← Chapters

အခန်း (၁၆၉-၁၇၀)

Vol. 14 Ch. 169-170

အခန်း (၁၆၉-၁၇၀)

Vol. 14 Ch. 169-170

အပိုင်း(၁၆၉)

သက်တမ်း ၁၀ သန်းသို့ ချိုးဖြတ်ခြင်း!

ကောင်းကင်တွင် တိမ်မည်းများဖြင့် ပြည့်နှက်နေပြီး ညှို့မှိုင်းနေခဲ့ကာ မြေပြင်တွင်လည်း ကျောက်ရည်ပူမြစ်များက စီးဆင်းနေကြသည်။ အပေါ်စီးမှ ကြည့်ပါက ကမ္ဘာမြေကြီးသည် အက်ကွဲရာများ ပြည့်နေသလိုပင်ဖြစ်နေပြီး လေထုထဲတွင်လည်း အပူရှိန်နှင့် မိစ္ဆာမြူများက ရစ်ဝဲနေကြ၏။

ထိုဒေသတွင် အဆုံးမဲ့သော မီးတောင်များ တည်ရှိနေပြီး အချို့မီးတောင်များမှာပေါက်ကွဲနေကြဆဲ ဖြစ်ကာ မီးတောင်များပတ်၀န်းကျင်တွင် မိစ္ဆာများ လှုပ်ရှားသွားလာနေခဲ့ကြသည်။

ဆန်းကြယ်သော မီးတောင်တစ်လုံးထိပ်တွင် ယဇ်ပလ္လင်တစ်လုံးရှိနေပြီး ထိုပလ္လင်ပေါ်တွင် အနက်ရောင်၀တ်စုံ၀တ် လူတစ်ယောက်က တရားထိုင်နေခဲ့၏။ သူ့၀တ်ရုံသည် အတော်လေးပွယောင်းလှပြီး သူ့ဆံပင်များကလည်း အတော်လေးရှည်လျားကာ ၀တ်ရုံက ယဇ်ပလ္လင်၏ သုံးပုံတစ်ပုံကိုပင် ဖုံးလွှမ်းနေခဲ့သည်။ သူ့တွင် အနက်ရောင်ကြေးခွံများရှိသော မြွေအမှီးကြီး တစ်ချောင်းလည်း ရှိနေပြီး ထိုအမြှီးက ၀တ်ရုံပွကြီး၏ အောက်မှ တစ်ဆင့် ယဇ်ပလ္လင်အောက်သို့ ကျနေခဲ့သည်။

၀တ်ရုံနက်၀တ်လူ၏ ရှေ့တွင် ဧရာမအရိုးစုကြီးတစ်ခုက ကြေးကြေးမုံတစ်ချပ်ကို ကိုင်ထားနေခဲ့၏။ ထိုကြေးမုံထဲတွင် မိစ္ဆာချီများ ရစ်သိုင်းနေပြီး ထိုထဲမှ အချိန်မရွေး မိစ္ဆာများ တစ္ဆေများ ထွက်လာတော့မလိုပင်။

ထိုစဉ် လူခန္ဓာ ကျားခေါင်းနှင့် မိစ္ဆာတစ်ကောင် ယဇ်ပလ္လင်ဘေးသို့ ဆင်းသက်လာခဲ့လေသည်။

“မိစ္ဆာသခင် မိစ္ဆာဧကရာဇ်က မိစ္ဆာဘိုးဘေးရဲ့ ရှေးဟောင်းသင်္ချိုင်းဂူကို သွားဖို့ မိစ္ဆာသခင်များ သူနဲ့အဖော်လုပ်ပေးနိုင်မလားလို့ မေးခိုင်းလိုက်ပါတယ်”

ကျားခေါင်းနှင့် မိစ္ဆာ လက်သီးဆုပ်ဂါရ၀ပြု၍ ရိုရိုသေသေပြောလိုက်၏

ယဇ်ပလ္လင်ပေါ်ရှိလူသည် မိစ္ဆာနယ်မြေတွင် မိစ္ဆာဧကရာဇ်ထက် တစ်ဆင့်သာနိမ့်သော မိစ္ဆာသခင်မှလွဲ၍ အခြားသူ မဟုတ်ပေ။

မိစ္ဆာသခင် မထူးခြားဟန်ဖြင့် ဖြေလိုက်၏။

“အရှင်မင်းကြီးကို ငါ့ညဏ်အလင်းပွင့်ခြင်းက အရေးကြီးတဲ့အခြေအနေကိုရောက်နေလို့ အဖော်မပြုနိုင်သေးဘူးလို့ ပြောလိုက်ပါ”

ထို့နောက် ကျားခေါင်းမိစ္ဆာ မေးလိုက်ပြန်သည်။

“အရှင်မင်းကြီးက တကယ်လို့ မိစ္ဆာဘိုးဘေးသာ အချိန်မတန်ခင် ပြန်ရှင်လာခဲ့ရင် ဘယ်လိုလုပ်ရမလဲ လို့လည်း မေးခိုင်းလိုက်ပါတယ်”

“အရှင်မင်းကြီးကို စိတ်မပူဖို့ ပြောလိုက်ပါ သူ့ဝိညဉ်က အခွံသက်သက်ပဲ စိတ်ဝိညဉ်ကို ကောင်းကင်နဲ့မြေပြင်ရဲ့ အဝေးကို ယူဆောင်သွားခံလိုက်ရပြီ သင့်တော်တဲ့ စိတ်ဝိညဉ်တစ်ခုမရှိဘဲ ပြန်ရှင်လာဖို့ မဖြစ်နိုင်ဘူး”

“ဒါပေမယ့် …အရှင်မင်းကြီးက အဖြေတစ်ခု လိုချင်တာပါ”

ကျားခေါင်းမိစ္ဆာတွန့်ဆုတ်‌ေနခဲ့၏။ ထိုစကားကိုကြားသောအခါ မိစ္ဆာသခင် တိတ်ဆိတ်သွားပြီ သူ့အမြှီးကိုလှုပ်နေမှုလည်း ရပ်သွားကာ ပြောလိုက်သည်။

“တကယ်လို့ အချိန်မတိုင်ခင် မိစ္ဆာဘိုးဘေးက အသက်ပြန်၀င်လာမယ်ဆိုရင် အရှင်မင်းကြီးကို သူ့ကိုသတ်ဖို့ ပြောလိုက်ပါ”

“အမိန့်တော်အတိုင်းပါပဲ”

ပြောပြီးသည်နှင့် ကျားမိစ္ဆာ အရိုအသေပေးကာ ထွက်ခွာသွားခဲ့၏။

သူထွက်သွားမှသာ မိစ္ဆာသခင် ခေါင်းမော့လာခဲ့လေသည်။ သူ့မျက်နှာသည် အရိုးအပေါ်အရေတင်ဖြစ်နေကာ ကြောက်စရာကောင်းလှပြီး မျက်လုံးများမှာ အချိန်မရွေး ထွက်လာတော့ မလိုပင်။ သူ့သွားစွယ်များမှာလည်း ပေါက်ဓားနှစ်လက်လို ချွန်ထက်နေခဲ့၏။

သူ့ရှေ့ရှိ ကြေးကြေးမုံကို နီရဲနေသော မျက်လုံးများဖြင့်ကြည့်ကာ ခပ်တိုးတိုးရေရွတ်လိုက်လေသည်။

“ဘာလို့ ကံကြမ္မာက ပြောင်းလဲသွားတာလဲ…”

…….

