← Chapters

အခန်း (၆၁၉-၆၂၁)

Vol. 42 Ch. 619-621

အခန်း (၆၁၉-၆၂၁)

Vol. 42 Ch. 619-621

အခန်း (၆၁၉) - ထိန်းချုပ်မှု ကင်းမဲ့ခြင်း

~ရွှေရောင် စွမ်းအင်များသည် ကိုက်ပေါင်း သောင်းချီသော နေရာလပ်ကြီးကို ဖုံးလွှမ်းသွားပြီး ဆက်လက်၍ ကြောက်မက်ဖွယ် အရှိန်ဖြင့် ပြန့်ကားသွားနေဆဲပင်။

အကယ်၍ ဤစွမ်းအင်များ မြေပြင်ပေါ်သို့ ကျရောက်သွားပါက အကျိုးဆက်သည် စိတ်ကူးကြည့်၍ပင် မရနိုင်ပေ။

ရွှေရောင် စွမ်းအင်များထဲတွင် လူရိပ်အားလုံး ပျောက်ကွယ်သွားခဲ့တော့၏။

“တောင်စိမ်း ရှိနေသရွေ့ ထင်းခွေဖို့ မပူရပါဘူး...”

ပထမဆုံး ထွက်ပြေးခဲ့သော ဖူရန် သည် ကြောက်မက်ဖွယ် စွမ်းအင်များ ပြန့်ကားနေသည်ကို မြင်သောအခါ ဆက်မနေတော့ဘဲ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်သည်။

ဒုတိယသခင်လေး ( တပ်မှူးလေး )၏ စွမ်းအားသည် ကြီးမားလွန်းလှသည်။ ဖူရန် (၃) ယောက် ပေါင်းလျှင်ပင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။

အခု မပြေးရင် ဘယ်တော့ ပြေးရမလဲ...

“ဖေဖေ... မေမေ...”

ဖုန်းဝူချန်သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ ကမ္ဘာပျက် စွမ်းအားများ အထိန်းအကွပ်မဲ့စွာ ပေါက်ကွဲထွက်လာပြီး သူ့မျက်လုံးများသည် သွေးရောင် လွှမ်းသွားသည်။

“ဝူး... ဝူး...”

ခန္ဓာကိုယ် အတွင်းရှိ စွမ်းအားများအားလုံး ပေါက်ကွဲထွက်လာပြီး ဖုန်းဝူချန်၏ အရှိန်အဝါသည် မိုးထိအောင် မြင့်တက်သွားကာ ကောင်းကင်ဘုံလူသား အဆင့် (၈) ကို ချက်ချင်း ကျော်ဖြတ်သွားသည်။

ချီလင် ချပ်ဝတ်၊ လက်အိတ်နှင့် နဂါးနတ်ဘုရား ဓားတို့ကိုပါ ထုတ်သုံးလိုက်သောအခါ ဖုန်းဝူချန်၏ အရှိန်အဝါသည် ထပ်မံ မြင့်တက်သွားပြီး ကောင်းကင်ဘုံလူသား အဆင့် (၉) အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါနှင့် သတ်ဖြတ်လိုစိတ်များသည် ကြောက်မက်ဖွယ် ကောင်းလှပေ၏။

ဖုန်းဝူချန်သည် အသေအကြေ တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီ ဖြစ်၏။

သို့သော် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ထုတ်ဖော်လိုက်သည့်တိုင်အောင် သူသည် ဒုတိယသခင်လေး ( တပ်မှူးလေး )၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နိုင်ခြင်း မရှိသေးပေ။

“အစွမ်းထက်လိုက်တဲ့ ရှေးဦး ကမ္ဘာဦး စွမ်းအား... အနည်းဆုံး ထိပ်တန်း (၅) မျိုးထဲမှာ ပါလိမ့်မယ်...”

ဖုန်းဝူချန်ထံမှ ရိုင်းစိုင်းကြမ်းတမ်းသော ရှေးဦး ကမ္ဘာဦး စွမ်းအားများကို ခံစားလိုက်ရသောအခါ ဒုတိယသခင်လေး ( တပ်မှူးလေး )၏ စိတ်ထဲတွင် စိုးရိမ်မှု အနည်းငယ် ဖြစ်ပေါ်လာ၏။

“ဒီကောင်လေးရဲ့ ရှေးဦး ကမ္ဘာဦး စွမ်းအားထဲမှာ နဂါးမျိုးနွယ်ရဲ့ သွေးမျိုးဆက် စွမ်းအား ပါနေသလို တခြား ရှေးဦး စွမ်းအား တစ်မျိုးလည်း ပါနေသေးတယ်... ပြီးတော့ သူ့ချပ်ဝတ်မှာ ချီလင် မျိုးနွယ်ရဲ့ အငွေ့အသက်တွေတောင် ပါနေသေးတယ်... ဒီကောင်လေးက ဘယ်သူလဲ... ကောင်းကင်ဘုံလူသား အဆင့် (၆) အထွတ်အထိပ်ပဲ ရှိပေမယ့် အဆင့် (၉) အထွတ်အထိပ် စွမ်းအားကို ထုတ်သုံးနိုင်တယ်ဆိုတော့...”

ဒုတိယသခင်လေး ( တပ်မှူးလေး ) ပိုမို အံ့အားသင့်လာ၏။

ဤအချိန်တွင် သူသည် ဖုန်းဝူချန်၏ နောက်ခံကို စိတ်ဝင်စားလာမိသည်။

နဂါးမျိုးနွယ် မဟုတ်ဘဲနှင့် နဂါးသွေးမျိုးဆက် ပိုင်ဆိုင်ထားသည့်အပြင် ရှေးဦး ကမ္ဘာဦး စွမ်းအား (၂) မျိုးကိုပါ ပိုင်ဆိုင်ထား၏။

သာမန်လူ တစ်ယောက် အနေဖြင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား (၃) မျိုးကို တပြိုင်နက်တည်း ပိုင်ဆိုင်ထားနိုင်ရန် မဖြစ်နိုင်ပေ။ ဖုန်းဝူချန်၏ နောက်ခံသည် ရိုးရှင်းမနေကြောင်း သက်သေပြနေ၏။

“ရှောင်ရှောင်... ချင်းယန်...”

ဖုန်းဝူချန်သည် ဝမ်းနည်းပက်လက် အော်ဟစ်နေ၏။

“အော်မနေနဲ့တော့... မင်း ဘယ်လောက် အော်အော် သူတို့ ကြားနိုင်တော့မှာ မဟုတ်ဘူး...”

ဒုတိယသခင်လေး ( တပ်မှူးလေး )က အေးစက်စွာ ပြောလိုက်သည်။

ဒုတိယသခင်လေး ( တပ်မှူးလေး )သည် နှစ်ပေါင်းများစွာ အသက်ရှင်သန်လာခဲ့ပြီး ကျင့်ကြံသူ မည်မျှကို သတ်ဖြတ်ခဲ့သည်ကိုပင် မမှတ်မိတော့ပေ။ လူ (၅၀၀) ခန့် သေဆုံးသွားခြင်းသည် သူ့အတွက် အရေးမပါသော ကိစ္စတစ်ခုသာ ဖြစ်၏။

ဒုတိယသခင်လေး ( တပ်မှူးလေး ) ပြောတာ မှန်သည်။ ဖုန်းကျိန့်ရှုံး နှင့် အခြားသူများ မည်သည့်အသံကိုမျှ ကြားနိုင်တော့မည် မဟုတ်ပေ။

ဤအချိန်တွင် ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ အတွင်း၌ နဂါးနတ်ဘုရား နန်းတော်မှ လူများ၏ အငွေ့အသက်ကို အာရုံခံ၍ မရတော့ပေ။

ဖုန်းကျိန့်ရှုံး ၊ ရှောင်ချင်းချင်း နှင့် အခြားသူများ၏ အရှိန်အဝါများကို ဖုန်းဝူချန် အာရုံခံ၍ မရတော့ပေ။

နဂါးနတ်ဘုရား နန်းတော်ကြီး ပျက်စီးသွားပြီလား...

ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် ပြိုကျနေသော နေရာလပ်ကြီး ပြန်လည် ကောင်းမွန်လာကာ အလင်းရောင်များ ပြန်လည် ရောက်ရှိလာ၏။

သို့သော်... ဖုန်းကျိန့်ရှုံး နှင့် ရှောင်ချင်းချင်း အပါအဝင် နဂါးနတ်ဘုရား နန်းတော်မှ လူများသည် လုံးဝ ပျောက်ကွယ်သွားခဲ့တော့၏။

နတ်ဘုရား အသွင်ပြောင်း အကာအကွယ် ပိုင်ဆိုင်ထားသော လင်ရှောင်ရှောင် ပင်လျှင် ပျောက်ဆုံးနေ၏။

ဒုတိယသခင်လေး ( တပ်မှူးလေး )၏ ကြောက်မက်ဖွယ် စွမ်းအားသည် လင်ရှောင်ရှောင် ၏ အကာအကွယ်ကိုပင် ဖြိုခွင်းနိုင်ခဲ့သည်လား။

ဖုန်းဝူချန် တောင့်ခဲသွားပြန်သည်။ ရင်ထဲတွင် ဝမ်းနည်းမှုများ လှိုင်းထလာပြီး နှလုံးသားကို ဆွဲဆုတ်လိုက်သကဲ့သို့ နာကျင်မှုသည် သေခြင်းတရားထက် ပိုမို ဆိုးရွားနေ၏။

“ယင်ယန် မိသားစု... ယင်ယန် မိသားစု...”

ဖုန်းဝူချန်သည် စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

မိဘနှစ်ပါး သေဆုံးသွားမှုသည် ဖုန်းဝူချန်ကို လုံးဝ ရူးသွပ်သွားစေခဲ့သည်။

ရက်စက်သော မျက်နှာထားနှင့် မိုးထိအောင် မြင့်တက်နေသော သတ်ဖြတ်လိုစိတ်များဖြင့် ဖုန်းဝူချန်သည် ဒုတိယသခင်လေး ( တပ်မှူးလေး )ကို စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။

“ငါ.. ဘယ်တော့မှ ခွင့်မလွှတ်ဘူး... လုံးဝ ခွင့်မလွှတ်ဘူး...”

“မင်းက ဘာတတ်နိုင်မှာမို့လို့လဲ...”

ဒုတိယသခင်လေး ( တပ်မှူးလေး )က အထင်သေးစွာ ပြောလိုက်ပြီး ဖုန်းဝူချန်ကို ထိန်းချုပ်ထားသော လက်ကို လွှတ်ပေးလိုက်သည်။

ဒေါသထွက်နေသော ဖုန်းဝူချန်၏ အရှိန်အဝါသည် ဆက်လက် မြင့်တက်နေဆဲဖြစ်ပြီး သူ၏ စွမ်းအားသည် ပိုမို ကြောက်မက်ဖွယ် ကောင်းလာ၏။

ဒုတိယသခင်လေး ( တပ်မှူးလေး )သည် ဖုန်းဝူချန်ကို အံ့သြတကြီး ကြည့်နေမိသည်။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား တိုးတက်မှုကို သူ တကယ် မယုံကြည်နိုင်ပေ။

ယင်ယန် မိသားစုတွင်ပင် ဤကဲ့သို့ ကြောက်စရာကောင်းသော ပါရမီရှင်မျိုး မရှိခဲ့ဖူးပေ။

“သူ... အဆင့်တက်နေတာလား...”

ဒုတိယသခင်လေး ( တပ်မှူးလေး ) အလွန်အမင်း တုန်လှုပ်သွားသည်။

အမှန်ပင်။ ဒေါသကြောင့် စိတ်လွတ်နေသော ဖုန်းဝူချန်သည် အမှန်တကယ်ပင် အဆင့်တက်နေခြင်း ဖြစ်၏။ ထိန်းချုပ်မှု ကင်းမဲ့နေစဉ်မှာပင် အဆင့်တက်သွားခြင်း ဖြစ်၏။

အရှိန်အဝါများ ရူးသွပ်စွာ မြင့်တက်လာပြီး မိနစ်အနည်းငယ် အတွင်းမှာပင် ဖုန်းဝူချန်သည် ကောင်းကင်ဘုံလူသား အဆင့် (၆) အထွတ်အထိပ်မှ အဆင့် (၇) သို့ ချိုးဖျက်ဝင်ရောက်သွားတော့သည်။

ကောင်းကင်ဘုံလူသား အဆင့် (၇) သို့ ရောက်ရှိသွားသောအခါ ဖုန်းဝူချန်၏ တိုက်ခိုက်စွမ်းရည်သည် အဆပေါင်းများစွာ တိုးတက်လာပြီး ထျန်းကျီဘုံသို့ ခြေတစ်လှမ်း လှမ်းဝင်လိုက်သကဲ့သို့ ဖြစ်သွားသည်။

“ဒီကောင်က ဒီလိုမျိုး အဆင့်တက်သွားတာလား... ယုံတောင် မယုံနိုင်ဘူး...”

ဒုတိယသခင်လေး ( တပ်မှူးလေး )၏ မျက်နှာထား တောင့်တင်းသွားသည်။

“ခင်ဗျား သေပြီသာမှတ်...”

ဖုန်းဝူချန် ရူးသွပ်စွာ အော်ဟစ်လိုက်ပြီး ရှိသမျှ စွမ်းအားအကုန်လုံးကို လက်သီးတွင် စုစည်းလိုက်သည်။

“ရှေးဦး နဂါးနတ်ဘုရား လက်သီး...”

ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် ဖုန်းဝူချန်၏ လက်သီးသည် ဒုတိယသခင်လေး ( တပ်မှူးလေး ) ဆီသို့ ရက်စက်စွာ ဝင်ရောက်သွားသည်။ ပြင်းထန်သော လေပြင်းမုန်တိုင်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး တိုက်ပွဲမြေပြင် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ဒုတိယသခင်လေး ( တပ်မှူးလေး )ကို ယှဉ်နိုင်စွမ်း မရှိမှန်း သိသော်လည်း စိတ်လွတ်နေသော ဖုန်းဝူချန်၏ စိတ်ထဲတွင် လက်စားချေရန်မှတစ်ပါး အခြားမရှိတော့ပေ။

မနိုင်ရင်တောင် တိုက်မယ်...

သေရမည် ဆိုလျှင်တောင် ဖုန်းဝူချန် ဂရုမစိုက်တော့ပေ။

ဖုန်းဝူချန်၏ လက်သီးချက်သည် ထျန်းကျီဘုံ ပထမအလွှာ ပညာရှင် တစ်ယောက်ကို တွန်းလှန်နိုင်စွမ်း ရှိသည်။

“ဘုန်း...”

“ဝူး...”

ပြင်းထန်သော လက်သီးချက်သည် ဒုတိယသခင်လေး ( တပ်မှူးလေး )၏ ရင်ဘတ်ကို တည့်တည့်ထိမှန်သွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအင်များ လွင့်စင်သွားသော်လည်း ဝမ်းနည်းစရာ ကောင်းသည်မှာ ဒုတိယသခင်လေး ( တပ်မှူးလေး )ကို ရွေ့လျားသွားအောင် မစွမ်းဆောင်နိုင်ခြင်း ဖြစ်၏။

ဒုတိယသခင်လေး ( တပ်မှူးလေး ) အတွက်မူ ဖုန်းဝူချန်၏ လက်သီးချက်သည် ခြင်ကိုက်သလောက်သာ ရှိပေ၏။

လက်သီးချက် မအောင်မြင်သောအခါ ဖုန်းဝူချန်သည် ခန္ဓာကိုယ်မှ စွမ်းအားများကို ထပ်မံ စုစည်းလိုက်ပြီး နဂါးနတ်ဘုရား ဓားထဲသို့ ထည့်သွင်းလိုက်သည်။ ဓားမှ မျက်စိကျိန်းမတတ် အနီရောင် အလင်းတန်းများ တောက်ပလာပြီး အရှိန်အဝါများ ကြီးမားကျယ်ပြန့်လာ၏။

ဖျက်ဆီးအားပြင်းသော ဓားချီသည် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ရိုင်းစိုင်းသော ဓားအလင်းတန်း စွမ်းအားများသည် နဂါးနတ်ဘုရား ဓားမှ ပြန့်ကားလာ၏။ စစ်နတ်ဘုရား တစ်ပါး ကောင်းကင်ဘုံ ကိုးထပ်မှ ဆင်းသက်လာသကဲ့သို့ မိုးမြေသိမ့်တုန်သွားစေသည်။

“ဒါက... အင်မော်တယ် ကျင့်စဉ်...”

