အခန်း (၆၁၆-၆၁၈)
Vol. 42 Ch. 616-618
အခန်း (၆၁၆) - နတ်ဘုရား အသွင်ပြောင်းဘုံ တိုက်ပွဲကြီး (၂)
~နဂါးနတ်ဘုရား နန်းတော် အထက် ကောင်းကင်ယံတွင် ဖျက်ဆီးအားပြင်းသော စွမ်းအင်များသည် အဆက်မပြတ် လိမ့်တက်နေကြ၏။
“ဒုတိယသခင်လေး ( တပ်မှူးလေး ) က သွေးမျိုးဆက် စွမ်းအားကို အခုလေးတင် ထုတ်သုံးထားတာ... ရှောင်နိုင်ပါ့မလား...”
“ဒဏ်ရာ ရသွားလား မသိဘူး...”
“ဒုတိယသခင်လေး ( တပ်မှူးလေး ) ရဲ့ အရှိန်အဝါက နတ်ဘုရား အသွင်ပြောင်းဘုံ သတ္တမအလွှာကို ရောက်နေပြီလေ... စံအိမ်သခင်ချီယွမ် နဲ့ မိသားစုခေါင်းဆောင်ကျန်း တို့ထက် သာနေပြီ... သူတို့ရဲ့ တိုက်ခိုက်မှုတွေက သူ့ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး...”
ဖုန်းကျိန့်ရှုံး နှင့် အခြားသူများ၏ မျက်နှာထားများ အလွန် လေးနက်နေကြ၏။ ဒုတိယ သခင်လေး
( တပ်မှူးလေး ) ဒဏ်ရာမရနိုင်မှန်း သိနေကြသော်လည်း ပြင်းထန်စွာ ထိခိုက်သွားစေရန် မျှော်လင့်နေကြဆဲပင်။
“ယင်ယန် မိသားစုရဲ့ ဒုတိယသခင်လေး
( တပ်မှူးလေး )က တကယ်ပဲ စွမ်းအားကြီးပါတယ်... ဒါပေမဲ့ သူ့အထက်မှာ တပ်မှူးချုပ်၊ သူတော်စင်မကြီး၊ အစောင့်အရှောက်နဲ့ မိသားစုခေါင်းဆောင် ဆိုပြီး ရှိနေကြသေးတယ်...”
လင်ရှောင်ရှောင် က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ ယင်ယန် မိသားစု၏ အင်အားကို သူမ ကောင်းစွာ သိရှိထား၏။
“ဒုတိယသခင်လေး ( တပ်မှူးလေး ) တစ်ယောက်တည်းနဲ့တင် ဒီလောက် ကြောက်စရာ ကောင်းနေတာ... သူ့ထက် သန်မာတဲ့လူတွေ အများကြီး ကျန်သေးတယ် ဟုတ်လား...”
ယီထျန်းချင်း ကြောက်လွန်းသဖြင့် ဝိညာဉ်လိပ်ပြာ လွင့်မတတ် ဖြစ်သွားပြီး တစ်ကိုယ်လုံး တုန်ယင်နေ၏။
“ကြောက်စရာ ကောင်းလွန်းတယ်... တပ်မှူးချုပ်... သူတော်စင်မကြီးနဲ့ အစောင့်အရှောက်တွေတောင် ကျန်သေးတယ်တဲ့...”
“ပြီးတော့ ပိုကြောက်စရာ ကောင်းတဲ့ ယင်ယန် မိသားစုခေါင်းဆောင် ရှိသေးတယ်...”
နဂါးနတ်ဘုရား နန်းတော်မှ လူများသည် ကြောက်လွန်းသဖြင့် သေမတတ် ဖြစ်ကုန်ကြ၏။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်ကြီးများ ရှိနေသည် ဆိုသည်မှာ သူတို့၏ စိတ်ကူးဉာဏ်ထက် ကျော်လွန်နေပေ၏။
“ဒုတိယသခင်လေး ( တပ်မှူးလေး )ရဲ့ အရှိန်အဝါက နည်းနည်းလေးမှ လျော့ကျမသွားဘူး... ပိုတောင် အားကောင်းလာသေးတယ်...”
ဖုန်းဝူချန် ရုတ်တရက် ပြောလိုက်သည်။ သူ၏ အကြည့်များက လေထုထဲသို့ စူးစိုက်ရောက်ရှိနေ၏။
“ပိုတောင် အားကောင်းလာတယ် ဟုတ်လား...”
ထိုစကားကို ကြားသောအခါ နဂါးနတ်ဘုရား နန်းတော်မှ လူများ၏ မျက်နှာထားများ ချက်ချင်း ပြောင်းလဲသွားကြပြီး တံတွေးတစ်ချက် မျိုချလိုက်မိကြ၏။
အမှန်ပင်၊ လေထုထဲတွင် ပျံ့နှံ့နေသော ဖျက်ဆီးအားပြင်းသည့် စွမ်းအင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသောအခါ မည်းမှောင်နေသော နေရာလပ်ကြီးသည် မှေးမှိန်သော ရွှေရောင်အလင်းများဖြင့် စတင် လင်းလက်လာပြီး တဖြည်းဖြည်း ပိုမို တောက်ပလာတော့သည်။
အလွန်တရာ ကြီးမားသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ကျန်ရှိနေသော စွမ်းအင်လှိုင်းများကို လေပြင်းမုန်တိုင်းသဖွယ် လွင့်စင်သွားစေသည်။
ဒုတိယသခင်လေး ( တပ်မှူးလေး )သည် လုံးဝ ဘာမှမဖြစ်ဘဲ ကျန်ရစ်ခဲ့သည်။ သူ၏ ခန္ဓာကိုယ်ကို ရွှေရောင် အကာအကွယ်တစ်ခုဖြင့် လွှမ်းခြုံထား၏။
“ထင်တဲ့အတိုင်းပဲ...”
ချီယွမ် မျက်မှောင်ကြုတ်လိုက်သည်။ ရလဒ်ကို သူ ကြိုသိနေခဲ့ပြီးသားပင်။
“ဒုတိယသခင်လေး ( တပ်မှူးလေး )ရဲ့ စွမ်းအားက ငါတို့ထက် အများကြီး သာလွန်နေတယ်...”
ကျန်းဝူဟန် က လေးနက်စွာ ပြောလိုက်သည်။ ပြင်းထန်သော တိုက်ပွဲကြောင့် သူ့မျက်နှာ ဖြူဖျော့နေပြီ ဖြစ်၏။
ဒုတိယသခင်လေး ( တပ်မှူးလေး )၏ ကြောက်မက်ဖွယ် စွမ်းအားသည် လျှို့ဝှက်ဆန်းကြယ်သော အင်အားစုများ အပါအဝင် တိုက်ကြီး တစ်ခုလုံးတွင် ထိပ်တန်း အဆင့်ဝင်ပေ၏။
တကယ်တမ်း အရည်အချင်းသာ မရှိခဲ့လျှင် လင်ရှောင်ရှောင် ရှေ့တွင် ဤမျှ မောက်မာရဲပါမည်လော။
“ခင်ဗျားတို့ရဲ့ အစွမ်းအစစ်တွေကို ထုတ်သုံးလိုက်ကြ...ကျွန်တော် အလျှော့မပေးတော့ဘူး...”
ဒုတိယသခင်လေး ( တပ်မှူးလေး )က ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။ ယခုအချိန်တွင် သူ၏ ဟန်ပန်အမူအရာသည် ယခင်နှင့် လုံးဝ ကွာခြားသွားပြီ ဖြစ်၏။
သွေးမျိုးဆက် စွမ်းအားကို ထုတ်သုံးလိုက်သည်နှင့် ဒုတိယသခင်လေး ( တပ်မှူးလေး )၏ အရှိန်အဝါသည် ပိုမို သွေးဆာပြီး ကြမ်းတမ်းလာတော့သည်။
“တကယ့် တိုက်ပွဲက အခုမှ စမှာ...”
ဒုတိယသခင်လေး ( တပ်မှူးလေး )က လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင် အကာအကွယ် ပျောက်ကွယ်သွားပြီး သူ၏ ပုံရိပ်အစစ် ထွက်ပေါ်လာ၏။
“အထူးသတိထားကြ...”
