← Chapters

အခန်း (၁၆၁-၁၆၂)

Vol. 13 Ch. 161-162

အခန်း (၁၆၁-၁၆၂)

Vol. 13 Ch. 161-162

အပိုင်း(၁၆၁)

မိစ္ဆာကလန်၏အဟုန်

ဘိုးဘေးကူစုန့်သေဆုံးပြီး မိစ္ဆာကပ်ဘေးသည် နီးသထက် နီးလာသောကြောင့် မင်းဆက်ကိုးခုသို့ မိစ္ဆာမျိုးနွယ်များ ခိုး၀င်မလာစေရန် ကုအန် ညတိုင်း နတ်အာရုံသုံး၍ မင်းဆက်ကိုးခုကို စစ်ဆေးလေ့ရှိပေသည်။

ထိုညက သူစစ်ဆေးနေရင်း တိရှီ အဓိပတိဂိုဏ်းမှ ထွက်ခွာသွားသည်ကို တွေ့ရှိခဲ့ပြီး နတ်အာရုံသုံး၍ ဆက်လိုက်ကြည့်သောအခါ တိရှီသည် မိစ္ဆာတစ်ကောင်နှင့် တွေ့ဆုံနေသည်ကို တွေ့ခဲ့ရ၏။

ထိုမိစ္ဆာသည် ဘိုးဘေးကူစုန့်ကို သတ်ခဲ့သူမှန်း သိသွားသောအခါ ကုအန် ချက်ချင်း ထိုကောင့်ကို သတ်ပစ်ချင်စိတ် ပေါ်သွားခဲ့ရသည်။

သူ ဘိုးဘေးကူစုန့်အတွက် ကလဲ့စားချေပေးရပေလိမ့်မည်။

နောက်ဆုံးတွင် ဘိုးဘေးကူစုန့်နှင့်သူမှာ အသက်ကွာခြားသော်လည်း မိတ်ဆွေကောင်းများ ဖြစ်ကြခဲ့ကြသည်။

သို့သော် ကုအန် ချက်ချင်းမလှုပ်ရှားဘဲ ထိုမိစ္ဆာ ထိုက်ကန်မင်းဆက်မှ ထွက်သွားချိန်ကို စိတ်ရှည်ရှည်စောင့်နေခဲ့၏။

ထိုအချိန်တွင် ကျီးနက်မိစ္ဆာတမန် တခဏအနားယူရန် မြစ်အနီးသို့ဆင်းသက်၍ သူ့မိစ္ဆာချီကို မြစ်ထဲသို့ထည့်၍ ထိုနယ်မြေကို အမှတ်အသားပြုလုပ်ရန် လုပ်ခဲ့သည်။

သူ့မိစ္ဆာချီက ရေထဲတွင် အမှတ်အသားပြုလုပ်၍ မပြီးခင်တွင် လက်တစ်ဖက် သူ့ပုခုံးပေါ်သို့ ကျလာခဲ့ခြင်း ဖြစ်၏။

သူထိုကဲ့သို့ အတွေ့အကြုံမျိုးကို တစ်ခါမှ မခံစားခဲ့ရဖူးပေ။ မိစ္ဆာနယ်မြေတွင်ပင် ဘယ်မိစ္ဆာမှ သူ့အနားသို့ သူမသိလိုက်ဘဲ ကပ်မလာနိုင်ပေ။

သူမသိစိတ်က ချက်ချင်း တုန့်ပြန်ဖို့ ကြိုးစားခဲ့သော်လည်း စိတ်ကူး၍မရနိုင်အောင်အားကောင်းသာ ဖိအားတစ်ခု သူ့ကိုယ်ပေါ်ကျရောက်လာခဲ့ပြီး သူ့ကိုမလှုပ်နိုင်အောင် ချုပ်သွားခဲ့သည်။

အလွန်ထိတ်လန့်ကြောက်ရွံ့သွားသော အကြည့်တစ်ချက် ကြည့်မျက်လုံးထဲပေါ်လာပြီး မျက်လုံးစောင်း၍ ကြည့်လိုက်သောအခါ သူ့နောက်ရှိအရာမှာ ဆန်းကြယ်သော မိစ္ဆာပုံရိပ်တစ်ခု ဖြစ်နေသည်ကိုသာ တွေ့ခဲ့ရ၏။

ကုအန်အစက ထိုကောင့်ကို မှတ်လောက်သားလောက်အောင် ဆုံးမပစ်မည်ဟု စဉ်းစားထားသော်လည်း ထိုကောင်သည် အလွန်ကြောက်ရွံ့နေသည်ကို တွေ့လိုက်ရသောကြောင့် စိတ်၀င်စားစရာမကောင်းတော့ဘူးဟု ခံစားလိုက်ရပြီး သူ့ဝိညဉ်ထဲကိုသာ နတ်အာရုံသုံး၍ ရှာဖွေလိုက်လေသည်။

ဝိညဉ်ချုပ်သိုင်း!

ညသည် တိတ်ဆိတ်နေပြီး မြစ်ရေများ စီးဆင်းနေသံ သဲ့သဲ့ကိုသာ ကြားနေခဲ့ရ၏။

လကွယ်ကာ နေပြန်ထွက်လာခဲ့ပြီး အရှေ့အရပ်မှ ထွက်ပေါ်လာသော အလင်းရောင်သည် ကုအန်နှင့် ကျီးနက်မိစ္ဆာစီ ကျရောက်လာခဲ့သည်။

နေရောင်အောက်တွင် ကုအန်သည် အစွန်းကိုးပါးယင်ယန်ခန္ဓာကို အသုံးပြုထားသောကြောင့် သူ့အသွင်အပြင်မှာ ဆန်းကြယ်နေခဲ့ပြီး ကျီးနက်မိစ္ဆာမှာတော့ ကုအန်ရှေ့တွင် ဒူးထောက်ကျနေပြီး သူ့မျက်လုံးများမှာ ပွင့်မနေနိုင်တော့ပေ။

တစ်နာရီခန့်ကြာသောအခါ ကုအန် သူ့နတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်ပြီး ကျီးနက်မိစ္ဆာဆီမှ သိုလှောင်အိတ်နှင့် သိုလှောင်လက်စွပ်ကိုယူကာ ထိုက်ချင်မီးတောက်ကိုသုံးပြီး သူ့အ‌ေလာင်းကို ပြာချပစ်လိုက်၏။

အသက်ရှူကြိမ်အနည်းငယ်အတွင်း ကျီးနက်မိစ္ဆာ၏ အလောင်းပြာကျသွားခဲ့ပြီး မိစ္ဆာအမြုတေနှင့် ဆန်းကြယ်နှလုံးသားသာ ကျန်ရစ်ခဲ့သည်။ ကုအန် ထိုအရာနှစ်ခုကို ယူကာ သိုလှောင်အိတ်ထဲ ထည့်လိုက်ပြီး ထိုနေရာမှ ပျောက်ကွယ်သွားခဲ့၏။

[သင်သည် ကျီးနက်မိစ္ဆာတမန်(ဆန်းကြယ်နှလုံးသားအဆင့်၈)ကို သတ်ဖြတ်ခဲ့ပြီး သက်တမ်း ၃၈၀ နှစ် ရရှိခဲ့ပါသည်]

……

မွန်းတည့်ချိန် တတိယတောင်ကြားတွင်

ကုအန် တည်နေရာကူးပြောင်းခြင်းအစီအရင်ထဲမှ ထွက်ပေါ်လာခဲ့ပြီး ဆေးဥယျာဉ်ရှိရာသို့ သွားခဲ့ရာတွင် လမ်းတစ်လျှောက်လုံးရှိ တပည့်များ သူ့ကို အရိုအသေပေးနေခဲ့ကြသည်။

ယခုအခါ တတိယတောင်ကြားရှိ တပည့်အရေအတွက်မှာ တိုးပွားလာပြီဖြစ်ပြီး ၄၀၀ သို့ပင် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

ကုအန်သည် ရတနာများ သဘာ၀အရင်းအမြစ်များကို စိတ်မ၀င်စားဘဲ အပင်စိုက်ခြင်းသက်သက်ကိုသာ စိတ်၀င်စားသူဖြစ်သောကြောင့် ယခုအခါ သူ့ဆေးဉယျာဉ်သည် အတော်လေးကြီးမားနေပြီဖြစ်ကာ ဂိုဏ်းရှိ အထွက်နှုန်းအကောင်းဆုံး ဆေးဉယျာဉ်သုံးခုထဲ၌ပင် ပါနေပြီ ဖြစ်သည်။