ဖုန်းဝူချန်၏ ဖျက်ဆီးအားပြင်းသော ဓားချီနှင့် မိုးမြေသိမ့်တုန် စွမ်းအားကို ခံစားလိုက်ရသောအခါ ဒုတိယသခင်လေး ( တပ်မှူးလေး ) ချက်ချင်း မှတ်မိလိုက်သည်။

“ဝိညာဉ်ချေမှုန်း ဓားသိုင်း... ဝိညာဉ်ချေမှုန်း ကောင်းကင်ဓား...”

ဖုန်းဝူချန် ဒေါသတကြီး ဟစ်ကြွေးလိုက်ပြီး နဂါးနတ်ဘုရား ဓားကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ကာ လက်တစ်ကမ်း အကွာအဝေးတွင် ရှိနေသော ဒုတိယသခင်လေး ( တပ်မှူးလေး )ကို အလျားလိုက် ပိုင်းချလိုက်သည်။ အလွန် ရက်စက်ပြီး ညှာတာမှု ကင်းမဲ့သော တိုက်ခိုက်မှု ဖြစ်၏။

“ဘုန်း...”

“ဝူး...”

ပေပေါင်း ရာချီ ရှည်လျားသော ဧရာမ အနီရောင် ဓားအလင်းတန်းကြီးသည် ဒုတိယသခင်လေး ( တပ်မှူးလေး )၏ ရှေ့တွင် ချက်ချင်း ကြီးထွားလာပြီး ပေါက်ကွဲသွားသည်။ မျက်စိကျိန်းမတတ် စွမ်းအင်အလင်းရောင်များသည် သူတို့နှစ်ဦးစလုံးကို ဝါးမြိုသွားတော့သည်။

“ဒီကောင်လေးက ကိုယ့်အသက်ကို တကယ် နှမြောတာ မဟုတ်ဘူးပဲ... ဒီလောက် နီးကပ်တဲ့ အကွာအဝေးကနေ ဘယ်လိုလုပ် ခံနိုင်မှာလဲ... ဒါပေမဲ့ အင်မော်တယ် ကျင့်စဉ်က တကယ်ပဲ အစွမ်းထက်တာတော့ အမှန်ပဲ... အစွမ်းကုန် ထုတ်သုံးလိုက်ရင် ထျန်းကျီဘုံ ပထမအလွှာနဲ့ ယှဉ်နိုင်တယ်...”

ဒုတိယသခင်လေး ( တပ်မှူးလေး ) စိတ်ထဲတွင် တိတ်တဆိတ် အံ့သြမိလိုက်သည်။

အံ့သြရုံ သက်သက်သာ ဖြစ်၏။ ဤစွမ်းအားသည် ဒုတိယသခင်လေး

( တပ်မှူးလေး )ကို အနည်းငယ်မျှပင် ထိခိုက်အောင် မလုပ်နိုင်ပေ။

ဒေါသထွက်ပြီး ထိန်းချုပ်မှု ကင်းမဲ့နေသော ဖုန်းဝူချန်သည် ပိုမို ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ထုတ်ဖော်နိုင်ခဲ့ခြင်း ဖြစ်၏။

ကြောက်မက်ဖွယ် အားလှိုင်းအကြွင်းအကျန်များ ပျောက်ကွယ်သွားပြီးနောက် လုံးဝ ဘာမှမဖြစ်သော ဒုတိယသခင်လေး

( တပ်မှူးလေး ) ပုံရိပ်သည် ဖုန်းဝူချန်၏ မြင်ကွင်းထဲတွင် ပေါ်လာ၏။

အင်အားကွာခြားချက်က ကြီးမားလွန်းလှသည်။ ဖုန်းဝူချန် အစွမ်းကုန် တိုက်ခိုက်သော်လည်း အရာမထင်ခဲ့ပေ။

ဆန့်ကျင်ဘက် အနေဖြင့် ဒဏ်ရာပြင်းထန်စွာ ရထားသော ဖုန်းဝူချန်သည် ဓားအလင်းတန်း၏ တန်ပြန်သက်ရောက်မှုကြောင့် ဒဏ်ရာများ ပိုမို ဆိုးရွားသွားခဲ့သည်။

“ဖုန်းဝူချန်... ငါနဲ့ အေးအေးဆေးဆေး လိုက်ခဲ့ရင် အနာသက်သာမယ်... မင်းရဲ့ မပြောပလောက်တဲ့ စွမ်းအားလေးနဲ့ လက်စားချေဖို့ မပြောနဲ့... ငါ့လက်ချက်နဲ့ သေခွင့်တောင် မရှိဘူး...”

ဒုတိယသခင်လေး ( တပ်မှူးလေး )က အေးစက်စွာ ပြောလိုက်ပြီး ဖုန်းဝူချန်ကို စိုက်ကြည့်လိုက်သည်။

“ခင်ဗျား မသေရင် ကျုပ် သေရမယ်...”

ဖုန်းဝူချန် ရူးသွပ်စွာ အော်ဟစ်လိုက်သည်။

အခန်း (၆၂၀) - ဝိညာဉ် ရုပ်သေးရုပ်များ

~စိတ်လွတ်နေသော ဖုန်းဝူချန်သည် အသိဉာဏ် လုံးဝ ကင်းမဲ့နေပြီ ဖြစ်၏။

“မင်း နားမလည်သေးဘူးလား... မင်းက အရမ်း အားနည်းလွန်းတယ်...”

ဒုတိယသခင်လေး ( တပ်မှူးလေး )က ခေါင်းခါလိုက်သည်။ သူ့အမြင်တွင် ဖုန်းဝူချန်သည် ရယ်စရာကောင်းလောက်အောင် မိုက်မဲလွန်းသည်။

“မနိုင်မှန်း သိလျက်နဲ့ သေလမ်းရှာနေတယ် ဆိုတာ... ဒါ အတုံးဆုံး လုပ်ရပ်ပဲ...”

“မင်းရဲ့ အားနည်းလွန်းတဲ့ စွမ်းအားလေးနဲ့ သေချင်စိတ်တွေ ဘယ်က ရောက်လာတာလဲ ဆိုတာ ငါ တကယ် နားမလည်နိုင်ဘူး...”

ဒုတိယသခင်လေး ( တပ်မှူးလေး )၏ စကားသံ ပိုမို အေးစက်လာသည်နှင့်အမျှ သူ့ထံမှ ထွက်ပေါ်လာသော အငွေ့အသက်များသည် ပိုမို အေးခဲလာပြီး လူကို (၁၈) ထပ် ငရဲသို့ ပို့ဆောင်လိုက်သကဲ့သို့ ခံစားရစေသည်။

“ဝူး... ဝူး...”

ဖုန်းဝူချန်၏ နဖူးမှ ရွှေရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာ၏။ နဂါးတံဆိပ်တော်သည် တလက်လက် တောက်ပနေပြီး လွှမ်းမိုးနိုင်စွမ်းရှိသော သိုင်းဝိညာဉ် စွမ်းအားများ သိပ်သည်းလာ၏။ ထိုစွမ်းအားများ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် နေရာလပ်များ ပြန်လည် ကောင်းမွန်လာပြီး ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်း ရာပေါင်းများစွာ ဖြစ်ပေါ်လာစေသည်။

“နဂါးဝိညာဉ်...”

ဒုတိယသခင်လေး ( တပ်မှူးလေး )၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။

“ဝါးမြိုစမ်း...”

ဖုန်းဝူချန်သည် ရက်စက်စွာ ဟစ်ကြွေးလိုက်ပြီး အလွန်တရာ ကြီးမားသော ဝါးမြိုခြင်း စွမ်းအားများ ရူးသွပ်စွာ လိမ့်တက်လာ၏။

ဖုန်းဝူချန်သည် ဒုတိယသခင်လေး ( တပ်မှူးလေး )၏ စွမ်းအားများကို အတင်းအကြပ် ဝါးမြိုရန် ကြံစည်လိုက်ခြင်း ဖြစ်၏။

သို့သော် ဤအရာသည် လုံးဝ မဖြစ်နိုင်သော ကိစ္စဖြစ်၏။

အခြားလူတစ်ယောက် ဆိုလျှင် ဖြစ်ကောင်း ဖြစ်နိုင်လိမ့်မည်။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ တစ်ဖက်လူသည် ဒုတိယသခင်လေး ( တပ်မှူးလေး ) ဖြစ်နေ၏။

တိုက်ကြီး၏ ထိပ်သီးပုဂ္ဂိုလ်ကြီး တစ်ယောက်၏ စွမ်းအားကို အလွယ်တကူ ဝါးမြို၍ ရပါမည်လော။

“ရိုင်းစိုင်းလိုက်တာ...”

