← Chapters

အခန်း (၁၆၇-၁၆၈)

Vol. 14 Ch. 167-168

အခန်း (၁၆၇-၁၆၈)

Vol. 14 Ch. 167-168

အပိုင်း(၁၆၇)

သက်တမ်း ၈ သန်း!

အခေါင်းထမ်းလာသော အနက်ရောင်ပုံရိပ်များကို ကြည့်ကာ ရီလန်နှင့် တပည့်များ မျက်ခုံးများ တွန့်ကွေးသွားခဲ့၏။ တစ်ဖက်လူများ၏ အရှိန်အဝါကို ဖောက်မမြင်နိုင်သောကြောင့် သူတို့ နှလုံးသားထဲ ကြောက်ရွံ့မှုများ ပြည့်နှက်လာခဲ့သည်။

ရောက်ရှိလာကြသူများမှာ မြေအောက်ကမ္ဘာလမ်းကိုးသွယ် မကောင်းဆိုးဝါး ၁၃ ဖော်မှလွဲ၍ အခြားမဟုတ်ပေ။ ညဉ့်အမှောင်အောက်တွင် တစ္ဆေ ၁၃ ကောင်နှယ် ဖြစ်နေသော သူတို့ပုံရိပ်မှာ အတော်လေး ကြောက်စရာကောင်းလှ၏။

“ကျွန်တော်တို့က အဓိပတိဂိုဏ်း ဥပဒေရေးရာခန်းမက တပည့်တွေပါ ခင်ဗျားတို့ ဘာကိုရှာနေတာလဲ”

အမျိုးသားတပည့်တစ်ယောက် ခပ်တင်းတင်းပြောလိုက်လေသည်။ ထိုက်ကန်မင်းဆက်ထဲတွင် အဓိပတိဂိုဏ်းသားတစ်ယောက်ဖြစ်နေရခြင်းက သူတို့ကို ယုံကြည်မှုအနည်းငယ် ပေးနေခဲ့သည်။

ထိုစကားကိုကြားသော်လည်း မြေအောက်ကမ္ဘာလမ်းကိုးသွယ် မကောင်းဆိုးဝါး ၁၃ ဖော်ရပ်တန့်မသွားခဲ့ပေ။ သူတို့ ရှေ့ဆက်တိုးလာသောကြောင့် တပည့်များ နောက်ဆုတ်ပေးဖို့မှ လွဲ၍ ရွေးစရာ မရှိတော့ပေ။

“ကောင်းပြီ သူတို့ကို ခြောက်မနေနဲ့တော့ သူတို့ကို ထွက်သွားခိုင်းလိုက်တော့”

အားနည်းနေသော အသံတစ်ခု ခေါင်းတလားထဲမှ ထွက်ပေါ်လာခဲ့၏။

ကျန်းချင် ‌မျက်လုံးများ ပြူးကျယ်သွားကာ မအော်ဘဲမနေနိုင်ခဲ့ပေ။

“စီနီယာအစ်ကိုစုလား”

စုဟန်လား!

ဥပဒေရေးရာခန်းမမှ တပည့်များအားလုံးထိတ်လန့်သွားကာ အမြန်ဆုတ်ခွာသွားခဲ့ကြ၏။ ရီလန့် အမူအရာလည်း လေးနက်သွားခဲ့သည်။

စုဟန်၏ အမည်သည် အမတကျင့်ကြံခြင်းကမ္ဘာတွင် အတော်လေး ကျော်ကြားပြီး သူ‌့ကျော်ကြားမှုမှာ ကပ်ဘေး တစ်ခု ပျက်သုဉ်းခြင်းတစ်ခုအဖြစ် ကျော်ကျားခြင်း ဖြစ်၏။

“အဲ့တော့ ဒါက မင်းဂျူနီယာညီမလေးကိုး မင်းသူတို့ကို လွှတ်ပေးလိုက်တာမအံ့ဩတော့ပါဘူး ဒါဆိုလည်း အမြန်ထွက်သွားကြ” အနက်ရောင်ပုံရိပ်တစ်ခုက ကြောက်စရာအသံကြီးဖြင့် ပြောလိုက်လေသည်။

ကျန်းချင် ထပ်ပြောဖို့ ပြင်လိုက်သော်လည်း ရီလန်က သူမကို တားလိုက်၏။ ထို့နောက်တွင်တော့ ရီလန် အခြားတပည့်များကို ဦးဆောင်ကာ ဆုတ်ခွာသွားခဲ့ကြသည်။

ဆုတ်ခွာနေရင်း ကျန်းချင် အကြည့်က ခေါင်းတလားဆီသို့သာ ရောက်ရှိနေခဲ့၏။ သို့သော် ကံဆိုးစွာဖြင့် သူခေါင်းတလားကို ဖောက်ထွင်း၍ မမြင်နိုင်ခဲ့ပေ။

ဤသို့ဖြင့် ရီလန်နှင့် တပည့်များ အလျင်အမြန်ဆုတ်ခွာသွားခဲ့ကြလေသည်။

မြေအောက်ကမ္ဘာ မကောင်းဆိုးဝါး ၁၃ဖော် ခေါင်းတလားကိုချလိုက်သောအခါ ခေါင်းတလားထဲမှ စုဟန် ထထိုင်လာခဲ့ပြီး သူ့လက်တစ်ဖက်က ခေါင်းတလား နံရံကို ဆုတ်၍ကိုင်ထားကာ ကျန်းချင်တို့ ထွက်ခွာသွားသည့်ဘက်သို့ ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်ရှုနေခဲ့ကာ သူ့အတွေးများကလည်း နက်နဲနေခဲ့သည်။

မြေအောက်ကမ္ဘာမကောင်းဆိုးဝါး ၁၃ ဖော်လည်း လူခွဲလိုက်ကြပြီး အရပ်မျက်နှာမျိုးစုံတွင် ၀င်္ကပါများ ဆင်ခဲ့ကြ၏။

…

မိုင်ပေါင်းများစွာအဝေးတွင်

တောအုပ်အထက်ရှိ သစ်ပင်ကြီးတစ်ပင် ထိပ်ဖျားတွင် ကုအန် ထိုမြင်ကွင်းကို ကြည့်ရှုနေခဲ့သည်။ သူလက်ပိုက်ထားရင်း ချင်းဟုန်ဓားကို လက်ကြားထဲထည့်ထားပြီး မျက်နှာဖုံးအောက်ရှိ သူ့မျက်လုံးများက တစ္ဆေအလင်းများ တောက်နေခဲ့၏။

တခဏတာ စောင့်ကြည့်ပြီးသောအခါ ကုအန် တောအုပ်ထဲခုန်ဆင်း၍ ‌ပျောက်ကွယ်သွားလေတော့သည်။

…..

နွေဦးရောက်ရှိလာကာ အရာအားလုံး ပြန်လည် ရှင်သန်လာခဲ့ကြသည်။ ကောင်းကင်က အဇူရာရောင်တောက်နေကာ တိမ်ဖြူများဖြင့် အလှဆင်ထားခဲ့ပြီး စိတ်ကြည်နူးဖွယ် မြင်ကွင်းတစ်ခုကို ပုံဖော်ပေးနေခဲ့၏။

တတိယတောင်ကြားတွင်

ကုအန် ဆေးပင်များ ခူးနေခဲ့ပြီး အန်းရှင်းက သူ့ဘေးတွင်လိုက်ကာ ဝါးခြင်းတောင်းကို ကိုင်ထားပေးခဲ့သည်။

ဤနေ့များတွင် ကုအန် နေ့စဉ်အပြင်ထွက်ကာ သာမန်လူများကို ကယ်တင်ပြီး မိစ္ဆာများကို ရှင်းလင်းပေးခဲ့၏။ ထိုအတွက် သူ့သက်တမ်း အများကြီးတိုးတက်မလာခဲ့သော်လည်း တစ်နေ့ကို သက်တမ်း ထောင်ဂဏန်း အနည်းငယ်တော့ တိုးတက်လာခဲ့သည်။

အဓိက အကျိုးရလဒ်မှာတော့ သတ်ဖြတ်၍ရသည့် သက်တမ်း မဟုတ်ခဲ့ပေ။ သူကြောက်မက်ဖွယ် ဖရိုဖရဲ သေမျိုးလောကကြီးအကြောင်း ပိုမို သိရှိလာခဲ့ရခြင်း ဖြစ်ပေသည်။

