← Chapters

လုချန်းကျီ၏ အစီအစဉ်

Vol. 36 Ch. 385

လုချန်းကျီ၏ အစီအစဉ်

Vol. 36 Ch. 385

ကျားရှီခန်းမ တွင် ဖြစ်ပျက်ခဲ့သော ကိစ္စများမှာ ဆက်လက် ဟိုးလေးတကျော် ဖြစ်နေဆဲပင်။

ဤအကြောင်းအရာအပေါ် စိတ်ဝင်စားမှုမှာ ထျန်းရှထုန် အသင်း တရားဝင် ဖွင့်လှစ်သည့် အချိန်အထိ လျော့ပါးသွားလိမ့်မည် မဟုတ်ပေ။

သို့သော် အပျော်သဘော ကြည့်နေကြသော သာမန်လူများနှင့် မတူဘဲ ထိပ်တန်း အင်အားစု အသီးသီး၏ တုံ့ပြန်မှုမှာမူ ကွဲပြားခြားနားလှ၏။

မိုမိသားစုကတော့ သေချာပေါက် အလွန် ပျော်ရွှင်နေကြပေသည်။

သူတို့က ထန်ထျန်းနှင့် ပထမဆုံး ပူးပေါင်းခဲ့သော အင်အားစု ဖြစ်သလို နှစ်ဦး နှစ်ဖက် မှာလည်း အမြဲတမ်း ရင်းနှီးခဲ့ကြသဖြင့် လက်ရှိတွင် ထန်ထျန်း၏ အမာခံ မဟာမိတ်ဟု ဆိုနိုင်၏။

မဟာမိတ်၏ အင်အား တောင့်တင်းလေ သူတို့အတွက် ကောင်းလေပင် မဟုတ်ပါလား။

ဤကိစ္စကြောင့်ပင် မိုကျွင်း နှင့် ကျင့်ကြံနေဆဲ ဖြစ်သော မိုရှောင်းရှောင်း တို့၏ အဆင့်အတန်းမှာ သိသိသာသာ မြင့်တက်လာခဲ့ပေသည်။

၎င်းတို့ကဲ့သို့ မိသားစုဝင် တပည့်များအတွက် လူကဲခတ် တတ်ခြင်းမှာ အလွန် အရေးကြီးသော အရည်အချင်း တစ်ခု ဖြစ်၏။

အနည်းဆုံးတော့ လက်ရှိအချိန်အထိ မိုရှောင်းရှောင်း နှင့် မိုကျွင်း တို့မှာ မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိနေကြပေသည်။

ဆန့်ကျင်ဘက်အနေဖြင့် စစ်နတ်ဘုရားနန်းတော် မှာမူ ထိုမျှအထိ မပျော်ရွှင်နိုင်ပေ။

ထျန်းယွမ်အင်မော်တယ်အရှင်က ဤသတင်းကို ကြားရသည့်အခါ အံကြိတ်မိမတတ် နာကျည်းသွားရ၏။

ထန်ထျန်းမှာ အရင်ကတည်းက ရင်ဆိုင်ရ ခက်ခဲသူ ဖြစ်သော်လည်း ယခုအခါ ကျောထောက်နောက်ခံပါ ရှိလာပြီဖြစ်ရာ လက်စားချေရန် ပို၍ ခက်ခဲသွားပေပြီ။

ထန်ထျန်းက ထျန်းယန်ရှန်း ကို သတ်ခဲ့သည့် အထောက်အထားကို ရှာတွေ့လျှင်ပင် အရှင်ချီ ၏ ကာကွယ်မှုအောက်တွင် သူက ထန်ထျန်းကို ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။

ထျန်းဖူနန်းတော် မှ ထွက်ခွာသွားမှသာ အခွင့်အရေး ရှိပေလိမ့်မည်။

သို့သော် ထန်ထျန်းမှာလည်း လူအ မဟုတ်သဖြင့် ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ ဤအကာအကွယ်အောက်မှ ထွက်သွားလိမ့်မည် မဟုတ်ပေ။

