← Chapters

အခန်း (၁၅၃-၁၅၄)

Vol. 13 Ch. 153-154

အခန်း (၁၅၃-၁၅၄)

Vol. 13 Ch. 153-154

အပိုင်း(၁၅၃)

ကောင်းကင်ကံကြမ္မာရွေးချယ်ခံ

မိစ္ဆာဘိုးဘေးဒဏ္ဍာရီကိုကြားပြီး ကြားထဲတွင် တစ်ခုခုကတော့ ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။

ဒါဆို မင်းဆက်ကိုးခုက ကျူးကျော်သူတွေပေါ့!

မြင့်မြတ်ကုန်းမြေက မင်းဆက်ကိုးခုကို မကူညီတာ အံ့ဩစရာမဟုတ်တော့ပေ။

ကုအန် ထိုအကြောင်းအများကြီး စဉ်းစားမနေခဲ့ပေ။ သူမိစ္ဆာကလန်များကိုလည်း မသနားသလို မင်းဆက်ကိုးခုကိုလည်း အပြစ်မတင်ခဲ့ပေ။

အသက်ရှင်သန်လိုမှုအတွက် တိုက်ပွဲကို ကောင်းခြင်းဆိုးခြင်းသက်သက်ဖြင့် ဆုံးဖြတ်၍ မရပေ။ မိစ္ဆာကလန်ပေါ်ပေါက်မလာခင်က ဤကမ္ဘာပေါ်တွင် အခြားမျိုးစိတ်များ ရှိနေခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

ကမ္ဘာကြီးသည် အမြဲ တိုးတက်ပြောင်းလဲနေမည်ဖြစ်ကာ အဟောင်းကို အသစ်က အစားထိုးသွားသည်မှာ သာမန်သာ ဖြစ်၏။

လူသားတစ်ယောက်အနေနှင့် ကုအန် ကိစ္စများကို လူသားမျိုးနွယ်၏ ရှုထောင့်မှသာ ဆုံးဖြတ်မည် ဖြစ်သည်။

ယခုအခါ မိစ္ဆာများနှင့် လူသားများမှာ အတူတူယှဉ်တွဲနေထိုင်နေကြသည်ဟူ၍ပင် ပြော၍ရပြီး မိစ္ဆာအရိပ်များကို ကမ္ဘာကြီးပေါ်ရှိ နေရာအနှံ့တွင် တွေ့မြင်နိုင်ပြီး မိစ္ဆာသားရဲများကလည်း ကျင့်ကြံခြင်းလောက၏ မရှိမဖြစ် သတ္တဝါများ ဖြစ်လာခဲ့ကြ၏။ အချို့ဂိုဏ်းများတွင်ဆိုလျှင် စွမ်းအားကြီးသော မိစ္ဆာသားရဲများက ဂိုဏ်းကို ကာကွယ်ပေးပြီး သူတို့က ထိုမိစ္ဆာသားရဲများကိုပင် ကိုးကွယ်ကြသေးသည်။

ထျန်းယောင်အာ ပြောပြီးသောအခါ ရုတ်တရက် ကုအန် လက်မောင်းကို ဆွဲလိုက်ပြီး ပြောလိုက်၏။

“သခင် လူသားတွေနဲ့မိစ္ဆာတွေက အတူတူယှဉ်တွဲနေထိုင်လို့မရဘူးလား ဘာလို့ သေသည်အထိ တိုက်ခိုက်ကြရမှာလဲ”

သူသည် လူသားတွေကိုကြောက်ရွံ့သော်လည်း မုန်းတီးခြင်းတော့ မဖြစ်မိပေ။ အဘယ်ကြောင့်ဆိုသော် သူမတစ်ဘ၀လုံးတွင် လူသားများနှင့် တစ်ခါမှ မဆက်ဆံဖူး၍ ဖြစ်ပေသည်။ ထို့အပြင် သူမကို လိုက်လံသတ်ဖြတ်ခဲ့ကြသူများမှာလည်း မိစ္ဆာများ ဖြစ်နေသေးဧ။။်

ကုအန် သူ့လက်ကို ရုတ်လိုက်ကာ ပြောလိုက်သည်။ “ဒီကမ္ဘာကြီးမှာ ရုန်းကန်နေရတာ မိစ္ဆာမျိုးနွယ်တွေပဲ မဟုတ်ပါဘူး လူတိုင်းက ပိုသန်မာဖို့ ခက်ခဲကြမ်းတမ်းတဲ့ လမ်းကို လျှောက်ရတယ် စိုးရိမ်ပူပန်ပြီး ၀မ်းနည်းနေဖို့ထက် ကြိုးစားပြီးသာ ကျင့်ကြံ မင်းရန်သူက ဘယ်တော့မှမင်းကို စာနာသနားပေးနေမှာ မဟုတ်ဘူး မင်းက သူများကို စာနာသနားပေးချင်ရင်လည်း လုံလောက်အောင် သန်မာနေဖို့ လိုသေးတယ်”

သူ့အတွေ့အကြုံများအရ ကုအန် အရာရာတိုင်းကို ဘေးလူအဖြစ်နှင့်သာ ရပ်ကြည့်လိုပြီး သူ့မိတ်‌ေဆွများ ချစ်ရသူများ၏ ကိစ္စများမှလွဲ၍ ဘယ်ကိစ္စကိုမှ ၀င်မပါလိုပေ။

အပြင်စည်းဂိုဏ်းတွင် စက်ဆုပ်ဖွယ်ကိစ္စကြီး ဖြစ်ပြီးသွားကတည်းက ကုအန် လမ်းမှန်ဂိုဏ်းများကိုလည်း အယုံအကြည် မရှိတော့ပေ။ သို့သော် သူထိုလူများကို ရွံရှာစက်ဆုပ်ခြင်းတော့ မရှ်ိပေ။

တခဏဂိုဏ်းက မင်းဆက်ကိုးခုလံုးကိုမျိုးဖြုတ်ဖို့ ကြိုးစားခဲ့တုန်းကလည်း သူထိုဂိုဏ်းကို မုန်းတီးခြင်းမရှိခဲ့ပေ။

သူ့စကားကိုကြားသောအခါ ထျန်းယောင်အာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။ “တကယ်လို့ မိစ္ဆာဘိုးဘေးကြီး ပြန်ရှင်လာပြီး လူသားမျိုးနွယ်ကို ဒီတိုက်ကြီးကနေ မောင်းထုတ်ပစ်လိုက်ရင်တောင် သခင် ကျွန်မကို သခင်ဘယ်သွားသွား ခေါ်သွားပါနော်”

ကုအန် ပြုံးကာ မေးလိုက်သည်။ “မိစ္ဆာဘိုးဘေးကြီးက အဲ့လောက်တောင် စွမ်းအားကြီးလား လူသားမျိုးနွယ်တွေ တကယ်ပဲ မောင်းထုတ်ခံရမှာလား”

“မိစ္ဆာမိခင်ပြောတာကြားတာတော့ မိစ္ဆာဘိုးဘေးကြီး ပြန်ရှင်လာတာနဲ့ ဒီကုန်းမြေတိုက်ကြီးတစ်ခုလုံးက မိစ္ဆာကုန်းမြေဖြစ်လာပြီး လက်ရှိ လူသားမျိုးနွယ်က ကျင့်ကြံသူ ဘယ်သူမှ ဘိုးဘေးကြီးကိုမယှဉ်နိုင်ဘူးတဲ့” ထျန်းယောင်အာ ခေါင်းညိတ်ကာ ဖြေလိုက်သည်။

အဲ့လောက်တောင် စွမ်းအားကြီးတယ်လား!