ဆောင်းဦးနှောင်းပိုင်းကာလ အတွင်းစည်းဂိုဏ်း စာအုပ်ခန်းမထဲတွင်

ကုအန် အကြီးအကဲရှုလူနှင့် တွေ့ရန် တတိယထပ်ဆီ ရောက်လာခဲ့ဧ။။်။

“အခုတလော ပင်လယ်ရပ်ခြားက တပည့်နောက်တစ်သုတ် ဂိုဏ်းစီပြန်လာပြီဆိုတော့ သမုဒ္ဒရာရဲ့ မြေပုံ ရှိနေပြီလားဗျ”

ရှုလူ ကုအန်ကို မော့ကြည့်ကာ ရယ်မောလိုက်လေသည်။

“မင်းက ဒီကိစ္စငါ့ကိုမေးနေတာ သုံးခါတောင်ရှိနေပြီနော် တကယ်တော့ မင်းစောင့်နေရတာ လုံလောက်သွားပါပြီ”

သူအံဆွဲတစ်ခုကို ဖွင့်လိုက်ကာ ထိုထဲမှ ကျောက်စိမ်းပြားတစ်ချပ် ထုတ်လာပြီး ပြောလိုက်၏။

“မြေပုံက ဒီထဲမှာပဲ နတ်အာရုံသုံးပြီးကြည့်ရမှာ ငါမင်းကို ဒီကျောက်စိမ်းပြားတော့ ပေးမလွှတ်လိုက်နိုင်ဘူး မင်းကြည့်ချင် ဒီခန်းမထဲမှာသာ ကြည့်သွားလိုက်”

“ကျေးဇူးတင်ပါတယ်အကြီးအကဲ”

ကုအန် အမြန်ကျေးဇူးတင်လိုက်ကာ ကျောက်စိမ်းပြားကိုယူ၍ အနီးရှိ ကုလားထိုင်တစ်ခုဆီ သွားလိုက်လေသည်။

သူ့ကို သံသယဖြစ်သွားမှာကိုတော့ ကုအန် စိတ်မပူပေ။ အကယ်၍ ဤကိစ္စကြောင့် သူ့ကို စုံစမ်းစစ်ဆေးကြလျှင်တောင် သူ၏ ဖန်းအန်သရုပ်ကို ထုတ်ပြလိုက်ရုံပင်။

ဖန်းအန်အနေဖြင့် ထိုကဲ့သို့သော မြေပုံမျိုးကို ကြည့်ရှုချင်သည်မှာ အကျိုးအကြောင်းသင့်ပေသည်။

ကုအန်၏ သက်တမ်းသည် ၉.၉၅ သန်းသို့ ရောက်ရှိနေပြီဖြစ်ကာ သက်တမ်း ၁၀သန်းပြည့်ရန် ၅သောင်းသာ လိုတော့သည်။

ယခုအခါတွင် သူ့အတွက်သက်တမ်း ၅သောင်းဆိုသည်မှာ ဘာမှမဟုတ်တော့ပေ။ အချိန်မရွေးရှာဖွေ၍ ရနိုင်သော ပမာဏသာ ဖြစ်၏။

ကုလားထိုင်တွင် ထိုင်ပြီးသည့်နောက် ကုအန် သူ့နတ်အာရုံကို ကျောက်စိမ်းပြားထဲ ပို့လိုက်လေသည်။

သူချက်ချင်း ကျယ်၀န်းလှသော သမုဒ္ဒရာကြီးကို တွေ့လိုက်ရ၏။ အပေါ်စီးမှ ကြည့်ပါက ထိုက်ကန်မင်းဆက်၏ နယ်စပ်ကိုသာ မြင်ရပြီး တစ်ဖက်ခြမ်းတွင် မြူခိုးများကိုသာ မြင်ရပြီး သေချာမသိသော နယ်မြေဖြစ်မှန်း ညွှန်ပြနေခဲ့သည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် မြေပုံထဲတွင် ဤကုန်းမြေတိုက်ကြီးထက် ကြီးမားသော ကုန်းမြေမရှိဘဲ ပင်လယ်ထဲရှိ အရွယ်အစား အမျိုးမျိုးရှိသော ကျွန်းများသာ ရှိမှန်း တွေ့နိုင်၏။ တချို့ကျွန်းများမှာ ထိုက်ကန်မင်းဆက်လောက်ပင် ကြီးမားပေသည်။

ကုအန် သူ့နတ်အာရုံကို နေရာတစ်ခုတည်းတွင် အာရုံစိုက်လိုက်ပြီး ချဲ့ကြည့်လိုက်သောအခါ ထိုနေရာရှိ ထင်ရှားသော လှိုင်းလုံးကြီးများနှင့် ထိုထဲရှိ မိစ္ဆာသားရဲများကိုပင် တွေ့ခဲ့ရသည်။

ဤမြေပုံကို ပြုစုခဲ့သောသူသည် အတော်လေး စွမ်းအားကြီးသူဖြစ်လောက်ကာ အဓိပတိဂိုဏ်း၏ အဓိပတိအကြီးအကဲတစ်ယောက် ဖြစ်နိုင်၏။

ဤသို့ဖြင့် တစ်နာရီ ကုန်ဆုံးသွားခဲ့သည်။

ကုအန်နောက်ဆုံးတွင် သူ့နတ်အာရုံကို ပြန်ရုတ်ကာ ကျောက်စိမ်းပြားကို ရှုလူစီပြန်ပေးလိုက်ကာ မှတ်ချက်လည်းပေးလိုက်၏။

“သမုဒ္ဒရာကြီးက တကယ်ကို ကျယ်ပြန့်တာပဲ”

ရှုလူ ကျောက်စိမ်းပြားကို အံဆွဲထဲထည့်ပြီး ပြန်သိမ်းလိုက်ကာ ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်သည်။

“မင်းထွက်ပြေးဖို့ အစီအစဉ်ချဖို့ မြေပုံကို လေ့လာနေတာလား”

ကုအန် အမြန်ပြန်ပြောလိုက်၏။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ အဓိပတိဂိုဏ်းက ဒီမဟာမိစ္ဆာကပ်ဘေးကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံတယ် ဘာလို့ ကျွန်တော်က ထွက်ပြေးရမှာလဲ ကျွန်တော်ကဒီတိုင်း ကမ္ဘာကြီးအကြောင်း စိတ်ဝင်စားရုံပါ”

“အဲ့လိုလား ဒီရက်ထဲ မင်းလိုလူတွေအများကြီး ငါ့ဆီလာပြီး သမုဒ္ဒရာ မြေပုံတောင်းကြည့်ကြတယ်လေ တပည့်ရင်းတွေတောင် ပါသေးတယ် အဲ့တာကြောင့် ငါတော့ အဓိပတိဂိုဏ်းတော့ ပြိုကွဲပြီလို့ တွေးလိုက်မိသေးတယ်” ရှုလူ ရယ်မောလိုက်လေသည်။

ကုအန် မေးလိုက်၏။ “အကြီးအကဲကရော ဂိုဏ်းက တပည့်တွေအားလုံး တိုက်ခိုက်ဖို့ လိုအပ်လာရင် ဘာကိုရွေးချယ်မှာလဲ”

ရှုလူ ရယ်မောကာ ပြန်ဖြေလိုက်သည်။ “ငါ့အရိုးအိုကြီးတွေကို အဓိပတိဂိုဏ်းထဲမှာ မြှုပ်နှံဖို့ အဆင်သင့်ဖြစ်နေပါပြီ ငါက ငါ့ဂူသင်္ချိုင်းကိုတောင်ပြင်ထားပြီးပြီ”

