အခန်း (၁၉၅၁-၁၉၅၄)
Vol. 104 Ch. 1951-1954
အခန်း (၁၉၅၁) - ဒီအမျိုးသမီးက တော်တော်လေး သက်တောင့်သက်သာ ရှိသားပဲ
~လှပသော အမျိုးသမီးသည် သူမ၏ ရှေ့မှောက်ရှိ ရတနာကို ငေးမောကြည့်ရှုရင်း စွဲလမ်းသွားရ၏။
ထိုအရာ၏ စစ်မှန်သော ပုံပန်းသဏ္ဍာန် ပေါ်ထွက်လာသည်ကို မြင်လိုက်ရသောအခါ၊ သူမသည် အသက်ကို ၀ရှူလိုက်မိပြီး ယဲ့ဖန်ကို စိုးရိမ်တကြီး ကြည့်လိုက်လေသည်။
"ရှင် ဒီ 'ကိုးပြည်ထောင် ဖိုကြီး' ကို မယူခင်...ကျွန်မ နောက်တစ်ခါ ထပ်ပြီး သတိပေးပါရစေ။"
"ဒီပစ္စည်းက ဒီဗွန်ရှိုင်းယား မိသားစု ပိုင်ဆိုင်တာတင် မဟုတ်ဘူး... သခင်လေး 'ဒီဗွန်ရှိုင်းယားဟွတ်ခ်' ကိုယ်တိုင် အသက်နဲ့ရင်းပြီး ခက်ခက်ခဲခဲ ရှာဖွေထားရတဲ့ ပစ္စည်းပဲ။"
"ဒီက စီးပွားရေး လုပ်ငန်းတွေ အားလုံးကလည်း သခင်လေး ဟွတ်ခ် ပိုင်ဆိုင်တာပဲ။"
"ပြီးတော့ ဒီဖိုကြီးထဲမှာ အထူး ချစ်ပ်ပြား တပ်ဆင်ထားတယ်။ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှု တစ်ခုခု ဖြစ်တာနဲ့... အချက်ပေးသံနဲ့ တည်နေရာ အချက်အလက်တွေက ဒီဗွန်ရှိုင်းယား အိမ်တော်ဆီကို တိုက်ရိုက် ရောက်သွားမှာ။"
"ရှင်သာ ဒီပစ္စည်းတွေကို ထိရဲတယ် ဆိုရင်တော့... ဒီဗွန်ရှိုင်းယား မိသားစုရဲ့ မုန်တိုင်းကို ရင်ဆိုင်ဖို့သာ ပြင်ထားလိုက်ပေတော့။"
ယဲ့ဖန်ကမူ ထို အမျိုးသမီး၏ သတိပေးစကားများကို နားထဲမထည့်ပေ။ သူသည် လုံခြုံရေး သေတ္တာထဲသို့ လက်နှိုက်လိုက်ပြီး ထိုဖိုကြီးကို ဖြည်းညှင်းစွာ မယူလိုက်လေ၏။
ပစ္စည်းမှာ အထိအခိုက် အပျက်အစီး မရှိသည်ကို အတည်ပြုပြီးနောက်... သူသည် လုံခြုံရေး အစောင့်အချို့၏ အဝတ်အစားများကို ယူငင်ကာ အထပ်ထပ် ရစ်ပတ် ထုပ်ပိုးလိုက်လေတော့သည်။
ထိုအခိုက်အတန့်၌... တယ်လီဖုန်း မြည်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။
ထိုအသံမှာ အမျိုးသမီး၏ ရှေ့ရှိ တယ်လီဖုန်းဆီမှ လာခြင်း ဖြစ်ချေသည်။
အမျိုးသမီးသည် ဖုန်းကို တစ်ချက်မျှ လှမ်းကြည့်လိုက်ရုံဖြင့် မျက်နှာထား ပျက်ယွင်းသွားရသည်။
"ဒါ ဒီဗွန်ရှိုင်းယား အိမ်တော်က ဆက်သွယ်လာတာပဲ။"
"ဒီ လုံခြုံရေး သေတ္တာမှာ အကာအကွယ် စနစ် နှစ်မျိုး ရှိတယ်လေ။ ခုနက ကျွန်မ ပြောတဲ့ တည်နေရာ ပြစနစ် အပြင်... လျှို့ဝှက် အချက်ပေး ကိရိယာလည်း ပါသေးတာကိုး။"
"ကျွန်မက သေတ္တာကို ဖွင့်လိုက်တာနဲ့... အဲ့ဒီ ကိရိယာက အိမ်တော်ဆီကို အလိုအလျောက် သတင်းပို့လိုက်တာ နေမှာ။"
"အခု ဖုန်းဆက်လာတာက... ကျွန်မ ဘာလို့ သေတ္တာဖွင့်လိုက်တာလဲ ဆိုတာကို မေးဖို့ပဲ ဖြစ်ရမယ်။"
ယဲ့ဖန်ကမူ ဂရုမစိုက်သည့် ဟန်ပန်ဖြင့်...
"ကိုင်လိုက်လေ။"
အမျိုးသမီးမှာ ခေတ္တမျှ တွန့်ဆုတ်နေမိ၏။ သူမသည် ရှေ့မှောက်ရှိ သေချာစွာ ထုပ်ပိုးထားပြီး ဖြစ်သော ကိုးပြည်ထောင် ဖိုကြီးကို ကြည့်ကာ...