ချီယွမ် က လေးနက်စွာ သတိပေးလိုက်သည်။ ကြီးမားသော အန္တရာယ်တစ်ခု ကျရောက်လာတော့မည်ကို သူ အာရုံခံမိနေ၏။
ဒုတိယသခင်လေး ( တပ်မှူးလေး )၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး အန္တရာယ်ရှိသော အပြုံးတစ်ခု ပေါ်လာ၏။ သူသည် လက်ကို အနည်းငယ် မြှောက်လိုက်ရာ ရွှေရောင် စွမ်းအင်လုံး တစ်ခု လက်ဖဝါးပေါ်တွင် ပေါ်လာ၏။
“ယင်ယန် မိသားစုရဲ့ ထူးခြားဆန်းကြယ်တဲ့ သိုင်းပညာကို ပြမယ်...”
ဒုတိယသခင်လေး ( တပ်မှူးလေး )က မဲ့ပြုံး ပြုံးကာ ပြောလိုက်သည်။
“အဆင့်နိမ့် အင်မော်တယ် ကျင့်စဉ်... ဖျက်ဆီးခြင်း...”
ဒုတိယသခင်လေး ( တပ်မှူးလေး )က ရက်စက်စွာ အော်ဟစ်လိုက်ပြီး လက်ဖဝါးထဲမှ ရွှေရောင် စွမ်းအင်လုံးကို ဆုပ်နယ်ချေမွလိုက်ရာ ဘာမျှမကျန်အောင် ပျောက်ကွယ်သွားသည်။
“အင်မော်တယ် ကျင့်စဉ်...”
ချီယွမ်၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားပြီး မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ဖြတ်ပြေးသွားသည်။
“ဒုတိယသခင်လေး ( တပ်မှူးလေး )က အင်မော်တယ် ကျင့်စဉ်ကို သုံးတော့မယ်...”
နဂါးနတ်ဘုရား နန်းတော်မှ လူများသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။
“မြန်မြန်... နှလုံးသွေးကြောတွေကို ကာကွယ်ထား...”
ဖုန်းဝူချန် ရုတ်တရက် အော်ဟစ်လိုက်သည်။
“ဟွန်း... နောက်ကျသွားပြီ...”
ဒုတိယသခင်လေး ( တပ်မှူးလေး )က လှောင်ပြောင်လိုက်သော်လည်း ဖုန်းဝူချန်ကို လှမ်းကြည့်လိုက်သောအခါ အံ့သြသွားသည်။
“သွားပြီ...”
ချီယွမ်၏ မျက်နှာထား ထပ်မံ ပြောင်းလဲသွားသည်။ ဘာမှ ဆက်မစဉ်းစားရဲတော့ဘဲ ဖုန်းဝူချန် ပြောသည့်အတိုင်း နှလုံးသွေးကြောများကို ကာကွယ်ရန် သူ၏ အစစ်အမှန်ယွမ်စွမ်းအားများကို အလျင်အမြန် ပို့လွှတ်လိုက်သည်။
“ဘုန်း... ဘုန်း... ဘုန်း...”
“အ... အ... အ...”
သို့သော် ကျန်းဝူဟန် နှင့် အခြားသူများ မတုံ့ပြန်နိုင်ခင်မှာပင် သူတို့၏ ခန္ဓာကိုယ် အတွင်းမှ ပေါက်ကွဲသံများ ရုတ်တရက် ထွက်ပေါ်လာ၏။ ကြောက်မက်ဖွယ် စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး သူတို့ ပါးစပ်မှ သွေးများ အန်ထွက်လာကြ၏။
ချီယွမ် သည် အချိန်မီ ကာကွယ်လိုက်နိုင်သော်လည်း ကြီးမားသော စွမ်းအားတစ်ခု သူ၏ ခန္ဓာကိုယ် အနှံ့ ပြန့်နှံ့သွားသည်ကို ခံစားလိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် အချိန်မီ ကာကွယ်လိုက်နိုင်သဖြင့် ပြင်းထန်သော ဒဏ်ရာမရရှိခဲ့ခြင်း ဖြစ်၏။
“အဘိုး... ဖေဖေ... အကြီးအကဲချုပ်...”
ကျန်းကျွင့်လန် ပူပန်သောက ရောက်သွားသည်။ ဒုတိယသခင်လေး ( တပ်မှူးလေး ) ဤမျှ စွမ်းအားကြီးပြီး ပြိုင်ဘက်ကင်းလိမ့်မည်ဟု သူ ဘယ်တုန်းကမှ ထင်မထားခဲ့မိပေ။
နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင် (၈) ဦး ပေါင်းတိုက်တာတောင် သူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့သည့်အပြင် သူက ပြန်ပြီး အလွယ်တကူ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဘာအချက်ပြမှုမှ မရှိဘဲနဲ့...”
“ဒုတိယသခင်လေး ( တပ်မှူးလေး )ရဲ့ စွမ်းအားက ငါ့ခန္ဓာကိုယ်ထဲ ဘယ်လို ရောက်နေတာလဲ...”
“တကယ်တမ်း ဘာဖြစ်သွားတာလဲ... ဒါ ဘာသိုင်းပညာလဲ...”
ကျန်းဝူဟန် နှင့် အခြားသူများသည် ကြောက်ရွံ့ခြင်းနှင့် နားမလည်နိုင်ခြင်းတို့ ရောထွေးနေကြ၏။ ဒုတိယသခင်လေး ( တပ်မှူးလေး )၏ စွမ်းအားများ သူတို့ ခန္ဓာကိုယ် အတွင်း၌ ဘာကြောင့် ပေါက်ကွဲသွားသလဲ ဆိုသည်ကို မည်သူမျှ မသိကြပေ။
သိုင်းကွက် တစ်ကွက်တည်းနှင့်ပင် ဒုတိယသခင်လေး ( တပ်မှူးလေး )သည် (၆) ယောက်ကို ပြင်းထန်စွာ ဒဏ်ရာရသွားစေခဲ့ပြီး တိုက်ခိုက်နိုင်စွမ်း လုံးဝ ကင်းမဲ့သွားစေခဲ့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင် (၅) ဦးကို ပြင်းထန်စွာ ဒဏ်ရာရသွားစေခဲ့တော့၏။
“ဒီလောက် ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်ကို ဘယ်လိုလုပ် နိုင်မှာလဲ...”
“နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင် (၈) ယောက်ထဲမှာ စံအိမ်သခင်ချီယွမ် ကလွဲရင် ကျန်တဲ့လူတွေ အကုန် ဒဏ်ရာ အပြင်းအထန် ရသွားကြပြီ...”
“ဒုတိယသခင်လေး ( တပ်မှူးလေး )ရဲ့ စွမ်းအားက သိပ်ကြောက်စရာကောင်းတာပဲ...”
ဒုတိယသခင်လေး ( တပ်မှူးလေး )၏ ကြောက်မက်ဖွယ် စွမ်းအားကြောင့် နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်များ စိတ်ဓာတ်ကျကာ မျှော်လင့်ချက် ကုန်ဆုံးသွားကြ၏။
“ကောင်လေး... မင်းက ယင်ယန် မိသားစုရဲ့ သိုင်းပညာတွေကို တော်တော် ရင်းနှီးနေပုံရတယ်... ကောင်းကင် နတ်ဆိုး သူတော်စင်မလေးက မင်းကို တော်တော်များများ ပြောပြထားပုံရတယ်...”
ဒုတိယသခင်လေး ( တပ်မှူးလေး )က အေးစက်စွာ ရယ်မောလိုက်ပြီး အောက်ဘက်ရှိ ဖုန်းဝူချန်ကို လှမ်းကြည့်လိုက်သည်။
ဒုတိယသခင်လေး ( တပ်မှူးလေး )၏ အမြင်တွင် ဖုန်းဝူချန်သည် ယင်ယန် မိသားစု၏ သိုင်းပညာများကို လင်ရှောင်ရှောင် ပြောပြထား၍သာ သိနေခြင်း ဖြစ်သည်ဟု ထင်မှတ်နေ၏။
“အစ်ကိုကြီးဖုန်း... ဘာ... ဘာဖြစ်သွားတာလဲ...”
လျိုချင်းယန် က တွေဝေငေးမောစွာ မေးလိုက်သည်။ နဂါးနတ်ဘုရား နန်းတော်မှ လူတိုင်း၏ အကြည့်များသည် ဖုန်းဝူချန် ထံသို့ ရောက်ရှိလာကြ၏။
“ဖျက်ဆီးခြင်း ဆိုတာ ယင်ယန် မိသားစုရဲ့ ထူးခြားဆန်းကြယ်တဲ့ သိုင်းပညာ တစ်ခုပဲ... တော်တော် ကြောက်စရာကောင်းသလို ကာကွယ်ဖို့လည်း ခက်ခဲတယ်... ဒီသိုင်းကွက်က မမြင်ရ၊ မထိတွေ့နိုင်၊ အာရုံခံလို့ မရနိုင်တဲ့ စွမ်းအင်တွေကို ဖြန့်ကျက်ပြီး ရန်သူ့ ခန္ဓာကိုယ်ထဲ ဝင်ရောက်ကာ တိုက်ခိုက်နိုင်တယ်...”
