← Chapters

အခန်း (၁၅၉-၁၆၀)

Vol. 13 Ch. 159-160

အခန်း (၁၅၉-၁၆၀)

Vol. 13 Ch. 159-160

အပိုင်း(၁၅၉)

မတူညီသော လမ်းစဉ်များ

ညဉ့်နက်ချိန် ဆန်းကြယ်တောင်ကြားရှိ သဘာ၀ဂူ၈လုံးထဲ၌

ကုအန် နွယ်စိမ်းပင်ကိုမှီကာ စာဖတ်နေရင်း နွယ်စိမ်းပင်က သူ့နွယ်နှစ်‌ေချောင်းကိုသုံး၍ သူ့ပုခုံးများကို နှိပ်နှယ်ပေးနေခဲ့သည်။

ထိုစဉ် ကုအန် ရုတ်တရက် ဖတ်လက်စ စာအုပ်ကို ချလိုက်ပြီး ထရပ်လိုက်၏။

“သခင်ဘာဖြစ်လို့လဲ ကျွန်မ အားထည့်တာများသွားလို့လား” နွယ်စိမ်းပင်မှ အားနည်းသော သနားစရာမိန်းမအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ကုအန် ပြန်ပြောလိုက်၏။ “မဟုတ်ပါဘူး ငါ့မှာလုပ်စရာပေါ်လာလို့ ငါသွားတော့မယ်”

နွယ်စိမ်းပင် သူ့ပင်စည်ကို အမြန်လှုပ်ခါလိုက်ကာ ပြောလိုက်လေသည်။

“သခင် ကျွန်မအတွက်အသားတွေ ထပ်ယူလာဖို့ မမေ့နဲ့နော်”

ကုအန် လက်ယမ်းပြလိုက်ပြီး လေထဲတွင် ပျောက်ကွယ်သွားခဲ့၏။

ကုအန် အဓိပတိဂိုဏ်းမှ ထွက်လာခဲ့ပြီး တောင်တစ်လုံးပေါ်တွင် ရပ်နေခဲ့သည်။ ဆောင်းဦးကုန်ချိန်ဖြစ်သောကြောင့် ဆောင်းလေများ စတင်တိုက်ခတ်နေပြီး လေအေးများက ကုအန်၀တ်စုံကို တိုးဝှေ့နေခဲ့ကြသည်။ ကုအန် အဝေးသို့ လှမ်းကြည့်နေခဲ့၏။

အဝေးမှ ကောင်းကင်နဂါး နာကျင်နေမှုကို သူခံစားမိနေခဲ့ခြင်း ဖြစ်သည်။

သူနှင့်ကောင်းကင်နဂါးသည် သခင်နှင့်သားရဲ စာချုပ်မျိူး ချုပ်ဆိုထားခြင်းမရှိသော်လည်း ကောင်းကင်နဂါးမွေးကတည်းကပင် သူနှင့်အတူနေခဲ့ရသောကြောင့် သူတို့ကြားတွင် နက်ရှိုင်းသော ဆက်နွယ်မှု ရှိနေခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် သူကောင်းကင်နဂါးနာကျင်နေမှုကို ခံစားနေရခြင်းဖြစ်သည်။

ကုအန် ထိုခံစားချက်ကြောင့် သူ့နတ်အာရုံကို မင်းဆက်ကိုးခုလုံးဆီ ဖြန့်ကျက်လိုက်၏။

မကြာခင်တွင် သူ့နတ်အာရုံသည် ဂိုဏ်းတစ်ခုဆီ ရောက်ရှိသွားပြီး စည်းအလွှာများကိုဖြတ်သန်းကာ ကြယ်သခင်ကမ္ဘာငယ်လေးနှင့် တူသော ကမ္ဘာငယ်လေးတစ်ခုရှိရာသို့ ရောက်ရှိသွားခဲ့သည်။

ဟမ်!

တစ္ဆေမိခင်နဲ့မြေအောက်ကမ္ဘာလမ်းကိုးသွယ် လီ ၁၃ဖော်ပါလား!

ထိုလူများသည် ရှေးဟောင်းကောင်းကင်ဂိုဏ်း၏ ဘုန်းကြီးတစ်ပါးနှင့် တိုက်ခိုက်နေခဲ့ကြခြင်း ဖြစ်သည်။

ကုအန် နတ်အာရုံသည် ကောင်းကင်နဂါးဆီ ရောက်ရှိသွားချိန်မှာတော့ သူ့မျက်နှာ ထူးဆန်းသွားခဲ့ရ၏။

ကောင်းကင်နဂါးနှင့် တိုက်ခိုက်နေသူမှာ စုဟန် မှလွဲ၍ အခြားမဟုတ်ပေ။

စုဟန်၏ ကျင့်ကြံခြင်းသည် စိတ်ဝိညဉ်အခြေတည်အဆင့်နှင့် နီးကပ်နေပြီဖြစ်သော်လည်း သူ့အသက်ရှူသံများက ဖရိုဖရဲဖြစ်နေခဲ့ပြီး သူ့ပုံစံမှာ အချိန်မရွေး ရူးသွပ်သွားတော့မည့် ပုံပင်။

ကောင်းကင်နဂါးသည် ပျင်းရိသောကြောင့် ကြိုးကြိုးစားစား ကျင့်ကြံမနေခဲ့သော်လည်း သူ၏ သန်မာသော သွေးမျိုးဆက်အရ စုဟန်အနေနှင့် အချိန်တိုအတွင်း ကောင်းကင်နဂါးကို အနိုင်မယူနိုင်ခဲ့ပေ။

ပေ ၂၀ခန့်ရှိသော ကောင်းကင်နဂါးသည် သူ့ခန္ဓာကိုယ်ကြီးကို တွန့်ကာတွန့်ကာဖြင့် ပါးစပ်ထဲမှ မီးများ မှုတ်ထုတ်နေခဲ့လေသည်။ စုဟန်၏ သွင်ပြင်မှာတော့ တေစ္ဆတစ်ကောင်နှင့် တူလှပြီး လေထဲတွင် ပျောက်ပျောက်သွားကာ သူ့အရိုးဓားကိုတစ်ချက်လွှဲခုတ်လိုက်သည်နှင့် ကောင်းကင်နဂါးကိုယ်မှ သွေးများ ယိုစီးကျနေခဲ့ရသည်။

စုဟန်၏ နောက်လက်တစ်ဖက်တွင်တော့ အ၀တ်အိတ်တစ်ခုရှိနေပြီး အမှန်တကယ်တွင် စုဟန်လုပ်နေသည့်အရာမှာ ကောင်းကင်နဂါးဆီမှသွေးကို ခံယူနေခြင်း ဖြစ်၏။

တခဏကြာ တွန့်ဆုတ်နေပြီးသည့်နောက် ကုအန် လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်လေသည်။

…..

ညို့မှိုင်းနေသော ကမ္ဘာထဲတွင် ကောင်းကင်နဂါး တောင်တန်းများ လယ်ကွင်းများကို ဖြတ်၍ ပြေးလွှားနေပြီး စုဟန်က သူ့နောက်မှ အရိုးဓားကိုကိုင်၍ လိုက်နေခဲ့သည်။

“သေစမ်းကွာ…. မင်းကဘယ်သူလဲ ငါမင်းကိုအနာဂတ်မှာ လုံး၀ ခွင့်မလွှတ်ဘူးကွ!”