ကုအန် မိစ္ဆာဘိုးဘေးကြီးကို ပို၍ပင် စိတ်၀င်စားလာခဲ့ရ၏။

အကယ်၍ ကိစ္စများသာ ဤသို့ဆက်ဖြစ်ပြီး မဟာမိစ္ဆာကပ်ဘေးကျရောက်လာခဲ့လျှင် မိစ္ဆာဘိုးဘေးကြီးကို သူသာ ရင်ဆိုင်ရမည် ဖြစ်သည်။

ထို့အပြင် ကုအန် ထျန်းယောင်အာပြောသော ဒဏ္ဍာရီထဲမှလည်း သံသယရှိစရာများ ရှ်ိနေတာကို မြင်နေခဲ့ရသည်။ဒဏ္ဍာရီက ထိုသံသယများ အားလုံးကို ဖြေရှင်းမပေးနိုင်ပေ။

အကယ်၍ ဤကုန်းမြေတိုက်ကြီးတစ်ခုလုံးကသာ မိစ္ဆာကလန်၏အပိုင်ဖြစ်ခဲ့လျှင် မိစ္ဆာသားရဲများနှင့် တစ္ဆေများက မည်သည့်နေရာက လာခဲ့သနည်း။

မိစ္ဆာများနှင့် မိစ္ဆာသားရဲများသည် နာမည်သာ ကွာခြားကြသူများ မဟုတ်ကြပေ။ သူတို့သည် မတူညီသော မျိုးစိတ်များ ဖြစ်ကြ၏။

လူသားကျင့်ကြံသူများက မိစ္ဆာစွမ်းအားကိုကျင့်ကြံလျှင် မိစ္ဆာကျင့်ကြံသူများ ဖြစ်လာကြပြီး မိစ္ဆာများက မိစ္ဆာစွမ်းအားကို ကျင့်ကြံလျှင်တော့ ကြောက်စရာကောင်းသော မိစ္ဆာကြီးများ ဖြစ်လာကြ၏။ ဤသို့ဆိုလျှင် ဤမိစ္ဆာစွမ်းအားသည် အဘယ်ကြောင့် တည်ရှိနေရသနည်း။

ထို့နောက် ကုအန် ထျန်းယောင်အာကို အကန့်အသတ်မဲ့လွတ်လပ်ခြင်း ခြေလှမ်းကို ဆက်လေ့ကျင့်ခိုင်းလိုက်ပြီး နတ်အာရုံသုံး၍ မြောက်အရပ်သို့သွားနေသော မိစ္ဆာများကို ဆက်ကြည့်နေလိုက်သည်။

ညအချိန်တွင် များစွာစော မိစ္ဆာများ တောင်တန်းများ ကွင်းပြင်များကိုဖြတ်၍ ပြေးလွှားနေခဲ့ကြပြီး ကောင်းကင်တွင်လည်း မိစ္ဆာငှက်များက ပျံသန်းနေခဲ့ကြသည်။ သေချာကြည့်ပါက ထိုမိစ္ဆာများကြားတွင် များစွာပြော မိစ္ဆာအရိပ်များနှင့် တစ္ဆေများကိုလည်း တွေ့နိုင်၏။

မိစ္ဆာအရိပ်များနှင့် တစ္ဆေများ၏ ကွာခြားချက်မှာ မိစ္ဆာအရိပ်များကိုယ်မှ မြူတိမ်နက်များနှင့်တူသော မိစ္ဆာချီများထွက်နေတတ်ခြင်း ဖြစ်သည်။

ကုအန် နတ်အာရုံကို မိုင်ပေါင်း၁သန်းလောက်ထိ ဖြန့်ကျက်လိုက်ပြီး လမ်းတစ်လျှောက်လုံးတွင်လည်း များစွာသော မိစ္ဆာများကို တွေ့ခဲ့ရ၏။

ထိုမျှများပြားလှသော မိစ္ဆာများကိုကြည့်ပြီး နိဗာနအဆင့်ကုအန်ပင် ကျောရိုးတစ်လျှောက် အေးစိမ့်သွားခဲ့ရသည်။ အကယ်၍ သူသာ၀င်မပါခဲ့ပါက မဟာမိစ္ဆာကပ်ဘေး ဖြစ်လာသည်နှင့် မင်းဆက်ကိုးခုသည် အလျင်အမြန်ပင် ပြားကပ်သွားရပေလိမ့်မည်။

မိစ္ဆာကုန်းမြေ၏ အနက်ပိုင်းနှင့် မဝေးသော အရပ်တွင် ကုအန် တစ်သားတည်းဖြစ်ခြင်းအဆင့် မိစ္ဆာသားရဲများကိုလည်း တွေ့ခဲ့ရပြီး ထိုမိစ္ဆာသားရဲများသည် မိစ္ဆာအုပ်ကြီးနှင့် အတူရှိမနေဘဲ သူတို့ဂူထဲတွင်သာ ရှ်ိနေခဲ့ကြသည်။

ထို့နောက် ကုအန် နတ်အာရုံသည် မီးတောင်ကြီးများ ပြွတ်သိပ်စုဝေးနေသော နေရာကို တွေ့လိုက်ရ၏။ ဤဒေသတွင် မီးတောင်ချော်ရည်များဖြင့် ပြည့်နှက်နေပြီး မီးခိုးပူ‌များက ညကောင်းကင်ဆီ ထိုးတက်နေခဲ့ကြသည်။ အချို့မီးတောင်များမှာမူ ပေါက်ကွဲ၍ပင်နေပြီး မြင်ကွင်းမှာ ကြောက်စရာပင်။

ရှုလူပေးခဲ့သောမြေပုံအရ ဤနေရာသည် ဤတိုက်ကြီးထဲရှိ မိစ္ဆာတစ်သောင်းကုန်းပြင်မြင့် သာဖြစ်ရေပေမည်။

မိစ္ဆာတစ်သောင်းကုန်းပြင်မြင့်သည် မီးတောင်တစ်သောင်းရှိပြီး မိစ္ဆာဘုရင်တစ်သောင်းက ထိုဒေသတွင် နေထိုင်ကြကာ သာမန်မိစ္ဆာအရေအတွက်က မရေတွက်နိုင်အောင် များပြားလှသည်။

ကမ္ဘာ့မှတ်တမ်းရေးသားသူ အဆိုအရ မိစ္ဆာချီများ ထူထဲလွန်း၍ သူပင် ထိုနေရာသို့ ၀င်မသွားရဲဘဲ ဤနေရာသည် မိစ္ဆာတစ်သောင်းကုန်းပြင်မြင့် ဖြစ်မှန်းကိုပင် သာမန်မိစ္ဆာတစ်ကောင်ကိုဖမ်း၍ စစ်မေးပြီး သိခဲ့ရခြင်း ဖြစ်၏။

ကုအန် မိစ္ဆာကုန်းမြေတွင် တစ်သားတည်းဖြစ်ခြင်းအဆင့် မိစ္ဆာတစ်ထောင်ကျော်ကို အာရုံခံခဲ့မိပြီး ဆန်းကြယ်နှလုံးသားအဆင့် ၂၀ ကျော်ရှိကာ မဟာယနအဆင့် တစ်ယောက်ပင် ရှိနေသေးသည်။

ဤအခိုက်တွင် မိစ္ဆာတစ်သောင်း ကုန်းမြင့်ရှိ မိစ္ဆာများအားလုံးလည်း မြောက်အရပ်သို့ ဦးတည်သွားနေခဲ့ကြ၏။

ကုအန် သူ့နတ်အာရုံကို သူတို့ဦးတည်ရာ မြောက်အရပ်သို့တော့ မပို့ရဲတော့ပေ။ မဟာယနအဆင့်ကျင့်ကြံသူပင် ကိုးကွယ်နေပုံအရ မိစ္ဆာဘိုးဘေးကြီးသည် မဟာယနအဆင့်ကို ကျော်လွန်နေသူ ဖြစ်နိုင်ပေသည်။

ထျန်းယောင်အာပြောပြသော ဒဏ္ဍာရီအရလည်း သူ့အဆင့်က မဟာယနအဆင့်ကိုကျော်လွန်နေသူမှန်း သိသာ၏။

မဟာယနအဆင့်၏ သွေးမှာ ထိုမျှစွမ်းအား မကြီးလှပေ။ သို့သော် နိဗာနအဆင့်မှာတော့ ကွဲပြားပေသည်။ ထိုအဆင့်တွင်အသက်ဓာတ်အနှစ်သာရပါ ပြောင်းလဲသွားခြင်းဖြစ်ပြီး ကုအန်သွေးဆိုလျှင်လည်း သာမန်ဟုတ်မနေတော့ပေ။

ထို့ကြောင့် ကုအန် အိပ်နေသောမြွေကို သွားလှုပ်မနှိုးချင်ပေ။

နောက်ဆုံးတွင် မိစ္ဆာကပ်ဘေးမှာ မနက်ဖြန် ကျရောက်တော့မည့် အရာမဟုတ်ပေ။

သူ့တွင် သက်တမ်းစုဆောင်းရန် အချိန်ရှိနေသေးသည်။ သူ့သက်တမ်း ၁၀သန်းကျော်သွားလျှင်တော့ သူ့စွမ်းအားမှာလည်း ခုန်ပေါက်၍ တိုးတက်သွားပေလိမ့်မည်။

စိတ်အေးအေးထားရမယ်!