ထိုစကားကိုကြားသောအခါ ကုအန် လေးစားသောအကြည့်ဖြင့် မကြည့်ဘဲ မနေနိုင်တော့ပေ။

တခဏကြာစကားပြောပြီးသောအခါမှ ကုအန် နှုတ်ဆက်၍ ထွက်လာခဲ့လိုက်၏။

ကုအန် လှေကားမှဆင်းသွားပြီးသောအခါ အပေါ်ထပ်သို့ မျက်နှာဖုံး၀တ် တာအို၀တ်စုံ‌ေ‌ဗြာင်နှင့် ဆံပင်များကို သစ်သားဆံထိုးတစ်ချောင်းဖြင့် စုစည်းထားသော အမျိုးသမီးတစ်ယောက် ရောက်ရှိလာခဲ့သည်။ ထို့နောက် သူရှုလူဆီ ချဉ်းကပ်သွားခဲ့သည်။

ရှုလူ လက်မြှောက်ကာ နှုတ်ဆက်လိုက်ပြီး မေးလိုက်၏။

“အကြီးအကဲ ဘာအလိုရှိပါသလဲ”

အမျိုးသမီး သူ့အင်္ကျီလက်အိုးထဲမှ ကျောက်စိမ်းပြားတစ်ခုထုတ်ကာ ပြောလိုက်သည်။

“တကယ်လို့ အဲ့ဒီတပည့်ထပ်လာပြီး မြေပုံလာတောင်းရင် နင်သူ့ကို ဒီဟာပေးလို့ရတယ်”

ရှုလူ ကျောက်စိမ်းပြားကို ယူလိုက်ပြီး သူ့စိတ်၀င်စားမှုကို မထိန်းနိုင်ခဲ့ပေ။ “အကြီးအကဲ သူ့ကိုသိလို့လား”

“ငါသူ့ကို သတိထားမိတယ်ပဲ ဆိုပါစို့ တစ်ယောက်ယောက်က သူ့ကို တပည့်အဖြစ်လက်ခံချင်နေပြီး သူ့မှာ ပျိုးထောင်ပေးဖို့ ထိုက်တန်တဲ့ အခြားသရုပ်တစ်ခုလည်း ရှ်ိနေတယ်” ပြောပြီးသည်နှင့် အမျိုးသမီး ပျောက်ကွယ်သွားခဲ့လေသည်။

ရှုလူ သူ့လက်ထဲရှ်ိ ကျောက်စိမ်းပြားကို ကြည့်နေရင်း ခပ်တိူးတိုး ရေရွတ်နေမိ၏။

“နောက်ထပ် သရုပ်တစ်ခုတဲ့လား သူက နေ့တိုင်းစာဖတ်နေတတ်တဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်လေးပဲမဟုတ်လား သူ့မှာ ဘယ်လိုသရုပ်နောက်တစ်ခု ရှိနိုင်မှာလဲ သူက ဖန်းအန်များလား”

“မဖြစ်နိုင်တာ ဘယ်လိုလုပ် ဖန်းအန်က တာအိုပညာရှင်ရွှမ်ချွမ်းရဲ့ စာအုပ်တွေကို ကြိုက်နုိင်မှာလဲ သူက အဓိပတိလျှို့ဝှက်မှတ်တမ်းများကို ရေးတဲ့သူများလား”

……

ဆောင်းရာသီသို့ ချဉ်းကပ်လာခဲ့ပြီး ယခုနှစ်တွင် နှင်းကျနောက်ကျပေသည်။

ညနေစောင်းချိန်တွင် ကုအန် ဆန်းကြယ်ကောင်းကင်ဂူဗိမာန်သို့သွားကာ ဆေးပင်များခူး၍ အပင်သစ်များ စိုက်ခဲ့၏။

ထို့နောက် သူနျန်းချူဂူသို့ ရောက်ရှိလာခဲ့သည်။

ထျန်းယောင်အာသည် အကန့်အသတ်မဲ့ လွတ်လပ်ခြင်း ခြေလှမ်းသိုင်းကို လေ့ကျင့်နေကာ သူ့ပုံရိပ်က လျင်မြန်စွာ ရွေ့လျားနေခဲ့သည်။ အချိန်တိုလေးအတွင်း သူမ၏ နတ်သိုင်းများတတ်မြောက်မှုမှာ သိသာလာခဲ့၏။

ဤမိစ္ဆာမလေး၏ နားလည်နိုင်စွမ်းမှာ အတော်လေး မြင့်မားသော်လည်း မိုင်တစ်ရာ မိုင်တစ်ထောင်ကို ခြေတစ်လှမ်းတည်းဖြင့် ရောက်ဖို့ကတော့ အတော်လေး အချိန်ယူ လေ့ကျင့်ရဦးမည် ဖြစ်သည်။ ကုအန်၏ အဆင့်ထိ ရောက်ဖို့ကတော့ သူမတွင် မျှော်လင့်ချက် မရှ်ိပေ။

ကုအန် သူမကို တစ်ချက်သာ ကြည့်လိုက်ပြီး ဆေးပင်ခူးရန် ထွက်လာခဲ့၏။

ကုအန်ကိုမြင်သောအခါ ထျန်းယောင်အာ ပျော်ရွှင်သွားပြီး ကုအန်ဆီ ပြေးလာလေတော့သည်။

ကုအန် မွှေးပျံ့သော အမွှေးနံ့တစ်ချက်ကိုရလိုက်ပြီး နောက်တွင် ထျန်းယောင်အာ သူ့ကိုတင်းကြပ်စွာ ပြေးဖက်လိုက်ပြီး သူ့ရင်ဘတ်ကို ခေါင်းအပ်ထားသောကြောင့် အကူအညီမဲ့သွားခဲ့၏။

ဘယ်လိုဖြစ်လို့ ဒီကောင်မလေး အရမ်းတွယ်ကပ်တတ်လာတာလဲ။

“ဘာလို့ နင့်အနံ့က ရုတ်တရက်ကြီး အရမ်းချိုသွားရတာလဲ” ကုအန် မျက်ခုံးပင့်ကာ မေးလိုက်လေသည်။ ထို့နောက် ကုအန် သူမ၏ပေါင်ကိုတစ်ချက်ပုတ်လုိက်သော်လည်း သူမကတော့ ပို၍ပင် သူ့နားကပ်လာခဲ့သေးသည်။

ဖက်ခြင်းမှာ အဆင်ပြေသော်လည်း ခြေထောက်များသုံး၍ သူ့ကို ပွတ်သပ်နေခြင်းမှာတော့ များလွန်းလှ၏။

ထျန်းယောင်အာ ကုအန်ကိုမော့ကြည့်ကာဖြေလိုက်သည်။

“ကျွန်မလည်းမသိဘူး အဲ့တာက ကျွန်မရဲ့ သဘာ၀အနံ့ဖြစ်နိုင်တယ် သခင်ကြိုက်လား”

ကုအန် သူမကိုနှဖူးကိုတွန်းလိုက်ပြီး သူ့ဆီက ခွာလိုက်၏။

“ကောင်းပါတယ် ငါဆေးပင်ခူးရဦးမယ် နင်ဆက်လေ့ကျင့်နေဦး”

ထျန်းယောင်အာ ရနံ့မှာ အတော်လေးဆွဲဆောင်မှုရှိသော်လည်း ကုအန်တွင် မသင့်လျော်သော အတွေးများ ရှိမလာခဲ့ပေ။

ယနေ့ညတွင် သူသက်တမ်း ဆယ်သန်းသာ ပြည့်ရပေလိမ့်မည်!