ကောင်းကင်နဂါးဟိန်းဟောက်လိုက်သောကြောင့် တောင်တန်းများနှင့်တောအုပ်များ တုန်ခါသွားခဲ့သော်လည်း သူ့အသံသည် ကလေးဆန်လှကာ ကောင်ငယ်လေးတစ်ယောက်၏ အသံမျိုးသာ ဖြစ်နေခဲ့၏။

နောက်ဘက်မှ စုဟန်၏ အေးစက်စက်အသံ ထွက်ပေါ်လာခဲ့သည်။

“အာဃာတကောင်းကင်နတ်ဓား စုဟန်”

ကောင်းကင်နဂါး၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ပြီး သူ စုဟန်နာမည်ကို ကြားဖူးတာ သိသာ‌နေ၏။ သူ့မျက်လုံးထဲတွင် အကြောက်တရားများ ပေါ်ပေါက်လာခဲ့ပြီး ပြေးနေသော အရှိန်ကို ပိုတင်လိုက်လေတော့သည်။

စုဟန် တစ်ချက်ခုန်လိုက်ကာ သူ့အရိုးဓားကို မြှောက်၍ ခုတ်ချလိုက်ရာ ဓားအရိပ်ခုနှစ်ခု ဖွဲ့တည်လာပြီး ဓားအရိပ်များက ကောင်းကင်နဂါးဆီ တိုး၀င်သွားခဲ့၏။ သူ့ဓားရိပ်တစ်ခုချင်းစီ၏ ထိပ်များတွင် တေစ္ဆပုံရိပ်များ ရှိနေပြီး မှောင်မည်းနေသော ကောင်းကင်အောက်၌ တစ္ဆေခုနှစ်ကောင် ပေါ်ပေါက်လာခြင်းမှာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။

ထိုစဉ် ကောင်းကင်နဂါးဧ။် ခေါင်းအထက်ရှိ လေထုထဲမှ ခရမ်းရောင်ပုံရိပ်တစ်ခု ရုတ်တရက်ပေါ်ပေါက်လာခဲ့ပြီး တစ်ချက်တောက်လိုက်ရာ ကောင်းကင်နဂါးဆီ ပြေး၀င်လာနေသော ဓားချက်များက လေထဲတွင် ပျောက်ကွယ်သွားခဲ့ရ၏။

စုဟန် သူ့ကိုကြည့်လိုက်ကာ သူ့သူငယ်အိမ်များ ကျဉ်းမြောင်းသွားခဲ့သည်။

အဲ့တာသူပဲ!

စုဟန် သူ့ဆရာ ကျုံးလျန်ကိုသတ်ခဲ့သော ဆန်းကြယ်သည့် မိစ္ဆာကို မမေ့နိုင်ခဲ့ပေ။ တစ်ချက်ကြည့်ရုံနှင့်ပင် မှတ်မိ၏။

ဝုန်းး!

ကြောက်မက်ဖွယ် နတ်အာရုံက စုဟန်စိတ်ထဲ တိုး၀င်သွားခဲ့ပြီး စုဟန် တောအုပ်ထဲ ပြုတ်ကျသွားခဲ့သည်။

ကောင်းကင်နဂါးလည်း နတ်အာရုံ၏တိုက်ခိုက်မှုကို ခံလိုက်ရပြီး သတိလစ်သွားခဲ့ကာ မြေပြင်ပြုတ်ကျသွားခဲ့ပြီး သူ့ကိုယ်ကြီးကြောင့် တောအုပ်ထဲတွင် ဖုန်လုံးကြီးပင် ဖြစ်ပေါ်သွားခဲ့၏။

ကုအန် သေသည်ရှင်သည် မသိရဘဲ မြက်ခင်းပြင်ပေါ်တွင် လဲလျောင်းနေသော ကုအန် သွားလိုက်လေသည်။

ထိုအခိုက်တွင် စုဟန်ရှေ့၌ တစ္ဆေမိခင်ပေါ်ပေါက်လာခဲ့ပြီး ဒူးတစ်ဖက်ထောက်လိုက်ကာ လက်သီးဆုပ်၍ ဂါရ၀ပြုလိုက်ပြီး ပြောလိုက်၏။

“ကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါ ဆရာသခင် ကောင်းကင်နဂါးက ဆရာသခင်နဲ့ဆက်စပ်နေတယ်ဆိုတာ ကျွန်မတို့ မသိခဲ့လို့ပါ”

သူမကိုယ်မှ တစ္ဆေချီများ ပျောက်ကွယ်သွားခဲ့ပြီး ဖြူဖျော့နေသော အမျိုးသမီးမျက်နှာတစ်ခုပေါ်ပေါက်လာခဲ့ပြီး ကုအန်ကို အံ့အားသင့်နေသော အကြည့်ဖြင့် ကြည့်ရှုနေခဲ့သည်။

ကုအန် မထူးခြားဟန်ဖြင့် မေးလိုက်၏။

“မင်းက တစ္ဆေမိခင်လား”

သူက တစ္ဆေမိခင်ကို မြင်ဖူးသော်လည်း ဆရာသခင်ဓားအရှင်က မမြင်ဖူးသေးသောကြောင့် သူထိုမေးခွန်းကို မေးမြန်းရန် လိုပေသည်။

“ကျွန်မက တစ္ဆေမိခင်ပါပဲ”

တစ္ဆေမိခင် တလေးတစား ပြန်ဖြေလိုက်၏။

ထို့‌ေနာက် ကုအန် ပြောလိုက်သည်။

“ရှေးဟောင်းကောင်းကင်ဂိုဏ်းကလည်း ငါ့ကာကွယ်မှုအောက်မှာရှိတယ် ကောင်းကင်နဂါးက ရှေးဟောင်းကောင်းကင်ဂိုဏ်းရဲ့ မြင့်မြတ်သားရဲပဲ မင်းကို သူ့ကိုအန္တရာယ်ပေးခွင့် မပြုနိုင်ဘူး”

သူ့ပုံစံမှာ ရှေးဟောင်းကောင်းကင်ဂိုဏ်းကို ကာကွယ်နေဟန်ရပြီး ကောင်းကင်နဂါးနှင့် မဆိုင်သလိုပင်။

ထိုစကားကိုကြားသောအခါ တစ္ဆေမိခင် ဂရုတစိုက်မေးလိုက်၏။

“ဆရာသခင်က ဘာလို့ ဂိုဏ်းနှစ်ဂိုဏ်းလုံးကို ကာကွယ်ပေးနေတာလဲ”

ကုအန် ပြန်မေးလိုက်သည်။ “တခဏဂိုဏ်းက ဖျက်ဆီးခံလိုက်ရပြီး မင်းဘာလို့မြေအောက်ကမ္ဘာလမ်းကိုးသွယ်ကို မပြန်သေးတာလဲ”

တစ္ဆေမိခင် အကူအညီမဲ့နေဟန်ဖြင့် မေးလိုက်၏။

“ကျွန်မတို့လည်း ပြန်သွားချင်ပါတယ် ဒါပေမယ့် မြေအောက်ကမ္ဘာလမ်းကိုးသွယ်ကို ပြန်တဲ့လမ်းကို ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက ကျင့်ကြံသူတွေက ပိတ်လိုက်ပြီလေ အဲ့တာကြောင့် ကျွန်မတို့ ထွက်ပြေးလာဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူး”

ကြယ်ခုနှစ်လုံး စိတ်ဝိညဉ်နယ်မြေလား!

ထိုစကားကိုကြားသောအခါ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသည် မဟာမိစ္ဆာကပ်ဘေး၏ နောက်ကွယ်တွင် ရှိနေသည့်အကြောင်းကို ကုအန်ပို၍ သေချာသွားခဲ့၏။

“ဒီကလေးက မင်းတပည့်လား” ကုအန် မေးလိုက်သည်။

တစ္ဆေမိခင် မိစ္ဆာချီများဖြင့် ၀န်းရံထားသော ကုအန်ကိုကြည့်ကာ တခဏတွန့်ဆုတ်သွားခဲ့ပြီး ဖြေလိုက်၏။ “မဟုတ်ပါဘူး သူကကျွန်မရဲ့ နယ်ရုပ်တစ်ရုပ်ပါပဲ မဟာမိစ္ဆာကပ်ဘေးက ဖြစ်ပွားတော့မှာ သာမန်လူတွေက အဲ့ဒီကပ်ဘေးကို မလွဲမရှောင်သာ ခံစားရလိမ့်မယ် ကျွန်မက အဲ့လိုဖရိုဖရဲအခြေအနေကို အခွင့်အရေးယူပြီး သူ့ကို မြေအောက်ကမ္ဘာလမ်းကိုးသွယ်ကို ချိုးဖျက်၀င်ရောက်နိုင်မယ့် စွမ်းအားတစ်ရပ်ဖြစ်လာအောင် လေ့ကျင့်ပေးချင်တာပါ”

စုဟန်ကိုသုံးပြီး မြေအောက်ကမ္ဘာလမ်းကိုးသွယ်က ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက ကျင့်ကြံသူတွေကို တိုက်ခိုက်ချင်တာလား!