ဟု ဖုန်းဝူချန်က ရှင်းပြလိုက်သည်။
“အိုး...”
ဖုန်းဝူချန်၏ ရှင်းပြချက်ကို ကြားလိုက်ရသောအခါ လူတိုင်း အသက်ရှူမှားသွားကြပြီး တစ်ကိုယ်လုံး အေးစိမ့်သွားကြ၏။
“ဒါပေမဲ့ နှလုံးသွေးကြောတွေကို အချိန်မီ ကာကွယ်ထားနိုင်ရင်တော့ ဒီမမြင်ရတဲ့ စွမ်းအားက ခြိမ်းခြောက်မှု မရှိတော့ပါဘူး... ကိုယ့်စွမ်းအားနဲ့ ပြန်ပြီး ခုခံနိုင်ပါတယ်...”
ဖုန်းဝူချန်က ဆက်ပြောလိုက်သည်။
“သြော်... ဒါကြောင့်ကိုး...”
ချီယွမ် စိတ်သက်သာရာ ရသွားသည်။ သူ အချိန်မီ ကာကွယ်လိုက်နိုင်ခဲ့၍ တော်သေးသည်ဟု တွေးမိလိုက်သည်။
ထိုအခါ၊ ဒုတိယသခင်လေး
( တပ်မှူးလေး )က လှောင်ပြောင်လိုက်သည်။
“မင်း ရှင်းပြတာ တော်တော် ကောင်းပါတယ်... ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက နောက်ကျသွားပြီ... ချီယွမ် တစ်ယောက်တည်းနဲ့တော့ ငါ့ကို နိုင်ဖို့ အရည်အချင်း မရှိပါဘူး...”
ထိုစကားကို ကြားသောအခါ ချီယွမ်၏ မျက်နှာထား မည်းမှောင်သွားပြီး လေးနက်စွာ ပြောလိုက်သည်။
“ခင်ဗျား ဘယ်လောက်ပဲ သန်မာပါစေ... အသေအကြေ တိုက်ကြမယ်ဆိုရင်တော့ ခင်ဗျားလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားမှာပါပဲ...”
“စမ်းကြည့်လိုက်လေ...”
ဒုတိယသခင်လေး ( တပ်မှူးလေး )က ခြိမ်းခြောက်မှုကို လုံးဝ ဂရုမစိုက်ဘဲ ပြောလိုက်သည်။
“မြေကမ္ဘာအဆင့် အလယ်အလတ် သိုင်းကွက်... တစ္ဆေ ခြေလှမ်း...”
ချီယွမ် က ကျယ်လောင်စွာ မာန်သွင်းလိုက်ပြီး ကိုယ်ဖော့သိုင်းကို ထုတ်သုံးကာ လှံရှည်ကို ဝှေ့ယမ်းပြီး ပြေးဝင်သွားသည်။
"ဝှစ်..ဝှစ်"
ချီယွမ်၏ ကိုယ်ဖော့သိုင်းသည် အလွန် လျင်မြန်လှသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ပုံရိပ်ထောင်ပေါင်းများစွာ ပေါ်လာပြီး နောက်ထပ် မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုပုံရိပ်များအားလုံး လေထုထဲတွင် ပျောက်ကွယ်သွားကာ ခြေရာခံမရနိုင်အောင် ဖြစ်သွားသည်။
“မြေကမ္ဘာအဆင့် အဆင့်မြင့် သိုင်းကွက်... မိုးမြေသိမ့်တုန် မိုးကြိုးသွား...”
နောက်တစ်စက္ကန့်တွင် ချီယွမ်၏ ဒေါသတကြီး အော်ဟစ်သံသည် ဒုတိယသခင်လေး ( တပ်မှူးလေး )၏ အထက်တည့်တည့်မှ ထွက်ပေါ်လာ၏။ လှံရှည်ကို ကိုင်ဆောင်ထားပြီး ဖျက်ဆီးအားပြင်းသော စွမ်းအင်များနှင့်အတူ ဥက္ကာခဲကြီး တစ်လုံး ကျဆင်းလာသကဲ့သို့ ပြင်းထန်သော အရှိန်အဟုန်ဖြင့် ထိုးစိုက်ချလိုက်သည်။
ဒုတိယသခင်လေး ( တပ်မှူးလေး )က ခေါင်းကို မော့ကြည့်ရုံသာ ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
“ချီယွမ်... ခင်ဗျားက သိပ် အားနည်းလွန်းတယ်... အင်မော်တယ် လက်နက် ရှိနေတာတောင် ခင်ဗျားက အားနည်းနေတုန်းပဲ...”
ဒုတိယသခင်လေး ( တပ်မှူးလေး )က အင်မော်တယ် လက်နက် စံအိမ်သခင်ကြီးကို အားနည်းလွန်းတယ်ဟု ပြောရဲသည့် သတ္တိ ရှိနေပေ၏။
အခန်း (၆၁၇) - ချီယွမ်၏ အပြတ်အသတ် ရှုံးနိမ့်မှု
~“အားနည်းလွန်းတယ်...”
ဒုတိယသခင်လေး ( တပ်မှူးလေး )၏ မောက်မာသော စကားလုံးများသည် ချီယွမ်ကို ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ တောင့်ခဲသွားစေသည်။
သူ၏ ရင်ထဲတွင် ဒေါသအိုးကြီး ပေါက်ကွဲထွက်လာပြီး မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားသည်။
‘အင်မော်တယ် လက်နက် စံအိမ်’ ဆိုသော နာမည်တစ်ခုတည်းနှင့်ပင် တိုက်ကြီးတစ်ခုလုံးကို တုန်လှုပ်စေနိုင်စွမ်း ရှိသည်။
ထို့အပြင် တိုက်ကြီး၏ လက်နက်သွန်းလုပ်ခြင်း နယ်ပယ်တွင် နံပါတ်တစ် နေရာကို ရယူထားသော အင်မော်တယ် လက်နက် စံအိမ်၏ သခင်ကြီး ချီယွမ် ဆိုသည်မှာလည်း တိုက်ကြီးတစ်ခုလုံးက လေးစားခန့်ညားရသော ပုဂ္ဂိုလ်ကြီး ဖြစ်ပေ၏။
နတ်ဘုရား ဘုရင် နန်းတော်၏ ဘုရင်ကြီးပင်လျှင် သူ့ကို လေးစားသမှု ပေးရသည်။
သို့သော် ယခုတွင်မူ ဤမျှ ကြီးကျယ်ခမ်းနားသော ပုဂ္ဂိုလ်ကြီးသည် ဒုတိယသခင်လေး ( တပ်မှူးလေး )၏ ပါးစပ်ဖျားတွင် ‘အားနည်းလွန်းတယ်’ ဟု အပြောခံလိုက်ရတော့၏။
စော်ကားမှု... ဒါက ချီယွမ်ကို သက်သက်မဲ့ စော်ကားလိုက်ခြင်းပင်။
အင်မော်တယ် လက်နက် စံအိမ်မှ အစောင့်အရှောက်များ၊ အကြီးအကဲများနှင့် ကျန်းဝူဟန် တို့အားလုံးလည်း အံ့သြမှင်သက်သွားကြ၏။
ချီယွမ်၏ ကြောက်မက်ဖွယ် တိုက်ခိုက်စွမ်းရည်ကို မြင်တွေ့နေရပါလျက်နှင့် ဒုတိယသခင်လေး ( တပ်မှူးလေး )က သူ့ကို အားနည်းလွန်းတယ်ဟု ပြောရဲသေးသည်လား။
“သူ တော်တော် မောက်မာတာပဲ...”
လျိုချင်းယန် က အံ့အားသင့်စွာ ပြောလိုက်သည်။
နတ်ဘုရား အသွင်ပြောင်းဘုံ ပဉ္စမအလွှာ ရှိပြီး တိုက်ခိုက်စွမ်းရည်က ဆဋ္ဌမအလွှာ အထွတ်အထိပ်သို့ ရောက်ရှိနေသူကို အားနည်းတယ်လို့ ပြောနေသေးတာလား...