ထျန်းယောင်အာ ကုအန်စကားကိုနားမထောင်ဘဲ ဆေးပင်ခူးနေသော သူ့နားကပ်ကာ ကုအန် ဘာအနံ့ကို ပိုကြိုက်လဲဆိုတာကိုသာ လိုက်အစ်အောက်နေခဲ့၏။

ကုအန်လည်း လူမှုရေးအရသာ တုန့်ပြန်နေခဲ့ပြီး သူ့အတွေးများက ပင်လယ်တစ်ဖက်ကမ်းဆီသို့သာ ရောက်ရှိနေခဲ့သည်။

သူနောက်ထပ် အဆင့်သစ်တစ်ခုသို့ ရောက်ရှိပေတော့မည်!

တခဏကြာသောအခါ ကုအန်တစ်ခုခုကို အာရုံခံလိုက်မိပြီး ဆေးပင်ခူးတာ ခဏရပ်သွားခဲ့၏။ တခဏနေမှ သူဆက်ခူးနေလိုက်သည်။

သူ့နတ်အာရုံက နျန်းချူဂူ အပြင်ဘက်ရှိ ခပ်လှမ်းလှမ်းတွင်ရှိသော တောင်တန်းများအောက်ရှိ ညကောင်းကင်အောက်တွင် ဖြစ်ပွားနေသော အဖြစ်အပျက်ဆီ ရောက်ရှိသွားခဲ့ခြင်း ဖြစ်၏။

သေချာကြည့်ပါက ထိုနေရာတွင် ကျင့်ကြံသူတစ်စုက ရှေးဟောင်းမျိုးစိတ်တစ်ကောင်ကို တိုက်ခိုက်နေကြပြီး တောင်တန်းများပင် လှုပ်ခါနေသည့် မြင်ကွင်းကို မြင်တွေ့နိုင်ပေသည်။

ရှေးဟောင်းမျိုးစိတ်သည် လိပ်ကြီးတစ်ကောင်နှင့် တူလှပြီး သူ့ကျောပေါ်တွင် မီးတောင်ကြီးတစ်လုံးကိုသယ်ဆောင်ထားကာ မြွေများဖြင့်တူသော ခေါင်းသုံးလုံးမှ မီးများ မှုတ်နေခဲ့သည်။

တိုက်ခိုက်နေသူများ ကြားထဲတွင်တော့ ကုအန် ရင်းနှီးသည့် ပုံရိပ်တစ်ခု ရှ်ိနေခဲ့၏။

ကျိရှောင်ယု!

ဘာလို့သူက ကောင်းကင်ဖီးနစ်တောင်နားမှာ ရှိနေတာလဲ!

ကျိရှောင်ယုသည် စိတ်ဝိညဉ်အခြေတည်အဆင့်၇သို့ ရောက်ရှ်ိနေပြီဖြစ်ကာ သူ့ကိုအဖော်ပြုနေသူများမှာတော့ အနည်းဆုံး နတ်အသွင်ပြောင်းခြင်းအဆင့်များ ဖြစ်ကြပြီး အရေအတွက်မှာ ၂၇ ယောက်ရှိကြပေသည်။ သူတို့နှင့် ခပ်လှမ်းလှမ်းတွင်တော့ ဆန်းကြယ်နှလုံးသားအဆင့် တစ်ယောက်က စောင့်ကြည့်ပေးနေခဲ့၏။

ထိုစဉ် ကုအန် အဝေးမှလာနေသော မိစ္ဆာချီကိုလည်း အာရုံခံမိနေပြီး ထိုချီပိုင်ရှင်မှာ ဆန်းကြယ်နှလုံးသားအဆင့် ၅ ဖြစ်သည်။

ထိုကျင့်ကြံသူများသည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ လူများ ဖြစ်နိုင်မည်လော။

ကုအန် တွေးမိနေသော်လည်း သူ့လက်ကတော့ အရှိန်လျော့မသွားခဲ့ပေ။

မကြာခင်တွင် ဆန်းကြယ်နှလုံးသားအဆင့် တိုက်ပွဲစတင်ခဲ့ပြီး မိစ္ဆာဆန်းကြယ်နှလုံးသားအဆင့်နှင့် ဆန်းကြယ်နှလုံးသားအဆင့် ကျင့်ကြံသူ စတင်တိုက်ခိုက်လေတော့သည်။ တိုက်ပွဲကြီး တစ်ခုဖြစ်ပွားနေသောကြောင့် ကျိရှောင်ယုနှင့် အခြားသူများလည်း ထိုတိုက်ပွဲနေရာမှ အဝေးသို့ ဆုတ်ခွာသွားခဲ့ကြ၏။

ဆန်းကြယ်နှလုံးသားအဆင့် တိုက်ပွဲသည် လက်ရည်ညီနေသည်ကို တွေ့လ်ုကရသောအခါ ကုအန် သယ့နတ်အာရုံကို ပြန်သိမ်းလိုက်ပြီး ဆေးပင်ခူးခြင်းတွင်သာ အာရုံပြန်စိုက်လိုက်လေသည်။

အချိန်အချို့ကြာပြီးနောက်

ကုအန် ရုတ်တရက်ရပ်တန့်လိုက်ပြီး သူ့ရှေ့တွင် အသိပေးချက်များ ပေါ်ပေါက်လာခဲ့၏။

[သင့်သက်တမ်းသည် နှစ်ပေါင်း ၁၀ သန်းကို ကျော်လွန်သွားခဲ့ပြီး သက်တမ်းပေါင်းစပ်ခြင်း ဟူသော လုပ်ဆောင်ချက်ကို ဖွင့်လှစ်နိုင်ခဲ့ပါသည်]

[သက်တမ်းပေါင်းစပ်ခြင်း: ကောင်းကင်နှင့်မြေပြင်စည်းမျဉ်းများနှင့် ကောင်းကင်နိယာမများကို ချိုးဖျက်ပြီး မတူညီသောနတ်သိုင်းများ မှော်သိုင်းများကို ပေါင်းစပ်ရန် သက်တမ်းကို အသုံးပြုနိုင်ပါသည် ကုန်ကျမည့်သက်တမ်းမှာ ပေါင်းစပ်သော အရာအပေါ် မူတည်ပါသည်]

ပေါင်းစပ်ခြင်းလား!

ကုအန် အရင်ဆုံးတွေးမိသည်မှာ သူ့ဒြပ်ငါးမျိုး ရတနာခန္ဓာသာ ဖြစ်၏။ နောက်ဆုံးတွင် ကျင့်စဉ်များကို ဒြပ်ငါးမျိုးကျင့်စဉ်များအဖြစ် ပေါင်းစပ်နိုင်ပေတော့မည်။

ကုအန် မျက်လုံးထဲ စိတ်၀င်စားသည့် အလင်းများ လက်လာခဲ့ရသည်။

“သခင် ဘာလို့ရပ်လိုက်တာလဲ” ဘေးမှ ထျန်းယောင်အာ မေးလိုက်‌၏။

ကုအန်ဖြေလိုက်သည်။ “ဆေးပင်တွေ လျော့နေမလားလို့ ငါစစ်ဆေးကြည့်နေတာ နင်ဆေးပင်တွေ ဖျောင်ထားမှာ စိုးလို့လေ”

ပြောပြီးသည်နှင့် ကုအန် ဆေးပင်ဆက်ခူးနေလိုက်လေသည်။

သို့သော် ထျန်းယောင်အာမှာတော့စိတ်ညစ်သွားပြီး သူဘာမှမခိုးကြောင်း စတင်ကျိန်ဆိုလေတော့သည်။

သူ့ကို တခဏကြာစပြီးသည့်နောက် သူဟာသလုပ်နေတာဖြစ်မှန်း ပြောလိုက်၏။

ထျန်းယောင်အာ ကျေနပ်ပုံမရဘဲ ကုအန်ကို ဝါးစားတော့မတတ် အကြည့်များဖြင့် ကြည့်နေခဲ့လေသည်။