ထို့အတွက်ကြောင့် ဂိုဏ်းကလည်း သူ့လုပ်ဆောင်မှုများကို ကျေနပ်သွားခဲ့ပြီး တပည့်များ ပိုပေးခဲ့ခြင်း ဖြစ်၏။

ဆေးဉယျာဉ်သို့သွားနေရင်း လမ်းတွင် အန်းရှင်းကို တွေ့သောကြောင့် ကုအန် လက်ယပ်၍ ခေါ်လိုက်သည်။

အန်းရှင်းလည်း သူ့ကိုတွေ့သွားကာ အမြန်လာပြီး ဂါရ၀ပြုလိုက်၏။

တတိယတောင်ကြားတွင် နှစ်ပေါင်းများစွာ နေကာ ကုအန်၏ ဆေးအထောက်အပံ့များကြောင့် ယခုအခါ အန်းရှင်းသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း သူကုအန်ကို ကျေးဇူးတင်နေမိ၏။

ဟိုအရင်နေ့များဆီက အန်းရှင်းနှင့် အန်းဟောင်တို့သည် ကုအန်၏ လမ်းညွှန်မှုအောက်တွင် ကျင့်ကြံခြင်းလမ်းစဉ်သို့ ၀င်ရောက်ခဲ့ကြသူများ ဖြစ်ပြီး ယခုအခါ အန်းဟောင်သည် စိတ်ဝိညဉ်အခြေတည်အဆင့် ၃ သို့ရောက်ရှိနေချိန်တွင် အန်းရှင်းမှာတော့ အခြေခံတည်ဆောက်ခြင်း အဆင့် ၁ သာ ရှိသေးသည်။ ကုအန် ကံကြမ္မာ၏ မျက်နှာလိုက်မှုကြောင့် သက်ပြင်းချရုံသာ တတ်နိုင်ခဲ့၏။

“ငါနဲ့လမ်းလျှောက်လိုက်ခဲ့” ကုအန် ပြောလိုက်သည်။

အန်းရှင်းလည်း လုပ်စရာမရှိသောကြောင့် ကုအန်နှင့် လိုက်ခဲ့လိုက်၏။

ဆေးပင်များ ရိတ်သိမ်းနေစဉ်တွင် ကုအန် အဆင့်မြင့်ဆေးပင်များကို မည်သို့ စိုက်ပျိုးရပုံကို အန်းရှင်းကို ရှင်းပြနေခဲ့ပြီး အန်းရှင်းလည်း ဂရုတစိုက် နားထောင်နေခဲ့သည်။

ဆေးပင်စိုက်ပျိုးခြင်းကိုလည်း အန်းရှင်းပို၍ စိတ်၀င်စားလာခဲ့၏။

နာရီ၀က်ခန့်ကြာသောအခါ ကုအန် ကျင့်စဉ်စာအုပ်တစ်အုပ်ထုတ်ကာ အန်းရှင်းကို ပေးလိုက်လေသည်။

“ဒီကျင့်စဉ်က နင့်ပါရမီကို တိုးမြှင့်ပေးကောင်း ပေးနိုင်လိမ့်မယ် ဒါကိုဘယ်သူမှ မသိစေနဲ့” ကုအန် သတိထားနေသည့် အသံဖြင့် ဂရုတစိုက်ပြောလိုက်၏

အန်းရှင်း စာအုပ်ကို ယူလိုက်ကာ ချက်ချင်းပြုံးပြလိုက်ပြီး ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဆရာ”

နှစ်ပေါင်းများစွာ အတူရှိလာပြီးသည့်နောက် သူမ ကုအန်ကို လုံး၀ ယုံကြည်နေပြီ ဖြစ်၏။ အခြားတပည့်များနည်းတူ ဆရာဟု လိုက်ခေါ်သော်လည်း သူမရင်ထဲတွင် ကုအန်ကို ဆရာလို့ခေါ်လိုက်တိုင်း ‌‌ကုအန်ကို သူမတကယ့်ဆရာဟု ထင်မှတ်သွားတတ်ပြီး ဆန်းကြယ်သော သူမတကယ့်ဆရာနှင့် ယှဉ်လျှင် ဒုတိယနေရာ၌ ရှိပေသည်။

ကုအန် သူမဆံပင်ကို သပ်ပေးလိုက်ပြီး အလုပ်ပြန်သွားလုပ်ဖို့ ပြောလိုက်၏။

အန်းရှင်းလည်း ဦးညွှတ်အရိုအသေပေးလိုက်ကာ ထွက်ခွာသွားလေတော့သည်။

ထွက်ခွာသွားသော သူမပုံရိပ်ကိုကြည့်ပြီး ကုအန် မျက်နှာတွင် အပြုံးတစ်စပေါ်ပေါက်လာခဲ့၏။

ကုအန် မူလပြန်လည်မွေးဖွားခြင်းကျင့်စဉ်က သူမပါရမီကို တိုးမြှင့်ပေးနိုင်ဖို့ မျှော်လင့်နေပြီး အကယ်၍ မတိုးမြှင့်ပေးနိုင်ရင်တော့ နှစ်ပေါင်းအနည်းငယ်တော့ သူမအသက်ကို ရှည်သွားစေလိမ့်မည်။

တတိယတောင်ကြားတွင်နေထိုင်ရသောဘ၀မှာလုံး၀ ပျင်းစရာကောင်းမနေခဲ့ပေ။ ကုအန် တောင်ကြားမှ တပည့်များအတွက် စာကြည့်တိုက်နှင့် အရက်ဆိုင်ဖွင့်ပေးထားပြီး တပည့်များ ပျော်ရွှင်စေရန်အတွက် တောင်ကြားရှိအိမ်များအတွက်လည်း ပရိဘောဂ ကရိယာများ ၀ယ်ယူပေးထားခဲ့၏။

သူ စစ်တုရင်ကစားနည်းကိုပင် တီထွင်ပေးခဲ့ပြီး ထိုကစားနည်းက တောင်ကြားတွင်လူကြိုက်များနေခဲ့သည်။

ထို့နောက် ကုအန် အတွင်းစည်းမြို့သို့ သွားခဲ့၏။ သူ ဘိုးဘေး ကူစုန့်အတွက် ကလဲ့စားချေပေးခဲ့ပြီး ဖြစ်သောကြောင့် စာအုပ်ခန်းမမှ အကြီးမကဲ ရှုလူနှင့် စကားပြောချင်နေခဲ့သည်။ ဒါပေါ့ မနက်က ကိစ္စကိုတော့ သူပြောမည် မဟုတ်ပေ။ သူဒီတိုင်း စကားပြောချင်ရုံသက်သက်သာ ပြောချင်ခြင်း ဖြစ်သည်။

ဘိုးဘေးကူစုန့်၏ ဆိုးဝါးလှသော အဆုံးသတ်ကို ကျီးနက်မိစ္ဆာတမန်၏ မှတ်ညဏ်များထဲမှ မြင်တွေ့ခဲ့ရပြီးသည့်နောက် ကုအန် နှလုံးသားထဲတွင် အတော်လေး မွန်းကြပ်နေခဲ့ရ၏။

……

ကောင်းကင်ဖီးနစ်တောင် နျန်းချူဂူထဲတွင်

ထျန်းယောင်အာ ကုအန် အပင်စိုက်နေသည်အား စိတ်၀င်တစား ကြည့်ရှုနေခဲ့သည်။ ထိုအပင်သည် ၂ကျန်းခန့် မြင့်မားကာ အရွက်များက မီးတောက်များသဖွယ် နီရဲနေပြီး နွယ်များက အပင်တဝိုက် တွဲလဲခို၍ ကျနေပြီး တစ်ချက်‌ေလာက်သာကြည့်မိပါက မီးတောက်နေသော အပင်ကြီးတစ်ပင်နှင့်ပင် တူလှ၏။

ထိုအပင်သည် အဆင့်၇ စိတ်ဝိညဉ်ပင်ဖြစ်သော သူရိယပင်ဖြစ်ပြီး ကုအန် ထိုအပင်ကို ကြယ်သခင်ဂူထဲမှ ယူလာခြင်း ဖြစ်သည်။ သူယူလာသောအပင်သည် အပင်ပေါက်တစ်ပင်သာဖြစ်ပြီး တကယ့် သူရိယပင်ကြီးမှာတော့ ကျန်း ၁၀၀၀ ခန့်ပင် မြင့်မားပြီး အပင်မှ ချီသွေးနှင့် မီးဓာတ်အခြေပြု ပါရမီကို တိုးမြှင့်ပေးနိုင်သော သူရိယသီးများ သိကြသည်။