အချိန်ကြာလေ ငါ့အတွက်အကျိုးရှိလေပဲ!

ကုအန် နတ်အာရုံကိုပြန်ရုတ်လိုက်ကာ ထျန်းယောင်အာကိုသာ ဆက်လက်သင်ကြားပေးနေခဲ့လိုက်သည်။

….

နွေဦးကုန်ကာ ဆောင်းဦးရောက်သွားခဲ့ပြီး နောက်ထပ်သုံးနှစ် ထပ်မံကုန်ဆုံးသွားခဲ့၏။

နေ့လည်ခင်းတစ်ခုတွင် အသက် ၈၂နှစ်အရွယ်ကုအန် အဖြူရောင်၀တ်စုံ၀တ် လူအသေးလေးအဖြစ်ပြောင်းကာ မြောက်ပင်လယ်တောင်တန်းဒေသသို့ သူတော်စင်ရွှမ်မြောင်ကို ကြည့်ရှုရန် ရောက်လာခဲ့လေသည်။

သူသူတော်စင်ရွှမ်မြောင်ဆီသို့ လအနည်းငယ်ကြာတိုင်း တစ်ခါသွားတတ်ပြီး သူသွားတိုင်း သူတော်စင်ရွှမ်မြောင်သည် တာအိုကျောင်းဆောင်ထဲတွင် ကြိုးစားကျင့်ကြံပြီး အေးချမ်းသော ဘ၀ကို ခံစားနေခဲ့၏။

ကုအန် ရောက်သွားသော တာအိုကျောင်းဆောင်အပြင်ဘက်တွင် သူသိသော အခြားလူတစ်ယောက်ကိုလည်း တွေ့လိုက်ရလေသည်။

အန်းဟောင်!

အန်းဟောင်နှင့်ရွှမ်မြောင်သည် တောင်ကမ်းပါးစွန်းတွင် ပုခုံးချင်းယှဉ်ရပ်ကာ မြောက်ပင်လယ်ကြီးကို အတူ ကြည့်ရှုနေခဲ့ကြ၏။

ရွှေစာရင်းညီလာခံကြောင့် သူတို့တွင်အ‌ေတာ်‌ေကာင်း‌ေသာ ဆက်ဆံရေးတစ်ခု ရှိသွားခဲ့ပုံ ရပေသည်။

အန်းဟောင်သည် ယခုအခါ စိတ်ဝိညဉ်အခြေတည်အဆင့်ကို ဖြတ်ကျော်သွားပြီးဖြစ်ကာ သူ့အသက်သည် ၅၀ ပင်မပြည့်သေးပေ။

ကြည့်ရသည်မှာ အန်းဟောင်တွင် လီရွှမ်တောက် ကျင့်ကြံခြင်းအမြန်နှုန်းကို ကျော်တက်သွားနိုင်မည့် ကံကြမ္မာကောင်းတစ်ခုရှိခဲ့ပြံ ပေါ်၏။

“မင်းကျင့်ကြံခြင်း ကလုံလောက်အောင် မြန်ဆန်နေပါပြီ မင်းအခုလုပ်ရမှာက စိတ်အေးအေးထားဖို့ပဲ” ရွှမ်မြောင် အကူအညီမဲ့နေဟန်ဖြင့် ပြောလိုက်လေသည်။

ရွှေစာရင်းညီလာခံမတိုင်ခင်က သူကိုယ့်ကိုကိုယ် ဤကမ္ဘာပေါ်ရှိ ပြိုင်ဘက်ကင်းပါရမီရှင်ဟု ထင်နေခဲ့မိ၏။

အန်းဟောင်နှင့် တိုက်ခိုက်ပြီးသောအခါမှသာ သူ့ထက်သာသောသူ ရှိနေသေးမှန်း သိလိုက်ရသည်။ သို့သော် သူစိတ်ပျက်မသွားခဲ့ပေ အန်းဟောင်ကြောင့် သူပို၍ပင် ကြိုးစားကျင့်ကြံချင်စိတ် ဖြစ်လာခဲ့ရ၏။

အန်းဟောင် လက်ပိုက်၍ ရပ်နေခဲ့ပြီး မြောက်ပင်လယ်ကို ကြည့်နေခဲ့သည်။ သူ့ဆံပင်များကို ခေါင်းတွင်စု၍စည်းထားသောကြောင့် သူ့ချောမောခန့်ညားသော မျက်နှာက ပေါ်လွင်နေပြီး သူ့ပုံစံက ကျက်သရေရှိကာ တင့်တယ်လှပြီး ကောင်းကင်ရွေးချယ်ခံ တစ်ယောက်ဖြစ်မှန်း သိသာလှသည်။ သူအနည်းငယ် ရယ်မောလိုက်ကာ ပြောလိုက်၏။

“ငါ့ကျင့်ကြံခြင်းက အရမ်း မြန်တယ်လို့ မခံစားရပါဘူး ဘာလို့လဲမသိပေမယ့် ငါစပြီး ကျင့်ကြံကတည်းက ငါ့မှာအချိန်မရှိတော့ဘူးလို့ပဲ ခံစားနေရတယ် ငါသာ ကြိုးစားပြီးမကျင့်ကြံရင် ကပ်ဘေးကြီးက တဖြည်းဖြည်း ငါ့ဆီကျရောက်လာလိမ့်မယ်”

အန်းဟောင် မြောက်ပင်လယ်ကိုကြည့်နေရင်း သူ့အကြည့်များက လေးနက်နေခဲ့သည်။

အရင်က သူ့ပုခုံးပင်မရှိသော ကောင်လေးက အခုလိုလူမျိူးဖြစ်လာလေရာ ကုအန် ဂုဏ်ယူမိသလို ခံစားလိုက်ရ၏။

အကယ်၍ သူသာမကယ်ခဲ့ပါက ထိုကောင်လေးသည် မိစ္ဆာကြီး၏ ပါးစပ်ထဲရောက်နေမှာဖြစ်ပြီး သူက ထိုကောင်လေးကို ကျင့်စဉ်များ နတ်သိုင်းများလည်း သင်ပြပေးခဲ့သောကြောင့် သူသည် ထိုကဲ့သို့ ဂုဏ်ယူနေရန် ထိုက်တန်ပေသည်။

အန်းဟောင်စကားများကို ကြားသောအခါ ကုအန် သက်တမ်းအကန့်အသတ်အကြောင်း တွေးလိုက်မိသည်။

အန်းဟောင်လို ပါရမီရှင်မျိုးသည် ကောင်းကင်ကံကြမ္မာကို အာရုံခံနိုင်ပါသလော။

အကယ်၍ သူသာ နှစ်တစ်သောင်းအတွင်း နိဗာနအဆင့်ကို မရောက်နိုင်ခဲ့လျှင် အန်းဟောင် သေရပေလိမ့်မည်။

သူတော်စင်ရွှမ်မြောင် ခံစားချက်များဖြင့် ပြောလိုက်၏။ “အဲ့လိုဆိုရင်တော့ ငါမင်းကို လမ်းညွှန်ပေးမယ် အရင်က ငါထျန်းဝေမင်းဆက်မှာရှိနေတုန်းက ငါ့ရတနာက ငါ့ကို ကြီးမြတ်တဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ဂူကို ပြခဲ့တယ် ဒါပေမယ့် ဂူရဲ့ စည်းတွေက အရမ်းရှုပ်ထွေးတယ် အဲ့ဒီတုန်းက ငါခဏလေးနဲ့ နားမလည်နိုင်ခဲ့ဘူး နောက်တော့ ငါရွှေစာရင်းညီလာခံကိုလာရတော့ အဲ့ဒီဂူကိုမသွားနိုင်ခဲ့ဘူး မင်းအဲ့ဒီဂူကို သွားရှာကြည့် အထဲမှာ အခွင့်အရေးကြီးတွေ ရှိနေနိုင်တယ်”

ထိုစကားကိုကြားသောအခါ အန်းဟောင် ထိုဂူ၏ တည်နေရာအတိအကျကို တောင်းလိုက်၏။

သူတော်စင်ရွှမ်မြောင် သိုလှောင်အိတ်ထဲမှ မြေပုံတစ်ခုထုတ်ကာ အန်းဟောင်ကို ပေးလိုက်လေသည်။

