← Chapters

အခန်း (၁၁၃၉-၁၁၄၀)

Vol. 66 Ch. 1139-1140

အခန်း (၁၁၃၉-၁၁၄၀)

Vol. 66 Ch. 1139-1140

အပိုင်း (၁၁၃၉)

ရှမ့်လန်သည် ဆောင်းပါးများကို သေချာစွာ ဖတ်ရှုကြည့်လိုက်သည်။ ကျန်းမျိုးနွယ်စု မည်မျှ ကြီးမြတ်ကြောင်း၊ သမိုင်းကြောင်း မည်မျှ ဂုဏ်ယူဖွယ် ကောင်းကြောင်း တစ်လုံးမှ မပါဝင်ပေ။ ဆောင်းပါးတိုင်းသည် သာမန် ပြည်သူများ အကြောင်း၊ လောကလောက အကြောင်း၊ ယဉ်ကျေးမှု အကြောင်း၊ ဧကရာဇ် ကျန်းလီ၏ စံပြရည်မှန်းချက်များနှင့် ကျန်းလန်၏ ကိုယ်ပိုင် ရည်မှန်းချက်များ အကြောင်းကိုသာ ပြောဆိုထားသည်။

နောက်ဆုံးတွင် ထိုရည်မှန်းချက်များသည် ပြည်သူများ၏ ရည်မှန်းချက်များ ဖြစ်လာခဲ့သည်။ တိုင်းပြည် အတွက်၊ အာဏာအတွက် မဟုတ်ဘဲ လောကကို လွတ်မြောက်စေရန်၊ ယဉ်ကျေးမှုကို လွတ်မြောက်စေရန်နှင့် ပိုမို မြင့်မားသော ယဉ်ကျေးမှု၊ ပိုမို တောက်ပသော ခေတ်ကာလဆီသို့ ဦးဆောင်သွားရန် ဖြစ်လာခဲ့သည်။ ဆောင်းပါးတိုင်းသည် သွေးဆူပွက်စေလောက်အောင် ကောင်းမွန်လှ၏။

“မှန်က ကျုပ်ထက် ပိုသန့်ရှင်းတယ်။ ကျုပ်ထက် ပိုမြင့်မြတ်တယ်။ သူက ကျုပ်နေရာမှာ သရုပ်ဆောင်တာ သိပ်ကောင်းလွန်းတယ်။ ပြီးပြည့်စုံလွန်းတယ်။”

“ဒါပေမဲ့ အရှင်ကတော့ တစ်ဦးတည်းသော အရှင်ပါပဲ။”

“ချန်နိုင်ငံသစ်ရဲ့ မဲရလဒ် ဘယ်တော့ ထွက်မလဲ။”

“မကြာခင်ပါပဲ။ နောက်ရက်အနည်းငယ်အတွင်း ထွက်ပါတော့မယ်။”

ရှမ့်လန်သည် ဤမဲပေးပွဲကို မျှော်လင့်ချက် သိပ်မထားပေ။ အဘယ်ကြောင့်ဆိုသော် ချန်မြို့တော်မှ ပြည်သူများသည် သူ့ကို အလွန်အမင်း စိတ်ပျက်စေခဲ့သောကြောင့် ဖြစ်၏။ သူတို့၏ သတ္တိတရားများ သင်းကွပ်ခံလိုက်ရပြီး အရုပ်ဆိုး အကျည်းတန်မှုကိုသာ ရွေးချယ်ခဲ့ကြသည်။

“ချွင်းဟွာ... မင်းသမီး ရန်ယင်ယင် အခြေအနေ ဘယ်လိုလဲ။”

“အရှင်ကို ပြပါ့မယ်။”

……………..

ထိုည စေ့စပ်ပွဲ ပြီးဆုံးပြီးနောက် ရှမ့်လန်သည် ရန်ယင်ယင်ကို တချောင်နှင့်အတူ နုရှောင့်မြို့သို့ ပို့ဆောင်ခဲ့၏။

ရှမ့်လန်က ရန်ယင်ယင်ကို ကုသပေးပြီး သာမန်လူသား ဖြစ်လာစေရမည်၊ သာမန်အတိုင်း ကလေးမွေးဖွားနိုင်စေရမည်ဟု ပြောခဲ့ဖူးသည်။ သို့သော်ငြား ရှေးဟောင်း စာအုပ်ပေါင်းများစွာ ရှာဖွေခဲ့သော်လည်း ရန်ယင်ယင်ကို ကယ်တင်နိုင်မည့် နည်းလမ်း မတွေ့ရှိခဲ့ပေ။ သူမ၏ ရောဂါ အကြောင်းရင်းကိုပင် ရှာမတွေ့ခဲ့ပေ။ ထူးဆန်းလွန်းလှသည်။ သူမ၏ ခန္ဓာကိုယ်သည် လုံးဝ ဖန်သားကဲ့သို့ ကြည်လင်နေပြီး နေရောင်နှင့် မထိတွေ့နိုင်ပေ။ ထိတွေ့လိုက်သည်နှင့် မီးလောင်သကဲ့သို့ ဖြစ်သွားတတ်သည်။

ထို့နောက် ရှမ့်လန်သည် ပစ္စည်းတစ်ခုကို ရရှိခဲ့သည်။ ထိုပစ္စည်းသည် ရန်ယင်ယင်ကို ကုသပေးနိုင်လိမ့်မည်ဟု သူ ယူဆခဲ့သည်။ ၎င်းမှာ ရှေးဟောင်း ကျန်းမျိုးနွယ်စု ဂူသင်္ချိုင်းမှ ရရှိခဲ့သော နဂါးသေတ္တာဖြစ်ပြီး ဧကရာဇ် ကျန်းလီ၏ သေတမ်းစာ ပါရှိသော သေတ္တာလည်း ဖြစ်သည်။ ဤသေတ္တာသည် ရှေးဟောင်း ယဉ်ကျေးမှု၏ အလွန် အရေးကြီးသော ပစ္စည်းတစ်ခု ဖြစ်သည်။ ၎င်းသည် ငရဲမီးပိုးကောင်များကို ဆက်တိုက် ပွားများစေနိုင်၏။

ထို့ကြောင့် ရှမ့်လန်သည် ရန်ယင်ယင်ကို ကုသရန်အတွက် ဤနဂါးသေတ္တာကို အသုံးပြုရန် ကြိုးစားခဲ့ သည်။ ကုသပုံ နည်းလမ်းမှာ ရန်ယင်ယင်ကို နဂါးသေတ္တာထဲသို့ ထည့်သွင်းထားခြင်း ဖြစ်၏။ သူတို့သည် နဂါးသေတ္တာ ထားရှိရာ မြေအောက် ဓာတ်ခွဲခန်းထဲသို့ ဝင်ရောက်လာကြသည်။

“ရန်ယင်ယင် အထဲမှာ ရှိနေသေးလား။”

“ရှိပါတယ်။ အရှင်။”

ကျန်းချွင်းဟွာက ပြောလိုက်၏။ “နဂါးသေတ္တာ မဖွင့်ခင် အရှင်ကို ကြိုတင် သတိပေးချင်ပါတယ်။ အရှင် ထင်ထားတာနဲ့ လုံးဝ တခြားစီ ဖြစ်နေနိုင်ပါတယ်။”

“ဟမ်... ဘာဖြစ်လို့လဲ။ သေတ္တာ ဖွင့်လိုက်...” ရှမ့်လန် အမိန့်ပေးလိုက်သည်။

ကျန်းချွင်းဟွာ ရှေ့သို့ တိုးသွားပြီး နဂါးသေတ္တာကို ဖွင့်လိုက်သည်။ ချက်ချင်းဆိုသလို မျက်စိကျိန်းမတတ် စူးရှသော အလင်းရောင်များ ဖြာထွက်လာသောကြောင့် မျက်လုံးဖွင့်ကြည့်ရန်ပင် ခက်ခဲနေခဲ့သည်။ အချိန်အတန်ကြာမှသာ ရှမ့်လန်သည် မင်းသမီး ရန်ယင်ယင်၏ ရုပ်သွင်ကို သေချာစွာ မြင်တွေ့လိုက်ရ၏။