အပင်ပေါက်ကို စိုက်ပြီးသည့်နောက် ကုအန် စိတ်ကျေနပ်နေသော အကြည့်ဖြင့် ကြည့်နေမိ၏။

ထို့နောက် သူ့ထျန်းယောင်အာဘက် လှည့်လိုက်ကာ ပြောလိုက်သည်။

“ဒီကိုလာ ငါနင့်ကို မိစ္ဆာကလန်က သိုင်းတစ်ခု သင်ပေးမယ်”

ထိုစကားကိုကြားသောအခါ ထျန်းယောင်အာ ချက်ချင်း စိတ်လှုပ်ရှားသွားပြီး ကုအန်နား အမြန်ရောက်လာခဲ့၏။

ကုအန် ကျီးနက်မိစ္ဆာတမန်၏မှတ်ညဏ်များထဲမှ မိစ္ဆာသိုင်းမျိုးစုံရရှိထားခဲ့ပြီး ထိုထဲမှ မိစ္ဆာကျီးနက်များအဖြစ်ပြောင်းလဲပေးနိုင်သည့် သိုင်းကို ထျန်းယောင်အာကို သင်ပေးမည်ဟု ဆုံးဖြတ်ထားခဲ့သည်။

ထျန်းယောင်အာ၏ ပါရမီနှင့် နားလည်နိုင်စွမ်းမှာ အတော်လေး ကောင်းလှသည်ဟု ဆိုရပေမည်။

တစ်နာရီခန့်ကြာသောအခါ သူများစွာသော မီးကျီးကန်းများအဖြစ် ပြောင်းလဲနေနိုင်လေပြီ။

ဟုတ်ပသေည်။ သူမပြောင်းလဲလိုက်သည်မှာ ကျီးနက်များ မဟုတ်ဘဲ မီးကျီးကန်းများ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။

ကျီးကန်းများတွင် မီးတောက်များ တောက်လောင်နေခဲ့ပြီး ထျန်းယောင်အာတွင် ဖီးနစ်သွေးမျိုးဆက် ရှိနေသည်ဟု ကုအန်ပို၍ပင် သံသယ၀င်သွားခဲ့သည်။

သူသင်ပေးလိုက်သော သိုင်း၏ အဓိကအားသာချက်မှာ ပုံစံပြောင်းလဲနိုင်ခြင်းမဟုတ်ဘဲ အလျင် ဖြစ်၏။ ထိုသိုင်းကို ထျန်းယောင်အာ အပြည့်အ၀တတ်မြောက်သွားဖို့ အတွက်ကတော့ အချိန်အတော်လေး လိုအပ်ဦးမည် ဖြစ်သည်။

သူမထိုသိုင်းကို လေ့ကျင့်နေသည်ကို ကြည့်နေရင်း ကုအန် အတွေးများ ပြန့်လွင့်နေခဲ့၏။

မိစ္ဆာဧကရာဇ်၊ မိစ္ဆာသခင် နှင့် မဟာမိစ္ဆာဘုရင် ၇၂ ပါးတို့အပြင် ပြန်လည်ရှင်သန်လာတော့မည့် မိစ္ဆာဘိုးဘေး….

ထိုအရာများကြောင့် ကုအန်လို နိဗာနအဆင့်၉ တစ်ယောက်ပင် ဖိအားကို ခံစားနေခဲ့ရသည်။

မဟာမိစ္ဆာဘုရင် ၇၂ပါးထဲမှ အားအနည်းဆုံး ဘုရင်ပင် ဆန်းကြယ်နှလုံးသားအဆင့်ဖြစ်ပြီး ိထိပ်ဆုံးက ဘုရင်သုံးပါးမှာ မဟာယနအဆင့်သို့ပင် ခြေလှမ်းနေကြပြီ ဖြစ်ကာ ထို့ကြောင့်လည်း တခဏဂိုဏ်းက မိစ္ဆာနယ်မြေကို သွားမထိရဲခြင်း ဖြစ်၏။

မိစ္ဆာကလန် မင်းဆက်ကိုးခုကို ရောက်ရှိမလာသေးခြင်းမှာမူ မင်းဆက်ကိုးခုကို ကြောက်ရွံ့၍ မဟုတ်ဘဲ မိစ္ဆာဘိုးဘေး ပြန်လည်ရှင်သန်လာသည့်အချိန်ကို စောင့်နေကြ၍ ဖြစ်သည်။ မိစ္ဆာဘိုးဘေး ပြန်လည်ရှင်သန်လာပါက သူ့ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ရန် အသွေးအသားပမာဏ များစွာလိုမည်ဖြစ်ပြီး ထိုအသွေးအသားများအဖြစ် မင်းဆက်ကိုးခုကို ကျွေးရန် မိစ္ဆာဧကရာဇ်က စီစဉ်ထားခြင်း ဖြစ်ပေသည်။

ဒါပေါ့ မိစ္ဆာကပ်ဘေးနှင့် ပတ်သက်ကြီး မင်းဆက်ကိုးခုဘက်တွင်လည်း ကားကွယ်ပေးမည့် ဆန်းကြယ်သော ကျင့်ကြံသူကြီးများ ရှ်ိခဲ့ဖူး၏။ လွန်ခဲ့သော နှစ်နှထောင်က မိစ္ဆာဧကရာဇ် တောင်ပိုင်းသို့ ကျူးကျော်လာသောအခါ ဆန်းကြယ်သော မဟာယနအဆင့်ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး အပြင်းအထန် ဒဏ်ရာရသွားခဲ့ကာ သေလုနီးပါးပင် ဖြစ်သွားခဲ့ရသည်။

သို့သော် ထိုကျင့်ကြံသူကြီးသည် ယခုအခါ ပင်လယ်ကိုဖြတ်၍ တောင်ပိုင်းသို့ ရောက်ရှိသွားပြီ ဖြစ်၏။ ကျီးနက်မိစ္ဆာတမန်၏ နောက်လိုက်များက ထိုအကြောင်းကို ရှာတွေ့ခဲ့ကာ မိစ္ဆာဧကရာဇ်ဆီ သတင်းပို့ခဲ့ပြီး ဖြစ်သည်။

ထိုကျင့်ကြံသူကြီးသည် မဟာကျင်းမင်းဆက် ခန်းထျန်ဂိုဏ်းမှ ဖြစ်ပြီး တာအိုအရှင်ဟု လူသိများသူ ဖြစ်၏။ နှစ်ပေါင်းနှစ်ထောင်ကြာပြီးသည့်နောက်တွင်တော့ ထိုကျင့်ကြံသူကြီး အသက်ရှိနေသေးလား မရှိတော့ဘူးလားဆိုတာ ဘယ်သူမှ မသိတော့ပေ။

မဟာကျင်းမင်းဆက်သည် မင်းဆက်ကိုးခုလုံးတွင် အားအကောင်းဆုံး မင်းဆက်ဖြစ်ကာ ကမ္ဘာကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်နေစဉ်ကပင် သူ့မင်းဆက်က တည်ငြိမ်နေခဲ့ပြီး ခန်းထျန်ဂိုဏ်းကလည်း တခဏဂိုဏ်းကျူးကျော်ခဲ့စဉ်က မင်းဆက်ကိုးခုမဟာမိတ်၏ ခေါင်းဆောင်ဂိုဏ်းအဖြစ် ဦးဆောင်နိုင်ခဲ့သော ဂိုဏ်းကြီး ဖြစ်သည်။

မိစ္ဆာနယ်မြေသည် အလွန်တရာ ကျယ်ပြန့်လှကာ အဆုံးမဲ့လှ၏။ ထို့ကြောင့် လူသိများသော မဟာမိစ္ဆာဘုရင်များအပြင် မည်သို့သောအရာမျိုး ရှိနေသေးနိုင်လဲဆိုတာ မည်သူက သိနိုင်မည်နည်း။

ထိုအရာကြောင့် ကုအန် သက်တမ်း ၁၀ သန်းကို ပို၍ မြန်မြန် ပြည့်သွားချင်နေခဲ့မိသည်။

ဖြစ်နိုင်လျှင် သူဒီနေရာမှ ထွက်မပြေးဘဲ အဓိပတိဂိုဏ်းနှင့်အတူ ဤကုန်းမြေကြီးပေါ်တွင် ဆက်လက်ရပ်တည်ချင်သေး၏။

….