“တောင်ကြားသခင် ကျွန်မအစ်ကိုအကြောင်း သတင်းတစ်ခုခု မရဘူးလား” အန်းရှင်း သူမအကြာကြီး သိမ်းဆည်းထားရသော မေးခွန်းကို နောက်ဆုံးတွင် ထုတ်မေးလိုက်၏။

ကုအန်သည် အန်းဟောင်နှင့် ဆက်စပ်မှုရှိမှန်း သူသိပေသည်။ အထူးသခြင့် အန်းဟောင်၏ဆရာ လုပိုင်ထျန်းနှင့် ဖြစ်၏။

ဆေးပင်များခူးနေရင်း ကုအန် ဖြေလိုက်သည်။

“ငါကြားတာတော့ သူက ထျန်းဝေ မင်းဆက်မှာ အဲ့ဒီက ထျန်းဝေမင်းသမီးနဲ့ လက်ထပ်တော့မယ် ကြားတယ် မင်္ဂလာပွဲရက်ကိုတော့ အတိအကျမသတ်မှတ်ရသေးဘူး အခုသူ ထျန်းဝေမင်းဆက်မှာပဲ တံခါးပိတ်ကျင့်ကြံနေတယ်”

ထိုကိစ္စမှာ လျှို့ဝှက်ချက်မဟုတ်ဘဲ အတွင်းစည်းဂိုဏ်းထဲတွင်ပင် ပြောဆိုနေကြသော အရာ ဖြစ်၏။ ရွှေစာရင်း၏ နံပါတ် ၁ ပါရမီရှင် အန်းဟောင် လုပ်သမျှ ကိစ္စတိုင်းသည် တပည့်များကြားတွင် အတင်းအဖျင်းများ ဖြစ်လာမည်သာ။

အဓိပတိဂိုဏ်းလည်း ထိုကိစ္စကို အကြီးအကဲများ စုဝေး၍ ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးတွင် အန်းဟောင်၏ မင်္ဂလာပွဲကို ထောက်ခံပေးဖို့ သဘောတူခဲ့ကြသည်။

ထိုစကားကိုကြားမှသာ အန်းရှင်း သက်ပြင်းချနိုင်လိုက်ပြီး ပြုံးလိုက်၏။

“ထျန်းဝေမင်းသမီးရဲ့ ပုံစံနဲ့ ပါရမီကရော ဘယ်လိုတဲ့လဲ တောင်ကြားသခင်”

“သူမ အကျင့်စရိုက်ကိုတော့ ငါလည်းသေချာမသိဘူး အသွင်အပြင်ကတော့ အတော်လေး လှတယ် မင်းအစ်ကိုအကြောင်းမသိဘူးလား တစ်ယောက်ယောက်က လှမနေရင် မင်းအစ်ကိုက တစ်ချက်တောင် လှည့်ကြည့်မှာမဟုတ်ဘူး” ကုအန် ဖြေလိုက်သည်။

အန်းဟောင်အကြောင်းပြောနေရင်း အန်းရှင်းမျက်နှာပေါ်ရှိ အပြုံးပိုမို ပီသလာခဲ့ကာ သူမတို့ ငယ်ဘ၀က ရှက်စရာကိစ္စများကို စတင်ပြောဆိုနေတော့သည်။ ကုအန်လည်း စိတ်မရှည်သည့်ပုံမပြဘဲ ကောင်းကောင်းနားထောင်ပေးနေခဲ့၏။

ကုအန်လည်း အန်းဟောင်၏ လာမည့် မင်္ဂလာပွဲအတွက် ကျေနပ်နေမိသည်။

ကုအန်ကိုယ်တိုင် မင်္ဂလာမဆောင်ဖူးသော်လည်း သူပျိုးထောင်ပေးခဲ့သော တပည့်လေးတစ်ယောက် မင်္ဂလာဆောင်တော့မည့် ကိစ္စကို တွေးမိတိုင်း သူပျော်ရွှင်နေမိ၏။

ဆေးပင်များ ခူးပြီးသောအခါ သူတို့နှစ်ယောက် အိမ်သို့ ပြန်လာခဲ့ကြသည်။

ကုအန် အန်း‌ရှင်းအား ဆေးပင်များကို ဂိုထောင်ထဲ ထည့်သိမ်းဖို့ မှာလိုက်ပြီး သူကိုယ်တိုင်မှာတော့ အိမ်ပေါ်တက်ကာ စာအုပ်တစ်အုပ်နှင့် ဇိမ်ခံဖို့ ပြင်လိုက်၏။

ညနေဘက်ရောက်သောအခါ ကုအန် တတိယတောင်ကြားမှ သူ့သူရဲကောင်းအလုပ်ကို ဆက်လုပ်ရန် ထွက်လာခဲ့လေသည်။

လများ ကုန်လွန်သွားခဲ့ကာ ကုအန်၏ ၉၀ ပြည့် မွေးနေ့လည်း ကျော်လွန်သွားခဲ့၏။ ဤကာလအတွင်း သူ မိစ္ဆာသားရဲ ၁၂၃၀၀ ကိုသတ်ဖြတ်ခဲ့ပြီး သက်တမ်း ၄သိန်းနီးနီး ရရှ်ိခဲ့ကာ သူ့သက်တမ်းမှာလည်း သက်တမ်း ၈ သန်းကို ကျော်လွန်သွားခဲ့သည်။

ကမ္ဘာတစ်ဝှမ်းလုံးရှ်ိ ကျင့်ကြံသူများမှာ မိစ္ဆာများကို သတ်၍ သာမန်လူများကို ကယ်တင်နေကြသည် ဖြစ်ရာ ကုအန် နာမည်မှာ ကျော်ကြားမလာခဲ့သေးပေ။ သို့သော် သူကယ်ခဲ့သော သောင်းချီသည့် လူများက သူ့ကို မှတ်မိနေလေရာ အနှေးနဲ့အမြန် သူ့နာမည်က ကျော်ကြားလာနိုင်ပေသည်။

မင်းဆက်ရှစ်ခုက စစ်ပွဲကို ဆက်လက်ဆင်နွှဲနေပြီး တစ်ခုတည်းအဖြစ် ပေါင်းစည်းဖို့ ကြိုးစားနေကြချိန်တွင် အမတကျင့်ကြံခြင်း ဂိုဏ်းများမှာတော့ မိစ္ဆာများကို သုတ်သင်နေခဲ့ကြသည်။ သို့သော် ဘယ်လောက် သုတ်သင်သင် မိစ္ဆာများမှာ နည်းသွားပုံမရဘဲ ပို၍ပင် တိုးလာခဲ့၏။

မိစ္ဆာကပ်ဘေးသည် မိစ္ဆာများ အလုံးအရင်းဖြင့် ၀င်ရောက်၍ တိုက်ခိုက်ရန် ကြံရွယ်ထားပုံမရဘဲ မင်းဆက်ရှစ်ခုထဲ တဖြည်းဖြည်း စိမ့်၀င်၍ တိုက်ခိုက်ရန် စီစဉ်ထားပုံ ပေါ်ပေသည်။

သို့သော် မိစ္ဆာဘိုးဘေး ပြန်လည်ရှင်သန်လာလျှင်တော့ အခြေအနေများမှာ လုံး၀ ပြောင်းလဲသွားနိုင်၏။

ပျင်းစရာကောင်းလှသော နွေနေ့များတွင်

ကုအန် တောင်ပေါ်လမ်းတစ်ခုတွင် လမ်းလျှောက်နေခဲ့သည်။ လမ်းတစ်လျှောက်လုံးတွင် စစ်ဘေးဒုက္ခသည်များနှင့် ပြည့်နှက်နေပြီး သူတို့ မျက်နှာများမှာ ညစ်ပတ်၍ ဖြူဖျော့နေကော သူတို့ ခန္ဓာကိုယ်များသည်လည်း ယိုင်နဲ့၍ စုတ်ပြတ်နေကြပြီး သူတို့ပုံစံမှာ လမ်းလျှောက်နေသော အလောင်းကောင်များ လိုပင်။ သူတို့နားမှ ကုအန် ဖြတ်သွားသော်လည်း ဘယ်သူမှ သူ့ကိုလှည့်မကြည့်ခဲ့ကြဘဲ သူတို့သည် ကမ္ဘာကြီးပေါ်တွင် သူတို့ အာရုံစိုက်စရာ ဘာမှမရှိတော့ဘူးဟု တွေးနေခဲ့ကြသည်။