သူမ၏ ခန္ဓာကိုယ်သည် ဖန်သားကဲ့သို့ ကြည်လင်နေခြင်း မရှိတော့ပေ။ သို့သော်ငြား ခန္ဓာကိုယ် အတွင်း၌ မီးလုံးပေါင်းများစွာ ထွန်းညှိထားသကဲ့သို့ တောက်ပနေခဲ့၏။ ထို့အပြင် သူမ၏ ခန္ဓာကိုယ်နှင့် မျက်နှာသွင်ပြင် သည်လည်း ပြောင်းလဲသွားခဲ့သည်။ မူလက သူမ၏ မျက်နှာသည် နူးညံ့သိမ်မွေ့ပြီး လှပသော်လည်း ယခုအခါ အလွန် ညှို့ဓာတ်ပြင်းပြီး လူသားတစ်ယောက်၏ ရုပ်သွင်နှင့် မတူတော့ပေ။

ထို့ထက် ပိုဆိုးသည်မှာ သူမ၏ ကျောဘက်တွင် အရိုးဆူးများ ပေါက်ရောက်နေခြင်း ဖြစ်၏။ ထိုအရိုးဆူး များသည် နှစ်လက်မခန့်သာ ရှည်သော်လည်း အလွန် ထက်ရှပုံ ပေါက်နေသည်။

‘ဒါ... ဒါ ဘယ်လို မျိုးစိတ်လဲ။’

စေတီတောင် ဂိုဏ်းချုပ်ရန်က သူမ၏ ခန္ဓာကိုယ်ထဲတွင် လောကနံပါတ်တစ် ကူပိုးကောင်ကို မွေးမြူထားသည်ဟု ဆိုသည်။ ထိုပိုးကောင်နှင့် သက်ဆိုင်နေသည်လား။ ထို့အပြင် သူမက ဂိုဏ်းချုပ်ရန်၏ သွေးသားရင်း ဟုတ်ပါရဲ့လား။ ဂိုဏ်းချုပ်ရန် မျိုးမအောင်နိုင်ဘူးဟု သူ လုပ်ကြံဝါဒ ဖြန့်ခဲ့သည်မှာ တကယ်များ ဖြစ်နေသည်လား။

“ကျွန်မတို့လည်း ဘာကြောင့်လဲဆိုတာ မသိပါဘူး။”

ကျန်းချွင်းဟွာက ရှင်းပြသည်။ “အရှင် အမိန့်အတိုင်း သူ့ကို နဂါးသေတ္တာထဲ ထည့်ထားခဲ့တာပါ။ အစပိုင်းမှာ သက်သာလာတာ မြန်ပါတယ်။ သုံးရက်လောက် ကြာတော့ ခန္ဓာကိုယ် ကြည်လင်နေတာတွေ ပျောက်သွားလို့ ကျွန်မတို့ ဝမ်းသာခဲ့ကြသေးတယ်။ မကြာခင် ပျောက်တော့မယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ မထင်မှတ်ဘဲ သူ့ခန္ဓာကိုယ်က အလင်းတန်းတွေ ထွက်လာတယ်၊ မျက်နှာက ပြောင်းလာတယ်၊ တစ်ကိုယ်လုံး ပြောင်းလဲလာတယ်။ နောက်ဆုံးတော့ ကျောမှာ အရိုးဆူးတွေပါ ထွက်လာတော့တာပဲ။”

ရှမ့်လန်က အက်ကွဲသော အသံဖြင့် ရေရွတ်လိုက်မိ၏။ “သူ... သူက လူမဟုတ်တော့ဘူး။”

ထို့အပြင် သူမ၏ နိဗ္ဗာန အသွင်ပြောင်းခြင်းသည် ယခုမှ စတင်ရုံသာ ရှိသေးသည်။ သူမ ဘာဖြစ်လာမည်ကို ရှမ့်လန် မသိနိုင်ပေ။

ကျန်းချွင်းဟွာက ဆက်ပြောလိုက်သည်။ “ကျွန်မတို့လည်း စိုးရိမ်တာနဲ့ နဂါးသေတ္တာ ကုထုံးကို ရပ်တန့်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ရပ်တန့်လို့ မရတော့ပါဘူး။ နေ့တိုင်း သူ့ကို သေတ္တာထဲ လေးနာရီလောက် ထည့်မထားရင် သူ့ရဲ့အသက်ရှင်နိုင်စွမ်းက အမြန် ကျဆင်းလာပြီး အသက်အန္တရာယ်ပါ ရှိလာတယ်။”

ဤအချိန်၌ ရှမ့်လန် ကြက်သေ သေနေခဲ့ရ၏။ ယခင်က ရန်ယင်ယင်သည် အဆိပ်တစ်မျိုး မိနေသည်ဟုသာ သူ ထင်မှတ်ခဲ့သည်။ ဂိုဏ်းချုပ်ရန်က သူမ၏ ခန္ဓာကိုယ်ကို အသုံးပြုပြီး ကူပိုးကောင် မွေးမြူနေရသည် မဟုတ်ပါလား။ သို့သော်ငြား သူမက နိဗ္ဗာန အသွင်ပြောင်းခြင်းကို လုပ်ဆောင်နေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ။

ထို့အပြင် သူသည် စိတ်စွမ်းအား တိုးတက်စေရန် တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ ဝိညာဉ်ကို ဆက်ခံ ခဲ့သည်။ သို့သော်ငြား သူ၏ ဦးနှောက်ထဲတွင် နားမလည်နိုင်သော ထူးဆန်းသည့် ဝိညာဉ်မှတ်ဉာဏ်များ ရောက်ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

‘တစ်ခုခုတော့ မှားနေပြီ။ ကိစ္စကြီး တစ်ခု ဖြစ်လာတော့မယ်။’

“အရှင်... ဘာဆက်လုပ်ကြမလဲ။”

“ဆက်လုပ်ပါ... နေ့တိုင်း လေးနာရီ ထည့်ထားပါ။ သူ ဘယ်လို အသွင်ပြောင်းလဲသွားမလဲဆိုတာ ငါ ကြည့်ချင်တယ်။”

“ဒီနဂါးသေတ္တာကို ငရဲမီးပိုးကောင် ပွားဖို့ သုံးတုန်းက စွမ်းအင်ကုန်ဆုံးမှု သိပ်မရှိပါဘူး။ ဒါပေမဲ့ မင်းသမီး ရန်ယင်ယင် ဝင်အိပ်ပြီးတဲ့ နောက်ပိုင်းမှာတော့ စွမ်းအင်ကုန်ဆုံးမှုက အရမ်း မြန်ဆန်လာပါတယ်။ ဒီအတိုင်းသာ ဆက်သွားရင် နဂါးသွေးမျိုးဆက် ဖြည့်တင်းပေးဖို့ လိုအပ်လာပါလိမ့်မယ်။”

လွန်ခဲ့သော နှစ်ဝက်အတွင်း နဂါးသေတ္တာ၏ စွမ်းအင် တစ်ဝက်ခန့် ကုန်ဆုံးသွားပြီဖြစ်ကြောင်း ရှမ့်လန် ခံစားမိသည်။ ဆိုလိုသည်မှာ နဂါးသေတ္တာစွမ်းအင်၏ တစ်ဝက်ခန့်ကို ရန်ယင်ယင်၏ ခန္ဓာကိုယ်က စုပ်ယူလိုက်ပြီး အသွင်ပြောင်းလဲမှု ပြုလုပ်လိုက်ခြင်း ဖြစ်၏။

‘ဒါ... ဒါက တကယ်ကို ထူးဆန်းလွန်းတယ်။ သူမ ဘာအကောင် ဖြစ်လာမှာလဲ။’

…………………..

နုရှောင့်မြို့ရှိ လျှို့ဝှက် စမ်းသပ်ကွင်း...

