← Chapters

အခန်း (၁၉၅၅-၁၉၅၈)

Vol. 104 Ch. 1955-1958

အခန်း (၁၉၅၅-၁၉၅၈)

Vol. 104 Ch. 1955-1958

အခန်း (၁၉၅၅) - ကောင်းကင်ကို လက်တစ်ဖက်တည်းနဲ့ ဖုံးအုပ်ခြင်း

~ဤတစ်ကြိမ်တွင်မူ... ဒီဗွန်ရှိုင်းယားဟွတ်ခ် သည် စတန့်စ် လေဆိပ် လုံခြုံရေး ဌာန၏ တာဝန်ရှိသူကိုပါ တိုက်ရိုက် ဖုန်းခေါ်ဆိုလိုက်လေ၏။

ဘေးကင်းစေရန်အတွက်... သူသည် ယာဉ်တိုက်မှု တစ်ခုတည်းကိုသာ စီစဉ်ထားခြင်း မဟုတ်ပေ။ ရဲများ အချိန်မီ ရောက်မလာစေရန်အတွက်... လေဆိပ် အပြင်ဘက်တွင် နောက်ထပ် လုံခြုံရေး အလွှာ တစ်ခုကိုပါ ထပ်မံ ထည့်သွင်းထားလိုက်သေးသည်။

အနည်းဆုံးတော့... ဒီဗွန်ရှိုင်းယား မြို့စားကြီး အနေဖြင့် မသေချာ မရေရာသော အခြေအနေများကို ရှင်းလင်းပြီး၊ ကိုးပြည်ထောင် ဖိုကြီးကို ပြန်လည် သိမ်းဆည်းရန်အတွက် လုံလောက်သော အချိန် ရရှိစေရန် ရည်ရွယ်ခြင်း ဖြစ်ချေ၏။

ဖုန်းပြောပြီးနောက် ဟွတ်ခ် တစ်ယောက် သက်ပြင်းကို ဖြည်းညှင်းစွာ ချလိုက်မိသည်။ သူသည် ကက်ဒီလက် ကားကြီး၏ နောက်မှီပေါ်၌ မှီလိုက်ပြီး မျက်လုံးများကို လုံးဝ မှိတ်ထားလိုက်တော့၏။

'ရဲတွေကို တားဆီးထားနိုင်ပြီး... ဖော့ခ်စီးတီးက လာမယ့် တော်ဝင် လျှို့ဝှက်အဖွဲ့ကိုပါ အချိန်ဆွဲထားနိုင်ရင်တော့... တို့ ဒီဗွန်ရှိုင်းယား မိသားစုအတွက် လှုပ်ရှားဖို့ အကွက်တွေ အများကြီး ရလာမှာပဲ။'

'အစ္စဘယ်လ်လာ ဆိုတာလောက်ကတော့... ကြောက်စရာ မလိုပါဘူးကွာ။'

'ဒါ့အပြင်... နာရီဝက် ဆိုတဲ့ အချိန်က ငါ့အတွက်တော့ လုံလောက်တာထက်တောင် ပိုနေပါသေးတယ်... အထူးသဖြင့် ငါ့အိမ်ကွင်းမှာ ကစားနေရတာပဲလေ။'

တစ်ဖက်တွင်လည်း... ဟွတ်ခ် အစီအစဉ်များ ချမှတ်ပြီး သိပ်မကြာမီမှာပင်၊ ရဲအုပ်ကြီး ဝီလ်၊ အစ္စဘယ်လ်လာ နှင့် အခြားသော ရဲတပ်ဖွဲ့ဝင်များသည် ပူးပေါင်း မိသွားကြလေ၏။

ဥဩသံများ တညံညံဖြင့် အရှိန်ပြင်းပြင်း မောင်းနှင်လာသော ရဲကားတန်းကြီးသည်... နောက်ဆုံးတွင် လေဆိပ်နှင့် (၅) ကီလိုမီတာပင် မဝေးတော့သည့် လေဆိပ် အမှတ် (၂) လမ်းသွယ်သို့ ရောက်ရှိလာကြတော့သည်။

ထိုနေရာမှ လှမ်းကြည့်လျှင်... ခမ်းနားထည်ဝါသော စတန့်စ် လေဆိပ်ကြီးကို အထင်အရှား မြင်တွေ့နေရပြီ ဖြစ်၏။

လမ်းအခြေအနေအရ ဆိုလျှင်... ကျန်ရှိနေသော ခရီးလမ်းမှာ ဖြောင့်ဖြူးနေပြီ ဖြစ်သဖြင့်၊ (၅) ကီလိုမီတာ ဆိုသည်မှာ (၅) မိနစ်၊ (၆) မိနစ်ခန့်သာ မောင်းနှင်ရတော့မည် ဖြစ်သည်။

ရဲကားတန်းကြီး အတွင်းရှိ သာမန် ပရာဒို (Prado) ကားလေး တစ်စီးပေါ်၌ ပါလာသော အစ္စဘယ်လ်လာသည် ထိုအခြေအနေကို မြင်သောအခါ... ချက်ချင်းပင် ဖုန်းကို ထုတ်ကာ ယဲ့ဖန်ထံသို့ စာပို့လိုက်လေသည်။

"အထဲက အခြေအနေကို သတိထားပြီး ကြည့်ပေးထားပါ... စိတ်မြန်လက်မြန်နဲ့ ဘာမှ မလုပ်ပါနဲ့ဦးနော်။"

"ကျွန်မတို့တွေ နောက်ထပ် (၆) မိနစ်၊ (၇) မိနစ်လောက်ဆိုရင် စတန့်စ် လေဆိပ်ကို ရောက်ပါတော့မယ်။"

သို့သော် သူမ စာပို့ပြီးရုံသာ ရှိသေးသည်... ယဲ့ဖန်ထံမှ စာပြန်မလာသေးမီမှာပင်၊ ဘေးဘက် လမ်းခွဲတစ်ခုဆီမှ ကြီးမားသော မော်တော်ကား စက်သံကြီး တစ်ခုကို ရုတ်တရက် ကြားလိုက်ရလေတော့သည်။

"ဝုန်း... ဝုန်း..."