ကုအန် ထိုသို့သော အရာမျိုးကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်း မဟုတ်တော့ပေ။

ထိုဒုက္ခသည်များသည် မိစ္ဆာများက သူတို့ အိမ်ယာများကို ဖျက်ဆီးပစ်ခဲ့၍ မတတ်နိုင်ဘဲ အခြားမြို့များသို့ ပြောင်းရွှေ့လာခဲ့ကြရသူများ ဖြစ်ကြ၏။ သို့သော် သူတို့ကို ဒုက္ခပေးသူများမှာ မိစ္ဆာများတွင် မကဘဲ မကောင်းဆိုးဝါးလို လူယုတ်မာများလည်း ပါပေသည်။ ထိုလူများသည် အခြားသူများ၏ ကံဆိုးမှုကို အခွင့်ကောင်းယူကာ ကိုယ်ကျိုးရှာခဲ့ကြပြီး ကုအန်ပင် ဒုက္ခသည်အမျိုးသမီးများကို အတင်းအဓမ္မပြုကျင့်နေသည့် လူယုတ်မာ များကို သတ်ဖြတ်ပစ်ခဲ့သေးသည်။

ကုအန် ထိုဒုက္ခသည်များကို လှည့်မကြည့်ဘဲ မေးခွန်းတစ်ခုကိုသာ စဉ်းစားနေခဲ့၏။

အကယ်၍ သူ့တွင်သာ သက်တမ်းစုဆောင်းသည့် စနစ်မရှိပါက ဤကမ္ဘာကြီးတွင် သူမည်သို့ ရှင်သန်ရနိုင်ပါမည်နည်း။

မြင့်မြင့်ကုန်းမြေများမှာ သာမန်လူတို့၏ ကမ္ဘာကို အန္တရာယ်ပြုရန် မိစ္ဆာများကို မွေးမြူ၍ လွှတ်ထားကြပြီး သာမန် လူသားများက ထိုမိစ္ဆာများနှင့် လူယုတ်မာ များ၏ အန္တရာယ်ပေးခြင်းကို ခံနေခဲ့ကြရသည်။

ကုအန် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်လိုသော်လည်း သူ့ကို မထိခိုက်သရွေ့ သူ့စွမ်းအားဘောင်အတွင်း ထိုသာမန်လူများအတွက် သူတတ်နိုင်သမျှ လုပ်ပေးချင်မိ၏။

သူစဉ်းစားရင်း ရှေ့ဆက်လျှောက်လာခဲ့သည်။

ထိုစဉ် ကုအန် တောင်ဘက်မှ တစ်ခုခုကို အာရုံခံလိုက်မိပြီး နတ်အာရုံသုံးကာ စစ်ဆေးကြည့်လိုက်၏။

သူ့ နိဗာနအဆင့်နတ်အာရုံသည် တောင်တန်းများ ကုန်းမြေများကို ဖြတ်သန်းကာ အဆုံးမဲ့သော အဇူရာပင်လယ်ထက်သို့ ရောက်ရှိသွားခဲ့သည်။

ပင်လယ်ထက်ရှိ မိုးကုတ်စက်ဝိုင်းအဆုံးတွင် အဖြူရောင် အလင်းများ လက်နေသည်ကို ကုအန် တွေ့လိုက်ရ၏။ သေချာအနီးကပ်ကြည့်သော အခါ ထိုအလင်းများသည် ကြာပန်းများ ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ ထိုကြာပန်းများသည် လေထဲတွင် လှေကားသဖွယ် ဖြစ်တည်နေပြီး ထိုကြာပန်းပေါ် တစ်လှမ်းလှမ်းလိုက်ပြီးလျှင် နောက်ကြာပန်းတစ်ခု ပေါ်လာပြီး ကျန်ခဲ့သည့် ကြာပန်းက အလိုလို ပျောက်ကွယ်သွားခဲ့၏။ တာအိုပညာရှင်တစ်ယောက်သည် ထိုကြာပန်းများအပေါ် လှမ်း၍ ရှေ့သို့ ဆက်လာနေခဲ့ပြီး သူ့ပုံစံမှာ သေမျိုးကမ္ဘာဆီ ဆင်းသက်လာသော

အမတတစ်ပါးလိုပင်။

မဟာယနအဆင့် ကျင့်ကြံသူတစ်ယောက်!

နောက်ဆုံးတွင် မဟာယနအဆင့် ကျင့်ကြံသူတစ်ယောက် ပြန်လာချေပြီ။ ကုအန် စိတ်အေးသွားသလို ခံစားလိုက်ရလေသည်။

သူတစ်ယောက်တည်းသာ ဤကပ်ဘေးကို ရင်ဆိုင်ရပါက သူလူများကို ခေါ်ကာ ထွက်ပြေးမည်ဟုပင် ဆုံးဖြတ်ထားခဲ့ရ၏။

လူတစ်ယောက်တည်းကသာ လူမျိုးတုံး သတ်ဖြတ်ခြင်းကြီး တစ်ခုကို ကာကွယ်ခဲ့သည်ကို သိသွားပါက ကြယ်ခုနှစ်လုံး စိတ်ဝိညဉ်နယ်မြေက သူ့ကို မလွဲမသွေ စုံစမ်းစစ်ဆေးလာပေလိမ့်မည်။ ထိုအခါ သူဘယ်လောက်ပုန်းနိုင်နိုင် လုံး၀ ရှာတွေ့မသွားနိုင်ဘူးဟုတော့ ကုအန် ကျိန်းသေ မပြောရဲပေ။ ဤအရာသည် သူ့ကျင့်ကြံခြင်းစည်းမျဉ်းများဖြင့်လည်း ကိုက်ညီမနေပေ။

အကယ်၍ တစ်ယောက်ယောက်ကသာ ထိုဖိအားကို မျှခံပေးနိုင်လျှင်တော့ သူကောင်းကောင်းကြီး လှုပ်ရှားနိုင်မည် ဖြစ်သည်။

ထို့နောက်တွင်တော့ ကုအန် ပေါ့ပါးသော ခြေလှမ်းများဖြင့် ရှေ့သို့ဦးတည်သွားလိုက်ပြီး မိစ္ဆာများကို သတ်ဖြတ်ရန် အစီအစဉ်များ ချနေခဲ့၏။

သူသည် တွေ့သမျှမိစ္ဆာကို သတ်ဖြတ်ခြင်းမဟုတ်ဘဲ သာမန်လူများ မြို့ရွာများကို ဖျက်ဆီးသော မိစ္ဆာများကိုသာ သတ်ဖြတ်ခြင်း ဖြစ်ပေသည်။

အကယ်၍ သူသာ ထိုသတ်ဖြတ်ခြင်းမှ သက်တမ်း သိန်းချီ ရနေလျှင်တော့ သုံးနှစ်မပြည့်ခင်တွင် အဆင့် ချိုးဖျက်နိုင်ပေလိမ့်မည်။

ကုအန် အမတလမ်းစဉ်၏ ဒုတိယအဆင့်အကြောင်း အတော်လေး သိချင်နေခဲ့မိသည်။

…..

ခန်းထျန်ဂိုဏ်းမှ တာအိုသခင် ပြန်လာခြင်း!