ရှမ့်လန်သည် သူ၏ စိတ်စွမ်းအား တိုးတက်လာခြင်း ရှိမရှိ စမ်းသပ်လိုပေသည်။ အဘယ်ကြောင့်ဆိုသော် သူ မည်သည့် ထူးခြားမှုကိုမှ မခံစားရသောကြောင့် ဖြစ်၏။

တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ ဝိညာဉ်ကို ဆက်ခံပြီးနောက် အရာအားလုံးသည် ယခင်အတိုင်းပင် ဖြစ်နေခဲ့သည်။ သူသည် အိပ်ငိုက်နေဆဲဖြစ်ပြီး စွမ်းအင်တိုးလာသည်ဟုလည်း မခံစားရပေ။ မည်သည့်ဘက်ကမှ တိုးတက်လာခြင်း မရှိပေ။ အတိုချုပ်ပြောရလျှင် သူသည် အမွေဆက်ခံခဲ့ခြင်း မရှိသကဲ့သို့ ဖြစ်နေသည်။

‘ဒီလိုတော့ မဖြစ်သေးဘူး။ စိတ်စွမ်းအား မတိုးလာရင် ရင်ကွမ်းနဲ့ ဂိုဏ်းချုပ်ရန်ကို ဘယ်လို လုပ်ပြီး ဖျက်ဆီးမလဲ။ ရင်ကွမ်းရဲ့ မဟာမိတ် တပ်တွေကို ဘယ်လို ဖျက်ဆီးမလဲ။’

“အရှင်... တစ်ခါတည်း ဒီလောက်အများကြီး လွှတ်မှာ သေချာလို့လား။” မင်းသမီး ဒိုဟာက မေးလိုက်၏။

“သေချာတယ်။”

ရှမ့်လန်နှင့် မီတာ ၂၀၀၀ အကွာတွင် ရာပေါင်းများစွာသော ရှေးဟောင်းယန္တရားကြီးများနှင့် စစ်သုံး လေးမြားကြီးများ အဆင်သင့် ရှိနေကြသည်။ ယခင်က ရှမ့်လန်၏ စိတ်စွမ်းအား အားနည်းချိန်တွင် ရှေးဟောင်း မြားတစ်စင်းကိုသာ တားဆီးနိုင်ပြီး ချက်ချင်း မေ့လဲသွားလေ့ ရှိသည်။

သူ၏ အန္တိမရည်မှန်းချက်မှာ နဂါးနောင်တကို လေထဲတွင် ကြားဖြတ် တားဆီးရန် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်နိုင်မှသာ တော်ဝင်ရန်အင်ပါယာ၏ တာဝေးပစ် တိုက်ခိုက်မှုများမှ နုရှောင့်မြို့ကို ကာကွယ်နိုင်မည်။

“အဆင်သင့် ပြင်...” မင်းသမီးဒိုဟာ၏ အမိန့်သံအဆုံးတွင် ရာပေါင်းများစွာသော ယန္တရားကြီးများ အဆင်သင့် ဖြစ်နေကြပြီ။

ရှမ့်လန်သည် ခါးကို အနည်းငယ် ကိုင်းလိုက်ပြီး မရေမတွက်နိုင်သော စိတ်စွမ်းအားများကို စုစည်းလိုက်သည်။ ‘ရင်ကွမ်းကို ဖျက်ဆီးနိုင်မလား... ဂိုဏ်းချုပ်ရန်ကို ဖျက်ဆီးနိုင်မလားဆိုတာ ဒီအပေါ်မှာ မူတည်နေပြီ။ သောက်ကျိုးနည်း... စိတ်စွမ်းအားတွေ တိုးလာလား၊ မတိုးဘူးလား။’

“ပစ်...”

“ရွှီး... ရွှီး... ရွှီး... ရွှီး...”

ရာပေါင်းများစွာသော ရှေးဟောင်း မြားကြီးများနှင့် ထောင်ပေါင်းများစွာသော စစ်သုံး လေးမြားများသည် မိုးသီးမိုးပေါက်များအလား ရှမ့်လန်ထံသို့ ပျံသန်းလာကြ၏။

မြားတစ်စင်းစီသည် မီးတန်းများ ထုတ်လွှတ်ပြီး လှပသော ကြယ်ကြွေမိုးကဲ့သို့ ဖြစ်နေ၏။ ဤအဆင့် တိုက်ခိုက်မှုသာ ထိရောက်ခဲ့လျှင် စစ်တပ်တစ်ခုလုံး ပျက်စီးသွားနိုင်သည်။ ရှမ့်လန်၏ စစ်တပ်တွင် အစွမ်းထက်သော သံချပ်ကာများ မရှိပေ။ ရှမ့်လန်သည် ကောင်းကင်မှ ပျံသန်းလာသည့် ထောင်ပေါင်း များစွာသော မြားများကို စူးစိုက်ကြည့်လိုက်သည်။

ရုတ်တရက် အံ့ဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့၏။ ဤရှေးဟောင်းမြားများသည် မူလက တစ်စက္ကန့်လျှင် မီတာ ၃၀၀၊ ၄၀၀ နှုန်းဖြင့် ပျံသန်းနေပြီး သာမန် မျက်စိဖြင့် မမြင်နိုင်ပေ။ သို့သော်ငြား ယခုအခါ ရှမ့်လန်၏ မျက်လုံးထဲတွင် ၎င်းတို့သည် နှေးကွေးသွားသကဲ့သို့ ရှိနေသည်။ သုံးဆ၊ ငါးဆ၊ ဆယ်ဆခန့် နှေးကွေးသွားသည်။ ရုပ်ရှင်ထဲမှ Slow motion ပြကွက်ကဲ့သို့ ဖြစ်နေ၏။

အမှန်တကယ် မြားများ နှေးကွေးသွားခြင်း မဟုတ်ဘဲ ရှမ့်လန်၏ စိတ်စွမ်းအား မြင့်မားလာသဖြင့် သူ၏ အမြင်အာရုံတွင် အရာရာ နှေးကွေးသွားသကဲ့သို့ ဖြစ်နေခြင်းသာ ဖြစ်သည်။

အကွာအဝေးသည် ပိုမို နီးကပ်လာပြီ။ ဤထောင်ပေါင်းများစွာသော မြားများသည် ရှမ့်လန်ကို ဝါးမျိုပြီး အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်တော့မည်။ ရှမ့်လန်သည် ရှေးဟောင်း သံချပ်ကာ ဝတ်ဆင်ထားသော်လည်း ဘေးမှ အထူးစစ်သည်တော်များသည် သူ့ကို ကာကွယ်ရန် ပြေးဝင်လာရန် ပြင်ဆင်နေကြ၏။

ထိုအချိန်တွင် ရှမ့်လန်သည် ညာလက်ကို ရုတ်တရက် မြှောက်လိုက်သည်။

“ရပ်တန့်စမ်း။”

သူသည် စိတ်ထဲမှ အော်ဟစ်လိုက်၏။ အကန့်အသတ်မဲ့သော စိတ်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး နဂါး နှလုံးသားနှင့် ရှေးဟောင်း ဘုရင်လက်စွပ်ထဲသို့ စီးဝင်သွားသည်။

သူ၏စိတ်စွမ်းအားနှင့် နဂါးနှလုံးသား၏စွမ်းအင်တို့ ပေါင်းစပ်သွားပြီး ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်လှိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့၏။ ချက်ချင်းဆိုသလိုပဲ အရှိန်ပြင်းစွာ ပျံသန်းလာသော ထောင်ပေါင်း များစွာသော ရှေးဟောင်းမြားများသည် လေထဲတွင် ရပ်တန့်သွားပြီး မလှုပ်မယှက် ဖြစ်သွားကြ၏။

‘ဒါ... ဒါက တကယ့်ကို ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ စွမ်းရည်ပဲ။’

……………..

ရှမ့်လန် ကိုယ်တိုင်ပင် ကြက်သေ သေသွားခဲ့ရသည်။ ‘ငါ ဒီလောက်တောင် စွမ်းသွားတာလား။’

သူ စိတ်ကူးနှင့်တောင် မယဉ်ရဲခဲ့ပေ။ အရေးအကြီးဆုံးအချက်မှာ ထောင်ပေါင်းများစွာသော မြားများကို ရပ်တန့်ပြီးနောက် သူ မေ့လဲမသွားခြင်း ဖြစ်၏။

နောက်တစ်စက္ကန့်တွင် ထောင်ပေါင်းများစွာသော မြားများအားလုံး ကောင်းကင်မှ ပြုတ်ကျလာကြသည်။

“ဒုန်း... ဒုန်း... ဒုန်း...”