တခဏကြာစကားပြောပြီးသောအခါမှ အန်းဟောင်ထွက်သွားခဲ့၏။ သူထွက်မသွားခင်တွင် အန်းဟောင် သတိပေးခဲ့သေးသည်။ “အခုနောက်ပိုင်း အမတကျင့်ကြံခြင်းကမ္ဘာမှာ အာဃာတကောင်းကင်နတ်ဓားသိုင်းက ဂယက်ထနေတယ် ဓားသခင်က မိစ္ဆာလမ်းစဉ်ကို ကျရောက်သွားပြီးတော့ တာအိုရိုးရာကိုဆန့်ကျင်နေတဲ့ ကျင့်စဉ်တစ်ခုကိုတောင် ကျင့်နေတယ် သူ့လက်ထဲမှာ လူတွေတစ်ယောက်ပြီးတစ်ယောက် သေနေရတယ် ဒီတောနက်ထဲမှာ မင်းလည်းသတိထားဦး တောင်နတ်ဘုရားအိပ်နေချိန်နဲ့တိုးရင် မင်းကိုဘယ်သူမှ ကယ်တင်နိုင်မှာမဟုတ်ဘူး”

သူတော်စင်ရွှမ်မြောင် ရယ်မောလိုက်၏။ “ငါက နတ်အသွင်ပြောင်းခြင်းအဆင့် ၅ တစ်ယောက်ပါ အာဃာတကောင်းကင်နတ်ဓားသိုင်း ဓားသခင်က နတ်အသွင်ပြောင်းခြင်းအဆင့်တစ်ယောက်ကိုမှ မသတ်ဖူးသေးပါဘူးကွ”

အန်းဟောင်ပြုံးကာ ခေါင်းယမ်းလိုက်ပြီး ထွက်ခွာသွားလေတော့သည်။

သူတော်စင်ရွှမ်မြောင် ထွက်ခွာသွားသောသူ့ပုံရိပ်ကို တခဏကြာ ကြည့်နေပြီးမှ တာအိုကျောင်းဆောင်ထဲ ပြန်လာခဲ့လိုက်သည်။

သူခြံ၀န်းထဲရောက်သည်နှင့် တောင်နတ်ဘုရားအသံကို ကြားလိုက်ရ၏။ “‌ဒီကောင်လေးရဲ့ အခြေခံက အရမ်းကောင်းတယ် သူ့ကံကြမ္မာကလည်း အသိအမှတ်ပြုစရာပဲ”

သူမော့ကြည့်လိုက်ရာ ကျောင်းဆောင်အမိုးပေါ်တွင် ထိုင်နေသော တောင်နတ်ဘုရားကို တွေ့လိုက်ရလေသည်။

သူတော်စင်ရွှမ်မြောင်ပြုံးလိုက်ကာ “သူ့ပါရမီက တကယ်ပဲ ဒီကမ္ဘာမှာ ပြိုင်ဘက်ကင်းတယ် အဓိပတိဂိုဏ်းက ကောင်းကင်နဲ့မြေကြီးကို ပြောင်းလဲပစ်နိုင်မယ့် ပါရမီရှင်တစ်ယောက်ကို မွေးဖွားပေးလိမ့်မယ်လို့ ကျွန်တော့်ဆရာက ပြောဖူးတယ် အဲ့တာ သူပဲဖြစ်ရမယ်”

ထိုစကားကိုကြားသောအခါ ကုအန် ရယ်‌ေမာလိုက်၏။ “သုံးပါးတစ်ဆူတောင်က အဲ့လောက်ပဲ အစွမ်းထက်လား”

သူတော်စင်ရွှမ်မြောင်ပြန်ပြောလိုက်သည်။ “ဒါပေါ့ သုံးပါးတစ်ဆူတောင်က တောင်နတ်ဘုရားနဲ့တော့ မယှဉ်နိုင်ပါဘူး ဒါပေမယ့် ဂိုဏ်းက တာအိုရိုးရာကို နှစ်ပေါင်း ၁၀၀၀၀ ကျော်ထိန်းသိမ်းလာခဲ့ပြီး အကြီးအကဲတချို့က ကံကြမ္မာခန့်မှန်းတဲ့ နည်းလမ်းအချို့ကို တတ်ကျွမ်းကြတယ် အမှန်အတိုင်းပြောရရင် သုံးပါးတစ်ဆူတောင်က ပင်လယ်တစ်ဖက်ကမ်းက လာခဲ့တဲ့ ဂိုဏ်းပါ ကျွန်တော်တို့ ဘိုးဘေးတွေက အဲ့ဒီကို ပြန်မသွားနိုင်တော့လို့ ဒီကုန်းမြေတိုက်ပေါ်မှာပဲ အခြေချခဲ့ရတာ”

ကုအန် သုံးပါးတစ်ဆူတောင်ကို စတင်၍ အထင်ကြီးသွားခဲ့ရပြီး ဂရုတစိုက်နားထောင်နေလိုက်သည်။

မိုးထိဆန်းကြယ်ဂိတ်တံခါးတစ်ခုတည်းနှင့်ပင် သုံးပါးတစ်ဆူတောင်ကို အထင်သေး၍ မရပေ။

“စကားမစပ် လီမိသားစုကလည်း ကောင်းကင်ကံကြမ္မာပိုင်ရှင်တစ်ယောက်ကို မွေးဖွားခဲ့တယ်တဲ့ အဲ့ဒီကလေးကလည်း အဓိပတိဂိုဏ်းက တပည့်ပဲ ဖြစ်ရမယ် သူကအခုတော့ သူ့ပါရမီကို ထုတ်မပြနိုင်သေးပေမယ့် သူအခွင့်အရေးကြီးတစ်ခုတွေ့ပြီး သူ့ပါရမီကို ထုတ်ပြနိုင်လိုက်တာနဲ့ သူက ကောင်းကင်ပေါ်ပျံတက်သွားပြီး အန်းဟောင်နဲ့တောင်ယှဉ်ပြိုင်နိုင်လိမ့်မယ် ကျွန်တော်တော့

အဲ့ဒီနေ့ရောက်လာဖို့ကို မစောင့်နိုင်တော့ဘူး” သူတော်စင်ရွှမ်မြောင် ကုအန်ကိုကြည့်ကာ စိတ်လှုက်ရှားစွာ ပြောလိုက်၏။

ကုအန် စိတ်၀င်စားသွားဟန်ဖြင့် မေးလိုက်သည်။ “ကောင်းကင်ကံကြမ္မာပိုင်ရှင် ဘယ်သူလဲဆိုတာ မင်းတို့ ရှင်းရှင်းလင်းလင်းတွက်ချက်လို့ရခဲ့လား”

“‌ေကာင်းကင်ကံကြမ္မာကို တွက်ချက်တယ်ဆိုတာ ဘယ်လိုလုပ်ရှင်းလင်းနိုင်မှာလဲ ဒါပေမယ့် အဲ့တာက သူပဲဖြစ်ရမယ် အခြား လီမိသားစုမျိုးဆက်တွေက သူ့လို သာမန်မဟုတ်တဲ့ ပါရမီမျိုးမရှိကြဘူး” ရွှမ်မြောင် ခေါင်းယမ်းကာ ပြောလိုက်သည်။

ကုအန် သူဘယ်သူ့ကို ရည်ညွှန်းနေလဲဆိုတာ သိနေခဲ့၏။ သူပြောနေသည်မှာ အဓိပတိဂိုဏ်းတပည့် လီမိသားစု ပါရမီရှင် လီယကို ပြောနေခြင်း ဖြစ်ပေသည်။

သို့သော် တကယ်တော့ လီရွှမ်တောက်ပါရမီသည် ပို၍ ကြောက်စရာကောင်းသောအရာ ဖြစ်၏။

အကယ်၍ လီရွှမ်တောက်သာ ကောင်းကင်ကံကြမ္မာပိုင်ရှင် ဖြစ်နေပါက လက်ရှိ သူ့အခြေအနေအရ အနာဂတ်တွင် အမှန်တကယ်ပင် အန်းဟောင်ကို ယှဉ်ပြိုင်နိုင်စွမ်း ရှိလာပေလိမ့်မည်။

အပိုင်း(၁၅၄)

ဆရာ‌ေရ ကျွန်တော့်ကိုကယ်ပါဦး!