ဤသတင်းက ဗုံးတစ်လုံးကြဲလိုက်သလိုပင် အမတကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။ ထိုသတင်း အဓိပတိဂိုဏ်းဆီ ရောက်လာသောအခါ တပည့်များလည်း အားတက်ကုန်ကြပြီး တာအိုသခင်နှင့် ပတ်သက်သော ဒဏ္ဍာရီအမျိုးမျိုးကလည်း မြို့တိုင်းတွင် ပြန့်နှံ့ကုန်တော့သည်။

ကုအန် စာအုပ်ခန်းမသို့ စာအုပ်များ ပြန်အပ်ရန် ရောက်သောအခါ တပည့်များစွာ ဆွေးနွေးနေကြသည်ကို ကြားခဲ့ရ၏။

တာအိုသခင်နှင့် ပတ်သက်သော သတင်းမှာနည်းပါးလှသော်လည်း ထင်ရှားသည်မှာတော့

ချန်းထျန်ဂိုဏ်းက သူ့ကို မဟာယနအဆင့် တစ်ယောက်ဟု သတ်မှတ်ထားခြင်းပင်။

နှစ်ပေါင်းများစွာ ကပ်ဘေးဖြစ်ခဲ့ပြီးသည့်နောက် မဟာယနအဆင့်သည် ကျင့်ကြံခြင်းကမ္ဘာတွင် လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။ ထိုအဆင့်က လူသားစိတ်ဝိညဉ်၏ အဆုံးသတ်ကို ကိုယ်စားပြုပြီး အမတကျင့်ကြံခြင်းကမ္ဘာ၏ အမြင့်ဆုံး အဆင့်၏ သင်္ကေတလည်း ဖြစ်ပေသည်။

တာအိုသခင်ပြန်လာသောအခါ အခြား‌ဂိုဏ်းပေါင်းစုံလည်း မဟာယနအဆင့်တစ်ယောက်များ ရှိနေမလားဆိုသည့် မျှော်လင့်ချက်ဖြင့် သူတို့ ဘိုးဘေးများကို ပြန်လည်ဆက်သွယ်ခဲ့ကြ၏။

ထိုလတွင် ထိုက်ကန်မင်းဆက်အောက်တွင် ဝူကျန်းမင်းဆက်က အရှုံးပေးခဲ့ပြီး ထိုက်ကန်မင်းဆက်က နောက်ထပ် မင်းဆက်တစ်ခုကို သိမ်းပိုက်ခဲ့ပြန်သည်။ ထျန်းဝေမင်းဆက်ကလည်း မဟာကျိုးမင်းဆက်ကို သိမ်းပိုက်နိုင်ခဲ့ပြီး နဂိုက ၉ခုရှိခဲ့သော မင်းဆက်သည် ယခုအခါ မင်းဆက် ၆ခုအဖြစ် ပြောင်းလဲသွားခဲ့၏။

အကျယ်အ၀န်းတွင်တော့ ထိုက်ကန်မင်းဆက်က သာနေပြီး လီရွှမ်တောက် နာမည်ကို ကျင့်ကြံခြင်းကမ္ဘာတွင်ပင် ပြောနေခဲ့ကြသည်။

တစ်နာရီခွဲခန့်ကြာသောအခါ ကုအန် အပြင်စည်းမြို့မှ ထွက်လာခဲ့ပြီး မြောက်ပင်လယ်တောင်တန်းဒေသရှိ ရွှမ်မင်၏ ဆေးဉယျာဉ်တွင် ဆေးပင်များခူးရန် ထွက်လာခဲ့၏။

ညဉ့်နက်ချိန်တွင် ကုအန် ထိုနေရာမှ ထွက်လာခဲ့ပြန်သည်။

ဤတစ်ကြိမ်တွင် သူတောင်ကြားတစ်ခုသို့ ထွက်လာခြင်း ဖြစ်ဧ။။် ဤတောင်ကြားသည် အနီးရှိ မြို့တစ်မြို့နှင့် မိုင်၂၀၀ ခန့်သာ ဝေးသော အရပ်တွင်ရှိခြင်း ဖြစ်ပေသည်။ တောင်ကြားထဲတွင် မိစ္ဆာစွမ်းအင်များ သိပ်သည်းနေပြီး ထိုထဲတွင် လူပေါင်းဒါဇင်နှင့်ချီ ဖမ်းခံထားရကာ မိစ္ဆာ ၂၀၀ ခန့် တောင်ကြားထဲတွင် ရှိနေခဲ့၏။ အသန်မာဆုံးမိစ္ဆာမှာ စိတ်ဝိညဉ်အခြေတည်အဆင့်ဖြစ်ပြီး ထိုကောင်သည် ဒဏ်ရာအပြင်းအထန်ရနေခဲ့ကာ ထို့ကြောင့်လည်း သူ့တပည့်နောက်လိုက်များကို လူများ ဖမ်းခိုင်းခဲ့ခြင်း ဖြစ်သည်။

ကုအန် ‌ကမ်းပါးပေါ်တွင် ရပ်နေရင်း တောင်ကြားထဲရှိ မီးအလင်းရောင်ကို ကြည့်ရှုနေခဲ့၏။

ထို့နောက်တွင်တော့ သူမတုန့်ဆိုင်းတော့ဘဲ ခုန်ဆင်းသွားခဲ့လေသည်။

လူသားကမ္ဘာရှိ မိစ္ဆာများကို ရင်ဆိုင်ရာတွင် ကုအန် နတ်သိုင်းများ မှော်သိုင်းများ မသုံးဘဲ ဓားသိုင်းကိုသာ သုံး၍ သတ်ဖြတ်၏။

အချိန်တခဏကြာသောအခါ

တောင်ကြားထဲရှိ သာမန်လူများ ကုအန်ရှေ့ရှ်ိမြက်ခင်းတွင် ဒူးထောက် ခေါင်းငုံ့၍ အရိုအသေ ပေးနေခဲ့ကြသည်။

ကုအန် ရှေ့ရှိ တောင်နံရံတွင်မူ ကြောင်မိစ္ဆာကြီးတစ်ကောင် နံရံထဲ မြုပ်၀င်နေပြီး သူ့ကိုယ်သည် သွေးများဖြင့် ပြည့်နှက်နေခဲ့သည်။

သူ့အောက်ဘက်ရှ်ိ ကုအန် ဘေးပတ်လည်တွင်တော့ မိစ္ဆာအလောင်းများဖြင့် ပြည့်နှက်နေပြီး မြင်ကွင်းမှာ သွေးပျက်စရာပင်။

ကုအန် ပြောလိုက်သည်။

“မင်းတို့ အမြန်ပြန်သင့်တယ်”

ထိုစကားကိုကြားသောအခါ သာမန်လူများ တောင်အပေါက်၀ ဆီသို့ အမြန်ပြေးကုန်ကြ၏။

ကုအန်အကြည့်က ကြောင်မိစ္ဆာကြီးအောက်ရှိ မြေပြင်ပေါ်တွင် လဲှလျောင်းကာ တွန့်နေသော အသွင်ပြောင်းမိစ္ဆာတစ်ကောင်ဆီ ရောက်ရှိသွားခဲ့သည်။

ရုတ်တရက် အမျိုးသမီးတစ်ယောက် ပြေးနေရာမှ ကုအန်ဘက် ပြန်လှည့်လာပြီး ပြောလိုက်၏။

“ကြင်နာပေးပါဆရာ ဒီမိစ္ဆာက ကျွန်မတို့ကို ဂရုစိုက်ပေးပြီး ကယ်တင်ပေးဖို့တောင် ကြိုးစားပေးခဲ့ပါတယ် ကျေးဇူးပြုပြီး သူ့ကိုမသတ်ပါနဲ့”

သူပြောလိုက်သည်နှင့် အခြားသူများလည်း ပြေးနေရာမှ ရပ်သွားပြီး ထိုအမျိုးသမီး ညွှန်ပြနေသော မိစ္ဆာကို တွေ့သောအခါ ခွင့်လွှတ်ပေးရန် သူတို့ပါ ဝိုင်း၀န်းတောင်းဆို ကြတော့သည်။

ကုအန် လက်ကာပြလိုက်သောအခါ သာမန်လူများ ရွေးစရာမရှိတော့ဘဲ တောင်ကြားမှသာ ထွက်သွားခဲ့ရ၏။ အမျိုးသမီးလည်း နှုတ်ခမ်းကို တစ်ချက်ကိုက်လိုက်ပြီး လူအုပ်နှင့်သာ ုလိုက်ပါသွားခဲ့လေသည်။

မကြာခင်တွင် တောင်ကြားမှာ တိတ်ဆိတ်သွားခဲ့သည်။

အသွင်ပြောင်းမိစ္ဆာ ကြောင်မိစ္ဆာကြိးအောက်ဘက်တွင် ကြိုးစား၍ တုန်တုန်ရီရီနှင့် ရပ်လိုက်၏။ သူ့ပုံစံမှာ မိစ္ဆာတစ်ကောင်ထက် လူသားတစ်ယောက်နှင့် ပိုတူပေသည်။