အစ္စဘယ်လ်လာ လှမ်းကြည့်လိုက်သောအခါ... ကျောက်စရစ်ခဲများ အပြည့်တင်ဆောင်လာသော ကုန်တင်ကားကြီး တစ်စီးသည် ဖလန်ဒါ လမ်းမကြီးနှင့် လေဆိပ် အမှတ် (၂) လမ်းသွယ်တို့ ဆုံရာ လမ်းဆုံဆီသို့ အရှိန်ပြင်းပြင်းဖြင့် ဦးတည် မောင်းနှင်လာနေသည်ကို တွေ့လိုက်ရ၏။

အနည်းဆုံးတော့... တစ်နာရီ မိုင် (၁၂၀) နှုန်းလောက် ရှိပေလိမ့်မည်။

"သတိထားကြ"

အစ္စဘယ်လ်လာသည် ယာယီ ဆက်သွယ်ရေး လိုင်းမှတဆင့် ဘေးပတ်ဝန်းကျင်ရှိ ရဲကားများကို ချက်ချင်းပင် သတိပေးလိုက်၏။

သို့သော်လည်း... ရဲကားများ၏ တုံ့ပြန်မှုမှာ အနည်းငယ် နှေးကွေးနေဆဲပင်။ ရှေ့ဆုံးမှ ဦးဆောင်လာသော ရဲကား ဘရိတ်အုပ်လိုက်သောအခါ၊ နောက်မှ ကားများလည်း ဘရိတ်လိုက်အုပ်ကြသော်လည်း... အရှိန်မထိန်းနိုင်ဘဲ ရှေ့ကားကို ဝင်တိုက်မိပြီး၊ ထိုကားကို အရှေ့သို့ တွန်းပို့လိုက်သကဲ့သို့ ဖြစ်သွားရလေသည်။

"ဒုန်း... ဒုန်း... ဒုန်း"

တိုက်မိသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက်... ကျောက်စရစ်ကားကြီးမှာလည်း တစ်ခုခုကို သတိထားမိသွားပုံ ရလေသည်။ ၎င်းသည် ဘရိတ်ကို အမြန်နင်းပြီး စတီယာရင်ကို ဆွဲလှည့်လိုက်၏။

သို့သော်... အရှိန်ပြင်းပြင်း မောင်းနှင်လာသော ကုန်တင်ကားကြီး၏ အဟုန်မှာ ကြီးမားလွန်းလှပေသည်။ အရေးပေါ် ဘရိတ်အုပ်လိုက်သော်လည်း လုံးဝ မရပ်တန့်သွားပေ။

"ခွမ်း... ဂွမ်း"

အရေးပေါ် ဘရိတ်အုပ်လိုက်သည့်တိုင်... ကုန်တင်ကားကြီးသည် တို့ဖူးကို လှီးဖြတ်သကဲ့သို့ပင် လွယ်ကူစွာဖြင့် ရှေ့သို့ ရောက်ရှိလာသော ရဲကား၏ ခေါင်းပိုင်း တစ်ခုလုံးကို ဝင်တိုက်ပြီး ချေမှုန်းပစ်လိုက်လေတော့သတည်း။

တိုက်မိသည့် အရှိန်နှင့် ရုတ်တရက် ဘရိတ်အုပ်လိုက်မှုကြောင့်... ကုန်တင်ကားကြီးမှာ ဟန်ချက်ပျက်သွားပြီး ဝုန်းခနဲ လဲကျသွားရာ၊ ဘေးပတ်ဝန်းကျင်ရှိ မြေပြင်တစ်ခုလုံး တုန်ခါသွားရလေသည်။

ကားပေါ်မှ ကျောက်စရစ်ခဲများမှာ ရေပန်းပမာ လွင့်စင်ထွက်လာပြီး... လမ်းဆုံနှင့် လေဆိပ် လမ်းသွယ်ပေါ်တွင် ကျောက်စရစ် တောင်ပုံရာကြီး နှစ်ခုအဖြစ် ပိတ်ဆို့သွားစေတော့သည်။

"ဘုရားရေ"

အစ္စဘယ်လ်လာ တစ်ယောက် ပြဿနာ အကြီးအကျယ် တက်ပြီဆိုတာကို သိလိုက်ရလေ၏။

ရဲကားတန်းကြီး ဆက်တိုက် တိုက်မိကုန်စည်နှင်ြ ရှေ့ဆုံးက ကားခေါင်းပိုင်း ကြေမွသွားတာကို ထားလိုက်ဦး... လူတွေ၏ အသက်အန္တရာယ်ကလည်း မသေချာသေးပေ။ ယခု လမ်းမပေါ်မှာ ပိတ်ဆို့သွားသော ကျောက်စရစ် တောင်ပုံရာကြီး နှစ်ခုကတင် လမ်းမကျယ်ကြီး၏ ထက်ဝက်ကျော်ကို ပိတ်ဆို့ထားလိုက်ပြီ မဟုတ်ပါလော။

ထိုရဲများ၏ အခြေအနေကို လျစ်လျူရှုပြီး... ကျောက်စရစ်ပုံတွေနှင့် ကားကြီးကြားကနေ အတင်းတိုးပြီး လမ်းဖောက်မည် ဆိုလျှင်တောင်မှ... အချိန်အများကြီး ပေးရဦးမှာ အသေအချာပါပင်။

သို့သော်လည်း... ထိုအခိုက်အတန့်၌ပင်၊ ခုနက ကုန်တင်ကားကြီး လာခဲ့သော လမ်းကြောင်းဆီမှ နောက်ထပ် ကြီးမားသော စက်သံကြီး တစ်ခု ထပ်မံ ထွက်ပေါ်လာပြန်၏။

အစ္စဘယ်လ်လာ လှမ်းကြည့်လိုက်သောအခါ... ဒုတိယမြောက် ကျောက်စရစ် ကုန်တင်ကားကြီး တစ်စီးသည်လည်း ခုနက ကားကြီးနည်းတူ အရှိန်ပြင်းပြင်းဖြင့် သူတို့ရှိရာသို့ ဦးတည် မောင်းနှင်လာနေသည်ကို တွေ့လိုက်ရလေတော့သတည်း။

အခန်း (၁၉၅၆) - သေမင်းမှတ်တမ်း

~"သတိထားကြ"

အစ္စဘယ်လ်လာသည် ရဲတပ်ဖွဲ့ ဆက်သွယ်ရေး လိုင်းမှတစ်ဆင့် ချက်ချင်းဆိုသလိုပင် သတိပေးလိုက်လေ၏။ တစ်ချိန်တည်းမှာပင် သူမသည် ကားဟွန်းကိုလည်း တရစပ် တီးလိုက်တော့သည်။

"တီ... တီ... တီ..."