သူဝောာ်စင်ရွှမ်မြောင်နှင့် စကားခဏပြောပြီးသည့်နောက် ကုအန် ရွှမ်မြောင်နှင့်အတူ ဆေးဥယျာဉ်သို့ သွားခဲ့လေသည်။

ရွှမ်မြောင်သည် ဆေးဉယျာဥ်ကို တောင်ခြေတွင်ပြုလုပ်ထားခြင်းဖြစ်ပြီး အစောင့်အဖြစ် မိစ္ဆာလေးများကို ထားခဲ့၏။ ကုအန် ရင့်မှည့်ပြီးသော ဆေးပင်များကိုခူးကာ ရွှမ်မြောင်ကို တာအိုနိယာမများကို မျှဝေပေးခဲ့သည်။

ရွှမ်မြောင် တောင်နတ်ဘုရားပြောသော စကားတစ်လုံးချင်းစီကို သေချာနားထောင်ခဲ့ပြီး ထိုစကားလုံးတိုင်းတွင် ကြီးမြတ်သော တာအိုနိယာမများ အမှန်တကယ်ပင် ပါ၀င်နေခဲ့၏။

ဆေးပင်ခူးပြီးသောအခါ ကုအန် တစ်၀က်ကိုသာ ယူသွားပြီး ကျန်တစ်၀က်ကို ရွှမ်မြောင့် ဆေးတာအိုတွင် အသုံးပြုရန် ချန်ထားပေးခဲ့သည်။

ထိုသို့ သူချန်ထားပေးနေသည်မှာပထမဆုံးအကြိမ်မဟုတ်သော်လည်း ထိုကိစ္စကြောင့် ရွှမ်မြောင် ရင်ထဲထိနေရဆဲပင်။

သူသည် ဤနေရာသို့ အစေခံအဖြစ် အလုပ်အကြွေးပြုရန် လာသည်ဆိုသော်လည်း တကယ်တော့ တောင်နတ်ဘုရား၏ လမ်းညွှန်မှုအောက်တွင် ကျင့်ကြံနေရခြင်းဖြစ်ပြီး ကောင်းချီးကြီးတစ်ခု ရရှိထားသလိုပင် ဖြစ်နေခဲ့သည်။

တောင်နတ်ဘုရားတွင် သူ့အတွက် အရေးကြီးသော အစီအစဉ်တစ်ခုရှိနေသည်ဟုပင် ရွှမ်မြောင်ခံစားနေခဲ့ရ၏။ ကောင်းကင်က သင့်ကို ကြီးမြတ်တဲ့ တာ၀န်များပေးအပ်လိုပါက အရင်ဆုံး သင့်ကို အရိုးများကြေ၍ အရွတ်များပြတ်သည်ထိ ပင်ပန်းပြီး သင့်ရပ်တည်ချက်ကို လက်လျှော့အောင် အရင်လုပ်ပြီး စမ်းသပ်တတ်သည် ဟူသော ဆိုရိုးလည်း ရှိနေသည် မဟုတ်ပါလား။

သူ့အား ဆေးပင်စိုက်ပျိုးခိုင်းခြင်းမှာလည်း တောင်နတ်ဘုရားအတွက် မဟုတ်လောက်ဘဲ သူ့စရိုက်သဘာ၀ကို ပိုမိုတည်ငြိမ်သွားအောင် လေ့ကျင့်ပေးနေခြင်း ဖြစ်နိုင်ပေသည်။

…..

တောင်နတ်ဘုရားကျောင်းဆောင်မှရသော ဆေးပင်များသည် ကုအန်အတွက် တည်ငြိမ်သော ဆေးပင်အရင်းအမြစ်တစ်ခု ဖြစ်မလာသေးပေ။ သူ့အဓိက ဆေးပင်အရင်းအမြစ်ကို ဆန်းကြယ်တောင်ကြား သဘာ၀ဂူရှစ်လုံး တတိယတောင်ကြား ထျန်းယတောင်ကြား နှင့် နျန်းချူ ဂူများမှသာ ရရှိနေပြီး ထိုဂူများမှ တစ်နှစ်ကို သက်တမ်း ၂သိန်းနီးနီး စုဆောင်း၍ ရ၏။

သူသက်တမ်းသည်လည်း လက်ရှိတွင် ၅သန်းကျော်လာပြီဖြစ်ပြီး ဘာမှထူးခြားမှုများသာ မဖြစ်ပါက နောက်နှစ်ပေါင်း ၂ဝအတွင်း သူ့သက်တမ်းသည် ၁၀သန်းပြည့်သွားပေလိမ့်မည်။

မဟာမိစ္ဆာကပ်ဘေးကလည်း နောက်နှစ်နှစ်ဆယ်အတွင်း ဖြစ်ပွားဦးမည် မဟုတ်ပေ။ အဓိပတိဂိုဏ်း ခန့်မှန်းထားပုံအရ မိစ္ဆာကပ်ဘေးသည် အနည်းဆုံး နောက်ထပ် နှစ်ပေါင်း ၅၀ ကြာမှသာ လာနိုင်ပေလိမ့်မည်။

ဆန်းကြယ်တောင်ကြားသို့ ပြန်ရောက်သောအခါ ကုအန် သာမန်တပည့်တစ်ယောက်အဖြစ်သာ ဆက်နေခဲ့လေသည်။

အကြီးအကဲ ကုကျုံးသည် သူ့ကို အတွင်းစည်းဂိုဏ်းသားတစ်ယောက်အဖြစ် ရာထူးတိုးပေးပြီးပြီဖြစ်သော်လည်း ကုအန် အပြင်စည်းမြို့တွင် လှည့်လည်သွားလာရတာကိုသာ ပိုကြိုက်၏။

အပြင်စည်းဂိုဏ်းတွင် သူ့မိတ်ဆွေဟောင်းများ များစွာရှိနေပြီး သူကလည်း အဟောင်းများကိုသာ ခင်တွယ်တတ်သူ ဖြစ်သည်။

ဤသို့ဖြင့် နောက်တစ်နှစ် ကုန်သွားခဲ့ပြီး နွေရာသီ ရောက်ရှိလာခဲ့ပြန်သည်။

ဆန်းကြယ်တောင်ကြားရှိ အိမ်ထဲတွင် ကုအန် လက်ရေးလှ လေ့ကျင့်နေခဲ့ရင်း ကျိဝေအစီအရင်ကျမ်း၏ နက်နဲမှုများကို တွေးတောနေခဲ့၏။

ထိုစဉ် လုကျိကျား သူ့အခန်းရှေ့ ရောက်ရှိလာပြီး တံခါးခေါက်လိုက်ရာ ကုအန် ၀င်ခွင့်ပေးလိုက်သည်။

လုကျိကျား အခန်းထဲ၀င်၍ တံခါးကိုပြန်ပိတ်လိုက်ပြီး ကုအန်နားကပ်လာကာ ပြောလိုက်၏။

“စီနီယာအစ်ကိုကြီး ကျွန်တော်ဝူရှင်းအကြောင်း သတင်းရထားပါတယ်”

ကုအန် သူ့ကိုမော့မကြည့်ဘဲ စာရွက်ပေါ်တွင်သာ အာရုံစိုက်နေရင်း ပြောလိုက်သည်။ “ဘာသတင်းလဲ”

လုကျိကျား အမြန်ပြောပြလိုက်၏။

“တခဏဂိုဏ်း ဂယက်ကြောင့် ရွက်ဝါတစ်ထောင်မျှော်စင်က ပြိုကွဲသွားခဲ့ပါတယ် အဲ့တာကြောင့် ကျွန်တော်လည်း ဝူရှင်း ကပ်ဘေးတစ်ခုကို ကြုံလိုက်ရမှာပဲလို့ ထင်ခဲ့မိပေမယ့် အခုတလော ဧကရာဇ်ရဲ့လက်အောက်မှာ ဝူရှင်းလို့ ‌ယူဆလို့ရတဲ့ ရဟန်းငယ်လေးတစ်ပါး အကြောင်း ကြားခဲ့ရပါတယ် အဲ့ဒီဘုန်းကြီးက စာနာစိတ်လုံး၀မရှိဘဲ တစ်ခါကဆိုရင် သူတစ်ယောက်တည်းနဲ့ ဟန်လုမင်းဆက်ရဲ့ တော်၀င်အစောင့် ၉၀၀၀ကို သတ်ပစ်လိုက်ပြီး သူတို့ရဲ့ဦးခေါင်းခွံတွေနဲ့ မှော်အသုံးအဆောင်လုပ်လိုက်တယ်လို့ ပြောကြပါတယ် အဲ့ဒီကိစ္စက အမတကျင့်ကြံခြင်းကမ္ဘာမှာတော့ ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့ပါတယ် ဧကရာဇ်က သူ့ရဲ့ မင်းဆက်ကိုးခုကို စုစည်းလိုတဲ့ရည်ရွယ်ချက်ကြောင့် လူကောင်း လူဆိုးဆိုတာတွေ ဘာမှမကြည့်ဘဲ အစွမ်းထက်တဲ့သူမှန်သမျှကို သူ့လက်အောက်ထဲ ဆွဲထည့်နေပါတယ် အခုဆို သူ့လက်အောက်မှာ မိစ္ဆာကျင့်ကြံသူတွေ တစ္ဆေကျင့်ကြံသူတွေ အများကြီးတောင် ရှိနေပါပြီ”