ဒုတိယသခင်လေး ( တပ်မှူးလေး )က အထင်သေးစွာ ပြောလိုက်သည်။ သူ့မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ရက်စက်သော သတ်ဖြတ်လိုစိတ်များ ဖြတ်ပြေးသွားသည်။

“ဘုန်း...”

“အ...”

ဒုတိယသခင်လေး ( တပ်မှူးလေး )သည် အဝေးမှနေ၍ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ ဖုန်းဝူချန်၏ ရင်ဘတ်ကို တည့်တည့် ထိမှန်သွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ဖုန်းဝူချန် ပါးစပ်မှ သွေးများ အန်ထွက်လာ၏။ သူ၏ ကိုယ်ခန္ဓာသည် နောက်သို့ လွင့်စင်သွားပြီး နဂါးတံဆိပ်တော်၏ ဝါးမြိုခြင်း စွမ်းအားများလည်း ပျက်ပြယ်သွားတော့သည်။

“မင်းရဲ့ နဂါးဝိညာဉ်လောက်နဲ့ ငါ့စွမ်းအားကို ဝါးမြိုချင်တာလား... မင်း ဝါးမြိုနိုင်ရင်တောင် မင်းရဲ့ အားနည်းတဲ့ ခန္ဓာကိုယ်က ခံနိုင်ရည် ရှိမယ် ထင်နေလား...”

နတ်ဘုရား အသွင်ပြောင်းဘုံ ပဉ္စမအလွှာ၏ စွမ်းအားသည် အလွန်တရာ ကြီးမားလှပြီး ဖုန်းဝူချန် ခံနိုင်ရည်ရှိမည့် အရာ မဟုတ်ပေ။

“ဒီကောင်လေးရဲ့ နဂါးဝိညာဉ်က ထူးဆန်းတယ်... နဂါးမျိုးနွယ်ရဲ့ နဂါးဝိညာဉ်မှာ ဝါးမြိုနိုင်စွမ်း မရှိဘူး... ဒါပေမဲ့ ဒီကောင်လေးရဲ့ နဂါးဝိညာဉ်က အားနည်းနေသေးတယ်... တကယ်လို့ သန်မာလာရင် ဝါးမြိုနိုင်စွမ်းက အတိုင်းအဆ ရှိမှာ မဟုတ်ဘူး...”

ဒုတိယသခင်လေး ( တပ်မှူးလေး ) စိတ်ထဲတွင် တွေးတောလိုက်မိသည်။

“ကိုးထပ် ချန်ခွင်း မျှော်စင်...”

လွင့်စင်သွားသော ဖုန်းဝူချန်သည် ဒဏ်ရာပြင်းထန်စွာ ရထားသော ခန္ဓာကိုယ်ကို ဂရုမစိုက်ဘဲ ထပ်မံ အော်ဟစ်လိုက်သည်။

အောက်ဘက်ရှိ နဂါးနတ်ဘုရား နန်းတော် အထက်တွင် မျက်စိကျိန်းမတတ် ရွှေရောင် အလင်းတန်းများ ကောင်းကင်ယံသို့ ထိုးတက်လာပြီး ကြီးမားလှသော ကိုးထပ် ချန်ခွင်း မျှော်စင်ကြီးသည် ဖုန်းဝူချန်၏ အထက်တည့်တည့်တွင် လေထုထဲမှ ဘွားခနဲ ပေါ်လာ၏။

ကိုးထပ် ချန်ခွင်း မျှော်စင်၏ စွမ်းအားသည် ဖုန်းဝူချန်၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာသည်နှင့်အမျှ ပိုမို ကြီးမားလာခဲ့သည်။

ပေတစ်ထောင်ခန့် ကျယ်ဝန်းသော ရွှေရောင် အခင်းအကျင်းကြီး တစ်ခု ဆင်းသက်လာပြီး ဒုတိယသခင်လေး ( တပ်မှူးလေး )ကို လွှမ်းခြုံထားလိုက်သည်။

“အဆင့်မြင့် ဝိညာဉ် လက်နက်...”

ဒုတိယသခင်လေး ( တပ်မှူးလေး )၏ အကြည့်များသည် ကိုးထပ် ချန်ခွင်း မျှော်စင်ပေါ်သို့ ကျရောက်သွားပြီး မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

“မဟုတ်ဘူး... ဝိညာဉ် လက်နက် အဆင့်လောက်နဲ့ ငါ့ရဲ့ စွမ်းအားကို ဖိနှိပ်နိုင်စရာ အကြောင်းမရှိဘူး... ဒါက ပျက်စီးနေတဲ့ အင်မော်တယ် လက်နက်ပဲ...”

ရွှေရောင် အခင်းအကျင်းကြီး လွှမ်းခြုံလိုက်သည်နှင့် တပြိုင်နက် ဒုတိယသခင်လေး ( တပ်မှူးလေး )သည် ကြီးမားသော ဖိနှိပ်မှု စွမ်းအားကို အာရုံခံမိလိုက်သည်။

သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ ထိုစွမ်းအားသည် ဒုတိယသခင်လေး ( တပ်မှူးလေး )၏ စွမ်းအားကို အနည်းငယ်မျှပင် ဖိနှိပ်နိုင်ခြင်း မရှိပေ။

“မထင်မှတ်ထားဘူး... မင်းမှာ စွမ်းအားကို ဖိနှိပ်နိုင်တဲ့ ရတနာ ရှိနေတာပဲ... ဒါပေမဲ့ နှမြောစရာ ကောင်းတာက ငါ့အတွက် အသုံးမဝင်ဘူး...”

ဒုတိယသခင်လေး ( တပ်မှူးလေး )က လှောင်ပြောင်လိုက်သည်။

“ဟာ...”

ဖုန်းဝူချန်၏ မျက်နှာထားသည် အလွန် ကြမ်းတမ်းခက်ထန်နေပြီး အံကြိတ်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ ကြီးမားသော လက်ကြီးကို ဝှေ့ယမ်းလိုက်ရာ ဧရာမ ကိုးထပ် ချန်ခွင်း မျှော်စင်ကြီးသည် ပြင်းထန်စွာ ပြုတ်ကျလာတော့သည်။

“ဟွန်း... မင်းမှာ လုပ်စရာ ကုန်သွားပြီလား... အင်မော်တယ် ကျင့်စဉ်တောင် ငါ့ကို မထိခိုက်နိုင်တာ... ဒီ ပျက်စီးနေတဲ့ အင်မော်တယ် လက်နက်က ဘာလုပ်နိုင်မှာမို့လို့လဲ...”

ဒုတိယသခင်လေး ( တပ်မှူးလေး )က အထင်သေးစွာ ပြောလိုက်သည်။

“ဘုန်း...”