“မြေကမ္ဘာအဆင့် အဆင့်မြင့် သိုင်းကွက်... ကိုးပါး လည်ပတ် ကမ္ဘာဖျက် လက်ချောင်း...”
ယခုအခါ၊ ဒုတိယသခင်လေး ( တပ်မှူးလေး )သည် ဓားပုံစံ လက်ညှိုးထောင်လိုက်ရာ လက်ညှိုးထိပ်တွင် ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး အသက်ရှူမှားလောက်အောင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ဖုံးလွှမ်းသွားသည်။
ဒုတိယသခင်လေး ( တပ်မှူးလေး )၏ အေးစက်သော အသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် သူ၏ လက်ညှိုးထိပ်သည် ချီယွမ်၏ လှံသွားထိပ်ကို တန်းတန်းမတ်မတ် ထိုးစိုက်လိုက်သည်။
“ဘုန်း...”
“အ...”
“ဝူး...”
လက်ညှိုးထိပ်နှင့် လှံသွားထိပ် ထိတွေ့လိုက်သည့် ခဏ၌ ကောင်းကင်ယံကို တုန်ခါသွားစေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ ဖျက်ဆီးအားပြင်းသော စွမ်းအင်များသည် အလင်းကွင်းတစ်ခုအဖြစ် ပြန့်ကားသွားပြီး မည်းမှောင်နေသော နေရာလပ်ကြီးကို လင်းထိန်သွားစေသည်။ စွမ်းအင်များ ကွဲပြားသွားသည်နှင့် တပြိုင်နက် ချီယွမ် ပါးစပ်မှ သွေးများ အန်ထွက်လာပြီး နောက်သို့ လွင့်စင်သွားတော့သည်။
“စံအိမ်သခင်...”
အင်မော်တယ် လက်နက် စံအိမ်မှ အစောင့်အရှောက်များနှင့် အကြီးအကဲများသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။ သူတို့၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ လှိုင်းထနေ၏။
ချီယွမ် သာ ရှုံးနိမ့်သွားပါက သူတို့ထဲမှ မည်သူမျှ ဒုတိယသခင်လေး ( တပ်မှူးလေး )ကို ယှဉ်နိုင်မည် မဟုတ်ပေ။ ဖုန်းဝူချန်ကို ကာကွယ်ပေးနိုင်မည် မဟုတ်သည့်အပြင် သူတို့ပါ ဒုက္ခတွင်းထဲ ရောက်သွားပေလိမ့်မည်။
ချီယွမ် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ဒုတိယသခင်လေး ( တပ်မှူးလေး )ကို မယှဉ်နိုင်ခဲ့သည့်အပြင် တန်ပြန်သက်ရောက်မှုကြောင့် ဒဏ်ရာပင် ရရှိသွားခဲ့သည်။
ဒါကို ကြည့်ခြင်းအားဖြင့် သူတို့နှစ်ဦးကြားမှ အင်အားကွာခြားချက်သည် ကြီးမားလွန်းလှပေ၏။
“ဘယ်လိုလဲ... ခင်ဗျားကို အားနည်းတယ်လို့ ပြောတာက ခင်ဗျားကို အခွင့်အရေး ပေးထားတာပဲ...”
ဒုတိယသခင်လေး ( တပ်မှူးလေး )က အထင်သေးစွာ ပြောလိုက်သည်။ ချီယွမ်၏ ပြင်းထန်သော တိုက်ခိုက်မှုကို လွယ်ကူစွာ ခုခံနိုင်ခဲ့သဖြင့် သူ အတော်လေး သက်သောင့်သက်သာ ဖြစ်နေပုံရသည်။
“အစတုန်းက ခင်ဗျားတို့ကို ဝင်မပါဖို့ ဘာလို့ အကြံပေးခဲ့လဲ သိလား... ဘာလို့လဲဆိုတော့ ခင်ဗျားတို့ကို ကျုပ် ဘယ်တုန်းကမှ အလေးအနက် မထားခဲ့လို့ပဲ...”
“သူက စံအိမ်သခင်ချီယွမ် တို့ကို အလေးအနက် မထားဘူးတဲ့လား...”
“လွန်လွန်းတယ်... သူ တော်တော် မောက်မာလွန်းနေပြီ...”
“ဥပဒေမဲ့လွန်းတယ်... ဒုတိယသခင်လေး ( တပ်မှူးလေး ) ဖြစ်နေတာနဲ့ပဲ ဒီလောက်တောင် ဘဝင်မြင့်နေတာလား...”
ဒုတိယသခင်လေး ( တပ်မှူးလေး )၏ စကားများသည် နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်များကို ချက်ချင်း ဒေါသထွက်သွားစေသည်။
သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ သူတို့ ဒေါသထွက်နေကြသော်လည်း ဘာမှ မလုပ်ရဲကြပေ။ ဒုတိယသခင်လေး ( တပ်မှူးလေး )ကို ရင်ဆိုင်နိုင်စွမ်းလည်း မရှိကြပေ။
ဒုတိယသခင်လေး ( တပ်မှူးလေး )၏ စကားများသည် အလွန် မောက်မာလွန်းသော်လည်း သူ၏ စွမ်းအားကို မျက်ဝါးထင်ထင် တွေ့မြင်နေရသဖြင့် မည်သူက သူ့ကို သွားရောက် စိန်ခေါ်ရဲပါမည်နည်း။
ချီယွမ်၏ မျက်လုံးများသည် သွေးကြောများ ယှက်သန်းကာ နီရဲလာပြီး ဒေါသများ ရူးသွပ်စွာ ပေါက်ကွဲထွက်လာ၏။ သူ့ရင်ထဲတွင် ငရဲမီးများ တောက်လောင်နေသကဲ့သို့ ခံစားနေရသည်။
ချီယွမ် ဒေါသထွက်နေပြီ။
တိုက်ကြီး၏ ထိပ်သီးပုဂ္ဂိုလ်ကြီး တစ်ဦးအနေဖြင့် ဒုတိယသခင်လေး ( တပ်မှူးလေး )၏ စော်ကားမှုကို ချီယွမ် မည်သို့ သည်းခံနိုင်ပါမည်နည်း။
“အ...”
“ဝူး...”
ဒေါသထွက်နေသော ချီယွမ်သည် ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် သွေးကြောများ ဖောင်းကြွလာပြီး သိုင်းဝိညာဉ် စွမ်းအားများ အထိန်းအကွပ်မဲ့စွာ ပေါက်ကွဲထွက်လာသဖြင့် နေရာလပ်ကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြန်သည်။
“ဘာဖြစ်လို့လဲ... ဒေါသထွက်နေတာလား... ခင်ဗျားကို သတ်လိုက်ရင် တိုက်ကြီးပေါ်က လူအများစု နှမြောတသ ဖြစ်ကျန်ရစ်ခဲ့မှာ သေချာတယ်နော်...”
ဒုတိယသခင်လေး ( တပ်မှူးလေး )က ချီယွမ်၏ ဒေါသကို ဂရုမစိုက်ဘဲ လှောင်ပြောင်လိုက်သည်။
“မင်းရဲ့ ရည်ရွယ်ချက်က ငါ့ရဲ့ ဖုံးကွယ်ထားတဲ့ စွမ်းအား ဘယ်လောက်ရှိလဲ ဆိုတာ သိချင်လို့ သက်သက်မဲ့ ရန်စနေတာပဲ... ကောင်းပြီလေ... မင်း သိချင်မှတော့ ပြရတာပေါ့...”
ချီယွမ် ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ဒင်...”
လှံရှည်ကို လေထုထဲတွင် စိုက်ထူလိုက်ပြီး လက်နှစ်ဖက်ကို ပူးကပ်လိုက်ရာ သူ၏ အရှိန်အဝါသည် ရူးသွပ်စွာ မြင့်တက်လာတော့သည်။
ထိုအချိန်တွင် ချီယွမ်၏ အသက်ရှူသံများသည် ကြီးမားသော စွမ်းအင်လှိုင်းတံပိုးများအဖြစ် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးမှ မျက်စိကျိန်းမတတ် အပြာရောင် အလင်းတန်းများ ဖြာထွက်လာ၏။ ရိုင်းစိုင်းကြမ်းတမ်းသော စွမ်းအင်များသည် ဒီရေလှိုင်းကြီးများအလား ရိုက်ခတ်လာတော့သည်။
“ရှေးဟောင်း ရေနတ်ဘုရား စွမ်းအား...”
ဖုန်းဝူချန် အံ့သြတကြီး ရေရွတ်လိုက်မိသည်။
“စံအိမ်သခင်ချီယွမ် ဆီမှာ ရေနတ်ဘုရား စွမ်းအား ရှိလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ...”
