← Chapters

အခန်း (၁၅၇-၁၅၈)

Vol. 13 Ch. 157-158

အခန်း (၁၅၇-၁၅၈)

Vol. 13 Ch. 157-158

အပိုင်း(၁၅၇)

ဟင်းလင်းပြင်ကို ချိုးဖျက်ခြင်း၊ စေ့စပ်ခြင်း

ကျိုးလင်၏ စကားလုံးများကြောင့် တိရှီ ထိတ်လန့်သွားပါသော်လည်း သူနောက်ထပ်ပြောလိုက်သည့်စကားများကို ကြားလိုက်သည့်အခါတွင်တော့ သူရယ်ချင်ပက်ကျိဖြစ်သွားခဲ့ရသည်။

“ခင်ဗျားက ပါရမီရှင်တစ်ယောက်ပဲဖြစ်ရမယ် ကျုပ်က လူတစ်ယောက်ရဲ့ ပါရမီနဲ့ ကံကြမ္မာကို ဆုံးဖြတ်တဲ့နေရာမှာ ဘယ်တုန်းကမှ မလွဲဖူးဘူး”

ကျိုးလင် သူ့ကိုယ်သူဂုဏ်ယူနေသည့်ဟန်ဖြင့် ကုအန်ဘက် မေးငေါ့ပြလိုက်ကာ ပြောလိုက်သည်။

“ဒီလူငယ်လေးကိုလည်း သူ့ အခြေခံတည်ဆောက်ခြင်းအဆင့်ကြောင့် အထင်မသေးလိုက်နဲ့ သူ့အတွက် ကျုပ်ရဲ့ခန့်မှန်းချက်က မှန်နေခဲ့တာပဲ သူကအခုဆို ရွှေစာရင်းညီလာခံမှာပါတဲ့ ပါရမီရှင်တစ်ယောက်လေ”

ကုအန် အမြန်၀င်၍ အကူအညီမဲ့နေဟန်ဖြင့် ပြောလိုက်၏။ “ဘယ်လိုလုပ် ကျွန်တော်က ပါရမီရှင်ဖြစ်ရမှာလဲဗျာ ကျွန်တော်ရွှေစာရင်းထဲ ၀င်တာကလည်း ကံကောင်းလို့ပါ”

ကျိုးလင် ကုအန်ကို သူ့ဘေးထိုင်ဖို့ ဆွဲခေါ်လိုက်ကာ သူနှင့်တိရှီကို မိတ်ဆက်ပေးလိုက်သည်။

တိရှီသည် ကုအန်နှင့် မိတ်ဆက်ရာတွင် အတော်လေး တည်ငြိမ်နေပြီး နှစ်လိုဖွယ်ဖြစ်နေကာ သူ့တွင် အကြီးအကဲတစ်ယောက်၏ မာန်မာနဟန်ပန်မျိုးလုံး၀ ရှိမနေပေ။

ကျိုးလင်မှာတော့ တိရှီကိုအတော်လေး စိတ်၀င်စားနေခဲ့၏။ တိရှီသည် ဂိုဏ်းသို့ ဆရာသခင်ဓားအရှင်၏ ဓားဆန္ဒကိုလေ့လာဖို့ လာခဲ့သည်ဟု ပြောထားသောကြောင့် သူကျိုးလင်အား ဆရာသခင်ဓားအရှင်အကြောင်းများ စတင်ပြောပြလေတော့သည်။

တိရှီလည်း စိတ်၀င်တစားနားထောင်နေခဲ့သည်။

သူဤနေရာသို့ မလာခင်က မင်းဆက်ကိုးခုလုံးတွင် စွမ်းအားအကြီးဆုံး ကျင့်ကြံသူမှာ သုံးပါးတစ်ဆူဂိုဏ်းက အမတတာအိုပညာရှင် သို့မဟုတ် အဓိပတိဂိုဏ်းက ဆရာသခင်ဓားအရှင်ဟု ကြားခဲ့ရသည်။

သူတို့ထဲတွင် ဆရာသခင်ဓားအရှင်က ပို၍ဆန်းကြယ်လှ၏။ သူသည် အဓိပတိဂိုဏ်း၏ ကိစ္စများတွင် အကြိမ်များစွာ ၀င်ပါခဲ့သော်လည်း ဘယ်သူမှ သူ့သရုပ်မှန်ကို မသိခဲ့ကြပေ။

ကုအန် ကျိုးလင် သူ့ရဲ့အခြားသရုပ်တစ်ခုကို အမှန်အကန်ချီးကျူးနေသည်ကို ထိုင်နားထောင်နေရင်း ရယ်စရာကောင်းသလို ခံစားနေခဲ့ရသည်။

အချိန်အတန်ကြာသည်အထိ တိရှီထံမှ မည်သည့် မကောင်းသည့်ခံစားချက်မျိုးကိုမှ အာရုံမခံမိသောကြောင့် ကုအန် သူ့သံသယကို ဖိနှိပ်ထားလိုက်ရ၏။

မဟာမိစ္ဆာကပ်ဘေးသည် ကျရောက်လာတော့မည်ဖြစ်ပြီး ထိုအချိန်တွင် ဆန်းကြယ်နှလုံးသားအဆင့် မိစ္ဆာတစ်ကောင်က အဓိပတိဂိုဏ်းသို့ စိမ့်၀င်လာခဲ့ကာ သူ့ရည်ရွယ်ချက်ကိုလည်း မသိရသေးပေ။ ဤသည်မှာ ကောင်းသည့်အရာတော့ မဟုတ်ပေ။

ဤနေရာတွင် ကြာကြာဆက်‌ေနပါက သူ့ကိုတိရှီ သံသယ၀င်သွားမှာစိုးသောကြောင့် ကုအန် ဤနေရာမှ အမြန်လစ်ပြေးဖို့ အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့၏။

တိရှီသည် ကောင်းကင်ပြုပြင်စင်မြင့်တွင်နေကာ ဆရာသခင်ဓားအရှင်၏ ဓားဆန္ဒကို လေ့လာဖို့ စီစဉ်ထားသောကြောင့် နောက်ရက်များတွင် သူ့ကို နတ်အာရုံသုံး၍ စောင့်ကြည့်နေနိုင်ပေသည်။

နောက်ရက်များတွင် ကုအန် နေ့စဉ် တိရှီအား နတ်အာရုံသုံး၍ ထောက်လှမ်းခဲ့သော်လည်း သူ့ဆီက မည်သည့် မကောင်းသည့် ရည်ရွယ်ချက်ကိုမှ မတွေ့ခဲ့ရပေ။

သူ‌ကြည့်မိလေလေ ထိုကောင်သည် အဓိပတိဂိုဏ်းကို ဓားပညာသက်သက်သင်ချင်၍ လာသည်ဟု ပိုယုံလာလေလေပင်။

သို့သော် တိရှီသည် အရင်ရက်များတုန်းက သူ့နတ်အာရုံကိုသုံး၍ အနီးပတ်၀န်းကျင်ကို ရှာဖွေခဲ့သောကြောင့် ထိုစဉ်က သူသည် ဆရာသခင်ဓားအရှင်ကို ရှာနေခဲ့ခြင်းဖြစ်မှန်းတော့ သိသာလှသည်။

….