"ဒါဆို ဘယ်လို ဖြေရမလဲ။"
"အခု ရှင် လွတ်မြောက်ဖို့ လိမ်ပြောပေးလိုက်ရင်တောင်မှ... ကိုးပြည်ထောင် ဖိုကြီးက သေတ္တာထဲက ထွက်ခွာသွားပြီ ဆိုတာကို သူတို့ မကြာခင် သိသွားကြမှာပဲ။ ဒီအလိမ်က သုံးမိနစ်တောင် ခံမှာ မဟုတ်ဘူး။"
"အမှန်အတိုင်းသာ ပြောလိုက်။"
ယဲ့ဖန်၏ နှုတ်ခမ်းထောင့်စွန်းများမှာ အနည်းငယ် ကွေးညွတ်သွားရ၏။
"အမှန်အတိုင်း ပြောရမယ် ဟုတ်လား။"
အမျိုးသမီးမှာ နားကိုပင် မယုံနိုင်သလို ဖြစ်သွားရပြီး သူ့ကို ကြောင်ငေးကြည့်နေမိတော့သည်။
"ဟုတ်တယ်။" ယဲ့ဖန်က ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်၏။ "အမှန်အတိုင်းသာ ပြောလိုက်စမ်းပါ။"
အဘယ်ကြောင့်ဆိုသော် ထို အမျိုးသမီး၏ စကားများက သူ့အား အကြံဉာဏ်ကောင်း တစ်ခု ရရှိသွားစေသောကြောင့်ပင်။
ဒါဟာ နောင်အရှုပ်အရှင်း ကိစ္စများကို ရှင်းလင်းပစ်ရန်အတွက်... ကောင်းကင်ဘုံက ပေးသနားသော တစ်ကြိမ်တည်းသော အခွင့်အရေးပင် မဟုတ်ပါလော။
သူ့လက်ထဲတွင် ကိုးပြည်ထောင် ဖိုကြီး ရောက်ရှိနေပြီ ဖြစ်သော်လည်း... သူသည် ထွက်ပြေးရန် အလျင်မလိုတော့ပေ။
အမျိုးသမီးသည် ယဲ့ဖန်၏ အမူအရာမှာ နောက်ပြောင်နေခြင်း မဟုတ်ကြောင်း သိလိုက်ရသောအခါ... ခေတ္တမျှ မှင်သက်သွားပြီးမှ ဖုန်းကို ကောက်ကိုင်လိုက်ကာ စပီကာ ဖွင့်လိုက်လေတော့သည်။
ဖုန်းလိုင်း ပွင့်သွားပြီး စပီကာမှ အသံထွက်လာသည်နှင့် တပြိုင်နက်... ဖုန်းတစ်ဖက်မှ ယဲ့ဖန် အလွန် ရင်းနှီးနေသော လူလတ်ပိုင်း အမျိုးသား တစ်ဦး၏ အသံ ထွက်ပေါ်လာ၏။
"ရို့စ်... မင်း ဘာလို့ သေတ္တာကို ဖွင့်လိုက်တာလဲ။"
"အဲ့ဒီ ပစ္စည်း ထည့်ထားတဲ့ သေတ္တာ ပွင့်သွားတယ် ဆိုတဲ့ အချက်ပေးချက် ငါ့ဆီ ရောက်လာလို့။"
"သေတ္တာဖွင့်ဖို့ လျှောက်လွှာတင်တာလည်း ငါ့ဆီ မရောက်ပါလား... မင်း ဘာတွေ လုပ်နေတာလဲ။"
ထိုအသံမှာ... ဒီဗွန်ရှိုင်းယား မိသားစု၏ အိမ်တော်ထိန်းကြီး( ဘတ်တလာ ) 'ဒီဗွန်ရှိုင်းယား ဂျန့်မန်း' ပင် ဖြစ်ချေသည်။
ယဲ့ဖန်သည် ထိုအသံကို ရာနှုန်းပြည့် သေချာနေပြီ ဖြစ်၏။
ထို့နောက်တွင် ရို့စ် ဟု ခေါ်သော ထို အမျိုးသမီးက ယဲ့ဖန်၏ ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်လေသည်။
ရို့စ်သည် ယဲ့ဖန်ကို လှမ်းကြည့်လိုက်ရာ... ယဲ့ဖန်က ခေါင်းညိတ်ပြလိုက်သဖြင့် သူမသည် ဖုန်းထဲသို့ အမှန်အတိုင်း ဖြေကြားလိုက်တော့၏။
"မစ္စတာ ဂျန့်မန်း... ပြဿနာ တက်နေပါပြီ။"
"ဂိုဒေါင်ကို ပြန်ပေးဆွဲခံလိုက်ရပြီရှင့်"
"ကျွန်မ ရုံးခန်းထဲက လုံခြုံရေးတွေ အကုန်လုံး အသတ်ခံလိုက်ရသလို... ကျွန်မလည်း ခြေလက်တွေ ကျိုးပြီး ရန်သူ့လက်ထဲမှာ သုံ့ပန်း ဖြစ်နေရပါပြီ။"
"တစ်ဖက်လူက... သေတ္တာထဲက ပစ္စည်းကို လိုချင်လို့ ရောက်လာတာပါ။"
"ဘာ..."
ဖုန်းတစ်ဖက်မှ ဒီဗွန်ရှိုင်းယား ဂျန့်မန်းမှာ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
"ဂိုဒေါင် ပြန်ပေးဆွဲခံရတယ် ဟုတ်လား။"
"ဘယ်သူကများ သတ္တိကောင်းပြီး... နေမဝင်အင်ပါယာ ပိုင်နက်ထဲမှာ ဒီဗွန်ရှိုင်းယား မိသားစုရဲ့ ပစ္စည်းကို လာပြီး လုရဲတာလဲကွ။"
"တစ်ဖက်လူက ဘယ်သူလဲ... သူ့ပုံစံက ဘယ်လိုလဲ ပြောစမ်း... ငါ အခုချက်ချင်း လူလွှတ်ပြီး လိုက်ဖမ်းခိုင်းလိုက်မယ်"
"တစ်ဖက်လူက... တစ်ဖက်လူက..."
ရို့စ်သည် ခေတ္တမျှ တွန့်ဆုတ်သွားပြီး၊ ယဲ့ဖန်၏ ခွင့်ပြုချက်ကို တောင်းခံသလို ကြည့်လိုက်ရှာ၏။
ယဲ့ဖန်သည် ကိုယ်တိုင် ပြောဆိုရန် ဆုံးဖြတ်လိုက်ပြီး ပြုံးလျက် ဝင်ပြောလိုက်လေသည်။
"မစ္စတာ ဂျန့်မန်း အနေနဲ့... ကျွန်တော့်နောက်ကို လူလွှတ်ပြီး လိုက်ဖမ်းခိုင်းနေစရာ မလိုပါဘူးဗျာ..."