ပြောရင်းဖြင့် ဒုတိယသခင်လေး ( တပ်မှူးလေး )သည် လက်ကို ဝှေ့ယမ်းလိုက်ရာ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ပြုတ်ကျလာသော ကိုးထပ် ချန်ခွင်း မျှော်စင်ကြီးသည် ကောင်းကင်ယံသို့ ပြန်လည် လွင့်စင်သွားရသည်။ လွယ်ကူစွာပင် တွန်းလှန်လိုက်ခြင်း ဖြစ်၏။

သို့သော် ကိုးထပ် ချန်ခွင်း မျှော်စင် လွင့်စင်သွားသည့် ခဏ၌ မျှော်စင် အပေါက်ဝမှ တစ်စုံတစ်ခု ပျံထွက်လာသကဲ့သို့ ဖြစ်သွားသည်။

အမြန်နှုန်းမှာ မြန်ဆန်လွန်းသဖြင့် သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။

"ဝှစ်..ဝှစ်"

ဝေဝါးသော ပုံရိပ်များသည် တစ်ခုပြီးတစ်ခု လေထုထဲတွင် ပေါ်လာ၏။ အနည်းဆုံး ရာဂဏန်းခန့် ရှိမည် ဖြစ်ပြီး တစ်ယောက်စီတိုင်းသည် လူလတ်ပိုင်းအရွယ် အမျိုးသား သို့မဟုတ် အမျိုးသမီး ပုံစံများ ဖြစ်ကြ၏။ ပုံရိပ်တိုင်းမှ အလွန် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ဖြာထွက်နေ၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဒေါသကြောင့် မျက်လုံးများ နီရဲနေသော ဖုန်းဝူချန်ပင်လျှင် ကြောင်အသွားသည်။

ဒုတိယသခင်လေး ( တပ်မှူးလေး )သည်လည်း အံ့သြမှင်သက်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

“ဒါတွေက... ဝိညာဉ် ခန္ဓာကိုယ်တွေလား...”

ဖုန်းဝူချန် မသေချာသော်လည်း ဝေဝါးသော ပုံရိပ်များကို ကြည့်ပြီး ဆေးပညာရှင် တစ်ယောက်အနေဖြင့် ထိုရာချီသော ပုံရိပ်များသည် ဝိညာဉ် ခန္ဓာကိုယ်များ ဖြစ်ကြောင်း အတိအကျ ပြောနိုင်သည်။

ဖုန်းဝူချန် ကိုးထပ် ချန်ခွင်း မျှော်စင်ထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့စဉ်က စတုတ္ထအထပ်တွင် အချိန်အနည်းငယ် ကြာကြာနေခဲ့မည် ဆိုလျှင် ထိုနေရာရှိ အုတ်ဂူများထဲမှ ဤဝိညာဉ် ပုံရိပ်များ ထွက်ပေါ်လာသည်ကို တွေ့မြင်ခဲ့ရပေမည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ ထိုအချိန်က ဖုန်းဝူချန်သည် အုတ်ဂူများ၏ ရည်ရွယ်ချက်ကို မသိရှိခဲ့သလို စတုတ္ထအထပ်သို့လည်း ပြန်မသွားခဲ့ဖူးပေ။

ထို့ကြောင့် ဤဝိညာဉ် ခန္ဓာကိုယ်များ ရှိနေသည်ကို သူ မသိခဲ့ခြင်း ဖြစ်၏။

‘ဒါပေမဲ့ ဒီဝိညာဉ် ခန္ဓာကိုယ်တွေက ဘာလို့ အခုအချိန်မှ ပေါ်လာရတာလဲ...

ပေါ်လာပြီး ဘာလုပ်ကြမလို့လဲ…’

“ကိုးထပ် ချန်ခွင်း မျှော်စင်ထဲမှာ ဝိညာဉ် ခန္ဓာကိုယ်တွေ ဘယ်လိုလုပ် ဒီလောက် အများကြီး ရှိနေရတာလဲ... ပြီးတော့ နတ်ဘုရား အသွင်ပြောင်းဘုံ အဆင့်တွေက ဒါဇင်နဲ့ချီ ရှိနေတယ်... ကျန်တဲ့လူတွေ အကုန်လုံးကလည်း ထျန်းကျီဘုံတွေချည်းပဲ...”

ရာချီသော ဝိညာဉ် ခန္ဓာကိုယ်များထဲတွင် နတ်ဘုရား အသွင်ပြောင်းဘုံ အဆင့်ရှိသူ ဒါဇင်ကျော် ပါဝင်နေ၏။ သတ္တမအလွှာ (၃) ယောက်၊ ဆဋ္ဌမအလွှာ (၇) ယောက်နှင့် ကျန် (၂၀) ကျော်မှာ တတိယအလွှာနှင့် ပဉ္စမအလွှာကြားတွင် ရှိကြ၏။

ဤအင်အားစုသည် အလွန် ကြောက်မက်ဖွယ်ကောင်းပြီး တိုက်ကြီးတစ်ခုလုံးကိုပင် လွယ်ကူစွာ လွှမ်းမိုးနိုင်စွမ်း ရှိသည်။

ထို့ကြောင့်လည်း ဒုတိယသခင်လေး ( တပ်မှူးလေး )၏ မျက်နှာပေါ်တွင် အံ့သြသော အမူအရာများ ပေါ်လာခြင်း ဖြစ်၏။

ရာချီသော ဝိညာဉ် ခန္ဓာကိုယ်များသည် တစ်လက်မမျှပင် မရွေ့လျားဘဲ ခံစားချက်ကင်းမဲ့စွာ ရပ်နေကြသော်လည်း တစ်ယောက်စီတိုင်းမှ လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါများ ထွက်ပေါ်နေ၏။

“ဒီ ရတနာမျှော်စင်ထဲမှာ ဘာလို့ ဒီလောက် အစွမ်းထက်တဲ့ ဝိညာဉ် ခန္ဓာကိုယ်တွေ အများကြီး ရှိနေရတာလဲ...”

ဒုတိယသခင်လေး ( တပ်မှူးလေး ) မျက်မှောင်ကြုတ်ကာ တွေးတောလိုက်မိသည်။ သူ၏ အကြည့်များသည် ကိုးထပ် ချန်ခွင်း မျှော်စင်ဆီသို့ အလိုလို ရောက်ရှိသွားသည်။

သေချာ ပြန်ကြည့်လိုက်သောအခါ ကိုးထပ် ချန်ခွင်း မျှော်စင်သည် သူ ထင်ထားသလောက် အသုံးမကျသော အရာမဟုတ်ကြောင်း ဒုတိယသခင်လေး ( တပ်မှူးလေး ) သဘောပေါက်လိုက်သည်။

ဖုန်းဝူချန်သည် ဝိညာဉ် ခန္ဓာကိုယ်များ ပေါ်လာရသည့် အကြောင်းရင်းကို မသိပေ။

သို့သော် ဒေါသထွက်ပြီး ထိန်းချုပ်မှု ကင်းမဲ့နေသော ဖုန်းဝူချန်သည် အများကြီး စဉ်းစားမနေတော့ပေ။ ယခုအချိန်တွင် သူ့စိတ်ထဲ၌ ဒုတိယသခင်လေး ( တပ်မှူးလေး )ကို သတ်ရန်၊ မိဘများအတွက် လက်စားချေရန်နှင့် နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်များအတွက် လက်စားချေရန်သာ ရှိတော့သည်။

"ဝှစ်..ဝှစ်"

“ဝူး...”

ဖုန်းဝူချန်သည် ကမ္ဘာပျက် စွမ်းအားကို အသည်းအသန် ဖော်ထုတ်လိုက်ပြီး နဂါးနတ်ဘုရား ဓားကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ကာ ဟိုဒီ ဝှေ့ယမ်းလိုက်သည်။ ဓားအလင်းတန်း ဒါဇင်ပေါင်းများစွာ ပေါက်ကွဲထွက်လာပြီး အဆုံးမရှိသော ရူးသွပ်မှု အရှိန်အဟုန်ဖြင့် ရိုပ်ခတ်သွားတော့သည်။

“ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ...”

ဒုတိယသခင်လေး ( တပ်မှူးလေး )က လှောင်ပြောင်နေဆဲပင်။

သို့သော် ဖုန်းဝူချန် ဓားကို ဝှေ့ယမ်းလိုက်သည့် ခဏမှာပင် အလွန် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာ၏။

ဒုတိယသခင်လေး ( တပ်မှူးလေး )၏ လှောင်ပြောင်နေသော မျက်နှာထားသည် ထိုခဏ၌ အေးခဲသွားတော့သည်။

"ဝှစ်..ဝှစ်"

“ဝူး...”