ရာသီများပြောင်းလဲသွားကာ နှနှစ်ကုန်ဆုံးသွားခဲ့ပြန်၏။

ဤနှနှစ်အတွင်း ကုအန်သက်တမ်းသည် အလျင်အမြန်ပင်တိုးတက်လာခဲ့ပြီး ကြယ်သခင်ဂူကလည်း သူ့ကိုသက်တမ်းအများအပြားထောက်ပံ့ခဲ့သည်ဖြစ်ရာ သူ့သက်တမ်းသည် ၆သန်းကျော်လာခဲ့ကာ ၁၀သန်းသို့ တဖြည်းဖြည်းပို၍ နီးကပ်လာခဲ့လေသည်။

တစ်နေ့တွင် ကုအန် သူ့ဖန်းအန်ဟူသောနာမည်ဖြင့် ဟင်းလင်းပြင်ကိုချိုးဖျက်ခြင်း ဟူသောစာအုပ်ထုတ်ရန် အပြင်စည်းဂိုဏ်းသို့ သွားခဲ့၏။

အရင်က ဖန်းအန်နှင့်တွေ့‌ဆုံခဲ့သော အကြီးအကဲလျူချန်းသည် ထွက်ခွာသွားတာ နှစ်ပေါင်းများစွာကြာပြီဖြစ်သောကြောင့် လတ်တလောကုအန်ကို လက်ခံတွေ့ဆုံသည်မှာ အကြီးအကဲအသစ် ဖုန့်ရှန်း ဖြစ်နေခဲ့သည်။

ဤအကြိမ်သည် ဖုန့်ရှန်း၏ ဖန်းအန်ကို တွေ့ဆုံရခြင်း ပထမဆုံးအကြိမ်ဖြစ်သောကြောင့် သူအတော်လေး စိတ်လှုပ်ရှားနေခဲ့၏။ သူကုအန်အား နောက်ထွက်မည့်စာအုပ်ကို ဂရုတစိုက်နှင့် အကောင်းဆုံးထုတ်ပေးပါမည်ဟူ၍ပင် အာမခံပေးနေခဲ့သည်။

စာအုပ်ခန်းမတွင် နာရီ၀က်ခန့်နေပြီးမှသာ ကုအန်ထွက်လာခဲ့၏။

ဖုန့်ရှန်းမှာတော့ အတော်လေး စိတ်အားထက်သန်၍ ကျန်နေခဲ့သည်။

ဖုန့်ရှန်းမျက်လုံးထဲတွင် ကုအန်မှာသူ့အတွက် အခွင့်အရေးကြီးတစ်ခုဖြစ်ပြီး သူသာ ဖန်းအန်စာအုပ်များကို ကောင်းကောငး်ထုတ်ပေးနေပါက သူ့အနာဂတ်သည် အလိုလိုမြင့်တက်လာပေလိမ့်မည်။

စာအုပ်ခန်းမမှ ထွက်လာခဲ့ပြီးသည့်နောက် ကုအန် အပြင်စည်းမြို့ထဲ လှည့်လည်ကြည့်ရှုနေခဲ့၏။ အဓိပတိဂိုဏ်းသည် တစ်နှစ်ပြီးတစ်နှစ် ပိုမိုအားကောင်းလာခဲ့သောကြောင့် အပြင်စည်းမြို့ထဲတွင်လည်း တပည့်များဖြင့်ပိုမိုစည်ကားလာခဲ့လေသည်။ လမ်းပေါ်တွင် လူအုပ်များနှင့် ပြည့်နှက်နေပြီး ဈေးဆိုင်တန်းများကိုလည်း နေရာအနှံ့တွေ့နေခဲ့ရ၏။

မြို့ထဲရှိ လမ်းတစ်ခုပေါ်တွင် လျှောက်နေရင်း ကုအန် ရင်းနှီးနေသော မျက်နှာတစ်ခုကို တွေ့လိုက်ရ၏။

တုယီ!

ကုအန် သူ့ဆီသွား၍ နှုတ်ဆက်လိုက်လေသည်။ သူတို့သည် ကျိမိသားစုတွင် အတူတူကြီးပြင်းကာ အဓိပတိဂိုဏ်းသို့ အတူတူ၀င်လာခဲ့ကြသူများ ဖြစ်ကြ၏။ သူတို့ဆက်ဆံရေးသည် အလွန်မနီးကပ်ပါသော်လည်း အပြင်တွင် မတော်တဆတွေ့မိပါက သူတို့ စကားစမြည်ပြောလေ့ရှိကြပေသည်။

ဈေးဆိုင်တစ်ခုရှေ့တွင် တုယီ ဘူးသီးခြောက်လေးတစ်ခုကို ကိုင်ကြည့်နေခဲ့၏။ ကုအန် အသံကို ကြားလိုက်သောအခါ တုယီ ဘူးသီးခြောက်ကိုချကာ ကုအန်ကို လှည့်ကြည့်လိုက်လေသည်။

ကုအန်ကိုတွေ့သောအခါ သူပြုံးပြလိုက်ပြီး မေးလိုက်၏။

“မင်းလည်းဒီကိုရတနာလာရှာတာလား”

ကုအန် ရယ်မော၍ ပြန်ဖြေလိုက်သည်။ “မဟုတ်ပါဘူး ငါကလူစည်တဲ့နေရာကို လျှောက်ကြည့်နေရုံပဲ ဘယ်လိုလဲ မင်းဒီနှစ်တွေထဲ အဆင်ပြေရဲ့လား”

အသက် ၉၂နှစ်အရွယ် တုယီသည် ယခုအခါ အသက်လေးဆယ်ကျော်အရွယ် လူတစ်ယောက်၏ အသွင်အပြင်မျိုး ဖြစ်နေခဲ့၏။ သူသည် ကုအန်လို ငယ်ရွယ်စဉ်က နုပျိုဆေးသောက်ထားသူ မဟုတ်ပေ။

အမတကျင့်ကြံခြင်းကမ္ဘာတွင် လူတိုင်းက နုပျိုချင်ကြသူများ မဟုတ်ကြပေ။ အချို့က အသက်အရွယ်ကြီးရင့်၍ ရင့်ကျက်သည့်ပုံကသာ ပိုကောင်းသည်ဟု ထင်တတ်ကြသည်။

“အာ မပြောပါနဲ့တော့ကွာ ငါအခုတလော အခြေခံတည်ဆောက်ခြင်းအဆင့်ကို ချိုးဖျက်ဖို့ ကြိုးစားခဲ့ပေမယ့် ကျရှုံးခဲ့တယ်လေ အခြေခံတည်ဆောက်ခြင်းဆေးလုံးတစ်လုံးတောင် ဆံုးသွားသေးတယ်”တုယီ စိတ်ပျက်နေဟန်ဖြင့် ပြောလိုက်၏။

ကုအန် သူ့ကိုနှစ်သိမ့်လိုက်ကာ အခြေခံတည်ဆောက်ခြင်းဆေးလုံးနှစ်လုံးပါ၀င်သော ဆေးပုလင်းတစ်လုံး ထုတ်ပေးလိုက်လေသည်။

“ဒါက…” တုယီ ဆေးပုလင်းကိုကိုင်ကာ တွန့်ဆုတ်နေခဲ့၏။ သူကုအန်ပေးသော အကူအညီကို မယူလိုသော်လည်း ငြင်းလည်း မငြင်းနိုင်ခဲ့ပေ။

သူ့လိုအောက်ခြေအဆင့်က ကျင့်ကြံသူများအဖို့ အခြေခံတည်ဆောက်ခြင်းဆေးလုံးဆိုသည်မှာ တစ်ဘ၀လုံး မျှော်လင့်ခဲ့ရသည့်အရာသာ ဖြစ်၏။

ကုအန်ပြုံး၍ ပြောလိုက်သည်။ “ရှက်မနေပါနဲ့ကွာ ငါတို့က အတူတူကြီးပြင်းခဲ့ကြတဲ့ လူတွေပဲလေ ငါမင်းကိုနောက်ထပ်ဆယ်စုနှစ် နည်းနည်းလောက် ရှင်သန်နေတာ မြင်ချင်သေးတယ် ငါတို့အသက်တွေကြီးလာလို့ ပြန်ဆုံကြတဲ့အခါ ငယ်ငယ်ကအကြောင်းတွေ ပြန်ပြောလို့ရတာပေါ့ကွာ”

ထိုစကားကြောင့် တုယီ နှလုံးသားထဲနွေးထွေးသွားခဲ့ရ၏။ သူဟိုးအရင်တုန်းက ကုအန်အား ကုအန်အကူအညီလာတောင်းပါက သူဘယ်တော့မှ မငြင်းဖူးဟု ပြောခဲ့ဖူးသော အချိန်ကိုပင် သတိရသွားခဲ့သည်။နှစ်များကုန်ဆုံးသွားခဲ့ပြီးနောက်တွင်တော့ ကုအန်က သူ့ကို ဘာအကူအညီမှ မတောင်းခဲ့ဘဲ သူကသာ ကုအန်ဆီမှ အကူအညီကြီးတစ်ခု ရခဲ့ကာ အကြွေးတင်သွားခဲ့၏။