"ကျွန်တော် စတန့်စ် လေဆိပ်က မန်နေဂျာ ရုံးခန်းထဲမှာ ရှိနေတုန်းပါပဲ။"
"ဒါနဲ့ ပြောရဦးမယ်... မန်နေဂျာ ရို့စ် ကတော့... တော်တော်လေး သက်တောင့်သက်သာ ရှိသားပဲ..."
ထိုသို့ ပြောဆိုပြီးနောက်...ယဲ့ဖန်သည် ဖုန်းကို ချလိုက်ကာ၊ ဆင်းမ်ကတ်အား ဆွဲထုတ်၍ ဖုန်းကို ပါဝါပိတ်ပစ်လိုက်လေတော့သတည်း။
အခန်း (၁၉၅၂) - ဒီဗွန်ရှိုင်းယား မိသားစုကြီး အမျက်ဒေါသ ထွက်ခြင်း
~ဖုန်းလိုင်း ပြတ်တောက်သွားသည့် အသံကို ကြားလိုက်ရသောအခါ... ဒီဗွန်ရှိုင်းယား အိမ်တော်ကြီးအတွင်း၌ ရှိနေသော ဂျန့်မန်း တစ်ယောက် နားကိုပင် မယုံနိုင်အောင် ဖြစ်သွားရရှာ၏။
ထို မောက်မာရိုင်းစိုင်းလှသော လူတစ်ယောက်သည်... ဒီဗွန်ရှိုင်းယား မိသားစုကို ဓားပြတိုက်ရုံတင် မကသေးဘဲ၊ အခင်းဖြစ်ပွားရာ နေရာမှာတင် ဗြောင်ကျကျ ဆက်နေရဲသည် ဟုတ်လား။ ဒါတင် မကသေးဘဲ... သူက ရို့စ် ကိုပါ ကစားလိုက်သေးသည်တဲ့လား။
ခုနက ဖုန်းထဲကနေတောင်... ရို့စ် က တော်တော်လေး သက်တောင့်သက်သာ ရှိသားပဲ ဆိုပြီး ရန်စလိုက်သေးသည် မဟုတ်ပါလော။
"သောက်ကျိုးနည်း"
"ဒီကောင်... တကယ် သေသင့်နေပြီ"
ဂျန့်မန်း တစ်ယောက် သတိဝင်လာသည်နှင့် တပြိုင်နက်... စားပွဲကို ဝုန်းခနဲ ထုချလိုက်မိတော့သည်။
ဒီဗွန်ရှိုင်းယား မြို့စားကြီးဆီမှာ နှစ်ပေါင်းများစွာ အလုပ်အကျွေး ပြုလာခဲ့သမျှ ကာလပတ်လုံး... သူ ဒီလောက်အထိ အရှက်ကွဲတာမျိုး တစ်ခါမှ မကြုံဖူးခဲ့ပေ။
ဪ... နေဦး... သခင်လေး ဒီဗွန်ရှိုင်းယားဟွတ်ခ် အယောင်ဆောင်ထားသော လူနှစ်ယောက်က သူ့ကို လိမ်ပြီး ချန်လုံခေတ် 'အသက်ရှည်' ဘူးသီးပုံ ကရားဖိုကြီးကို ခိုးသွားတုန်းက တစ်ခါတော့ ရှိဖူးသားပဲ။
ထိုစဉ်တုန်းကလွဲလျှင်... သူ ဒီလောက်အထိ အကြီးအကျယ် အရှက်မကွဲဖူးခဲ့ပေ။
ဂျန့်မန်းသည် အလိုလိုပင် သူ့လက်အောက်ငယ်သားများကို ဖုန်းခေါ်ပြီး၊ လူလွှတ်ကာ ရှင်းပစ်ရန် ပြင်လိုက်၏။
သို့သော် မထင်မှတ်ဘဲ... သူ့ဖုန်းက ရုတ်တရက် တုန်ခါလာပြန်သည်။
ခေါ်ဆိုသူ နေရာကို ကြည့်လိုက်တော့... သခင်လေး ဒီဗွန်ရှိုင်းယားဟွတ်ခ် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ဂျန့်မန်းသည် ဒေါသများကို အတင်း မျိုသိပ်လိုက်ပြီး ဖုန်းကို ချက်ချင်း ကိုင်လိုက်လေသည်။
"သခင်လေး ဟွတ်ခ်... ညွှန်ကြားစရာ အသစ်များ ရှိပါသလားခင်ဗျာ..."
"ညွှန်ကြားစရာ ဟုတ်လား... မင်းဘိုးအေ ညွှန်ကြားစရာ"
ဖုန်းတစ်ဖက်မှ ဟွတ်ခ်၏ အသံမှာ အလွန်အမင်း ဒေါသထွက်နေကြောင်း သိသာလှပေသည်။
"ခုနကတင် ကိုးပြည်ထောင် ဖိုကြီး က သေတ္တာထဲကနေ ထွက်ခွာသွားပြီ ဆိုတဲ့ အချက်ပေးချက် ငါ့ဆီ ရောက်လာတယ်"
"ငါ ရို့စ်ဆီကို ဖုန်းခေါ်ကြည့်တော့... သူ့ဖုန်းက စက်ပိတ်ထားတယ်"
"ဘာတွေ ဖြစ်နေတာလဲဆိုတာ မင်း သိလား"
"ဗျာ..."
ဂျန့်မန်း တစ်ယောက် ထိတ်လန့်လွန်းသဖြင့် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရရှာ၏။
"အဲ့ဒီသူက... သေတ္တာကို ဖွင့်လိုက်ရုံတင် မကဘူး... ကိုးပြည်ထောင် ဖိုကြီးကိုပါ ထုတ်ယူလိုက်ပြီ ပေါ့လေ..."