ရာချီသော ဝိညာဉ် ခန္ဓာကိုယ်များသည် တပြိုင်နက်တည်း လက်ကို ဝှေ့ယမ်းလိုက်ကြပြီး ကြောက်မက်ဖွယ် စွမ်းအင် ရာပေါင်းများစွာ ပစ်ထွက်လာ၏။ အရှိန်အဟုန်သည် ကြီးမားလွန်းလှပြီး ဖျက်ဆီးအားပြင်းသော စွမ်းအားသည် ဝူကျိနယ်မြေ တစ်ခုလုံးကို ချက်ချင်း တုန်လှုပ်သွားစေသည်။

သာမန်မျက်စိဖြင့် မြင်နိုင်သော တောက်ပသည့် နေရာလပ်ကြီးသည် ရူးသွပ်စွာ ပြိုကျပျက်စီးသွားပြီး စကြဝဠာကြီး ပြောင်းလဲသွားသကဲ့သို့ မျက်စိတစ်မှိတ်အတွင်း အမှောင်ကမ္ဘာကြီး အဖြစ်သို့ ရောက်ရှိသွားတော့သည်။

“တကယ်တမ်း ဘာဖြစ်နေတာလဲ... ဝူကျိနယ်မြေထဲမှာ ဘာလို့ ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအင်တွေ ပေါ်လာရတာလဲ...”

“နတ်ဘုရား အသွင်ပြောင်းဘုံ... နောက်ထပ် နတ်ဘုရား အသွင်ပြောင်းဘုံ ပါလား...”

“ဘယ်သူတွေ တိုက်နေကြတာလဲ... ကောင်းကင်ဘုံကြီး ပြိုကျတော့မယ်...”

ဝူကျိနယ်မြေရှိ အင်အားစုများနှင့် ကျင့်ကြံသူများသည် ထပ်မံ၍ ကြောက်ရွံ့ခြင်းနှင့် မျှော်လင့်ချက် ကုန်ဆုံးခြင်းတို့ ဖြစ်ပေါ်လာကြပြန်သည်။

ရာချီသော ကြောက်မက်ဖွယ် စွမ်းအင်တိုက်ခိုက်မှုများသည် အံ့မခန်း မြင်ကွင်းကြီးတစ်ခုကို ဖန်တီးလိုက်ပြီး မြင်ရသူတိုင်းကို တုန်လှုပ်ချောက်ချားသွားစေသည်။

မည်သည့် နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်မဆို ဒီမြင်ကွင်းကို မြင်လိုက်လျှင် ကြောက်လွန်းသဖြင့် ဝိညာဉ်လိပ်ပြာ လွင့်စင်သွားပေလိမ့်မည်။

“...”

ဖုန်းဝူချန် လုံးဝ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

ဒုတိယသခင်လေး ( တပ်မှူးလေး ) မျက်လုံးများ ပြူးကျယ်သွားပြီး ကြောက်လွန်းသဖြင့် မျက်နှာ ဖြူဖျော့သွားသည်။

ရာချီသော ကြောက်မက်ဖွယ် စွမ်းအင်တိုက်ခိုက်မှုများထဲတွင် နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင် ဒါဇင်ပေါင်းများစွာ၏ စွမ်းအားများ ပါဝင်နေသည့်အပြင် ထျန်းကျီဘုံ ပညာရှင် ရာပေါင်းများစွာ၏ စွမ်းအားများလည်း ပါဝင်နေ၏။

ဒုတိယသခင်လေး ( တပ်မှူးလေး ) မည်မျှပင် စွမ်းအားကြီးပါစေ... ရာချီသော ဝိညာဉ် ခန္ဓာကိုယ်များနှင့် ရင်ဆိုင်ရသောအခါ ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။

“ဒါတွေက... ဝိညာဉ် ရုပ်သေးရုပ်တွေပဲ...”

ဒုတိယသခင်လေး ( တပ်မှူးလေး ) ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

အခန်း (၆၂၁) - ယင်ယန် ဝိညာဉ်ချိပ်ပိတ် ကျိန်စာ

~“ဒါတွေက ဝိညာဉ် ရုပ်သေးရုပ်တွေပဲ...”

ဒုတိယသခင်လေး ( တပ်မှူးလေး )သည် ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးများဖြင့် အော်ဟစ်လိုက်သည်။ ရာချီသော စွမ်းအင်တိုက်ခိုက်မှုများ ပေါက်ကွဲထွက်လာချိန်တွင် ဝိညာဉ် ခန္ဓာကိုယ်များသည် တပြိုင်နက်တည်း၊ တူညီသော သိုင်းကွက်များကို အသုံးပြုနေသည်ကို တွေ့လိုက်ရသဖြင့် သူ ချက်ချင်း သဘောပေါက်သွားခြင်း ဖြစ်၏။

ကြောက်မက်ဖွယ် စွမ်းအင်တိုက်ခိုက်မှု ရာပေါင်းများစွာ တပြိုင်နက်တည်း ထွက်ပေါ်လာသောအခါ နားကွဲမတတ် စူးရှသော အသံကြီး ထွက်ပေါ်လာပြီး လူတိုင်းကို နေမထိထိုင်မသာ ဖြစ်စေသည်။

“ယင်ယန် ပုံရိပ်ယောင်...”

ဒုတိယသခင်လေး ( တပ်မှူးလေး )သည် စဉ်းစားမနေတော့ဘဲ သူ၏ ကိုယ်ဖော့သိုင်းကို ထုတ်သုံးကာ လေထုထဲတွင် ပျောက်ကွယ်သွားတော့သည်။

“ဘုန်း... ဘုန်း... ဘုန်း...”

“ဝူး... ဝူး...”

ဒုတိယသခင်လေး ( တပ်မှူးလေး ) ပျောက်ကွယ်သွားသည်နှင့် တပြိုင်နက် စွမ်းအင်တိုက်ခိုက်မှု ရာပေါင်းများစွာသည် တစ်ခုနှင့်တစ်ခု ထိတိုက်မိသွားကြ၏။ မိုးမြေကို တုန်ခါသွားစေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ပေါက်ကွဲမှု ဗဟိုချက်မှ ပေပေါင်း သောင်းချီ မြင့်မားသော မှိုပွင့်ပုံသဏ္ဌာန် မီးခိုးလုံးကြီး ကောင်းကင်ယံသို့ ထိုးတက်သွားသည်။

ဖျက်ဆီးအားပြင်းသော အားလှိုင်းအကြွင်းအကျန်များသည် အတားအဆီးမဲ့စွာ ပြန့်ကားသွားပြီး လေထုထဲတွင် လေပွေမုန်တိုင်းများသဖွယ် ဝဲကတော့များ ဖြစ်ပေါ်လာစေသည်။

အကယ်၍ တစ်စုံတစ်ယောက်သာ ဤတိုက်ပွဲကို မြင်တွေ့ခဲ့လျှင် သွေးပျက်သွားစေလောက်အောင် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းပင် ဖြစ်၏။

ကံကောင်းထောက်မစွာဖြင့် ဖုန်းဝူချန်သည် အချိန်မီ တုံ့ပြန်လိုက်နိုင်ပြီး ကိုးထပ် ချန်ခွင်း မျှော်စင်ထဲသို့ ဝင်ရောက် ပုန်းခိုလိုက်သည်။ နတ်ဘုရား အသွင်ပြောင်းဘုံ ဝိညာဉ် ခန္ဓာကိုယ်၏ နောက်တွင် ပုန်းခိုလိုက်သဖြင့် ကြောက်မက်ဖွယ် စွမ်းအင်ဒဏ်မှ လွတ်မြောက်သွားခြင်း ဖြစ်၏။

ရာချီသော ဝိညာဉ် ခန္ဓာကိုယ်များ၏ ရှေ့တွင် အလွန် ခိုင်မာသော စွမ်းအင် အကာအကွယ် တစ်ခု ဖြစ်ပေါ်လာပြီး ဖျက်ဆီးအားပြင်းသော စွမ်းအင်များကို အတင်းအကြပ် တားဆီးထားလိုက်သည်။

“ရွှီး...”

အဝေးတစ်နေရာတွင် ဒုတိယသခင်လေး ( တပ်မှူးလေး )၏ ပုံရိပ် ပြန်လည် ပေါ်ထွက်လာ၏။ သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပြည့်နှက်နေပြီး ရာချီသော ဝိညာဉ် ခန္ဓာကိုယ်များကို လှမ်းကြည့်နေ၏။

“အဲ့ဒီမျှော်စင်က သာမန် လက်နက် မဟုတ်ဘူး...”

