← Chapters

အခန်း (၆၂၅-၆၂၇)

Vol. 42 Ch. 625-627

အခန်း (၆၂၅-၆၂၇)

Vol. 42 Ch. 625-627

အခန်း (၆၂၅) - အင်မော်တယ် ကျင့်စဉ် ချီးမြှင့်ခြင်း

~ဖုန်းဝူချန်သည် မျက်လုံးများကို မှိတ်လိုက်ပြီး ထိုအချိန်က မြင်ကွင်းများကို ပြန်လည် စဉ်းစားကြည့်နေ၏။ အသေးစိတ် အချက်အလက် တစ်ခုမှ မလွတ်စေရအောင် သေသေချာချာ ပြန်တွေးနေ၏။

ဝိညာဉ် ခန္ဓာကိုယ်များ ရုတ်တရက် ဘယ်လို ပေါ်လာသလဲ ဆိုတာ ဖုန်းဝူချန် သိချင်နေ၏။

ထိုအချိန်က ဒုတိယသခင်လေး ( တပ်မှူးလေး )၏ လက်ဝါးရိုက်ချက်ကြောင့် ကိုးထပ် ချန်ခွင်း မျှော်စင်ကြီး လွင့်စင်သွားခဲ့ပြီး ရာချီသော ဝိညာဉ် ခန္ဓာကိုယ်များ ထွက်ပေါ်လာခဲ့သည်။ ထိုအချိန်တွင် သူတို့ကို မိမိက ထိန်းချုပ်ထားပြီး ဖြစ်နေ၏။

“အစွမ်းထက်တဲ့ စွမ်းအားကြောင့်များလား...”

ဖုန်းဝူချန် မျက်မှောင်ကြုတ်ကာ ခန့်မှန်းကြည့်သည်။

ခန့်မှန်းရင်းဖြင့် ဖုန်းဝူချန်သည် ဖျက်ဆီးအားပြင်းသော စွမ်းအားကို ပို့လွှတ်လိုက်ပြီး ဝိညာဉ် ခန္ဓာကိုယ်များကို အတင်းအကြပ် ထိန်းချုပ်ရန် ကြိုးစားကြည့်သည်။

သို့သော် ဖုန်းဝူချန် စိတ်ပျက်သွားပြန်သည်။ ဝိညာဉ် ခန္ဓာကိုယ်များထံမှ တုံ့ပြန်မှု လုံးဝ မရရှိပေ။

“ဒီ ဝိညာဉ် ခန္ဓာကိုယ်တွေကို ဘယ်လို ထိန်းချုပ်ရမလဲ...”

ဖုန်းဝူချန် လုံးဝ စဉ်းစားမရပေ။

တစ်ချိန်တည်းမှာပင် ဖုန်းဝူချန် စူးစမ်းချင်နေသည်မှာ... ကိုးထပ် ချန်ခွင်း မျှော်စင်ထဲတွင် ဝိညာဉ် ခန္ဓာကိုယ်များ ဘာကြောင့် ရှိနေရတာလဲ... အရင် ပိုင်ရှင်က သူတို့ကို ဘာအတွက် သုံးခဲ့တာလဲ...

အုတ်ဂူများကို တစ်ခုပြီးတစ်ခု ဖွင့်ကြည့်ပြီး နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားကြည့်သော်လည်း ဝိညာဉ် ခန္ဓာကိုယ်များကို မထိန်းချုပ်နိုင်သေးပေ။

နှစ်နာရီခန့် ကုန်ဆုံးသွားပြီးနောက် ဘာတိုးတက်မှုမှ မရှိသဖြင့် ဖုန်းဝူချန် စိတ်ပျက်အားလျော့သွားသည်။

နည်းလမ်းမျိုးစုံ စမ်းကြည့်ပြီး‌ခဲ့၏။ သို့သော်လည်း၊ အရာမထင်ခဲ့။

“ကြည့်ရတာ ဒုတိယသခင်လေး ( တပ်မှူးလေး )ရဲ့ စွမ်းအားကြောင့် သူတို့ နိုးထလာတာ ဖြစ်မယ်... ငါ့ရဲ့ စွမ်းအားလောက်နဲ့ သူတို့ကို ဆင့်ခေါ်နိုင်မှာ မဟုတ်ဘူး...”

ဖုန်းဝူချန် စိတ်ထဲတွင် ရေရွတ်လိုက်သည်။ ဒါက လက်ခံနိုင်စရာ အရှိဆုံး အကြောင်းပြချက် တစ်ခုပင် ဖြစ်၏။

မတတ်သာသည့်အဆုံး ဖုန်းဝူချန် လက်လျှော့လိုက်ရသည်။

ဒါက ယာယီ လက်လျှော့ခြင်းသာ ဖြစ်၏။

“နှစ်တစ်ထောင် သက်တမ်းရှိတဲ့ အင်မော်တယ် ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှိတာပဲ... နဂါးနတ်ဘုရား ဓားနဲ့ လက်အိတ်တို့ကို အင်မော်တယ် လက်နက် အဆင့်မြှင့်တင်ဖို့ အချိန်ရောက်ပြီ...”

သူ၏ လက်နက်သွန်းလုပ်ခြင်း အရည်အချင်းဖြင့် ဆိုလျှင် နဂါးနတ်ဘုရား ဓားနှင့် လက်အိတ်တို့ကို အင်မော်တယ် လက်နက် အဖြစ် ပြောင်းလဲရန်မှာ လက်ဖဝါး တစ်ချက်လှန်လိုက်သလောက်သာ လွယ်ကူပေ၏။

အင်မော်တယ် လက်နက် အဖြစ် ပြောင်းလဲပြီးသွားပါက သူ၏ တိုက်ခိုက်စွမ်းရည်သည် အံ့မခန်း တိုးတက်လာပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် ထျန်းကျီဘုံအောက်တွင် သူ၊ ဖုန်းဝူချန်ကို ယှဉ်နိုင်မည့်သူ ရှိတော့မည် မဟုတ်ပေ။

“ပြီးတော့ ကိုးထပ် ချန်ခွင်း မျှော်စင်လည်း ရှိသေးတယ်... မျှော်စင်ကို အင်မော်တယ် လက်နက် အဖြစ် ပြန်လည် ပြုပြင်လိုက်ရင် သူ့အကြောင်း ပိုသိလာရနိုင်တယ်...”

“တခြား လိုအပ်တဲ့ ပစ္စည်းတွေ အကုန်ရပြီ... ကောင်းကင် ကျောက်စိမ်း တစ်ခုပဲ လိုတော့တာ... ဒီမျှော်စင်က အင်မော်တယ် လက်နက်လား၊ နတ်ဘုရား လက်နက်လား မသိရပေမယ့်... သူက ပျက်စီးနေတာ ဆိုတော့ ပြန်ပြုပြင်ဖို့ ကောင်းကင် ကျောက်စိမ်း လိုအပ်တယ်...”

ထိုသို့၊ တကိုယ်တည်း ရေရွတ်လိုက်ပြီးနောက် ကိုးထပ် ချန်ခွင်း မျှော်စင်ထဲမှ ထွက်ခွာလာခဲ့သည်။

နှစ်နာရီ အတွင်းမှာပင် နဂါးနတ်ဘုရား နန်းတော်၏ ခမ်းနားသော နန်းဆောင်များတွင် ဖြစ်ပေါ်နေသည့် အက်ကွဲကြောင်းများအားလုံးကို အပြည့်အဝ ပြုပြင်ပြီးစီးသွားပြီ ဖြစ်၏။ မူလအတိုင်း ပြန်လည် ကောင်းမွန်သွားတော့သည်။

လင်ရှောင်ရှောင် နှင့် အခြားသူများသည် ကိုးထပ် ချန်ခွင်း မျှော်စင်ထဲသို့ ပြန်လည် ဝင်ရောက်ပြီး ကျင့်ကြံနေကြပြီ ဖြစ်၏။

နဂါးနတ်ဘုရား နန်းတော်တွင် လူသူကင်းမဲ့နေသည်။

ကိုးထပ် ချန်ခွင်း မျှော်စင်ထဲမှ ထွက်လာပြီးနောက် ဖုန်းဝူချန်သည် အင်မော်တယ် လက်နက် စံအိမ်သို့ တန်းတန်းမတ်မတ် ပျံသန်းသွားလိုက်သည်။

ကောင်းကင် ကျောက်စိမ်း ကဲ့သို့သော ရတနာမျိုးသည် လေလံပွဲများတွင် ရချင်မှ ရမည် ဖြစ်ပြီး ကျန်းမိသားစုတွင်လည်း ရှိချင်မှ ရှိပေမည်။ ထို့ကြောင့် အင်မော်တယ် လက်နက် စံအိမ်သို့ သွားရခြင်း ဖြစ်၏။

“ဖုန်းဝူချန် က တကယ်ပဲ အသက်ရှင်နေသေးတာလား...”