ကျီးနက်မိစ္ဆာတမန် သေဆုံးမှုသည် တိရှီအတွက် ဘာသက်ရောက်မှုမှ ရှိမသွားခဲ့ဘဲ သူသည် နေ့စဉ် ကောင်းကင်ပြုပြင်စင်မြင့်တွင်ထိုင်ကာ ဓားဆန္ဒကို လေ့လာနေဆဲ ဖြစ်သည်။

သို့သော် အချိန်ကုန်လာသည်နှင့် အမျှ မင်းဆက်ကိုးခုတွင် ပေါ်ပေါက်လာသော မိစ္ဆာအရေအတွက်လည်း ပိုမိုများပြားလာခဲ့ပြီး သာမန်လူများသည် ထိုမိစ္ဆများကြောင်း ပိုမိုထိခိုက် ခံစားလာခဲ့ရသည်။ ထို့ကြောင့် အဓိပတိဂိုဏ်းလည်း ရပ်ကြည့်နေ၍ မဖြစ်တော့ဘဲ မိစ္ဆာများကိုရှင်းလင်းရန် တာ၀န်များကို ပိုမိုချမှတ်ခဲ့သောကြောင့် ကျန်းချင်နှင့် ရီလန်တို့ပင် ထိုတာ၀န်များကို မယူ၍ မရတော့ပေ။

ကံ‌ေကာင်းသည်မှာ သူတို့တာ၀န်များက ဂိုဏ်းထဲတွင်သာ ဖြစ်သောကြောင့် ကုအန် သိပ်တော့ စိတ်မပူခဲ့ရပေ။

အချိန်နှနှစ်သည် မျက်စိတမှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြန်သည်။

ကုအန်၏ သက်တမ်းသည် ၇.၄သန်း ကျော်လာခဲ့ပြီး ၁၀သန်းနှင့် တဖြည်းဖြည်းပို၍ နီးကပ်လာခဲ့၏။

နေ့တိုင်းသူမင်းဆက်ကိုးခုလုံးကို နတ်အာရုံဖြင့် စစ်ဆေးကာ မိစ္ဆာကပ်ဘေး စတင်ပြီလားဆိုတာ စစ်ဆေးလေ့ရှ်ိပြီး မိစ္ဆာကပ်ဘေးစတင်ပါက အဆင့်ချိုးဖျက်လိုက်ရန်လည်း အသင့်ပြင်ထားခဲ့ပြီး ဖြစ်သည်။

သူအဆင့်ချိုးဖျက်ရန် နေရာကိုပင် ရွေးချယ်ထားခဲ့ပြီး ဖြစ်၏။

သူတောင်ပင်လယ်ထက်တွင် အဆင့်ချိုးဖျက်မည် ဖြစ်သည်။

တစ်ရက်တွင် အန်းဟောင်နှင့် စီယန်အာတို့ ကြယ်သခင်ဂူထဲမှ ထွက်လာခဲ့ကြ၏။

သူတို့နှစ်ယောက် ဂူနံရံထဲမှ ထွက်လာပြီးချိန်တွင် ဂူနံရံက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေသည်။

“နင့်ဆရာဘယ်‌မှာလဲ ငါသူ့ကို ဘာလို့ ဒီနှစ်တွေထဲ တစ်ခါတောင် မတွေ့ခဲ့ရတာလဲ” စီယန်အာဂရုတစိုက်မေးလိုက်၏။

အန်းဟောင်ပြန်ပြောလိုက်သည်။ “ကြီးမြတ်တဲ့ ဆရာသခင်က ရှာတွေ့ဖို့ ခဲယဉ်းတဲ့ နဂါးတစ်ကောင်လိုပဲ သူ့ခေါင်းကို ပြပေမယ့် သူ့အမြှီးကိုမပြဘူးဆိုတဲ့ လူမျိုးလေ သူဘယ်မှာလဲဆိုတာတော့ ငါလည်းသေချာမသိဘူး ဒါပေမယ့် သေချာတာတစ်ခုက ငါအန္တရာယ်တွေ့နေရင်တော့ ဆရာကဘယ်တော့မှ ရပ်ကြည့်နေမှာ မဟုတ်ဘူး ဆိုတာပဲ”

ပြောနေရင်း သူ့မျက်နှာပေါ်တွင် ဂုဏ်ယူနေသည့် အရိပ်အယောင်များ ရှိနေခဲ့သည်။

စီယန်အာ သူ့ပုံစံကိုကြည့်ပြီး လှောင်ပြောင်လိုက်ချင်သော်လည် းသူပြန်ထိန်းထားလိုက်ရ၏။

ကုအန် ဆန်းကြယ်နှလုံးသားအဆင့်ကျင့်ကြံသူကို အင်္ကျီလက်အိုးတစ်ချက်ယမ်း၍ သတ်ဖြတ်လိုက်သည့် မြင်ကွင်းကို သူအခုထိ မေ့မရသေးပေ။ ထိုကဲ့သို့သော ကျင့်ကြံသူမျိုးက သူတို့ ထျန်းဝေမင်းဆက် စော်ကားနိုင်သည့် လူမျိုးမဟုတ်ပေ။

ထိုစဉ် တောအုပ်ထဲမှ ပုံရိပ်တစ်ခု ခုန်ထွက်လာခဲ့ပြီး သူတို့ရှေ့ ရောက်ရှိလာခဲ့၏။ အန်းဟောင်မျက်ခုံးများ တွန့်ကွေးသွားပြီး ခြုံခိုတိုက်ခံရပြီအထင်နှင့် ပြန်တိုက်ရန် ပြင်လိုက်လေသည်။

ရောက်ရှ်ိလာသူမှာ ထျန်းဝေမင်းဆက်၏ အမှုထမ်း၀တ်စုံကို ၀တ်ဆင်ထားသူ တစ်ယောက်ဖြစ်၏။ သူသည် လက်နှဖက်ကိုဆုပ်၍ ဂါရ၀ပြုလိုက်ကာ “အရှင်မင်းသမီး ကျွန်တော်မျိုးက ဧကရာဇ်ရဲ့ အမိန့်တော်အရ အရှင်မင်းသမီးကို လာကြိုတာပါ အရှင်မင်းကြီးက မင်းသမီးကို ရွေစာရင်းရဲ့ ထိပ်ဆုံးပါရမီရှင် အန်းဟောင်နဲ့ စေ့စပ်ကြောင်းလမ်းပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်”

ထိုစကားကိုကြားသောအခါ စီယန်အာ မျက်နှာ ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး ဒေါသတကြီး မေးလိုက်လေသည်။

“အဖေက ရူးသွားပြီလား ဘယ်လိုဖြစ်လို့ ငါ့ကိုဒီလိုလူနဲ့ စေ့စပ်ခိုင်းရတာလဲ”

အန်းဟောင် ငြင်းဆန်ဖို့ပြင်လိုက်သော်လည်း စီယန်အာ့စကားကြောင့် မကျေမနပ်ဖြစ်သွားပြီး ပြောလိုက်၏။

“ဒီလိုလူ ဆိုတာ ဘာကိုဆိုလိုတာလဲ ငါက နင့်နဲ့မတန်ဘူးလို့ ပြောချင်တာလား ကောင်းပြီလေ အဲ့တာဆို ငါကတော့ နင့်ကိုလက်ထပ်ပစ်မယ်!”

ထို့နောက်တွင်တော့ သူတို့နှစ်ယောက် စတင်ငြင်းခုန်ကြလေတော့သည်။

အမှုထမ်း၀တ်စုံနှင့်လူလည်း သူတို့နှစ်ယောက်ငြင်းခုန်နေကြသည်ကို ပြုံး၍ ကြည့်နေခဲ့သည်။

အဓိပတိဂိုဏ်း ဆန်းကြယ်တောင်ကြားရှိ ကုအန် သူတို့နှစ်ယောက်ကို ကြည့်ရှုနေခဲ့ပြီး သူတို့လက်ထပ်မည့် ကိစ္စကိုတော့ သူမကန့်ကွက်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကြယ်သခင်ဂူထဲတွင် ထိုနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ခံစားချက်များ ဖြစ်ပေါ်လာသည်ကို သူသိထားခဲ့ပြီး ဖြစ်သောကြောင့် ဖြစ်၏။

သို့သော် သူထျန်းဝေမင်းဆက်ကိုတော့ သတိထားနေဆဲ ဖြစ်သည်။

အကယ်၍ ထျန်းဝေမင်းဆက်ကသာ အန်းဟောင်ကို အကွက်ချ၍ အကောက်ကြံပါက သူခွင့်လွှတ်နေမည် မဟုတ်ပေ။ ထိုအချိန်သည် ထိုက်ကန်မင်းဆက်က ထျန်းဝေမင်းဆက်နယ်မြေများကို သိမ်းပိုက်ဖို့ အကောင်းဆုံး အချိန်လည်း ဖြစ်လာပေလိမ့်မည်။