သို့သော်လည်း... ရလဒ်ကတော့ အစ္စဘယ်လ်လာ ထင်မှတ်ထားသည်နှင့် လုံးဝ ကွဲပြားခြားနားနေခဲ့လေသည်။

ကားဟွန်းသံများ ဆူညံနေသည့်ကြားမှပင်... ကျောက်စရစ်များ အပြည့်တင်ထားသည့် ကုန်တင်ကားကြီးသည် အရှိန်ကို နည်းနည်းလေးမျှ မလျှော့ဘဲ ဆက်လက် မောင်းနှင်လာနေလေသည်။

လမ်းဆုံနားသို့ ရောက်ခါနီး အချိန်ကျမှသာ... ကားမောင်းသမားက သတိပြန်ဝင်လာပုံ ရ၏။ ဘရိတ်ကို အတင်း နင်းချလိုက်ပြီး စတီယာရင်ကိုလည်း ဝုန်းခနဲ ဆွဲလှည့်လိုက်တော့သည်။

"ကျွတ်... ကျွတ်…”

တာယာ ပွတ်တိုက်သံများ စူးရှစွာ ထွက်ပေါ်လာပြီးနောက်... နောက်ဆုံးတွင် ရှေ့မှ လဲနေသော ကားကြီး၏ အမြီးပိုင်းကို ဝင်တိုက်မိပြီး တိမ်းမှောက်သွားရလေတော့သည်။

"ဝုန်း... ဂွမ်း... ဒုန်း... ဒုန်း"

ကားပေါ်မှ ကျောက်စရစ်ခဲများသည်လည်း ရေပန်းပမာ လွင့်စင်ထွက်လာပြန်၏။

လဲကျနေသော ကားကြီး နှစ်စီးနှင့်အတူ... လမ်းဆုံပေါ်တွင် ကျောက်စရစ် တောင်ပုံရာ အသစ် နှစ်ခု ထပ်မံ ဖြစ်ပေါ်လာခဲ့လေသည်။

ဤသို့ဖြင့်... မူလက ကျယ်ဝန်းလှသော လမ်းမကြီးသည် လုံးဝ ပိတ်ဆို့သွားရလေသည်။

"..."

အစ္စဘယ်လ်လာ တစ်ယောက် ပြောစရာ စကားပင် မရှိတော့ပေ။

သူမသည် ကားကို ရပ်လိုက်ပြီး အချက်ပြမီး ဖွင့်လိုက်ကာ... ရဲအုပ်ကြီး ဝီလ် ရှိရာသို့ အမြန်ဆုံး ပြေးသွားလိုက်၏။

ရဲအုပ်ကြီး ဝီလ် ကမူ ယာဉ်ထိန်း ရဲတပ်ဖွဲ့နှင့် ဆက်သွယ်ရင်း... လက်အောက်ငယ်သားများကို အခြေအနေ ထိန်းသိမ်းရန် အမိန့်ပေးနေသည်။

အစ္စဘယ်လ်လာက သူ ဖုန်းပြောပြီးသည်အထိ စောင့်လိုက်ပြီးမှ...

"ရဲအုပ်ကြီး ဝီလ်... အခြေအနေ ဘယ်လို ရှိပါသလဲရှင်။"

"ကားတိုက်ခံရတဲ့ ရဲဝန်ထမ်းတွေကတော့ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး... ဒါပေမဲ့ ရဲကားတချို့၊ အထူးသဖြင့် အတိုက်ခံရတဲ့ ကားကတော့ လုံးဝ ပျက်စီးသွားပြီ... ဆက်မောင်းလို့ ရတော့မှာ မဟုတ်ဘူး။"

"ကုန်တင်ကား မောင်းသမား နှစ်ယောက်လုံးကတော့... ကျွန်တော့် လူတွေရဲ့ ကနဦး စစ်ဆေးချက်အရ အရက်မူးပြီး မောင်းတာလို့ ယူဆရတယ်... အခုထိ မူးနေတုန်းပဲ။"

"ယာဉ်ထိန်း ရဲတပ်ဖွဲ့ကတော့... လမ်းရှင်းဖို့ လူတွေ လွှတ်လိုက်ပြီတဲ့။"

အစ္စဘယ်လ်လာကမူ ထိုအရာများကို သိပ်မတွေးပေ။ သူမက စတန့်စ် လေဆိပ် ရှိရာဘက်ကို လှမ်းကြည့်လိုက်ပြီး...

"ဒီတစ်ခါ တာဝန်ကရော..."