အမှောင်ထဲတွင် ပုန်းခိုနေသော ထျန်းဟယ် အလွန်အမင်း အံ့သြသွားသည်။

“ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအင်တွေအောက်မှာ ဖုန်းဝူချန်နဲ့ တခြားလူတွေ အသက်ရှင်နေသေးတယ် ဆိုတာ မဖြစ်နိုင်ဘူး... တကယ်ပဲ ဘာဖြစ်သွားတာလဲ...”

ထျန်းဟယ် တစ်ယောက် လုံးဝ နားမလည်နိုင် ဖြစ်နေ၏။ နဂါးနတ်ဘုရား နန်းတော်၏ အင်အားဖြင့် နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်ကို ယှဉ်နိုင်စွမ်း မရှိဘူး မဟုတ်ပါလော။

နားမလည်နိုင်သော်လည်း ထျန်းဟယ် သည် သတင်းကို နတ်ဘုရား ဘုရင် နန်းတော်သို့ ချက်ချင်း ပေးပို့လိုက်သည်။

သတင်းရရှိသောအခါ လိန်ဟွန်း ဝမ်းသာသွားပြီး ထျန်းဟယ် ကို ဆက်လက် စောင့်ကြည့်ရန်၊ သေချာမှု မရှိဘဲ ဘာမှ မလုပ်ရန် အမိန့်ပေးလိုက်သည်။

...

အင်မော်တယ် လက်နက် စံအိမ်...

ဖုန်းဝူချန်သည် ရုတ်တရက် ရောက်ရှိလာ၏။

“ဆရာသခင်...”

အင်မော်တယ် လက်နက် စံအိမ်မှ တပည့်များ အံ့သြတကြီး အော်ဟစ်လိုက်ကြ၏။

“ကြိုဆိုပါတယ် ဆရာသခင်...”

ဖုန်းဝူချန် ရောက်ရှိလာသည်နှင့် အကြီးဆုံး တပည့်နှင့် အခြား တပည့်များအားလုံးသည် လေးစားစွာ ထွက်ကြိုကြပြီး ဆရာသခင်ဟု ခေါ်ဝေါ် နှုတ်ဆက်လိုက်ကြ၏။

ခန်းမဆောင်ကြီး အတွင်းတွင် ဒဏ်ရာ ကုသနေသော ချီယွမ် နှင့် အခြားသူများသည်လည်း ချက်ချင်း ထွက်လာကြ၏။

“ဆရာ့ကို ဂါရဝ ပြုပါတယ်...”

ချီယွမ် က လေးစားစွာ နှုတ်ဆက်လိုက်သည်။

ခုနက တိုက်ပွဲအပြီးတွင် နဂါးမျိုးနွယ်က ဖုန်းဝူချန်ကို မည်မျှ တန်ဖိုးထားကြောင်း သိလိုက်ရသဖြင့် ချီယွမ် နှင့် အခြားသူများသည် ဝမ်းသာပီတိ ဖြစ်နေကြ၏။

“ခင်ဗျားတို့ အကုန်လုံး ဒဏ်ရာရထားတာပဲ... ဒီလိုတွေ လုပ်မနေပါနဲ့တော့ဗျာ...”

ဖုန်းဝူချန်က ပြုံးကာ ပြောလိုက်ပြီး ရင်ပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။

“ဒီနေ့ တိုက်ပွဲအတွက် ခင်ဗျားတို့ အသက်ပေး ကူညီခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်...”

ဖုန်းဝူချန် ဆက်ပြောလိုက်သည်။

ချီယွမ် နှင့် အခြားသူများသည် အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်ပေးခဲ့ကြသဖြင့် ဖုန်းဝူချန်၏ ယုံကြည်မှုကို ရရှိသွားခဲ့ပြီ ဖြစ်၏။

“ချီယွမ်... ခင်ဗျားကို တပည့်အဖြစ် လက်ခံပြီးပြီ ဆိုတော့... အဆင့် (၉) လက်နက်ပညာရှင် ဖြစ်လာဖို့ အထောက်အကူပြုမယ့် အင်မော်တယ် ကျင့်စဉ် တစ်ခုကို ပေးအပ်ပါမယ်...”

ဖုန်းဝူချန် ကြေညာလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင် မှိန်ဖျဖျ တောက်ပနေသော ကျမ်းလိပ်တစ်ခု လေထုထဲတွင် ပေါ်လာ၏။

“အင်မော်တယ် ကျင့်စဉ်...”

ချီယွမ် တုန်လှုပ်သွားပြီး ရင်ထဲတွင် အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။

အင်မော်တယ် လက်နက် စံအိမ်မှ အစောင့်အရှောက်များ၊ အကြီးအကဲများနှင့် လက်နက်ပညာရှင်များ အားလုံး အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။ စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။

“အစတုန်းက လက်နက်သွန်းလုပ်နည်း ကျမ်းလိပ် မပေးခဲ့တာ၊ လမ်းညွှန်မှု မပေးခဲ့တာက ခင်ဗျားတို့ရဲ့ စိတ်ရင်းအမှန်ကို မတွေ့ရသေးလို့ပါ...”

“အခု လက်ရှိ လေ့ကျင့်နေတဲ့ မြေကမ္ဘာအဆင့် အလယ်အလတ် ကျမ်းလိပ်နဲ့ဆိုရင် တစ်သက်လုံး ကြိုးစားရင်တောင် အဆင့် (၉) ကို ရောက်နိုင်မှာ မဟုတ်ဘူး... ခင်ဗျားရဲ့ လက်ရှိ အဆင့် (၈) အခြေအနေနဲ့ အင်မော်တယ် ကျင့်စဉ်ကို လေ့ကျင့်မယ်၊ ကျွန်တော်ကလည်း လမ်းညွှန်ပေးမယ် ဆိုရင်... ဝက်ဝက် အတွင်းမှာ အဆင့် (၉) ကို သေချာပေါက် ရောက်မှာပါ...”

ဖုန်းဝူချန်က ရှင်းပြရင်း ကျမ်းလိပ်ကို ချီယွမ် ထံသို့ ပို့ပေးလိုက်သည်။

ကျမ်းလိပ်ကို မဖွင့်ရသေးခင်မှာပင် ချီယွမ် နှင့် အခြားသူများသည် ၎င်းထံမှ ထွက်ပေါ်နေသော အစွမ်းထက် အရှိန်အဝါကို ခံစားနေရပြီ ဖြစ်၏။

“ကျေးဇူးတင်ပါတယ် ဆရာ... ကျေးဇူးတင်ပါတယ်...”

ချီယွမ် သည် စိတ်လှုပ်ရှားစွာဖြင့် ဒူးထောက် ချလိုက်သည်။

“အဆင့် (၉) ရောက်သွားရင် အင်မော်တယ် လက်နက် ဖန်တီးရတာက လက်ဖဝါး တစ်ချက်လှန်လိုက်သလို လွယ်ကူသွားလိမ့်မယ်... ဒါပေမဲ့ အတွေးတစ်ချက်ဖြင့် လက်နက်ဖန်တီးနိုင်တဲ့ အဆင့်ကို ရောက်ဖို့ဆိုရင်တော့ အဆင့် (၉) တစ်ခုတည်းနဲ့ မလုံလောက်သေးပါဘူး...”

“ဆရာ... ကျုပ်ရော လေ့ကျင့်လို့ ရမလား...”

ချီခုံး က မျှော်လင့်တကြီး မေးလိုက်သည်။

“အစောင့်အရှောက်တွေ၊ အကြီးအကဲတွေနဲ့ အဆင့် (၆) အထက် ရှိတဲ့ ဘယ်သူမဆို လေ့ကျင့်လို့ ရတယ်... အင်မော်တယ် ကျင့်စဉ်က မင်းတို့ရဲ့ လက်နက်ပညာ အဆင့်အတန်းကို လျင်မြန်စွာ တိုးတက်စေလိမ့်မယ်... ဒါပေမဲ့ ကျင့်စဉ်ထဲမှာ ပါတဲ့အတိုင်း လက်နက်သွန်းလုပ်ဖို့ ဆိုတာ ထင်သလောက် မလွယ်ကူဘူး... အချိန်တော်တော် ပေးရလိမ့်မယ်...”