ကုအန် စုဟန်အဖြစ်ကို မသနားဘဲ မနေနိုင်ခဲ့ပ။သို့သော် သူစုဟန်ကို ကယ်တင်ရန်တော့ ဆန္ဒမရှိပေ။

စုဟန်၏ သန်မာလိုစိတ်သည် အစွဲအလန်းတစ်ခုဖြစ်လာခဲ့ပြီ ဖြစ်၏။ တ‌စ္ဆေမိခင်မရှိလျှင်ပင် သူသည် ဤလမ်းစဉ်ကိုသာ ရွေးချယ်မည်ဖြစ်ပြီး သူ့အတွက်တော့ ဤအရာသည် မိစ္ဆာလမ်းစဉ်သို့ ကျရောက်သွားခြင်းမဟုတ်ဘဲ ပိုသန်မာလာအောင် ကြိုးစားနေခြင်းသာ ဖြစ်ပေသည်။

ကုအန် စုဟန်ကို မရှင်းလင်းပစ်ရသည့် အကြောင်းအရင်းမှာ စုဟန် သာမန်သေမျိုးလူသားများကို သတ်ဖြတ်သည့် သတင်းမျိုး သူမကြားမိသေး၍ ဖြစ်သည်။ စုဟန်လက်ထဲတွင် သေဆုံးသွားရသည့် လူပေါင်းများစွာရှိသော်လည်း ထိုလူများသည် စုဟန်နှင့် ရန်ညှိုးရှိသူများသာ ဖြစ်ကြ၏။ အများစုသည် အာဃာတကောင်းကင်နတ်သိုင်းကို တပ်မက်၍ သူ့ကိုသတ်ဖို့ ကြိုးစားကြသော်လည်း စုဟန်သတ်ဖြတ်ခြင်းကိုသာ ခံခဲ့ကြရသည်။

အာဃာတကောင်းကင်ဓားသိုင်းသည် စုဟန်၏ မိသားစုပိုင်ဓားသိုင်းဖြစ်ပြီး ကုအန်သင်ပေးခဲ့ခြင်းမဟုတ်သောကြောင့် သူနှင့် စုဟန်ကို ဆရာတပည့်ဟု သတ်မှတ်၍လည်း မရပေ။ သူလုပ်ခဲ့သည်မှာ စုဟန်ကို ဆေးဝါးအနည်းငယ် ထောက်ပံ့ပေးခဲ့ရုံသာ ဖြစ်၏။

သူတို့၏ အရင်က ဆရာတပည့်ဆက်ဆံရေးကလည်း ပြတ်တောက်သွားပြီဖြစ်သောကြောင့် စုဟန် သေသေရှင်ရှင် ကုအန်နှင့် မဆိုင်တော့ပေ။

ယခု ကုအန်အဓိကသိချင်သည်မှာ စုဟန် မည်သို့အဆုံးသတ်သွားမလဲ‌ဆိုတာကိုသာ ဖြစ်သည်။

စုဟန်သည် ကြမ္မာဖီဆန်နတ်ကျင့်စဉ်ကို ကျင့်ကြံနေသောကြောင့် သူ့တွင် အခြားကျင့်ကြံသူများ၏ စိတ်ဝိညဉ်စွမ်းအားကို ခိုးယူနိုင်စွမ်း ရှိနေခဲ့၏။ ထိုစွမ်းရည်မှာ ကုအန်၏ အသက်ဓာတ်ရိတ်သိမ်းသည့် စွမ်းရည်နှင့် တူညီပေသည်။

သို့သော် စုဟန်မှာတော့ သူနှင့် လုံး၀မတူညီသည့် လမ်းစဉ်တစ်ခုကိုသာ ရွေးချယ်သွားခဲ့သည်။ ထို့ကြောင့်လည်း သူ ဘယ်နေရာသွားသွား သူ့သတင်းက ကမ္ဘာတစ်ခုလုံးတွင် ပြန့်နှံ့သွားခဲ့ခြင်း ဖြစ်၏။

“ကျွန်မတို့လာခဲ့တဲ့ ကုန်းမြေမှာ တခဏဂိုဏ်းက နှစ်ပေါင်း‌သောင်းနဲ့ချီ တည်တံ့ခဲ့တာ ဂိုဏ်းရဲ့အရှိန်အဝါက မင်းဆက်ကိုးခုထက် အများကြီး သာလွန်တယ် ဂိုဏ်းက တောင်နတ်ဘုရားရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရတယ်ဆိုပေမယ့် ကျွန်မသင်ကြားပေးခဲ့တဲ့ တပည့်တွေက ရှိနေတုန်းပဲ တကယ်လို့ ဆရာသခင်သာ ဂိုဏ်းကိုပြန်လာမယ်ဆိုရင် ကျွန်မတို့ဂိုဏ်းက နှစ်ပေါင်းတစ်ထောင်အတွင်း အရင်လို ဂုဏ်သရေကို ပြန်လည်ရယူနိုင်မှာ အသေအချာပဲ” တစ္ဆေမိခင် အလေးအနက်ပြောလိုက်သည်။

ကုအန်မေးလိုက်၏။ “အဲ့တာက ငါက ထိုက်ကန်နတ်မင်သက်ဓားသိုင်းကို သိနေတာကြောင့်လား တခဏဂိုဏ်းလုပ်ခဲ့သလို ငါကလည်းနင့်ကို စတေးပစ်မှာ မကြောက်ဘူးလား”

“ထိုက်ကန်နတ်မင်သက်ဓားသိုသ်းက အကြောင်းပြချက်တွေထဲက တစ်ခုပါပဲ ကျွန်မ အဓိပတိဂိုဏ်းမှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီး ဆရာသခင်ရဲ့ ဂုဏ်သတင်းတွေကို သိခဲ့ရတယ် ကောင်းကင်ပြုပြင်စင်မြင့်ထက်မှာ ဆရာသခင်ရေးထွင်းခဲ့တဲ့ လမ်းမှန်ဂိုဏ်း ဆိုတဲ့စာလုံးနဲ့တင် ဆရာသခင်ရဲ့ စရိုက်ကိုခန့်မှန့်ဖို့ လုံလောက်နေပါပြီ ဆရာသခင်သာ တခဏဂိုဏ်းကို ပြန်လည်တည်ထောင်မယ်ဆိုရင် ဂိုဏ်းကို လမ်းမှန်ဂိုဏ်းအဖြစ် ပြောင်းလဲနိုင်မှာ အသေအချာပဲ တခဏဂိုဏ်းက မိစ္ဆာဂိုဏ်းဖြစ်ခဲ့ပေမယ့် မူလတခဏဂိုဏ်းကတော့ တခဏပင်ကို ကိုးကွယ်ပြီး သာမန်လူတွေကို ကယ်တင်လို့ တာအိုရိုးရာကို လိုက်နာခဲ့တဲ့ လမ်းမှန်ဂိုဏ်းကြီးတစ်ခုပါ”

ပြောပြီးသည်နှင့် တစ္ဆေမိခင် ညာလက်ကိုမြှောက်လိုက်ရာ သူ့လက်ထဲတွင် တံဆိပ်ပြားတစ်ခု ပေါ်လာခဲ့လေသည်။

“ဒါက တခဏဂိုဏ်းရဲ့ ဂိုဏ်းချုပ်အမိန့်ပြားပါ အရင်ဂိုဏ်းချုပ်က ဒီတံဆိပ်ပြားကို လိုက်ရှာနေခဲ့တာ ကျွန်မလည်း ကျွန်မလက်ထဲမှာ ရှိနေတာကို မသိခဲ့ဘူး ဒီတံဆိပ်ပြားနဲ့ တခဏဂိုဏ်းရဲ့ ဂိုဏ်းသားတွေအကုန်လုံးကို ရှာဖွေနိုင်ပြီး တပည့်ဟောင်းတွေ မြှုပ်နှံထားခဲ့တဲ့ အမွေအနှစ်နေရာတွေကိုလည်း ရှာဖွေနိုင်ပါတယ်”

ကုအန် နတ်အာရုံသုံး၍ တံဆိပ်ပြားကို စစ်ဆေးကြည့်လိုက်၏။

ထိုအခါ မဟာယနအဆင့်မဟုတ်လျှင် မချိုးဖျက်နိုင်သော စည်းများကို တွေ့လိုက်ရလေသည်။ သို့သော် သူ့ရှေ့တွင်တော့ ထိုစည်းများမှာ ဘာမှ ဟုတ်မနေပေ။

သူ့နတ်အာရုံ စည်းတံဆိပ်ထဲ၀င်သွားသည်နှင့် ကုအန် ကမ္ဘာကြီးတစ်ခုကို တွေ့လိုက်ရ၏။ ထိုကမ္ဘာသည် မည်းမှောင်‌ကာ ဖရိုဖရဲဖြစ်နေပြီး ပန်းများ အပင်များလည်း ရှိမနေပေ။