ပေါက်ကွဲရမည့် မြားများသည် မပေါက်ကွဲဘဲ မြေကြီးပေါ်သို့ ပြုတ်ကျကာ တွင်းချိုင့်များ ဖြစ်ပေါ်စေပြီး မြေပြင်ကို တုန်ယင်သွားစေ၏။

ရှမ့်လန်သာမက ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးသည် ပါးစပ်အဟောင်းသားဖြင့် အံ့သြနေကြသည်။

အရှင်ရှမ့်လန်သည် အလွန် ထူးဆန်းသည်။ လုံးဝ အားနည်းနေလျှင်လည်း အားနည်းနေမည်။ ထိုသို့ မဟုတ်ပါက စိတ်ကူးမယဉ်နိုင်လောက်အောင် စွမ်းအားကြီးမားနေတတ်သည်။ ကြားကျသည့် အခြေအနေ ဟူ၍ မရှိပေ။

ရှမ့်လန်သည် သူ့လက်ကို သူ ပြန်ကြည့်ကာ အချိန်အတော်ကြာ ငေးမောနေမိ၏။

‘ဒါက ထင်ထားတာထက် ပိုစွမ်းနေတာပဲ။ စိတ်စွမ်းအား ဘယ်လောက်တောင် တိုးလာတာလဲ။ ဒါပေမဲ့ ငါ ဘာမှ မခံစားရပါလား။ အရင်လိုပဲ အားနည်းနေသလို ခံစားရတုန်းပဲ။’

မေးခွန်းတစ်ခုသာ ကျန်တော့သည်။ နဂါးနောင်တကို လေထဲတွင် ကြားဖြတ် တားဆီးနိုင်မည်လား။ ကံမကောင်းစွာဖြင့် သူ့တွင် နဂါးနောင်တအစစ် တစ်ခုသာရှိပြီး စမ်းသပ်ရန် အချိန်မကောင်းသေးပေ။ ထို့အပြင် သူသည် စိတ်စွမ်းအား တစ်စိတ်တစ်ပိုင်းကို သုံးစွဲလိုက်ပြီ ဖြစ်သည်။

……………..

ရှမ့်လန်၏ စိတ်စွမ်းအား တိုးတက်လာခြင်းသည် အရေးကြီးသော်လည်း အညီအမျှ အရေးကြီးသော အရာတစ်ခု ရှိသေးသည်။ ၎င်းမှာ တော်ဝင်ချန် တပ်တော်သစ်ပင် ဖြစ်သည်။ သူသည် နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့၏။

မှန်၊ ချောင်ယောင်းအာ၊ စုနန်နှင့် အခြားသူများကို ချန်နိုင်ငံသစ်တွင် နှစ်ဝက်ခန့် နေထိုင်စေခဲ့သည်မှာ တော်ဝင်ချန် တပ်တော်သစ် ဖွဲ့စည်းနိုင်ရန် ဖြစ်၏။ အိပ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်များ၊ အသေးစား နဂါးအရှိန်အဝါများနှင့် ငရဲမီးအမြှောက်များကို အမြောက်အမြား ထုတ်လုပ်နိုင်ရန် ဖြစ်သည်။ ထို့ကြောင့် စိတ်စွမ်းအား စမ်းသပ်ပြီးနောက် ရှမ့်လန်သည် မရပ်နားဘဲ လက်နက်သစ်များကို ဆက်လက် စမ်းသပ်သည်။

ပညာရှင်တွိုင်းသည် ယခင်ကကဲ့သို့ပင် ဖရိုဖရဲ ဖြစ်နေပြီး ယခင်ကထက်ပင် ပိုမို ဆိုးရွားနေသေးသည်။ လွန်ခဲ့သော ၈ လအတွင်း သူ၏ ဆံပင်များကို တခါမှ မဖြီးသင်ခဲ့သဖြင့် ကြက်အိမ်နှင့်ပင် တူနေသည်။ သူ၏ မျက်မှန်သည်လည်း ပိုထူလာသည်။ အရေးအကြီးဆုံးမှာ ကိုယ်အလေးချိန် ၁၀ ကီလိုဂရမ်ခန့် ကျဆင်းသွားပြီး မျက်လုံးများ နီရဲကာ ထွက်ကျလုမတတ် ဖြစ်နေခြင်းပင်။

“လွန်ခဲ့တဲ့ ခြောက်လအတွင်း ပညာရှင် တွိုင်းက တစ်နေ့ကို ၃ နာရီခွဲထက် ပိုမအိပ်ခဲ့ပါဘူး။”

ကျန်းချွင်းဟွာက ပြောလိုက်သည်။ “သူက ၂ ကြိမ်၊ ၃ ကြိမ်ခွဲပြီး အိပ်တယ်။ စက္ကန့်မလွဲဘူး။”

“အသက်ရှင်တုန်း ဘာလို့ အများကြီး အိပ်နေမှာလဲ။ သေမှပဲ အဝအိပ်တော့မယ်။”

ပညာရှင်တွိုင်းက ပြောလိုက်၏။ “အသက်ရှင်တဲ့အချိန်တိုင်းက တန်ဖိုးရှိလွန်းတယ်။ အိပ်စက်ခြင်းနဲ့ ဘယ်လိုလုပ် ဖြုန်းတီးပစ်မလဲ။ ကောင်းကင်ပင်လယ်နန်းဆောင် စာကြည့်တိုက်မှာ ဖြုန်းခဲ့တဲ့ အချိန်တွေကို ကျုပ် ပြန်ယူချင်တယ်။”

ထို့အပြင် ပညာရှင်တွိုင်း၌ အလွန် အစွမ်းထက်သော စွမ်းရည်တစ်ခု ရှိသည်။ ၎င်းမှာ စက္ကန့်ပိုင်းအတွင်း အိပ်ပျော်သွားနိုင်ခြင်း ဖြစ်၏။ စက်ရုပ်တစ်ရုပ်ကဲ့သို့ပင်။ နေ့စဉ် ၇ နာရီခန့် အလုပ်ကြိုးစားပြီးနောက် မြေကြီးပေါ် လှဲချလိုက်သည်နှင့် ချက်ချင်း အိပ်ပျော်သွားတတ်သည်။

တစ်နာရီခန့် အိပ်ပြီးနောက် စက်ရုပ်ကဲ့သို့ အချိန်မှန် နိုးလာပြီး အလုပ်ဆက်လုပ်သည်။ သူ၏အဆိုအရ သူ၏ အိပ်စက်ချိန် မိနစ်တိုင်းသည် နှစ်ခြိုက်စွာ အိပ်ပျော်ခြင်း ဖြစ်သဖြင့် စွမ်းအင် ပြန်လည် ဖြည့်တင်းရန် လုံလောက်သည်ဟု ဆို၏။

အပိုင်း (၁၁၄၀)

“အရှင်... ပြီးခဲ့တဲ့ အခေါက်က ရလဒ်အသစ်တွေ ပြသခဲ့ပေမဲ့ လုံလောက်မှု မရှိသေးဘူးလို့ ကျုပ် ခံစားရပါတယ်။ ဒါကြောင့် နန်းတွင်း အတိုင်ပင်ခံ ကောင်စီ၊ အစိုးရအဖွဲ့နဲ့ လက်နက်ခဲယမ်းဌာနရဲ့ ဖိအားတွေကို ကြံ့ကြံ့ခံပြီး အိပ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်ကို ပြန်လည် ပုံစံဆွဲခဲ့ပါတယ်။”

“ဟမ်...”