တုယီ ကုအန်ပုခုံးကိုပုတ်လိုက်ကာ မငြင်းတော့ပေ။ ဆေးပုလင်းကို သိုလှောင်အိတ်ထဲ ထည့်လိုက်လေသည်။

“ဒါနဲ့ စကားမစပ် ငါသတင်းတစ်ခုရထားသေးတယ် တတိယသခင်မလေးက စေ့စပ်လိုက်ပြီတဲ့”တုယီ ရုတ်တရက် ပြောလိုက်၏။

ထိုစကားကိုကြားသောအခါ ကုအန် အံ့အားသင့်သွားပြီး စိတ်၀င်တစားမေးလိုက်လေသည်။ “စေ့စပ်တာလား ဘယ်သူနဲ့လဲ”

ကျိရှောင်ယု စေ့စပ်လိုက်သောသတင်းကို ကြားရသည့်အခါ ကုအန်နှလုံးသားထဲရှိ ခံစားချက်များ လှိုင်းထသွားခဲ့ရသည်။

ထိုခံစားချက်မှာ ကျိရှောင်ယုသည် သူ့အား ငယ်စဉ်အခါက ကယ်တင်ခဲ့ဖူးသောကြောင့် ဖြစ်နိုင်၏။

အသက်ကြီးလာသည့်အခါတွင်လည်း ကျိရှောင်ယုသည် သူ့ကို အစေခံတစ်ယောက်ထက် သူငယ်ချင်းတစ်ယောက်လိုပဲ ဆက်ဆံခဲ့ကာ ကျင့်ကြံခြင်းအရင်းအမြစ်များပင် ထောက်ပံ့ခဲ့သေးသည်။

သူမလို ကောင်းကင်တမျှဂုဏ်သိက္ခာကြီးမြင့်တဲ

့ အမျိုးသမီးတစ်ယောက်‌ေတာင် လက်ထပ်ပြီး မဟာမိတ်ဖွဲ့တဲ့ အဖြစ်က မလွတ်မြောက်နိုင်ခဲ့တာလား!

ထိုအတွေး၀င်လာသောအခါ ကုအန်အတော်လေး ခံစားသွားခဲ့ရသည်။

တုယီခေါင်းယမ်းကာ ဖြေလိုက်၏။ “ငါက ဘယ်လိုလုပ်သိမှာလဲကွ ဒါပေမယ့်ကြည့်ရတာ စေ့စပ်ရုံပဲ စေ့စပ်ထားပုံပဲ လက်ထပ်ပွဲရက်ကတော့ မသတ်မှတ်ရသေးဘူးထင်တယ် ငါသခင်လေးနဲ့ တွေ့ခဲ့တုန်းက သူတို့အဖွဲ့ပျော်ရွှင်နေပုံရရင် တစ်ဖက်သတို့သားကလည်း ဆွေကြီး‌မျိုးကြီးထဲက ထင်ရှားတဲ့သူပဲ ဖြစ်ရမယ်”

“ဒါပေါ့ ကျိမိသားစုနဲ့ မဟာမိတ်ဖွဲ့လောက်နိုင်တဲ့လူမျိုးက ငါတို့စိတ်ကူးတွေ အလွန်မှာ ရှိမှာပါ” ကုအန် ရယ်မောလိုက်၏။

တုယီနှင့် စကားအနည်းငယ်ပြောပြီးသောအခါမှ ကုအန် နှုတ်ဆက်ခဲ့လိုက်သည်။

ထို့နောက် သူဆေးတောင်ကြားသို့မပြန်သေးဘဲ မြို့ထဲ ထပ်မံလှည့်လည်သွားလာနေခဲ့သေး၏။

….

စာအုပ်ခန်းမ၏ လုပ်ဆောင်ချက်များမှာ အတော်လေး မြန်ဆန်လှပြီး တစ်လမပြည့်ခင်ပင် ဟင်းလင်းပြင်ကိုချိုးဖျက်ခြင်း ဟူသော စာအုပ်ကို မြို့အသီးသီးတွင် ဖြန့်ချီနိုင်ခဲ့လေသည်။

နတ်ဘုရားတို့၏ ရာထူးများနှင့် ကြည်ညိုဖွယ်အဓိပတိအမတ တို့၏ ဂုဏ်သတင်းအရှိန်ကြောင့် ဖန်းအန်၏ စာအုပ်ထပ်ထွက်လာသည်နှင့် ထိုစာအုပ်မှာ ထိုက်ကန်မင်းဆက် ကျင့်ကြံခြင်းကမ္ဘာကြီးတွင် ချက်ချင်း ပြန့်နှံ့သွားခဲ့၏။

တစ်လခန့်ကြာသောအခါ ထိုစာအုပ်သည် မင်းဆက်ကိုးခုလုံးတွင်သာ ပြန့်နှံသွားလေသည်။

လုလင်ကျွမ်းလည်း ထိုစာအုပ်ကို၀ယ်ခဲ့ပြီး သူဖတ်ပြီးသောအခါ ကုအန်ဆီ ချက်ချင်းရောက်သွားခဲ့၏။

“နင်အတော်လေး ကောင်းကောင်းရေးထားတာပဲ အမျိုးသားဇာတ်ကောင်ရဲ့ ကိုယ်ထဲမှ မိစ္ဆာကြီးတစ်ကောင်ပုန်းအောင်နေပြီး ဇာတ်ကောင်က ကျင့်ကြံခြင်းလမ်းစဉ်ကို သူ့သာမန်ပါရမီနဲ့ စခဲ့တယ် ဒါပေမယ့်…”လုလင်ကျွမ်း ပြောနေရင်း မျက်မှောင်ကြုံ့သွားခဲ့လေသည်။

ကုအန် မေးလိုက်၏။ “ဒါပေမယ့် ဘာဖြစ်လဲ”

“ဘာလို့ ဒီစာအုပ်ကို ဟင်းလင်းပြင်ကိုချိုးဖျက်ခြင်းလို့ ပေးထားတာလဲ”

သူကုအန်ကိုစိုက်ကြည့်ကာ ကုအန်ကိုဖောက်မြင်ဖို့ ကြိုးစားနေခဲ့သည်။

ကုအန် ပဟေဠိဆန်ဆန်မေးလိုက်၏။ “နင်တို့ မွေးရပ်မြေမှာ တက်လှမ်းခြင်းက နင်တို့လျှောက်လှမ်းနေတဲ့ လမ်းစဉ်လို့ ပြောခဲ့တယ်မဟုတ်လား ဘာလို့လဲ ဟင်းလင်းပြင်ကို ချိုးဖျက်ခြင်းဆိုတဲ့ နာမည်က အဆင်မပြေလို့လား”

လုလင်ကျွမ်း ခေါင်းညိတ်လိုက်ကာ “ဒါပေါ့ အဲ့ဒီနာမည်ကို ကြိုက်ပါတယ် ဒါဆို နင်ကောင်းကောင်းဆက်ရေးထားနော်”

သူမ စိတ်ထဲတွင် ကိုယ့်ကိုကိုယ်လှောင်ပြောင်လိုက်မိ၏။

ဘယ်လိုလုပ် ဒီကောင်လေးက ငါတက်လှမ်းသူဆိုတာ ခန့်မှန်းမိနိုင်မှာလဲ!