ဤတံဆိပ်ထဲမှ တစ်ဆင့် ကုအန် အခြားတခဏဂိုဏ်းသားများ၏ တည်နေရာများကို တွေ့နိုင်ပေသည်။

ထို့အပြင် ထိုတံဆိပ်တွင် အခြားလုပ်ဆောင်ချက်များလည်း ရှိနေပြီး ကုအန်ပင် အံ့အားသင့်သွားခဲ့ရသည်။

ကုအန် နတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်ပြီး ပြောလိုက်၏။ “ဒီတံဆိပ်ပြားကို ငါလတ်တလော သိမ်းထားပေးမယ် အနာဂတ်မှာ တံဆိပ်ပြားကိုတွေ့တာက ငါ့ကိုတွေ့တာနဲ့ အတူတူပဲ”

ထိုစကားကိုကြားသောအခါ တစ္ဆေမိခင်အပျော်လွန်သွားခဲ့ပြီး ကုအန်ကို အမြန်ကျေးဇူးတင်လိုက်မိသည်။

ထို့နောက် ကုအန် လေထဲတွင် ပျောက်ကွယ်သွားခဲ့၏။

တစ္ဆေမိခင်လည်း ချက်ချင်းထရပ်လိုက်ပြီး စုဟန်ကိုခေါ်ကာ ထွက်သွားလေတော့သည်။ သူ ကောင်းကင်နဂါးကို ထပ်အန္တရာယ်မပေးရဲတော့ပေ။

….

ဆောင်းဦးကုန်ချိန် ဆန်းကြယ်တောင်ကြားတွင်

ကုအန် သူ့တပည့်များ သစ်ရွက်ခြောက်များ လှည့်းကျင်းနေခြင်းကို ကြည့်ရှုနေခဲ့ပြီး သူ့နတ်အာရုံမှာတော့ ထိုက်ကန်မင်းဆက်နှင့် ဟန်လုမင်းဆက် တိုက်ပွဲကို ကြည့်ရှုနေခဲ့သည်။

လုရှန်နှင့်ဝူကျဲလည်း ထိုတိုက်ပွဲတွင် ပါ၀င်ပြီး သူတို့သည် တိုက်ပွဲထဲတွင် သူတို့စွမ်းဆောင်ရည်ကို အပြည့်အ၀ ပြသနေခဲ့ကြသည်။ သူတို့နှစ်ယောက်သည် ဟန်လုမင်းဆက်၏ မြို့တော်သို့ပင် ရောက်တော့မည် ဖြစ်၏။

ကုအန် အကြည့်က ဆန်းကြယ်တောင်ကြားမှ ထွက်ခွာသွားကာ လျူဟွမ်နှင့် ကျိုးတောင်းယူတို့ဆီမှ လှံသိုင်းနှင့် ကိုယ်ခံပညာသင်ယူခဲ့‌ကာ စစ်တပ်ထဲ၀င်သွားသော ယိယန် ဆီလည်း ရောက်ရှိနေခဲ့သည်။

ဆယ်စုနှစ်များစွာကုန်လွန်သွားသောအခါ ယိယန်သည် ထိုက်ကန်မင်းဆက်၏ ဗိုလ်ချုပ်တစ်ယောက် ဖြစ်နေကာ စစ်ပွဲအတွင်းတွင်လည်း အောင်မြင်မှုများစွာ ရရှိထားခဲ့၏။ သူသည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်သို့ မရောက်သေးသော်လည်း သူ့ခွန်အားက အသိအမှတ်ပြုစရာပင်။

ကုအန် စစ်ပွဲကို ကြည့်ရှုနေခဲ့ပြီး ထိုမြင်ကွင်းက နတ်ဘုရားတို့၏ ရာထူးများထဲမှ မြင်ကွင်းနှင့် တူနေသည်ဟု ခံစားနေခဲ့ရသည်။

မင်းဆက်များ၏ စစ်ပွဲအတွင်း ဂိုဏ်းမှ ကျင့်ကြံသူများက ၀င်ရောက်တိုက်ခိုက်ပေးနေကြပြီး စစ်ပွဲအတွင်း ရှုံးနိမ့်သည့် မင်းဆက်က နောက်သို့ ဆုတ်ပေ‌ေးနခဲ့ရ၏။

ကုအန် စစ်ပွဲကိုကြည့်ရှုနေချိန် ကျန်းချင် ဓားပျံဖြင့် ကုအန်ဘေးသို့ ဆင်းသက်လာခဲ့လေသည်။

“ဆရာ အစ်ကိုစုဟန်ကို ရှေးဟောင်းကောင်းကင်ဂိုဏ်းက အလိုရှိစာရင်း ထုတ်ထားတယ်”

ကုအန် ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။

“ငါနင့်ကိုပြောပြီးပြီ မဟုတ်လား သူကနင့်အစ်ကို မဟုတ်တော့ဘူးဆိုတာ”

ကျန်းချင် နှုတ်ခမ်းဆူကာ ပြောလိုက်သည်။

“သူက တရား၀င်အစ်ကိုတော့ မဟုတ်တော့ဘူးပေါ့ ဒါပေမယ့် ကျွန်မတို့က အတူတူကြီးပြင်းလာခဲ့တာ ဘယ်လိုလုပ် သူ့ကိုလုံး၀ကြီး သံယောဇဉ်ဖြတ်ပစ်နိုင်မှာလဲ”

“ဆရာ့ကို အဲ့အကြောင်းပြောပြတော့ရော ဆရာက ဘာကူညီနိုင်မှာမလို့လဲ”

“ဆရာ! ကျွန်မက မသက်မသာခံစားနေရလို့ ဆရာနဲ့အဲ့အကြောင်း ပြောချင်ရုံပါ” ကျန်းချင် ဆူအောင့်၍ ပြန်ပြောလိုက်သည်။

ကုအန် သူမကိုကြည့်၍ ပြုံးလိုက်ကာ “သူ့ကို စိတ်မပူပါနဲ့ သူက နှစ်ပေါင်းများစွာ အမဲလိုက်ခံလာရတာတောင် အခုထိ အဆင်ပြေနေသေးတာပဲ အဲ့ဒီအစား နင့်ကိုယ်နင်သာ စိတ်ပူ နင်ကသူ့ထက်ပိုပြီး အန္တရာယ်ရှိတယ်လို့ ဆရာခံစားနေရတယ်”

ကုအန် အရင်တစ်ခေါက်က ဥပဒေရေးရာခန်းမမှ တပည့်များကို သူတော်စင်ရွှမ်မြောင် ကယ်တင်ခဲ့ရသည့် အဖြစ်ကို ရည်ညွှန်း၍ ပြောနေခြင်းဖြစ်၏။ သူမက တောင်နတ်ဘုရား၏ တည်ရှ်ိမှုကို ဘယ်သူ့ကိုမှ ထုတ်မပြောခဲ့သော်လည်း အန္တရာယ်ကျရောက်ခဲ့ရသည့် အဖြစ်ကိုတော့ ရီလန်က သိရှိခဲ့ပြီး ကုအန်ကို ပြန်ပြောပြခဲ့ခြင်း ဖြစ်သည်။

ကျန်းချင် တစ်ခုခုပြန်ပြောရန်ပြင်လိုက်စဉ် တစ်ခုခုကို အာရုံခံလိုက်မိပြီး သိုလှောင်အိတ်ထဲမှ တပည့်တံဆိပ်ပြားကို ထုတ်လိုက်၏။

ကုအန်လည်း သတိထားမိသွားကာ သူ့တောင်ကြားသခင် တံဆိပ်ပြားကို ထုတ်လိုက်ရာ တံဆိပ်ပြားထဲမှ အသံတစ်သံကို ကြားလိုက်ရလေသည်။

“အဓိပတိအကြီးအကဲကူစုန့် မိစ္ဆာနယ်မြေထဲကို စွန့်စွန့်စားစား ၀င်သွားခဲ့ပြီး ကံဆိုးစွာနဲ့ သေဆုံးသွားခဲ့ရတယ် သုံးရက်အတွင်း တပည့်တွေအကုန်လုံး သက်ဆိုင်ရာ မြို့တွေထဲကို ၀င်ရောက်ပြီး ဘိုးဘေးအတွက် ၀မ်းနည်းပူဆွေးပေးရမယ်!”

အပိုင်း(၁၆၀)

ကျန်းချောင် ပြန်လာခြင်း

ဘိုးဘေးကူစုန့် သေသွားပြီလား!