လင်ရှောင်ရှောင် လည်း အတော်လေး အံ့အားသင့်သွားသည်။
“မိုက်လိုက်တာ... စံအိမ်သခင်ချီယွမ် က သူ့စွမ်းအားကို ဖုံးကွယ်ထားတာပဲ...”
နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်များ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။
“ဝါး... ဝါး... ဝါး...”
ချီယွမ် သည် ရေနတ်ဘုရား စွမ်းအားကို အသည်းအသန် ပို့လွှတ်လိုက်ရာ လေထုထဲရှိ ရေငွေ့များသည် လျင်မြန်စွာ စုစည်းလာပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ဧရာမ သားရဲကြီးများနှင့် မြွေကြီးများအဖြစ် ပြောင်းလဲသွားသည်။
“ဘုန်း... ဘုန်း... ဘုန်း...”
တစ်ချိန်တည်းမှာပင် မြေကြီးထဲမှ ရေပန်းကြီးများ ကောင်းကင်ယံသို့ ပန်းထွက်လာပြီး ဧရာမ မြွေကြီးပေါင်း ရာချီအဖြစ် ပြောင်းလဲသွားကြ၏။
မိနစ်အနည်းငယ် ကြာသောအခါ ကြီးမားကျယ်ပြန့်သော ပင်လယ်ကြီးတစ်ခု ကောင်းကင်ယံတွင် တွဲလွဲခိုနေသည်ကို တွေ့လိုက်ရသည်။ ထိုပင်လယ်ကြီးသည် ဝူကျိနယ်မြေ တစ်ခုလုံးကို လွှမ်းခြုံထားနိုင်လောက်အောင် ကြီးမားလှသည်။
ရေနတ်ဘုရား စွမ်းအားကို ထုတ်ဖော်လိုက်သောအခါ ချီယွမ် သည် တိုက်ကြီးတစ်ခုလုံး၏ ရေအရင်းအမြစ်များကို ထိန်းချုပ်ထားသကဲ့သို့ ဖြစ်နေ၏။ ရေဓာတ် စွမ်းအင်သည် အလွန် ကြောက်မက်ဖွယ်ကောင်းပြီး ကြီးမားကျယ်ပြန့်လှသည်။
“သေစမ်း...”
ချီယွမ် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ သတ်ဖြတ်လိုစိတ်များသည် ကောင်းကင်ယံအထိ ရောက်ရှိသွားသည်။
သားရဲကြီးများနှင့် မြွေကြီးများသည် ရူးသွပ်စွာ ပြေးဝင်သွားကြပြီး ကြီးမားသော ပင်လယ်ကြီးသည် ဧရာမ ဘီလူးကြီးတစ်ကောင်အဖြစ် စုစည်းသွားကာ ဒုတိယသခင်လေး ( တပ်မှူးလေး )ဆီသို့ ရူးသွပ်စွာ တိုးဝင်သွားသည်။ ၎င်း၏ လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအင်သည် ဝူကျိနယ်မြေ တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေ၏။
“ဒီစွမ်းအားက ငါ အစွမ်းကုန် ထုတ်သုံးဖို့ ထိုက်တန်ပါတယ်...”
ဒုတိယသခင်လေး ( တပ်မှူးလေး )၏ တိုက်ခိုက်လိုစိတ်များ ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
“ဝူး...”
ဤအချိန်တွင် သူ၏ သွေးမျိုးဆက် စွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်ပြီး ရွှေရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာ၏။ ဒုတိယသခင်လေး ( တပ်မှူးလေး )၏ အရှိန်အဝါသည် မိုးထိအောင် မြင့်တက်သွားပြီး ဖျက်ဆီးအားပြင်းသော စွမ်းအင်များသည် သူ၏ လက်ဖဝါးထဲတွင် စုစည်းလာ၏။
ဧရာမ ဘီလူးကြီး၏ တိုက်ခိုက်မှုကို အေးစက်စွာ ကြည့်ရင်း ဒုတိယသခင်လေး ( တပ်မှူးလေး )သည် ထိတ်လန့်သည့် အရိပ်အယောင် လုံးဝ မပြပေ။
“ဖြောင်း...”
ဒုတိယသခင်လေး ( တပ်မှူးလေး )သည် လက်နှစ်ဖက်ကို ပူးကပ်လိုက်ရာ လေမတိုက်ဘဲ ဆံပင်များ လွင့်ပျံလာ၏။ ထို့နောက် လက်နှစ်ဖက်ကို ဖြည်းညှင်းစွာ ဖြန့်လိုက်ပြီး လက်သည်းပုံစံ ပြုလုပ်လိုက်သည်။
“ဝူး...”
လက်သီးဆုပ် အရွယ်အစားရှိသော ရွှေရောင် စွမ်းအင်လုံး တစ်ခု သူ့လက်နှစ်ဖက်ကြားတွင် ဖြစ်ပေါ်လာ၏။ ရွှေရောင် လျှပ်စီးကြောင်းများ လုံးပတ်လည်တွင် ရစ်ပတ်နေပြီး ကြောက်မက်ဖွယ် စွမ်းအားကို တိုင်းတာ၍ မရနိုင်ပေ။
ကြောက်မက်ဖွယ် စွမ်းအားများသည် ဆက်တိုက် စုစည်းလာပြီး စွမ်းအင်လုံးမှ ထွက်ပေါ်လာသော အရှိန်အဝါသည် ပိုမို ကြောက်စရာ ကောင်းလာ၏။
“ဒုတိယသခင်လေး ( တပ်မှူးလေး )က သိပ်ကြောက်စရာ ကောင်းတာပဲ... သူ့အရှိန်အဝါက အများကြီး တက်လာတယ်...”
“ခုနက တိုက်ပွဲတုန်းက သူ အစွမ်းကုန် မသုံးခဲ့ဘူးပဲ... သူ ဘယ်လောက်တောင် ကြောက်စရာ ကောင်းနေတာလဲ...”
“နတ်ဘုရား အသွင်ပြောင်းဘုံ... အဋ္ဌမ... အဋ္ဌမအလွှာများ ဖြစ်နေမလား...”
ယီထျန်းချင်း နှင့် အခြားသူများသည် ကြောက်လွန်းသဖြင့် သွေးပျက်မတတ် ဖြစ်နေကြ၏။ တစ်သက်လုံး ကြုံဖူးသမျှ အကြောက်တရားများကို ပေါင်းလိုက်လျှင်ပင် ယနေ့ ကြုံတွေ့ရသော အကြောက်တရားကို မမီနိုင်ပေ။
“အလယ်အလတ် အင်မော်တယ် ကျင့်စဉ်... တတိယအလွှာ ဖျက်ဆီးခြင်း...”
ဒုတိယသခင်လေး ( တပ်မှူးလေး )က အေးစက်စွာ အော်ဟစ်လိုက်ပြီး လက်ကို ရုတ်တရက် ဝှေ့ယမ်းကာ ရွှေရောင် စွမ်းအင်လုံးကို ပစ်လွှတ်လိုက်သည်။
ဧရာမ သားရဲကြီးများနှင့် ပင်လယ်ကြီးရှေ့တွင် စွမ်းအင်လုံးလေးသည် သေးငယ်ပြီး မပြောပလောက်အောင် ဖြစ်နေ၏။
သို့သော် မည်သူမျှ အထင်မသေးရဲကြသည့်အပြင် ပိုမို ကြောက်ရွံ့လာကြ၏။
“ဘုန်း...”
“အ...”
“ဝူး...”
စွမ်းအင်လုံးလေးနှင့် ဧရာမ ဘီလူးကြီး ထိတွေ့လိုက်သည့် ခဏ၌ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာ၏။ ဖျက်ဆီးအားပြင်းသော စွမ်းအင်များ ရူးသွပ်စွာ လိမ့်တက်လာပြီး ချီယွမ် ပါးစပ်မှ သွေးများ အန်ထွက်လာ၏။ ဖျက်ဆီးအားပြင်းသော စွမ်းအင်များ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ဧရာမ သားရဲကြီးများသည် ပြာအဖြစ် ပြောင်းလဲသွားပြီး ရေဓာတ် စွမ်းအင်များအားလုံး ပျောက်ကွယ်သွားသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ချီယွမ် အသည်းအသန် ထုတ်ဖော်ထားသော ရေနတ်ဘုရား စွမ်းအားများသည် ဘာမျှမကျန်အောင် ပျောက်ကွယ်သွားတော့သည်။
နေရာလပ်ကြီး တစ်ခုလုံးတွင် မျက်စိကျိန်းမတတ် ရွှေရောင် အလင်းတန်းများသာ ကျန်ရစ်တော့သည်။
“မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး...”