ရှမ့်လန် တကယ် မသိခဲ့ပေ။ လွန်ခဲ့သော နှစ်ဝက်က သူသည် အသေးစား နဂါးအရှိန်အဝါကို သဘောမကျသော်လည်း အိပ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်ကိုမူ ကျေနပ်အားရခဲ့သည်။ အနည်းငယ် လေးလံသော်လည်း လက်ခံနိုင်သော အတိုင်းအတာ ဖြစ်သည်။ ထို့အပြင် စွမ်းအား ပြင်းထန်ပြီး ပစ်ခတ်နိုင်မှု အကွာအဝေးလည်း လုံလောက်သည်။ ထိုအချိန်က ထိုပုံစံအတိုင်း အမြောက်အမြား ထုတ်လုပ်ရန် ရှမ့်လန် အမိန့်ပေးခဲ့ပြီး ဖြစ်သည်။

ကျန်းချွင်းဟွာက ရှင်းပြ၏။ “အဲဒီတုန်းက အချိန်သိပ်မရှိတော့ အမြောက်အမြား ထုတ်ဖို့ အမိန့်ပေးခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ပညာရှင်တွိုင်းက ပုံစံပြန်ဆွဲချင်တယ်ဆိုပြီး လက်နက်ဌာနရဲ့အမိန့်ကို ဖီဆန်ခဲ့ပါတယ်။ အတိုင်ပင်ခံကောင်စီက အမိန့်ပေးပေမဲ့ မရပါဘူး။ ပုံကြမ်းကို အတည်မပြုပေးဘဲ နေခဲ့တယ်။ နောက်ဆုံးတော့ နယ်စားကြီးကျင်းကျိုးနဲ့ မင်းသားကျင်းတို့က ဆုံးဖြတ်ချက်ချပြီး သူ့ကို ၁၀ ရက် အချိန်ပေးခဲ့ပါတယ်။”

မင်းသားကျင်းက ဝင်ပြောလိုက်သည်။ “အဲဒီတုန်းက အရှင်က ချန်မြို့တော် ရောက်နေတော့ ကျုပ်နဲ့ နယ်စားကြီး ကျင်းကျိုးကပဲ ဆုံးဖြတ်ခဲ့ရတာပါ။ ခွင့်လွှတ်ပေးပါ။”

ရှမ့်လန် လက်ကာပြလိုက်သည်။ ပြည်တွင်းရေးကိစ္စများကို မင်းသားကျင်းထံ လွှဲအပ်ထားပြီးဖြစ်ရာ သူ စိတ်မကွက်ပေ။

“နောက်ဆုံးတော့ ပညာရှင်တွိုင်းက ၇ ရက်တည်းနဲ့ အိပ်မက်ဆိုးကျောက်တုံး ရိုင်ဖယ် ဒီဇိုင်းသစ်ကို အပြီးသတ်နိုင်ခဲ့ပါတယ်။”

ပညာရှင်တွိုင်းသည် ပုံကြမ်းကို ချက်ချင်း ပြသလိုက်သည်။ “အရှင်... အများအားဖြင့် စိတ်ကူးဉာဏ် ဆိုတာ ကောင်းကင်ဘုံက ရောက်လာတတ်ပြီး မရှင်းပြနိုင်အောင် ရုတ်တရက် ပေါ်လာတတ်ပါတယ်။ အရင် ရိုင်ဖယ် ပုံစံက ခေတ်နောက်ကျလွန်းပြီး စွမ်းအင်တွေ အများကြီး ဖြုန်းတီးရာ ရောက်နေတယ်။

ပြီးတော့ ရှေးဟောင်း လေးမြားကြီးရဲ့ လွှမ်းမိုးမှုတွေ ပါနေတယ်။ ဒီဇိုင်းသစ်က အိပ်မက်ဆိုးကျောက်တုံး သုံးစွဲမှုကို ၃၀ ရာခိုင်နှုန်း လျှော့ချနိုင်ပြီး အထူးသတ္တု သုံးစွဲမှုကို ၃၅ ရာခိုင်နှုန်း လျှော့ချနိုင်ပါတယ်။ ဒါပေမဲ့ စွမ်းအားကိုတော့ ၁၉ ရာခိုင်နှုန်း တိုးမြှင့်နိုင်ပါတယ်။”

တကယ့်ကို အရည်အသွေးပိုင်းဆိုင်ရာ ခုန်ပျံကျော်လွှားမှုကြီးပင်။ စွမ်းအား ၁၉ ရာခိုင်နှုန်း တိုးလာခြင်းက သိပ်မထူးခြားသော်လည်း အိပ်မက်ဆိုးကျောက်တုံး ၃၀ ရာခိုင်နှုန်းနှင့် အထူးသတ္တု ၃၅ ရာခိုင်နှုန်း လျှော့ချနိုင်ခြင်းက အလွန် အရေးပါသည်။ ရှမ့်လန်သည် ဤအရင်းအမြစ်များကို အမြဲ လိုအပ်နေသူ ဖြစ်သည်။

ထို့နောက် အိပ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်အသစ်သည် ရှမ့်လန်၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။ ထင်ထားသည့် အတိုင်းပင် ပိုမို လှပပြီး ပိုမို ပေါ့ပါးသည်။ မူလက ၂၅ ကီလိုဂရမ်ခန့် လေးသော်လည်း ယခု ၁၅ ကီလိုဂရမ်ခန့်သာ ရှိတော့၏။

ပစ်မှတ်ကို ချိန်ရွယ်ပြီး ရှမ့်လန် မောင်းခလုတ် ဆွဲလိုက်သည်။

“ရွှီး... ရွှီး... ရွှီး... ရွှီး...”

အဖြိုက်နက် ကျည်ဆန်များသည် လျှပ်စီးကဲ့သို့ ပျံသန်းသွားပြီး လေတိုးသံများ ထွက်ပေါ်လာသည်။ အမြန်နှုန်းမှာ တစ်စက္ကန့်လျှင် မီတာ ၁၅၀၀ ကျော်ရှိပြီး ထိရောက်သော ပစ်ခတ်နိုင်မှု အကွာအဝေးမှာ မီတာ ၃၅၀၀ အထိ ရှိသည်။ ပစ်မှတ်အဖြစ် ထားရှိသော ငရဲသံချပ်ကာကို တိုက်ရိုက် ဖောက်ထွင်းသွားပြီး ကြီးမားသော အက်ကွဲကြောင်းကြီး ဖြစ်ပေါ်သွား၏။

ယခင် ရိုင်ဖယ်အဟောင်းကလည်း ဤကဲ့သို့ လုပ်ဆောင်နိုင်သော်လည်း ယခုတစ်ကြိမ်တွင် မီတာ ၁၆၀၀ အကွာမှနေ၍ ငရဲသံချပ်ကာကို လွယ်ကူစွာ ဖောက်ထွင်းနိုင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ စေတီတောင်နှင့် ရင်ကွမ်း၏ ငရဲတပ်တော်သည် ဤရိုင်ဖယ်ကို ခုခံနိုင်စွမ်း လုံးဝ မရှိတော့ပေ။ သူတို့၏ အဓိက အင်အားစုမှာ ငရဲတပ်တော် ဖြစ်သည်။

ငရဲတပ်တော်၏ တစ်ဦးချင်း တိုက်ခိုက်နိုင်စွမ်းသည် ရှမ့်လန်၏ တပ်ဖွဲ့များထက် အဆများစွာ သာလွန်သည်။ ခွန်အား၊ အမြန်နှုန်းနှင့် သွက်လက်မှုတို့တွင် သာလွန်သည်။ သို့သော်ငြား အိပ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်ကို အသုံးပြုလိုက်သောအခါ တိုက်ခိုက်ပုံ နည်းဗျူဟာ လုံးဝ ပြောင်းလဲသွားခဲ့သည်။ တစ်ဦးချင်း စွမ်းရည်မှာ အရေးမပါတော့ပေ။ ငရဲတပ်တော် မည်မျှ စွမ်းပါစေ ကျည်ဆန်ကို ခံနိုင်မည်မဟုတ်ပေ။