ထိုစကားကိုကြားသောအခါ ဝူရှင်းပိုအစွမ်းထက်လာတာပဲဟု ကုအန် တွေးလိုက်မိသည်။

ဝူရှင်း လုပ်ရပ်များကိုတော့ သူဆုံးဖြတ်ပေးရမည့် အရာဟု ကုအန် မခံစားရပေ။

မင်းဆက်ကိုးခုရှိ အမတကျင့်ကြံခြင်းဂိုဏ်းများသည် လီရွှမ်တောက် လုပ်ရပ်များကို ဘာမှမပြောဘဲ လွှတ်ထားကြပြီး မင်းဆက်များကြား တိုက်ပွဲဆင်နွှဲခြင်းကို ခွင့်ပြုပေးထားကြ၏။ သို့သော် အခြေအနေတစ်ခုတွင် ဂိုဏ်းများကတော့ ထိုတိုက်ပွဲများတွင် ၀င်ပါမည်မဟုတ်ဘဲ အထူးသဖြင့် မင်းဆက်များ၏ နန်းတွင်းရေးရာ များတွင် ဖြစ်ပေသည်။ ဤသည်မှာ မပြောဘဲ

သဘောတူထားသော စည်းမျဉ်းတစ်ခု ဖြစ်၏။

ဒါပေါ့ စည်းမျဉ်းဆိုတာကတော့ စည်းမျဉ်းတစ်ခုသာ ဖြစ်ပေသည်။ တစ်ဖက်တွင် အဓိပတိဂိုဏ်းက ထိုက်ကန်မင်းဆက်ကို တိတ်တဆိတ်ကူညီထောက်ပံ့နေသလို ဟန်လုမင်းဆက်၏ အမတကျင့်ကြံခြင်းဂိုဏ်းများကလည်း သူတို့မင်းဆက်ကို နောက်ကွယ်က ထောက်ပံ့ပေးနေခဲ့ကြ၏။

မင်းဆက်ကိုးခုလုံးရှိ ကျင့်ကြံသူများက အကယ်၍ မင်းဆက်ကိုးခုလုံးကို မင်းဆက်တစ်ခုခုက စုစည်းနိုင်ခဲ့လျှင်တောင် ထိုမင်းဆက်ကို သူတို့မင်းဆက်သာ ဖြစ်လိုကြသည်။

လုကျိကျား ဆက်ပြောလိုက်၏။ “ဝူရှင်း လက်ရှ်ိခွန်အားက ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် တစ်ယောက်နဲ့တောင် ယှဉ်လို့ရလောက်တယ် သူ့ပါရမီနဲ့ဆိုရင် အဲ့လောက် ကြောက်စရာကောင်းသွားစရာအကြောင်းမှမရှိဘဲ သူမိစ္ဆာကျင့်စဉ်တစ်ခုခုကို ကျင့်ထားတာ သေချာတယ်

စီနီယာအစ်ကိုကြီး အနာဂတ်မှာ သူနဲ့တွေ့ရင် ဂရုစိုက်ရမယ်နော်”

သူသည်လည်း မိစ္ဆာလမ်းစဉ်သို့ ကျရောက်ဖူးသူဖြစ်သောကြောင့် ထိုလမ်းစဉ်သည် မည်မျှအန္တရာယ်များမှန်း လုကျိကျား သိနေခဲ့၏။

ကုအန် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “စိတ်မပူပါနဲ့ အစ်ကိုကြီးက အဓိပတိဂိုဏ်းကနေ ထွက်တတ်တာမှ မဟုတ်တာ ဝူရှင်းကလည်း ဒီကိုလာရဲမှာမဟုတ်ပါဘူး”

အဓိပတိဂိုဏ်းသည် လက်ရှိအချိန်တွင် ရွှေစာရင်းကြောင့် တန်ခိုးထွားနေချိန်ဖြစ်ပြီး ဖန်းအန်၏စာအုပ်များကြောင့်လည်း ဂိုဏ်းထဲသို့ ၀င်လာသည့် တပည့်များက ပိုမိုများပြားလာနေခဲ့ကြသည်။ ထိုထဲတွင် ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများပင် ပါနေသေးသည်။ ထို့ကြောင့် နှစ်စဉ် အဓိပတိဂိုဏ်း၏ စာရွက်ပေါ်ရှိ အင်အားမှာ ဆက်တိုက်တိုးတက်လာနေခဲ့၏။

ကုအန် သတိထားမိသည့် အပြောင်းအလဲ‌ေနာက်တစ်ခုမှာ ယခုအခါတွင် ဂိုဏ်းထဲသို့ မိစ္ဆာကျင့်ကြံသူများ ခိုး၀င်လာမှု မရှိတော့ခြင်း ဖြစ်ပေသည်။

ထိုသတင်းကို ပြောပြပြီးသည့်နောက် လုကျိကျား ကုအန်ကို မနှောက်ယှက်တော့ပေ။

လုကျိကျား ပြန်သောအခါ ကုအန် လက်ရေးလှဆက်၍ လေ့ကျင့်နေလိုက်ဧ။။် သူ့နောက်စာအုပ်တွင် ကုအန် သူ့လက်ရေးလှများပါ ထည့်သွင်းဖို့ စဉ်းစားထားခြင်း ဖြစ်သည်။

ဤမျှ လှပသည့်လက်ရေးမျိုးကို ဖွက်ထားပြီး တစ်ယောက်တည်းပဲ ခံစားမနေသင့်ပေ!

ငါက ကျင့်ကြံခြင်း ပါရမီရှင်တစ်ယောက်မဟုတ်ပေမယ့် လက်ရေးလှပါရမီရှင်တစ်ယောက်ပဲကွ!

ကုအန် သူ့ကိုယ်သူကြိတ်၍ ချီးကျူးလိုက်ပြီး ကျေနပ်သွားမိသည်။

ထို့စဉ် ကုအန်ရုတ်တရက် တစ်ယောက်ယောက်က သူ့ကိုခေါ်နေသလို ခံစားလိုက်ရ၏။ သူအစက ရွှမ်မြောင်သူ့ကို ခေါ်နေသည်ဟု ထင်လိုက်မိသော်လည်း နတ်အာရုံဖြင့် ကြည့်လိုက်သောအခါ ရွှမ်မြောင် သူ့ဟာသူ ကျင့်ကြံနေတာကို တွေ့လိုက်ရသည်။

သူသေချာဂရုစိုက်ပြီး နားထောင်ကြည့်သောအခါ ထိုအသံသည် တောင်နတ်ဘုရားကို ခေါ်နေခြင်းမဟုတ်မှန်း သိလိုက်ရ၏။

ထိုအသံသည် အကူအညီတောင်းနေသည့် အသံတစ်သံသာ ဖြစ်နေခဲ့သည်။

“ဆရာရေ ကျွန်တော့်ကိုကယ်ပါဦး!”

ဟမ်!

…..

ကောင်းကင်ပြာပြာနှင့် အဖြူရောင်တိမ်လွှာများအောက်တွင် ကျင့်ကြံသူများ တောင်များကြားတွင် ရောက်နေခဲ့ကြပြီး သူတို့ရှေ့ရှိ တောင်နံရံကြီးကို မှော်သိုင်းမျိုးစုံသုံး၍ တိုက်ခိုက်နေခဲ့ကြ၏။

သို့သော် သူတို့မှော်သိုင်းများ မည်မျှအစွမ်းထက်နေပါစေ တောင်နံရံကြီးမှာ လှုပ်ပင် လှုပ်မသွားခဲ့ပေ။ သူတို့ တိုက်ကွက်တိုင်းကို ‌ကျောက်နံရံကြီးရှိ အပြာရောင်အလင်းလွှာတစ်ခုက စုပ်ယူသွားပြီး ချေဖျက်သွားခဲ့လေသည်။

ထိုစဉ် ခရမ်းရောင်၀တ်လူတစ်ယောက်ဘေးသို့ အဖိုးကြီးတစ်ယောက်ပျံသန်းရောက်ရှိလာခဲ့ပြီး ပြောလိုက်၏။ “အရှင်မင်းသား ဒီစည်းက အရမ်းအားကောင်းလွန်းတယ် ကျွန်တော့်လို ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် တစ်ယောက်တောင် ဒါကို မချိုးဖျက်နိုင်ပါဘူး”

