ်ပြီး လာမည့်ဝိညာဉ်တိုက်ပွဲအတွက် ပြင်ဆင်ရန် လိုအပ်သောကြောင့်ပင်။

သူသည် မှတ်ဉာဏ်တု၊ ရှေးဟောင်း စာလိပ်၊ ရှေးဟောင်း ဘုရင်လက်စွပ်နှင့် နဂါးနှလုံးသားတို့ကို အသုံးပြုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် နှစ်ထောင်ချီ လက်ဆင့်ကမ်းလာသော အစွမ်းထက် ဝိညာဉ် ဖြစ်သည့် တော်ဝင်ကပ်ဘေး နတ်ဘုရားနှင့် ရင်ဆိုင်ရမည် ဖြစ်သောကြောင့်ပင်။

သူ၏ ခန့်မှန်းချက် မှန်ကန်ပါက ဧပြီလ ၁၃ ရက်နေ့တွင် နေကြတ်ခြင်း ဖြစ်ပေါ်မှာဖြစ်ပြီး သရဲမြို့တော် တံခါး ပွင့်လာပေမည်။ သရဲမြို့တော်သည် တော်ဝင်ကပ်ဘေးဘုရားကျောင်း အပျက်အစီးများထဲတွင် ရှိသည် ဆိုသော အချက်သည်ပင် သူ၏ ခန့်မှန်းချက်သာ ဖြစ်သည်။ ၁၀၀ ရာခိုင်နှုန်း သက်သေပြနိုင်ခြင်း မရှိသေးပေ။

သို့သော်ငြား ဤလောကတွင် ၁၀၀ ရာခိုင်နှုန်း သေချာသော အရာဟူ၍ မရှိပေ။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ဧပြီ ၈ ရက်၊ ၉ ရက်၊ ၁၁ ရက်၊ ၁၂ ရက်၊ ၁၃ ရက်... နောက်ဆုံးတွင် ထိုနေ့ ရောက်ရှိလာခဲ့၏။ ရာသီဥတု အလွန် ကောင်းမွန်နေသည်။ ကောင်းကင်တွင် တိမ်တိုက် လုံးဝ မရှိသည်အလားပင်။ ပင်လယ်ရေမျက်နှာပြင် အထက် မီတာ ၆၀၀၀ ကျော် မြင့်သော နှင်းတောင်ကြီး သည် ပြာလဲ့သော ကောင်းကင်ပြာကဲ့သို့ ကြည်လင်နေ၏။

ကောင်းကင်ကြီး တစ်ခုလုံးသည် ကျောက်မျက်ရတနာများဖြင့် ပြုလုပ်ထားသော ခေါင်မိုးခုံးကြီး တစ်ခုကဲ့သို့ လှပနေသည်။ တောက်ပသော နေမင်းသည် ကောင်းကင်တွင် တွဲလွဲခိုနေပြီး မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေသည်။

ရှမ့်လန်သည် နေကာမျက်မှန် တပ်ထားပြီး နေကို မော့ကြည့်လိုက်သည်။ နေကြတ်ခြင်း ဖြစ်ပေါ်လာမလား။ နန်းတွင်းအမတ် ရှားယင်၏ သေတမ်းစာ မှန်ကန်ပါ့မလား။

“နေကြတ်ခြင်း... နေကြတ်ခြင်း...”

မည်သည့် အချိန် လာမည်နည်း ဆိုသည်ကို ရှမ့်လန် မသိချေ။ မီးနတ်ဘုရားဂိုဏ်း၏ မှတ်တမ်းများအရ နံနက် ၁၁ နာရီ ဝန်းကျင် ဖြစ်သင့်၏။

“အရာအားလုံး ပုံမှန်ဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ။” သို့သော်ငြား ထိုအချိန်၌ ကောင်းကင်မှ နေမင်းကြီး၏ ထောင့်စွန်းလေး တစ်ခု ပျောက်ဆုံးသွားသကဲ့သို့ ဖြစ်သွားသည်။

ရွှယ်ရင်က အော်ဟစ်လိုက်၏။ “အရှင်... လာနေပြီ။ လာနေပြီ။ လာနေပြီ။”