ချီယွမ် အလွန်အမင်း ထိတ်လန့်သွားသည်။ ရေနတ်ဘုရား စွမ်းအားကို အသည်းအသန် ထုတ်သုံးခဲ့သော်လည်း ဤမျှ လွယ်ကူစွာ ချေမှုန်းခံလိုက်ရသည်မှာ ယုံနိုင်စရာ မရှိပေ။
ဒီသိုင်းကွက်က ဘယ်လောက်တောင် ကြောက်စရာ ကောင်းသလဲ...
အလယ်အလတ် အင်မော်တယ် ကျင့်စဉ်... အစွမ်းထက်ပြီး ကြောက်စရာ ကောင်းလိုက်တာ... တကယ့် ဖျက်ဆီးခြင်း စွမ်းအားကို ပိုင်ဆိုင်ထားတာပဲ...
ကျန်းဝူဟန် နှင့် အခြားသူများသည် ကျီးကန်းတောင်းမှောက် ဖြစ်ကုန်ကြ၏။ ကြောက်ရွံ့ခြင်းနှင့် မျှော်လင့်ချက် ကုန်ဆုံးခြင်းမှလွဲ၍ ဘာမှ မကျန်တော့ပေ။
ဒုတိယသခင်လေး ( တပ်မှူးလေး )... ပြိုင်ဘက်ကင်း ပညာရှင်... အနိုင်မယူနိုင်သော သူ...
တိုက်ပွဲက ဒီအခြေအနေထိ ရောက်လာခဲ့ပြီ ဖြစ်သော်လည်း ဒုတိယသခင်လေး ( တပ်မှူးလေး )သည် ဒဏ်ရာတစ်ချက်မှ မရရှိခဲ့ပေ။ အစစ်အမှန်ယွမ်စွမ်းအားနှင့် သွေးမျိုးဆက် စွမ်းအား အနည်းငယ် ကုန်ဆုံးသွားရုံသာ ရှိသည်။
“ချီယွမ်... ခင်ဗျား အားနည်းလွန်းတယ်လို့ ပြောသားပဲ... ကဲ... ခင်ဗျားကို ခရီးပို့ပေးလိုက်ပါ့မယ်...”
ဒုတိယသခင်လေး ( တပ်မှူးလေး )က မဲ့ပြုံး ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင် အလင်းတန်းများ ပျောက်ကွယ်သွားသည်။
ထိုအချိန်တွင် ချီယွမ် သည် အောက်သို့ ပြုတ်ကျလာနေတော့၏။
အခန်း (၆၁၈) - ညှာတာမှုကင်းမဲ့ခြင်း
~ဒုတိယသခင်လေး ( တပ်မှူးလေး )သည် အောက်သို့ ပြုတ်ကျနေသော ချီယွမ်ထံသို့ လက်ညှိုးဖြင့် ထိုးချိန်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တစ်ခုသည် လက်ညှိုးထိပ်တွင် စုစည်းလာပြီး ထွက်ပေါ်လာတော့မည့်ဟန် ပြင်နေ၏။
အင်မော်တယ် လက်နက် စံအိမ်သခင်... တိုက်ကြီး၏ ထိပ်သီးပုဂ္ဂိုလ်ကြီး တစ်ဦးကို ဒုတိယသခင်လေး ( တပ်မှူးလေး )က မျက်တောင်တစ်ချက် မခတ်ဘဲ သတ်ဖြတ်ရန် ကြေညာလိုက်ခြင်းပင်။
“စံအိမ်သခင်...”
အင်မော်တယ် လက်နက် စံအိမ်မှ အစောင့်အရှောက်များနှင့် အကြီးအကဲ (၃) ဦးတို့သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြ၏။
“ဒုတိယသခင်လေး ( တပ်မှူးလေး )... ရပ်လိုက်စမ်း...”
“စံအိမ်သခင်ကို သတ်ရဲရင် ဝူကျိနယ်မြေ၊ ပါနယ်မြေနဲ့ မြောက်ပိုင်း နက်နဲခြင်း နယ်မြေက ပညာရှင်တွေက ယင်ယန် မိသားစုကို လွှတ်ထားမှာ မဟုတ်ဘူး...”
အစောင့်အရှောက်များနှင့် အကြီးအကဲများသည် ပြင်းထန်စွာ ဒဏ်ရာရထားသည့်ကြားမှ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ သူတို့သည် ချီယွမ်ကို ကယ်တင်ရန်အတွက် အသည်းအသန် ပြေးဝင်သွားကြ၏။ မည်သို့ပင်ဖြစ်စေ ချီယွမ်ကို ကယ်တင်ရမည်။
“ခြိမ်းခြောက်မှုတွေက ငါ့အတွက် အသုံးမဝင်ဘူး...”
ဒုတိယသခင်လေး ( တပ်မှူးလေး )က အထင်သေးစွာ ပြောလိုက်သည်။ တိုက်ကြီး၏ နယ်မြေအသီးသီးမှ ပညာရှင်များကို သူ လုံးဝ ဂရုမစိုက်ပေ။
“စံအိမ်သခင်ချီယွမ် ဒဏ်ရာရထားတာ အရမ်း ပြင်းထန်လွန်းတယ်... မိသားစုခေါင်းဆောင်ကျန်း တို့လည်း ဒဏ်ရာပြင်းတယ်...”
ပေတိုယန် ၏ မျက်နှာတွင် စိုးရိမ်မှုများ ပြည့်နှက်နေ၏။
“အစ်ကိုဖုန်း... ဘယ်လို လုပ်ကြမလဲ... တစ်ခုခု မြန်မြန်စဉ်းစားပါဦး...”
ဟု လျိုချင်းယန် က ထိတ်လန့်တကြား မေးလိုက်သည်။
လူတိုင်း အလွန်အမင်း စိုးရိမ်ပူပန်နေကြ၏။
ချီယွမ် သည် ဖုန်းဝူချန်အတွက်၊ နဂါးနတ်ဘုရား နန်းတော်အတွက် တိုက်ခိုက်ပေးခဲ့ခြင်း ဖြစ်၏။ ချီယွမ် အသတ်ခံရမည့် အရေးကို နဂါးနတ်ဘုရား နန်းတော်မှ မည်သူမျှ လက်ပိုက်ကြည့်မနေလိုကြပေ။
ဒဏ်ရာပြင်းထန်စွာ ရထားသော ချီယွမ် အနေဖြင့် ဒုတိယသခင်လေး ( တပ်မှူးလေး )၏ သေစေနိုင်သော တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်စွမ်း မရှိတော့ပေ။
ဖုန်းဝူချန်၏ မျက်နှာထားသည် အလွန် အရုပ်ဆိုး အကျည်းတန်နေ၏။ ချီယွမ်ကို ကယ်တင်ချင်သော်လည်း သူ့တွင် စွမ်းအား မရှိပေ။
ဒုတိယသခင်လေး ( တပ်မှူးလေး )၏ စွမ်းအားသည် ကြီးမားလွန်းလှသည်။
“ဟွန်း... ကိုယ့်သေတွင်း ကိုယ်မတူးကြနဲ့... မင်းတို့ စွမ်းအားလောက်နဲ့ ဒုတိယသခင်လေး ( တပ်မှူးလေး )ကို တားနိုင်မယ် ထင်နေလား... ချီယွမ်တောင် အပြတ်အသတ် ရှုံးနိမ့်သွားတာ... မင်းတို့ကတော့ ပြောမနေနဲ့တော့...”
ဟု ဖူရန် က ဖုန်းဝူချန်ကို အေးစက်စွာ ကြည့်ရင်း လှောင်ပြောင်လိုက်သည်။
“ရွှီး...”
“ဝူး...”
သူ့ စကားဆုံးသည်နှင့် တပြိုင်နက် လက်ညှိုးထိပ်တွင် စုစည်းထားသော ကြောက်မက်ဖွယ် စွမ်းအင်များသည် လျှပ်စီးကဲ့သို့ ပစ်ထွက်သွားသည်။ အလွန် လျင်မြန်ပြီး ရက်စက်ကြမ်းကြုတ်လှသည်။
ဒုတိယသခင်လေး ( တပ်မှူးလေး ) တိုက်ခိုက်လျှင် မည်သည့်အခါမျှ ညှာတာလေ့ မရှိပေ။
ဤစွမ်းအင်လှိုင်းသည် ချီယွမ်ကို ပြာကျသွားစေနိုင်လောက်အောင် စွမ်းအားပြင်းထန်လှသည်။
“ရှောင်ရှောင်...”