ဖုန်းဝူချန်က အေးဆေးစွာ ရှင်းပြလိုက်သည်။

ထိုစကားကို ကြားသောအခါ အစောင့်အရှောက်များ၊ အကြီးအကဲများနှင့် တပည့်များအားလုံး စိတ်လှုပ်ရှားသွားကြ၏။

အင်မော်တယ် ကျင့်စဉ် ဆိုတာ သူတို့ တစ်ခါမှ မမြင်ဖူးခဲ့သောအရာ ဖြစ်၏။

တိုက်ကြီး၏ နံပါတ်တစ် လက်နက်ပညာရှင် ဂိုဏ်း ဖြစ်သော်လည်း အင်မော်တယ် လက်နက် စံအိမ်တွင် အကောင်းဆုံး ကျမ်းလိပ်ဟူ၍ မြေကမ္ဘာအဆင့် အလယ်အလတ်သာ ရှိခဲ့သည်။ ထို့ထက် ပိုကောင်းသော ကျမ်းလိပ် မရှိခဲ့သလို အင်မော်တယ် ကျင့်စဉ် ဆိုသည်မှာ ဝေလာဝေးပင်။

ချီယွမ် သည် အင်မော်တယ် ကျင့်စဉ်ကို ရရှိရန် အိပ်မက်မက်ခဲ့သော်လည်း နှစ်ပေါင်းများစွာ ကြာသည့်တိုင် မမြင်ဖူးခဲ့ပေ။

“ကျေးဇူးတင်ပါတယ် ဆရာ...”

“ကျေးဇူးတင်ပါတယ် ဘိုးဘေး...”

အစောင့်အရှောက်များ၊ အကြီးအကဲများနှင့် တပည့်များအားလုံး စိတ်လှုပ်ရှားစွာ ဦးညွှတ် ဂါရဝပြုလိုက်ကြ၏။

“ကျွန်တော့်မှာ တခြားကိစ္စတွေ ရှိသေးတယ်... ပြန်ရောက်မှ ကိုယ်တိုင် သင်ပေးမယ်... အခုလောလောဆယ်တော့ အင်မော်တယ် ကျင့်စဉ်နဲ့ ရင်းနှီးအောင် လုပ်ထားကြပါ...”

ဖုန်းဝူချန်က မှာကြားလိုက်သည်။

“ဆရာ့စကားကို သေချာပေါက် နားထောင်ပါ့မယ်...”

ချီယွမ် က ကတိပေးလိုက်သည်။

“ထကြပါ... ဒါနဲ့ အင်မော်တယ် လက်နက် စံအိမ်မှာ ကောင်းကင် ကျောက်စိမ်း ရှိလားဗျ...”

“ရှိပါတယ် ဆရာ... ဘယ်နှတုံး လိုချင်ပါသလဲ...”

ချီယွမ် က လေးစားစွာ ပြန်မေးလိုက်သည်။

“တစ်တုံး ဆိုရင် လုံလောက်ပါပြီ...”

ထိုအခါ၊ ချီယွမ် က လက်ကို လှန်လိုက်ရာ ကြည်လင်တောက်ပပြီး သန့်စင်သော ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်နေသည့် ကျောက်စိမ်းတုံးလေး တစ်တုံး ပေါ်လာ၏။

“ဆရာ... ဒါက နှစ် (၆၀၀) သက်တမ်းရှိတဲ့ ကောင်းကင် ကျောက်စိမ်းပါ... အင်မော်တယ် လက်နက် စံအိမ်မှာ သက်တမ်းအရင့်ဆုံးပါပဲ...”

ဖုန်းဝူချန် ခေါင်းညိတ်လိုက်ပြီး...

“ဒါဆို ရပါပြီ...”

သူက စိတ်ဖြင့် အမိန့်ပေးလိုက်ရာ နဂါးနတ်ဘုရား ဓားနှင့် လက်အိတ်တို့သည် သူ့ဘေးနားတွင် ဘွားခနဲ ပေါ်လာပြီး လေထုထဲတွင် ပျံဝဲနေတော့၏။

ဖုန်းဝူချန်သည် အင်မော်တယ် လက်နက် စံအိမ်တွင် လက်နက်သွန်းလုပ်ရန် စီစဉ်ထားပြီး တစ်ချိန်တည်းမှာပင် ချီယွမ် နှင့် အခြားသူများကို အင်မော်တယ် လက်နက် သွန်းလုပ်နည်း လမ်းညွှန်ပေးရန် ရည်ရွယ်ထား၏။

ဖုန်းဝူချန်သည် နဂါးနတ်ဘုရား ဓားနှင့် လက်အိတ်တို့ကို အင်မော်တယ် လက်နက် အဖြစ် အဆင့်မြှင့်တင်တော့မည် ဖြစ်ကြောင်း ချီယွမ် နှင့် အခြားသူများ ရိပ်မိလိုက်ကြ၏။

ခဏအတွင်းမှာပင် အင်မော်တယ် လက်နက် စံအိမ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး လူတိုင်း၏ အကြည့်များသည် ဖုန်းဝူချန် ထံတွင်သာ စူးစိုက်နေကြတော့သည်။

အခန်း (၆၂၆) - အင်မော်တယ် လက်နက် ဖြစ်ပေါ်ခြင်း

~“လက်နက်ပညာရှင် တစ်ယောက်ရဲ့ အကြီးမားဆုံး အားသာချက်က နတ်ဘုရား လက်နက်တွေနဲ့ ဆန်းကြယ်တဲ့ ရတနာတွေကို ဖန်တီးနိုင်တာပဲ...”

“သာမန် လက်နက်တွေကို အဖိုးတန် လက်နက်တွေ အဖြစ်၊ အဖိုးတန် လက်နက်ကနေ ဝိညာဉ် လက်နက်၊ ဝိညာဉ် လက်နက်ကနေ အင်မော်တယ် လက်နက်၊ အင်မော်တယ် လက်နက်ကနေ နတ်ဘုရား လက်နက် အဖြစ် အဆင့်ဆင့် ပြောင်းလဲနိုင်တယ်...”

ဖုန်းဝူချန် ပြောရင်းဖြင့် လက်နက်သွန်းလုပ်ရာတွင် လိုအပ်သော ပစ္စည်းများကို ထုတ်ယူလိုက်သည်။

“နှစ်တစ်ထောင် သက်တမ်းရှိတဲ့ အင်မော်တယ် ဝိညာဉ် ကျောက်တုံး...”

ချီယွမ် နှင့် အစောင့်အရှောက် အကြီးအကဲများ မျက်လုံး ပြူးကျယ်သွားကြ၏။ အခြား ပစ္စည်းများကို မြင်ရသောအခါ သိပ်မထူးဆန်းသော်လည်း နှစ်တစ်ထောင် သက်တမ်းရှိသော အင်မော်တယ် ဝိညာဉ် ကျောက်တုံးကို မြင်သောအခါ အလွန်အမင်း အံ့သြသွားကြ၏။

အင်မော်တယ် လက်နက် စံအိမ်တွင် အင်မော်တယ် ဝိညာဉ် ကျောက်တုံး အများအပြား ရှိသော်လည်း နှစ်တစ်ထောင် သက်တမ်းရှိသော ကျောက်တုံးမျိုးကိုမူ တစ်တုံးမှ မထုတ်ပေးနိုင်ပေ။

ဒါကို ကြည့်ခြင်းအားဖြင့် နှစ်တစ်ထောင် သက်တမ်းရှိသော အင်မော်တယ် ဝိညာဉ် ကျောက်တုံးသည် မည်မျှ တန်ဖိုးကြီးပြီး ရှားပါးကြောင်း သိသာထင်ရှားလှပေ၏။

မူလက ဖုန်းဝူချန်သည် ဟန်ခွန်း ထံမှ တစ်တုံး ရရှိခဲ့ပြီး နောက်ပိုင်းတွင် သဲကန္တာရ လိုဏ်ဂူတစ်ခု အတွင်းမှ အများအပြား ရရှိခဲ့ခြင်း ဖြစ်၏။

ချီယွမ် နှင့် အခြားသူများ၏ အံ့သြမှုကို ရိပ်မိသောအခါ ဖုန်းဝူချန်က ပြုံးကာ ပြောလိုက်သည်။

“အင်မော်တယ် လက်နက် သွန်းလုပ်မယ်ဆိုရင် လုံးဝ သေချာနေမှ ဖြစ်မယ်... မဟုတ်ရင် နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ကျောက်တုံးကို ဖြုန်းတီးလိုက်သလို ဖြစ်သွားလိမ့်မယ်... မအောင်မြင်ရင် ကျောက်တုံးပါ ဆုံးရှုံးသွားလိမ့်မယ်... ဒါပေမဲ့ အောင်မြင်ခဲ့ရင် နောင်တစ်ချိန် နတ်ဘုရား လက်နက် အဖြစ် ပြောင်းလဲဖို့ အများကြီး လွယ်ကူသွားလိမ့်မယ်...”