ရှမ့်လန် မြင်လိုက်ရသည်။ မီးနတ်ဘုရားဂိုဏ်း၏ မှတ်တမ်းများနှင့် ထပ်တူပင် ဖြစ်၏။ ကြယ်တံခွန် တိုက်မိပြီး တစ်နှစ်အကြာတွင် နေကြတ်ခြင်း ဖြစ်ပေါ်သည်။ ဖြစ်စဉ် တစ်ခုလုံးမှာ အလွန် မြန်ဆန်လှသည်။

လမင်းသည် အမှောင် မိစ္ဆာဘုရင်တစ်ပါးကဲ့သို့ နေမင်း၏ရောင်ခြည်ကို ဖြည်းညင်းစွာ ကျူးကျော် ဝင်ရောက်လာပြီး တစ်စတစ်စ ဝါးမြိုကာ ဖုံးလွှမ်းသွားသည်။ တောက်ပနေသော နေမင်းကြီး၏ မှောင်မိုက်မှုက ပိုမို ကြီးမားလာသည်။ နေ့တစ်နေ့လုံး ပိုမို မှောင်မိုက်လာခဲ့၏။

လောကကြီးတစ်ခုလုံး မည်မျှ ထိတ်လန့်သွားမည်ကို ခန့်မှန်းကြည့်နိုင်သည်။ အရှေ့လောက၊ အနောက် လောကမှ လူသန်းပေါင်းများစွာ ထိတ်လန့်တုန်လှုပ် နေကြသည်။

“ကောင်းကင်ဘုံ ... နေမင်းကြီး ပျောက်သွားပြီ။ နေမင်းကြီးကို မိစ္ဆာက ဝါးမျိုလိုက်ပြီ။”

“ကောင်းကင်က သတိပေးနေတာ။ တော်ဝင်ကပ်ဘေးကြီး လာတော့မယ်။” လူပေါင်းများစွာ မြေကြီးပေါ်တွင် ဒူးထောက်ကာ အသည်းအသန် ဦးခိုက်နေကြသည်။

နိုင်ငံအသီးသီးမှ ဘုရင်များသည် နန်းတော် အသီးသီးမှ ထွက်လာကြပြီး ကောင်းကင်ကို မော့ကြည့်လိုက် ကြ၏။

ထူးဆန်းလွန်းလှသည်။ နေ့ခင်းကြောင်တောင် ဖြစ်သော်လည်း လုံးဝ အမှောင်ကျတော့မည် ဖြစ်သည်။

မိန်းမစိုးတစ်ဦးက ပြောလိုက်၏။ “မီးထွန်းကြ... မီးထွန်းကြ...”

“ဘာလို့ မီးထွန်းရမှာလဲ။ ဒါက ကောင်းကင်ရဲ့ သတိပေးချက်ပဲ။ မီးထွန်းတာက ကောင်းကင်ကို မလေးစားရာ မရောက်ဘူးလား။ မင်နဲ့ စုတ်တံ ပြင်ဆင်စမ်း။ ကျုပ် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့ အမိန့်ပြန်တမ်း ထုတ်ပြန်ရမယ်။”

တော်ဝင်ရန် အင်ပါယာ၏ လမ်းမများပေါ်တွင် လောကကြီး တစ်ခုလုံး အမှောင်ကျသွားခဲ့သည်။

လူပေါင်းများစွာ ဒူးထောက်နေကြ၏။ “ကောင်းကင်ဘုံ ... နေမင်းကြီး ဝါးမြိုခံလိုက်ရပြီ။ တော်ဝင်ကပ်ဘေးကြီး လာတော့မယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကျုပ်တို့ လူတွေ အများကြီး သတ်ခဲ့မိလို့ ဖြစ်မယ်။ လူ့ပြည်ရဲ့ အပြစ်တွေက ကြီးမားလွန်းနေပြီ။ ကောင်းကင်က သည်းမခံနိုင်တော့ဘူး။ လူတွေကို အပြစ်ပေးတော့မယ်။”

တော်ဝင်ရန် အိမ်ရှေ့စံသည် နန်းတော်ထဲတွင် ရပ်နေရင်း အလွန် အားကိုးရာမဲ့သလို ခံစားနေရသည်။ သူ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သည့် အမိန့်ပြန်တမ်း ထုတ်ပြန်ရတော့မည်။

‘ခမည်းတော်... နေကြတ်ခြင်း ရောက်လာပါပြီ။ ခမည်းတော် တရားကျင့်ရာက ထွက်လာသင့်ပါပြီ။’

……………..