ထို့နောက်တွင်တော့ လုလင်ကျွမ်း စာအုပ်နှင့် ပတ်သက်ပြီး ကုအန်ကို တောင်းဆိုမှုများ လုပ်ခဲ့လေသည်။ ကုအန်အစက ငြင်းနေသော်လည်း လုလင်ကျွမ်းက ရတနာအများအပြားထုတ်လာသည့် အခါတွင်တော့ သူမငြင်းနိုင်တော့ပေ။

လုလင်ကျွမ်းလည်း ကုအန် လောဘကို ကြည့်ကာ ရယ်ချင်‌သွားခဲ့၏။

လုလင်ကျွမ်းထွက်သွားမှသာ ကုအန် တာအိုပညာရှင်ရွှမ်ချွမ်း စာအုပ်ကိုထုတ်ကာ စတင်ဖတ်ရှုလေတော့သည်။

ဟင်းလင်းပြင်ကိုချိုးဖျက်ခြင်း စာအုပ်သည် သူများတောင်းဆို၍သာရေးပေးထားသော စာအုပ်ဖြစ်ပြီး ဤ တာအိုပညာရှင်ရွှမ်ချွမ်း စာအုပ်ကသာ စစ်မှန်သော ဂန္တ၀င်လက်ရာမျိုး ဖြစ်၏။

လ၀က်ခန့်ကြာသောအခါ

ကုအန် တတိယတောင်ကြားသို့ ပြန်ရောက်ချိန်တွင် လုပိုင်ထျန်းရောက်နေတာကို သိလိုက်ရသည်။

သူတို့မတွေ့ရသည့် ရက်များကို ရေတွက်ကြည့်ပါက နှစ်ပေါင်း ၁၀နှစ်ကျော်ပင် ရှိလောက်၏။

ကုအန် အိမ်ပေါ်တက်ကာ အခန်းထဲ၀င်သွားလိုက်ပြီး တံခါးကို ပြန်ပိတ်၍ လုပိုင်ထျန်းကို အရိုအသေပေးလိုက်လေသည်။

လုပိုင်ထျန်း ကုအန်အား ထိုင်ဖို့ လက်ဟန်ပြလိုက်၏။

ကုအန်ထိုင်လိုက်သောအခါ လုပိုင်ထျန်း စတင်မေးမြန်းလိုက်သည်။

“မင်းဘာလို့ ရုတ်တရက်ကြီး စာအုပ်ရေးဖို့ အစီအစဉ်ရှိသွားတာလဲ”

“အဲ့တာက ဒီလိုပါပဲ အကြံပေါ်လာလို့ ဂိုဏ်းချုပ်ဖတ်ပြီးပြီလား” ကုအန် ပြန်ပြောလိုက်၏။

“ပြီးပြီ ဒါပေမယ့် နတ်ဘုရားတို့၏ရာထူးများလောက် မကောင်းဘူး”

“အမှန်ပါပဲ” ကုအန်လည်း သူ့အတွေးကို သဘောတူလိုက်သည်။

ထိုစဉ် လုပိုင်ထျန်း ဦးတည်ချက်ပြောင်းကာ မေးလိုက်၏။

“စုဟန်က မင်းတပည့်လား”

ထိုစကားကြားသောအခါ ကုအန် တင်းကြပ်သွားချင်ယောင်ဆောင်လိုက်ပြီး မေးလိုက်သည်။

“ဟုတ်ပါတယ် သူဘာဖြစ်လို့လဲ”

လုပိုင်ထျန်း ကုအန်ကိုစိုက်ကြည့်ကာ ဖြေလိုက်၏။

“သူလည်း ကြမ္မာဆန့်ကျင် နတ်သိုင်းကို ကျင့်နေတယ်”

“ဘယ်လို” ကုအန် အံ့အားသင့်သွားခဲ့သည်။

ကုအန် အမြန်ရှင်းပြလိုက်၏။ “ကျွန်တော်သူ့ကို သင်ပေးတာမဟုတ်ဘူးနော် ကျွန်တော်သူနဲ့မတွေ့တာတောင် အတော်ကြာနေပြီ”

လုပိုင်ထျန်း ရယ်မောကာ ပြောလိုက်လေသည်။

“ဒါပေါ့ မင်းမဟုတ်ဘူးဆိုတာ ငါသိပါတယ် တကယ်တော့ အဲ့ဒီသိုင်းက ငါထွင်ထားတာ မဟုတ်ဘူးကွ ငါလည်း တစ်ယောက်ယောက်ဆီက ရခဲ့တာ”

“ငါမင်းကို ဒဲ့ပဲပြောမယ် အဲ့ဒီသိုင်းက တခဏဂိုဏ်းက လာတဲ့သိုင်းပဲ အခုစုဟန်က အဲ့ဒီသိုင်းကို ကျင့်နေတယ်ဆိုတော့ တခဏဂိုဏ်းရဲ့ အကြွင်းအကျန်တွေ အကုန်လုံးမရှင်းလင်းသေးဘူးလို့ ဆိုလိုနေတယ်”

ကုအန် မျက်လုံးများ ပြူးကျယ်သွားခဲ့ကာ မယုံကြည်နိုင်ဟန် ဖြစ်သွားခဲ့သည်။

သူ့စိတ်ထဲတွင်တော့ စုဟန်နှင့် ဆက်သွယ်မိသွားသည်မှာ မြေအောက်ကမ္ဘာလမ်းကိုးသွယ်ကောင်းဆိုးဝါး ၁၃ဖော်နှင့် တစ္ဆေမိခင်တို့ ဖြစ်နိုင်သည်ဟု တွေးနေမိ၏။

“ဂိုဏ်းချုပ် ခင်ဗျား…” ကုအန် လုပိုင်ထျန်းကို ကြည့်ကာ ဘာပြောရမယ်မှန်းမသိ ဖြစ်နေခဲ့သည်။ သူ့မျက်နှာတွင်လည်း ခံစားချက်များ မျိုးစုံဖြစ်နေခဲ့၏။

သူတကယ်ပြောချင်နေသည့်အရာမှာတော့ “ကျွန်တော့်မှာလည်း တခဏဂိုဏ်းနဲ့ အဆက်အသွယ်ရှိတယ် ကျွန်တော်က တခဏဂိုဏ်း ဂိုဏ်းချုပ်ဗျ” ဟုပြောချင်နေမိခဲ့သည်။

လုပိုင်ထျန်း ရယ်မောကာ ပြောလိုက်၏။ “စိတ်မပူပါနဲ့ ငါက တခဏဂိုဏ်းနဲ့ ဆက်စပ်နေရုံပါ တခဏဂိုဏ်းကမဟုတ်ပါဘူး ငါငယ်ငယ်တုန်းက တခဏဂိုဏ်းက တာအိုမိတ်ဆွေ အမျိုးသမီးတစ်ယောက်နဲ့ မိတ်ဆွေဖွဲ့ခဲ့မိတယ် သူကပဲ ငါ့ကို အဲ့ဒီ ကြမ္မာဆန့်ကျင်နတ်သိုင်းကို ပေးသွားခဲ့တာ အဲ့ဒီသိုင်းကြောင့်ပဲ ငါ့လက်ရှိအောင်မြင်မှုတွေကို ရလာခဲ့တာ”

“ဒီအတိတ်ကို ဘယ်သူမှသိလို့မရဘူးနော် မဟုတ်ရင် ငါ့ဂိုဏ်းချုပ်နေရာကို ထိန်းနိုင်တော့မှာမဟုတ်ဘူး အဓိပတိအကြီးအကဲတွေပြန်လာပြီးကတည်းက ငါ့ရာထူးက ခပ်လှုပ်လှုပ်ဖြစ်နေတာ”

နောက်ဆုံးစကားပြောပြီးချိန်တွင် သူကိုယ့်ကိုကိုယ်လှောင်ပြောင်ဟန်ဖြင့် ရယ်မောလိုက်လေသည်။

ကုအန်လည်း အမြန်ပြောလိုက်၏။ “ဂိုဏ်းချုပ်က အဓိပတိဂိုဏ်းရဲ့ အကျိုးစီးပွားကို မထိခိုက်စေသေ‌းသ၍ ကျွန်တော်ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောပါဘူး”

လုပိုင်ထျန်း ကုအန်ကိုကြည့်ကာ စိတ်အနှောင့်အယှက်ဖြစ်သွားသည့်ပုံ ပေါ်နေသော်လည်း သူ့စိတ်ထဲတွင်တော့ ကျေနပ်နေမိ၏။

တကယ့်ကို ငါသိတဲ့ ဂိုဏ်းချုပ်လောင်းလေးပဲ!