"ကိုးပြည်ထောင် ဖိုကြီးကို ထုတ်လိုက်တာနဲ့... သေတ္တာကနေ ဒီဗွန်ရှိုင်းယား အိမ်တော်ဆီကို အချက်ပေးသံ ချက်ချင်း ပို့လိမ့်မယ် ဆိုတာကို ရို့စ်က သူ့ကို မပြောပြဘူးလား..."
"ဒီသူကတော့... တကယ့်ကို သေလမ်း ရှာနေတာပဲ"
"ဘယ်ကောင်လဲ... ဘယ်သူက သေလမ်းရှာနေတာလဲ..."
ဖုန်းတစ်ဖက်မှ ဟွတ်ခ်ကတော့ စတန့်စ် လေဆိပ်က ကုန်စည် ဂိုဒေါင် ဓားပြတိုက်ခံရတာကို မသိသေးသဖြင့် ဇဝေဇဝါ မေးလိုက်၏။
ဂျန့်မန်းက ထိုမေးခွန်းကို ကြားသောအခါ... မျက်နှာထား တည်သွားပြီး ကပျာကယာ ပြန်ဖြေလိုက်လေသည်။
"ခုနကပဲ... ရို့စ်က အထက်ကို ဘာမှ အကြောင်းမကြားဘဲ သေတ္တာကို ဖွင့်လိုက်တာ ကျွန်တော် တွေ့လိုက်လို့ ချက်ချင်း ဖုန်းခေါ်လိုက်ပါသေးတယ်... မထင်မှတ်ဘဲ ဖုန်းကိုင်လိုက်တာက ယောကျာ်း တစ်ယောက် ဖြစ်နေတယ် သခင်လေး..."
သူသည် စတန့်စ် လေဆိပ် ကုန်စည် ဂိုဒေါင် ဓားပြတိုက်ခံရသည့် အကြောင်းကို ဟွတ်ခ်အား အတိုချုံး တင်ပြလိုက်ပြီး၊ တစ်ဖက်လူ၏ ရက်စက်ကြမ်းကြုတ်မှုကိုပါ အသားပေး ပြောကြားလိုက်လေသည်။
ဂျန့်မန်း၏ ပြောပြချက်ကို နားထောင်ပြီးနောက်... ဟွတ်ခ် တစ်ယောက် ဒေါသ အကြီးအကျယ်
ထွက်သွားတော့သည်။
"ဒီသူကတော့... တကယ် သေချင်နေတာပဲ"
"ငါတို့ ဒီဗွန်ရှိုင်းယား မိသားစု ပိုင်တဲ့ ပစ္စည်းကို ထိရဲရုံတင် မကဘူး... ငါတို့ လူကိုပါ ထိရဲတယ် ဟုတ်လား... ပြီးတော့ ငါတို့ကို ရန်စဖို့ တမင်သက်သက် စောင့်နေသေးတယ်တဲ့လား"
"ကွက်တိပဲ... ငါက စတန့်စ် လေဆိပ်နဲ့ သိပ်မဝေးတဲ့ နေရာမှာ ရောက်နေတာ... ငါ လူတချို့ ခေါ်သွားပြီး အဲ့ဒီ အရူးသူကို ကိုယ်တိုင် သွားရှင်းလိုက်မယ်"
"သခင်လေး ဟွတ်ခ်... သတိထားပါဦး..." ဂျန့်မန်းက ကပျာကယာ သတိပေးလိုက်ရှာ၏။
"ဒါက ဥပဒေမဲ့ လူတွေ ဆင်ထားတဲ့ ထောင်ချောက် ဖြစ်နေနိုင်တယ်နော်..."
"ကိစ္စမရှိဘူး... ငါက အခုပဲ နောက်ဆုံးပေါ် မျိုးရိုးဗီဇ ပြုပြင်မှု လုပ်ငန်းစဉ်ကို ပြီးစီးခဲ့တာလေ... ပြုပြင်မှုက တော်တော်လေး အောင်မြင်တယ်... ဒီကမ္ဘာပေါ်မှာ ငါ့အတွက် ခြိမ်းခြောက်မှု ဖြစ်စေမယ့် လူဆိုတာ သိပ်မရှိလောက်တော့ဘူး..."
ဟွတ်ခ်၏ အသံတွင် ယုံကြည်မှုများ ပြည့်နှက်နေလေသည်။
ထိုသို့ ပြောပြီးသည်နှင့်... သူသည် ဂျန့်မန်းကို ဆက်ပြောခွင့်ပင် မပေးတော့ဘဲ ဖုန်းချလိုက်လေတော့သည်။
ဂျန့်မန်းသည် သခင်လေးကို ယုံကြည်သော်လည်း... ဖုန်းချပြီးသည်နှင့် ဒီဗွန်ရှိုင်းယား မြို့စားကြီးထံသို့ ချက်ချင်း သွားရောက် သတင်းပို့လိုက်လေသည်။
မြို့စားကြီးထံ သတင်းရောက်သွားပြီးနောက်... ဒီဗွန်ရှိုင်းယား မိသားစု တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြတော့၏။
ရဟတ်ယာဉ် အစင်းပေါင်းများစွာကို အသင့်ပြင်ဆင်လိုက်ကြပြီး... အထက်တန်းလွှာ စစ်သည် အများအပြားနှင့် ဒီဗွန်ရှိုင်းယား မြို့စားကြီး ကိုယ်တိုင် ရဟတ်ယာဉ်များပေါ်သို့ လျင်မြန်စွာ တက်ရောက်လိုက်ကြသည်။
အားလုံး အဆင်သင့် ဖြစ်သည်နှင့် တပြိုင်နက်... ရဟတ်ယာဉ်များသည် ဒီဗွန်ရှိုင်းယား အိမ်တော်ကြီးမှ ပျံတက်သွားကြပြီး၊ စတန့်စ် လေဆိပ်ဆီသို့ ဦးတည် သွားရောက်ကြလေတော့သည်။
တစ်ချိန်တည်းမှာပင်... စတန့်စ် လေဆိပ်၏ လုံခြုံရေး အဖွဲ့များ အားလုံးသည်လည်း လက်နက်များ အမြန် တပ်ဆင်လိုက်ကြပြီး ကုန်စည် ဂိုဒေါင်ရှိရာသို့ စုရုံးရောက်ရှိလာကြ၏။