သူမအခုလို စိတ်တိုနေသည်ကို ကုအန် ပထမဆုံးအကြိမ်မြင်ဖူးခြင်း ဖြစ်၏။

ဆေးပင်ခူးပြီးသောအခါ ကုအန် ထျန်းယောင်အာပုခုံးပေါ် လက်တင်လိုက်ပြီး ချော့လိုက်လေသည်။

“စိတ်မ‌ဆိုးပါနဲ့ ငါနင့်ကိုပြီးရင် အစွမ်းထွက်တဲ့ မှော်သိုင်းတစ်ခု သင်ပေးမယ်လေ”

ထျန်းယောင်အာ ဆူအောင့်ကာပြောလိုက်သည်။

“မူလကမ္ဘာမြေအမတကျင့်စဉ်နဲ့ အကန့်အသတ်မဲ့လွတ်လပ်ခြင်း ခြေလှမ်းကတင် လေ့ကျင့်ဖို့ လုံလောက်နေပါပြီ ကျွန်မ ဘာသိုင်းမှ မလိုချင်ဘူး”

“ဒါဆို ဘာလိုချင်တာလဲ”

“စဉ်းစားဦးမယ်…သခင်ကျွန်မနဲ့ တစ်ည‌အတူတူနေတာဆိုရင်ရော ဘယ်လိုလဲ”

“နင်နဲ့ လေ့ကျင့်ဖို့လား”

“မဟုတ်ဘူး မဟုတ်ဘူး စာအတူတူဖတ်ဖို့လေ ကျွန်မတို့ အတူတူလဲလျောင်းပြီး စာဖတ်လို့ရတယ်”

ထိုစကားကိုကြားသောအခါ ကုအန် ချက်ချင်းတစ်ခုခုမှားနေသလို ခံစားလိုက်ရ၏။

ဒီကောင်မလေး ပိုပြီးရဲတင်းလာတာပဲ!

အပိုင်း(၁၇၀)

သမုဒ္ဒရာသို့ ဆင်းသက်ခြင်း၊ နတ်သိုင်းများကို ပေါင်းစပ်ခြင်း

ထျန်းယောင်အာ၏ စိတ်ဆိုးနေသော အမူအရာကြောင့် ကုအန် ဒီတစ်ညတော့ နေပေးလိုက်ဖို့ သဘောတူလိုက်ပြီး သူ့သက်တမ်းလည်း ၁၀ သန်းပြည့်သွားပြီဖြစ်သောကြောင့် သူတစ်ညတော့ အနားယူ၍ ရပေသည်။

ကုအန် သဘောတူလိုက်သောအခါ ထျန်းယောင်အာလည်း ချက်ချင်း ပျော်ရွှင်သွားခဲ့လေသည်။

သူ၏ သက်တမ်း ၁၀ သန်းပြည့်ပွဲကို ကျင်းပရန် ကုအန် ဆန်းကြယ်တောင်ကြားသို့ပြန်၍ အသားကင်‌များပင် သွားယူလာခဲ့၏။

အသားကင်နေရင်း ကုအန်နတ်အာရုံက ကောင်းကင်ဖီးနစ်တောင်နားရှိ တိုက်ပွဲတွင် ရောက်ရှိနေခဲ့သည်။

မိစ္ဆာများ ထပ်၍ ရောက်ရှိလာသောအခါ ဆန်းကြယ်နှလုံးသားအဆင့် ကျင့်ကြံသူ မချောင်တော့ဘဲ ကျိရှောင်ယု တို့ပါ တိုက်ပွဲထဲ ၀င်ပါနေခဲ့ကြရ၏။

တိုက်ပွဲသာ ထိုသို့ ဆက်ဖြစ်နေပါက သူတို့လွယ်မည် မဟုတ်ပေ။

ထိုလူများသည် ကျိမိသားစုကလား ကြယ်ခုနှစ်လုံး စိတ်ဝိညဉ်နယ်မြေကလား ဆိုတာလဲ ကုအန် သေချာမသိပေ။

ထျန်းယောင်အာနှင့် စကားပြောနေရင်း ကုအန် ထိုအကြောင်း စဉ်းစားနေခဲ့မိသည်။

တစ်နာရီခန့်ကြာသောအခါ ဆန်းကြယ်နှလုံးသားအဆင့် ကျင့်ကြံသူ ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့ပြီး ကျိရှောင်ယု နှင့်အခြားသူများကိုခေါ်ကာ ဆုတ်ခွာလေတော့သည်။ သို့သော် အခြေအနေမှာ နောက်ကျသွားချေပြီ။

ကုအန် သစ်ပင်အောက်တွင် လှဲလျောင်းနေရင်း ထျန်းယောင်အာ လေ့ကျင့်နေခြင်းကို လမ်းညွှန်ပေးနေခဲ့သည်။

ထျန်းယောင်အာ ကုအန်ရှေ့တွင် အကန့်အသတ်မဲ့ လွတ်လပ်ခြင်းခြေလှမ်းသိုင်းကို လေ့ကျင့်နေရင်း စူပုပ်နေခဲ့၏။

သူတို့သည် အတူတူလှဲလျောင်း၍ စာဖတ်ရန် သဘောတူထားခြင်း မဟုတ်ပါလော။

လူလိမ်!

လူလိမ်ကြီး!

ထျန်းယောင်အာ ပို၍ လေ့ကျင့်နေရလေလေ သူ့မျက်လုံးများ ပိုနီလာလေလေပင်။

သူမအမူအရာကို ကြည့်ရင်း ကုအန် ရယ်ချင်နေမိ၏။

ဒီနေ့တော့ သူထိုကောင်မလေးကို သင်ခန်းစာတစ်ခုပေးရန် စီစဉ်ထားခဲ့သည်။

မင်းတစ်ခုခုကို ပိုပြီး လိုချင်လေလေ ရဖို့ ပို၍ခက်ခဲလေလေဖြစ်ပြီး ဤအရာမှာ လောက၏အနှစ်သာရ တစ်ခုသာ ဖြစ်ပေသည်။

သူမသာ ဒီလောက်နှစ်အနည်း‌ငယ်လေးနှင့် ဒီလိုမလျော်ကန်သော အတွေးများရှိနေပါက နောင်နှစ်ပေါင်းသောင်းနှင့်ချီပြီး မည်သို့ ရှင်သန်နိုင်မည်နည်း။

ကုအန် ရှေ့ရေးကို ကြိုတွေးမိနေပြီး ထျန်းယောင်အာ သူနှင့်တွေ့ခြင်းမှာ အတော်လေး ကံကောင်းသည်ဟု တွေးနေမိသည်။

…..