ထျန်းယွမ်အင်မော်တယ်အရှင် ၏ မျက်နှာမှာ အုံ့မှိုင်းနေပြီး မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်များ ထင်ဟပ်နေ၏။

တစ်နေ့နေ့တွင်တော့ နည်းလမ်း ရှာတွေ့မှာပါ...။

ဤအင်အားစု နှစ်ခုအပြင် အခြားသော အင်အားစုများ၏ တုံ့ပြန်မှုမှာလည်း ကွဲပြားကြပေသည်။

ရှောင်းယောင် မိသားစုက ထန်ထျန်းအပေါ် ထောက်ခံကြောင်း ထပ်မံ ထုတ်ဖော် ပြောကြားခဲ့၏။

ဤရှေးဟောင်း မိသားစုက အငြင်းပွားမှုများတွင် ပါဝင်လေ့မရှိသော်လည်း ထန်ထျန်းအတွက် အကြိမ်ကြိမ် ရှေ့ထွက်ပေးနေခြင်းမှာ လူအချို့က ထန်ထျန်းကို ထိပ်သီး အင်အားစု တစ်ခု၏ ဆက်ခံသူဟု ထင်ကြေးပေးရသည့် အကြောင်းရင်းပင် ဖြစ်၏။

သို့သော် ရှောင်းယောင် မိသားစု၏ တကယ့် ရည်ရွယ်ချက်ကိုမူ မည်သူမျှ မသိကြပေ။

ထို့နောက် ရှန်းယွဲ့ရေကန် နှင့် မုမိသားစု တို့သည်လည်း မိုမိသားစုဟူသော ကြားခံ ရှိနေသဖြင့် ထန်ထျန်းဘက်မှ ရပ်တည်ကာ ရင်းနှီးမှု ပြသခဲ့ကြသည်။

ထိုက်ယိမဟာမိတ် နှင့် လင်ရှောင်းတောင်ကြား တို့ကမူ ကြားနေအနေအထားတွင်သာ ရှိနေပြီး ထန်ထျန်းနှင့် အကျိုးစီးပွား ဆက်နွှယ်မှု မရှိကြပေ။

ယခင်က ထန်ထျန်းနှင့် ပြဿနာ အနည်းငယ် ရှိခဲ့ဖူးသော ဟန်မိသားစု မှာမူ ဘာမှ မပြောဘဲ တိတ်ဆိတ်နေသဖြင့် လူအများကို ဇဝေဇဝါ ဖြစ်စေ၏။

ရွှမ်ယွင်မျှော်စင် ကမူ အမြဲတမ်းအတိုင်း မောက်မာသော ပုံစံဖြင့်သာ ရှိနေပြီး ကြိုဆိုခြင်းလည်း မရှိ၊ ငြင်းပယ်ခြင်းလည်း မရှိပေ။

စီးပွားရေးလောကတွင် သူတို့၏ ရပ်တည်ချက်အရ အရာအားလုံးကို အထက်စီးမှ ကြည့်နိုင်သော အရည်အချင်း ရှိပေသည်။

ထို့ပြင် ကောင်းခြင်းဆိုးခြင်း ခန်းမ လည်း ရှိသေး၏။

ကောင်းခြင်းဆိုးခြင်းခန်းမက ဖွဲ့စည်းပုံ ထူးခြားသဖြင့် ယင်းနှင့် ပတ်သက်သည့် သဘောထားမှာလည်း ကွဲပြားလှပေသည်။

ရှန်ကျိုး ခန်းမ ၏ ခန်းမသခင်၊ ပုံရိပ်ယောင်ကမ္ဘာ ၏ တာဝန်ခံ ဖြစ်သော ပိုင်နိုယီ က ဤသတင်းကို ချက်ချင်းပင် ရရှိခဲ့၏။

သူမ၏ မျက်ဝန်းများမှာ လှုပ်ခတ်သွားပြီး အဝေးက ကောင်းကင်ကို ကြည့်လိုက်သည်။

"ထန်ထျန်းလား..."