သူတို့သည် ဒီဗွန်ရှိုင်းယားဟွတ်ခ် နှင့် ပူးပေါင်းရန် ပြင်ဆင်ထားကြပြီး... သူ၏ အမိန့်ကို နာခံရန် အသင့် စောင့်ဆိုင်းနေကြလေတော့သတည်း။
အခန်း (၁၉၅၃) - အန္တရာယ်များတဲ့ အလှပဂေးလေး စိတ်ဓာတ်ပျက်ပြားသွားခြင်း
~တစ်ချိန်တည်းမှာပင်၊ စတန့်စ်လေဆိပ်၏ ကြားဖြတ်ကုန်လှောင်ရုံ မန်နေဂျာရုံးခန်းအတွင်း၌၊ စားပွဲပေါ်တွင် မှောက်ခိုင်းထားခြင်း ခံရသော အမျိုးသမီးလှလေးမှာ တုန်လှုပ်ချောက်ချားသွားလေသည်။
ထို့နောက် သူမသည် ယဲ့ဖန်အား ကြေကွဲပျက်စီးနေသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။
"ရှင် ဘာတွေ လာပြီး ပေါက်ကရ ပြောနေတာလဲ"
"ဒီလိုပုံစံဆိုရင် ကျွန်မက ဒီဗွန်ရှိုင်းယား မြို့စားကြီးကို သစ္စာဖောက်သူ အဖြစ် သတ်မှတ်ခံရမှာတင် မကဘူး... ကျွန်မ မိသားစုပါ ရောပြီး ဒုက္ခရောက်ကုန်ကြမှာ ရှင် သိရဲ့လား"
"ဒီဗွန်ရှိုင်းယား မြို့စားကြီး မိသားစုရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ဆိုရင် သူတို့က ကျွန်မကို အဆိုးရွားဆုံး နည်းလမ်းတွေသုံးပြီး သတ်ရုံတင်မကဘူး... ကျွန်မရဲ့ ဆွေမျိုးသားချင်းတွေကိုပါ ရှင်းပစ်ကြလိမ့်မယ်"
"သူတို့က ကျွန်မကို မိန်းမပျက်လို့ ထင်ကြတော့မှာ... ကျွန်မက ရှင့်ကို မီးခံသေတ္တာ ဖွင့်ပေးခဲ့ရုံတင် မကဘူး... ရှင်နဲ့ အဲ့ဒီလို ပတ်သက်မှုမျိုးပါ ရှိခဲ့တယ်လို့ ထင်ကုန်ကြတော့မှာ..."
ယဲ့ဖန်သည် သူမ၏ စိတ်ဓာတ်ကျဆင်းမှုအား လုံးဝ ဂရုမစိုက်ပေ။ သူမအား ခေတ္တမျှ ရင်ဖွင့်ခွင့် ပေးလိုက်ပြီးနောက် ပြောလိုက်သည်။
"အခု မင်းရှေ့မှာ လမ်းနှစ်သွယ် ရှိတယ်... တစ်လမ်းကတော့ အခြေအနေတွေ ပိုဆိုးသွားအောင် လွှတ်ထားလိုက်တာပဲ... မင်း နာကျင်မှုကို ခံစားပြီး ကိုယ့်ကိုယ်ကိုယ် နာကျင်စွာ သေဆုံးသွားတာကို ထိုင်ကြည့်နေလို့ရတယ်... ပြီးတော့ မင်းချစ်ရတဲ့သူတွေ သေဆုံးတာကို ကြိုဆိုဖို့ ပြင်ဆင်ထားလို့ ရတယ်... နောက်တစ်လမ်းကတော့ ငါနဲ့ ပူးပေါင်းဆောင်ရွက်တာပဲ... ငါ မင်းနဲ့ မင်းမိသားစုကို ကာကွယ်ပေးမယ်"
ရိုစ့် သည် သူ့စကားကို လုံးဝ မယုံကြည်ပေ။ သူမသည် မျှော်လင့်ချက်မဲ့စွာဖြင့် ခေါင်းခါလိုက်လေသည်။
"ကာကွယ်ပေးမယ် ဟုတ်လား"
"ရှင်က ကျွန်မကို ဘယ်လို ကာကွယ်ပေးမှာလဲ"
"အခု ရှင်က ဒီဗွန်ရှိုင်းယား မြို့စားကြီးရဲ့ ပစ္စည်းတွေကို ထိပါးလိုက်ပြီဆိုတော့... ရှင့်ကိုယ်ရှင်တောင် ကာကွယ်နိုင်မှာ မဟုတ်ဘူး... ဒါ့အပြင် ရှင်က ကျွန်မနဲ့ ကျွန်မ မိသားစုကို ကာကွယ်ပေးချင်တယ် ဆိုရင်... အနည်းဆုံးတော့ ဒီဗွန်ရှိုင်းယား မြို့စားကြီးနဲ့ တန်းတူ ဆွေးနွေးနိုင်တဲ့ အခွင့်အရေး ရှိမှ ရမှာ"
ယဲ့ဖန် ဘာမှ ရှင်းပြမနေတော့ပေ။ သူမကို ခဏလောက် စိတ်ဓာတ်ကျခွင့် ပေးလိုက်ပြီးမှ ပြောလိုက်သည်။
"အခု မင်းရှေ့မှာ ရွေးချယ်စရာ နှစ်လမ်းပဲ ရှိတယ်... သေချာ စဉ်းစားပါ"
"စဉ်းစားပြီးရင် ငါ့ကို အဖြေပေးပါ"
စကားပြောနေရင်းဖြင့် သူသည် သူမ၏ ခန္ဓာကိုယ်ကို နောက်ထပ် အကြိမ်အနည်းငယ်မျှ တို့ထိလိုက်ပြီး၊ သူမ၏ အာရုံခံစားမှု ငါးပါးအား အဆပေါင်းများစွာ မြှင့်တင်ထားသည့် အာနိသင်ကို ဖယ်ရှားပေးလိုက်လေသည်။
ရိုစ့်သည် ချက်ချင်းပင် သက်ပြင်းချလိုက်နိုင်ပြီး၊ တောင့်တင်းနေသော သူမ၏ ခန္ဓာကိုယ်မှာ လျော့ကျသွားတော့သည်။
"ဘုရားရေ..."