ဒုတိယသခင်လေး ( တပ်မှူးလေး ) တိုက်ခိုက်လိုက်သည်နှင့် ဖုန်းဝူချန် ရုတ်တရက် အော်ဟစ်လိုက်ပြီး လင်ရှောင်ရှောင် ကို ဆွဲကာ ကောင်းကင်ယံသို့ ပျံတက်သွားသည်။
“လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း...”
ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင် တို့သည် ချီယွမ်၏ ဘေးနားသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားသည်။ ဖုန်းဝူချန်က ပြုတ်ကျနေသော ချီယွမ်ကို ဖမ်းထိန်းလိုက်ပြီး လင်ရှောင်ရှောင် က နတ်ဘုရား အသွင်ပြောင်း အကာအကွယ်ကို ဖန်တီးလိုက်သည်။
“လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း...”
ဒုတိယသခင်လေး ( တပ်မှူးလေး ) မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ချက်ချင်း ရှေ့တိုးလိုက်သည်။
“ဘုန်း...”
“ဝူး...”
ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းသည် အကာအကွယ်ကို ထိခါနီးအချိန်တွင် ဒုတိယသခင်လေး ( တပ်မှူးလေး ) ရောက်ရှိလာပြီး လက်ကို ဝှေ့ယမ်းကာ ပေါက်ကွဲစေလိုက်သည်။ သူ၏ စွမ်းအားကို လမ်းကြောင်းလွှဲလိုက်ပြီး အကာအကွယ်နှင့် မထိတွေ့စေရန် ထိန်းချုပ်လိုက်ခြင်း ဖြစ်၏။ သူကိုယ်တိုင် ဒဏ်ရာမရစေရန်အတွက် ဖြစ်သည်။
လင်ရှောင်ရှောင် ၏ နတ်ဘုရား အသွင်ပြောင်း အကာအကွယ်ကို ဒုတိယသခင်လေး
( တပ်မှူးလေး )ပင်လျှင် မထိရဲပေ။
“မင်းရဲ့ အကာအကွယ်က ငါ့ကို မတားနိုင်ဘူး...”
ဒုတိယသခင်လေး ( တပ်မှူးလေး )က မဲ့ပြုံး ပြုံးလိုက်သည်။ သူ၏ လက်ဖဝါးကို ကုတ်ကွေးလိုက်ပြီး လင်ရှောင်ရှောင် ၏ အကာအကွယ်ကို ရက်စက်စွာ ထိုးဖောက်ဝင်ရောက်သွားသည်။
“ဝီ”
ဒုတိယသခင်လေး ( တပ်မှူးလေး )၏ အမြန်နှုန်းသည် အလွန်အမင်း မြန်ဆန်လှသည်။ သူ၏ လက်သည်းသည် လင်ရှောင်ရှောင် ၏ ပါးပြင်နားမှ ဖြတ်သန်းသွားပြီး ဖုန်းဝူချန်၏ လည်ပင်းကို ဂုတ်မှ ဆွဲကိုင်ကာ အကာအကွယ် အပြင်ဘက်သို့ ဆွဲထုတ်လိုက်သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ဖြစ်ပျက်သွားခြင်း ဖြစ်၏။ လင်ရှောင်ရှောင် မတုံ့ပြန်နိုင်ခင်မှာပင် ဖုန်းဝူချန်သည် ဒုတိယသခင်လေး ( တပ်မှူးလေး )၏ လက်ထဲသို့ ရောက်ရှိသွားခဲ့တော့၏။
“အစ်ကိုကြီးဖုန်း...”
လင်ရှောင်ရှောင် ၏ မျက်နှာလေး ဖြူဖျော့သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
“အစ်ကိုကြီးဖုန်းကို လွှတ်လိုက်... မဟုတ်ရင် ရှင့်အတွက် မြေမြှုပ်စရာ နေရာတောင် မကျန်စေရဘူး...”
“ကောင်းကင် နတ်ဆိုး သူတော်စင်မလေး... မင်းကိုတော့ ငါ နည်းနည်းလေးမှ ထိခိုက်အောင် လုပ်မှာ မဟုတ်ပါဘူး... ဒါပေမဲ့ မင်း ငါ့ကို မတားဆီးဖို့ မျှော်လင့်ပါတယ်...”
ဒုတိယသခင်လေး ( တပ်မှူးလေး )က အေးစက်စွာ ပြောလိုက်သည်။ လင်ရှောင်ရှောင် ၏ နောက်ကွယ်မှ အင်အားကို ကြောက်ရွံ့သဖြင့် သူမ၏ ဆံခြည်တစ်မျှင်ကိုပင် မထိခိုက်ရဲကြောင်း သိသာထင်ရှားလှပေ၏။
“အစ်ကိုကြီးဖုန်းကို လွှတ်ပေး... အစ်ကိုကြီးဖုန်းရဲ့ ဆံခြည်တစ်မျှင်လောက် ထိခိုက်သွားရင် ရှင့်ရဲ့ ယင်ယန် မိသားစုကို ပြာကျအောင် လုပ်ပစ်မယ်...”
လင်ရှောင်ရှောင် သည် ဒေါသတကြီး ခြိမ်းခြောက်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် သွေးမျိုးဆက် စွမ်းအားများ ပေါက်ကွဲထွက်လာပြီး အရှိန်အဝါများ ရူးသွပ်စွာ မြင့်တက်လာ၏။
"ဝှစ်..ဝှစ်"
ဖုန်းကျိန့်ရှုံး အပါအဝင် နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်များသည် အုံလိုက်ကျင်းလိုက် ပြေးဝင်လာကြပြီး ဒုတိယသခင်လေး ( တပ်မှူးလေး )ကို ဝိုင်းရံထားလိုက်ကြ၏။
“ဆရာ့ကို... ခေါ်သွားခွင့် မပေးနဲ့...”
ဒဏ်ရာပြင်းထန်စွာ ရထားသော ချီယွမ် က မနည်း အားယူပြီး ပြောလိုက်သည်။ သူ၏ အသံသည် အလွန် တိုးညှင်းနေ၏။
ကျန်းဝူဟန် ကလည်း လေးနက်သော အသံဖြင့် အမိန့်ပေးလိုက်သည်။
“ဒုတိယသခင်လေး ( တပ်မှူးလေး )... သူ့ကို အခုချက်ချင်း လွှတ်လိုက်...”
သူသည် အချိန်မရွေး အသေအကြေ တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီ ဖြစ်၏။
ထိုအခါ ၊ ဒုတိယသခင်လေး
( တပ်မှူးလေး )က မောက်မာစွာ လှောင်ပြောင်လိုက်သည်။
“ဟမ့်၊ မင်းတို့ထဲက ဘယ်သူမှ ငါ့ကို မတားနိုင်ဘူး...”
“နန်းတော်သခင်ကို ခေါ်သွားခွင့် မပေးနိုင်ဘူး...”
ဟွမ်ယန်လည်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဖုန်းဝူချန်အတွက် ဆိုလျှင် နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်ကိုပင် သူ မကြောက်ရွံ့ပေ။
ကျန်းမိသားစုမှ ဒဏ်ရာရထားသော ပညာရှင်များ၊ ထျန်းရှန်းဇီ တို့သည်လည်း မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာကြ၏။
“သားဝူချန်ကို လွှတ်လိုက်...”
ဖုန်းကျိန့်ရှုံး က အေးစက်စွာ တောင်းဆိုလိုက်သည်။ ဖခင် ဩတစ်ယောက်အနေဖြင့် သားဖြစ်သူကို မျက်စိရှေ့မှာတင် ဖမ်းခေါ်သွားသည်ကို မည်သို့ လက်ပိုက်ကြည့်နေနိုင်ပါမည်နည်း။
“ဖေဖေ... မေမေ... ဒီနေရာကနေ ထွက်သွားကြပါ...”
ဖုန်းဝူချန် က အားယူပြီး အော်ဟစ်လိုက်သည်။ သူ့လက်ရှိ အခြေအနေအရ ရုန်းထွက်ရန် မစွမ်းသာတော့ပေ။
“သြော်... ဒါ မင်းမိဘတွေလား... ကြည့်ရတာ မင်းက နဂါးမျိုးနွယ်နဲ့ ဘာမှ မပတ်သက်တော့ဘူးနဲ့ တူတယ်...”