ထို့နောက် လုပိုင်ထျန်းပြောလိုက်သည်။ “စုဟန်က အာဃာတဓားသိုင်းကို အမွေဆက်ခံခဲ့တဲ့အပြင် အခု ကြမ္မာဆန့်ကျင်နတ်သိုင်းကိုလည်း ကျင့်နေပြီ သူ့ကြီးထားနှုန်းက အတော်လေးမြန်နေမှာပဲ မင်းသူနဲ့ ဘယ်လောက်နီးကပ်လဲ မင်းသူနဲ့ အရမ်းနီးကပ်ခဲ့ရင်တော့ မင်းဂရုစိုက်နေသင့်တယ် စုဟန် နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့ ညဏ်ကြီးရှင်တစ်ယောက်ရှိနေတာ သိသာတယ် သူက စုဟန်ဒီကမ္ဘာကြီးကို ပိုမုန်းသွားအောင် မင်းကို အန္တရာယ်ပေးမှာ ကြောက်မိတယ်”

အပိုင်း(၁၅၈)

မွေးရာပါနတ်သိုင်း

ငါ့ကို အန္တရာယ်ပြုဖို့လား!

ကုအန် ရယ်ချင်ပက်ကျိဖြစ်သွားခဲ့ရသည်။

သူ့ကို အန္တရာယ်ပြုလိုသောသူသည် ကိုယ့်သေတွင်းကိုယ်တူးနေခြင်းသာ ဖြစ်ရပေမည်။

သူ့တွင် သူ့အားတစ်‌ေယာက်‌ေယာက်က ရန်ပြုလိုစိတ်ရှိလာပါက အလိုလိုသတိပေးသော စနစ်ရှိနေလေရာ သူကဘာကိုကြောက်နေရမည်နည်း။

အနည်းဆုံးတော့ လက်ရှိအချိန်တွင် ဘယ်သူမှ သူ့ကို ရန်မပြုလိုကြပေ။

ကုအန်သည် ပုံမှန်အားဖြင့် လူတိုင်းကို ကြင်ကြင်နာနာဆက်ဆက်ပြီး အဓိပတိဂိုဏ်းတွင်လည်း သူနှင့်သိသည့်သူ နည်းသောကြောင့် ဘယ်သူမှ သူ့ကို ရန်ပြုလိုစိတ် မရှိကြပေ။

လုပိုင်ထျန်းအကြည့်ကို ရင်ဆိုင်ရင်း ကုအန် မျက်မှောင်ကြုံ့လိုက်ကာ ပြောလိုက်၏။

“ကျွန်တော်လည်း သေချာတော့ မပြောတတ်ဘူး ကျွန်တော်သူ့ကို ကောင်းကောင်းဆက်ဆံခဲ့တာပါ ဒါပေမယ့်ဓားဂိုဏ်းက သူ့နောက်ကို လိုက်လာတဲ့အခါတုန်းကတော့ သူ့ကိုအာဃာတနတ်ဓားသိုင်းကို စွန့်လွှတ်ဖို့ တိုက်တွန်းခဲ့ဖူးတယ် အဲ့ဒီကိစ္စကြောင့် သူ့ကျွန်တော့်ကို မကျေမနပ်ဖြစ်သွားနိုင်တယ်”

လုပိုင်ထျန်း ခေါင်းညိတ်လိုက်၏။ “အဲ့လို မကျေနပ်ချက်မျိုး ရှိတာလည်း ကောင်းတာပဲ အနည်းဆုံးတော့ မင်းက သူ့ရဲ့အားနည်းချက်မဖြစ်တော့ဘူးပေါ့ ဒါပေမယ့် သူမင်းကို မုန်းမသွားဖို့တော့ ဆုတောင်းထား မဟုတ်ရင် သူစွမ်းအားကြီးလာတဲ့အခါကျ မင်းဒုက္ခရောက်သွားလိမ့်မယ်”

‌သူ့လေသံမှာ ကုအန်ကို စနောက်နေဟန်ပင်။

ကုအန် ခေါင်းယမ်းကာ ပြောလိုက်သည်။ “ကျွန်တော်ကတော့ အဓိပတိဂိုဏ်းကကျွန်တော့်ကို ကာကွယ်ပေးလိမ့်မယ်လို့ ယုံကြည်တယ် တကယ်လို့ ကျွန်တော်သာ ဂိုဏ်းထဲမှာနေတဲ့အချိန် ဒုက္ခရောက်သွားမယ်ဆိုရင် အဲ့ဒီအချိန်က ဂိုဏ်းလည်း ဒုက္ခရောက်နေချိန်ပဲ ဖြစ်လိမ့်မယ်”

“ခွေးကောင်လေး မင်းကငါ့ကိုစ‌ေနာက်ရဲတယ်လား”

“မဟုတ်ပါဘူး ကျွန်တော်ဂိုဏ်းချုပ်ကို လုံး၀ယုံပါတယ် အဲ့တာကြောင့် ကျွန်တော့်ကို မစပါနဲ့တော့ဗျာ ကျွန်တော့်လို သေးနုတ်တဲ့ကျင့်ကြံသူလေးတစ်ယောက်က တခဏဂိုဏ်းတို့ အာဃာတဓားသိုင်း တို့လိုကိစ္စကြီးတွေမှာ ၀င်မပါချင်ဘူး ပြဿနာဆိုတဲ့ ချည်နှောင်မှုတွေနည်းလေလေ ပိုကောင်းလေလေပဲ မဟုတ်လား” ကုအန် အကူအညီမဲ့နေဟန်ဖြင့် ပြောလိုက်လေသည်။

ထိုစကားကို ကြားလိုက်ရသောအခါ လုပိုင်ထျန်း ရှက်ရွံ့မှုကို ခံစားလိုက်ရပြီး သူကုအန်ကို မစသင့်တော့ဘူးဟုလည်း ခံစားလိုက်ရ၏။

ကုအန်သည် သူ့လို တစ်သားတည်းဖြစ်ခြင်းအဆင့် ၉ တစ်ယောက်မဟုတ်သောကြောင့် သူ့အတွက် ထိုကဲ့သို့သော ကိစ္စများသည် အလွန်ကြီးမားနေမည်ဖြစ်ကာ ကြောက်လည်းကြောက်လန့်သွားနိုင်ပေသည်။

ထိုအကြောင်းတွေးမိပြီး လုပိုင်ထျန်း ပြန်တည်လိုက်ကာ ပြောလိုက်သည်။ “မင်းဂိုဏ်းပြင်ကိုထွက်တဲ့အခါ လုံခြုံရေးကို ဂရုစိုက်သင့်တယ် ဂိုဏ်းထဲမှာတော့ မင်းလုံခြုံမှာပါ”

သိသာစွာပင် ကုအန် ထျန်းယ တောင်ကြားသို့ သွားသည့်အကြောင်းကို သူသိနေခဲ့၏။

ထျန်းယတောင်ကြား ဘယ်မှာရှိလဲဆိုတာ သူသေချာမသိသော်လည်း ကုအန် ဆန်းကြယ်တောင်ကြားမှ ထွက်၍ ထိုနေရာသို့ သွားသွားနေကြောင်းကိုတော့ သူသိပေသည်။

ထို့နောက် လုပိုင်ထျန်း လီရွှမ်တောက် အကြောင်းစပြောခဲ့၏။

သူလီရွှမ်တောက်ကို လုံး၀ မကြိုက်သော်လည်း ထိုလူသည် အတော်လေး အရည်အချင်းရှိကာ စည်းရုံးရေး ကောင်းသည်ကိုတော့ အသိအမှတ်ပြုရပေလိမ့်မည်။ ယခုအခါ သူသည် သူ့အောက်တွင်များစွာသော ပါရမီရှင်များနှင့် အရည်အချင်းရှိသော စစ်သူကြီးများကို စည်းရုံးထားနိုင်ခဲ့သည်။

ကုအန် အမြင်အရတော့ သူလီရွှမ်တောက် မင်းဆက်ကိုးခုအား စုစည်းနေမှုကို အောင်မြင်စေလိုသည်။ မဟာမိစ္ဆာကပ်ဘေးသည် လွယ်ကူသော အရာမဟုတ်လေရာ ထိုသို့ စုစုစည်းစည်းတိုက်ခိုက်မှသာ ပိုမိုကောင်းမွန်မည် ဖြစ်၏။