သူမ မသိစိတ်ဖြင့် အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။ သူမ၏ ခန္ဓာကိုယ်သည် ရွှံ့ပုံတစ်ပုံကဲ့သို့ စားပွဲပေါ်တွင် လုံးဝ ပြားပ်နေပြီး၊ ယဲ့ဖန်၏ ရှုထောင့်မှ ကြည့်လျှင် သူမ၏ လည်ပင်းအောက်ရှိ အရာအားလုံးကို မြင်နေရသည် ဆိုသော အချက်ကိုပင် ဂရုမစိုက်နိုင်တော့ချေ။
"နောက်ဆုံးတော့ အဲ့ဒီ ဆိုးရွားတဲ့ အခြေအနေကနေ လွတ်မြောက်သွားပြီပဲ"
သူမသည် စားပွဲကို မှီကာ အသက်ပြင်းပြင်း ရှူလိုက်သည်။
ခဏအကြာတွင် သူမ၏ ဦးနှောက် ပြန်လည် အလုပ်လုပ်လာပုံ ရလေသည်။ သူမသည် ယဲ့ဖန်ကို တဖန် ပြန်ကြည့်လိုက်သည်။
"ရှင်က ဘယ်သူလဲ... ဒါက ဘာနည်းလမ်းလဲ"
"ဘာလို့ ဒီနှစ်တွေ အတောအတွင်း ကျွန်မ ဒါမျိုး မကြားဖူးရတာလဲ"
ယဲ့ဖန် သူမ၏ မေးခွန်းကို မဖြေဘဲ တည်ငြိမ်စွာသာ ကြည့်နေလိုက်သည်။
"ငါ့မေးခွန်းအတွက် အဖြေကို စဉ်းစားပြီးပြီလား"
"ရှင် ဘာလုပ်ချင်လဲ ပြောပါ"
သူ မျှော်လင့်ထားသည့်အတိုင်းပင် ရိုစ့်သည် လောင်းကြေးထပ်ရန် ရွေးချယ်လိုက်လေသည်။
ဘာပဲပြောပြော သူမရှေ့တွင် ရှိသော အခြားရွေးချယ်စရာ လမ်းမှာ သေလမ်းသာ ဖြစ်နေသည်။
ပြီးတော့ ယဲ့ဖန်သည်လည်း စွမ်းရည်အချို့ ရှိပုံရသည်။
အကယ်၍ သူမ အခု ယဲ့ဖန်နှင့် ပူးပေါင်းလိုက်လျှင် အသက်ရှင်ရန် အခွင့်အရေး ရှိကောင်း ရှိနိုင်ပေသည်။
"မှန်ကန်တဲ့ ရွေးချယ်မှု ပြုလုပ်လိုက်တဲ့အတွက် ဂုဏ်ယူပါတယ်"
ယဲ့ဖန်သည် သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောဆုံမှတ် အချို့ကို ထပ်မံ တို့ထိလိုက်ပြန်သည်။
မကြာမီတွင် အလှပဂေးလေးသည် သူမ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှ သွေးမထွက်တော့သည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားလေသည်။ ထို့အပြင် ထိုနေရာများရှိ နာကျင်မှုများလည်း ယာယီ ပျောက်ကွယ်သွားခဲ့သည်။
ယဲ့ဖန်သည် သူမ၏ နောက်ရှိ ကုလားထိုင်ကိုပင် တွန်းပေးပြီး သူမကို ထိုင်ရန် ကူညီပေးလိုက်သဖြင့်၊ သူမ၏ ခန္ဓာကိုယ် အပေါ်ပိုင်းနှင့် ကျန်ရှိနေသော လက်တစ်ဖက်ဖြင့် ဟန်ချက်ထိန်းထားရန် မလိုအပ်တော့ပေ။
"ကျေးဇူးတင်ပါတယ်"
ရိုစ့် ကျေးဇူးတင်စကား ပြောလိုက်သည်။
ထို့နောက် သူမ ရူးသွားပြီဟု ကိုယ့်ကိုယ်ကိုယ် သတိပြုမိလိုက်သည်။
ခုနလေးတင် သူမကို ဤကဲ့သို့ ဒဏ်ရာရအောင် လုပ်ခဲ့သူမှာ ဤလူပင် ဖြစ်သည်။
သူမ ထိုင်နိုင်ရန် ကုလားထိုင် ရွှေ့ပေးရုံလေးဖြင့် သူမက သူ့ကို ကျေးဇူးတင်နေမိသည်။
ဤကဲ့သို့သော အပြုအမူက သူမ၏ လက်ရှိ အားနည်းချက်ကို ဖော်ပြလွန်းရာ ကျနေသည်။
"ရပါတယ်"
ယဲ့ဖန်သည် သူမ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားမှုကို ဂရုမစိုက်ပေ။ သူမကို နေရာချပေးပြီးနောက် ဖုန်းကို ထုတ်လိုက်ပြီး မေးလိုက်သည်။
"မင်း ခုနက ပြောတာကို ငါ ကြားလိုက်တယ်"
"မင်းတို့ စတန့်စ်လေဆိပ်ရဲ့ ကြားဖြတ်ကုန်လှောင်ရုံထဲက သံလှောင်အိမ်တွေထဲမှာ ပိတ်လှောင်ခံထားရတဲ့ လူတွေအားလုံးက ဒီဗွန်ရှိုင်းယား မြို့စားကြီး မိသားစုရဲ့ စီးပွားရေး လုပ်ငန်းတွေလား"