ချန်မြို့တော်...

ရင်ကွမ်းသည် ကောင်းကင်ကို မော့ကြည့်ပြီး နေမင်းကြီး တစ်စတစ်စ ပျောက်ကွယ်သွားသည်ကို ကြည့်နေခဲ့သည်။ ဤအချိန်တွင် သူသည် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သော အမိန့်ပြန်တမ်း ထုတ်ပြန်ရန်၊ ကောင်းကင်၏ သတိပေးချက် ဟုတ်မဟုတ် တွေးတောရန် စိတ်မဝင်စားပေ။ သူ့စိတ်ထဲတွင် နဂါးဥသာ ရှိသည်။

သူသည် တော်ဝင်ချန် နန်းတော်အောက်ရှိ ရှေးဟောင်း အပျက်အစီးများ၊ နဂါးဥ ဝှက်ထားရာ မြေအောက် နန်းတော်ဆီသို့ အပြေးသွားလိုက်သည်။ ထို့နောက် မြေအောက်နန်းတော် တစ်ခုလုံး တုန်ယင်နေသည်ကို သူ သတိထားမိလိုက်၏။

အိပ်မက်ဆိုးကျောက်တုံး ကိရိယာပေါင်းများစွာ တုန်ယင်နေကြသည်။ ရှေးဟောင်း စွမ်းအင်ဗဟိုချက်များပင် တုန်ယင်နေကြ၏။ သူသည် မြေအောက်နန်းတော်သို့ ပြေးဝင်သွားပြီး သေတ္တာများကို အလွှာလိုက် ဖွင့်လိုက်သည်။ ထို့နောက် အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် နဂါးဥသည် ယခင်ကထက် ပိုမို တောက်ပနေသောကြောင့် ဖြစ်၏။ ထို့အပြင် နဂါးဥထဲမှ သန္ဓေသားသည် ယခင်ကထက် ပိုမို မြန်ဆန်စွာ ကြီးထွားလာနေသည်။ ရင်ကွမ်း စိတ်လှုပ်ရှားပြီး ဝမ်းသာပီတိ ဖြစ်နေခဲ့၏။

နေကြတ်ခြင်း ရောက်လာပြီ။ တော်ဝင်ကပ်ဘေးကြီး ရောက်လာပြီ။ ထို့ကြောင့် ဤသည်မှာ နဂါး အတွက်လည်း ကြီးမြတ်သော အခိုက်အတန့် ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဒဏ္ဍာရီ အများစုတွင် နေနှင့် နဂါးသည် ဆက်စပ်မှု ရှိသောကြောင့် ဖြစ်သည်။

သူ၏နဂါးဥသည် တကယ့်ကို ကောင်းကင်နှင့် ဆန့်ကျင်ဘက် ပြုနိုင်ပါပေသည်။ နေကြတ်ချိန်တွင် ဤမျှ ကြီးမားသော တုံ့ပြန်မှု ရှိလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ဤအချိန်တွင် ဤနဂါးဥ အတုဖြစ်သည်ဟု ပြောရဲသူ ရှိလျှင် သေချာပေါက် ကွပ်မျက်ခံရမည်။

ဤသည်မှာ နေကြတ်ခြင်းက စွမ်းအင်နယ်ပယ်ကို ပြောင်းလဲစေခဲ့သောကြောင့် ဖြစ်၏။ ရှေးဟောင်း အပျက်အစီးထဲရှိ အိပ်မက်ဆိုးကျောက်တုံး ကိရိယာများနှင့် ရှေးဟောင်း စွမ်းအင်ဗဟိုချက်များကြား မျှခြေ အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။ ထို့ကြောင့် နေ၏စွမ်းအင်ကို ဝါးမျိုမည့်အစား ပြန်လည် ထုတ်လွှတ် လာကြသည်။

အိပ်မက်ဆိုးကျောက်တုံးများမှ ထုတ်လွှတ်သော ပြင်းထန်သည့် စွမ်းအင်များကို နဂါးဥအတုထဲရှိ ရောင်ခြည်သင့် ပစ္စည်းများက စုပ်ယူလိုက်ကြသည်။ ထို့ကြောင့် ပိုမို တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်ပြီး အတွင်းမှ အရာတစ်ခုက ပိုမို ပြန့်ကားလာခြင်း ဖြစ်၏။

……………..

All Chapters