ကုကျုံးဆီမှစကားသံကို ကြားလိုက်ရသောအခါ ကုအန် မူးဝေသွားတော့မတတ် ဖြစ်သွားခဲ့ရသည်။

ဘိုးဘေးကူစုန့်နှင့်သူသည် ရင်းနှီးလှသော မိတ်ဆွေများမဟုတ်သော်လည်း သူနှင့် ဘိုးဘေးကူစုန့် စာအုပ်ခန်းမတွင် တွေ့ပါက ပြောသည့် စကားဝိုင်းတိုင်းသည် ပျော်စရာကောင်းခဲ့၏။

ယခုလို ဘိုးဘေးကူစုန့် သေဆုံးသည့် သတင်းကို ကြားလိုက်ရသောအခါ ကုအန် မဖော်ပြတတ်သော ခံစားမှုမျိုးကို ခံစားလိုက်ရသည်။

“အဓိပတိအကြီးအကဲတစ်ယောက် သေဆုံးသွားပြီလား ကျွန်မမှတ်မိသလောက် သူက ဆန်းကြယ်နှလုံးသားအဆင့် မဟုတ်လား” ကျန်းချင် မျက်မှောင်ကြုံ့၍ မေးလိုက်၏။

တခဏဂိုဏ်းလာရောက်တိုက်ခိုက်စဉ်က ဘိုးဘေးကူစုန့်နှင့် အရှင်ချိချင်ကြားတိုက်ပွဲကြောင့် ဘိုးဘေးကူစုန့် တာအိုဘွဲ့ထူးသည် အဓိပတိဂိုဏ်းတွင်ပြန့်နှံ့သွားခဲ့ပြီး သူ့ဂုဏ်သတင်းက ဆရာသခင်ဓားအရှင်အောက် တစ်ထစ်သာ နိမ့်ပေသည်။

ကျန်းချင်လို ဘိုးဘေးကူစုန့်ကို နာမည်သာ ကြားခဲ့ဖူးတဲ့သူပင် ထိုသတင်းကြောင့် ၀မ်းနည်းသွားခဲ့ရ၏။

ကုအန် ကောင်းကင်ကို မော့ကြည့်လိုက်ရာ ကောင်းကင်တွင် တိမ်မည်းများဖုံးလွှမ်းနေပြီး မုန်တိုင်းတိုက်ခတ်တော့မလိုပင်။

ဘိုးဘေးကူစုန့် သေဆုံးသည့်သတင်းက အဓိပတိဂိုဏ်းတစ်ခုလုံးကို အံ့ဩတုန်လှုပ်သွားစေခဲ့ပြီး ထိုသတင်းက အမတကျင့်ကြံခြင်း ကမ္ဘာတစ်ခုလုံးသို့ မကြာခင် ပြန့်နှံ့သွားခဲ့သည်။

သုံးရက်ကြာသောအခါ ကုအန်လည်း အတွင်းစည်းမြို့သို့ ဘိုးဘေးကူစုန့်၏ သေဆုံးမှုအတွက် ၀မ်းနည်းပူဆွေးပေးရန်ပွဲသို့ ရောက်ရှိလာခဲ့ပြီး ထိုပွဲတွင် သိန်းချီသောတပည့်များမှာ တိတ်တဆိတ်၀မ်းနည်း ပူဆွေးနေခဲ့ကြသည်။ အကြီးအကဲများက ဘိုးဘေးကူစုန့်၏ ဘ၀သက်တမ်းတစ်လျှောက် အောင်မြင်မှုများကို ပြောဆိုသည့် အခါတွင်မူ တပည့်အသစ်များပင် အလွန်အမင်း ပူဆွေး၀မ်းနည်းမှုကို ခံစားလိုက်ကြရ၏။

ဘိုးဘေးကူစုန့်၏ အောင်မြင်မှုများအကြောင်း ပြောပြီးသောအခါ ဂိုဏ်းက ပထမဆုံးအနေနှင့် မဟာမိစ္ဆာကပ်ဘေး ဆယ်စုနှစ်အနည်းငယ်အတွင်း လာတော့မည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

နောက်ရက်များတွင် ထိုက်ကန်မင်းဆက်ရှိ ဂိုဏ်းတိုင်းက ထိုအကြောင်း ထုတ်ပြန်ခဲ့ကြပြီး အေးချမ်းနေသော ကျင့်ကြံခြင်းလောကသည် တဖန်ပြန်၍ ကပ်ဘေး အငွေ့အသက်ကို ခံစားလိုက်ကြရ၏။

ဆန်းကြယ်နှလုံးသားအဆင့်တစ်ယောက်ပင် သေဆုံးခဲ့ရရာ ထိုကပ်ဘေးသည် တခဏဂိုဏ်း၏ ကပ်ဘေးထက် ကြီးမားမည်မှာ သေချာလှသည်။

ဆောင်းဦးကုန်ကာ ဆောင်းရာသီရောက်ရှိလာခဲ့၏။

နှင်းများက ဆန်းကြယ်တောင်ကြားကို တဖြည်းဖြည်း ဖုံးလွှမ်းသွားခဲ့သည်။

ထို့နေ့တွင် ကုအန် ရင်းနှီးသောပုံရိပ်တစ်ခု ချဉ်းကပ်လာသည်ကို အာရုံခံခဲ့မိသောကြောင့် ဆန်းကြယ်တောင်ကြားရှိ အိမ်ထဲတွင် အစောကြီး၀င်၍ စောင့်နေခဲ့၏။

ညသန်းခေါင်ချိန်တွင် ပုံရိပ်တစ်ခု ကုအန်ပြတင်းပေါက်ရှေ့တွင် ပေါ်ပေါက်လာခဲ့သည်။

ကုအန် ပြတင်းပေါက်ကိုဖွင့်ကာ ရောက်ရှိလာသူကို ၀င်ခွင့်ပြုလိုက်၏။

ဧည့်သည်မှာ အဖြူရောင်၀တ်စုံ၀တ်ပြီး ဝါးခမောက်ဆောင်းထားသော အမျိုးသမီးတစ်ယောက် ဖြစ်သည်။ အခန်းထဲရောက်သည့်နောက် အခန်းထဲတွင် စည်းများ တိတ်တဆိတ်ချနေသော ကုအန်ဘက်လှည့်ကာ ဝါးခမောက်ကို ချွတ်ချလိုက်၏။

“ချစ်တပည့်လေး ဆရာဘွားဘွားကို သတိရနေတာလား”

စည်းများချပြီးသောအခါ ကုအန် သူမဘက်လှည့်ကာ စိတ်၀င်တစားမေးလိုက်လေသည်။

“ဆရာဘွားဘွား ဒီနှစ်တွေထဲ ဘယ်ရောက်နေတာလဲ အဆင်ပြေရဲ့လား”

ကုအန် ကျန်းချောင်ကို သက်တမ်းစစ်ဆေးခြင်းသုံး၍ ကြည့်လိုက်၏။

[ကျန်းချောင် (စိတ်ဝိညဉ်အခြေတည်အဆင့်၆): ၂၄၃:၇၀၀/၅၄၉၀]

ဟမ်!

သက်တမ်းအကန့်အသတ် ၅၄၉၀!

အရင်က ကျန်းချောင်သက်တမ်းအကန့်အသတ်က နှစ်၂၀၀၀ ၀န်းကျင်သာ ရှိမှန်း ကုအန် မှတ်မိနေသေးသည်။

သူမြေအောက်ကမ္ဘာလမ်းကိုးသွယ်မှာ အခွင့်အရေးကြီးတစ်ခု တွေ့ခဲ့တာပဲ!