ရဲအုပ်ကြီး ဝီလ် ကမူ သူ့ရှေ့တွင် ပိတ်ဆို့နေသော တောင်ပုံရာ လေးခုကို ကြည့်ပြီး သက်ပြင်းချလိုက်လေသည်။

"အချိန် နည်းနည်းတော့ ကြာလိမ့်မယ်။"

"ဒီ ကုန်တင်ကားကြီး နှစ်စီးကို... တို့အင်အားလောက်နဲ့တော့ ဘယ်လိုမှ ရွှေ့လို့ ရမှာ မဟုတ်ဘူး။"

"သူတို့ကို မဖယ်ရှားနိုင်သရွေ့... ရဲကားတွေ လေဆိပ်ဘက်ကို ဆက်သွားလို့ မရတော့ဘူးလေ။"

"လမ်းလွှဲကနေ သွားမယ် ဆိုရင်တောင်မှ... ဒီကနေ လေဆိပ်ကို ရောက်ဖို့ အနည်းဆုံး နာရီဝက်လောက် ကြာဦးမှာ။"

"နာရီဝက် အတွင်းမှာ... အခင်းဖြစ်ပွားရာ နေရာက ဘယ်လောက်တောင် ပြောင်းလဲသွားမလဲ ဆိုတာ မတွေးရဲစရာပဲ။"

အစ္စဘယ်လ်လာ တစ်ယောက် ဤအခြေအနေကို လက်မခံနိုင်ပေ။

သူမက ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး... ကားပေါ်သို့ ပြန်ခုန်တက်လိုက်လေသည်။ အရှိန်မြှင့်စက်ကို နင်းချလိုက်ပြီး လမ်းဘေးမှ အကာအရံများကို ဝင်တိုက်ကာ... လမ်းဘေး တောအုပ်ထဲသို့ ထိုးဆင်းသွားတော့၏။

ရှေ့တွင် ဘာအတားအဆီးတွေပင် ရှိနေပါစေ... သူမကတော့ စတန့်စ် လေဆိပ်ကို ရောက်အောင် သွားမည်ဆိုသော စိတ်ဓာတ်ဖြင့် ရှေ့သို့သာ တရကြမ်း မောင်းနှင်သွားတော့သည်။

...

တစ်ချိန်တည်းမှာပင်... စတန့်စ် လေဆိပ်၏ ကုန်စည် ပို့ဆောင်ရေး ဂိုဒေါင် မန်နေဂျာ ရုံးခန်းထဲတွင်မူ... ယဲ့ဖန်လည်း ရို့စ်ထံမှ သူ လိုချင်သော သဲလွန်စများကို ရရှိသွားခဲ့တော့၏။

ဒီဗွန်ရှိုင်းယား မိသားစု ပိုင်ဆိုင်သော ဤလေဆိပ်ကြီးသည်... တကယ်တမ်းကျတော့ မှောင်ခို လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကြီး တစ်ခုပင်တည်း။

လူကုန်ကူးခြင်း၊ ကိုယ်တွင်းအင်္ဂါ ရောင်းဝယ်ခြင်းများသာမက... မူးယစ်ဆေးဝါး၊ လက်နက်၊ ဆေးဝါး အတုများနှင့် အခြား တရားမဝင် ပစ္စည်းများကိုပါ မှောင်ခို သယ်ဆောင်နေကြခြင်း ဖြစ်၏။

ထို့ပြင် အရေးကြီးဆုံး အချက်မှာ... ယဲ့ဖန် တစ်ယောက် ရို့စ်ထံမှ တုန်လှုပ်စရာ ကောင်းသော အချက် တစ်ချက်ကို သိလိုက်ရခြင်းပင်။

ဒီဗွန်ရှိုင်းယား မြို့စားကြီးက ဤအလုပ်များကို အမြတ်အစွန်း ရရန် သက်သက် လုပ်နေခြင်း မဟုတ်ပေ...၊ သူ၏ အခြား စီးပွားရေး လုပ်ငန်းများအတွက် လမ်းခင်းရန် လုပ်နေခြင်း ဖြစ်လေသည်။

ဥပမာအားဖြင့်... အထက်တန်းလွှာ အချို့အတွက် သင့်တော်သော ကိုယ်တွင်းအင်္ဂါများ၊ သက်ရှိ လူသားများကို ရှာဖွေပေးပြီး... သူတို့နှင့် မိတ်ဆွေဖွဲ့ခြင်းမျိုး၊ တရားမဝင် အဖွဲ့အစည်း အချို့အတွက် မူးယစ်ဆေးဝါးနှင့် လက်နက်များကို ပြည်ပပို့ပေးပြီး... သူတို့ထံမှ ငွေကြေးနှင့် ယုံကြည်မှုကို ရယူခြင်းမျိုးများပင်။

ဤနေရာသည်... ဒီဗွန်ရှိုင်းယား မိသားစု၏ ဒုစရိုက် ဗဟိုချက်မကြီး ဟု ပြောလျှင်ပင် မမှားပေ။

ရို့စ် ပြောသည်များကို နားထောင်ပြီးနောက်... ယဲ့ဖန်က အဓိက အချက်ကို မမေ့ပေ။ သူသည် ဖုန်းဖြင့် အသံဖမ်းထားရင်း တည်ငြိမ်စွာ မေးလိုက်လေသည်။

"မင်းမှာ သက်သေ အထောက်အထား ရှိလား။"

ရို့စ်က အခြေအနေကို နားလည်လေ၏။ သူမက ခေတ္တမျှ စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။

"ကျွန်မ နောက်ကျောက ဗီရို အောက်ဆုံးထပ်က... စာရွက်စာတမ်း အိတ်တစ်လုံးရဲ့ အောက်မှာ လျှို့ဝှက် အကန့်လေး တစ်ခု ရှိတယ်။"

"အဲ့ဒါကို ဖွင့်လိုက်ရင်... ဟာ့ဒ်ဒစ် တစ်လုံးနဲ့ မှတ်စုစာအုပ် တစ်အုပ် ရှိတယ်။"

"ဟာ့ဒ်ဒစ် ထဲမှာတော့... ဒီဗွန်ရှိုင်းယား မြို့စားကြီးနဲ့ ကျွန်မ ပြောခဲ့သမျှ အသံဖိုင်တွေ၊ ဗီဒီယိုတွေ အပြင်... လူကုန်ကူးတာနဲ့ ကိုယ်တွင်းအင်္ဂါ ရောင်းဝယ်တာတွေရဲ့ မှတ်တမ်းတွေ ပါပါတယ်။"

"မှတ်စုစာအုပ်ထဲမှာတော့... ကျွန်မတို့နဲ့ လက်တွဲခဲ့ဖူးတဲ့ ဖောက်သည်တွေရဲ့ စာရင်းနဲ့... ပူးပေါင်းဆောင်ရွက်မှု အသေးစိတ် အချက်အလက်တွေ ပါတာပေါ့..."