“သတ်ချင်သတ် ဖြတ်ချင်ဖြတ် မင်းသဘောပဲ….” ကျန်းပုကူ သူ့ရှေ့ရှိ ဆန်းကြယ်‌ေသာဓားကျင့်ကြံသူကို အံတင်းတင်းကြိတ်၍ ပြောလိုက်ပြီး သူ့မျက်လုံးထဲတွင် မည်သည့်ကြောက်ရွံ့သည့် အရိပ်အယောင်မှ ရှိမနေခဲ့ပေ။

အပိုင်း(‌၁၆၈)

အစိမ်းရောင်သူရဲကောင်း ပေါ်လာခြင်း၊ ကမ္ဘာကြီးကို စောင့်ရှောက်သူ ၉ ဦး

သူ့ရှေ့ရှိ အသွင်ပြောင်းမိစ္ဆာကို ကြည့်နေရင်း ကုအန် မှတ်ညဏ်များ လှုပ်ခါသွားခဲ့သည်။

သူ့အတွေးထဲတွင် သူ့ဆရာတူအစ်ကိုကြီးဖြစ်သူ ကျန်းချွမ်းချူ နှင့် အတူတူနေခဲ့ရသော အချိန်များကို ပြန်တွေးနေခဲ့မိ၏။

သူ့ရှေ့ရှိ အသွင်ပြောင်းမိစ္ဆာမှာ ကျန်းချွမ်းချူ၏သား ကျန်းပုကူ မှလွဲ၍ အခြားမဟုတ်ပေ။

သူတို့တွေ့ခဲ့စဉ်က ကျန်းပုကူသည် ကောင်လေးတစ်ယောက်သာ ဖြစ်သော်လည်း အခုတော့ ကြီးပြင်းနေလေပြီ။

ယခုလို ကျန်းပုကူ၏ သနားစရာ ဆိုးဝါးလှသော အခြေအနေအား တွေ့ပါက သူ့အစ်ကိုကြီး ရင်ကွဲရပေလိမ့်မည်။

ကုအန် ထိုသို့တွေးနေရင်း အတွေးနယ်ချဲ့နေမိသည်။

ကျန်းပုကူ၏ ဒဏ်ရာများသည် သူ့ကြောင့်ရခဲ့ခြင်းမဟုတ်ပေ။ သူ၀င်မပါခင်ကတည်းက ထိုကောင်လေးသည် အခြားမိစ္ဆာများ၏ အနိုင်ကျင့်ခြင်းကို ခံနေခဲ့ရခြင်း ဖြစ်သည်။ သူ မိစ္ဆာများကို မသတ်ခင်က ကျန်းပုကူ သူ့ဆီပြေး၀င်လာ၍ သူတစ်ချက်ကန်လိုက်၍ ကျန်းပုကု မြေပေါ် လဲသွားရုံသာ ဖြစ်၏။ ထိုအခြေအနေကနေ အခုမှသာ ခက်ခက်ခဲခဲ ထလာနိုင်ခြင်း ဖြစ်သည်။

ရွာသွားများပြောစကားအရ ကျန်းပုကူသည် မကောင်းဆိုးဝါးတစ်ကောင် မဟုတ်ခဲ့ပေ။

သို့သော် ဤကောင်လေး၏ အပြုအမူများသည် ဘာကြောင့် သေလမ်းရှာနေသလို ဖြစ်နေရသနည်း။

ကုအန် ချင်းဟုန်ဓားကိုမြှောက်ကာ သူ့ကိုရွယ်ထားလုိက်ရင်း မေးလိုက်သည်။

“မင်းတကယ်ပဲ သေချင်နေတာလား”

ကျန်းပုကူ ဘာမှမပြောတော့ဘဲ မတုန့်မဆိုင်း ကုအန်ဆီသို့သာ ပြေး၀င်လာလေတော့သည်။

ကုအန် ဓားကိုတစ်ချက်လှည့်လိုက်ပြီး ကျန်းပုကူ ရင်ဘတ်ကိုသာ ဓားရိုးဖြင့် တစ်ချက်ရိုက်လိုက်၏။ ထို့နောက် ကျန်းပုကူ တိုက်ကွက်ကို ကိုယ်အပေါ်ပိုင်း နောက်သို့ လှန်၍ ရှောင်လိုက်သည်။

ကျန်းပုကူ ထပ်မတိုက်ခိုက်ခင်တွင် ကုအန် သူ့မျက်နှာဖုံးကိုချွတ်လိုက်ကာ မျက်နှာဖုံးကို ကျန်းပုကူ မျက်နှာပေါ်တွင် တပ်ပေးလိုက်၏။

ကျန်းပုကူ အလိုလိုနောက်ဆုတ်သွားခဲ့ရပြီး သူ့မျက်နှာပေါ်ရှိ မျက်နှာဖုံးကိုဖယ်ကာ ကုအန်ကို ဒေါသတကြီး ကြည့်နေခဲ့သည်။ သူ့လက်ထဲရှိ မျက်နှာဖုံးကို ချိုးဖို့လုပ်နေရင်း ကုအန်ကိုတွေ့သွားကာ သူ့မျက်လုံးများ ပြူးကျယ်သွားခဲ့၏။

“ကု….ဆရာဦးလေးကုလား”

ကျန်းပုကူ ဂရုတစိုက်မေးလိုက်သည်။

ကုအန် ထုတ်ပြခဲ့သော ဓားစွမ်းရည်သည် သူ့အစစ်အမှန် ကျင့်ကြံခြင်းနှင့် အလွန်ကွာနေသောကြောင့် သူ့သရုပ်မှန်ပေါ်သွားမည်ကို မစိုးရိမ်ခဲ့ပေ။

ထို့အပြင် ထိုသို့ပြလိုက်မှလည်း ကျန်းပုကူကို ရပ်အောင်လုပ်နိုင်ပေလိမ့်မည်။

ကုအန် ပြုံး၍ မေးလိုက်၏။

“မင်းငါ့ကိုမှတ်မိသေးတယ်လား”

ကျန်းပုကူ သူ့မျက်နှာပေါ်ရှိ သွေးများကို သုတ်လိုက်ကာ စိတ်လှုပ်ရှားစွာ ဖြေလိုက်လေသည်။

“မှတ်မိတာပေါ့ ဆရာဦးလေးက ကျွန်တော့်ကို စိတ်ဝိညဉ်စွမ်းအင်ဆေးတွေတောင်ပေးခဲ့တာ ကျွန်တော်က ဘယ်မေ့နိုင်ပါ့မလဲ”

ကုအန် သူ့ဓားကိုပြန်သိမ်းလိုက်ပြီး ကုသရေးဆေးများ ထုတ်ပေးလိုက်ကာ အရင် ကုသခိုင်းလိုက်၏။

ကျန်းပုကူ မငြင်းခဲ့ဘဲ ဆေးများကို မြိုချလိုက်ကာ တရားထိုင်လိုက်ပြီး စတင် ကုသခဲ့သည်။ သူကုသနေရင်း ကုအန် မိစ္ဆာရတနာများ သိမ်းနေခြင်းကို ကြည့်ရှုနေခဲ့၏။

တစ်နာရီခန့် ကြာသောအခါ သူတို့နှစ်ယောက် မြစ်အသေးလေးတစ်စင်းဆီ ရောက်ရှိလာခဲ့ကြသည်။ ကျန်းပုကူ မြစ်ကမ်းဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ကာ မျက်နှာသစ်ပြီး သူ့‌ဒဏ်ရာများကို ဆေးကြောနေခဲ့၏။

သူပြီးသောအခါ မျက်နှာဖုံးပြန်၀တ်ထားပြီ ဖြစ်သော ကုအန်ကို ကြည့်ပြီး မေးလိုက်သည်။ “ဆရာဦးလေးကု ဘာလို့ ဒီလို၀တ်စားထားတာလဲ”