ခရမ်းရောင်၀တ်လူသည် ထျန်းဝေမင်းဆက်၏ မင်းသား စီကျုံးဖြစ်ကာ သူ့ကျင့်ကြံခြင်းသည် နတ်အသွင်ပြောင်းခြင်းအဆင့် ၁ ဖြစ်သည်။

စီကျုံးမထူးခြားဟန်ဖြင့် ပြောလိုက်၏။ “ဆက်တိုက်ခိုက်နေ ငါတို့စည်းကိုမချိုးဖျက်နိုင်ရင်တောင် အဲ့ဒီကောင်လေးကို ခြိမ်းခြောက်နိုင်ရမယ် နောက်ပြီး သူထွက်မပြေးနိုင်အောင် အဖွဲ့တစ်ဖွဲ့ကို ဒီနားမှာ ဖြန့်ကျက်ထားလိုက် သူက အဓိပတိဂိုဏ်း ရွှေစာရင်းထိပ်ဆုံးက ပါရမီရှင်တစ်ယောက်ပဲ ဒီတစ်ခေါက်သူလွတ်သွားရင် ပြန်ဖမ်းနိုင်ဖို့ ခက်လိမ့်မယ်

တကယ်လို့သူသာ စွမ်းအားကြီးလာရင် သူကထျန်းဝေမင်းဆက်အတွက် အန္တရာယ်ကြီးဖြစ်လာလိမ့်မယ်”

“ကောင်းပါပြီ!”

အကြီးအကဲအမိန့်ကိုလက်ခံကာ ထွက်ခွာသွားခဲ့၏။

တောင်နံရံထဲတွင် ခပ်ကျဉ်းကျဉ်း ဂူပေါက်တစ်ခုကို ဖြတ်သန်းသွားပြီးသည့်နောက် လိုဏ်ဂူအကျယ်ကြီးတစ်ခုကို ရောက်ရှိသွားပြီး ထိုလိုဏ်ဂူထဲတွင် အန်းဟောင် တင်ပလ္လင်ခွေထိုင်ကာ ကျင့်ကြံရင်း သူ့ဒဏ်ရာများကို ကုသနေခဲ့သည်။ သူ့ဘေးတွင် အဝါရောင်၀တ်စုံ၀တ် ကောင်မလေးတစ်ယောက်ရှိနေပြီး ထိုကောင်မလေးမှာ သာမန်မဟုတ်သော အ၀တ်အစားများကို ၀တ်ဆင်ထားပြီး သူမမျက်နှာလေးမှာ လှပကာ ထက်မြက်ဟန် ပေါက်၏။

“ဟေးး ငါ့ဒုတိယအစ်ကိုရဲ့ ဆရာက ထျန်းဝေမင်းဆက်ရဲ့ နံပါတ်တစ်ဂိုဏ်းဖြစ်တဲ့ ဖယောင်းကောင်းကင်ဂိုဏ်းရဲ့ အဓိပတိအကြီးအကဲ ဆန်းကြယ်နှလုံးသားအဆင့်နော် သူ့အတွက်က ဘာလိုချင်ချင် ရမှာသေချာတယ် အဲ့တာကြောင့် နင်အခုတံခါးဖွင့်ပြီး ငါ့အစ်ကိုကိုတောင်းပန်လိုက်တာ အကောင်းဆုံးပဲ ငါနင့်ရဲ့အပြုအမူတွေအတွက် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပေးမယ်”

အဝါရောင်၀တ်စုံ၀တ် မိန်းကလေးသည် စီယန်အာ ဖြစ်ပြီး ထျန်းဝေမင်းဆက်၏ မင်းသမီးဖြစ်ပေသည်။

ထိုအခိုက်တွင် သူမသည် မြေပြင်ပေါ်တွင် မတ်တပ်‌ရပ်နေရပြီး စကားသာပြောနေနိုင်ခြင်းဖြစ်ပြီး သူ့ကိုယ်မှာတော့ လှုပ်မရခဲ့ပေ။ သေချာကြည့်ပါက သူ့ပုခုံးပေါ်တွင် ကပ်ထားသော အဆောင်စာရွက်တစ်ရွက်ရှိနေသေးသည်ကို တွေ့နိုင်၏။

အန်းဟောင် မျက်လုံးမှိတ်ထားပြီး သူမကို ဂရုမစိုက်ခဲ့ပေ။ သူ့မျက်နှာမှာလည်း ဖြူဖျော့၍ နေလေသည်။

ဤအခြေအနေသည် ညှိနှိုင်း၍ ရနိုင်မည်မဟုတ်ဘဲ သူ့တွင် လွတ်လမ်းမရှိတော့သည်ကို သူသိ၏။

ကုသနေရင်း အန်းဟောင်အတွေးများက သူ့ဆရာဆီ ရောက်သွားခဲ့ရသည်။

သူ့အကြီးဆုံး ဆန္ဒမှာ သူ့ဆရာကို တွေ့လိုခြင်းသာ ဖြစ်၏။ သူ့ဆရာသည် ဆရာသခင်ဓားအရှင်မှန်း သူသိသော်လည်း သူ့ဆရာ၏ သရုပ်မှန်ကိုတော့ မသိသေးပေ။

သူတင်မဟုတ်ဘဲ အဓိပတိဂိုဏ်းရှိဘယ်သူမှ ဆရာသခင်ဓားအရှင်၏ သရုပ်မှန်ကို မသိကြပေ။ သူ့ဒုတိယဆရာ လုပိုင်ထျန်းပင် မသိပေ။

ထို့ကြောင့်လည်း အန်းဟောင် ကြိုးစား၍ ကျင့်ကြံနေခြင်း ဖြစ်ပေသည်။

သူ့ဆရာသည် အဓိပတိဂိုဏ်းတစ်ဂိုဏ်းလုံးထက်ပင် စွမ်းအားကြီးနေချိန်တွင် သူသည်သာ ကြိုးစားမကျင့်ကြံနေပါက သူ့ဆရာကို စိတ်ကျေနပ်အောင် မည်သို့ လုပ်နိုင်မည်နည်း။

ယခုအခြေအနေကို သူအတော်လေးစိတ်ပျက်နေသော်လည်း မျှော်လင့်ချက်လေး အနည်းငယ်တော့ ရှိနေသေးသည်။

အဘယ့်ကြောင့်ဆိုသော် ယခုလို အခြေအနေမျိုးတွင် သူ့ဆရာ သူ့ကိုလာကယ်မှာကို အန်းဟောင် မျှော်လင့်နေမိခြင်း ဖြစ်၏။

စီကျုံးသည် နတ်အသွင်ပြောင်းခြင်းအဆင့်ဖြစ်သော်လည်း သူသည် အန်းဟောင်အတွက် လုံး၀ ပြဿနာမဟုတ်ပေ။ ပြဿနာမှာ စီကျုံးသည် သူ့လူများကို ခေါ်လာနိုင်ခြင်းဖြစ်ပြီး အဆင့်မြင့်ကျင့်ကြံသူများကိုပင် သူ့ဆီ ဆင့်ခေါ်နိုင်ပေသည်။

ထိုအချက်က အန်းဟောင်ကို စိတ်ပျက်သွားစေမိသည်။

သူ့တွင်လည်း အစွမ်းထက်သော နောက်ခံကြီး ရှိနေသည် မဟုတ်ပါလား။

အကယ်၍ သူ့ဆရာသာ ရောက်လာခဲ့ပါက စီကျုံးဘက်က ဘယ်သူ့ကိုခေါ်လာနေနေ ဘာပြဿနာမှ ရှိတော့မည် မဟုတ်ပေ။

လက်ရှိအချိန်တွင်တော့ စီယန်အာ သူ့အနားတွင်လာပြီး တစ်ချိန်ကုန် ပေါက်ပေါက်ဖောက်နေခြင်းကို အန်းဟောင် မခံစားနိုင်တော့ပေ။

အန်းဟောင် မျက်လုံးဖွင့်လိုက်ကာ စီယန်အာကို ကြည့်လိုက်ပြီး ကျိန်ဆဲလိုက်၏။

“နင်နောက်တစ်ခွန်းထပ်ပြောရဲရင် ငါနင့်ကိုတကိုယ်လုံးချွတ်ပြီး နင်မသေမခြင်း ပျော်ပါးပစ်မယ်”