“နှစ်တစ်ထောင် သက်တမ်းရှိတဲ့ အင်မော်တယ် ဝိညာဉ် ကျောက်တုံးကို သုံးပြီး အင်မော်တယ် လက်နက် သွန်းလုပ်ရင် လက်နက်ဝိညာဉ် ၊ ဒါမှမဟုတ် ဝိညာဉ်ခန္ဓာ စုစည်းနိုင်ဖို့ အခွင့်အလမ်း ရှိတယ်... လက်နက်ဝိညာဉ် စုစည်းနိုင်သွားရင် နတ်ဘုရား လက်နက် အဆင့်မြှင့်ဖို့အတွက် နတ်ဘုရား ဝိညာဉ် ကျောက်တုံး တစ်တုံးပဲ လိုတော့တာပါ...”

ချီယွမ် နှင့် အခြားသူများသည် ခေါင်းညိတ်လိုက်ကြပြီး ဖုန်းဝူချန်၏ စကားများကို နှလုံးသွင်း မှတ်သားလိုက်ကြ၏။

“ဆရာ... ဒဏ်ရာတွေ ရထားရဲ့သားနဲ့ အခု လက်နက်သွန်းလုပ်ဖို့ အဆင်ပြေပါ့မလား...”

ဟု ချီယွမ် က စိုးရိမ်တကြီး မေးလိုက်သည်။

“ဒီလောက် ဒဏ်ရာက အသေးအဖွဲပါ...”

ဖုန်းဝူချန်က ခေါင်းအနည်းငယ် ခါပြလိုက်ပြီး နဂါးမျိုးနွယ် မီးတောက်ကို ထုတ်ဖော်လိုက်သည်။

“ဘုန်း... ဘုန်း...”

အစိမ်းရောင် မီးတောက်များသည် လက်ဖဝါးနှစ်ဖက်တွင် တောက်လောင်လာပြီး ရူးသွပ်စွာ ပြန့်ကားသွားသည်။ မီးဓာတ် စွမ်းအင်များ တိုးပွားလာသည်နှင့်အမျှ ပတ်ဝန်းကျင် အပူချိန်သည် လျင်မြန်စွာ မြင့်တက်လာ၏။

ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် မီးတောက်ကို မြင်ဖူးကြသော်လည်း အင်မော်တယ် လက်နက် စံအိမ်မှ လူများသည် ကြောက်ရွံ့နေကြဆဲပင်။

ဖုန်းဝူချန်သည် လက်နက်သွန်းလုပ်မည့် ပစ္စည်းများကို နှစ်ပုံ ခွဲလိုက်ပြီး တစ်ပုံစီကို လက်တစ်ဖက်စီတွင် ကိုင်ထားလိုက်သည်။

ဤအပြုအမူကို ကြည့်ခြင်းအားဖြင့် သူသည် နဂါးနတ်ဘုရား ဓားနှင့် လက်အိတ်တို့ကို တပြိုင်နက်တည်း အင်မော်တယ် လက်နက် အဖြစ် သွန်းလုပ်ရန် ရည်ရွယ်ထားပုံရသည်။

လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ရာ နဂါးနတ်ဘုရား ဓားနှင့် လက်အိတ်တို့သည် လက်ဖဝါး အလယ်တွင် တွဲလွဲခိုနေကြ၏။ အစိမ်းရောင် မီးတောက်များသည် ရူးသွပ်စွာ တောက်လောင်လာပြီး ပြင်းထန်သော မီးဓာတ် စွမ်းအင်များသည် လေပြင်းမုန်တိုင်းသဖွယ် တိုက်ခတ်လာ၏။

အင်မော်တယ် လက်နက် စံအိမ်မှ လူများသည် အသက်ရှူအောင့်ထားပြီး မျက်တောင်မခတ်ဘဲ ကြည့်ရှုနေကြ၏။ ဖုန်းဝူချန်၏ လက်နက်သွန်းလုပ်ခြင်း အရည်အချင်းကို သူတို့ မြင်ဖူးပြီး ဖြစ်၏။

ယခု ထပ်မံ မြင်တွေ့ခွင့် ရခြင်းသည် သူတို့အတွက် ကြီးမားသော ဂုဏ်ယူစရာ တစ်ခုပင်။

နားမလည်ရင်တောင်မှ လက်နက်သွန်းလုပ်ခြင်း လုပ်ငန်းစဉ်၏ ဆွဲဆောင်မှုရှိသော မြင်ကွင်းကို ကြည့်ရှုခံစားနိုင်သေးသည်။

ထို့ကြောင့် မည်သူမျှ အလွတ်မခံချင်ကြပေ။

မိနစ်ပိုင်း အတွင်းမှာပင် ကြည့်ရှုသူများ၏ အံ့သြတကြီး အကြည့်များအောက်၌ နဂါးနတ်ဘုရား ဓားနှင့် လက်အိတ်တို့သည် အရည်ပျော်သွားကြ၏။ လျင်မြန်သော အရည်ပျော်မှုနှုန်းကြောင့် လူတိုင်း အံ့သြမှင်သက်သွားကြ၏။

နဂါးမျိုးနွယ် မီးတောက်သည် သားရဲမီးတောက် သို့မဟုတ် ဆမာဓိ စစ်မှန်သော မီးတောက်တို့ထက် များစွာ အစွမ်းထက်ပြီး အဆင့်အတန်းချင်း လုံးဝ မတူပေ။

“အင်မော်တယ် လက်နက် သွန်းလုပ်တဲ့ လုပ်ငန်းစဉ်မှာ အဆင့်ဆင့် လုပ်ဆောင်ပုံတွေက အရမ်း အရေးကြီးသလို ကုန်ကြမ်း ပမာဏကလည်း အရေးကြီးတယ်... နည်းတာထက်စာရင် များတာက ပိုကောင်းတယ်... ကုန်ကြမ်းတွေရဲ့ ဝိညာဉ်စွမ်းအင် မလုံလောက်ရင် သွန်းလုပ်တဲ့ လုပ်ငန်းစဉ် ပျက်စီးသွားနိုင်တယ်...”

ဖုန်းဝူချန်က လက်သင်္ကေတများ ပြောင်းလဲရင်း ရှင်းပြလိုက်သည်။

ချီယွမ် နှင့် အခြားသူများသည် ဂရုတစိုက် နားထောင်နေကြ၏။

စိတ်ဖြင့် အမိန့်ပေးလိုက်ရာ ကွဲပြားသော ကုန်ကြမ်းပစ္စည်းများသည် အစိမ်းရောင် မီးတောက်ထဲသို့ ဝင်ရောက်သွားပြီး အရည်ပျော်သွားကြ၏။

အင်မော်တယ် လက်နက် စံအိမ်မှ တပည့်များသည် ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။

ဖုန်းဝူချန် လက်နက်သွန်းလုပ်သည်ကို မြင်ဖူးသူများအတွက်ပင် ဤမြင်ကွင်းသည် အလွန် ဆန်းသစ်နေ၏။

အမျိုးမျိုးသော ကုန်ကြမ်းများသည် အရည်ပျော်သွားပြီး ပေါင်းစပ်သွားကြ၏။ ကြီးမားသော ဝိညာဉ်စွမ်းအင်များ လေထုထဲတွင် ပျံ့နှံ့နေ၏။

ဖုန်းဝူချန်သည် အဆင့်တိုင်းကို ဂရုတစိုက် လမ်းညွှန်ပေးပြီး သတိထားရမည့် အချက်များကို ထောက်ပြပေးသည်။