ဒုတိယသခင်လေး ( တပ်မှူးလေး )က အံ့သြသလို ပြောလိုက်ပြီး ရက်စက်သော အပြုံးတစ်ခု သူ့နှုတ်ခမ်းထောင့်တွင် ပေါ်လာ၏။
“ငါ.. ပြောတာ မကြားဘူးလား...”
လင်ရှောင်ရှောင် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူမ ရူးသွပ်လုနီးပါး ဖြစ်နေတော့၏။
“ဖုန်းဝူချန် တစ်ယောက်တည်းအတွက်နဲ့ အသက်ပေးရတာ တန်လို့လား...”
ဒုတိယသခင်လေး ( တပ်မှူးလေး )က လှောင်ပြောင်သလို မေးလိုက်သည်။
“ခင်ဗျားအတွက် နန်းတော်သခင်က အရေးမပါတဲ့ ကျင့်ကြံသူ တစ်ယောက် ဖြစ်ချင်ဖြစ်မယ်... ဒါပေမဲ့ ကျုပ်တို့အတွက်တော့ သူက ကျေးဇူးရှင်ပဲ... နန်းတော်သခင်ကြောင့်သာ ကျုပ်တို့ ဒီအဆင့်ထိ ရောက်လာနိုင်ခဲ့တာ... ဓားတောင်ကို ကျော်ရ ကျော်ရ... မီးပင်လယ်ကို ဖြတ်ရ ဖြတ်ရ... ကျုပ်တို့ နောက်ဆုတ်မှာ မဟုတ်ဘူး... နန်းတော်သခင်ကို ခေါ်သွားချင်ရင် ကျုပ်တို့ အလောင်းတွေကို ကျော်သွားမှ ရမယ်...”
ဟု စစ်သည်တစ်ယောက်က ရဲရဲတောက် ပြောလိုက်သည်။ ကြောက်ရွံ့ခြင်း အလျဉ်းမရှိ။
“ကျေးဇူးရှင် ဟုတ်လား...”
ဒုတိယသခင်လေး ( တပ်မှူးလေး ) ခေတ္တမျှ မှင်သက်သွားပြီးနောက် ဟားတိုက် ရယ်မောလိုက်တော့သည်။
“မင်းတို့က သေချင်နေမှတော့... အခုချက်ချင်း ဖြည့်ဆည်းပေးလိုက်မယ်...”
“ဆုတ်သွားကြ... ဒါ အမိန့်ပဲ...”
ဖုန်းဝူချန် မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်သည်။
“နန်းတော်သခင်... ကျွန်တော်တို့ အရှက်တကွဲနဲ့ မနေနိုင်ပါဘူး...”
ဟွမ်ယန် နှင့် အခြားသူများက ပြတ်ပြတ်သားသား ငြင်းဆန်လိုက်ကြ၏။
“ဝူး...”
ဒုတိယသခင်လေး ( တပ်မှူးလေး )၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ရွှေရောင် စွမ်းအင်အရှိန်အဝါများ သူ၏ ဘယ်ဘက်လက်ဖဝါးပေါ်တွင် ဝဲပျံနေ၏။ ဤကြောက်မက်ဖွယ် စွမ်းအားသည် နဂါးနတ်ဘုရား နန်းတော် သာမက ဝူကျိနယ်မြေ တစ်ခုလုံးကိုပင် လက်ညှိုးတစ်ချက် တောက်လိုက်ရုံဖြင့် ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။
ဒုတိယသခင်လေး ( တပ်မှူးလေး ) တိုက်ခိုက်တော့မည့်အချိန်တွင် ဖုန်းဝူချန်သည် စိုးရိမ်တကြီးဖြင့် ရက်စက်စွာ အော်ဟစ်လိုက်သည်။
“ခင်ဗျား သူတို့ကို လက်ဖျားနဲ့တောင် ထိရဲရင်... ကျုပ် အသက်ရှင်နေသရွေ့ ယင်ယန် မိသားစုကို ပြာကျအောင် လုပ်ပစ်မယ်...”
“သြော်... လေကြီးလိုက်တာ... ယင်ယန် မိသားစုကို ဘယ်လို ပြာကျအောင် လုပ်မလဲဆိုတာ ကြည့်ချင်သေးတယ်...”
ဒုတိယသခင်လေး ( တပ်မှူးလေး )က ကစားစရာ တစ်ခုကို ကြည့်သလို လှောင်ပြောင်လိုက်သည်။ ခြိမ်းခြောက်မှုကို လုံးဝ ဂရုမစိုက်ပေ။
ဒုတိယသခင်လေး ( တပ်မှူးလေး )၏ အမြင်တွင် ဖုန်းဝူချန်၏ ခြိမ်းခြောက်မှုသည် နေ့ခင်းကြောင်တောင် အိပ်မက်မက်နေခြင်းသာ ဖြစ်၏။ လုံးဝ မဖြစ်နိုင်သော ကိစ္စပင်။
ယင်ယန် မိသားစုသည် ရှေးဟောင်းခေတ်ကတည်းက တည်ရှိခဲ့သော ဧရာမ မိသားစုကြီး ဖြစ်ပြီး တိုက်ကြီးပေါ်တွင် နှစ်ပေါင်းများစွာ ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်ခဲ့သည်။ ဖုန်းဝူချန် ပြောလိုက်ရုံဖြင့် ပျက်စီးသွားစရာ အကြောင်းမရှိပေ။
ဒုတိယသခင်လေး ( တပ်မှူးလေး )သည် တုံ့ဆိုင်းမနေဘဲ တိုက်ခိုက်လိုက်သည်။ ကြောက်မက်ဖွယ် ရွှေရောင် စွမ်းအင်များသည် သူ၏ လက်ဖဝါးမှ ပေါက်ကွဲထွက်လာ၏။
“ပြေး... ပြေးကြတော့...”
ဖုန်းဝူချန်၏ မျက်နှာထား ပြောင်းလဲသွားပြီး စိုးရိမ်တကြီး သတိပေးလိုက်သည်။
လူရာပေါင်းများစွာ ရှိနေသဖြင့် လင်ရှောင်ရှောင် ၏ အကာအကွယ်သည် လူတိုင်းကို မကယ်တင်နိုင်ပေ။
“ဘုန်း... ဘုန်း... ဘုန်း...”
“ဝူး...”
ကြောက်မက်ဖွယ် ရွှေရောင် စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး မိုးမြေကို တုန်ခါသွားစေသည်။ ကိုက်ပေါင်း သောင်းချီ ပတ်လည်ကို ချက်ချင်း လွှမ်းခြုံသွားပြီး နဂါးနတ်ဘုရား နန်းတော်၊ အင်မော်တယ် လက်နက် စံအိမ်နှင့် ကျန်းမိသားစုမှ လူများအားလုံးကို ဝါးမြိုသွားတော့သည်။
ဒုတိယသခင်လေး ( တပ်မှူးလေး )သည် ညှာတာမှု လုံးဝ မရှိဘဲ တကယ်ပင် သတ်ဖြတ်လိုက်ခြင်း ဖြစ်၏။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ရှေ့တွင် နဂါးနတ်ဘုရား နန်းတော်မှ လူတိုင်းသည် ချက်ချင်း ပြာကျသွားပေလိမ့်မည်။ ဒဏ်ရာရထားသော အင်မော်တယ် လက်နက် စံအိမ်နှင့် ကျန်းမိသားစုမှ ပညာရှင်ကြီးများပင်လျှင် ဤမျှ ပြင်းထန်သော စွမ်းအားကို ခံနိုင်ရည် မရှိနိုင်။
သူတို့ထဲတွင် လင်ရှောင်ရှောင် တစ်ယောက်တည်းသာလျှင် ဤကြောက်မက်ဖွယ် စွမ်းအင်များကြားမှ အသက်ရှင်လွတ်မြောက်နိုင်ပေလိမ့်မည်။
“ဟားဟား... သေကြစမ်း... အကုန် သေကြစမ်း... ဟားဟား...”
ဒုတိယသခင်လေး ( တပ်မှူးလေး ) ရူးသွပ်စွာ ရယ်မောလိုက်သည်။
ဖျက်ဆီးအားပြင်းသော စွမ်းအင်များ ရူးသွပ်စွာ လိမ့်တက်သွားသည်ကို ကြည့်ရင်း ဖုန်းဝူချန် ထုံထိုင်းသွားသည်။
သူ လုံးဝ မဖြစ်စေချင်ဆုံး အရာသည် နောက်ဆုံးတွင် ဖြစ်ပျက်လာခဲ့တော့၏။