ထိုစကားကိုကြားသောအခါ စီယန်အာ၏ မျက်နှာ ဖြူဖျော့သွားခဲ့လေသည်။ သူမပါးစပ်ကိုအတင်းပိတ်ထားလိုက်ပြီး အန်းဟောင်ကို ဒေါသမျက်လုံးများဖြင့်သာ ပြူး၍ ကြည့်နေခဲ့၏။

“အဟွတ် အဟွတ်…”

ဒေါသထွက်သွားရသောကြောင့် အန်းဟောင် သွေးချောင်း ဆိုးလိုက်ရသည်။ သို့သော် သူသွေးအန်ရတာကို မကြိုက်သောကြောင့် မအန်ဘဲ သွေးများကို ပြန်သာ မြိုချလိုက်၏။

မကြာခင်တွင် သူပြန်မျက်လုံးမှိတ်လိုက်ကာ ကုသနေလိုက်သည်။

တစ်နာရီခန့်ကြာသောအခါ

စီယန်အာ မမေးဘဲ မနေနိုင်တော့ပေ။ “ဟေး အန်းဟောင် ဒီရုပ်တုက ဒီဂူရဲ့ ပိုင်ရှင်ဖြစ်နိုင်မယ်ထင်လား”

သူ့အကြည့်သည် လိုဏ်ဂူအလယ်ရှ်ိ ရုပ်တုကြီးဆီ ရောက်ရှိနေခဲ့၏။ ရုပ်တုကြီးသည် အဖိုးကြီးတစ်ယောက် လိပ်ကြီးတစ်ကောင်ပေါ် ရပ်နေသော ပုံဖြစ်‌ပြီး လက်ထဲတွင် သစ်သားတောင်ဝှေးတစ်ချောင်းကို ကိုင်ထားကာ ခါးကုန်း၍ ကြင်နာတတ်သော မျက်နှာမျိုးရှိနေသည်။ ထိုရုပ်တုကြီးမှာ အသက်၀င်လှပြီး အချိန်မရွေး အသက်၀င်လာတော့မည့်ပုံပင်။

အန်းဟောင် မျက်လုံးမှိတ်ထားရင်း ပြန်ပြောလိုက်သည်။

“ဟုတ်ရင်ဟုတ်မှာပေါ့”

ရုတ်တရက် သူတစ်ခုခုတွေးလိုက်မိပြီး ထရပ်လိုက်ကာ ရုပ်တုနား ကပ်သွားလိုက်သည်။

ထို့နောက် အန်းဟောင် ရုပ်တုကို လှည့်ပတ်၍ သေချာကြည့်နေခဲ့သည်။

“နင်တစ်ခုခုတွေ့လား” စီယန်အာ စိတ်၀င်တစားမေးလိုက်၏။

အန်းဟောင်မဖြေခဲ့ပေ။

ထိုအချိန်တွင် ကြောက်မက်ဖွယ်ဖိအားကြီးတစ်ခု ကျရောက်လာခဲ့ပြီး အန်းဟောင် မျက်နှာဖြူဖျော့သွားခဲ့ကာ စီယန်အာလည်း ကြောက်လန့်သွားခဲ့သည်။

“ဆရာ နောက်ဆုံးတော့ ရောက်လာပြီပေါ့!”

အပြင်ဘက်မှ စီကျုံး၏ ပျော်ရွှင်နေသည့် အသံကြီး ထွက်ပေါ်လာခဲ့၏။ သူသည် အန်းဟောင်တို့ကြားစေရန် တမင်တကာ အသံကို မြှင့်၍ ပြောနေခြင်း ဖြစ်သည်။

“ဒီနေရာမှာ ရှေးဟောင်းကျင့်ကြံသူကြီးတစ်ယောက်ရဲ့ ဝိညဉ်အကြွင်းအကျန်ကို ဖွက်ထားလိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး မင်းဘေးဖယ်နေ” အေးစက်စက်အသံကြီးက အမိန့်ပေးလိုက်သောကြောင့် အန်းဟောင်မျက်နှာပို၍ ဖြူဖျော့သွားခဲ့၏။

စီယန်အာ အန်းဟောင် ဒုက္ခရောက်နေသည်ကိုအားရနေဟန်ဖြင့် ပြောလိုက်သည်။

“ဟေး နင်အခုကြောက်နေပြီမဟုတ်လား ငါ့ကိုအမြန်လွှတ်လိုက်တာ ကောင်းမယ်နော် သူတို့၀င်လာလို့ကတော့ နင်တော့ပြီးပြီပဲ”

ဝုန်းးး

လိုဏ်ဂူကြီးသည် အပြင်းအထန်တုန်ခါသွားခဲ့ကာ ကျောက်ခဲများ ဖုန်များကျလာခဲ့ပြီး အချိန်မရွေးပြိုကျတော့မလို ဖြစ်လာခဲ့သည်။

အားကောင်းသော နတ်အာရုံကြီးတစ်ခုက ဂူထဲသို့ စစ်ဆေးရန် ဝင်ရောက်လာသောကြောင့် အန်းဟောင်နှလုံးခုန်မြန်လာကာ နှဖူးမှ ချွေးအေးများပင် ထွက်လာခဲ့၏။

သူဘယ်လောက်ပါရမီရှိနေပါစေ ဆန်းကြယ်နှလုံးသားအဆင့်တစ်ယောက်ကို ရင်ဆိုင်ဖို့ကတော့ မဖြစ်နိုင်ပေ။

ဆန်းကြယ်နှလုံးသားအဆင့်မပြောနှင့် အပြင်ရှိ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ကပင် သူ့ကို ချေမွပစ်နိုင်ပေသည်။

ထိုအခိုက်တွင် အန်းဟောင် တည်ငြိမ်မနေနိုင်တော့ဘဲ လက်သီးကိုတင်းတင်းဆုပ်လိုက်ကာ သူ့စိတ်ထဲ သူ့ဆရာ၏ ပုံရိပ်ကို အလိုလိုတွေးလိုက်မိ၏။

“သေစမ်းကွာ…”

“ဆရာရေ ကျွန်တော့်ကို ကယ်ပါဦး…”

အန်းဟောင် အံတင်းတင်းကြိတ်လိုက်ကာ အသက်ပြင်းပြင်းရှူနေရင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။

သူ့စကားကိုကြားသောအခါ စီယန်အာ ရယ်မောပြီး ပြောလိုက်၏။

“အဓိပတိဂိုဏ်း ဂိုဏ်းချုပ်က နင့်ဆရာမဟုတ်လား သူကတစ်သားတည်းဖြစ်ခြင်းအဆင့်ပဲ ရှိတာလို့ကြားတယ် အပြင်က ဆန်းကြယ်နှလုံးသားအဆင့်ရဲ့ ပြိုင်ဘက်မဟုတ်ဘူး တကယ်လို့ သူကယ်လာချင်ရင်တောင် ထိုက်ကန်မင်းဆက်နဲ့ ဒီနေရာက အဝေးကြီး သူဘယ်လိုလုပ် ချက်ချင်းလာလို့ရမှာလဲ”

အန်းဟောင် သူမကိုကြည့်လိုက်ကာ ဒေါသတကြီး ပြန်ပြောလိုက်သည်။

“ငါပြော‌ေနတဲ့ဆရာက လုပိုင်ထျန်း မဟုတ်ဘူး”

စီယန်အာ လှောင်ပြောင်ကာ ထပ်မေးလိုက်၏။ “နင်ဆိုလိုတာက နင့်မှာ ဆန်းကြယ်နှလုံးသားအဆင့် ဆရာတစ်ယောက်ရှိတယ်လို့ ဆိုလိုတာလား”

“ငါ…” အန်းဟောင် ပြန်ပြောချင်သော်လည်း သူ့ဆရာ၏ တည်ရှိမှုကို ထုတ်မပြောပါဘူးလို့ ကတိပြုထားသောကြောင့် ပြန်ပြောလို့မရခဲ့ပေ။

ထိုအခိုက်တွင် သူ့ပုခုံးပေါ် လက်တစ်ဖက် ကျရောက်လာသောကြောင့် အန်းဟောင် ထ၍ ခုန်လိုက်မိလေသည်။ ထို့နောက် သူ့နားထဲ အသံတစ်သံကိုကြားလိုက်ရချိန်တွင်တော့ အန်းဟောင် မျက်ရည်များပင် ဝဲသွားခဲ့ရ၏။

“တပည့်ရူးလေး ထွက်သွားတာမှ နှစ်နည်းနည်းပဲရှိသေးတယ် ဆရာ့ကို လာကယ်ဖို့ တနေရပြီလား”

All Chapters