နောက်ဆုံးကျန်သော နှစ်တစ်ထောင် သက်တမ်းရှိသည့် အင်မော်တယ် ဝိညာဉ် ကျောက်တုံး အပိုင်းအစလေး အရောအနှောထဲသို့ ဝင်ရောက်သွားသောအခါ အစိမ်းရောင် မီးတောက် နှစ်ခုမှ မျက်စိကျိန်းမတတ် ရွှေရောင် အလင်းတန်းများ ဖြာထွက်လာပြီး အလွန် အစွမ်းထက်သော အရှိန်အဝါများ ထွက်ပေါ်လာ၏။

အရှိန်အဝါများ ရူးသွပ်စွာ မြင့်တက်လာ၏။

တစ်ချိန်တည်းမှာပင် ဖုန်းဝူချန်သည် မီးတောက်ထဲမှ လက်ကို ဖယ်လိုက်ပြီး ဆန်းကြယ်သော လက်သင်္ကေတများကို လျင်မြန်စွာ ပြောင်းလဲလိုက်သည်။ လေထုထဲတွင် တွဲလွဲခိုနေသော မီးတောက် နှစ်ခုသည် အရည်ပျော်နေသော သတ္တုများကို ရူးသွပ်စွာ ပေါင်းစပ်ပေးနေ၏။

ခဏအကြာတွင် သတ္တုရည်များသည် ပုံဖော်လာပြီး လက်အိတ်နှင့် ဓားပုံစံ ထင်ရှားလာ၏။

“အဆင့်မြင့် မှော်လက်နက်...”

“အဆင့်မြင့် ရတနာ...”

“အလယ်အလတ် ဝိညာဉ် လက်နက်...”

“အဆင့်မြင့် ဝိညာဉ် လက်နက်...”

“အခြေခံ အင်မော်တယ် လက်နက်...”

မျက်စိတစ်မှိတ် အတွင်းမှာပင် နတ်ဘုရား လက်နက် ပုံသဏ္ဌာန် ပေါ်လာသည်နှင့် တပြိုင်နက် အဆင့်အတန်းများ တရိပ်ရိပ် မြင့်တက်လာ၏။

“အင်မော်တယ် လက်နက်... အောင်မြင်သွားပြီ...”

ချီယွမ် နှင့် အခြားသူများ ပြိုင်တူ..လွှတ်ခနဲ အော်ဟစ်လိုက်မိကြ၏။

သူတို့မှာ အံ့သြလွန်းသဖြင့် မယုံကြည်နိုင်အောင် ဖြစ်နေကြ၏။

အင်မော်တယ် လက်နက် ဆိုသည်မှာ ဝိညာဉ် လက်နက်လောက် မလွယ်ကူပေ။

တိုက်ကြီး၏ ထိပ်သီး လက်နက်ပညာရှင် ချီယွမ် ပင်လျှင် ဤမျှ တိုတောင်းသော အချိန်အတွင်း မဖန်တီးနိုင်ပေ။

“ဆရာသခင် ဆိုတာ ဒါမျိုးကိုး... မြန်လိုက်တာ... လက်နက်သွန်းလုပ်တဲ့ အမြန်နှုန်းက လိုက်လို့ မမီနိုင်လောက်အောင်ပဲ...”

“အတွေးတစ်ချက်ဖြင့် လက်နက်ဖန်တီးခြင်း နတ်ဘုရား စွမ်းရည်... နောက်ဆုံးတော့ ပြန်တွေ့လိုက်ရပြီ...”

“ဆရာသခင်က တကယ် ကြောက်စရာ ကောင်းတာပဲ... ဒါက အင်မော်တယ် လက်နက်နော်... ပြီးတော့ သူ့စွမ်းအားက ဆက်တက်နေတုန်းပဲ...”

အင်မော်တယ် လက်နက် စံအိမ်မှ တပည့်များသည် စိတ်လှုပ်ရှားလွန်းသဖြင့် အော်ဟစ်လိုက်ကြ၏။

အင်မော်တယ် လက်နက် စံအိမ်တစ်ခုလုံး ဆူညံသွားလေသည်။

နတ်ဘုရား လက်နက် အပြီးသတ် ပုံဖော်ပြီးသွားသောအခါ ပိုမို ထက်ရှသော အရှိန်အဝါများ လွှမ်းခြုံသွားသည်။

“အဆင့်မြင့် အင်မော်တယ် လက်နက်...”

ချီယွမ် ၏ မျက်နှာပေါ်တွင် အံ့သြမှုများ ပြည့်နှက်နေ၏။ အောင်မြင်မှုနှုန်း မြင့်မားလွန်းသည်မှာ စိတ်ကူးကြည့်၍ပင် မရနိုင်ပေ။

“ဆရာ့ရဲ့ လက်နက်သွန်းလုပ်ခြင်း အဆင့်အတန်းက အရမ်း ကြောက်စရာ ကောင်းလွန်းတယ်... ငါတို့ ဘယ်တော့မှ လိုက်မီနိုင်မယ့် အဆင့် မဟုတ်ဘူး...”

အစောင့်အရှောက် အကြီးအကဲ တစ်ဦးက ထိတ်လန့်တကြား ပြောလိုက်သည်။

အင်မော်တယ် လက်နက် စံအိမ်မှ တပည့်များသည် ပိုမို အံ့သြသွားကြပြီး တစ်ယောက်ပြီးတစ်ယောက် ကျောက်ရုပ်များသဖွယ် တောင့်ခဲသွားကြ၏။

ဖုန်းဝူချန်၏ အင်မော်တယ် လက်နက် သွန်းလုပ်ခြင်း အောင်မြင်မှုနှုန်းသည် ရာနှုန်းပြည့် ဖြစ်သည်ဟု ပြောနိုင်သည်။

ပြီးတော့ အဆင့်မြင့် အင်မော်တယ် လက်နက် ဖြစ်နေသေးသည်။

ချီယွမ် ၏ အဆင့်အတန်းဖြင့် ဆိုလျှင် အင်မော်တယ် လက်နက် သွန်းလုပ်နိုင်လျှင်တောင် အောင်မြင်မှုနှုန်းသည် သနားစရာကောင်းလောက်အောင် နည်းပါးပေလိမ့်မည်။

ထိုစဉ်၊ ဖုန်းဝူချန်က ရှင်းပြလိုက်သည်။

“နောက်တစ်ဆင့်က အရေးကြီးဆုံးပဲ... လက်နက်ဝိညာဉ် စုစည်းနိုင်မလား ဆိုတာ ဒီအဆင့်အပေါ် မူတည်တယ်... လက်နက်ဝိညာဉ် ဖြစ်ပေါ်လာဖို့က နှစ်တစ်ထောင် သက်တမ်းရှိတဲ့ အင်မော်တယ် ဝိညာဉ် ကျောက်တုံးအပေါ် မူတည်တယ်... အင်မော်တယ် ဝိညာဉ် ကျောက်တုံးက မိုးမြေ အဆီအနှစ်တွေကို စုပ်ယူထားပြီး မသိစိတ် ဝိညာဉ် မှိန်ဖျဖျလေး ပါဝင်နေတတ်တယ်... ဒါပေမဲ့ ပြောရခက်ပါတယ်...”

ဖုန်းဝူချန်၏ မျက်နှာထား လေးနက်နေပြီး လက်များကို မရပ်မနား လှုပ်ရှားနေကာ သူ၏ ဝိညာဉ်စွမ်းအားများကို အဆက်မပြတ် ထည့်သွင်းနေ၏။

“စွမ်းအင်တွေ တက်လာပြန်ပြီ...”

ချီယွမ် တအံ့တဩ အော်ဟစ်လိုက်သည်။ သူ့မျက်လုံးများ ပြူးကျယ်သွားရ၏။

“ဒါ... ဒါက အဆင့်မြင့် အင်မော်တယ် လက်နက်ထက် ကျော်လွန်သွားပြီလေ...”

အကြီးအကဲ တစ်ဦး၏ မျက်နှာပေါ်တွင် အံ့သြမှုများ အထင်းသား ပေါ်နေ၏။ ဤမျှ အံ့ဖွယ်ကောင်းပြီး အစွမ်းထက်သည့် လက်နက်သွန်းလုပ်ခြင်း လုပ်ငန်းစဉ်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

“မဟုတ်မှလွဲရော... နတ်ဘုရား လက်နက် အဖြစ် ပြောင်းလဲသွားတာတော့ မဟုတ်ပါဘူးနော်...”

အစောင့်အရှောက် အကြီးအကဲ တစ်ဦးက တံတွေးတစ်ချက် မျိုချရင်း ပြောလိုက်သည်။

ဖုန်းဝူချန်က ခေါင်းအနည်းငယ် ခါလိုက်ပြီး...