ညဉ့်ကောင်းကင်အောက်တွင် အနက်ရောင်၀တ်စုံကို ၀တ်ဆင်ထားသော ထျန်းယောင်အာ လျင်မြန်စွာ ပြေးလွှားနေခဲ့၏။ သူ့နောက်တွင် မိစ္ဆာများ တစ္ဆေများက လိုက်နေကြပြီး သူ့ကိုမြင်သောအခါ သူ့နောက်သို့ တဟုန်ထိုး လိုက်လာကြတော့သည်။

လက်ထဲတွင် ဓားတစ်လက်ကို ကိုင်ထားရင်း ကျိရှောင်ယု ကောင်းကင်နဂါးမိစ္ဆာဖိနှိပ် ပုံစံကို အသုံးပြုလိုက်၏။ ထိုအခါ သူ့နောက် ဓမ္မပုံရိပ်ကြီးတစ်ခုပေါ်လာပြီး ထိုထဲမှ ရွှေရောင်နဂါးများ ထွက်ပေါ်လာခဲ့ကာ မိစ္ဆာများ တစ္ဆေများစီ ပြေး၀င်သွားခဲ့ကြလေသည်။

မကြာခင်မှာပင် ကျိရှောင်ယု သူ့နတ်သိုင်းကို ပြန်သိမ်းလိုက်ပြီး မိစ္ဆာများအား ဓားဖြင့်သာ တိုက်ခိုက်ခဲ့၏။

ထို့နောက်တွင် သူမဆက်၍သာ ပြေးလွှားနေခဲ့ရပြီး သူမပြေးမိသောအရပ်က ဘယ်ဘက်လဲ ဆိုတာပင် သတိမထားနိုင်တော့ပေ။

အချိန်များ ကုန်လွန်သွားခဲ့သည်။

ကျိရှောင်ယု၏ စိတ်ဝိညဉ်စွမ်းအားများ နွမ်းနယ်နေပြီဖြစ်သောကြောင့် သူပြေးလွှားနေရင်း စိတ်ဝိညဉ်ဆေးများ ထုတ်သောက်လိုက်ရ၏။ သို့သော် သူ့ဆေးများက တိုက်ခိုက်ဖို့လောက်ထိ စိတ်ဝိညဉ်စွမ်းအားပြည့်နေစေရန် မလုံလောက်တော့ပေ။

သူမ တောင်ခြေတစ်ခုတွင် ရပ်လိုက်ပြီး များစွာသော အလံလေးများနှင့် အဆောင်စာရွက်များကို အမြန်ထုတ်လိုက်ကာ ၀င်္ကပါတစ်ခုဆောက်လိုက်ပြီး မကြာခင်မှာပင် သူ့တည်ရှိမှုမှာ ပျောက်ကွယ်သွားလေတော့သည်။

ထို့နောက် သူမ၀င်္ကပါထဲတွင် ထိုင်ကာ စွမ်းအင်ပြန်လည်ဖြည့်တင်းနေခဲ့၏။

များစွာသော မိစ္ဆာများ သူ့အနားမှ ဖြစ်သွားသော်လည်း သူ့ကို မြင်မသွားကြပေ။

သို့သော် ထိုစဉ် မြေကြီးများ တုန်ခါလာပြီး ကျောက်တုံးနှင့်သဲများ ခုန်ထလာသောကြောင့် ကျိရှောင်ယု မျက်လုံးများ ပွင့်သွားကာ သူ့မျက်ခုံးများ တွန့်ကွေးသွားခဲ့ရသည်။

သူ့အကြည့်က တောင်တန်းများနောက်ရှိ ကိုယ်တစ်၀က်သာ ပေါ်နေသော သတ္တဝါကြီးစီ ရောက်ရှိနေခဲ့၏။ ထိုသတ္တဝါကြီးသည် အသွင်ပြောင်းဧရာမမိစ္ဆာကြီးတစ်ကောင်ဖြစ်ကာ လူကိုယ်နှင့် ခြင်္သေ့ခေါင်း ရှိသော မိစ္ဆာကြီး ဖြစ်ပေသည်။ ညဉ့်ကောင်းကင်အောက်တွင်ကြီးမားလှသော ထိုကောင်ကြီး၏ လည်ဆံမွှေုးများက လှုပ်ခါနေခဲ့သောကြောင့် ကြောက်စရာကောင်းလှ၏။

“ကောင်မလေး မင်းကလွတ်နိုင်မယ် ထင်နေတာလား”

အေးစက်သော အသံကြီးတစ်သံထွက်ပေါ်လာပြီး လေပြင်းများ တိုက်ခတ်လာသောကြောင့် တောင်တန်းများသည် ဖုန်လုံးမုန်တိုင်းကြီး၏ လွှမ်းမိုးခြင်းကို ခံလိုက်ရလေသည်။

ထျန်းယောင်အာ၏ ၀င်္ကပါလည်း လေပြင်းတိုက်ခိုက်ခြင်းကို ခံလိုက်ရ၏။ ထိုအခါ လေရွေ့လျားမှုနှင့် သဲများက ကျိရှောင်ယု၏ ၀င်္ကပါတည်နေရာကို ဖော်ပြပေးသွားခဲ့သည်။

ကျိရှောင်ယု ချဉ်းကပ်လာသော ခြင်‌ေသ့္ မိစ္ဆာကြီးကိုကြည့်နေရင်း သူ့မျက်လုံးထဲတွင် ကြောက်ရွံ့မှု ရှိမနေခဲ့ပေ။

သူမသက်ပြင်းတစ်ချက်သာ ချလိုက်ပြီး သူမနှဖူးပေါ်တွင် ခပ်မှိန်မှိန်ရွှေရောင်အကွက်များ ပေါ်ပေါက်လာခဲ့၏။

မကြာခင်တွင် မိစ္ဆာကြီး ကျိရှောင်ယု ရှေ့သို့ ရောက်ရှိလာခဲ့သည်။ သူဖြည်းဖြည်းချင်း ဆောင့်ကြောင့်ထိုင်ချလိုက်ရာ တိမ်ပင်လယ်ထဲမီ ထွက်လာသော သူ့မျက်နှာကြီး ပေါ်ပေါက်လာခဲ့၏။

သူ့အစွယ်သည် ထက်ရှလှပြီး မျက်လုံးများက သွေးရောင်တောက်နေကာ လည်ဆံမွှေးများကတော့ ငရဲမှ မီးလျှံများကဲ့သ့်ို နီရဲနေခဲ့သည်။

ရုတ်တရက်

ကြောက်စရာကောင်းသော မိစ္ဆာကြီး ရပ်တန့်သွားပြီး ကျိရှောင်ယုနောက်ရှိ တောင်ပေါ်သို့ ကြည့်ရှုလိုက်၏။

ကျိရှောင်ယု နဖူးပေါ်ရှိ ရွှေရောင်အကွက်များမှာလည်း တဖြည်းဖြည်းပြန့်ကားလာပြီး သူ့နှဖူးတစ်ခုလုံးကိုပင် ဖုံးအုပ်သွားခဲ့သည်။

ထိုစဉ် သူမလည်း တစ်ခုခုကို အာရုံခံမိသွားပြီး နောက်လှည့်ကြည့်လိုက်၏။

ထိုအခါ တောင်ထိပ်တွင်ရပ်နေသော ခရမ်းရောင်၀တ်စုံနှင့် မျက်နှာဖုံး၀တ်ထားသော လူတစ်ယောက်ကို တွေ့လိုက်ရလေသည်။

ထိုလူရောက်ရှိနေမှုကို သူသတိမထားလိုက်မိသောကြောင့် ထိတ်လန့်သွားမိ၏။

“မင်းက ဘယ်ကလာတာလဲ” ကြောက်စရာကောင်းသော ခြ‌ေင်္သ့ မိစ္ဆာကြီး ဒေါသတကြီးအော်ဟစ်လိုက်ကြီး လက်ဝါးဖြင့် ပုတ်ချလိုက်လေသည်။

လက်ဝါးရိုက်ချက်မှ ဖိအားကြောင့် ကျိရှောင်ယု၏ ၀င်္ကပါ ပျက်ဆီးသွားခဲ့ရသည်။ အလံများရော အဆောင်စာရွက်များပါ လွင့်ထွက်သွားခဲ့ပြီး သူမခေါင်းပေါ်ရှိ သရဖူလည်း ပြုတ်ထွက်သွားခဲ့ကာ သူမဆံပင်များသည် လေထဲ ဝဲပျံသွားခဲ့ရ၏။