သူသည် အရင်ကလို တောသားလေးတစ်ယောက် မဟုတ်တော့ပေ။ အမတကျင့်ကြံခြင်းကမ္ဘာထဲတွင် နှစ်ပေါင်းများစွာ လှည့်လည်သွားလာပြီးသည့်နောက် သ အဓိပတိဂိုဏ်း၏ အဆင့်အတန်းအကြောင်း သိရှိလာပြီး ဖြစ်သည်။

ထိုက်ကန်မင်းဆက်တွင် အဓိပတိဂိုဏ်းသားများသည် ဘယ်နေရာလောက်လောက် ဂုဏ်ပြုခံကြရသူများ ဖြစ်ကြ၏။

ကုအန် ဖြေလိုက်သည်။ “ဒီဖရိုဖရဲကာလကြီးမှာ ငါဒုက္ခရောက်နေတဲ့ လူတွေကို ကယ်တင်ပေးချင်ပေမယ့် ငါ့ဆီပြဿနာတွေရောက်လာမှာလည်း ကြောက်တယ်လေ အဲ့တာကြောင့် ဘယ်သူမှ မမှတ်မိ‌ေအာင် မျက်နှာဖုံး တပ်ထားတာ”

ကျန်းပုကူ ရုတ်တရက်နားလည်သွားပြီး သူ့အဖေပြောခဲ့သော ကုအန်အကြောင်းကိုလည်း သတိရသွားခဲ့သည်။

ရှက်တတ်ကြောက်တတ်တယ်၊ သတိကြီးတယ်၊ ဒါပေမယ့် ကြင်နာတတ်တဲ့ နှလုံးသားလည်းရှိတယ်!

“ငါဘာလုပ်ခဲ့လဲဆိုတာ ဘယ်သူ့ကိုမှ မပြောပါနဲ့” ကုအန် ဆက်ပြောလိုက်သည်။

ကျန်းပုကူ ရယ်မောလိုက်ကာ ပြောလိုက်၏။

“မစိုးရိမ်ပါနဲ့ ကျွန်တော်ပါးစပ်ပိတ်ထားပါ့မယ် နောက်ပြီး ဆရာဦးလေးက ကျွန်တော့်ကို ကယ်ခဲ့တာ ကျွန်တော်က ဘယ်လိုလုပ် ဆရာဦးလေးထိခိုက်အောင် လုပ်နိုင်ပါ့မလဲ”

ကုအန် သူ့ခေါင်းကို ပွတ်ပေးလိုက်ပြီး မေးလိုက်သည်။

“မင်းကဘယ်လိုလုပ် ဒီမိစ္ဆာတွေနဲ့ ရောနှောနေရတာလဲ”

သူ့စကားကိုကြားသောအခါ ကျန်းပုကူ အပြုံးအေးခဲသွားပြီး ခေါင်းငုံ့သွားခဲ့၏။

ညသည် လေပူများ တိုက်ခတ်နေခဲ့ပြီး ကုအန် ကျန်းပုကူကိုကြည့်ကာ သက်ပြင်းသာ ချလိုက်မိသည်။

တကယ်တော့ သူမပြောဘဲပင် အခြေအနေကို ကုအန် ခန့်မှန်းမိပြီး ဖြစ်သည်။

လူသားများကြားတွင် မွေးဖွားလာသော လူသားနှင့်မိစ္ဆာ၏ သွေးသားတစ်ယောက်အနေနှင့် ကြီးပြင်းလာလေလေ သူ့မိစ္ဆာချီများမှာ သိသာလာမည်သာ။ ထို့ကြောင့် လူသားများက သူ့ကို လက်မခံတော့ပေ။ မိစ္ဆာကလန်သို့ စိတ်ပါလက်ပါ ၀င်ရအောင်မှာလည်း သူ့အဖေ ကျန်းချွမ်းချူက ငယ်စဉ်ကတည်းက သူ့ယုံကြည်မှုကို ပုံသွင်းထားခဲ့လေရာ သူမည်သို့ ထိုမိစ္ဆာများနှင့် ပေါင်းစပ်နိုင်မည်နည်း။

ကုအန် မလာခင်ကတည်းက ထိုမိစ္ဆာများ သူ့အား သူ၏မသန့်စင်သော သွေးမျိုးဆက်ကြောင့် လှောင်ပြောင်နေခဲ့သည်ကို ကြားထားပြီး ဖြစ်သည်။ မိစ္ဆာများမှာလည်း သူ့ကို လက်ခံပုံမပေါ်ပေ။

“ငါဒီကျင့်စဉ်ကို ရွက်ဝါတစ်ထောင်မျှော်စင်လို့ ခေါ်တဲ့နေရာက ရလာတာ လမ်းမှန်းဂိုဏ်းက လူတစ်ယောက်အနေနဲ့ ငါဒါကို မကျင့်ကြံသင့်ဘူး အဲ့တာကြောင့် မင်းကိုပေးမယ်” ကုအန် ရုတ်တရက်ပြောလိုက်၏။ ထို့နောက် သိုလှောင်အိတ်ထဲမှ စာအုပ်တစ်အုပ် ထုတ်လိုက်လေသည်။

စာအုပ်အမည်မှာ မိစ္ဆာအရိပ်နတ်သိုင်း ဖြစ်ပေသည်။

တကယ်တော့ ထိုသိုင်းသည် အစွန်းကိုးပါးယင်ယန်ခန္ဓာအတွက် ကျင့်စဉ်ဖြစ်၏။

ထိုစကားကိုကြားသောအခါ ကျန်းပုကူ ကုအန်ကို မော့ကြည့်လိုက်ပြီး ငေးမောနေမိသည်။

သူ့အသက် ၁၆နှစ်တုန်းကလည်း သူ့ဆရာဦးလေးသည် ဘာအကျိုးကိုမှ မမျှော်ဘဲ အကူအညီပေးခဲ့ဖူး၏။

သူထရပ်လိုက်ကာ တွန့်ဆုတ်နေခဲ့မိသည်။

ကုအန် သူ့ရင်ဘတ်ထဲ စာအုပ်ကို ထည့်ပေးလိုက်ပြီး ပြောလိုက်၏။

“ယူလိုက်ပါ နောက်ပြီးမှတ်ထား ဒီကျင့်စဉ်ကို ငါပေးခဲ့တယ်‌‌ဆိုတာ ဘယ်သူ့မှ မပြောနဲ့”

ကျန်းပုကူ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ မေးလိုက်သည်။

“ဆရာဦးလေးကု ကျွန်တော်က လူသားတစ်ယောက်လား မိစ္ဆာတစ်ကောင်လား ဘာလို့ လူသားမျိုးနွယ်ရော မိစ္ဆာမျိုးနွယ်ကပါ ကျွန်တော့်ကို လက်မခံချင်ကြတာလဲ”

ကုအန် အံ့အားသင့်သွားဟန်ဖြင့် ပြန်မေးလိုက်၏။

“ဘယ်သူက မင်းကိုဘယ်သူမှလက်မခံချင်ဘူးလို့ ပြောလဲ ငါမင်းကို လက်ခံနိုင်တယ်လေ မင်းလူသားပဲဖြစ်ဖြစ် မိစ္ဆာပဲဖြစ်ဖြစ် အရေးကြီးလို့လား ပုကူ မင်းအခုခံစားနေရတဲ့ နာကျင်မှုတွေဆိုတာက ဒီဖရိုဖရဲ ကာလကြီးကြောင့်လည်း ဖြစ်နိုင်ပါတယ်ကွာ မင်း ဒီတောင်ကြားမှာ ဖမ်းခံခဲ့ရတဲ့ လူသားတွေကို စဉ်းစားကြည့် သူတို့မှာ သူတို့ကံကြမ္မာကို သူတို့ထိန်းချုပ်နိုင်စွမ်း ရှိရဲ့လား မင်းကတော့ ကျင့်ကြံနိုင်ပြီးပြီပဲ သက်ရှိ ၉၀ ရာခိုင်နှုန်းထက် မင်းကသာလွန်နေပါပြီ”

ပုကူ ကုအန်ကိုကြည့်နေရင်း ထိုနာကျင်ခံစားနေရသော လူများအကြောင်း တွေးနေခဲ့မိသည်။

“အရေးကြီးတာက မင်းဘယ်လိုလူအဖြစ် မွေးလာလဲဆိုတာ မဟုတ်ဘူး အနာဂတ်မှာ မင်းဘယ်လိုလူ ဖြစ်လာချင်လဲ ဆိုတာပါပဲ” ကုအန် လေးလေးနက်နက် ပြောလိုက်သည်။