“အင်မော်တယ် လက်နက် ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ... နတ်ဘုရား လက်နက် ဖြစ်မလာနိုင်ပါဘူး... နတ်ဘုရား လက်နက် သွန်းလုပ်ဖို့ဆိုတာ အရမ်း ခက်ခဲပါတယ်... ပြီးတော့ နတ်ဘုရား ဝိညာဉ် ကျောက်တုံး လိုအပ်ပါတယ်...”

မိနစ်အနည်းငယ် ကြာသောအခါ ဖုန်းဝူချန်၏ လေးနက်သော မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင်များ ပေါ်လာ၏။

အင်မော်တယ် လက်နက် အတွင်းမှ လက်နက်ဝိညာဉ်၏ အရှိန်အဝါ ထွက်ပေါ်လာသည်ကို သူ… အာရုံခံမိလိုက်ပြီ ဖြစ်သည်။

“အောင်မြင်သွားပြီ... လက်အိတ်ရော နဂါးနတ်ဘုရား ဓားရော နှစ်ခုစလုံး လက်နက်ဝိညာဉ် စုစည်းနိုင်သွားပြီ...”

ဖုန်းဝူချန် ဝမ်းသာအားရ အော်ဟစ်လိုက်သည်။ သူ့မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာ၏။

ဖုန်းဝူချန်သည် အဆင့်မြင့် အင်မော်တယ် လက်နက်ကို ဖန်တီးနိုင်သော်လည်း လက်နက်ဝိညာဉ် စုစည်းနိုင်ခြင်း ရှိမရှိ ဆိုသည်မှာ ကံတရားအပေါ် မူတည်နေပြီး လက်နက်သွန်းလုပ်ခြင်း အရည်အချင်း တစ်ခုတည်းအပေါ် မူတည်ခြင်း မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် နှစ်တစ်ထောင် သက်တမ်းရှိသော အင်မော်တယ် ဝိညာဉ် ကျောက်တုံးတိုင်းတွင် မသိစိတ် ဝိညာဉ် ပါဝင်နေသည် မဟုတ်သောကြောင့် ဖြစ်၏။

“ငါ အာရုံခံမိတယ်... ဒါ လက်နက်ဝိညာဉ်ပဲ... အရှိန်အဝါက သိပ်မထင်ရှားပေမယ့် သေချာတယ်...”

ချီယွမ် အံ့သြတကြီး ပြောလိုက်သည်။ လက်နက်ဝိညာဉ် စုစည်းနိုင်သော အင်မော်တယ် လက်နက်ကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။

“ဒါ... ဒါ အင်မော်တယ် လက်နက် ဟုတ်သေးရဲ့လား... ဒီအရှိန်အဝါက အဆင့်မြင့် အင်မော်တယ် လက်နက်ထက် ကျော်လွန်နေပြီ...”

အစောင့်အရှောက်များနှင့် အကြီးအကဲများသည် အံ့သြလွန်းသဖြင့် စကားမပြောနိုင်တော့ပေ။

“ဆရာသခင်က တကယ် စွမ်းလွန်းတယ်...”

ချီခုံး ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုနှင့် အံ့သြမှုများ ရောထွေးနေ၏။

အင်မော်တယ် လက်နက် စံအိမ်မှ တပည့်များအားလုံး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြတော့သည်။

အခန်း (၆၂၇) - အစွမ်းအထက်ဆုံး အင်မော်တယ် လက်နက်

~အင်မော်တယ် လက်နက် ဖြစ်ပေါ်လာသည့် အချိန်၌ ပြင်းထန်သော အရှိန်အဝါများသည် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး အတားအဆီးမဲ့စွာ မြင့်တက်သွားတော့သည်။

မိုးမြေ အရောင်ပြောင်းသွားသည်။

ရွှေရောင် အလင်းတန်းများသည် မိုးထိအောင် ထိုးတက်သွားပြီး တိမ်ပင်လယ်ထက်တွင် ကြီးမားသော ဝဲကတော့ကြီး တစ်ခု ဖွဲ့တည်၏။

ထိုမြင်ကွင်းသည် အံ့မခန်း ဖြစ်ပြီး မြင်ရသူတိုင်းကို ရင်သပ်ရှုမောစေသည်။

ခဏအတွင်းမှာပင် ဝူကျိနယ်မြေရှိ အင်အားကြီးဂိုဏ်းများနှင့် ကျင့်ကြံသူများသည် ကောင်းကင်ယံမှ ကြီးမားသော ဝဲကတော့ကြီးကို လှမ်းကြည့်လိုက်ကြ၏။

တစ်ချက်ကြည့်လိုက်ရုံဖြင့် အားလုံး အံ့သြမှင်သက်သွားကြ၏။

ကျန်းမိသားစု နန်းဆောင် အတွင်း၌ အားလုံး ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။

“ဒါ... ဒါက အဆင့်မြင့် အင်မော်တယ် လက်နက်ပဲ...”

“ချီယွမ် က အဆင့်မြင့် အင်မော်တယ် လက်နက် သွန်းလုပ်လိုက်တာလား...”

“မဟုတ်ဘူး... ဒီအရှိန်အဝါက အဆင့်မြင့် အင်မော်တယ် လက်နက်ထက် ပိုပြင်းထန်တယ်... ချီယွမ် လုပ်နိုင်တဲ့ အဆင့် မဟုတ်ဘူး... သေချာပေါက် ဆေးဧကရာဇ် လက်ချက်ပဲ...”

ကျန်းမိသားစု ခေါင်းဆောင်များ အံ့သြတကြီး အော်ဟစ်လိုက်ကြ၏။

ဤမျှ ကြီးမားသော အရှိန်အဝါကို ဖုန်းဝူချန်သာ ဖန်တီးနိုင်မည်ဟု ကျန်းဝူဟန် သေချာပေါက် ယုံကြည်ထားလေသည်။

တစ်ချိန်တည်းမှာပင် လေလံရုံ၊ ထျန်းတောက်ဂိုဏ်း၊ ရှင်းဝူ ဂိုဏ်း၊ ကျူးကော မိသားစု နှင့် အခြားသော အင်အားကြီးဂိုဏ်းများ အားလုံးက တပ်လှန့်လိုက်ကြတော့၏။

“အဆင့်မြင့် အင်မော်တယ် လက်နက်... ချီယွမ် က ကမ္ဘာကျော် လက်နက်တစ်ခုကို ထပ်မံ ဖန်တီးလိုက်ပြန်ပြီ...”

တစ်နေရာရာရှိ ခမ်းနားသော နန်းတော်ကြီး တစ်ခုထဲတွင် အဘိုးအို တစ်ဦးသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သည်။

“ဒီအရှိန်အဝါက အဆင့်မြင့် အင်မော်တယ် လက်နက်ထက် ပိုပြင်းထန်တယ်... ကြည့်ရတာ ချီယွမ်ရဲ့ လက်နက်သွန်းလုပ်ခြင်း အဆင့်အတန်းက ပိုပြီး မြင့်မားလာပုံရတယ်... အဆင့် (၉) လက်နက်ပညာရှင် ဖြစ်လာဖို့ သိပ်မလိုတော့ဘူးနဲ့ တူတယ်...”

မြောက်ပိုင်း နက်နဲခြင်း နယ်မြေရှိ တောင်ထိပ်တစ်ခုပေါ်တွင် ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူနှင့် အဘိုးအို တစ်ဦးသည် အံ့သြတကြီး ရေရွတ်လိုက်သည်။

“ချီယွမ် ဆိုတဲ့ ဘီလူးအိုကြီးက တစ်နှစ်အတွင်း အဆင့်မြင့် အင်မော်တယ် လက်နက် နှစ်ခုတောင် ဖန်တီးနိုင်ခဲ့တယ်... သူသာ အဆင့် (၉) လက်နက်ပညာရှင် ဖြစ်သွားရင် တိုက်ကြီးပေါ်မှာ ဘယ်သူမှ အင်မော်တယ် လက်နက် စံအိမ်ကို ခြိမ်းခြောက်ရဲတော့မှာ မဟုတ်ဘူး...”