"တကယ်ကို လျှို့ဝှက်ဆန်းပြားတဲ့ သူ ပဲ။"

"အဲဒီလူတွေက သူ့ကို ဒီလောက်အထိ ဂရုစိုက်နေကြတာ မဆန်းပါဘူး။"

ပိုင်နိုယီ ၏ အကြည့်မှာ နက်ရှိုင်းလှပြီး ဘာတွေ တွေးနေမှန်း မသိနိုင်ပေ။

"ခန်းမသခင်... ကျွန်မ တို့ သူ့ဆီကို ကြိုပြီး သွားတွေ့သင့်သလား။"

" ထန်ထျန်းသာ ပုံရိပ်ယောင်ကမ္ဘာ ထဲကို ဝင်လာမယ်ဆိုရင် လူအများကြီးကို ဆွဲဆောင်နိုင်မှာ သေချာတယ်"

အ နောက်မှ လက်အောက်ငယ်သားက ပြောလိုက်၏။

သို့သော် ပိုင်နိုယီ မှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဖြည်းညင်းစွာ ခေါင်းခါပြသည်။

"လောလောဆယ်တော့ မလိုသေးဘူး။"

" ဒီလူ့ဆီမှာ ပတ်သက်မှုတွေက အရမ်း ရှုပ်ထွေးလွန်းတယ် အင်အားကြီးတဲ့ တည်ရှိမှုတွေနဲ့လည်း ဆက်နွှယ်နေတယ်။"

" ခဏလောက် စောင့်ကြည့်ရအောင်"

လက်အောက်ငယ်သားက မျက်မှောင်ကြုတ်ကာ "အရှင်ချီ ကို ပြောတာလား"

ပိုင်နိုယီ က ခပ်ပါးပါး ပြုံးလိုက်ရင်း "သူ့တင် မကဘူး။"

" ဒီကမ္ဘာမှာ အင်အားကြီးတဲ့ တည်ရှိမှုတွေ အများကြီး ရှိသေးတယ်၊ သူတို့က အမှောင်ထဲမှာ ပုန်းနေကြတာ။"

" တောအုပ်ထဲမှာ ဝပ်နေတဲ့ ကျားတွေလိုပဲ၊ အခွင့်အရေးကို စောင့်နေကြတာ"

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူမက လှည့်ကြည့်လိုက်၏။

"ရှန်ကျိုး ခန်းမ ရဲ့ ဂိတ် အားလုံးကို စစ်ဆေးလိုက်၊ ပြီးတော့ လုပ်တာတွေကို လျှော့ချပြီး ငြိမ်ငြိမ်လေး နေကြ။"

" ငါ့မှာ ခံစားချက် တစ်ခု ရှိနေတယ်"

ပိုင်နိုယီ က ထျန်းချီတောင် ဘက်သို့ လှမ်းကြည့်လိုက်၏။

"မုန်တိုင်းက... မကြာခင် လာတော့မယ်။"

.....

ရှန်ကျိုး ခန်းမ ၏ တုံ့ပြန်မှုမှာ အတွင်းပိုင်းတွင်သာ ပြုလုပ်ခြင်း ဖြစ်သဖြင့် အပြင်လူများ မသိရှိကြသေးပေ။

သို့သော် ရှန်းဝူ ၏ ခန်းမသခင်မှာမူ သတင်း ရရချင်း လျှို့ဝှက်သော တောင်ကြားတစ်ခုသို့ ရောက်ရှိလာခဲ့၏။

"ထန်ထျန်း... ထန်ထျန်း... မင်းကို ဘယ်လောက်အထိ အထင်ကြီးရတာ တန်ပါတယ်"

လူငယ်တစ်ဦးက ယပ်တောင်ကို ခပ်ဖြည်းဖြည်း ခတ်ရင်း ပြုံးလျက် ပြော ၏။

ထန်ထျန်းသာ ဤနေရာမှာ ရှိနေလျှင် အံ့သြသွားပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ထိုသူမှာ ခရမ်းဝါး ခြံဝင်း တွင် ခွဲခွာခဲ့သည်မှာ နှစ်ဝက်ကျော်ရှိပြီ ဖြစ်သော လုချန်းကျီ ပင် ဖြစ်၏။