သူတို့သုံးယောက် ထွက်ခွာသွားသောအခါမှ ကုအန် တာအိုပညာရှင် ရွမ်ချွမ်း စာအုပ်ကို ဆက်ဖတ်‌လိုက်လေသည်။

ထိုစဉ် တစ်ယောက်ယောက် ဆန်းကြယ်တောင်ကြားကို လာနေသည်ကို အာရုံခံလိုက်မိသောကြောင့် ကုအန် လှေကားမှဆင်းကာ စောင့်နေခဲ့၏။

နာရီ၀က်ခန့်ကြာသောအခါ တုယီ ဓားပျံကိုစီး၍ ဆန်းကြယ်တောင်ကြားဆီ ရောက်ရှိလာခဲ့ပြီး ကုအန်ကို တွေ့လိုက်သောကြောင့် အဝေးကတည်းက လက်ကာပြ၍ နှုတ်ဆက်လိုက‌်လေသည်။

မြေပြင်ဆင်းသက်လာပြီးသည့်နောက် တုယီ သူ့ဓားပျံကို သိုလှောင်အိတ်ထဲ ထည့်သိမ်းလိုက်ကာ ကုအန်ကို တိတ်ဆိတ်သည့်နေရာ၌ စကားပြောရန် ပြောလိုက်၏။

“မိသားစုက အဓိပတိဂိုဏ်းကနေ ထွက်ခွာသွားတော့မယ်လို့ သတင်းပို့ထားတယ် တတိယသခင်မလေးက အထူးသဖြင့် မင်းနဲ့ငါ့ကို သူနဲ့အတူလိုက်ခဲ့ဖို့ ပြောခဲ့တယ်” တုယီ စိတ်လှုပ်ရှားနေဟန်ဖြင့် ခပ်တိုးတိုး ပြောလိုက်လေသည်။ ကျိမိသားစုက သူ့ကို မေ့လျော့မသွားသောကြောင့် သူဂုဏ်လည်း ယူနေမိသည်။

အပိုင်း(၁၆၂)

မင်းကလုံလောက်အောင် မသန်မာဘူး

အဓိပတိဂိုဏ်းကနေ ထွက်သွားတော့မှာလား!

ကုအန် ကြောင်အသွားခဲ့ရသည်။ တုယီ ထိုကိစ္စအတွက်လာသည်ဟု သူမျှော်လင့်မထားခဲ့ပေ။

သူ မည်သို့ အဓိပတိဂိုဏ်းမှ ထွက်သွားနိုင်မည်နည်း။

သူ့အခြေခံအုတ်မြစ်သည် ဤနေရာတွင် ရှိနေခြင်း ဖြစ်ပေသည်။

ထို့အပြင် ကျိမိသားစုက အဓိပတိဂိုဏ်းမှ ထွက်ခွာပြီးလျှင် မည်သည့်နေရာသို့ သွားမည်နည်း။

ကုအန် မျက်မှောင်ကြုံ့ကာ မေးလိုက်၏။ “ဘာလို့ ထွက်သွားမှာလဲ”

တုယီ ဖြေလိုက်သည်။ “အဲ့တာက မိစ္ဆာကပ်ဘေးနဲ့ ဆက်စပ်နေလောက်တယ် ဂိုဏ်းက မိစ္ဆာကပ်ဘေးကနေ ရှောင်ပြေးဖို့ နေရာတစ်နေရာ တွေ့ထားပြီးသွားပြီ ဘာဖြစ်ဖြစ်ကိစ္စမရှိပါဘူး မိသားစုက ငါတို့ကို သတိတရခေါ်သွားတာနဲ့တင် ငါတို့ ကျေးဇူးတင်ရမှာ အသင့်ပြင်ထား ထွက်သွားမယ့်အချိန်ကို မဆုံးဖြတ်ရသေးဘူး အသင့်ပြင်ထားမှ အချိန်ကျလာရင် နှောင့်နှေးမနေမှာ”

ကုအန် ခေါင်းယမ်းလိုက်ကာ “ငါထွက်မသွားနိုင်ဘူး သူတို့ရဲ့ ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်လို့ ဂိုဏ်းကို ပြောလိုက်ပါ ဒါပေမယ့် အဓိပတိဂိုဏ်းရဲ့ အတက်အကျအခြေအနေတိုင်းမှာ ငါရှ်ိနေမယ်လို့ စီစဉ်ထားတယ်”

ထိုစကားကိုကြားသောအခါ တုယီ မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။

သူလေးလေးနက်နက်ပြောလိုက်၏။ “ကုအန် ငါတို့ဘယ်နေရာက လာလဲဆိုတာ မမေ့ပါနဲ့”

“တောင်းပန်ပါတယ် ငါကျိမိသားစုကို နှစ်ပေါင်းများစွာ ဆေးပင်တွေပေးပြီး ‌သူတို့ရဲ့ ကြင်နာမှုအတွက် ပြန်ပေးဆပ်ပြီးသွားပြီ အဓိပတိဂိုဏ်းရဲ့ ကြင်နာမှုအတွက်တော့ ငါပြန်ပေးဆပ်ရဦးမယ် ငါထွက်မသွားနိုင်ဘူး မင်းပဲသွားလိုက်ပါ ငါနေခဲ့မယ်” ကုအန် အလေးအနက်ပြန်ပြောလိုက်သည်။

တုယီ စိတ်တိုသွားကာ ကုအန်ကို သင်ခန်းစာပေးလိုက်ချင်သော်လည်း အပြင်ရှိ အခြားတပည့်များ ကြားသွားမည်ကိုလည်း သူစိုးရိမ်နေမိသည်။

“အချိန်ရှိပါသေးတယ် မင်းအချိန်ယူပြီး သေချာတွေးဦး မိစ္ဆာတွေသာ ကျူးကျော်လာခဲ့ရင် မင်းပုန်းနေချင်ရင်တောင် ပုန်းနေနိုင်မှာ မဟုတ်တော့ဘူး”ပြောပြီးသည်နှင့် တုယီ ထွက်သွားခဲ့၏။ ယခုအကြိမ်ထွက်သွားခြင်းတွင်တော့ သူ့မျက်နှာ၌ အပြုံးတစ်စမှ ရှိမနေခဲ့ပေ။

ကုအန် ရင်ထဲနွေးသွားသလို ခံစားသွားခဲ့ရသည်။ အနည်းဆုံးတော့ တုယီသည် သူ့သေခြင်းရှင်ခြင်းကို စိတ်ပူကာ သူ့ကို ဂရုစိုက်သူ ဖြစ်ပေသည်။

သို့သော် သူအဓိပတိဂိုဏ်းကနေတော့ ဘယ်လိုမှ ထွက်သွားလို့ မရပေ။

အကယ်၍ အဓိပတိဂိုဏ်းက မိစ္ဆာကျူးကျော်မှုကို လုံး၀ တောင့်မခံနိုင်တော့မှ ထွက်ပြေးလျှင်လည်း သူ့အတွက် နောက်မကျသေးပေ။

သူ့ကျင့်ကြံခြင်းအဆင့်နှင့် ဆိုပါက မည်သူက သူ့ကို တားဆီးနိုင်မည်နည်း။

ညနေခင်းမတိုင်ခင်တွင် ကုအန် သဘာ၀ဂူ ၈လုံးထဲသို့ ရောက်ရှိလာခဲ့၏။

ကျန်းချောင်သည် နွယ်စိမ်းပင်အောက်တွင် တရားထိုင်ကာ ကျင့်ကြံနေခဲ့ပြီး သူ့ရှေ့တွင်တော့ အမွှေးတိုင်အိုးကြီးတစ်လုံးရှိကာ ဆေးမီးတောက်များက အိုးအောက်ခြေတွင် တောက်လောင်နေခဲ့သည်။

ကုအန် တည်ရှိမှုကို သတိထားမိလိုက်ပြီး ကျန်းချောင် ပုံမှန်အတိုင်း မေးမြန်းလိုက်၏။

“နင်ဘာလို့ ပြန်လာတာလဲ နင်လွန်ခဲ့တဲ့ ရက်နည်းနည်းတုန်းက လာသွားသေးတယ်မလား”

ကုအန် အမွှေးတိုင်အိုးကြီးနား ကပ်သွားလိုက်ပြီး အထဲရှ်ိ ဆေးရည်များကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