နတ်ဘုရား ဘုရင် နန်းတော် ခန်းမဆောင်ထဲတွင် နန်းတော်သခင်ကြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ သူ့မျက်နှာထား အလွန် လေးနက်နေ၏။

အင်မော်တယ် လက်နက် စံအိမ်တွင်မူ အားလုံး၏ အကြည့်များသည် ကောင်းကင်ယံမှ အံ့မခန်း မြင်ကွင်းကြီးဆီသို့ ရောက်ရှိနေကြ၏။

“အင်မော်တယ် လက်နက်မှာ ဝိညာဉ် ပါတယ်... တကယ်ကြီး ဝိညာဉ် ပါတယ်...”

“ဒီလောက် စွမ်းအားကြီးတဲ့ အင်မော်တယ် လက်နက်မျိုး တစ်ခါမှ မမြင်ဖူးဘူး...”

“အတွေးတစ်ချက်ဖြင့် လက်နက်ဖန်တီးခြင်း နတ်ဘုရား စွမ်းရည်... ဆရာသခင်က တကယ် စွမ်းလွန်းတယ်...”

အင်မော်တယ် လက်နက် စံအိမ်မှ တပည့်များ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြ၏။ သူတို့၏ မျက်နှာများ နီရဲနေပြီး အသံများသည် ကောင်းကင်ယံသို့ ထိုးတက်သွားသည်။

“ဒဏ္ဍာရီတွေထဲမှာတော့ နတ်ဘုရား လက်နက်တွေမှာပဲ ဝိညာဉ် ပါတယ်လို့ ဆိုကြတယ်... ဆရာက အင်မော်တယ် လက်နက်မှာ ဝိညာဉ် ထည့်သွင်းနိုင်လိမ့်မယ်လို့ ထင်မထားခဲ့မိဘူး...”

ချီယွမ် သည် အံ့သြဝမ်းသာ ဖြစ်ပြီး တစ်ကိုယ်လုံး တုန်ယင်နေ၏။

“အဆင့်မြင့် အင်မော်တယ် လက်နက် တစ်ခုတည်းနဲ့ ဒီလောက် အရှိန်အဝါ ပြင်းထန်နေတာ မယုံနိုင်စရာပဲ...”

အစောင့်အရှောက်များနှင့် အကြီးအကဲများ ထပ်မံ အံ့သြသွားကြပြန်သည်။

ဖုန်းဝူချန်၏ လက်နက်သွန်းလုပ်ခြင်း အရည်အချင်းသည် အင်ပါယာ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သက်သေပြနေ၏။

“မပြီးသေးဘူး... အင်မော်တယ် လက်နက်ရဲ့ အရှိန်အဝါက ဒီထက် ပိုပြီး ပြင်းထန်လာနိုင်သေးတယ်...”

အင်မော်တယ် လက်နက် စံအိမ်မှ လူများ အံ့သြမှင်သက်နေချိန်တွင် ဖုန်းဝူချန်၏ စကားသံသည် ဗုံးတစ်လုံး ပေါက်ကွဲလိုက်သကဲ့သို့ ထွက်ပေါ်လာ၏။

“ဒီထက် ပိုပြင်းထန်လာနိုင်သေးတယ် ဟုတ်လား...”

ချီယွမ် ကြောက်လွန်းသဖြင့် မြေကြီးပေါ်သို့ လဲကျမတတ် ဖြစ်သွားသည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

အစောင့်အရှောက် အကြီးအကဲ တစ်ဦး မျက်လုံးများ ပြူးကျယ်ကာ တောင့်ခဲသွားရ၏။

အင်မော်တယ် လက်နက် စံအိမ် တစ်ခုလုံး ပွက်လောရိုက်သွားပြီး တပည့်များ၏ အာမေဋိတ်သံများသည် ကောင်းကင်ယံကို တုန်ခါသွားစေသည်။

ဖုန်းဝူချန်က ပြုံးကာ ပြောလိုက်သည်။

“အင်မော်တယ် လက်နက် ဖြစ်ဖြစ်၊ ဝိညာဉ် လက်နက် ဖြစ်ဖြစ်၊ ရတနာ လက်နက် ဖြစ်ဖြစ်... သူ့ရဲ့ အရှိန်အဝါ အထွတ်အထိပ် ရောက်နေတဲ့အချိန်မှာ ဖိအားနဲ့ ထပ်ပြီး မြှင့်တင်လို့ ရတယ်...”

“ဟင်..ဖိအားနဲ့ ထပ်ပြီး မြှင့်တင်လို့ ရတယးာလား ...”

ထိုစကားကို ကြားသောအခါ ချီယွမ် နှင့် အခြားသူများသည် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြပြန်သည်။

ယနေ့ ဖုန်းဝူချန် ပေးစွမ်းသော အံ့သြမှုများသည် သူတို့ တစ်သက်လုံး ကြုံဖူးသမျှ အံ့သြမှုများ ပေါင်းထားသည်ထက်ပင် ပိုမို များပြားနေ၏။

ဒီလောက် ကြောက်စရာကောင်းတဲ့ အရှိန်အဝါကို ထပ်ပြီး မြှင့်တင်လို့ ရသေးတယ်တဲ့လား...

အင်မော်တယ် လက်နက် စံအိမ် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ယနေ့ အင်မော်တယ် လက်နက် စံအိမ်မှ လူများသည် ကောင်းကင်ဘုံနှင့် ငရဲဘုံကို တလှည့်စီ ရောက်သွားသကဲ့သို့ ခံစားနေကြရသည်။

“ဒါက အထူးနည်းလမ်း တစ်မျိုးပဲ... ရှေးဟောင်း စွမ်းအားတွေ ဒါမှမဟုတ် ပိုပြီး အစွမ်းထက်တဲ့ မျိုးဆက် စွမ်းအားတွေကို လက်နက်ထဲ ထည့်သွင်းပေးလိုက်တာ... သာမန် လက်နက်ပညာရှင်တွေ မလုပ်နိုင်ဘူး... ကိုယ်တိုင် အဲ့ဒီ စွမ်းအားတွေကို ပိုင်ဆိုင်ထားမှ လုပ်လို့ရတာ... အရင်တုန်းက ကျွန်တော် သွန်းလုပ်ခဲ့တဲ့ နဂါးနတ်ဘုရား ဓားထဲမှာ နဂါးသွေး ထည့်သွင်းခဲ့လို့ ဒီလောက် စွမ်းအားကြီးနေတာပေါ့...”

ဖုန်းဝူချန်က ရှင်းပြရင်း ကမ္ဘာပျက် စွမ်းအားကို ပို့လွှတ်လိုက်သည်။

ချီယွမ် နှင့် အခြားသူများသည် နတ်ဘုရား စာအုပ်ကို ဖတ်ပြနေသကဲ့သို့ နားမလည်နိုင်စွာ နားထောင်နေကြ၏။

ဖုန်းဝူချန် ပြောနေသော အရာများကို သူတို့ တစ်ခါမှ မကြားဖူးခဲ့ကြပေ။

ဖုန်းဝူချန်၏ လက်သင်္ကေတများ ပြောင်းလဲသွားပြီး ကမ္ဘာပျက် စွမ်းအားများသည် လက်အိတ်နှင့် နဂါးနတ်ဘုရား ဓားထဲသို့ အဆက်မပြတ် စီးဝင်သွားသည်။ နတ်ဘုရား လက်နက် နှစ်ခုစလုံးသည် မည်းနက်သော အနီရောင် အလင်းတန်းများဖြင့် လွှမ်းခြုံသွားသည်။

အမှန်ပင်။

ကမ္ဘာပျက် စွမ်းအားများ ပေါင်းစပ်သွားသည်နှင့် တပြိုင်နက် လက်အိတ်နှင့် ဓားတို့၏ အရှိန်အဝါသည် ရုတ်ချည်း မြင့်တက်သွားတော့သည်။

“အရှိန်အဝါတွေ တက်လာပြီ...”

ချီယွမ် နှင့် အခြားသူများသည် အသက်ရှူမှားလောက်အောင် တုန်လှုပ်သွားကြ၏။

ဒီလက်နက်သွန်းလုပ်နည်းက ဘယ်လောက်တောင် ကြောက်စရာ ကောင်းသလဲ...