"ဘုရားရေ... ရှင် ဘာလုပ်မလို့လဲ"
ရိုစ့် တစ်စုံတစ်ခုကို နားလည်သွားပုံရပြီး၊ ယဲ့ဖန်ကို မျက်လုံးပြူးကျယ်စွာဖြင့် ကြည့်လိုက်လေသည်။
“ကျွန်မကို ဒီဗွန်ရှိုင်းယား မြို့စားကြီးနဲ့ ပတ်သက်ပြီး သက်သေထွက်ခိုင်းပြီး... ဒါကို သုံးပြီး သူ့ကို ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်နေတာတော့ မဟုတ်ပါဘူးနော်”
အခန်း (၁၉၅၄) - ဒီဗွန်ရှိုင်းယားဟွတ်ခ် စတင် လှုပ်ရှားခြင်း
~ယဲ့ဖန်က ရို့စ်..မေးတာကို ဖြေမနေတော့ဘဲ၊ လျှို့ဝှက်ဆန်းကြယ်သော အပြုံးလေး ပြုံးပြလိုက်လေ၏။
"အခုက... မင်းရဲ့ ခံစားချက်တွေကို ဖွင့်ဟနေရမယ့် အချိန် မဟုတ်ဘူး။"
"မစ္စစ် ရို့စ်... မင်း နားလည်သင့်ပြီလို့ ငါ ထင်တယ်။"
"အခုအချိန်မှာ... တော်ဝင်အေးဂျင့်တွေနဲ့ ရဲတွေ အရှိန်ပြင်းပြင်းနဲ့ လာနေကြတာတင် မကဘူး... ဒီဗွန်ရှိုင်းယား မိသားစုက လူတွေလည်း လမ်းမှာ ရောက်နေလောက်ပြီ။"
ရို့စ်၏ မျက်ဝန်းအိမ်တွေ အနည်းငယ် လှုပ်ရှားသွားရ၏။ သူမက အသက်ကို ဝဝရှူလိုက်ပြီးမှ ခေါင်းညိတ်လိုက်လေသည်။
"ရှင် ပြောတာ မှန်ပါတယ်။"
"ကျွန်မ နည်းနည်း စိတ်လှုပ်ရှားသွားလို့ပါ။"
"ရှင် သိချင်တာ ဘာမဆို မေးနိုင်ပါတယ်ရှင်။"
ယဲ့ဖန်က ထိုစကားကို ကြားလိုက်ရတော့... သူ့မျက်နှာပေါ်က အပြုံးတွေက ပိုလို့တောင် ပီပြင်လာတော့၏။
“...”
တစ်ဖက်တွင်မူ... ယဲ့ဖန်သည် ရို့စ် (Rose) ထံမှ သတင်းအချက်အလက်များကို ရယူရန် ကြိုးစားနေချိန်၌ပင်...
လန်တန်မြို့ လမ်းမကြီးထက်တွင်မူ ကျည်ကာ ဗုံးကာများ အပြည့်အစုံ တပ်ဆင်ထားသော ကက်ဒီလက် (Cadillac) ကားကြီးတစ်စီးသည် တစ်နာရီလျှင် မိုင် (၂၀၀) နီးပါး အရှိန်ဖြင့် လေဟုန်ခွင်းကာ ပြေးလွှား မောင်းနှင်နေလေတော့သည်။
ကားထဲမှာတော့ ဒီဗွန်ရှိုင်းယားဟွတ်ခ် က ကားဆရာကို ပိုမြန်မြန်မောင်းဖို့ အတင်း တိုက်တွန်းနေရင်း၊ ဖုန်းနံပါတ် တစ်ခုကို ခေါ်ဆိုလိုက်လေသည်။
"ရဲအုပ်ကြီး ဝီလ်... ကျုပ် ဟွတ်ခ် ပါ။"
"ခင်ဗျားတို့ ရဲကားတန်းက အခု ဘယ်နား ရောက်နေပြီလဲ။"
"စတန့်စ် လေဆိပ်ကို ရောက်ဖို့ ဘယ်လောက်လောက် ကြာဦးမလဲ။"
ဖုန်းတစ်ဖက်က ရဲအုပ်ကြီး ဝီလ် ဆိုသူက ချက်ချင်း ပြန်မဖြေပေ။ သူက တစ်ခုခုကို လုပ်လိုက်ပြီး အသံကို နှိမ့်ချလိုက်လေသည်။
"ခွင့်လွှတ်ပါ သခင်လေး ဟွတ်ခ်။"
"ကျွန်တော်တို့က တာဝန်ထမ်းဆောင်နေဆဲမို့... တချို့ ဆက်သွယ်ရေး လိုင်းတွေကို ယာယီ ပိတ်ထားရလို့ပါ... ကျွန်တော်တို့ ပြောတာတွေကို တခြားသူတွေ မကြားအောင်လို့လေ။"
"ကျွန်တော်တို့ ရဲတပ်ဖွဲ့ရဲ့ အဓိက အင်အားစုတွေနဲ့ တော်ဝင် လျှို့ဝှက်အဖွဲ့က အဖွဲ့ဝင်တွေကတော့... ဖလန်ဒါ လမ်းမကြီးပေါ်က ဓာတ်ဆီဆိုင်နား ရောက်နေပါပြီ... စတန့်စ် လေဆိပ်ကို ရောက်ဖို့ (၁၅) မိနစ်လောက်ပဲ မောင်းရတော့မှာပါ။"
ဒီဗွန်ရှိုင်းယားဟွတ်ခ် ကတော့ ရဲအုပ်ကြီး ဝီလ်၏ ရှင်းပြချက်တွေကို ဂရုမစိုက်ပါ။ ထိုစကားကို ကြားလိုက်သည်နှင့် သူ့မျက်လုံးတွေ အရောင်တောက်သွားတော့သည်။
"အခြေအနေက ပြောင်းလဲသွားပြီ။"