ကျန်းချောင်ရယ်မောလိုက်ကာ “ငါဆန်းကြယ်တဲ့နေရာတစ်ခုကို သွားခဲ့ပြီး အခွင့်အရေးကြီးတစ်ခုနဲ့ ကြုံခဲ့ရတယ် မင်းဆရာဘွားဘွားကို ဘယ်လိုလူထင်နေလဲ ငါကအဆင်မပြေတာ ဖြစ်နိုင်ပါ့မလား”

ကုအန်ဧ။် စိတ်ပူနေသော အမူအရာကိုကြည့်ပြီး ကျန်းချောင်ရင်ထဲ နွေးသွားခဲ့ရသည်။

ဤကမ္ဘာပေါ်တွင် သူမကို ဂရုစိုက်သော လူများ ရှိနေခဲ့သေး၏။

ကုအန် ကျန်းချောင်အတွက် လက်ဖက်ရည်သွားလုပ်ပေးနေရင်း ကျန်းချောင်းကို ထိုင်ခိုင်းလိုက်လေသည်။

“တပည့်လေး နင်ရောဒီနှစ်တွေမှာ အဆင်ပြေရဲ့လား”

ကျန်းချောင် အခန်းထဲရှိ ပရိဘောဂပစ္စည်းများကိုကြည့်ရှုနေရင်း မေးလိုက်၏။

ကုအန် လက်ဖက်ရည်တည်နေရင်း ပြန်ဖြေလိုက်သည်။

“ပုံမှန်အတိုင်း အပင်စိုက်လိုက် စာဖတ်လိုက်ပါပဲ အို့ ရွှေစာရင်းညီလာခံတုန်းကတော့ စီနီယာတစ်ယောက်ပေးခဲ့တဲ့ မှော်လက်နက်ကိုအသုံးပြုပြီး ထိပ်ဆုံး ငါးဆယ်ထဲ၀င်အောင် လုပ်နိုင်ခဲ့တယ်”

ရွှေစာရင်းညီလာခံအကြောင်း ပြောချိန်တွင် သူတမင်လုပ်၍ ဂုဏ်ယူနေဟန်ဖြင့် ပြောလိုက်၏။

အရင်ကဆိုရင်တော့ ကျန်းချောင် အံ့ဩသွားဦးမည်ဖြစ်သော်လည်း မြေအောက်ကမ္ဘာလမ်းကိုးသွယ်နှင့် တခဏဂိုဏ်း၏ကျူးကျော်မှုကဲ့သို့သော ကပ်ဘေးများကို ကြုံတွေ့ပြီးသောအခါ သူ့အမြင်သည် ပြောင်းလဲသွားခဲ့ပြီး တော်ရုံလောက်နဲ့ မအံ့ဩတတ်တော့ပေ။

ကုအန် ဂုဏ်ယူနေဟန်ဖြင့် ကြွားနေသည်ကိုကြည့်ပြီး ကျန်းချောင် ရယ်ချင်နေခဲ့ပြီး

စိတ်လည်းအေးသွားခဲ့ရ၏။

ထိုကောင်လေး ပျော်ရွှင်နေသည်ကို မြင်နေရခြင်းက သူ့ကိုလည်း ပျော်ရွှင်စေခဲ့သည်။

ကုအန် လက်ဖက်ရည်တည်ပြီးသောအခါ စားပွဲတွင် ၀င်ထိုင်လိုက်ပြီး ကျန်းချောင်ကို လက်ဖက်ရည်ငှဲ့ပေးနေရင်း မေးလိုက်၏။

“ဆရာဘွားဘွားရော ဘာတွေဖြစ်ခဲ့တာလဲ ကျွန်တော့်ကို အတွေ့အကြုံတွေ ဝေမျှပေးလို့ ရမလား”

ကျန်းချောင်ပြုံးလိုက်ကာ

“ငါစွမ်းအားကြီးတဲ့ လူအချို့ကို စော်ကားခဲ့မိပြီးတော့ သဘာ၀ဂူ ၈လုံးထဲမှာ ခဏတော့ ပုန်းနေရဦးမယ် နင်သိချင်တာ သေချာလား”

ထိုစကားကိုကြားသောအခါ ကုအန်ချက်ချင်း ခေါင်းခါလိုက်ကာ ပြေုာလိုက်၏။

“အဲ့တာဆိုရင်တော့ အဲ့ဒီအကြောင်း မပြောတာကောင်းပါတယ် ပုန်းအောင်းနေဖို့အတွက်တော့ ဆရာဘွားဘွား စိတ်ချလက်ချပုန်းနေပါ ကျွန်တော်ဆရာဘွားဘွားကို သစ္စာမဖောက်ပါဘူး”

ကျန်းချောင်သည် အတိတ်တုန်းက သူ့ကိုသင်ကြားပေးခဲ့ပြီး သဘာ၀ဂူ၈လုံးမှာလည်း ကျန်းချောင်ပိုင်သည့်နေရာ ဖြစ်လေရာ ကျန်းချောင်ကို ထိုဂူထဲ ပုန်းအောင်းခိုင်းခြင်းမှာ ဖြစ်သင့်သောအရာဖြစ်မှန်း မေးခွန်းထုတ်စရာပင် မလိုပေ။

ပို၍ အရေးကြီးသည်မှာ ကျန်းချောင်နောက်ကို လိုက်နေသည်မှာ မည်သူတွေမှန်း ကုအန်သိထား၍ ဖြစ်သည်။

ရှေးဟောင်းကောင်းကင်ဂိုဏ်းသို့မသွားခင်အချိန်က ကုအန် ကျန်းချောင်ဘယ်ရောက်နေလဲဆိုတာ နတ်အာရုံသုံး၍ ထောက်လှမ်းခဲ့ပြီး ဖြစ်၏။ သူ တခဏဂိုဏ်းချုပ်တံဆိပ်ပြားကို ယူခဲ့ခြင်းမှာလည်း ကျန်းချောင်ကို ပေးလိုသော ရည်ရွယ်ချက်ဖြင့် ဖြစ်သည်။

ကျန်းချောင်မှာ တကယ်ကြီး ကြီးမားတဲ့ရည်မှန်းချက်တွေ ရှ်ိနေတာပဲ!

ကျန်းချောင်နောက်သို့ လိုက်နေသူများမှာ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် နှစ်ယောက်ဖြစ်ပြီး ကျန်းချောင်နောက်ကိုလိုက်နေရင်း သဲလွန်စပြတ်သွားကာ မဟာယုမင်းဆက် အနီးတွင် လှည့်ပတ် ရှာဖွေနေခဲ့ကြ၏။

ကုအန်စကားကြောင့် ကျန်းချောင်ပြုံးလိုက်မိပြီး သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်လိုက်ကာ “ဒီပုလင်းထဲမှာရှိတဲ့ စိတ်ဝိညဉ်အရည်က အရမ်းအကျိုးရှိတယ် နင့်ချီသွေးတွေကို မနှောင့်ယှက်မိစေဖို့ တစ်လကို တစ်ခါပဲသောက် ဒီ‌စိတ်ဝိညဉ်ဆေးရည်က နင့်မွေးရာပါပါရမီကို တိုးမြှင့်ပေးနိုင်တယ်”

“ကျွန်တော်ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ ဆရာဘွားဘွားကိုယ့်ဟာကိုယ် သိမ်းထားသင့်တယ်”

“ငါလည်းအများကြီး သုံးပြီးပြီ အဲ့တာကြောင့်အခုအဲ့ဒီဆေးက ငါ့အတွက် အသုံးမ၀င်တော့ဘူး သိမ်းထားလိုက် ငြင်းမနေနဲ့”

ကျန်းချောင်ခပ်တည်တည်ပြောနေလေရာ ကုအန်လည်း လက်ခံလိုက်ဖို့မှ လွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

တစ်နာရီခန့်ကြာသောအခါ သူတို့သဘာ၀ဂူ ၈လုံးထဲသို့ ရောက်သွားခဲ့ကြ၏။

နွယ်စိမ်းပင်တွင် စိတ်ဝိညဉ်တစ်ခု ဖွံ့ဖြိုးလာမှန်း ကုအန် ကျန်းချောင်ကို ပြောထားပြီး ဖြစ်သည်။ ကျန်းချောင်မှာတော့ ထိုကိစ္စကြောင့် အံ့ဩသွားခြင်းမရှိဘဲ ရွက်ဝါတစ်ထောင်မျှော်စင်ပိုင်သော နွယ်စိမ်းပင်တွင်လည်း စိတ်ဝိညဉ်ရှိကြောင်း ပြောပြခဲ့၏။

ကျန်းချောင်မရောက်ခင်ကတည်းက ကုအန် အိမ်ထဲမှ တစ်ဆင့် နွယ်စိမ်းပင်ကို ပြောသင့် မပြောသင့်သည့် အကြောင်းအရာများကိုလည်း ကြိုတင်သတိ‌ပေးထားပြီးသား ဖြစ်သည်။

သဘာ၀ဂူ၈လုံးသို့ ပြန်ရောက်သောအခါ ဂူထဲရှိ စိတ်ဝိညဉ်စွမ်းအင်မှာ အရင်ထက် ပိုကြွယ်၀နေသောကြောင့် ကျန်းချောင်စိတ်ကျေနပ်သွားကာ ကုအန်ကိုလည်း အတော်လေး ကျေးဇူးတင်မိသွားခဲ့၏။