ကျန်းပုကူ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ပြောလိုက်၏။

“ညဏ်အလင်းဖွင့်ပေးလို့ ကျေးဇူးတင်ပါတယ် ဆရာဦးလေး ကု”

ကျန်းပုကူ သူ့ကိုယ်သူ နာကျင်အောင်လုပ်နေဦးမည်စိုးသောကြောင့် ကုအန် ဆက်ပြောလိုက်သည်။

“မင်းအဖေငယ်ငယ်တုန်းကသူက သူ့စိတ်ဝိညဉ်အမြစ်သာ အရည်အသွေးနိမ့်မနေရင် ဘယ်လောက်ကောင်းမလဲလို့ အမြဲပြောနေလေ့ရှိတယ် သူက ကမ္ဘာတစ်ခွင် လျှောက်သွားချင်တယ် တောင်တန်းတွေ မြစ်တွေကိုဖြတ်ပြီး အမြင့်ဆုံးတောင်ထိပ်ပေါ်တက်ပြီး ကောင်းကင်ကို အမတတွေဆိုတာ တကယ်ရှိရဲ့လားလို့ တက်မေးချင်ခဲ့တာ

အခုမင်းမှာရှိတဲ့အရာက မင်းအဖေ သူ့ဘ၀တလျှောက်လုံး မထိတွေ့နိုင်ခဲ့တဲ့ အရာပဲ ကြိုးစားပြီးကျင့်ကြံ အမတကျင့်ကြံခြင်းလမ်းစဉ်က မင်းကို ဘ၀ရဲ့အဓိပ္ပာယ်ကို လမ်းပြပေးလိမ့်မယ်”

ကျန်းပုကူ၏ သက်တမ်း အကန့်အသတ်မှာ ၂၃၀၀ ဖြစ်လေရာ သွေးနှောတစ်ယောက်ဖြစ်ပါသော်လည်း သူ့ပါရမီမှာ မနိမ့်မှန်း ပြသနေခဲ့သည်။

ပြောပြီးသည်နှင့် ကုအန် ကျန်းပုကူပုခုံးကို ပုတ်လိုက်ပြီး သိုလှောင်အိတ်တစ်လုံး ပစ်ပေးလိုက်ကာ ထွက်ခွာသွားခဲ့၏။

ကျန်းပုကူ အမြန်မေးလိုက်လေသည်။

“ဆရာဦးလေးကု ဘယ်သွားမလို့လဲ”

“မင်းလိုမျိုး နာကျင်ခံစားနေရတဲ့လူတွေကို ကယ်တင်ဖို့”

ကုအန် ဖြေလိုက်သည်။

ကုအန် လက်မြှောက်၍သာ နှုတ်ဆက်ခဲ့ပြီး သူ့ကို လှည့်မကြည့်ခဲ့ပေ။

သူ့ပုံရိပ်ကိုကြည့်နေရင်း ကျန်းပုကူ မျက်လုံးထဲ အားကျမှုများ ပြည့်နှက်လာခဲ့၏။

ဆရာဦးလေးကုတွင် မိဘများမရှိခဲ့ဘဲ အစေခံတစ်ယောက်အဖြစ်သာ မွေးလာသူဖြစ်မှန်း သူသိပေသည်။ သူ့တွင်တော့ အနည်းဆုံး သူလူကြီးဖြစ်ချိန်အထိ အဖော်ပြုပေးခဲ့သော အဖေတစ်ယောက် ရှိခဲ့သေးသည်။

ထို့ကြောင့် အကယ်၍ ဆရာဦးလေးကုတောင် လွတ်လပ်သော စိတ်ဝိညဉ်မျိုး ရှိနေလျှင် သူက ဘာကြောင့် သူ့ကိုယ်သူ သနားစရာကောင်းအောင် နေနေရမည်နညး်။

ကျန်းပုကူ ကုအန်ပစ်ပေးခဲ့သော သိုလှောင်အိတ်ကို ကောက်လိုက်၏။ နတ်အာရုံသုံး၍ အိတ်ထဲ စစ်ကြည့်လိုက်သောအခါ သူ့အမူအရာ ရှုပ်ထွေးသွားခဲ့ရသည်။

အထဲတွင် ကုအန် အစကရင်ဆိုင်ခဲ့သော မိစ္ဆာများထံမှ ရခဲ့သည့် မိစ္ဆာရတနာများ ရှိနေခဲ့၏။

သိုလှောင်အိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ခေါင်းငုံ့နေသော ကျန်းပုကူ ပါးပြင်ပေါ် မျက်ရည်များ စီးကျလာခဲ့သည်။ သူငိုနေရင်း သူနှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားပြီး အပြုးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့၏။

“ကျွန်တော်ကြိုးစားကျင့်ကြံပါ့မယ် ဆရာဦးလေကု တစ်နေ့မှာ ဆရာဦးလေးကို ပြန်လည်ပေးဆပ်ပြီး ဆရာဦးလေး ဂုဏ်ယူရတဲ့လူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ့မယ်”

….

အချိန်တစ်နှစ်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့လေသည်။

ဤတစ်နှစ်လုံးတွင် ပင်လယ်ရပ်ခြားမှ ကြီးမြတ်သောကျင့်ကြံသူကြီးများ အလျိုလျိုပြန်လာနေခဲ့ကြပြီး သူတို့သတင်းများက ကုန်းမြေတစ်ခုလုံးတွင် ပြန့်နှံ့နေခဲ့၏။

ကုအန်တွင်လည်း ကောင်းမွန်သောနှစ်တစ်နှစ်ရှိခဲ့ပြီး သူသည် ဆေးပင်မခူးရသော အချိန်များတွင် သူရဲကောင်းအလုပ်ကို ဆက်လုပ်နေခဲ့သည်။

တဖြည်းဖြည်းနှင့် သာမန်လူများကြားထဲတွင် ဓားသမားတစ်ယောက်၏ ဒဏ္ဍာရီစတင်ပြန့်နှံ့လာခဲ့ကာ ထိုဓားသမားကို အစိမ်းရောင်ဓားသူရဲကောင်းဟု ခေါ်ရာမှ ပုံပြင်များ ပိုမိုများပြားလာသောအခါ ထိုနာမည်မှ အစိမ်းရောင်သူရဲကောင်း အဖြစ်ပြောင်းလဲသွားခဲ့၏။

ဆန်းကြယ်တောင်ကြားတွင် ကုအန် ချူကျင့်ဖုန်းနှင့် ဓားသိုင်းလေ့ကျင့်နေခဲ့ကြသည်။

ရီလန်မှာတော့ ဘေးမှ ကြည့်ရှုနေခဲ့၏။

နောက်ဆုံးတွင် ကုအန် ချူကျင့်ဖုန်းအား ပွတ်ကာသီကာ အနိုင်ရသွားခဲ့လေသည်။ နှဖူးပေါ်မှချွေးများကို သုတ်လိုက်ပြီး ကုအန် သက်ပြင်းချကာ ပြောလိုက်သည်။

“စိတ်ဝိညဉ်စွမ်းအင်မသုံးဘဲ ဓားပညာသက်သက်ဆို ညီကိုချူ ကိုအနိုင်ယူဖို့ တကယ်ခက်တာပဲ”

ချူကျင့်ဖုန်းလည်း အသက်ပြင်းပြင်းရှူနေရင်း ပြုံးကာ ပြောလိုက်၏။

“မင်းဓားပညာကလည်း အတော်ကောင်းပါတယ် ငါရှူံးနိမ့်ရတာကို နောင်တမရမိဘူး”

ကုအန်လည်းအလွယ်တကူ အနိုင်ရသွားခြင်းမဟုတ်သောကြောင့် သူ့ရှုံးနိမ့်မှုကို သူမရှက်မိပေ။

ထို့နောက်တွင်တော့ ကုအန်နှင့်ရီလန့်ကို မနှောင့်ယှက်ချင်တော့သောကြောင့် သူထွက်သွားခဲ့၏။