“ရှေးဟောင်း သံချပ်ကာကိုရော ဖောက်နိုင်လား။” ရှမ့်လန်က မေးလိုက်၏။

ရင်ကွမ်းနှင့် စေတီတောင်၏ အဓိက အင်အားစုမှာ ငရဲတပ်တော် ဖြစ်သော်လည်း အထက်မြက်ဆုံးမှာ အထူး စစ်သည်တော်များ ဖြစ်ကြသည်။ သူတို့ တစ်ယောက်စီတိုင်း ရှေးဟောင်း သံချပ်ကာ ဝတ်ဆင်ထားပြီး မီတာ ဆယ်ချီ ခုန်ပျံနိုင်သလို ရှေးဟောင်း အိပ်မက်ဆိုးကျောက်တုံး ဓားရှည်များ ကိုင်ဆောင်ထားကြသည်။

ထိုမျှမက အထူး စစ်သည်တော်တိုင်းတွင် နှင်းလင်းယုန် စီးတော်ယာဉ် ရှိကြသည်။ မြေပြင်တွင်သာမက ဝေဟင်တွင်ပါ တိုက်ခိုက်နိုင်သည်။ ဤသည်မှာ ရင်ကွမ်းနှင့် စေတီတောင်၏ အထွတ်အထိပ် အင်အား ဖြစ်သည်။ အရေအတွက် များပြားခြင်း မရှိပေ။ တိုက်ပွဲ အကြိမ်ကြိမ် ဖြစ်ပြီးနောက် ထောင်ဂဏန်းခန့်သာ ကျန်ရှိတော့မည်။ သို့သော်ငြား ဤလူထောင်ဂဏန်းသည် လူတစ်သိန်းကျော်နှင့် ညီမျှသော စွမ်းအား ရှိ၏။

“မရပါဘူး အရှင်..”

ပညာရှင် တွိုင်းက ဖြေလိုက်သည်။ “ဒီရိုင်ဖယ် ကျည်ဆန်ရဲ့ စွမ်းအင်က ရှေးဟောင်း သံချပ်ကာကို ဖောက်ထွင်းဖို့ လုံလောက်ပါတယ်။ ဒါပေမဲ့ ဒါက သီအိုရီအရ တွက်ချက်ထားတာပါ။ ရှေးဟောင်း သံချပ်ကာတိုင်းမှာ ထူးခြားတဲ့ စွမ်းအင် တစ်မျိုးစီ ရှိကြတယ်။ တိုက်ခိုက်ခံရတဲ့အခါ အစွမ်းထက်တဲ့ လျှပ်စစ်သံလိုက် စွမ်းအင် ထုတ်လွှတ်ပြီး ကျည်ဆန်ကို လမ်းကြောင်းလွှဲပစ်နိုင်ပါတယ်။”

“အထူး စစ်သည်တော် တစ်ယောက် ထွက်လာခဲ့။”

မကြာမီ နုရှောင့်မြို့မှ အထူး စစ်သည်တော် တစ်ဦး ပစ်ကွင်းထဲသို့ ရောက်လာသည်။ ရှမ့်လန်၏ တော်ဝင်ချန် အင်ပါယာတွင်လည်း အထူးစစ်သည်တော်များ ရှိကြသည်။ ဤသံချပ်ကာများကို ကောင်းကင်ပင်လယ် နန်းဆောင်နှင့် စေတီတောင်တို့မှ သိမ်းဆည်းရမိခြင်း ဖြစ်ပြီး အခုရေ ၈၀ ခန့်သာ ရှိ၏။

ပညာရှင်တွိုင်းသည် ရိုင်ဖယ်ဖြင့် ချိန်ရွယ်ပြီး ပစ်ခတ်လိုက်သည်။

“ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း...”

အဖြိုက်နက် ကျည်ဆန်များသည် လျှပ်စီးကဲ့သို့ ပျံသန်းသွားပြီး အထူး စစ်သည်တော်ကို ထိမှန်တော့မည်။ သို့သော်ငြား လက်မ အနည်းငယ် အကွာသို့ ရောက်သောအခါ ရှေးဟောင်း သံချပ်ကာမှ စွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။ ကျည်ဆန်များသည် လေထုတံတိုင်း တစ်ခုနှင့် တိုက်မိသကဲ့သို့ ဘေးဘက်သို့ လွင့်စင်သွား၏။

အိပ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်သည် ရှေးဟောင်း သံချပ်ကာကို မဖောက်နိုင်ပေ။ ရှေးဟောင်း သံချပ်ကာ ဝတ်ဆင်ထားသော အထူး စစ်သည်တော်များသည် တိုက်ပွဲအတွက် Bug (ဂိမ်းထဲမှာဆိုလျှင် ဂိမ်းကို ရေးထားတဲ့ ပရိုဂရမ်ထဲမှာ တစ်စုံတစ်ခု လွဲချော်နေခြင်းကို ဆိုလိုသည်။) ဖြေရှင်းရန် နည်းလမ်း မရှိပေ။

ယခင်က ရှမ့်လန်သည် အထူးစစ်သည်တော် အများအပြားကို သုတ်သင်ခဲ့ဖူးသည်။ သို့သော်ငြား နဂါးနောင်တ ပေါက်ကွဲမှုကြောင့် သို့မဟုတ် ကူပိုးကောင် လက်နက်များ သယ်ဆောင်ထားသော စစ်သည်တော်များကို အသံလှိုင်းဖြင့် တိုက်ခိုက်ခြင်းကြောင့်သာ ဖြစ်သည်။ အသံလှိုင်းကြောင့် ကူပိုးကောင်အခွံများ ကွဲအက်ကာ ပိုးကောင်များ သူတို့ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပြီး သေဆုံးခဲ့ရခြင်း ဖြစ်သည်။ သာမန် လက်နက်များဖြင့် အထူး စစ်သည်တော်များကို လုံးဝ တိုက်ခိုက်နိုင်ခြင်း မရှိပေ။

“ဒါပေမဲ့ အထူးစစ်သည်တော်တွေက လုံးဝ ရှုံးပွဲမရှိတာတော့ မဟုတ်ပါဘူး။ ကျုပ် စေတီတောင်ရဲ့ ရှေးဟောင်း သံချပ်ကာကို ဖြုတ်ပြီး အတွင်းပိုင်းက အိပ်မက်ဆိုးကျောက်တုံး ကိရိယာကို လေ့လာခဲ့ပါတယ်။ သူ့ကို တားဆီးနိုင်တဲ့ နည်းလမ်း မတွေ့သေးပေမဲ့ ပစ်မှတ်ထား တိုက်ခိုက်နိုင်တဲ့ အိပ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံးကို တီထွင်နိုင်ခဲ့ပါတယ်။ အရှင်ရဲ့ ပုံကြမ်းအတိုင်း ပြုပြင်ထားတာပါ။” ထို့နောက် ပညာရှင်တွိုင်းက သံလိုက်ဗုံး ပုံကြမ်းကို ကမ်းပေးလိုက်သည်။

ရှမ့်လန် တစ်ချက်ကြည့်လိုက်ရုံဖြင့် အံ့သြသွားခဲ့ရသည်။ ပါရမီရှင် သိပ္ပံပညာရှင်က တကယ်ကို ပါရမီရှင်ပီသလွန်းသည်။ ကျွမ်းကျင်မှု အပိုင်းတွင် ရှမ့်လန်ထက် များစွာ သာလွန်၏။

သံလိုက်ဗုံး၏ သီအိုရီ အခြေခံသည် ရှမ့်လန်၏ အယူအဆအတိုင်း ဖြစ်သော်လည်း ပုံစံမှာ များစွာ အဆင့်မြင့်နေသည်။ စွမ်းအား ပိုပြင်းပြီး ပစ်မှတ်ကို ပိုမို ထိရောက်စေသည်။ အိပ်မက်ဆိုးကျောက်တုံး ကုန်ကျစရိတ်ကိုလည်း ၆၀ ရာခိုင်နှုန်း သက်သာစေသည်။

“သံလိုက်ဗုံးထဲမှာ နဂါးသွေးမျိုးဆက် ထည့်ထားတာလား။”

“စိတ်မပူပါနဲ့ အရှင်... နည်းနည်းလေးပါ။ မပြောပလောက်ပါဘူး။”