“ဒီနေ့ ကျိမိသားစုကလူတစ်ယောက် ကျွန်တော့်ကို လာရှာတယ် သူပြောတာတော့ ကျိမိသားစုက အဓိပတိဂိုဏ်းကနေ ထွက်ခွာသွားဖို့ပြင်နေပြီတဲ့ ကျွန်တော့်ကိုလည်း အဆင်သင့်ပြင်ခိုင်းထားတယ်”

ထိုစကားကိုကြားသောအခါ ကျန်းချောင် မျက်လုံးများ ပွင့်လာပြီး မျက်မှောင်ကြုံ့လိုက်ကာ မေးလိုက်၏။

“နင်ထွက်သွားမှာလား”

အကယ်၍ ကုအန်သာ ထွက်သွားပါက အခြားတပည့်အသစ်တစ်ယောက်ယောက်က ဆန်းကြယ်တောင်ကြားကို လက်လွှဲယူမည်ဖြစ်ပြီး ထိုသတင်းက သူ့အတွက်တော့ မကောင်းလှပေ။

“မသွားပါဘူး ကျွန်တော်ငြင်းလိုက်တယ် ကျွန်တော်စိတ်ပူတာက သူတို့က မိစ္ဆာကပ်ဘေးကနေ ရှောင်ပြေးဖို့ ဘယ်နေရာမှာ သွားပုန်းနေနိုင်မှာလဲ ဆိုတာပဲ” ကုအန် သက်ပြင်းချလိုက်လေသည်။

သူဒီနေရာဆီသို့ ရောက်လာရခြင်းမှာ ကျန်းချောင်များ တစ်ခုခုသိမလားဆိုပြီး သတင်းလာနှိုက်ခြင်း ဖြစ်၏။

ကျန်းချောင်ပြန်ပြောလိုက်သည်။

“မိစ္ဆာတွေ မကျူးကျော်နိုင်တဲ့ မြင့်မြတ်ကုန်းမြေဖြစ်တဲ့ ကြယ်ခုနှစ်လုံးဝိညဉ်နယ်မြေပဲပေါ့ ငါကြားထားတာတော့ ကျိမိသားစုက ကျိရှောင်ယုနဲ့ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက ပါရမီရှင်တစ်ယောက်နဲ့စေ့စပ်ပွဲ စီစဉ်ပေးနေတယ်ဆိုပဲ အဲ့တာက မှန်နေပုံပဲ ကြည့်ရတာ ကျိမိသားစုက ကိုင်းကြီးကြီးမှာနားဖို့ ပြင်နေကြပြီ”

တကယ်ပဲ ကြယ်ခုနှစ်လုံး စိတ်ဝိညဉ်နယ်မြေကိုး!

ကုအန် ကျန်းချောင်ကိုကြည့်ကာ မျက်မှောင်ကြုံ့၍ မေးလိုက်၏။ “ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက အဲ့လောက်တောင် စွမ်းအားကြီးတယ်လား”

“ဒါပေါ့ စွမ်းအားကြီးတာပေါ့ ဒီကမ္ဘာပေါ်မှ မင်းဆက်တွေပြောင်းလဲပြီး ဂိုဏ်းတွေဆိုတာလည်း ခဏပဲ ဒါပေမယ့် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကတော့ အမြဲ တည်ရှိနေတယ် ငါ့ကိုပြောစမ်းပါ သူတို့က ကြောက်စရာကောင်းမနေဘူးလား တကယ်တော့ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက ဒီကုန်းမြေကြီးရဲ့ စစ်မှန်တဲ့ အုပ်ချုပ်သူပဲ

ငါ့နောက်ကိုလိုက်နေတာကလည်း ကြယ်ခုနှစ်လုံး စိတ်ဝိညဉ်နယ်မြေက လူတွေပဲ ဘာလို့လဲဆိုတော့ ငါကသူတို့လိုချင်တဲ့ အခွင့်အရေးကြီးကို အရင်ယူနိုင်လိုက်လို့လေ”

ကျန်းချောင် လှောင်ပြောင်နေဟန်ဖြင့် ပြောလိုက်သည်။

ထိုစကားကိုကြားပြီးသည့်နောက် သူမလို စိတ်ဝိညဉ်အခြေတည်အဆင့်တစ်ယောက်လက်ထဲကနေတောင် သူတို့အခွင့်အရေးကို မကာကွယ်လိုက်နိုင်သည့် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက စွမ်းအားကြီးပါ့မလား ဟုပင် မေးချင်သွားမိသည်။

ကျန်းချောင် သူ့အတွေးကိုသတိထားမိပုံပေါ်ပြီး ပြောလိုက်၏။

“ကြယ်ခုနှစ်လုံးိစတ်ဝိညဉ်နယ်မြေရဲ့ အခြေခံအုတ်မြစ်က တကယ်ကြောက်စရာကောင်းတယ် သူတို့မှာ အတော်လေးများတဲ့ မြင့်မြတ်မိသားစုတွေနဲ့ တပည့်တွေရှိတယ် ငါမြေအောက်ကမ္ဘာလမ်းကိုးသွယ်မှာ တွေ့ခဲ့ရတဲ့ တပည့်တွေက သာမန်လေ့ကျင့်ရေးခရီးထွက်လာတဲ့ တပည့်တစ်အုပ်လောက်ပဲရှိတာ

ဒါတောင် သူတို့အကုန်လုံးက အသက်၁၀၀အောက် စိတ်ဝိညဉ်အခြေတည်အဆင့်တွေချည်းပဲ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက တကယ်ပဲ ကြောက်စရာကောင်းလွန်းတယ်”

အံ့အားသင့်နေသော အမူအရာတစ်ခု ‌ကျန်းချောင်မျက်နှာပေါ်တွင် ရှိနေခဲ့သည်။ သူမကို ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ ကျင့်ကြံသူများက လိုက်နေခဲ့သော်လည်း သူတို့ကြား အင်အားကွာဟချက်ကြောင့် သူကလဲ့စားချေဖို့ မတွေးနိုင်ခဲ့ပေ။

ကုအန်၏ ကြယ်ခုနှစ်လုံး စိတ်ဝိညဉ်နယ်မြေအပေါ် စိတ်၀င်စားမှု တိုးလာခဲ့ရသည်။

ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက ကုန်းမြေတိုက်ကြီး၏ ကိစ္စများတွင် ၀င်မစွက်ဖက်သည်မှာ အံ့ဩစရာတော့ မဟုတ်တော့ပေ။ အကယ်၍ ဤနေရာရှိ လူသားမျိုးနွယ်တစ်ခုလုံး သေဆုံးသွားလျှင်တောင် သူတို့ အမွေအနှစ်က ပျောက်ပျက်သွားမည် မဟုတ်ပေ။

ထို့နောက်တွင်တော့ ကုအန် မေးခွန်းတချို့မေးခဲ့ပြီး ကျန်းချောင်းကလည်း သူသိသမျှ ပြန်ဖြေပေးနေခဲ့သည်။ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေအကြောင်း ပိုသိလေလေ ကုအန် ထိုနေရာအပေါ် ပိုပြီး သတိထားလာလေလေပင်။

မဟာမိစ္ဆာကပ်ဘေးပြီးဆုံးသွားပါက ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက နောက်ထပ် ကပ်ဘေးတစ်ခု‌ဖြစ်လာနိုင်ကြောင်း သူ့မသိစိတ်က အလိုလို သတိပေးနေခဲ့၏။

သို့သော် ကုအန် သိပ်တော့စိတ်ပူခြင်းမရှိပေ။ သူသည် သေချာမှသာ လုပ်ဆောင်တတ်သော သူမျိုး ဖြစ်ပေသည်။

အကယ်၍ သူတိုက်ခိုက်နိုင်လျှင် တိုက်ခိုက်မည်ဖြစ်ပြီး မတိုက်ခိုက်နိုင်လျှင်တော့ အသက်ရှင်နေသေးသ၍ မျှော်လင့်ချက် ရှိနေသေးသည်။

“နင်တို့ တတိယသခင်မလေးက ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက လူနဲ့ လက်ထပ်တော့မှာမလား နင်သူမအတွက်ပျော်လား ဒါမှမဟုတ် မပျော်ဘူးလား” ကျန်းချောင် ရုတ်တရက် စနောက်လိုဟန်ဖြင့် မေးလိုက်၏။

ကုအန် ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။

“တတိယ‌သခင်မလေးက ကောင်းကင်ရဲ့ချီးမြှောက်ခံ တစ်ယောက်ပါ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက ပါရမီရှင်ကလည်း ချီးမြှောက်ခံတစ်ယောက်ပဲဖြစ်ရမယ် ကျွန်တော် သူ့အတွက်ပျော်တာပေါ့”