လက်ရှိတွင် လုချန်းကျီ နှင့် ရှန်းဝူ ခန်းမ သခင်တို့မှာ မျက်နှာချင်းဆိုင် ထိုင်နေကြပေသည်။

အင်မော်တယ်အရှင် တစ်ဦး ဖြစ်သော ရှန်းဝူ ခန်းမ သခင်မှာ လုချန်းကျီ ၏ ရှေ့တွင် ရိုရိုသေသေ ရှိနေ၏။

"အရှင်... ကျွန်တော် တို့ အရှင် ပြောထားတဲ့အတိုင်း ထန်ထျန်းဆီကို ကိုယ်တိုင် သွားမတွေ့ခဲ့ပါဘူး။ "

"တစ်ခါတလေဆိုရင် ဒီလိုမျိုး မဖြစ်အောင် တမင်တကာ ရှောင်ခဲ့ပါတယ်"

"ဒါပေမဲ့ ပိုင်နိုယီ ကတော့... ဒီကိစ္စကို သေသေချာချာ သဘောမထားတဲ့ ပုံပဲ"

ခန်းမသခင်က ပြောလိုက်သည်။

လုချန်းကျီ က ယပ်တောင်ကို ခတ်ရင်း အေးဆေးစွာ ပြော ၏။ "မင်း ရှန်းဝူ ခန်းမ ကိုပဲ သေချာ စီမံလိုက်၊ ကျန်တဲ့ ကိစ္စတွေကို စိတ်မပူနဲ့။ "

"ပိုင်နိုယီ က အဆင့်အတန်း ထူးခြားတယ်၊ သူမမှာ ကိုယ်ပိုင် စည်း ရှိပြီးသားပဲ"

ခန်းမသခင်က မျက်မှောင်ကြုတ်ကာ "ဒါပေမဲ့ သူမ အခုတလော လုပ်နေတဲ့ ကိစ္စတွေက ဘောင်ကျော်နေပြီ။"

" အရှင် မေ့မသွားပါနဲ့၊ ပြီးခဲ့တဲ့ နှစ်က သူမက တစ်ဦးတည်းအထောက်အထားနဲ့ ဧကရာဇ်မြို့ ကို သွားပြီးတော့ အဲဒီလူနဲ့ တွေ့ခဲ့သေးတယ်။ "

"ကျွန်တော် စိုးရိမ်တာက သူမ..."

လုချန်းကျီ က သူ၏ စကားကို ဖြတ်ပြောလိုက်၏။ "ဟွမ်တောက်ရှန်း ဘက်က ဘယ်လို အခြေအနေ ရှိသလဲ"

လုချန်းကျီ ၏ အမူအရာကို မြင်သည့်အခါ ရှန်းဝူ ခန်းမ သခင်မှာ သက်ပြင်း တိုးတိုးလေး ချလိုက်မိ၏။

သူက သူ၏ အရှင်သည် ထိုအမျိုးသမီး၏ လှည့်စားခြင်းကို ခံရမည်ကို စိုးရိမ်မိခြင်းသာ ဖြစ်ပေသည်။

သို့သော် လုချန်းကျီ မှာ အမြဲတမ်း ပြတ်သားသူ ဖြစ်သဖြင့် ဆက်လက် မဆွေးနွေးလိုမှတော့ သူလည်း ဘာမှ မတတ်နိုင်ပေ။

"အရာအားလုံးက အစီအစဉ်အတိုင်း ပါပဲ ။"

ခန်းမသခင်က ပြော ၏။ "ဟွမ်တောက်ရှန်း လုပ်ခဲ့တဲ့ အပြစ်တွေရဲ့ အထောက်အထားတွေကို ကျွန်တော် အားလုံး စီစဉ်ထားပြီးပြီ၊ လင်းလျို့နတ်သမီး တို့ဆီကို သဘာဝအတိုင်း ရောက်အောင် ပို့ပေးထားတယ်။ "