---

အခန်း (၁၉၅၇) - ဖော့ခ်စီးတီးရဲ့ ကောင်းကင်က အရမ်း မှောင်မိုက်လွန်းတယ်

~ရို့စ် မှာမူ... ခြေထောက်တစ်ဖက်ကလည်း ယဲ့ဖန် ရိုက်ချိုးထားသဖြင့် ကျိုးနေသလို၊ လက်တစ်ဖက်ကလည်း စားပွဲပေါ်တွင် ဓားဖြင့် စိုက်ကပ်ခံထားရသောကြောင့်... ယဲ့ဖန် လိုချင်သော ပစ္စည်းများကို ကိုယ်တိုင် ယူငင်ပေးရန် မဖြစ်နိုင်တော့ပေ။

ဒါကို မြင်တော့ ယဲ့ဖန်သည် သူမ ညွှန်ကြားသည့်အတိုင်းပင် နောက်ကျောဘက်ရှိ ဗီရိုဆီသို့ သွားလိုက်ပြီး အောက်ဆုံး အကန့်ကို ဖွင့်လိုက်လေ၏။

မျှော်လင့်ထားသည့်အတိုင်းပင်... စာရွက်စာတမ်း အိတ်အချို့ကို တွေ့လိုက်ရသည်။

သူသည် အိတ်များကို ဖယ်ရှားလိုက်သော်လည်း... ဗီရိုထဲတွင် ထူးခြားသည့် အရာ တစ်ခုတစ်လေမျှ မတွေ့ရပေ။

"ညာဘက်ခြမ်းက နံရံကို ဖိလိုက်... နည်းနည်း အားစိုက်ပြီး နှစ်ချက်လောက် ဖိလိုက်ပါ.."

ရို့စ်က နောက်သို့ လှည့်မကြည့်သော်လည်း၊ အနောက်ဘက်မှ လှုပ်ရှားသံများ တိတ်ဆိတ်သွားသည်ကို ကြားလိုက်ရသဖြင့် အချိန်မီပင် သတိပေးလိုက်လေသည်။

ယဲ့ဖန်သည် သူမ ပြောသည့်အတိုင်း လိုက်နာလိုက်၏။

ညာဘက် နံရံကို အနည်းငယ် အားစိုက်ပြီး ဖိလိုက်သောအခါ... ခလုတ်တစ်ခုကို နှိပ်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

နှစ်ချက်လောက် ဖိပြီးသွားသောအခါတွင်မူ... ဗီရို၏ အောက်ခြေနံရံကပ် ပြားကြီးသည် ဖြည်းညှင်းစွာ ပွင့်ဟလာပြီး၊ နောက်ကွယ်မှ လျှို့ဝှက် အကန့်လေး တစ်ခု ပေါ်ထွက်လာလေတော့သတည်း။

ထို လျှို့ဝှက်အကန့်ထဲတွင်တော့... ဟာ့ဒ်ဒစ် တစ်လုံးနှင့် မှတ်စုစာအုပ် တစ်အုပ် ရှိနေလေသည်။

ယဲ့ဖန်သည် ပစ္စည်းနှစ်ခုစလုံးကို ယူလိုက်ပြီး၊ မှတ်စုစာအုပ်ကို အရင်ဆုံး လှန်လှော ကြည့်ရှုလိုက်၏။ လက်ရေးလှလှလေးဖြင့် ရေးမှတ်ထားသော နာမည်များ၊ လိုအပ်သော ကိုယ်တွင်းအင်္ဂါ အသေးစိတ် အချက်အလက်များနှင့် ပူးပေါင်းဆောင်ရွက်မှု ဈေးနှုန်းများကို အထင်အရှား တွေ့မြင်လိုက်ရသည်။

ထို့နောက် ဟာ့ဒ်ဒစ်ကို ရို့စ်၏ ရုံးသုံး ကွန်ပြူတာနှင့် ချိတ်ဆက်လိုက်ပြီး၊ ဗီဒီယိုနှင့် အသံဖိုင် အချို့ကို ဖွင့်ကြည့်လိုက်လေသည်။ ၎င်းတို့သည် ရို့စ်၊ ဂျန့်မန်း နှင့် ဟွတ်ခ် တို့၏ ရာဇဝတ်မှု သက်သေများပင် ဖြစ်ချေ၏။

ဒါတင် မကသေးဘဲ... ငွေလွှဲမှတ်တမ်း ဓာတ်ပုံများလည်း ပါဝင်နေသေးသည်။

သက်သေ အထောက်အထားများမှာ အလွန်ပင် ပြည့်စုံလွန်းလှပေသည်။

သို့သော် တစ်ခုတည်းသော အားနည်းချက်မှာ... ဟာ့ဒ်ဒစ်ထဲရှိ ဖိုင်များမှာ အလွန် များပြားလွန်းနေခြင်းပင်။

စုစုပေါင်း ပမာဏမှာ 2 TB နီးပါး ရှိနေလေသည်။

ဗီဒီယို သက်သေဖိုင် တစ်ခုတည်းကပင် 1 GB သို့မဟုတ် 2 GB ကျော် ရှိနေပြီး၊ ကြာချိန်မှာလည်း အလွန် ရှည်လျားလှ၏။ အများစုမှာ အနည်းဆုံး (၁၀) မိနစ်ခန့် ကြာမြင့်တတ်သည်။

ယဲ့ဖန် အနေဖြင့် ထိုအရာများကို တစ်ခုချင်းစီ လိုက်ကြည့်ပြီး ခွဲခြားနေရန် အချိန်မရှိပေ။

ဖိုင်နာမည်များနှင့် အရေအတွက်ကို အကြမ်းဖျင်း ကြည့်ရှုပြီးနောက်... သူသည် ရို့စ်ဘက်သို့ ပြန်လှည့်လိုက်လေသည်။

"ဒီ သက်သေတွေထဲမှာ... ဘယ်အရာက တိုက်ရိုက် အထိရောက်ဆုံးနဲ့ သေစေလောက်တဲ့ အချက်လဲ..."