“တကယ်လား နင့်ရင်ထဲမှာ နောင်တတစ်ခုတောင် မရှိဘူးလား” ကျန်းချောင်ပြုံး၍ မေးလိုက်သည်။

ကုအန် မျက်ခုံးကိုပင့်လိုက်ကာ “တကယ်တော့ နောင်တရစရာပါပဲ တကယ်တော့ ကျွန်တော်တတိယသခင်မလေးကို နှစ်သက်ခဲ့ဖူးပါတယ် ဒါပေမယ့် ကျွန်တော့်ရဲ့ သာမန်ပါရမီက မလုံလောက်ခဲ့တော့ ကိုယ့်ကိုကိုယ်နှစ်သိမ့်ပြီး သူမအတွက်ပဲ ပျော်ရွှင်ပေးရတော့မှာပေါ့”

ကျန်းချောင်မျက်နှာပေါ်ရှိ အပြုံးပျောက်ကွယ်သွားပြီး သတိပေးလိုက်၏။

“နင်တွေးတာမှန်တယ် ဂုဏ်ထူးတွေ ပါရမီတွေမတူညီရင် အချစ်ဆိုတာ နာကျင်စရာတွေကိုပဲ ယူလာပေးလိမ့်မယ် နင့်အတွေးကိုထိန်းထား အနာဂတ်မှာလည်း အလွယ်တကူ ချစ်မိမသွားစေနဲ့”

ကုအန် ခေါင်းညိတ်ပြလိုက်သည်။

“ဒါပေမယ့် ကျွန်တော်တစ်ယောက်ယောက်ကို ချစ်ဖို့က မခက်ပါဘူး တောင်ကြားမှာ အမျိုးသမီးကျင့်ကြံသူတွေ အများကြီးရှိနေတာပဲလေ”

“အို့ အဲ့တာကြောင့်နင်က ကျင့်ကြံခြင်းကို စိတ်မ၀င်စားတာလား”

“ကျွန်တော်ဆိုလိုတာက တာအိုလက်တွဲဖော်တစ်ယောက် ကျွန်တော်ရနိုင်ပေမယ့် မလိုချင်တာလို့ ပြောချင်တာပါ”

“အဲ့တာကမှ ဟုတ်သေးတယ်” သူမပြောလိုက်သည်။

“ဆရာဘွားဘွားက မင်းထက် အချိန်အများကြီးပိုပြီး အသက်ရှင်ခဲ့ပြီး တာအိုလက်တွဲဖော်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် မှီခိုထားလို့ မရမှန်း သိခဲ့ပြီးပြီ သေခြင်းရှင်ခြင်း ခက်ခဲတဲ့ အခြေအနေမှာ ကိုယ့်တာအိုလက်တွဲဖော်ကို ထားခဲ့တဲ့ကျင့်ကြံသူ ဘယ်နှစ်ယောက်တောင် ရှိနေမလဲ ကိုယ့် ကိုယ်ကျိုးအတွက် တာအိုလက်တွဲဖော်ကို ရောင်းစားခဲ့တဲ့လူ ဘယ်နှစ်ယောက်တောင် ရှိနေမလဲ အဲ့တာကြောင့် ဆရာဘွားဘွားက နင့်ကို အလွယ်တကူ သံယောဇဉ်တွေ တွယ်မသွားမိစေချင်ဘူး”

“ဒါဆို ဆရာဘွားဘွားမှာ တာအိုလက်တွဲဖော် ရှိခဲ့ဖူးတယ်လား”

“တကယ်လို့သာ ရှိခဲ့ရင် နင့်ဆရာဘွားဘွားသေနေတာ ကြာပြီ”

ထို့နောက်သူတို့နှစ်ယောက် ထိုအကြောင်း ဆွေးနွေးပြောဆိုခဲ့ကြပြီး တစ်နာရီခန့်ကြာမှသာ ကုအန် ထွက်ခွာလာခဲ့သည်။

ကျန်းချောင် ကုအန်၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်နေရင်း တွေးနေမိ၏။

“ဒီကလေး ငါ့ကိုဆရာဘွားဘွားလို့ မခေါ်ချင်တော့ဘူး အတော်လေး ရိုင်းလာတာပဲ”

….

နွေရာသီကုန်ဆုံးသွားခဲ့ကာ ဆောင်းဦးသို့ ရောက်ရှိလာခဲ့ပြန်သည်။

ကုအန် ထျန်းယတောင်ကြားသို့ ရောက်ရှိလာချိန်တွင် တောင်ကြား၌ လူပိုတစ်ယောက်ရှိနေသည်ကို သတိထားလိုက်မိ၏။

လုရှန်နှင့် ယိလျူယွမ်တို့ ထွက်သွားပြီးကတည်းက ထျန်းယ တောင်ကြားတွင် လျူဟွမ် နှင့် မျောက်သုံးကောင်သာ ကျန်ရစ်ခဲ့ပြီး လျူဟွမ်ပျင်းနေမည်စိုးသောကြောင့် ကုအန်ပင် စာအုပ်များနှင့် စစ်တုရင်ခုံတစ်ခု ယူလာခဲ့ပေးထားသေးသည်။

တကယ်တော့ကုအန် ထိုပစ္စည်းများ ယူမလာလျှင်ပင် လျူဟွမ်သည် ပျင်းသည်ဟု ခံစားရလိမ့်မည် မဟုတ်ပေ။ သူသည် ကျင့်ကြံသူတစ်ယောက် မဟုတ်ပါလား။

ကုအန် တောင်ကြားထဲသို့ လမ်းလျှောက်၀င်လာရင်း ဉယျာဉ်ခြံစည်းရိုးရှေ့တွင် ရပ်နေသော လူတစ်ယောက်ကို တွေ့လိုက်ရ၏။

[ကျိရူလိုင်(စိတ်ဝိညဉ်အခြေတည်အဆင့် ၈): ၉၆/၇၀၀/၃၉၀၀]

ကျိရူလိုင်လား!

ကုအန် မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။ သူထိုနာမည်အား ကြားဖူးကာ ထိုလူသည် ကျိရှောင်ယု ၏အစ်ကိုကြီးဖြစ်ကာ ငယ်စဉ်ကတည်းက ပင်မမိသားစုသို့ ကျင့်ကြံရန် ခေါ်ဆောင်သွားခြင်း ခံခဲ့ရသူ ဖြစ်၏။ ကုအန် သူ့ကိုလူချင်းတော့ မတွေ့ဖူးဘဲ အခြားအစေခံများ ပြောစကားအရသာ သိခဲ့ရခြင်း ဖြစ်သည်။

လီရွှမ်တောက်သည် ကျိရှောင်ယု၏ အစ်ကိုကိုပင် သူ့ဘက်ပါအောင် ဆွဲခေါ်ထားနိုင်လိမ့်မည်ဟု ကုအန် မျှော်လင့်မထားခဲ့မိပေ။

ထိုစဉ် လျူဟွမ် ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး ကုအန်ဘေးရောက်လာကာ ကုအန်နှင့် ကျိရူလိုင် ကိုမိတ်ဆက်ပေးလိုက်ရင်း မေးလိုက်သည်။

“မင်းလည်း ကျိမိသားစုကဆိုတော့ သူ့ကို ကြားဖူးမှာပဲ မဟုတ်လား”

ကုအန် ခေါင်းညိတ်ပြလိုက်၏။

ကုအန်တို့ နှစ်ယောက် ဥယျာဉ်ထဲရှိ ပန်းပင်များကို ကြည့်နေသော ကျိရူလိုင်ဆီသို့ နောက်ဘက်မှ ချဉ်းကပ်သွားခဲ့လေသည်။ ကျိရူလိုင်သည် လျူဟွမ် ခေါ်လိုက်သော အချိန်မှသာ သူတို့ကို သတိထားမိသွားပြီး နောက်လှည့်ကြည့်ခဲ့၏။

သူလှည့်ကြည့်လိုက်ပြီး ကုအန်တို့ကို တွေ့သောအခါ မေးလိုက်သည်။

“ဒါက တောင်ကြားသခင်ကုအန် များလား”

ကုအန် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်၏။

“ကျွန်တော်အရင်က ဒုတိယသခင်လေးကို မြင်ဖူးပါတယ်”

ကျိရူလိုင် လက်ကာပြလိုက်ကာ “ဒီနေရာမှာ ငါမင်းကို တောင်ကြားသခင်လို့ပဲ ခေါ်ရမှာ အရှင်မင်းကြီးက အခုကစပြီး ငါ့ကို မင်းကိုကူညီဖို့ အမိန့်ပေးလိုက်တယ်”