“တပည့်လေး ရွက်ဝါတစ်ထောင်မျှော်စင်က ပျက်ဆီးသွားပြီဆိုတော့ ငါ့ဆွေမျိုးတွေလည်း သေဆုံးသွားကြပြီ အခုကစပြီး ငါ့မှာမှီခိုစရာဆိုလို့ မင်းပဲရှိတော့တာ မင်းစိတ်မရှိဘူးမလား” ကျန်းချောင် ကုအန်ပုခုံးပေါ် လက်တင်ကာ ပြုံး၍ ပြောလိုက်သည်။

ကုအန်ဘေးသို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး ပြောလိုက်၏။

“ကျွန်တော်က ဘယ်လိုလုပ် ဆရာဘွားဘွားကို စိတ်ပျက်နိုင်မှာလဲ ကျွန်တော်ဆရာဘွားဘွားဆီက ၀င်္ကပါပညာသင်ချင်နေတုန်းပါပဲ”

ထို့နောက်တွင်တော့ ကုအန် နွယ်စိမ်းပင်အောက်သို့သွားကာ ကျိမိသားစုနတ်သိုင်းပေါင်းချုပ်ကို တူးကာ ပြန်ပေးလိုက်လေသည်။

ထိုစာအုပ်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျန်းချောင် ကျိမိသားစု ဂုဏ်ပြုပွဲမှ ခိုးယူလာသော စာအုပ်ဖြစ်ပြီး စာအုပ်ထဲတွင် ကောင်းကင်နှင့် မြေပြင်မူလလမ်းစဉ်နတ်သိုင်း ပါ၏။

လက်ထဲတွင် နတ်သိုင်းပေါင်းချုပ်စာအုပ်ကို ကိုင်ထားရင်း ကျန်းချောင်မျက်လုံးထဲတွင် ခံစားချက်များဖြင့် ရှုပ်ထွေးလာခဲ့ပြီး အကြောင်းပြချက်အချို့ကြောင့် သူမခံစားချက်များ ရှုပ်ထွေးလာခဲ့ရသည်။

သူမအမူအရာကိုကြည့်ကာ ကုအန် သူ့ကံဆိုးမှုကို ကြိတ်၍ ကျိန်ဆဲလိုက်မိသည်။

သူခံစားသွားရတာ မဟုတ်ဘူးမလား!

ကုအန် အမြန်ပင် သူမကိုခွင့်တောင်းကာ ဂူထဲမှ ထွက်ခွာသွားလေတော့သည်။

ကျန်းချောင် ထွက်ခွာသွားသော ကုအန် ပုံရိပ်ကို ကြည့်နေရင်း ပြောလိုက်၏။

“ဒီကောင်လေးက တကယ့်ကို အရူးလေးပဲ လေ့လာဖို့ကို လုံး၀ စိတ်မ၀င်စားဘူး”

စာအုပ်ထဲမှ စည်းများ နေရာမယွင်းဘဲ မပျက်မဆီးရှိနေသည်ကို သတိထားမိပြီး သူမ ကုအန်ထိုသိုင်းစာအုပ်ကို လုံး၀ ဖွင့်မကြည့်ခဲ့ဘူးဟု ထင်နေခဲ့ခြင်း ဖြစ်သည်။

အဲ့လောက်တုံးအနေတာ ဒီကောင်လေး တစ်ကွေ့မဟုတ်တစ်ကွေ့တော့ အန္တရာယ်နဲ့ ကြုံရတော့မှာပဲ!

ငါသူ့ကို သင်ခန်းစာတစ်ခုလောက်တော့ ပေးရမယ်!

….

ကျန်းချောင် ပြန်ရောက်လာခြင်းက ကုအန်၏ နေ့စဉ်ဘ၀ကို မထိခိုက်စေခဲ့ပေ။ သူ ၇ ရက်တစ်ခါ သဘာ၀ဂူ၈လုံးသို့သွားကာ ဆေးပင်များ ပြင်ဆင်ပေးလေ့ရှိပြီး ဂူထဲရှိ ဆေးပင်များကိုတော့ သူပဲ ခူးမည်ဟု ပြောထားခဲ့သည်။

ကျန်းချောင်မှာလည်း ကုအန်ဝါသနာကို သိနေသောကြောင့် မငြင်းခဲ့ပေ။

ဘိုးဘေးကူစုန့်၏ သေဆုံးမှုကြောင့် ဒီနှစ်ဆောင်းတွင် အဓိပတိဂိုဏ်းထဲရှိ လေထုမှာ အရင်ထက်ပို၍ အေးစက်နေခဲ့၏။

နှစ်ကုန်ချိန်တွင် အဓိကအဖြစ်အပျက်ကြီးတစ်ခုလည်း ဖြစ်ပွားသွားခဲ့သည်။ ဟန်လုမင်းဆက်မှာ ထိုက်ကန်မင်းဆက်ကို အရှုံးပေးသွားခဲ့ပြီး ထိုက်ကန်မင်းဆက်က ဟန်လုမင်းဆက်ကိုသိမ်းပိုက်ကာ နှစ်ပေါင်း ၁ထောင်ကြာတည်မြဲလာခဲ့သော မင်းဆက်ကိုးခုကြားနယ်မြေတည်ဆောက်မှုကို ချိုးဖျက်ပစ်ခဲ့သည်။

လီရွှမ်တောက်၏ ဂုဏ်သတင်းမှာလည်း ချက်ချင်း ထောင်တက်သွားပြခဲ့ပြီး အဓိပတိဂိုဏ်း အပြင်စည်းဂိုဏ်းတွင်ပင် သူ့အကြောင်း ပြောဆိုနေခဲ့ကြသည်။

အကယ်၍သူသာမင်းဆက်ကိုးခုလုံးကို စုစည်းနိုင်ခဲ့ပါက သူ့နာမည်သည် ကုန်းမြေတစ်ခွင်တွင် သမိုင်းတွင်၍ ကျန်ရစ်ခဲ့ပေလိမ့်မည်။

လီရွှမ်တောက်သည် ဝူကျန်း မင်းဆက်သို့ပင် စစ်သားများ ပို့နေပြီဖြစ်မှန်း ကုအန် အပြင်စည်းဂိူဏ်းတွင် ကြားခဲ့ရသေးသည်။ ဤအကြိမ်တွင်တော့ သာမန်လူများဆီမှလည်း ဘာငြင်းဆန်မှုကိုမှ မကြားရတော့ဘဲ လီရွှမ်တောက်ကိုတောင် ဝိုင်း၀န်း ချီးကျူးထောက်ခံပေးနေခဲ့ကြ၏။

ပြောကြသည်မှာ ထျန်းဝေမင်းဆက်သည်လည်း စစ်ပွဲဆင်နွှဲနေခဲ့ပြီး ထိုမင်းဆက်ဧကရာဇ်၏ ဆန္ဒမှာလည်း လီရွှမ်တောက်အောက် မလျော့ဘူးဟု ဆိုကြသည်။

ထျန်းဝေမင်းဆက်မှ ဘိုးဘေး ရှင်းယန် သေဆုံးသွားသည့် သတင်းမှာ ပြန့်နှံ့မသွားသေးဘဲ မင်းသားစီကျုံး၏ သေဆုံးမှုကိုလည်း ထျန်းဝေမင်းဆက်က ထိုက်ကန်မင်းဆက်အပေါ် ဘာမေးခွန်းမှ မထုတ်ခဲ့ပေ။ သူတို့သည် ထိုအရှုံးကို မြိုသိပ်ထားလိုက်ပြီ ဖြစ်မှန်း သိသာလှသည်။

နှစ်သစ်ကူးချိန်တွင် ရီလန်နှင့်ကျန်းချင်တို့ ကုအန်နှင့် နွေဦးပွဲတောင်ကျင်းပရန် ရောက်ရှိလာခဲ့၏။

ကုအန် ကျန်းချောင်ပေးခဲ့သော စိတ်ဝိညဉ်အရည်ကို သုံးပိုင်းခွဲကာ ရီလန် ကျန်းချင်နှင့် ရှောင်ချွမ်တို့ကို ပေးခဲ့ပြီး ထိုကိစ္စကို ဘယ်သူ့ကိုမှ မပြောဖို့ မှာထားခဲ့လိုက်သည်။

နွေဦးပွဲတော်ပြီးသောအခါ အဓိပဓိဂိုဏ်းသည် မိစ္ဆာနယ်မြေထဲတွင် ထောက်လှမ်းရန် တပည့်များ ခေါ်ယူနေခဲ့၏။