ဝုန်းးးး

နားကွဲမတတ် အသံကြီးတစ်သံ ထွက်ပေါ်လာပြီး ကမ္ဘာမြေကြီးပင် ကြမ်းကြမ်းတမ်းတမ်းလှုပ်ခါသွားသောကြောင့် ကျိရှောင်ယု မျက်လုံး မှိတ်ထားလိုက်ရသည်။

သူမ နှလုံးကိုခုန်သွားစေခဲ့သော လေပြင်းတိုက်ခိုက်မှုကြီး ပျောက်ကွယ်သွားသောအခါမှ ကျိရှောင်ယု မျက်လုံး ပြန်ဖွင့်ခဲ့၏။ ထိုအခါ ကြောက်စရာကောင်းသော ခြင်္သေ့မိစ္ဆာကြီးသည် အပေါ်ပိုင်းတစ်ခြမ်းသာ ကျန်တော့ပြီး သွေးများက မိုးရွာသလို စီးကျနေသည်ကို တွေ့လိုက်ရလေသည်။ ကောင်းကင်တွင်လည်း တိမ်များ ပျောက်ကွယ်သွားပြီး တလက်လက်တောက်ပနေသော ကြယ်လေးများကို မြင်တွေ့နေခဲ့ရ၏။

ကျိရှောင်ယု မျက်လုံး အံ့ဩထိတ်လန့်မှုကြောင့် ပြူးကျယ်သွားခဲ့သည်။

မသိစိတ်ကြောင့် သူမအလိုလိုနောက်ပြန် လှည့်ကြည့်လ်ုက်မိပြန်၏။ ထိုအခါ ဆန်းကြယ်သောလူသည် တောင်ထိပ်တွင်ပင် ရပ်နေဆဲဖြစ်ပြီး သူ့လက်များကို သူဘာမှမလှုပ်ရှားခဲ့သလို နောက်ပစ်ထားခဲ့သည်။

ထိုလူမှာ ကုအန်သာ ဖြစ်၏။

သူ့ကို မမှတ်မိစေရန် ကုအန် ခန္ဓာကိုယ်အချိုးအစားနှင့် အရပ်အနိမ့်အမြင့်ကိုပင် ပြောင်းလဲထားပြီး ဖြစ်သည်။ ယခုအခါ သူ့အရပ်က သူ့ပုံမှန်အချိန်ထက် ခေါင်းတစ်လုံးစာလောက် မြင့်နေ၏။

သူ အစွန်းကိုးပါးယင်ယန်ခန္ဓာကို မသုံးရသည့် အကြောင်းအရင်းမှာတော့ ဆရာသခင်ဓားအရှင်သည် မိစ္ဆာအရိပ်နတ်သိုင်းသုံးသည်ဟူသော သတင်းက ပျံ့နေသောကြောင့် ဖြစ်သည်။ သူကျိရှောင်ယုကို ဆရာသခင်ဓားအရှင်နဲ့ မပတ်သက်စေလိုပေ။

ကျိရှောင်ယု အမြန်ထရပ်လိုက်ကာ ဦးညွတ်အရိုအသေပြုလိုက်၏။

“ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာ”

“ဘာလို့ ကျိမိသားစု၀င်တစ်ယောက်က မိစ္ဆာနယ်မြေထဲ ရောက်နေတာလဲ” ကုအန် မေးလိုက်သည်။ သူ့အသံသည် ခပ်အက်အက်ဖြစ်နေကော အသက် ၄၀ ၅၀ တန်းလူတစ်ယောက်၏အသံနှင့်တူပြီး ဘ၀အတွေ့အကြုံများစွာကို ခံစားထားရသည့် လူလိုပင်။

ကျိရှောင်ယု ဖြေလိုက်သည်။ “ကျွန်မက ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကတပည့်တွေနဲ့ လေ့ကျင့်ရေးဆင်းတာမှာ အတူတူလိုက်လာတာပါ စီနီယာက ကျွန်မမိသားစုနဲ့ သိတယ်လား-

“

ကုအန် လေထဲမှ ကျိရှောင်ယုရှေ့တွင် ပေါ်လာကာ သူ့ပုခုံးကို ဖိလိုက်ပြီး ပြောလိုက်၏။

“တစ်နေရာမှာ သွားပြောရအောင်”

ကျိရှောင်ယု မတုန့်ပြန်နိုင်ခင်တွင် သူ့အကြည့်များ ဝေဝါးသွားခဲ့ရသည်။

တခဏအကြာ သူ့ခြေထောက် မြေပြင်နှင့် ထိမှန်းခံစားမိသောအခါမှ သူ့မျက်လုံးများကို ဖွင့်လိုက်နိုင်၏။ ထိုအခါ ဂူတစ်လုံးထဲ ရောက်နေခြင်း ဖြစ်မှန်း တွေ့လ်ုက်ရသည်။

ဂူအတွင်းပိုင်းသည် သိပ်မကျယ်လှဘဲ ဂူထဲတွင် ကျောက်တုံးများကို အစီအရီ စီထားခဲ့၏။ ဂူနံရံတွင် တောင်ပေါ်မှစီမ့်ကျနေသော ရေများရှိနေပြီး ဂူအမိုးတင်တော့ သလင်းကျောက်တစ်လုံးရှိနေကာ ထိုသလင်းကျောက်ကြောင့် ဂူထဲရှိ အရာများကို ကောင်းကောင်းမြင်နေရခြင်း ဖြစ်သည်။

“မင်းဒီမှာ ကုသသင့်တယ်”

ပြောပြီးသည်နှင့် ကုအန် လေထဲ ပျောက်ကွယ်သွားခဲ့၏။

ကျိရှောင်ယုလည်း တင်ပလ္လင်ခွေထိုင်ချလိုက်ကာ စတင်ကျင့်ကြံလေသည်။

တစ်နေရာတွင်

ကုအန်ကောင်းကင်ဖီးနစ်တောင်သို့ ပြန်ရောက်သောအခါ စိတ်ကောက်ပြီး ငြိမ်သက်နေသော ထျန်းယောင်အာကို တွေ့လိုက်ရသည်။ သို့သော် ကုအန်လက်ထဲရှိ ဝိုင်ကရား နှစ်လုံးကိုတွေ့လိုက်သောအခါ သူမ အပြုံးတောက်ပသွားခဲ့သည်။

နောက်ဆုံးအကြိမ်သောက်ပြီးကတည်းက သူမ ဝိုင်သောက်ရခြင်းကို စွဲလန်းနေလေပြီ။

…..

အာရုံတက်ချိန်တွင် ကုအန် အဓိပတိဂိုဏ်းသို့ ပြန်မသွားခဲ့သလို ကျိရှောင်ယု စီသို့လည်း မသွားခဲ့ပေ။

သူတောင်ဘက်ရှိ သမုဒ္ဒရာစီသို့သာ ပျံသန်းသွားခဲ့လေသည်။

ကုအန် အစွန်းကိုးပါးယင်ယန်ခန္ဓာကိုသုံးကာ မိစ္ဆာအရိပ်အဖြစ်ပြောင်းလဲပြီး အကန့်အသတ်မဲ့လွတ်လပ်ခြင်းခြေလှမ်းဖြင့် ထိုက်ကန်မင်းဆက်မှ အလျင်အမြန်ထွက်ခွာလာပြီး ပင်လယ်နယ်နိမိတ်ထဲ ၀င်ရောက်လာခဲ့၏။

အကန့်အသတ်မဲ့သော ပင်လယ်နှင့် ကောင်းကင်ကြီးကို မြင်လိုက်ရသောအခါ ကုအန်ပို၍ စိတ်တက်ကြွလာခဲ့ရသည်။