တောင်ကြားသို့ လာပြီး ကုအန်ကို ကူညီသော သူများသည် ကူညီသည်ဆိုသော်လည်း အမှန်တကယ်တော့ တောင်ကြားရှိ ဆေးပင်များကို လာရောက်သုံးစွဲကြခြင်းသာ ဖြစ်ကြသည်။ ထို့ကြောင့် သူကုအန်ကို အတော်လေး ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေခြင်း ဖြစ်၏။

ကုအန်လည်း တကယ်တော့ သူတို့အကူအညီကို လိုမနေပေ။ သို့သော် သူတို့စိတ်ကျေနပ်အောင်တော့ ပြောပေးရပေဦးမည်။

“ဒုတိယသခင်လေးက အေးအေးဆေးဆေး ကျင့်ကြံနေနိုင်ပါတယ် တောင်ကြားက ကိစ္စအ၀၀ကိုက စွန်းတနဲ့အခြားသူတွေပဲ ဆောင်ရွက်ကြပါလိမ့်မယ်” ကုအန် အနည်းငယ်ရယ်မောလိုက်ကာ ပြောလိုက်သည်။

ကျိရူလိုင် ခေါင်းညိတ်ပြလိုက်ကာ နှုတ်ဆက်စကားအနည်းငယ်ပြောလိုက်၏။

ကျိရူလိုင်၏ ကိုယ်ထဲတွင် ထူးဆန်းသော‌အအေးစွမ်းအင်တစ်မျိုးရှိနေသည်ကို ကုအန် သတိထားမိနေခဲ့သည။် ထိုစွမ်းအင်သည် သူ့ရွှေအမြုတွေ တစ်ဝိုက်တွင် လှည့်ပတ်နေခဲ့ခြင်း ဖြစ်၏။

စကားခဏပြောပြီးသည့်နောက် ကုအန် ဆေးပင်ခူးစရာများရှိသေးသောကြောင့် ခွင့်တောင်းကာ ထွက်လာခဲ့လိုက်သည်။

ကျိရူလိုင် ထွက်ခွာသွားသော ကုအန် ပုံရိပ်ကို ကြည့်ကာ အတွေးလွန်နေခဲ့၏။

ထိုစဉ် လျူဟွမ် ကုအန်နားကိုကပ်ကာ အသံတိုးတိုးဖြင့် မေးလိုက်လေသည်။

“မင်းအရင်က ရှာနေတဲ့ အဓိပတိလျှို့ဝှက်မှတ်တမ်းများ စာအုပ် တွေ့ခဲ့သေးလား”

ကုအန် သူ့ကို အသံတိုးတိုးဖြင့် ပြန်ပြောလိုက်၏။

“ကျွန်တော်မတွေ့ဘူး အဲ့ဒီစာအုပ်က အစအနမကျန်အောင် ပျောက်သွားပြီ အဲ့အကြောင်း မေ့လိုက်ရအောင်ပါ တာအိုပညာရှင် ရွှမ်ချွမ်းနဲ့ အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းက ဖတ်ဖို့ မ‌လောက်လို့လား”

လျူဟွမ် သက်ပြင်းသာချလိုက်ပြီး ပြန်မဖြေဘဲ ထွက်ခွာသွားခဲ့လေသည်။

ကုအန် ခေါင်းယမ်းလိုက်ကာ မအီမသာကြီး ပြုံးလိုက်မိ၏။

လျူဟွမ်သည် အဓိပတိခရီးသွားမှတ်တမ်း အကြောင်းကြားကာ ကုအန်ကိုပင် ထိုစာအုပ်၀ယ်ခိုင်းမည်ဟုမည်သူက ထင်ထားခဲ့မည်နည်း။

ကုအန် လျူဟွမ့် ကျင့်ကြံခြင်းကို အနှောင့်အယှက်ဖြစ်မည်စိုးသောကြောင့် ထိုစာအုပ်ကို ဘယ်တော့မှ တကယ်၀ယ်လာပေးမည် မဟုတ်ပေ။

ထိုအရာအကုန်လုံးမှာ အမတကျင့်ကြံခြင်းကမ္ဘာကြီးကို ညစ်ညမ်းသော အတွေးအခေါ်များစီ တွန်းပို့ပေးလိုက်သော ရှန်းကျန်၏ အမှားများသာ ဖြစ်ပေသည်။

….

ညဉ့်နက်ချိန် ဘုရားကျောင်းပျက်တစ်ခုထဲ၌

ထပ်!

၀တ်ရုံ‌ေြဗာင်၀တ်လူတစ်ယောက် မြေပေါ် ပြုတ်ကျသွားခဲ့ပြီး အနည်းငယ် လိမ့်ပြီးသောအခါ သူ့ကိုယ်မှာ အသက်မဲ့သွားခဲ့၏။

သူ့ဘေးတွင် လူတစ်ယောက်ရပ်နေပြီး ထိုလူမှာ စုဟန်မှ လွဲ၍ အခြားမဟုတ်ပေ။

စုဟန် ၀တ်ရုံဗြောင်၀တ်လူဆီမှ စိတ်ဝိညဉ်စွမ်းအားများကို စုပ်ယူလိုက်ပြီးစတင်ကျင့်ကြံလေတော့သည်။ ကျင့်ကြံနေရင်း သူ့မျက်ခုံးများတွန့်ကွေးနေသောကြောင့် သူ စိတ်ရှုပ်ထွေးနေမှန်း သိသာလှသည်။

သူ့အနားတွင် အခြား အလောင်းလေးလောင်းလည်း ရှိနေသေးပြီး လေးလောင်းလုံးမှာ သေဆုံးနေကြပြီ ဖြစ်၏။

ထိုစဉ် တစ္ဆေချီစွမ်းအင် အနည်းငယ် ဘုရားကျောင်းပျက်ခေါင်မိုးပေါက်မှ ယိုစိမ့်လာခဲ့ပြီး တစ္ဆေမိခင်၏ ပုံရိပ်ပေါ်ပေါက်လာခဲ့သည်။

လရောင်အောက်တွင် ဖြူဖျော့နေသော တစ္ဆေမိခင်၏ မျက်နှာကြီးမှာ ကြောက်စရာကောင်းလှပြီး သူသည် ဘုရားကျောင်းထဲတွင် ကျင့်ကြံနေသော စုဟန်အား ခေါင်မိုးအပေါက်မှ ကြည့်ရှုနေခဲ့၏။

အချိန်အတန်ကြာသောအခါ

စုဟန် မျက်လုံးများပွင့်လာပြီး အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်လေသည်။

တစ္ဆေမိခင်ပြောလိုက်၏။

“ငါနင်ဘယ်မှာရှိနေလဲဆိုတဲ့ သတင်းကို ဖြန့်ထားပြီးပြီ ခုနှစ်ရက်အတွင်း ကျင့်ကြံသူတွေ အများကြီး နင့်ကို လုပ်ကြံဖို့ လာကြလိမ့်မယ် ငါ မြေအောက်ကမ္ဘာလမ်းကိုးသွယ် မကောင်းဆိုးဝါး ၁၄ဖော်ကို ကြီးမြတ်တဲ့ကျင့်ကြံသူတွေကို ထိန်းခိုင်းထားလိုက်မယ် နင်က အဲ့အခွင့်အရေးကို ယူပြီး လာသမျှလူအကုန်လုံးကို သုတ်သင်ပစ် တစ်ယောက်မှ အလွတ်မပေးနဲ့”

ကုအန် ခေါင်းညိတ်ပြလိုက်ကာ မေးလိုက်၏။

“တစ္ဆေမိခင်ဘာလို့ လူအများကြီးက ကိုယ့်သေတွင်းကိုယ်တူးချင်နေကြတာလဲ ကျွန်တော်လည်း သူတို့နဲ့ ရန်ညှိုးမရှိဘူး မဟုတ်လား”

တစ္ဆေမိခင် ခပ်အေးအေးပြန်ပြောလိုက်သည်။

“အချို့ကတော့ နင့်ကို သူတို့ဂုဏ်သိက္ခာတိုးတက်ဖို့ အတွက်သတ်ချင်ကြတာ အချို့ကတော့ ဓားဂိုဏ်းဆီကနေ ဆုလက်ဆောင်တွေ လိုချင်လို့ သတ်ချင်ကြတာ ဒါပေမယ့် တကယ့်အကြောင်းပြချက်အစစ်ကတော့ နင်ကလုံလောက်အောင် မသန်မာသေးလို့ သူတို့က နင့်ကို သတ်နိုင်တယ်လို့ ထင်နေကြလို့ပဲ”

All Chapters