"ခင်ဗျားတို့ ရဲတပ်ဖွဲ့... နာရီဝက်လောက် နောက်ကျမှ ရောက်လာလို့ ရမလား။"
"တခြား အချိန်သာ ဆိုရင်တော့... သခင်လေး ဟွတ်ခ် သဘောကျ နာရီဝက် မကဘူး၊ တစ်ဝက်လောက် နောက်ကျပေးလို့ ရပါတယ်... ဒါပေမဲ့ ဒီနေ့ကတော့..." ရဲအုပ်ကြီး ဝီလ်၏ အသံထဲမှာ အားနာမှုတွေ ပါဝင်နေလေသည်။
"သခင်လေး ဟွတ်ခ် လည်း သိတဲ့အတိုင်းပဲ... အင်ပါယာရဲ့ တော်ဝင်အေးဂျင့် တစ်ယောက်က ကျွန်တော်တို့ ယာဉ်တန်းထဲမှာ ပါလာတယ်လေ... တခြား အေးဂျင့်တွေလည်း လာနေကြတာ။"
"ကျွန်တော်တို့ ဘာပဲလုပ်လုပ်... သူမက သေချာပေါက် ရိပ်မိသွားမှာပဲ။"
ဟွတ်ခ်၏ မျက်ဝန်းအိမ်တွေ လှုပ်ရှားသွားရ၏။
"တခြား တော်ဝင်အေးဂျင့်တွေကို နာရီဝက်၊ တစ်နာရီလောက် ကြာအောင် ဆွဲထားဖို့ နည်းလမ်း ကျုပ် ရှာလိုက်မယ်။"
"ခင်ဗျားဘက်ကရော... ယာဉ်တန်းထဲမှာ ပါလာတဲ့ အေးဂျင့်မကို ဖြေရှင်းဖို့ နည်းလမ်း ရှိလား။"
"သာမန် နည်းလမ်းနဲ့တော့ မရလောက်ဘူးဗျ..."
ရဲအုပ်ကြီး ဝီလ် ရဲ့ အသံကတော့ လက်လျှော့ထားပုံ ရနေဆဲပင်။
"သခင်လေးလည်း အဲ့ဒီ အေးဂျင့် အစ္စဘယ်လ်လာ အကြောင်း သိသားပဲ... သူက တော်တော်လေး ကိုင်တွယ်ရခက်တာ။"
"ဒါဆိုရင်... သာမန် မဟုတ်တဲ့ နည်းလမ်းကို သုံးကြတာပေါ့။" ဟွတ်ခ်က ပြောလိုက်လေသည်။ "ဥပမာ... ခင်ဗျားတို့ ရဲယာဉ်တန်း မမျှော်လင့်ထားတဲ့ မတော်တဆမှု တစ်ခုခု ကြုံလိုက်ရပြီး... လမ်းပိတ်သွားတာမျိုးပေါ့။"
"သခင်လေး ဟွတ်ခ်... ဘာကို ဆိုလိုတာလဲ။" ရဲအုပ်ကြီး ဝီလ် တစ်ခုခုကို သဘောပေါက်သွားပုံ ရလေသည်။
"မတော်တဆမှု တစ်ခု ဖြစ်အောင် ကျုပ် စီစဉ်ပေးမယ်... ခင်ဗျားတို့ ရဲကားတွေ ပျက်စီးသွားပြီး၊ စတန့်စ် လေဆိပ်ကို ချက်ချင်း သွားလို့မရအောင် လုပ်ပေးမယ်။" ဟု ဟွတ်ခ်က တိုတိုတုတ်တုတ် ပြောလိုက်၏။
"ခင်ဗျားတို့ရဲ့ လက်ရှိ တည်နေရာ အချက်အလက်ကိုပို့ပေး... ပြီးတော့ ရှေ့ဆက်သွားမယ့် လမ်းဆုံတွေနဲ့ ရောက်ရှိမယ့် ခန့်မှန်းအချိန်တွေကိုပါ ပို့လိုက်။"
"ကျုပ် လူလွှတ်ပြီး စီစဉ်ခိုင်းလိုက်မယ်။"
သူက ဖုန်းချလိုက်ပြီး... ရဲအုပ်ကြီး ဝီလ် ဆီက သတင်းအချက်အလက်တွေ ရောက်လာမှာကိုတောင် မစောင့်တော့ဘဲ နောက်ထပ် နံပါတ်တစ်ခုကို ခေါ်ဆိုလိုက်ပြီး အမြန် အမိန့်ပေးလိုက်တော့သည်။
"ငါ့အတွက် ကားကြီး နှစ်စီး စီစဉ်ပေး။"
"ပြဿနာ မကြောက်တဲ့ လူမိုက် နှစ်ယောက်လောက် ရှာပြီး... အရက်မူးနေတဲ့ဟန် ဆောင်ခိုင်းလိုက်..."
"သူတို့ ဘာမှ ပူစရာ မလိုစေရဘူးလို့ ငါ အာမခံတယ်... ကိစ္စပြီးရင်လည်း ဆုလာဘ် ကောင်းကောင်း ပေးမယ်လို့ ပြောလိုက်ပါ..."
ဖုန်းပြောနေရင်းနှင့် ရဲအုပ်ကြီး ဝီလ် ဆီက အချက်အလက်တွေ ရောက်လာတော့... ဟွတ်ခ်က ချက်ချင်းပင် စီစဉ်လိုက်တော့သည်။
" ဖြစ်ပွားမယ့် နေရာကတော့... စတန့်စ် လေဆိပ် အမှတ် (၂) လမ်းသွယ်နဲ့ ဖလန်ဒါ လမ်းမကြီး ဆုံတဲ့ နေရာပဲ..."
လိုအပ်တာတွေကို စီစဉ်ပြီးသော နောက်မှာတော့... ဟွတ်ခ်က ရပ်တန့်မနေပေ။ သူက ဖုန်းထဲက အဆက်အသွယ် စာရင်းကို ဖွင့်လိုက်ပြီး နောက်ထပ် နံပါတ် တစ်ခုကို ရှာဖွေကာ ခေါ်ဆိုလိုက်ပြန်လေသည်။