မင်းဆက်ကိုးခုအား စုစည်းနိုင်ခဲ့ပါက သူတို့အားလုံးအား တစ်သွေးတစ်သံတစ်မိန့်ဖြင့် အမိန့်ပေးနိုင်ရုံသာမက ကမ္ဘာကြီးသည်လည်း အေးချမ်းကာ လမ်းမှန်လမ်းစဉ်ပေါ်သို့ ရောက်ရှိသွားပေလိမ့်မည်။

ကမ္ဘာကြီးသာ အေးချမ်းနေပါက သူလည်း အေးအေးဆေးဆေး အနားယူ၍ ရသွားပေလိမ့်မည်။

သူတို့နှစ်ယောက် ညနေအထိစကားပြောခဲ့ကြပြီး ညနေရောက်မှသာ လုပိုင်ထျန်း ပြန်သွားခဲ့၏။

ကုအန် သူစိတ်ထင်နေသလား မသေချာပေမယ့် လုပိုင်ထျန်းသည် အရင်နှစ်များနှင့် ယှဉ်ပါက သူ၏ မာန်မာန ထောင်လွှားမှုများ လျော့နည်းသွားသည်ဟုခံစားနေခဲ့ရသည်။

….

.

ကြယ်သခင်ကမ္ဘာငယ်ထဲတွင်

ကုအန် ကမ်းပါးတစ်ခုထက်တွင် ပေါ်လာခဲ့ပြီး နတ်အာရုံဖြင့် သွေးကန်ထဲတွင် စိမ်နေသော အန်းဟောင်ကို ကြည့်ရှုနေခဲ့၏။ အန်းဟောင်သည် သွေးကန်ထဲတွင် ကျင့်ကြံနေခြင်းဖြစ်ပြီး သူ့ချီသွေးများ၏ခွန်အားက တရိပ်ရိပ်တက်လာနေခဲ့သည်။

စီယန်အာမှာတော့ တောအုပ်ထဲတွင် ခြေလှမ်းသိုင်း လေ့ကျင့်နေခဲ့၏။

ကမ္ဘာငယ်လေးထဲတွင် ၂နှစ်ကုန်ဆုံးသွားပြီးသည့်နောက် အန်းဟောင်နှင့် စီယန်အာတို့နှစ်ယောက်လုံး မတူညီသော အမွေအနှစ်များကို ရရှိခဲ့ကြပြီး သူတို့ခွန်အားက ‌ထိုးတက်လာခဲ့ကြသည်။ ကြယ်သခင်သည် မဟာယနအဆင့်ဖြစ်ပြီး သူ့အမွေအနှစ်များကလည်း များပြားလှသောကြောင့် သူတို့နှစ်ယောက် အမွေအနှစ်များအားလုံးကို ရဖို့ဆိုလျှင်တော့ အချိန်အတော်လေးယူရ‌ဦးပေလိမ့်မည်။

ကုအန်သူတို့ကို တစ်ချက်သာကြည့်လိုက်ပြီး တောအုပ်ထဲတွင် ဆေးပင်များခူးရန် ထွက်လာခဲ့လိုက်၏။

သူ့တည်ရှိမှုကိုဖုံးကွယ်ထားလေရာ ကမ္ဘာငယ်ထဲရှိ စိတ်ဝိညဉ်သားရဲများလည်း သူ့ကို အာရုံမခံခဲ့နိုင်ပေ။

တစ်နာရီခန့်ကြာသောအခါ ကုအန် စိတ်ကျေနပ်သွားခဲ့လေသည်။

ဤခရီးမှ သူသက်တမ်း ၅၀၀၀၀ ရရှိခဲ့၏။

ဤကမ္ဘာထဲတွင် အပင်များစိုက်လိုက်ပါက ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှလူများ သတိထားမိသွားမည်စိုးသောကြောင့် ကုအန် အပင်စိုက်ချင်စိတ်ကို ထိန်းနေခဲ့ရသည်။ ဤနေရာတွင် သဘာ၀အတိုင်းပေါက်သော ရတနာအပင်များကိုသာ စောင့်၍ ရိတ်သိမ်းနေရပြီး ထို့ကြောင့်လည်း သက်တမ်းအများကြီး ရမနေခြင်း ဖြစ်၏။

ထို့နောက် ကုအန် နျန်းချူဂူသို့ သွားလိုက်လေသည်။

လွန်ခဲ့သောလက ကုအန်၏ ကြီးကြပ်ပေးမှုအောက်တွင် ထျန်းယောင်အာ ကပ်ဘေးကျော်ဖြတ်နိုင်ခဲ့ကာ ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့၏။ အဆင့်ချိုးဖျက်ပြီးသောအခါ သူမကျင့်ကြံခြင်းကို တည်ငြိမ်အောင်လုပ်ရန် ထျန်းယောင်အာ တံခါးပိတ်ကျင့်ကြံခြင်း ၀င်သွားခဲ့သည်။

ဂူထဲသို့ ရောက်သည်နှင့် ကုအန် မိစ္ဆာချီများ တည်ငြိမ်နေမှုကို သတိထားမိလိုက်ပြီး ထျန်းယောင်အာ သူမကျင့်ကြံခြင်းကို တည်ငြိမ်အောင်လုပ်နိုင်သွားပြီမှန်းလည်း သိခဲ့ရသည်။

သူတမင်သက်သက် ခြေသံထွက်အောင်လမ်းလျှောက်ပြီး ဉယျာဉ်ဆီသို့ သွားလိုက်၏။

ထိုစဉ် ထျန်းယောင်အာ သူမအိမ်လေးထဲမှ တံခါးကိုဖွင့်၍ ပြေးထွက်လာခဲ့ပြီး ကုအန်‌ေဘးသို့ ရောက်ရှိလာကာ သူ့ဘယ်လက်မောင်းကိုဆွဲပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။

“သခင် ကျွန်မမိစ္ဆာအမြုတေကို ဖွဲ့တည်နိုင်သွားပြီနောက်ပြီးတော့ နတ်သိုင်းတစ်ခုလည်း ရခဲ့တယ်”

ကုအန် သူ့လက်ကိုဆွဲထားသော လက်ကို ဖယ်လိုက်ကာ ခါးကိုင်း၍ ဆေးပင်ခူးရန် ပြင်လိုက်ပြီး မေးလိုက်၏။

“ဘာနတ်သိုင်းလဲ”

ထျန်း‌ယောင်အာ ကုအန်ဘေးရောက်လာကာ ဒူးပေါ်လက်ထောက်၍ ကုအန်လို ခါးလိုက်ကိုင်းလိုက်ပြီး ပြောလိုက်သည်။

“ပုံသဏ္ဍာန်ပြောင်းလဲလို့ ရတဲ့ နတ်သိုင်းတစ်ခုပါ အခုဆိုကျွန်မက တကယ်ကြီး အရမ်းကြောက်စရာကောင်းနေပြီ”

သူမစကားဆုံးသည်နှင့် သူမကိုယ်မှ မိစ္ဆာချီများထွက်ပေါ်လာခဲ့ပြီး သူမတကိုယ်လုံးကို ဖုံးလွှမ်းသွားခဲ့၏။

ကုအန် ခေါင်းလှည့်၍ ကြည့်လိုက်ချိန်တွင် ထျန်းယောင်အာကိုယ်၌ မိစ္ဆာချီများ ပြန်လည်ပျောက်ကွယ်သွားခဲ့ပြီး သူ့ပုံစံက ကုအန်ပုံစံအတိုင်းပြောင်းလဲသွားခဲ့ကာ သူ့ကိုယ်ပေါ်၌လည်း မည်သည့် မိစ္ဆာချီအရိပ်အယောင်မှ ရှိမနေတော့ပေ။

ထိုအရာက ကုအန်ကို အံ့အားသင့်သွားစေခဲ့သည်။

ဒီနတ်သိုင်းက တကယ်အံ့အားသင့်စရာပါလား!