ပညာရှင် တွိုင်းက ပြောလိုက်၏။ “နုရှောင့်မြို့တိုက်ပွဲတုန်းက နဂါးနောင်တ ပေါက်ကွဲချိန်မှာ ထွက်ပေါ်လာတဲ့ သံလိုက်စွမ်းအင်က အံ့မခန်းပဲ ဆိုတာ တွေ့ခဲ့ရတယ်။ သတ်ကွင်းအတွင်းမှာရှိတဲ့ ရှေးဟောင်း ပစ္စည်းအားလုံးကို ချက်ချင်း ရပ်တန့်သွားစေနိုင်တယ်။

ဒါကြောင့် သံလိုက်ဗုံး ပေါက်ကွဲချိန်မှာ ထွက်လာတဲ့ ရောင်ခြည်တွေက နဂါးသွေးမျိုးဆက်ကို သက်ရောက်မှု ရှိစေပြီး အစွမ်းထက်တဲ့ သံလိုက်စွမ်းအင် ဖြစ်ပေါ်စေပါတယ်။ နဂါးသွေးမျိုးဆက်က တန်ဖိုးကြီးလွန်းတော့ ၁ မီလီလီတာအောက်ပဲ သုံးထားပါတယ်။ ပြီးတော့ လောကပျက်ကပ် စီမံကိန်း နာမည်နဲ့ တောင်းခံထားတာပါ။ ကျုပ် လုပ်ပိုင်ခွင့်က ၃ မီလီလီတာ အထိ ရှိပေမဲ့ ၁ မီလီလီတာပဲ သုံးထားပါတယ်။”

“ဒီသံလိုက်ဗုံး အသစ်က ရန်သူရဲ့ ရှေးဟောင်း သံချပ်ကာကို လုံးဝ ရပ်တန့်သွားစေနိုင်လား။”

“မရပါဘူး အရှင်။”

ပညာရှင် တွိုင်းက ပြောလိုက်သည်။ “၃ စက္ကန့်အောက်ပဲ ရပ်တန့်စေနိုင်ပါတယ်။ အဲဒီ အချိန်တိုအတွင်းမှာ ရှေးဟောင်း သံချပ်ကာက ကာကွယ်မှု ပျောက်ဆုံးသွားပြီး ကျုပ်တို့ရဲ့ရိုင်ဖယ်နဲ့ ပစ်ခတ် ဖျက်ဆီးနိုင်ပါတယ်။”

“ဆိုလိုတာက စစ်မြေပြင်မှာ ရန်သူ့ အထူးစစ်သည်တော်တွေနဲ့ တွေ့ရင် အရင်ဆုံး သံလိုက်ဗုံးနဲ့ ပစ်ပြီး ခဏတာ ရပ်တန့်သွားအောင် လုပ်ရမယ်။ ပြီးမှ ရိုင်ဖယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ် ချေမှုန်းရမယ် ပေါ့လေ။”

“မှန်ပါတယ် အရှင်”

ရှမ့်လန် ခေါင်းညိတ်လိုက်၏။ လုံးဝ အပြတ်အသတ် အနိုင်ယူနိုင်သည့် နည်းလမ်း မဟုတ်သော်လည်း လုံလောက်ပေသည်။ အနည်းဆုံးတော့ ရန်သူ့ အထူး စစ်သည်တော်များကို ဖိနှိပ်ထားနိုင်ပေလိမ့်မည်။

…………

အိပ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်အသစ် စမ်းသပ်ပြီးနောက် အဓိက ဇာတ်လိုက် ဖြစ်သော အသေးစား နဂါးအရှိန်အဝါ အမြောက်ကို စမ်းသပ်ရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။

“အရှင်... အံ့ဖွယ်အမှုကို မြင်တွေ့ဖို့ အချိန်ရောက်ပါပြီ။” ပညာရှင် တွိုင်းက ပိုးသားအဖုံးကို ရုတ်တရက် ဆွဲဖွင့်လိုက်ရာ အသေးစား နဂါးအရှိန်အဝါ အမြောက် ပေါ်ထွက်လာ၏။

ရှမ့်လန် ကြောင်အသွားခဲ့ရ၏။ ဤအမြောက်သည် များစွာ ပြောင်းလဲသွားခဲ့ပြီ။ လွန်ခဲ့သော နှစ်ဝက်က စမ်းသပ်ခဲ့သော အမြောက်သည် အိပ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်၏ အကြီးစား ဗားရှင်းသာ ဖြစ်ပြီး ၁၆ တန် အလေးချိန် ရှိသည်။ အလေးချိန်က ပြဿနာ မဟုတ်သော်လည်း အိပ်မက်ဆိုးကျောက်တုံး ကုန်ကျစရိတ် များပြားခြင်းက ပြဿနာ ဖြစ်သည်။ ရှေ့မှောက်ရှိ အမြောက်သည် ထူးဆန်းနေသည်။ ပိုရှည်ပြီး ပိုသေးသွယ်သည်။ အပေါ်မှ အိပ်မက်ဆိုးကျောက်တုံး အရေအတွက်လည်း လျော့နည်းသွားသည်။

“အရှင်... အရှင်ရဲ့ တောင်းဆိုချက်က အလေးချိန် ၁၀ တန်လောက် ဖြစ်အောင် လျှော့ချဖို့ပါ။ အခု ဒီအမြောက်က ၇ တန်ပဲ ရှိပါတယ်။ မူလက အိပ်မက်ဆိုးကျောက်တုံး ၁၃ ကီလိုဂရမ်လောက် လိုအပ်ပေမဲ့ အခု ၅ ကီလိုဂရမ်အောက်ပဲ လိုပါတော့တယ်။

မူလ အမြောက်က ၂ တန်လေးတဲ့ အမြောက်ဆံကို ပစ်နိုင်ပါတယ်။ အခု ဒီအမြောက်သစ်က ၁.၇ တန်လောက်ပဲ ပစ်နိုင်ပါတော့မယ်။ ဒါပေမဲ့ ငရဲမီးကျည်ဆန်ရဲ့ စွမ်းအား မြင့်တက်လာတဲ့အတွက် စုစုပေါင်း စွမ်းအားက မလျော့သွားဘဲ ပိုတောင် တိုးလာပါသေးတယ်။ ဒါ့အပြင် အမြောက်သစ်က တစ်စက္ကန့်ကို မီတာ ၂၀၀၀ ကျော်နှုန်းနဲ့ ပစ်ခတ်နိုင်ပြီး အဝေးဆုံး ၇၉ ကီလိုမီတာ အထိ ရောက်ပါတယ်။

အရှင်... ၃၀ ကီလိုမီတာ အကွာမှာ ငရဲသံချပ်ကာ ၃၀ ထားရှိထားပါတယ်။ အထဲမှာ အရုပ်တွေ ထည့်ထားပါတယ်။ အခု ကျည်ဆန်အစစ်နဲ့ ပစ်ခတ် စမ်းသပ်ပါမယ်။ ဒီကျည်ဆန်က ၃၀၀ ကီလိုဂရမ်ပဲ ရှိပါတယ်။ အရှင်... စမ်းသပ်ပေးပါ။”

အမေဇုန် စစ်သည်တော် တစ်ဦးက ၃၀၀ ကီလိုဂရမ် ကျည်ဆန်ကို အမြောက်ထဲ ထည့်သွင်းလိုက်၏။

ပညာရှင်တွိုင်းက လျှို့ဝှက်ကုဒ်ကို ပေးလိုက်၏။ ရှမ့်လန်သည် ခလုတ်ကိုလှည့်ပြီး တရားဝင် မောင်းနှင်လိုက်သည်။ ထို့နောက် အိပ်မက်ဆိုးကျောက်တုံး ခလုတ်ကို နှိပ်လိုက်သည်။

“ရွှီး...”