ဖုန်းဝူချန်သည် အဆင့်မြင့် အင်မော်တယ် လက်နက်ကို ရာနှုန်းပြည့် အောင်မြင်အောင် သွန်းလုပ်နိုင်ခဲ့သည်မှာ အံ့မခန်း ဖြစ်နေတော့၏။

ယခုတွင်မူ လက်နက်ဝိညာဉ်ကို စုစည်းစေပြီး ကမ္ဘာပျက် စွမ်းအားဖြင့် အင်မော်တယ် လက်နက်၏ အရှိန်အဝါကို အတင်းအကြပ် မြှင့်တင်ပေးနေပြန်သည်။

သူတို့ ဘယ်လိုလုပ် မအံ့သြဘဲ နေနိုင်ပါမည်နည်း။

ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော လက်နက်သွန်းလုပ်ခြင်း ပညာရပ်မျိုးသည် ရှေးယခင်ကရော ယခုကာလမှာပါ ပြိုင်ဘက်ကင်းသည်ဟု ပြောနိုင်သည်။

လက်ရှိ တိုက်ကြီးပေါ်တွင် ချီယွမ်ထက် သာလွန်သော လက်နက်ပညာရှင်များ ရှိကောင်း ရှိနိုင်သော်လည်း ဖုန်းဝူချန်၏ နတ်ဘုရား အဆင့် လက်နက်သွန်းလုပ်ခြင်း ပညာရပ်ကိုမူ မည်သူမျှ လိုက်မီနိုင်မည် မဟုတ်ပေ။

အင်မော်တယ် လက်နက် စံအိမ် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး လူတိုင်း အံ့သြမှင်သက်နေကြ၏။

လက်အိတ်နှင့် နဂါးနတ်ဘုရား ဓားတို့၏ အရှိန်အဝါ အထွတ်အထိပ်သို့ ရောက်ရှိပြီး ရပ်တန့်သွားသောအခါ မျက်စိကျိန်းမတတ် အလင်းတန်းများ ပေါက်ကွဲထွက်လာ၏။ အင်မော်တယ် လက်နက် စံအိမ် တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ကောင်းကင်ယံသို့ ထိုးတက်သွားကာ နေရာလပ်ကြီး တစ်ခုလုံးကို နတ်ဘုရား အလင်းရောင်များဖြင့် ဖုံးလွှမ်းသွားစေသည်။

ကောင်းကင် နတ်ဘုရား တစ်ပါး ဆင်းသက်လာသကဲ့သို့ ခမ်းနားထည်ဝါလှသည်။

ကြောက်မက်ဖွယ် အရှိန်အဝါများ ရူးသွပ်စွာ ပြန့်ကားသွားပြီး ထိပ်သီးပုဂ္ဂိုလ်ကြီး အများအပြားကို တုန်လှုပ်သွားစေသည်။

အင်မော်တယ် လက်နက် စံအိမ်သည် တိုက်ကြီး၏ နံပါတ်တစ် လက်နက်ပညာရှင် ဂိုဏ်း ဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင်။

ဤမျှ ကြမ်းတမ်းပြီး ကြောက်မက်ဖွယ်ကောင်းသော လက်နက်သွန်းလုပ်ခြင်း ပညာရပ်မျိုးကို မည်သူမျှ ယှဉ်နိုင်မည် မဟုတ်ပေ။

ဤအချိန်တွင် အင်မော်တယ် လက်နက် စံအိမ်မှ ထွက်ပေါ်လာသော အင်မော်တယ် လက်နက်၏ အရှိန်အဝါကြောင့် တိုက်ကြီးပေါ်ရှိ အင်အားကြီးဂိုဏ်းများ အားလုံး စိုးရိမ်ထိတ်လန့်သွားကြ၏။

“အောင်မြင်သွားပြီ၊ ဟားဟားဟား...”

ဖုန်းဝူချန် ဝမ်းသာအားရ ရယ်မောလိုက်သည်။ လက်နက်ဝိညာဉ် ပါဝင်သော အဆင့်မြင့် အင်မော်တယ် လက်နက်ကို ပထမဆုံးအကြိမ် ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်၏။

ဖုန်းဝူချန် ကံကောင်းသည်။ အင်မော်တယ် လက်နက် နှစ်ခုစလုံးသည် လက်နက်ဝိညာဉ် စုစည်းနိုင်ခဲ့ကြ၏။

သို့သော် ပြန်လည် သွန်းလုပ်လိုက်ရသဖြင့် မူလ လက်နက်များ မရှိတော့ပေ။

ဖုန်းဝူချန် အနေဖြင့် အသစ်ပြန်လည် သွန်းလုပ်ရပေဦးမည်။

“အစွမ်းအထက်ဆုံး အင်မော်တယ် လက်နက်တွေပဲ... ဒါတွေက တိုက်ကြီးပေါ်မှာ အစွမ်းအထက်ဆုံး အင်မော်တယ် လက်နက်တွေ ဖြစ်လာလိမ့်မယ်...”

ချီယွမ် မှင်သက်စွာ အော်ဟစ်လိုက်မိသည်။

ဖုန်းဝူချန်က ပြုံးကာ ၊

“အဆင့် (၉) အထိ သွန်းလုပ်လိုက်ရင် တပိုင်း နတ်ဘုရား လက်နက်လောက်နဲ့ ညီမျှသွားလိမ့်မယ်...”

“တပိုင်း နတ်ဘုရား လက်နက်...”

အင်မော်တယ် လက်နက် စံအိမ်မှ လူများ အလွန်အမင်း တုန်လှုပ်သွားကြ၏။

ဒီလောက် ကြောက်စရာကောင်းတဲ့ အင်မော်တယ် လက်နက်မျိုး လောကကြီးမှာ တကယ် ရှိနိုင်လို့လား...

သံသယဖြစ်စရာ မလိုတော့ပေ။ ဖုန်းဝူချန် ကိုယ်တိုင် သက်သေပြလိုက်ပြီ ဖြစ်၏။

“ဆရာ... ဆရာက... သွန်းလုပ်ရေး ပညာရှင်လား...”

ချီယွမ် အကြာကြီး မှင်သက်နေရာမှ သတိဝင်လာပြီး မေးလိုက်သည်။

“အဆင့် (၆) သွန်းလုပ်ရေး ပညာရှင်ပါ... အခုဆိုရင် အဆင့် (၇) နား ရောက်နေလောက်ပြီ...”

ဖုန်းဝူချန်က ပြုံးကာ ပြောလိုက်ပြီး လက်အိတ်ကို ဝတ်ဆင်လိုက်သည်။

ဖုန်းဝူချန်သည် လက်အိတ်၏ စွမ်းအားကို စမ်းသပ်ကြည့်ချင်စိတ် ပြင်းပြနေ၏။

“အဆင့် (၇) နား ရောက်နေပြီ ဟုတ်လား...”

ချီယွမ် နှင့် အစောင့်အရှောက် အကြီးအကဲများ ကြောက်လွန်းသဖြင့် ဝိညာဉ်လိပ်ပြာ လွင့်မတတ် ဖြစ်ကုန်ကြ၏။

‘လက်နက်ပညာရှင်၊ ဆေးဧကရာဇ်၊ အခုတော့ အဆင့် (၆) သွန်းလုပ်ရေး ပညာရှင်တဲ့လား...

ကြောက်မက်ဖွယ် ပညာရပ် (၃) ခုကို တစ်ယောက်တည်း ပိုင်ဆိုင်ထားတာလား...

ဒါ လူမှ ဟုတ်သေးရဲ့လား... နတ်ဘုရား တစ်ပါး ဖြစ်နေပြီ…’

ကမ္ဘာပျက် စွမ်းအားကို ပို့လွှတ်လိုက်ပြီး လက်အိတ်ထဲသို့ ထည့်သွင်းလိုက်ရာ လက်အိတ်မှ မည်းနက်သော အနီရောင် အလင်းတန်းများ လက်ဖြာသွားသည်။

“ဘုန်း...”

“ဝူး...”

ဖုန်းဝူချန်သည် ရက်စက်စွာ အော်ဟစ်လိုက်ပြီး လေထုထဲသို့ လက်သီးဖြင့် ထိုးချလိုက်သည်။ အလွန်တရာ ကြီးမားသော စွမ်းအင်လှိုင်းကြောင့် လေထု အက်ကွဲသွားပြီး ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာစေသည်။

ကမ္ဘာပျက် စွမ်းအားကို အသုံးပြုလိုက်သောအခါ ဖုန်းဝူချန်၏ စွမ်းအားသည် ကောင်းကင်ဘုံလူသား အဆင့် (၈) အထွတ်အထိပ်နှင့် ယှဉ်နိုင်ရုံသာ ရှိသည်။

သို့သော် ဤလက်သီးချက် တစ်ချက်တည်း၏ စွမ်းအားသည် ကောင်းကင်ဘုံလူသား အဆင့် (၉) အထွတ်အထိပ်နှင့် ယှဉ်နိုင်နေ၏။

All Chapters