ကုအန် ခူးထားသော ဆေးပင်များကို သိုလှောင်အိတ်ထဲထည့်လိုက်ပြီး ပြန်ထလိုက်ကာစိတ်၀င်တစားမေးလိုက်၏။ “အဲ့ဒီနတ်သိုင်း ငါ့ကိုသင်ပေးလို့ ရမလား”

ထျန်းယောင်အာ ခေါင်းခါလိုက်ကာ ပြောလိုက်သည်။ “ကျွန်မလည်း သင်ပေးချင်ပါတယ် ဒါပေမယ့် အဲ့ဒီသိုင်းမှာ စိတ်ကျင့်စဉ်တွေ ဂါထာတွေမပါဘူး ဒီတိုင်း ကျွန်မ‌ရဲ့မွေးရာပါစွမ်းရည်ပုံစံမျိုးပဲ ကျွန်မအဲ့တာကို အလွယ်တကူသုံးနိုင်ပေမယ့် အဲ့ဒီနတ်သိုင်းကို ဘယ်လိုကျင့်ကြံရမယ်ဆိုတာ ရှင်းမပြတတ်ဘူး”

ထို့နောက် သူမ သူမပုံစံကို ပြန်ပြောင်းလိုက်ရာ သူမကိုယ်မှ မိစ္ဆာချီများ ပြန်လည်ထွက်ပေါ်လာခဲ့လေသည်။

ထျန်းယောင်အာ ခါးပေါ်လက်ထောက်လိုက်ပြီး ကုအန်ကိုကြည့်ကာ ဂုဏ်ယူနေဟန်ဖြင့် ရယ်မောလိုက်ပြီး ပြောလိုက်၏။

“သခင်ဘယ်လိုထင်လဲ ကျွန်မနတ်သိုင်းက အံ့ဩစရာမကောင်းဘူးလား”

သူမ မျက်လုံးလေးများသည် ကောင်းကင်ထက်မှ ကောင်းကင်ထက်မှ ကြယ်လေးများနှယ် တောက်ပနေခဲ့ပြီး ကုအန်ကို ချီးကျူးခံချင်နေဟန်ဖြင့် ကြည့်နေခဲ့သည်။

ကုအန် သူမကို အကြိမ်အနည်းငယ်ချီးကျူးပြီးသည့်နောက် ဆက်ကျင့်ကြံရန် ပြောလိုက်၏။

ကုအန် ဤဂူကို လာသည်မှာ ရှားပါးလှသည့်အချိန်ဖြစ်သောကြောင့် ထျန်းယောင်အာ ကုအန်ရှိနေတုန်း ကျင့်ကြံမနေချင်ပေ။ ထို့ကြောင့် ကုအန်အနားတွင်ရပ်ကာ ဂူထဲတွင်ပေါက်သော အပင်များအကြောင်း သူမ အကန့်အသတ်မဲ့လွတ်လပ်ခြင်းခြေလှမ်း ကျင့်နေစဉ်တွင် သစ်ပင်များနှင့် ၀င်တိုက်မိသော အကြောင်းများကဲ့သို့ အသေးအဖွဲကိစ္စလေးများကို ပြောပြနေခဲ့သည်။

ကုအန်မှာလည်း သူမကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရမည့်အစား ရံဖန်ရံခါ ဆိုသလို သူမစကားဝိုင်းထဲကိုပင် ၀င်ရော၍ မေးခွန်းများ မေးတတ်သောကြောင့် ထျန်းယောင်အာ အတော်လေး ကျေနပ်သွားခဲ့ရ၏။

အချိန်အတန်ကြာသောအခါ

ကုအန် ကျောက်စားပွဲပေါ်တွင် ဆေးပုလင်းမျိုးစုံချပေးလိုက်ပြီး အားလုံးသည် ကျင့်ကြံခြင်းအတွက်ဖြစ်ကာ ထျန်းယောင်အာကို မည်သည့်ဆေးများက မည်သည့်အချိန်တွင် ‌သုံးရကြောင်း သင်ပြပေးနေခဲ့သည်။

“နင်အကန့်အသတ်မဲ့လွတ်လပ်ခြင်း ခြေလှမ်းသိုင်းကိုတတ်သွားရင် ငါနင့်ကိုအပြင်ဘက်ခရီးတစ်ခုကို ခေါ်သွားပေးမယ်” ကုအန် တည်တည်ကြည်ကြည်ပြောလိုက်၏။

နျန်းချူ ဂူထဲတွင် နှစ်ပေါင်းများစွာ နေခဲ့ရသောကြောင့် ထျန်းယောင်အာ အပြင်ထွက်ချင်နေမည်မှ သေချာပေသည်။ ထို့အပြင်သူသည် ဂူထဲတွင်လည်း ကုအန်အပင်များကို ကောင်းကောင်းကိုင်တွယ်ပေးခဲ့သောကြောင့် အနည်းဆုံးတော့ ကုအန် သူ့ကိုအပြစ်တင်စရာဟူ၍ ရှိမနေခဲ့ပေ။

ထိုအရာမျာ‌း‌ေကြာင့် ယခုအခါ ကုအန် သူမကိုလက်ခံလိုက်ပြီဖြစ်ကာ မိစ္ဆာအစေခံတစ်ယောက်အဖြစ် ဆက်ဆံတော့မည် မဟုတ်ပေ။

ထျန်းယောင်အာ စိတ်လှုပ်ရှားသွားရမည့်အစား နှုတ်ခမ်းဆူ၍ ပြောလိုက်၏။

“အကန့်အသတ်မဲ့လွတ်လပ်ခြင်းခြေလှမ်းက သင်ယူဖို့ခက်လွန်းတယ် အဲ့ဒီသိုင်းကိုတက်ဖို့ အချိန်ဘယ်လောက်ယူရဦးမလဲဆိုတာ ကျွန်မ မသိဘူး”

“ကောင်းကင်ဖီးနစ်မိစ္ဆာမိခင်က ဆယ်စုနှစ်အနည်းငယ်လောက်နဲ့ အစွမ်းထက်လာတာမဟုတ်ဘူး ကမ္ဘာပေါ်မှာရှိတဲ့ စွမ်းအားကြီးတည်ရှိမှုတိုင်းအတွက် အချိန်လိုအပ်တယ် အဲ့ဒီမတိုင်ခင်တော့ အထီးကျန်တဲ့ ဘ၀ကို ဖြတ်သန်းကြရတာပဲ” ကုအန် လေးလေးနက်နက်ပြောလိုက်လေသည်။

ထျန်းယောင်အာ ခေါင်းညိတ်လိုက်ကာ ပြန်ပြောလိုက်၏။

“ကျွန်မသိပါတယ် ကျွန်မကြိုးစားပြီး ကျင့်ကြံမှာပါ”

ယခုအခါ သူမတွင် လက်စားချေလိုစိတ်များ မရှိတော့သည်ကို ကုအန်သတိထားမိနေခဲ့သည်။ သူမ လက်စားချေလိုစိတ်ကို သိမ်းဆည်းထားခြင်းလား လုံး၀ဖျောက်ဖျက်ပစ်လိုက်တာဆိုတာလားတော့ ကုအန်လည်း သေချာမသိပေ။

ကုအန် ချက်ချင်းမပြန်သေးဘဲ ဂူထဲတွင်ထိုင်ကာ ထျန်းယောင်အား မူလကမ္ဘာမြေအမတကျင့်စဉ်ကို ဆက်လက်သင်ကြားပေးနေခဲ့၏။

ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ဆိုသည်မှာ အစသာဖြစ်ပြီး သူမအတွက် ကျင့်ကြံခြင်းခရီးလမ်းကြီးက အရှည်ကြီး ကျန်နေသေးသည်။

သူမ မဟာမိစ္ဆာကြီးတစ်ကောင်အဖြစ် ကျင့်ကြံနိုင်မှသာ ကုအန် အောင်မြင်သည်ဟု ခံစားရပေလိမ့်မည်။

ထျန်းယောင်အာ၏ သက်တမ်းအကန့်အသတ်မှာ ၁၈၀၀၀ ဖြစ်ပြီး ထိုအရာက သူသည် ကုအန်နှင့် အကြာဆုံးအတူတူနေရမည့်လူဟု ပြောပြနေခဲ့သည်။

ထို့ကြောင့် ကုအန် နောက်ပိုင်းနှစ်များတွင် တစ်ယောက်တည်းအထီးကျန်၍ မနေချင်သောကြောင့် သူထျန်းယောင်အာအား အန်းဟောင်ထက်မလျော့သော သင်ကြားမှုမျိုးဖြင့် ကြိုးစားပမ်းစား သင်ပေးနေခဲ့၏။

….