သူသည် အချက်အလက် အချို့ကို အရင်ဆုံး ချုံ့ပြီး ပို့လိုက်ချင်နေခြင်း ဖြစ်၏။ သို့မှသာ တစ်ဖက်လူများ အနေဖြင့် ပွဲကြီးပွဲကောင်းကို အချိန်မီ ကြည့်ရှုနိုင်မည် မဟုတ်ပါလော။ တစ်ချိန်တည်းမှာပင်... သူသည် မိတ်ဆွေအချို့ကို စည်းရုံးနိုင်မည့်အပြင်၊ သူတို့အပေါ် ကျေးဇူးတင်စရာ တစ်ခုခုလည်း ဖန်တီးပေးနိုင်ဦးမည် ဖြစ်ချေသည်။

ရို့စ်သည်လည်း ဖိုင်တိုင်း၏ အကြောင်းအရာကို အကုန်လုံး မှတ်မိနေမည် မဟုတ်ပေ။

ကွန်ပြူတာ မျက်နှာပြင်ပေါ်မှ ဖိုင်စာရင်းများကို တစ်ချက် ကြည့်လိုက်ပြီးနောက်... သူမသည် ဗီဒီယို သုံးခု၊ အသံဖိုင် နှစ်ခုနှင့် ငွေလွှဲမှတ်တမ်း ဓာတ်ပုံ ဆယ်ပုံကျော်ကို ရွေးချယ်ပေးလိုက်လေသည်။

"အမြန် ပို့ချင်တယ် ဆိုရင်တော့... ဒါတွေက ကိုယ်စားအပြုဆုံးပဲ..."

ထို့နောက် သူမက ဆက်ပြောလိုက်သေး၏။

"ဒါပေမဲ့... ရှင်က ဒါလေးတွေနဲ့ပဲ ဒီဗွန်ရှိုင်းယား မြို့စားကြီးကို ဖြိုချချင်တာ ဆိုရင်တော့... ရှင့်အတွေးက အရမ်း ရိုးလွန်းတယ်လို့ပဲ ပြောရမှာပေါ့..."

"လက်ရှိ ဖော့ခ်စီးတီးရဲ့ အခြေအနေအရ ဆိုရင်... ရှင် ဒီအချက်အလက်တွေကို ရဲတပ်ဖွဲ့ဆီ ပို့လိုက်ရင်တောင်မှ... ရဲတွေက ဆက်ဖတ်ရဲမှာ မဟုတ်ဘူး... သူတို့ ကိုယ်လွတ်ရုန်းဖို့အတွက် ဒီကိစ္စနဲ့ ဝေးဝေးနေကြမှာပဲ... ပြီးရင် ဒီဗွန်ရှိုင်းယား အိမ်တော်ကို ချက်ချင်း အကြောင်းကြားပြီး၊ သူတို့ဘာသာ ဖြေရှင်းခိုင်းလိုက်ကြမှာ..."

"အွန်လိုင်းပေါ် တင်မယ် ဆိုရင်လည်း... ဒီဖိုင်တွေ တက်သွားတာနဲ့ ချက်ချင်းပဲ 'သော့ချက်စာလုံး ကာကွယ်ရေး စနစ်' က ပိတ်ချလိုက်မှာ သေချာတယ်... ဒါ့အပြင် ရှင့်အကောင့်ရဲ့ IP လိပ်စာနဲ့ တခြား အချက်အလက်တွေကိုလည်း ဝက်ဘ်ဆိုက်က ချက်ချင်း စောင့်ကြည့် ဖမ်းယူလိုက်မှာပဲ..."

"နေမဝင်အင်ပါယာ မြို့စားကြီး တစ်ယောက်ရဲ့ အာဏာ၊ အထူးသဖြင့် ဒီဗွန်ရှိုင်းယား လို အင်အားကြီး မိသားစုမျိုးရဲ့ စွမ်းအားက... သာမန်လူတွေ စိတ်ကူးလို့ ရနိုင်တာမျိုး မဟုတ်ဘူး..."

"ရှင်က ရဲတိုင်တာတို့၊ အွန်လိုင်းတင်တာတို့နဲ့ ဖြေရှင်းဖို့ ကြိုးစားရင်တော့... ရှင်က မြို့စားကြီးကို ဖြိုချတာ မဟုတ်ဘဲ၊ ကိုယ့်သေတွင်း ကိုယ်တူးလိုက်တာနဲ့ အတူတူပဲ ဖြစ်သွားလိမ့်မယ်နော်..."

"ဪ... ပြောဖို့ မေ့နေလို့... နေမဝင်အင်ပါယာရဲ့ အကြီးဆုံး ဒုစရိုက် အဖွဲ့အစည်း ဖြစ်တဲ့ 'ဈာပန အဖွဲ့အစည်း' နဲ့ လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့တွေကလည်း... ဒီဗွန်ရှိုင်းယား မိသားစုနဲ့ ခွဲခြားလို့ မရအောင် ပတ်သက်နေတယ် ဆိုတာကို မမေ့နဲ့ဦးနော်..."