ကုအန် ရီလန့်ကို အိမ်ပေါ်သို့ ခေါ်သွားခဲ့သည်။

အခန်းထဲ ရောက်သောအခါ ကုအန် မျက်နှာသစ်နေချိန်တွင် ရီလန် အခန်းတံခါးကို ပြန်ပိတ်လိုက်ပြီး ခုံတွင်ထိုင်ကာ ပြောလိုက်၏။

“အခုနောက်ပိုင်း မင်းဆက်ငါးခုမှာ မိစ္ဆာတွေပိုများလာတယ် ဆန်းကြယ်နှလုံးသားအဆင့် မိစ္ဆာတွေတောင်ပေါ်လာပြီ ကြည့်ရတာ ခေါင်းခြောက်လုံးပင်လယ်နဂါး သေဆုံးခြင်းက မိစ္‌ဆာနယ်မြေကို အကျိုးသက်ရောက်မှ မရှိခဲ့ဘူးထင်တယ်”

မနှစ်က ချန်းတန်မင်းဆက်ကို မဟာကျင်းမင်းဆက်က သိမ်းပိုက်နိုင်ခဲ့ပြီး ကမ္ဘာကြီးတွင် မင်းဆက်များ ပိုမိုနည်းပါးလာခဲ့လေသည်။

“ညီမလေးကြားတာတော့ မိစ္ဆာနယ်မြေမှာ မိစ္ဆာဘုရင် ၇၂ ပါးရှိတယ်တဲ့ နောက်ပြီး ခေါင်းခြောက်လုံးပင်လယ်နဂါးက သူတို့ထဲက တစ်ယောက်တဲ့ တကယ့်မိစ္ဆာကပ်ဘေးသာ ရောက်လာရင် လူသားမျိုးနွယ်တွေ ဘယ်လိုဖြစ်သွားမလဲ ညီမလေးစိတ်ပူမိတယ် ညီမလေးအမြင်အရတော့ အထွတ်အထိပ် ကိုးပါး လုံးခွန်အားတွေပေါင်းစည်းရင်တောင် မလုံလောက်နိုင်သေးဘူး” ရီလန် စိတ်ညစ်နေဟန်ဖြင့် ပြောလိုက်၏။

အထွတ်အထိပ်ကိုးပါး ဟူသောနာမည်သည် ခန်းထျန်ဂိုဏ်းမှ တာအိုသခင် သုံးပါးတစ်ဆူတောင်မှ အမတတာအိုပညာရှင် အဓိပတိဂိုဏ်းမှ ဆရာသခင်ဓားအရှင် အပါအ၀င် လူကိုးယောက်ကို အဓိပတိဂိုဏ်းမှ ဘွဲ့ထူးပေးထားခြင်း ဖြစ်ပေသည်။

အထွတ်အထိပ်ကိုးပါး ကြောင့် အမတကျင့်ကြံခြင်းကမ္ဘာရှိလူများ ပိုမိုစိတ်ဓာတ်တက်ကြွလာကြပြီး သူတို့ ထိုပုဂိ္ဂိုလ်များအကြောင်း ပြောလျှင်လည်း စကားဝိုင်းတွင် အဓိပတိဂိုဏ်းနာမည်က ပါလာနေခဲ့သည်။

လုပိုင်ထျန်း ကုအန်သင်ပေးခဲ့သော နည်းဗျူဟာများကို အပြန်ပြန်အလှန်လှန်သုံးသပ်ကာ နောက်ဆုံးတွင် နားလည်သွားခဲ့ချေပြီ။

ကုအန် ရီလန့်ဘက်လှည့်လိုက်ကာ ပြုံးလိုက်ပြီး

“အနည်းဆုံးတော့ အမတကျင့်ကြံခြင်းကမ္ဘာရဲ့ အင်အားက တိုးတက်လာတာပဲလေ အဲ့တာက ကောင်းတဲ့ လက္ခဏာပဲမလား”

ရီလန် ဆက်ပြောလိုက်သည်။ “ပြောကြတာတော့ မိစ္ဆာနယ်မြေရဲ့ မိစ္ဆာဘုရင် ၇၂ ပါးအထက်မှာ ပိုအစွမ်းထက်တဲ့ တည်ရှိမှုတွေ ရှိနေသေးတယ်တဲ့ မိစ္ဆာနယ်မြေက ဘာတွေပြင်နေလဲဆိုတာ ဘယ်သူက သိမှာလဲ”

“အဲ့အကြောင်းမတွေးဘဲ နေရအောင် ညီမလေးရော အစ်ကိုကြီးရော ဒီအခြေအနေကို ပြောင်းလဲနိုင်တာမှမဟုတ်တာ အစ်ကိုကြီးတို့ လုပ်နိုင်တာအကုန်လုံးက ရေလိုက်ငါးလိုက်နေဖို့ပဲ” ကုအန် သူမကို ပြောလိုက်သည်။

ရီလန် ခေါင်းညိတ်လိုက်ကာ “တကယ်လို့ မဟာကျင်းသာ ကျဆုံးသွားခဲ့ရင် ညီမလေးတို့ တောင်ပိုင်းကို ရွက်လွှင့်ရအောင် ညီမလေးအဲ့အတွက် ပြင်ဆင်ထားပြီးပြီ သမုဒ္ဒရာက အန္တရာယ်များတယ်ဆိုပေမယ့် အနည်းဆုံးတော့ အသက်ရှင်ဖို့လမ်းရှ်ိပါသေးတယ် ကျွန်းတစ်ကျွန်းလောက်ကို ရှာနိုင်ခဲ့ရင် နောက်ဆယ်စုနှစ် အနည်းငယ်လောက် အသက်ရှင်ရရင်ကို မဆိုးပါဘူး”

ကုအန်ပြုံး၍ မေးလိုက်သည်။

“အဲ့တာ ဘယ်လိုဘ၀မျိုး ဖြစ်လာလောက်လဲ အစ်ကိုကြီးတို့ နှစ်ယောက်တည်းဆို ပျင်းစရာမကောင်းဘူးလား”

“ဘယ်လိုလုပ် ပျင်းစရာကောင်းမှာလဲ ညီမလေးတို့ နေထွက်တာနဲ့ အလုပ်လုပ်မယ် နေ၀င်ချိန်မှာ အလုပ်သိမ်းမယ် ညီမလေးမှာ အစ်ကိုကြီးကိုဖျော်ဖြေပေးဖို့ နည်းလမ်းတွေလည်း အများကြီးရှိတယ်” ရီလန် ပြန်ဖြေလိုက်ပြီး ကုအန်ကို အချက်ပြဟန်ဖြင့် မျက်ခုံးပင့်ပြလိုက်ရာ ကုအန် အတွေးများပင် ယောက်ယက်ခတ်သွားခဲ့ရသည်။

ကုအန် လည်ချောင်းရှင်းကာ ပြောလိုက်၏။

“တကယ်လို့သာ အဲ့လိုဖြစ်လာရင်တော့ အစ်ကိုကြီးတို့လုပ်နိုင်တာ အဲ့တာအကုန်ပါပဲ”

ထိုစကားကိုကြားသောအခါ ရီလန်စိတ်လှုပ်ရှားသွားပြီး သူပြင်ဆင်ထားသော အရင်းအမြစ်များအကြောင်း စတင်ပြောပြလေတော့သည်။

သူမအပြုံးကိုကြည့်ရင်း ကုအန်စိတ်ထဲတွင်တော့ စိတ်မပူပါနဲ့ ဂျူနီယာညီမလေး အစ်ကိုကြီးကမင်းကို အဲ့လိုစားရမဲ့ သောက်ရမဲ့ ဘ၀မျိုးရောက်အောင်တော့ မလုပ်ပါဘူး ဟုတွေးနေမိသည်။

ကုအန်သက်တမ်းသည် ၉.၃ သန်းကို ကျော်လာပြီဖြစ်ကာ သူသာ ဒီနှစ် ကြိုးကြိုးစားစား စုဆောင်းပါက နှစ်ကုန်ချိန်တွင် သက်တမ်း ၁၀ သန်း ပြည့်လာနိုင်၏။

သူ့ညီမလေးအတွက်ကတော့ သူ မဟာမိစ္ဆာကပ်ဘေး၏ အတိမ်အနက်ကို အရင်ဆုံး စမ်းသပ်ရပေဦးမည်။

All Chapters