ဒုတိယသခင်လေး ( တပ်မှူးလေး ) မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ သာမန် မျှော်စင်တစ်ခုသာ ဆိုလျှင် ဤမျှ များပြားသော ဝိညာဉ် ခန္ဓာကိုယ်များကို ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။

ရာချီသော ဝိညာဉ် ခန္ဓာကိုယ်များသည် ကိုးထပ် ချန်ခွင်း မျှော်စင်ကို ကာကွယ်ပေးထားသော အစောင့်အရှောက်များသဖွယ် ရပ်တန့်နေကြ၏။

ကြောက်မက်ဖွယ် အားလှိုင်းအကြွင်းအကျန်များ ပျောက်ကွယ်သွားသောအခါ ဖုန်းဝူချန်သည် ကိုးထပ် ချန်ခွင်း မျှော်စင်ထဲမှ ထွက်လာခဲ့သည်။

ခံစားချက်ကင်းမဲ့သော မျက်နှာထားများဖြင့် ရပ်နေကြသော ဝိညာဉ် ခန္ဓာကိုယ်များကို ကြည့်ရင်း ဖုန်းဝူချန် အံ့သြမှင်သက်နေမိသည်။

“သူတို့က ငါ့အမိန့်ကို နာခံနေတာလား...”

ခဏအကြာတွင် ဖုန်းဝူချန် အံ့သြတကြီး ရေရွတ်လိုက်သည်။ ခုနက ဝိညာဉ် ခန္ဓာကိုယ်များ တပြိုင်နက်တည်း တိုက်ခိုက်ခဲ့သော မြင်ကွင်းကို ပြန်တွေးမိပြီး သူ တုန်လှုပ်နေမိသည်။

“ဖုန်းဝူချန်... မင်းရဲ့ အဲ့ဒီမျှော်စင်က ဘာလဲ...”

ဒုတိယသခင်လေး ( တပ်မှူးလေး ) မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“မင်းကို သတ်မယ့် ပစ္စည်းပဲ...”

ဖုန်းဝူချန် ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဝိညာဉ် ခန္ဓာကိုယ်များကို တိုက်ခိုက်ရန် စိတ်ဖြင့် အမိန့်ပေးလိုက်သည်။

သို့သော်... ဝိညာဉ် ခန္ဓာကိုယ်များသည် တစ်လက်မမျှပင် မရွေ့လျားကြသဖြင့် ဖုန်းဝူချန် စိတ်ပျက်သွားရသည်။

ဖုန်းဝူချန်၏ မျက်နှာထား ပြောင်းလဲသွားသည်။ သူက ဒီဝိညာဉ် ခန္ဓာကိုယ်တွေကို မထိန်းချုပ်နိုင်ဘူးလား... ဒါဆို ခုနက တိုက်ခိုက်မှုက ဘာသဘောလဲ...

“ဘာဖြစ်တာလဲ... မင်း သူတို့ကို မထိန်းချုပ်နိုင်ဘူးလား...”

ဒုတိယသခင်လေး ( တပ်မှူးလေး )၏ မျက်နှာတွင် ထူးဆန်းပြီး နားမလည်နိုင်သော အမူအရာများ ပေါ်လာ၏။

“အခွင့်အရေးပဲ... ဒီကောင်လေးကို အရှင်ဖမ်းမှ ဖြစ်မယ်... ပြဿနာ မတက်အောင်လို့...”

ဖုန်းဝူချန်က ဝိညာဉ် ခန္ဓာကိုယ်များကို မထိန်းချုပ်နိုင်သည့် အခွင့်အရေးကို အသုံးချရန် ဒုတိယသခင်လေး ( တပ်မှူးလေး ) ချက်ချင်း ဆုံးဖြတ်လိုက်သည်။

သူ၏ အမြန်နှုန်းဖြင့် ဆိုလျှင် ဖုန်းဝူချန်ကို မျက်စိတစ်မှိတ်အတွင်း အရှင်ဖမ်းနိုင်မည်ဟု ဒုတိယသခင်လေး ( တပ်မှူးလေး ) ယုံကြည်ထား၏။

“လာစမ်း...”

ဝိညာဉ် ခန္ဓာကိုယ်များကို မထိန်းချုပ်နိုင်သော်လည်း ဖုန်းဝူချန်သည် ဒေါသထွက်နေဆဲဖြစ်ပြီး သူတို့ကို အားကိုးရန် စိတ်ကူးမရှိပေ။

“လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း...”

ဖုန်းဝူချန်သည် နဂါးနတ်ဘုရား ဓားကို ကိုင်ဆောင်ပြီး ကိုယ်ဖော့သိုင်းကို အသုံးပြုကာ ရဲရဲဝံ့ဝံ့ ပြေးဝင်သွားသည်။

သို့သော် ဖုန်းဝူချန် လှုပ်ရှားလိုက်သည့် ခဏ၌ ရာချီသော ဝိညာဉ် ခန္ဓာကိုယ်များသည်လည်း ပြန်လည် လှုပ်ရှားလာကြ၏။

"ဝှစ်..ဝှစ်"

ဝိညာဉ် ခန္ဓာကိုယ်များသည် တပြိုင်နက်တည်း ပျောက်ကွယ်သွားကြ၏။ သူတို့၏ ပုံရိပ်များသည် နေရာအနှံ့တွင် တဖျပ်ဖျပ် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည်မှာ အလွန် ထူးဆန်းလှသည်။

ဝိညာဉ် ခန္ဓာကိုယ်များ လှုပ်ရှားလာသည်ကို သတိထားမိလိုက်သောအခါ ဒုတိယသခင်လေး ( တပ်မှူးလေး )၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားပြီး တိုက်ခိုက်မှုကို ရပ်တန့်ကာ နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်သည်။

“ဒီ ဝိညာဉ် ခန္ဓာကိုယ်တွေက ငါ့ကို ပစ်မှတ်ထားနေတာလား...”

ဒုတိယသခင်လေး ( တပ်မှူးလေး ) အံကြိတ်ကာ ဒေါသထွက်နေ၏။ သူ လှုပ်ရှားလိုက်သည်နှင့် ဝိညာဉ် ခန္ဓာကိုယ်များက လိုက်လံ လှုပ်ရှားပြီး သူ ငြိမ်နေလျှင် ဝိညာဉ် ခန္ဓာကိုယ်များကလည်း ငြိမ်နေကြ၏။

“ဒါက နေရာရွှေ့ပြောင်းခြင်းပဲ...”

ဖုန်းဝူချန် အံ့သြလွန်းသဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။

ထိုအခါမှ ဖုန်းဝူချန် နားလည်သွားသည်။ စိတ်ဖြင့် ထိန်းချုပ်၍ မရဘဲ သူ၏ လှုပ်ရှားမှုအပေါ် မူတည်ပြီး ဝိညာဉ် ခန္ဓာကိုယ်များက လိုက်ပါ လှုပ်ရှားကြခြင်း ဖြစ်ကြောင်း သဘောပေါက်သွားသည်။

“ဒါကြောင့်ကိုး...”

ဖုန်းဝူချန် နောက်ဆုံးတွင် သဘောပေါက်သွားသည်။

“ဒုတိယသခင်လေး ( တပ်မှူးလေး )... မင်းရဲ့ သေနေ့ စေ့ပြီ... နဂါးနတ်ဘုရား နန်းတော်က ညီအစ်ကိုတွေရဲ့ ဝိညာဉ်တွေကို မင်းရဲ့ သွေးနဲ့ ပူဇော်ပေးမယ်...”

ဖုန်းဝူချန် ဟစ်ကြွေးလိုက်ပြီး နဂါးနတ်ဘုရား ဓားကို ကိုင်ဆောင်ကာ ရှေ့သို့ ပြေးဝင်သွားသည်။

"ဝှစ်..ဝှစ်"

ထင်ထားသည့်အတိုင်းပင်... ဖုန်းဝူချန် တိုက်ခိုက်လိုက်သည်နှင့် တပြိုင်နက် ရာချီသော ဝိညာဉ် ခန္ဓာကိုယ်များသည် အံ့မခန်း အမြန်နှုန်းဖြင့် လိုက်ပါ တိုက်ခိုက်ကြ၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် ဝိညာဉ် ခန္ဓာကိုယ်များသည် ဒုတိယသခင်လေး ( တပ်မှူးလေး )ကို ဝိုင်းရံပြီး ရက်စက်စွာ တိုက်ခိုက်လေတော့သည်။

ထိုအခြေအနေကို မြင်သောအခါ ဒုတိယသခင်လေး ( တပ်မှူးလေး )သည် ယင်ယန် ပုံရိပ်ယောင် ကို အသုံးပြုပြီး ရှောင်တိမ်းလိုက်ရသည်။

နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင် ဒါဇင်ပေါင်းများစွာ ပါဝင်နေသဖြင့် ဒုတိယသခင်လေး ( တပ်မှူးလေး ) မည်မျှပင် မောက်မာပါစေ... ဤမျှ များပြားသော အင်အားစုကို ရင်ဆိုင်ရဲလောက်အောင် မမိုက်မဲပေ။

“ဟွန်း... မင်း ဘယ်ပြေးမလဲ...”