ယဲ့ဖန်ကမူ သူမ၏ စကားများကို အရေးမစိုက်ပေ။

သူမ ရွေးချယ်ပေးလိုက်သော ဖိုင်များကို တစ်စုတည်း ပေါင်းစည်းပြီးနောက်... အန်းကျူပရင့်စ် ထံသို့ ချက်ချင်း ပေးပို့လိုက်လေသည်။

ဖိုင်အရွယ်အစား သေးငယ်သော အချက်အလက်များကို ပို့ပြီးသည်နှင့် တပြိုင်နက်... ကျန်ရှိနေသော 2 TB ခန့်ရှိသည့် ဒေတာများကိုပါ ဖြည်းဖြည်းချင်း ဆက်လက် ပေးပို့နေလိုက်၏။

ဒေတာများ ပို့ဆောင်နေစဉ်တွင်... သူသည် ဖုန်းကို ထုတ်ကာ အန်းကျူပရင့်စ် ထံသို့ ဖုန်းဆက်လိုက်လေတော့၏။

"မင်းတို့ မိသားစုရဲ့ အဆင့်အတန်းနဲ့ စီးပွားရေး အင်ပါယာကို... နောက်ထပ် အဆင့်တစ်ခု မြင့်တက်သွားစေချင်လား..."

---

အခန်း (၁၉၅၈) - နတ်ဆိုးတစ်ကောင်ကို မြင်လိုက်ရတဲ့အခါ

~ဖုန်းတစ်ဖက်မှ အန်းကျူပရင့်စ်မှာမူ ကြောင်အမ်းသွားရရှာ၏။ သူမသည် ခေတ္တမျှ နှုတ်ဆိတ်နေပြီးမှ ပြန်မေးလိုက်လေသည်။

"မောင်... နောက်နေတာလားဟင်..."

အန်းကျူ မိသားစု ဆိုသည်မှာ... တစ်နိုင်ငံလုံးတွင် တော်ဝင်မိသားစုနှင့် မြို့စားကြီး အနည်းငယ်၏ အောက်၌သာ ရှိသော ထိပ်တန်း အဆင့်အတန်း ဖြစ်သည် မဟုတ်ပါလော။

နောက်ထပ် ခြေလှမ်း တစ်လှမ်း တက်လှမ်းရမည် ဟုတ်လား။

ဘယ်လိုလုပ် ဖြစ်နိုင်မည်လဲ။ သူမတို့ မိသားစု အထက်မှာ ရှိနေသည့် မြို့စားကြီးတွေက နေရာဖယ်ပေးမှ၊ ဒါမှမဟုတ် အန်းကျူ မိသားစုက ထူးခြားသော စွမ်းဆောင်ရည် တစ်ခုခု ပြနိုင်မှ ရမည့် ကိစ္စလေ။

စီးပွားရေး အင်ပါယာကို ချဲ့ထွင်ဖို့ ဆိုတာကလည်း... မိသားစု အဆင့်အတန်း မြှင့်တင်တာလောက် မခက်ခဲသော်ငြား၊ တော်တော်လေး ခက်ခဲသော ကိစ္စပါပင်။

ဘာပဲဖြစ်ဖြစ်... နေမဝင်အင်ပါယာနှင့် ပတ်ဝန်းကျင် ဒေသတွေမှာ စီးပွားရေး လုပ်ငန်း အသီးသီးကို သက်ဆိုင်ရာ အကျိုးစီးပွား အုပ်စုတွေက ထိန်းချုပ်ထားကြသည်ကိုး။

ကိုယ်က ပိုစားချင်လျှင်... သူများ ပန်းကန်ထဲကဟာကို လုစားရမည်ပဲလေ။

အန်းကျူ မိသားစု၏ လက်ရှိ အင်အား အရွယ်အစားနှင့် ဆိုလျှင်... နယ်ပယ် တစ်ခုခုက အကျိုးစီးပွား အုပ်စုတွေကို အမြစ်ပြတ် ချေမှုန်းနိုင်မှသာ စီးပွားရေး နယ်မြေကို ချဲ့ထွင်၍ ရနိုင်မှာ ဖြစ်၏။

ထို့ကြောင့်... သူမသည် ယဲ့ဖန်၏ ပရိသတ် တစ်ဦး ဖြစ်နေသည့်တိုင်၊ ဒီစကားကို ကြားလိုက်သော အခါမှာတော့... ယဲ့ဖန် နောက်နေခြင်း ဖြစ်ရမည်ဟု ပထမဆုံး တွေးလိုက်မိတော့သည်။

"ဒီနေ့က 'ဧပြီလ ဖူးလ်' မဟုတ်ပါဘူးကွာ..."

ဟု ယဲ့ဖန်က ပြုံးလျက် ပြန်ပြောလိုက်၏။

"ကိုယ် စတန့်စ် လေဆိပ်မှာ အရေးကြီးတဲ့ အရာတချို့ ရှာတွေ့ခဲ့တာပါ... အဲ့ဒါတွေကို မင်းဆီ ပို့လိုက်ပြီ။"

"အီးမေးလ် ထဲကို ဝင်ပြီး ဒေါင်းလုဒ် ဆွဲလိုက်ပါ... အဲ့ဒါဆိုရင် ကိုယ် ဘာလို့ ဒီလို ပြောရသလဲ ဆိုတာကို မင်း သိသွားလိမ့်မယ်။"

"ဒါဆို... မောင် ခဏလောက် စောင့်ပေးနော်..."

ဖုန်းထဲမှ တချွတ်ချွတ် အသံများနှင့်အတူ မောက်စ်နှင့် ကီးဘုတ် ရိုက်သံများ ချက်ချင်း ထွက်ပေါ်လာတော့သည်။

ယဲ့ဖန်ကတော့ မလောပေ။ သူမ အချက်အလက်များကို ဒေါင်းလုဒ် ဆွဲပြီး ဖတ်ရှုသည်အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်၏။

"ကိုယ် ပို့လိုက်တဲ့ အချက်အလက်တွေက... ရှိသမျှ အချက်အလက်တွေရဲ့ တစ်ရာခိုင်နှုန်းတောင် မရှိသေးဘူးနော်။"

"ဘုရားရေ..."

ဖိုင်ပွင့်သွားသည်နှင့် တပြိုင်နက်... အန်းကျူပရင့်စ် တစ်ယောက် တစ်စုံတစ်ခုကို သဘောပေါက်သွားပုံ ရလေသည်။ သူမသည် မထိန်းနိုင်တော့ဘဲ အသံကုန် အော်ဟစ်လိုက်မိတော့၏။

"ဒီဗွန်ရှိုင်းယား မိသားစုက လူတွေ... ရူးကုန်ကြပြီလား..."