အလွန် အစွမ်းထက်သော လျှပ်စစ်သံလိုက် စွမ်းအင်သည် ၃၀၀ ကီလိုဂရမ် ကျည်ဆန်ကို တွန်းထုတ်လိုက်သည်။ အမြန်နှုန်းမှာ အံ့မခန်းပင်။ နားကွဲမတတ် လေတိုးသံများ ထွက်ပေါ်လာပြီး ၃၀ ကီလိုမီတာ အကွာရှိ ပစ်မှတ်ဆီသို့ ပျံသန်းသွား၏။

ရှမ့်လန်သည် တချောင်ကို စီးပြီး ပေါက်ကွဲမည့် နေရာသို့ ပျံသန်းသွားလိုက်သည်။ တချောင် မည်မျှ မြန်စေကာမူ ကျည်ဆန်ကို မမီနိုင်ပေ။ ကျည်ဆန်သည် စက္ကန့် ၂၀ အောက်သာ ကြာမြင့်ပြီး ၃၀ ကီလိုမီတာ အကွာအဝေးကို ရောက်ရှိကာ မြေပြင်ကို ဝင်တိုက်မိလိုက်သည်။

“ဘုန်း... ဘုန်း... ဘုန်း...”

တုန်လှုပ်ဖွယ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ထူးဆန်းသော အစိမ်းရောင် မီးတောက်များ ဖြာထွက်လာသည်။ မီတာရာပေါင်းများစွာ အတွင်းရှိ နေရာလပ် အားလုံးကို မီးတောက်များက ဝါးမျိုလိုက်သည်။ အပူချိန် ပြင်းထန်လွန်းသဖြင့် လေထုပင် ပုံပျက်ရှုံ့တွသွားသကဲ့သို့ ဖြစ်သွား၏။

သာမန် ကျည်ဆန် ပေါက်ကွဲမှု၏ ဗဟိုအပူချိန်သည် ဒီဂရီ စင်တီဂရိတ် ၁၀၀၀ ခန့်သာ ရှိသည်။ နဂါးနောင်တ ပေါက်ကွဲမှု၏ ဗဟိုအပူချိန်သည် ဒီဂရီ သန်း ၁၀၀ ကျော် ရှိသည်။ သို့သော်ငြား ဗဟိုချက်တွင်သာဖြစ်ပြီး ပြန့်ကားသွားသောအခါ အပူချိန် လျင်မြန်စွာ ကျဆင်းသွားသည်။

နုရှောင့်မြို့မှ ထုတ်လုပ်သော ငရဲမီး ကျည်ဆန်၏ ပေါက်ကွဲမှု ဗဟိုအပူချိန်သည် ဒီဂရီ ၁၀၀၀၀ ကျော် ရှိပြီး မီတာ ၁၀၀ အတွင်း အပူချိန်သည် ဒီဂရီ ၃၀၀၀ ကျော် ရှိနေသေး၏။

စက္ကန့် အနည်းငယ် ကြာသောအခါ မီးတောက်များ ကွယ်ပျောက်သွားသည်။

ရှမ့်လန်သည် လေပေါ်မှနေ၍ ကြည့်ရှုလိုက်၏။ မြေပြင်တစ်ခုလုံး မည်းနက်နေသည်။ မီတာ ရာပေါင်းများစွာ အတွင်းရှိ အရာအားလုံး မီးကျွမ်းနေ၏။ ကျောက်တုံးများပင် နီရဲနေသည်။ စမ်းသပ်ရန် ထားရှိသော ငရဲသံချပ်ကာ အားလုံး ပုံပျက်ရှုံ့တွသွားကြ၏။

ငရဲသံချပ်ကာများကို အဖြိုက်နက်ဖြင့် ဖုံးအုပ်ထားသဖြင့် သီအိုရီအရ အပူချိန် ဒီဂရီ ၅၀၀၀ ကျော်ကို ခံနိုင်ရည် ရှိသည်။ သို့သော်ငြား ၎င်းသည် သီအိုရီသာ ဖြစ်သည်။ အပူစုပ်ယူမှု များပြားလွန်းပါက မျက်နှာပြင် မပျက်စီးလျှင်ပင် အတွင်းပိုင်း အလွှာများ ခံနိုင်ရည် မရှိတော့ဘဲ ပုံပျက်သွားပေမည်။ ငရဲမီး ကျည်ဆန်သည် ရန်သူ့ ငရဲတပ်တော်ကို ဖျက်ဆီးနိုင်စွမ်း ရှိကြောင်း သက်သေပြလိုက်ခြင်း ဖြစ်သည်။

……………………

“ကျုပ်တို့ရဲ့ အသေးစား နဂါးအရှိန်အဝါ အမြောက်က ၁.၇ တန် ကျည်ဆန်ကို ပစ်နိုင်ပေမဲ့ ၁ တန်ထက် ပိုတဲ့ ကျည်ဆန်ကို မပစ်ဖို့ အကြံပြုပါတယ်။ ဒီတစ်ခါ ထုတ်လုပ်ထားတဲ့ ငရဲမီး ကျည်ဆန် အများစုက ၅၀၀ ကီလိုဂရမ်ပဲ ရှိပါတယ်။”

“ဒီငရဲမီး ကျည်ဆန်က ရန်သူ့ အထူး စစ်သည်တော်တွေနဲ့ ရှေးဟောင်း သံချပ်ကာတွေကို ဖျက်ဆီးနိုင်မလား။”

“တစ်မျိုးတည်း သုံးရင်တော့ မရပါဘူး။ ရန်သူက ကျည်ဆန်လာတာကို ကြိုတင် ခန့်မှန်းပြီး ရှောင်တိမ်း နိုင်လို့ပါ။ အထူး စစ်သည်တော်တွေရဲ့ အမြန်နှုန်းက တစ်စက္ကန့်ကို မီတာ ၇၀ ကျော် ရှိပါတယ်။ ပြီးတော့ ရှေးဟောင်း သံချပ်ကာရဲ့ ကာကွယ်မှုကလည်း ငရဲသံချပ်ကာထက် အများကြီး သာလွန်ပါတယ်။ ဒါကြောင့် ငရဲမီး ကျည်ဆန် တစ်မျိုးတည်းနဲ့တော့ မရပါဘူး။ သံလိုက်ဗုံးနဲ့ တွဲဖက်သုံးရင်တော့ ရနိုင်ပါတယ်။”

“ကျုပ်တို့ ရင်ဆိုင်ရမဲ့ စစ်သည်တော် ထောင်ပေါင်းများစွာမှာ ပျံသန်းတဲ့ စီးတော်ယာဉ်တွေ ရှိတယ်။ နှင်းလင်းယုန် ဆိုရင် မီတာ ထောင်ချီ မြင့်အောင် ပျံနိုင်တယ်။ ရှေးဟောင်း လင်းယုန်ကြီး ဆိုရင် မီတာ ၁၁၀၀၀ အထိ ပျံနိုင်တယ်။ သူတို့ကို ဘယ်လို နိုင်အောင် တိုက်မလဲ။”

“ဉာဏ်ပညာ ကြီးမားလှတဲ့ အရှင်... ကောင်းကင်ခံတပ်ကို မိတ်ဆက်ပေးပါရစေ။ ကျုပ် ရှက်မိပေမဲ့ ဒီကောင်းကင်ခံတပ်က အရှင်ရဲ့ စိတ်ကူးနဲ့ ဒီဇိုင်းပါပဲ။”

“ကောင်းကင်ခံတပ်... ပျံတက်စမ်း။” အမိန့်ပေးလိုက်သည်နှင့် ဧရာမ သတ္တဝါကြီး တစ်ကောင် ကောင်းကင်သို့ ဖြည်းညင်းစွာ ပျံတက်သွားသည်။

ရှမ့်လန် ကြည့်လိုက်ပြီး စကားတစ်ခွန်းသာ ရေရွတ်နိုင်တော့၏။ “ကောင်းကင်ဘုံ ...”

မှန်ပေ၏။ ဤကောင်းကင်ခံတပ် စိတ်ကူးသည် ရှမ့်လန် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား ၈ လအတွင်း နုရှောင့်မြို့က တကယ် တည်ဆောက်နိုင်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ ရှမ့်လန်၏ စိတ်ကူးသည် ရိုးရှင်းလွန်းခဲ့သည်။

‘ကြီးရမယ်၊ ကြီးရမယ်၊ ကြီးရမယ်။ ဒါပဲ။’

All Chapters