တားဆီ၍မရသော ကပ်ဘေးကြီးတစ်ခုကို ရင်ဆိုင်နေရသောကြောင့် အဓိပတိဂိုဏ်းသည် ထိုင်ကြည့်မနေနိုင်ခဲ့ဘဲ တပည့်များကို မက်လုံးများပေး၍ မိစ္ဆာနယ်မြေတွင် ကင်းထောက်၍ သတင်းများရယူရန် ကြိုးပမ်းနေခဲ့သည်။

မက်လုံးများကြောင့် သက်တမ်းအကန့်အသတ်နီးကပ်လာသော တပည့်များနှင့် ကျင့်ကြံခြင်းတွင် အခက်အခဲတွေ့နေရသော တပည့်များက ထိုတာ၀န်ကို လက်ခံရယူနေကြ၏။ ကုအန် ကျန်းချောင်နှင့်ရီလန့်ကို ထိုတာ၀န်မယူရန်ပြောခဲ့ပြီးကံကောင်းစွာဖြင့် သူတို့နှစ်ယောက်လုံးက သူ့စကားကို နားထောင်ခဲ့သည်။

ဤသို့ဖြင့် နောက်နှစ်များတွင် မိစ္ဆာနယ်မြေမှ သတင်းများ အဓိပတိဂိုဏ်းဆီသို့ ရောက်ရှိလာခဲ့ကြ၏။

မင်းဆက်ကိုးခုတွင် ပြန့်ကျဲ‌ေန‌ေသာ မိစ္ဆာအရေအတွက်သည် တဖြညး်ဖြည်းတိုးပွားလာခဲ့ပြီး ထိုအရာသည် မဟာမိစ္ဆာကပ်ဘေးကို ရည်ရွယ်နေမှန်း သိသာလှပေသည်။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြန်သည်။

နှနှစ်ကုန်လွန်သွားခဲ့ပြီး ဆောင်းဦးကုန်ချိန်ရောက်ရှိလာခဲ့ပြန်၏။

ညဉ့်အချိန်တွင် တောအုပ်တစ်ခုထဲ၌ တိရှီ လမ်းလျှောက် နေခဲ့သည်။

တောအုပ်ထဲမှ ကျီးကန်းတစ်အုပ်ပျံထွက်လာချိန်တွင် သူရပ်တန့်လိုက်၏။ ထို့နောက် ကျီးကန်းများသည် အနက်ရောင်ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေသည်။

“ဧကရာဇ်က မင်းကိုရှာနေတယ် မင်းပြန်မသွားသေးဘူးလား” ဆန်းကြယ်သောပုံရိပ်က ပြောလိုက်ဧ။။်

တိရှီ ထေ့ငေါ့လိုက်သည်။ “ဘာအတွက်ပြန်သွားရမှာလဲ ဒါက ငါတို့တောင်ဘက်ကို ထပ်မသွားခင် အချိန်အပိုင်းအခြားတစ်ခုပဲ မဟုတ်လား”

သူ့လေသံတွင် လှောင်ပြောင်သံများဖြင့် ပြည့်နှက်နေခဲ့၏။

“မင်းဘာလို့ ဧကရာဇ်ရဲ့ အစီအစဉ်ကို ဖီဆန်ချင်နေရတာလဲ” ဆန်းကြယ်သောပုံရိပ် ခပ်တင်းတင်းပြောလိုက်သည်။

တိရှီ လှောင်ပြောင်လိုက်၏။ “ဒီကမ္ဘာကြီးက လုံလောက်အောင်မကျယ်လို့လား မိစ္ဆာနယ်မြေမှာတောင် သူမထိန်းချုပ်နိုင်တဲ့ တောင်ထွတ်တွေ အများကြီးရှိသေးတယ် အဲ့တာကို ဘာလို့လူသားမျိုးနွယ်ကို သုတ်သင်မှဖြစ်မှာလဲ”

ဆန်းကြယ်သော ပုံရိပ်ထေ့ငေါ့လိုက်သည်။

“မိစ္ဆာကလန်နဲ့ လူသားမျိုးနွယ်တွေက ယှဉ်တွဲနေထိုင်လို့မရဘူး လူသားမျိုးနွယ်တစ်ခုလုံးကို သုတ်သင်ပစ်မှသာ ငါတို့လုံခြုံရေးကို အာမခံနိုင်လိမ့်မယ်”

“ဒါပေမယ့် ပင်လယ်တစ်ဖက်ကမ်းမှာလည်း လူသားတွေရှိနေသေးတာပဲ လူသားတွေအကုန်လုံးကို သုတ်သင်ပစ်ဖို့ အချိန်ဘယ်လောက်‌ေတာင်ယူရမှာလဲ ငါကတော့ သူက မိစ္ဆာသခင် ရဲ့ပြုစားတာကို ခံနေရတာလို့ပဲ ထင်တယ်”

“မဟာမိစ္ဆာသခင် ကိုမကောင်းမပြောနဲ့!”

“ငါဂရုမစိုက်ဘူး ပြန်မှာလည်းမဟုတ်ဘူး ငါအဓိပတိဂိုဏ်းမှာ ကျင့်ကြံချင်တယ် မင်းလည်းငါ့ကို ထပ်လာမရှာနဲ့တော့ ဆရာသခင်ဓားအရှင်နဲ့ တိုးလို့ မင်းသေသွားရင် ငါတောင်၀င်ပါလိုက်နိုင်မှာမဟုတ်ဘူး”

ပြောပြီးသည်နှင့် တိရှီ အင်္ကျီလက်အိုးကို တစ်ချက်ယမ်းကာ ထွက်ခွာသွားခဲ့လေသည်။

ဆန်းကြယ်သောပုံရိပ် အေးစက်စက်ပြောလိုက်၏။

“ဆရာသခင်ဓားအရှင်တဲ့လား ဘိုးဘေးကူစုန့်တောင် ငါ့လက်ထဲမှာ သေသွားရတာ ဆရာသခင်ဓားအရှင်ရောက်လာရင်လည်း ကူစုန့်လို ကံကြမ္မာမျိုးပဲ ကြုံသွားစေရမယ်!”

တိရှီ လှည့်မကြည့်ခဲ့ဘဲ အမှောင်ထဲသို့ တိုး၀င်ပျောက်ကွယ်သွားခဲ့လေသည်။

ဆန်းကြယ်သောပုံရိပ်လည်း တစ်ချက်ထေ့ငေါ့လိုက်ကာ ကျီးကန်းများအဖြစ် ပြောင်းလဲသွားပြီး တောအုပ်ထဲမှ ထွက်ခွာသွားကာ မြောက်အရပ်သို့ ပျံသန်းသွားခဲ့၏။

အနက်ရောင်ကျီးကန်းအုပ်ကြီးသည် အလျင်အမြန်ပင် ထိုက်ကန်မင်းဆက်မှ ထွက်ခွာသွားခဲ့လေသည်။

တစ်နာရီခန့်ကြာသောအခါ ကျီးကျန်းအုပ်ကြီးသည် တောအုပ်ကို ဖြတ်ပျံလာပြီး ထိုက်ချန်မင်းဆက်ရှိ တောအုပ်တစ်ခုဆီ ရောက်ရှိလာခဲ့၏။

ကျီးကန်းအုပ်သည် မြစ်တစ်စင်းအနီးသို့ ဆင်းသက်လာခဲ့ကြပြီး အနက်ရောင်ပုံရိပ်အဖြစ် တစ်ဖန်ပြောင်းလဲသွားခဲ့သည်။ ဤတစ်ကြိမ်တွင် အနက်ရောင်ပုံရိပ်သည် သူ့မူလပုံစံကိုပင် ပြသထားခဲ့ပြီး သူ့အသွင်အပြင်မှာ ကျီးကန်းခေါင်း လူကိုယ်နှင့် ကိုယ်ပေါ်တွင် အနက်ရောင်အမွှေးအတောင်များရှိနေကာ သူ့ကျောတွင် ခေါက်ထားသော တောင်ပံတစ်စုံ ရှိနေခဲ့၏။ သူဒူးတုပ်ထိုင်လိုက်ကာ မြစ်ရေထဲသို့ လက်နှစ်လိုက်လေသည်။

ညဉ့်လေအေးများက တိုက်ခတ်နေခဲ့ပြီး မြစ်ရေမျက်နှာပြင်မှာ တလက်လက် ထနေခဲ့သည်။

ဖတ်!

လက်တစ်ဖက် သူ့ပုခုံး‌ေပါ် ရုတ်တရက်ကျရောက်လာသောကြောင့် သူ့မျက်နှာ တောင့်တင်းသွားခဲ့၏။

All Chapters