သူဆက်လက်၍ သမုဒ္ဒရာစီ ခရီးနှင်လိုက်၏။

သမုဒ္ဒရာထဲတွင် သင်္ဘောကြီးတစ်စင်း ခရီးနှင်နေခဲ့လေသည်။

အစိမ်းရောင်၀တ်စုံ၀တ် လူတစ်ယောက် စာအုပ်တစ်အုပ်ကိုကိုင်ကာ ကုန်းပတ်ပေါ် လဲလျောင်းနေခဲ့၏။ ရုတ်တရက် ထိုလူ တစ်ခုခုကို မြင်လိုက်ဟန်ဖြင့် ထထိုင်လိုက်ပြီး ကောငး်ကင်ပေါ် သေချာကြည့်လိုက်သောအခါ ဘာကိုမှ မတွေ့ရတော့ပေ။

“ထူးဆန်းလိုက်တာ ငါတစ်ခုခုကို မြင်လိုက်တယ်မလား” အစိမ်းရောင်၀တ်လူ၏ မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။

ရုတ်တရက် သူစာဖတ်ချင်စိတ်ပျောက်သွားသောကြောင့် နတ်ဘုရားတို့၏ရာထူးများ စာအုပ်ကို သိုလှောင်အိတ်ထဲ ပြန်ထည့်လိုက်ပြီး သင်္ဘောဦးထိပ်သို့သွားကာ အဝေးစီ ကြည့်နေခဲ့၏။

သမုဒ္ဒရာသည် အဆုံးမဲ့သော်လည်း သူ့မွေးရပ်မြေ၏ အရှိန်အဝါကို သူခံစားနေခဲ့ရ၏။

သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။

“မိစ္ဆာကပ်ဘေးတဲ့လား ဟမ့် အဲ့တာက ငါ့အတွက်အခြေအနေတွေကို ပြောင်းပြန်လှန်ပစ်ဖို့ ခြေနင်းကျောက်တုံးတစ်တုံးပဲ ဖြစ်လာလိမ့်မယ်”

….

ကုအန် ခြေလှမ်း ၅၀၀ ကျော်လှမ်းပြီးသည့်နောက် ကျွန်းကြီးတစ်ကျွန်းပေါ် ရောက်လာခဲ့၏။ ထိုကျွန်းတွင် သတ္တဝါအနည်းငယ်သာရှိပြီး မိုင်တစ်‌ေသာင်းပတ်လည်တွင်လည်း ကျွန်း ၆ ကျွန်းသာ ရှိသောကြောင့် သူအဆင့်ချိုးဖျက်ဖို့ သင့်တော်သော နေရာ ဖြစ်သည်။

ကုအန် တောအုပ်တစ်ခုထဲ တိတ်တဆိတ်၀င်သွားပြီး သစ်ပင်ကြီးတစ်ပင်အောက်ထိုင်ကာ သက်တမ်းအလွှာကို ထုတ်လိုက်လေသည်။

အရင်ဆုံး ကျင့်စဉ်ကို အဆင့်မြှင့်ရမယ်!

ကုအန် သက်တမ်းပေါင်းစပ်ခြင်း လုပ်ဆောင်ချက်ကို သုံးကာ မူလမြေကမ္ဘာအမတကျင့်စဉ်နှင့် အခြား ဒြပ်လေးမျိုး ကျင့်စဉ်တို့ကို ပေါင်းစပ်လိုက်၏။

[ဤကျင့်စဉ်ငါးခုအား အဆင့်ကွာဟမှုကြောင့် ပေါင်းစပ်လိုက်ပါက သန်မာသောကျင့်စဉ်တစ်ခု ထွက်ပေါ်လာမည်မဟုတ်ပေ ဆက်လက်လုပ်ဆောင်လိုပါသလား]

ဟမ်!

ဘာကိုဆိုလိုတာလဲ ရလဒ်က သာမန်ပဲတဲ့လား!

ကုအန် ကြိတ်၍ကျိန်ဆဲလိုက်ပြီး ဆက်လုပ်ဖို့ ငြင်းဆန်လိုက်၏။

ကံကောင်းစွာဖြင့် သူသတ်ဖြတ်ခဲ့သော ရန်သူများထံမှ ရရှိခဲ့သည့် ကျင့်စဉ်များကို လိုရမယ်ရဆိုပြီး သိမ်းဆည်းထားတာ ရှိနေခဲ့သည်။

ကုအန် အဆင့်မြင့် ကျင့်စဉ်လေးခုကို ထုတ်ကာ တစ်ခုချင်းစီ စတင် ကျင့်ကြံလိုက်၏။

ထိုသို့ ကျင့်ကြံရာတွင် သူအရင်က ကျင့်ခဲ့သော ကျင့်စဉ်ကိုပယ်တာတို့ စိတ်ဝိညဉ်စွမ်းအင်အသစ်ဖြင့် လှည့်ပတ်ရသည်တို့ လုပ်စရာမရှိပေ။ သူလုပ်ရသည်မှာ ကျင့်စဉ်ကို နားလည်သွားသည်နှင့် စနစ်ထဲ ထည့်ပေးလိုက်ရုံပင်။

တစ်နာရီခန့်ကြာသောအခါ ကုအန် စနစ်ထဲ အပိုကျင့်စဉ်လေးခု ပေါ်လာခဲ့လေသည်။

ကုအန် တစ်ခုချင်းကို အဆင့်မြှင့်ဖို့ စီစဉ်ထားသော်လည်း စာတန်းတစ်ခုပေါ်လာခဲ့ပြန်သည်။

[ကျင့်စဉ် ဝိရောဓိဖြစ်မှု၊ ကျင့်စဉ်ကို စွန့်ပစ်ရန် အစကပြန်လေ့ကျင့်ရန် နှင့် ကျင့်ကြံခြင်းဖောက်ပြန်သွားနိုင်မည့် အခြေအနေကို လစ်လျူရှု၍ ဆက်လက်ကျင့်ကြံရန် ရွေးချယ်ပါ ]

ဘုရား ဘုရား!

ရွှေလက်ချောင်းလို စနစ်နဲ့တောင် ကျင့်စဉ်ဖောက်ပြန်တာက ဖြစ်နိုင်သေးတယ်လား!

ကုအန် ဤကျင့်စဉ်ငါးခုကို ဒီတိုင်းပေါင်းရုံမှလွဲ၍ ရွေးစရာမရှိတော့ပေ။

[ပေါင်းစပ်ခြင်းအတွက် သက်တမ်း ၅၀၀၀၀၀ လိုအပ်ပါမည် ဆက်လက် လုပ်ဆောင်လိုပါသလား]

သက်တမ်း သန်းတစ်၀က်တောင်လား!

ကုအန် နာကျင်မှုကိုတောင့်ခံထားရင်း ဆက်လုပ်ဖို့ ရွေးလိုက်၏။

[သင်သည် မူလမြေကမ္ဘာအမတကျင့်စဉ် ကောင်းကင်နက် ကမ္မမီးတောက် ကျင့်စဉ်၊ ရွှေအလင်းစိတ်ဝိညဉ်ခန္ဓာပညာ၊ မြင်းမြှီးးတံခွန်ချီပညာ နဲ့ မဟာအေးခဲခြင်းကောင်းကင်မှော်ပညာ တို့ကို ပေါင်းစပ်ဖို့ သက်တမ်း ၅၀၀၀၀၀ အသုံးပြုခဲ့ပါသည်]

[ပေါင်းစပ်မှု အောင်မြင်ပါသည်၊ သင်သည် ဒြပ်ငါးမျိုးတာအိုကျင့်စဉ်ကို သဘောပေါက်နားလည်ခဲ့ပါသည်]

All Chapters