"သတင်းတွေအရဆိုရင် သူတို့ မကြာခင် ပိုက်ကွန်ကို သိမ်းတော့မှာ"

လုချန်းကျီ ခေါင်းညိတ်ပြ၏။ "ဟွမ်တောက်ရှန်း အဖမ်းခံရတာနဲ့ အဲဒီတုန်းက ပါဝင်ခဲ့တဲ့ လူတွေ အားလုံး ထိတ်လန့်သွားကြလိမ့်မယ်။ "

"အဲဒီနောက်မှာတော့ ထျန်းဖူနန်းတော် ရဲ့ အခြား အထက်လူကြီးတွေ..."

လုချန်းကျီ ၏ အကြည့်မှာ အဆုံးမရှိ နက်ရှိုင်းနေပေသည်။

ရှန်းဝူ ခန်းမ သခင်၏ မျက်နှာမှာလည်း အေးစက်လှ၏။

ခေတ္တအကြာတွင် ခန်းမသခင်က ရုတ်တရက် မေးလိုက်သည်။ "ဒါနဲ့ အရှင်... "

"အဲဒီလူက တကယ်ပဲ ကောင်းကင်ထိပ်ဆုံး က ဆင်းလာတာလား"

လုချန်းကျီ က ဟားဟား ရယ်မောလိုက်၏။

"သေချာတာပေါ့။ "

"သူ့ရဲ့ တကယ့် ရည်ရွယ်ချက်က ဘာလဲဆိုတာ မသိရပေမဲ့ သူက ငါ့ကို ရှာနေသလို အဲဒီတုန်းက လူတွေကိုလည်း လိုက်ရှာနေတာ သေချာတယ်။ "

"ငါ အခုချိန်မှာ သူ့ကို မတွေ့ချင်သေးဘူး၊ ဒါပေမဲ့ တစ်နေ့နေ့ကျရင်တော့ ထိပ်တိုက် တွေ့ကြမှာပဲ"

ခန်းမသခင်က မျက်မှောင်ကြုတ်ကာ "ကောင်းကင်ထိပ်ဆုံး က ဆင်းလာတဲ့သူဆိုရင်တော့ ရင်ဆိုင်ရတာ လွယ်မှာ မဟုတ်ဘူး။ "

"ကျွန်တော့် အမြင်အရတော့ ကျွန်တော် တို့ရဲ့ အစီအစဉ်ကို အမြန်ဆုံး စတင်သင့်ပြီ။ "

"အချိန်ဆွဲနေရင် ပြဿနာ ဖြစ်လာနိုင်တယ်"

ဤစကားကို ကြားသည့်အခါ လုချန်းကျီ က သက်ပြင်း ခပ်တိုးတိုး ချလိုက်ပြီး ယပ်တောင်ကို ပို၍ မြန်မြန် ခတ်လိုက်၏။

"လောလောဆယ်တော့ မလောသေးပါဘူး၊ အဲဒီလူက ငါတို့ကို တားနိုင်မှာ မဟုတ်ဘူး။ "

"အစီအစဉ်ကို ဘယ်လို အကောင်အထည် ဖော်မလဲဆိုတာ ငါ ထပ်ပြီး စဉ်းစားဖို့ လိုသေးတယ်။ "

"ငါ့ကို အချိန်ပေးပြီး ထပ်စဉ်းစားပါရစေ ဦး"

ထန်ထျန်းနှင့် စကားပြောခဲ့သည့် အချိန်မှစ၍ လုချန်းကျီ၏ စိတ်အခြေအနေမှာ ပြောင်းလဲမှု အချို့ ရှိလာခဲ့ပေသည်။

သူ၏ အတွေးများကို သေသေချာချာ ပြန်လည် စုစည်းရန် လိုအပ်နေပေသည်။

ခန်းမသခင်ကလည်း နာခံကြောင်း ခေါင်းညိတ်ပြလိုက်ပေတော့သည်။

All Chapters