ကောင်းကင်သည် တိမ်မည်းများဖြင့် ဖုံးလွှမ်းနေပြီး တောင်တန်းဒေသတစ်ခုလုံးသည် ‌မွဲခြောက်နေကာ ထိုနေရာတစ်ဝိုက်ရှိ သစ်ပင်များမှာလည်း ခြောက်သွေ့၍ အရွက်ကင်းမဲ့နေခဲ့သည်။

ညှို့မှိုင်းနေသော သေခြင်းနယ်မြေ!

ထိုစဉ် ထိုတောင်တန်းဒေသတွင် လူနှစ်ယောက် လမ်းလျှောက်နေခဲ့ကြပြီး တစ်ယောက်မှာ ကုအန် တပည့် စုဟန် ဖြစ်၏။

ဆယ်စုနှစ်များ ကြာခဲ့ပြီးသည့်နောက် စုဟန် ပုံစံမှာ လုံး၀ပြောင်းလဲသွားခဲ့သည်။ သူသည် အနက်ရောင်၀တ်စုံကို ၀တ်ဆင်ထားကာ ကျောတွင် အရိုးဓားတစ်လက်အား လွယ်ထားခဲ့၏။ သူ့နှဖူးတွင်မူ အနီရောင်ကြိုးတစ်ချောင်းပတ်ထားပြီး သူ့ဆံပင်များကိုတော့ ပုံမှန်အတိုင်းသာ စု၍ စည်းထားခဲ့သည်။ သူ့မျက်လုံးများမှ အေးစက်၍ ကြမ်းကြုတ်သော အရှိန်အဝါများ တိုးထွက်နေခဲ့ပြီး သူ့ပုံစံမှာ အရင်နှင့် လုံး၀ မတူတော့ပေ။

စုဟန်ရှေ့မှ လျှောက်နေသူမှာ ဖြူဖျော့နေသော အဖိုးကြီးတစ်ယောက်ဖြစ်ပြီး သူ့ပုံစံသည် ရိုကျိုးနေခဲ့ကာ သူ့မျက်နှာတွင် တောင်းပန်လိုသောဟန်ရှိသည့် အပြုံးမျိုးကို ပြုံးထားခဲ့သည်။

“သခင်လေး ရှေ့ကိုဆက်သွားရင် မြင့်မြတ်သားရဲ ကောင်းကင်နဂါးကျက်စားတဲ့ နေရာကို ရောက်ပါပြီ ဒီကောင်းကင်နဂါးက အသက် ၁၀၀ တောင်မပြည့်သေးပေမယ့် ကြောက်စရာကောင်းနေပြီ သခင်လေးဂရုစိုက်ရမယ်နော်” ဖြူဖျော့နေသော အဖိုးကြီး သတိပေးလိုက်၏။

စုဟန် ရှေ့သို့ကြည့်လိုက်သောအခါ သူ့ရှေ့ရှိ အမှောင်ထုအောက်တွင် တောင်ကြီးတစ်လုံးရှိနေပြီး ထိုတောင်တစ်ဝိုက်မှ ကြောက်မက်ဖွယ် ဟိန်းဟောက်သံများ ထွက်ပေါ်နေခဲ့လေသည်။

သူအမိန့်ပေးလိုက်၏။

“ခင်ဗျားအရင်သွားပြီး မြှား‌ေခါ်ထားလိုက် ကျုပ်နောက်က လိုက်လာခဲ့မယ်”

ထိုစကားကိုကြားသောအခါ အဖိုးကြီးမျက်နှာချက်ချင်း မည်းမှောင်သွားပြီး လက်အမြန်ယမ်း၍ ပြောလိုက်သည်။

“ကျွန်တော့် ကျင့်ကြံခြင်းအဆင့်ကမလုံလောက်မှာကို ကြောက်မိ…”

စုဟန် အမူအရာ ရုတ်ချည်းအေးစက်သွားခဲ့ရာ အဖိုးကြီးလည်း အမြန်သဘောတူလိုက်ရ၏။ ထို့နောက် သူရှေ့သို့ ပျံသန်းသွားပြီး အမှောင်ထုထဲ ပျောက်ကွယ်သွားခဲ့သည်။

မကြာခင်တွင် နဂါးဟိန်းသံကြီးတစ်ခုထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေပြင်သည် ယမ်းခါသွားခဲ့၏။

ထိုအခါ စုဟန် သူ့နောက်ကျောမှ အရိုးဓားကိုဆွဲထုတ်လိုက်ပြီး သူ့ကိုယ်မှကြောက်မက်ဖွယ်အနက်ရောင် အရှိန်အဝါများ ပေါ်ထွက်လာခဲ့ကာ သူ့ပုံစံမှာ မိစ္ဆာတစ်ကောင်၀င်ပူးခံထားရသလိုပင်။

“မောက်မာလိုက်တာ ဘယ်သူက ငါတို့ရှေးဟောင်းကောင်းကင်ဂိုဏ်းရဲ့ တားမြစ်နယ်မြေကို ကျူးကျော်ရဲတာလဲ!”

ဒေါသထွက်နေသော အကြီးအကဲတစ်ယောက်၏အော်သံထွက်ပေါ်လာပြီး မီးခိုးရောင်၀တ်စုံ၀တ်လူတစ်ယောက်တောင်ထိပ်တွင် ထွက်ပေါ်လာကာ စုဟန်ဆီ ပြေး၀င်လာခဲ့၏။

စုဟန်မှာတော့ ထိုလူကြီးကိုလှည့်မကြည့်ဘဲ ရှေ့သို့သာ ဆက်၍ ပြေးသွားနေခဲ့သည်။

ထိုအခိုက်တွင် စုဟန်ဆီပြေး၀င်လာသော မီးခိုးရောင်၀တ်လူနောက်တွင် တစ္ဆေအရိပ်တစ်ခု ပေါ်ပေါက်လာခဲ့ပြီး သူ့လက်ဝါးကိုမြှောက်၍ ရိုက်လိုက်ရာ လက်ဝါးချက်က အနက်ရောင်တောင်ပံကြီးအဖြစ်ပြောင်းလဲသွားပြီး မီးခိုးရောင်၀တ်လူဆီ တိုး၀င်သွားခဲ့၏။

မီးခိုးရောင်၀တ်လူဧ။်မျက်နှာ ရုတ်တရက်ပြောင်းလဲသွားပြီး စိတ်ဝိညဉ်စွမ်းအားသုံးကာ ကာကွယ်လိုက်သော်လည်း လက်ဝါးရိုက်ချက်ကေြာင့် နောက်သို့ လွင့်ထွက်သွားခဲ့ရသည်။

“ငါနင့်ကို ဘာကိုမှ မမြင်ချင်ယောင် ဆောင်နေလိုက်ဖို့ အကြံပေးချင်တယ် မဟုတ်ရင် နင်နောင်တရစရာ ကံကြမ္မာတစ်ခုကို ရင်ဆိုင်ရလိမ့်မယ်” တစ္ဆေအရိပ်ဆီမှ ကြောက်စရာကောင်းသော အေးစက်စက် အမျိုးသမီးအသံ တစ်သံ ထွက်ပေါ်လာခဲ့၏။

အကယ်၍ ကုအန်သာ ဤနေရာတွင် ရှ်ိနေပါက သူထိုအသံပိုင်ရှင်ကို မှတ်မိသွားပေလိမ့်မည်။

တစ္ဆေမိခင်!

All Chapters