ဖုန်းဝူချန် အော်ဟစ်လိုက်သည်။

ဒုတိယသခင်လေး ( တပ်မှူးလေး ) ပြန်ပေါ်လာသည်နှင့် တပြိုင်နက် ဖုန်းဝူချန်ရော ဝိညာဉ် ခန္ဓာကိုယ်များပါ ချက်ချင်း သိရှိလိုက်ကြ၏။

“ဟွန်း... ကောင်လေး... ငါ့ကို လျှော့မတွက်နဲ့...”

ဒုတိယသခင်လေး ( တပ်မှူးလေး )သည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး လက်နှစ်ဖက်ကို ပူးကပ်ကာ ကြောက်မက်ဖွယ် သွေးမျိုးဆက် စွမ်းအားများကို ပို့လွှတ်လိုက်သည်။

“ယင်ယန် ဝိညာဉ်ချိပ်ပိတ် ကျိန်စာ...”

ဒုတိယသခင်လေး ( တပ်မှူးလေး )သည် လက်ဖဝါးတွင် ရွှေရောင် စွမ်းအင်လုံး တစ်ခုကို ကိုင်ဆောင်ထားရင်း ရက်စက်စွာ အော်ဟစ်လိုက်သည်။

လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင် စွမ်းအင်များသည် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး (၈) နေရာခွဲထွက်ကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ ခဏအကြာတွင် ရာချီသော ဝိညာဉ် ခန္ဓာကိုယ်များ၏ ခြေထောက်အောက်၌ ထူးဆန်းသော သင်္ကေတများ ပေါ်လာပြီး သူတို့ကို ချည်နှောင်ထားလိုက်သည်။

ရာချီသော ဝိညာဉ် ခန္ဓာကိုယ် အားလုံးသည် ဒုတိယသခင်လေး ( တပ်မှူးလေး ) တစ်ယောက်တည်း၏ လက်ချက်ဖြင့် ပိတ်မိသွားကြ၏။

“ကျိန်စာ... ဝိညာဉ် ခန္ဓာကိုယ်တွေကို ကျောက်ဖြစ်သွားစေတဲ့ ကျိန်စာပဲ...”

အရေးကြီးသော အချိန်တွင် ဝိညာဉ် ခန္ဓာကိုယ်များ ချိပ်ပိတ်ခံလိုက်ရသဖြင့် ဖုန်းဝူချန်၏ မျက်နှာထား မည်းမှောင်သွားသည်။

“ဟွန်း... ဒီလို အသုံးမကျတဲ့ ဝိညာဉ် ရုပ်သေးရုပ်တွေနဲ့ ငါ့ကို နိုင်မယ် ထင်နေတာလား...”

ဒုတိယသခင်လေး ( တပ်မှူးလေး )က အထင်သေးစွာ ပြောရင်း သူ့နှုတ်ခမ်းထောင့်တွင် ဂုဏ်ယူသော အပြုံးတစ်ခု ပေါ်လာ၏။

“ရွှီး...”

“ဝူး...”

ပြောပြီးသည်နှင့် ဒုတိယသခင်လေး ( တပ်မှူးလေး )သည် လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရာ ကိုက်ပေါင်း ထောင်ချီ ကျယ်ဝန်းသော ရွှေရောင် စွမ်းအင်လှိုင်းကြီးသည် ကောင်းကင်ယံကို ဖြတ်သန်းပြီး ရက်စက်စွာ ဝင်ရောက်လာ၏။

“ဖုန်းဝူချန်... ဒီ အမှိုက်တွေက မင်းကို ကာကွယ်ပေးနိုင်ဦးမယ် ထင်နေလား...”

ဒုတိယသခင်လေး ( တပ်မှူးလေး )က မဲ့ပြုံး ပြုံးကာ မေးလိုက်သည်။ သူ့မျက်လုံးများထဲတွင် ရက်စက်မှုများ ပြည့်နှက်နေ၏။

ဒုတိယသခင်လေး ( တပ်မှူးလေး )၏ အမူအရာကို ကြည့်ရသည်မှာ ဝိညာဉ် ခန္ဓာကိုယ်များ၏ ခြိမ်းခြောက်မှုကို ချက်ချင်း ဖယ်ရှားပစ်ရန် ရည်ရွယ်ထားပုံရသည်။

မတော်တဆ ဖြစ်ရပ်များ မဖြစ်ပွားစေရန်အတွက် ဤဝိညာဉ် ခန္ဓာကိုယ်များကို ရှင်းပစ်ရန် လိုအပ်သည်ဟု သူ ယူဆထား၏။

ယင်ယန် မိသားစု၏ ဝိညာဉ်ချိပ်ပိတ် ကျိန်စာသည် အလွန် ကြောက်မက်ဖွယ်ကောင်းပြီး ဝိညာဉ် ခန္ဓာကိုယ်များကို ကျောက်ဖြစ်သွားစေကာ လှုပ်ရှားနိုင်စွမ်း ကင်းမဲ့သွားစေသည်။

ရာချီသော ဝိညာဉ် ခန္ဓာကိုယ်များသည် လုံးဝ မလှုပ်ရှားနိုင်တော့ဘဲ ငြိမ်သက်နေကြ၏။

ဖုန်းဝူချန်သည် ကျိန်စာများနှင့် ပတ်သက်ပြီး နားမလည်ပေ။ နတ်ဆိုး နဂါးကြီး၏ မှတ်ဉာဏ်ထဲတွင် ယင်ယန် မိသားစုအကြောင်း အနည်းငယ်သာ ပါဝင်သဖြင့် ကျိန်စာဖြေနည်းကို သူ မသိပေ။

ဤအချိန်တွင် ဖုန်းဝူချန် အလွန် စိုးရိမ်ပူပန်နေ၏။ ဝိညာဉ် ခန္ဓာကိုယ်များ မလှုပ်ရှားနိုင်တော့သဖြင့် သူ ဘာလုပ်ရမှန်း မသိ ဖြစ်နေ၏။

“ရွှီး...”

ဒုတိယသခင်လေး ( တပ်မှူးလေး ) ကျေနပ်အားရနေပြီး ဖုန်းဝူချန် ထိတ်လန့်နေချိန်တွင် အဖြူရောင် အလင်းတန်း တစ်ခုသည် အသံထက် မြန်သော အရှိန်ဖြင့် ရုတ်တရက် ဖြတ်သန်းသွားသည်။

အဖြူရောင် အလင်းတန်းသည် ရှပ်ပြေးသွားပြီး ဒုတိယသခင်လေး ( တပ်မှူးလေး ) သေချာ မကြည့်လိုက်နိုင်ခင်မှာပင် ပျောက်ကွယ်သွားသည်။

“ခုနက အရှိန်အဝါက...”

ဒုတိယသခင်လေး ( တပ်မှူးလေး )၏ မျက်နှာပေါ်တွင် အလွန်အမင်း ထိတ်လန့်သော အမူအရာများ ပေါ်လာပြီး သူ့မောက်မာမှုများ ပျောက်ကွယ်သွားတော့သည်။

“မြန်လိုက်တာ... ဘာမှတောင် မမြင်လိုက်ရဘူး... ဘာအရှိန်အဝါမှလည်း အာရုံခံမရဘူး...”

ဖုန်းဝူချန်လည်း ထပ်တူ အံ့သြသွားသည်။ အဖြူရောင် အလင်းတန်းက ဘာလဲ ဆိုတာ သူ လုံးဝ မသိလိုက်ပေ။

မည်သို့ပင်ဖြစ်စေ... ထိုအဖြူရောင် အလင်းတန်းသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှပေ၏။

All Chapters