"သူတို့... သူတို့က လူမဆန်တဲ့ ကိစ္စတွေကို ကွယ်ရာမှာ ဒီလောက်တောင် လုပ်နေကြတာလား..."

"ဒီဗွန်ရှိုင်းယား မိသားစုက လက်ဝါးကြီးအုပ်ထားတဲ့ စီးပွားရေးတွေကနေ ရတဲ့ ငွေတွေက... သူတို့ရဲ့ လောဘကို ဖြည့်ဆည်းဖို့ မလုံလောက်သေးလို့လား..."

"ဒါ... ဒါက နတ်ဆိုးတွေနဲ့ ဘာကွာလို့လဲ..."

ယဲ့ဖန်က သူမကို ဖြတ်မပြောဘဲ... သူမ ကျိန်ဆဲ၍ ပြီးသည်အထိ စောင့်လိုက်၏။

"အင်း…ပိုပြီး တိတိကျကျ ပြောရရင်တော့... နတ်ဆိုးတွေကတောင် သူတို့ကို တွေ့ရင် 'နတ်ဆိုး' လို့ ပြန်ခေါ်ရမယ့် အနေအထားပဲ..."

"အတိုချုပ် ပြောရရင်... ဒီဗွန်ရှိုင်းယား မိသားစုက ကွယ်ရာမှာ တကယ်ကို ယုတ်မာ ရိုင်းစိုင်းလွန်းတယ်..."

"တခြား ရှုထောင့်က ကြည့်မယ် ဆိုရင်တော့... ဒါဟာ မင်းတို့ မိသားစုအတွက် အခွင့်အရေးကောင်း တစ်ခုပဲလေ..."

"သူတို့ သေသင့်တယ်"

အန်းကျူပရင့်စ် ထပ်မံ ကျိန်ဆဲလိုက်ပြန်၏။ ထို့နောက် အသက်ကို ဝဝရှူလိုက်ပြီး စိတ်လှုပ်ရှားမှုများကို အတင်း ဖိနှိပ်လိုက်လေသည်။

"မောင် ဆိုလိုတာကို အန်းကျူ နားလည်ပါပြီ။"

"မောင်...အန်းကျူ ဘာလုပ်ပေးရမလဲ ဆိုတာသာ ပြော..."

"တို့ အခုပဲ ဒီအချက်အလက်တွေကို ဟာ့ဒ်ဒစ် ထဲ ကူးထည့်လိုက်မယ်... ခဏနေရင် မောင် ခိုင်းတဲ့အတိုင်း လုပ်ပေးမယ်နော်။"

သူ့ချစ်သူလေးက သူ့ကို ဒီလောက်အထိ ယုံကြည်ပြီး သွက်လက် ချက်ချာနေသည်ကို ယဲ့ဖန် အံ့ဩမနေပေ။

ဖုန်းတစ်ဖက်မှ အချက်အလက် ကူးယူနေသံများကို ကြားလိုက်ရသောအခါ... သူက တိုက်ရိုက်ပင် ပြောလိုက်တော့သည်။

"ဒီလို လုပ်ကွာ..."

"အချက်အလက်တွေ ကူးပြီးတာနဲ့... မင်းရဲ့ အဖေနဲ့ အဘိုးဆီကို ချက်ချင်း ယူသွားလိုက်... သူတို့နှစ်ယောက် ဒီအကြောင်းအရာတွေကို မြန်နိုင်သမျှ မြန်မြန် မြင်လိုက်ရရင် အကောင်းဆုံးပဲ။"

"ပြီးတော့..ကိုယ် ခန့်မှန်းတာ မမှားဘူး ဆိုရင်တော့... ဒီဗွန်ရှိုင်းယား မိသားစုက လူတွေလည်း စတန့်စ် လေဆိပ်ကို လာနေကြပြီ။"

"အခု စတန့်စ် လေဆိပ်မှာ ကိုယ်.. ရှိနေတယ်။"

"အဖေနဲ့ အဘိုးကို အချက်အလက်တွေ ပြပြီးတာနဲ့... ဒီအကြောင်းကိုပါ ပြောပြလိုက်... သူတို့က ဒီအခွင့်အရေးကို ဘယ်လို အသုံးချရမလဲ ဆိုတာ ကောင်းကောင်းကြီး သိကြမှာပါ။"

"ကောင်းပြီလေ"

အန်းကျူပရင့်စ် ချက်ချင်း ပြန်ဖြေလိုက်သော်လည်း... စိုးရိမ်တကြီး ထပ်ပြောလိုက်ရှာသည်။

"အန်းကျူ အခုပဲ အဖေနဲ့ အဘိုးဆီ ဖုန်းဆက်ပြီး အကျိုးအကြောင်း ရှင်းပြလိုက်မယ်။"

"မောင်လည်း သတိထားဦးနော်..."

"စတန့်စ် လေဆိပ် ဆိုတာ ဒီဗွန်ရှိုင်းယား မိသားစုရဲ့ နယ်မြေလေ... ဒီမိသားစုက လူတွေက ကွယ်ရာမှာ ဒီလောက်တောင် ရက်စက်ကြတာ... မောင် ဂရုစိုက်မှ ဖြစ်မယ်။"

"စိတ်မပူပါနဲ့။"

ယဲ့ဖန်က ပြုံးလိုက်၏။

"မင်းရဲ့ လူအကြောင်း မင်း မသိဘူးလား..."

"ကိုယ်က မနိုင်မယ့် တိုက်ပွဲကို ဘယ်တော့မှ မတိုက်ဘူးလေ။"

"အန်းကျူ…မောင့်အတွက်... ယူနီဖောင်း အလှလေးတွေ ဝယ်ထားတယ်နော်..."

အန်းကျူပရင့်စ်ကတော့ ဝေ့ဝိုက်မနေတော့ဘဲ... တဲ့တိုးကြီးပင် သတိပေးလိုက်လေတော့သည်။

All Chapters