← Chapters

အခန်း (၁၇၁-၁၇၂)

Vol. 14 Ch. 171-172

အခန်း (၁၇၁-၁၇၂)

Vol. 14 Ch. 171-172

အပိုင်း(၁၇၁)

အချုပ်အနှောင်မဲ့အမတအဆင့် ၉ သို့ချိုးဖျက်ခြင်း!

ပေါင်းစပ်ခြင်း အောင်မြင်ကြောင်း စာတန်းပေါ်လာပြီးသည်နှင့် ကုအန် စိတ်ထဲသို့ မှတ်ညဏ်များ ရေကြီးသလို အရူးအမူး တိုး၀င်လာကြတော့သည်။

မြေကြီးထဲမှစိတ်ဝိညဉ်စွမ်းအားများ တိုးထွက်လာပြီး မြေပြင်သည် ချီပင်လယ်တစ်ခုနှယ် ပြောင်းလဲသွားကာ ကုအန် ကိုယ်ထဲသို့ ချီစွမ်းအားများ မုန်တိုင်းတိုက်သလို တိုး၀င်လာနေကြ၏။

ကျွန်းတစ်ခုလုံးရှိ စိတ်ဝိညဉ်စွမ်းအားများသည် ကုအန် ကိုယ်ထဲ စုပြုံတိုး၀င်နေကြပြီး တောကြီးသည် ဝုန်းဒိုင်းကြဲ လှုပ်ယမ်းနေလေရာ သတ္တဝါများလည်း ကြောက်လန့်တကြား ထွက်ပြေးကုန်ကြလေသည်။

ကုအန်မှာတော့ မှတ်ညဏ်များထဲ နစ်မြှုပ်နေပြီး အပြင်ရှိ အခြေအနေများကို သတိမထားမိပေ။

တစ်နာရီ ကုန်သွားခဲ့သည်။

ကုအန် ဖြည်းဖြည်းချင်းမျက်လုံးဖွင့်လိုက်သောအခါ သက်တမ်းအလွှာအပြင်ဘက်ရှိ ယိမ်းခါနေသော တောအုပ်ကြီးနှင့် ကောင်းကင်ထက်ရှိ မိုးကြိုးတိမ်တိုက်များကို တွေ့လိုက်ရ၏။ အခြေအနေမှာ မနက်ခင်းမှ ညနေသို့ ရုတ်ချည်းပြောင်းလဲသွားသလိုပင်။

ကုအန် ဒြပ်ငါးမျိုးတာအိုကျင့်စဉ်၏ နက်နဲမှုများကို သိရှိသွားသောအခါ သူ့နှလုံးသားထဲ အပျော်များဖြင့် ပြည့်နှက်သွားခဲ့ရသည်။

ဒြပ်ငါးမျိုးမှော်ပညာက တကယ် အစွမ်းထက်တာပဲ!

ဒြပ်ငါးမျိုးသည် ကောင်းကင်နှင့်မြေပြင်ကိုပင် ဖြစ်တည်စေနိုင်သည်။ ကောင်းကင်နှင့်မြေပြင်တွင် ငါးမျိုးထက်ပိုသော ဒြပ်များ ပါ၀င်သော်လည်း အခြေခံအားဖြင့်တော့ ဒြပ် ၅ မျိုးက အခြေခံဖြစ်၏။

ထို့နောက် ကုအန် စနစ်ကို တစ်ချက်ကြည့်လိုက်ကာ သူ့ဒြပ်ငါးမျိုးရတနာခန္ဓာကို အဆင့်မြှင့်ဖို့ သက်တမ်း ၅သိန်း သုံးလိုက်လေသည်။

ကုအန်မျက်စိရှေ့တွင် စာတန်းများ တစ်တန်းပြီးတစ်တန်းပေါ်လာခဲ့ပြီး စာတန်းတစ်ခုကို မြင်ရချိန်တွင်တော့ ကုအန် မျက်နှာပေါ် အပြုံးတစ်ပွင့် ပေါ်လာခဲ့၏။

[သင်သည် ကောင်းကင်နှင့်မြေပြင်၏ သဘာ၀ကို နှစ်ပေါင်း ၃၅၀၀၀၀ ကြာဆင်ခြင်ခဲ့ပြီး ကောင်းကင်နှင့်မြေပြင်၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်သွားခဲ့ကာ သင်၏ ဒြပ်ငါးမျိုးရတနာခန္ဓာသည် မူလတာအိုခန္ဓာအဖြစ် ပြောင်းလဲသွားခဲ့သည်]

နောက်ထပ် သက်တမ်း ၁၅၀၀၀၀ မှာတော့ မူလတာအိုခန္ဓာကိုသာ အဆင့်မြှင့်နေခြင်းဖြစ်ပြီး ပြောင်းလဲမသွားခဲ့ပေ။

ကုအန် ကိုယ်ထဲသို့ စိတ်ဝိညဉ်စွမ်းအင်များ တိုးဝင်နေစဉ်တွင် ကုအန် သူ့ခန္ဓာကို နောက်တစ်ခေါက် ထပ်မြှင့်ဦးမည်ဟု ဆုံးဖြတ်လိုက်၏။

သက်တမ်း ၃၇၀၀၀၀ ကုန်သွားချိန်တွင်တော့ ကုအန်၏ မူလတာအိုခန္ဓာသည် ဆန်းကြယ်မြင့်မြတ် ခန္ဓာအဖြစ် ပြောင်းလဲသွားလေတော့သည်။

စိတ်ဝိညဉ်စွမ်းအင်များ ကုအန် ကိုယ်ထဲတိုး၀င်လာကြပြီး ကုအန် ဆန်းကြယ်သော အခြေအနေတစ်ခုသို့ ရောက်ရှိသွားပြန်၏။

ထိုစဉ် အစွမ်းထက်သော နတ်အာရုံတစ်ခု ကျွန်းတစ်ခုလုံးကို ဖြတ်သန်းသွားခဲ့လေသည်။

နိဗာနအဆင့်!

ကုအန် စိတ်ထဲ အချက်ပေးသံများ မြည်ဟည်းသွားခဲ့၏။ ဤကမ္ဘာကြီးတွင် ပုန်းအောင်းနေသော အမတများ အမှန်တကယ် ရှိပေသည်။

သူ့တိုက်ကြီးဆိုသည်မှာ ကျယ်ပြန့်လှသော ကမ္ဘာကြီး၏ အစွန်အဖျား ဒေသလေး တစ်ခုသာ။

ကုအန် အထိတ်တလန့်တော့ ဖြစ်မသွားခဲ့ပေ။ သက်တမ်းအလွှာထဲမှာ ဆိုပါက သူ့ကို ဘယ်လိုမှ ရှာတွေ့သွားနိုင်မည် မဟုတ်ပေ။

အမွှေးတိုင်တစ်တိုင်ထွန်းစာ အချိန်ပြီးမှသာ နတ်အာရုံ ပျောက်ကွယ်သွားခဲ့သည်။

သို့သော် ထိုနတ်အာရုံပျောက်ကွယ်သွားပြီးနောက် နောက်ထပ် နတ်အာရုံများ တစ်ခုပြီးတစ်ခု ဤပင်လယ်နယ်မြေသို့ ရောက်ရှိလာလေတော့သည်။

ကုအန်၏ စိတ်ဝိညဉ်စွမ်းအား စုပ်ယူနေမှုသည် ကျွန်းနယ်မြေကိုပင် ကျော်လွန်သွားသောကြောင့် ဤပင်လယ်နယ်‌ေမြရှိ ပင်လယ်ထဲတွင် လှိုင်းလုံးကြီးများ ပြင်းထန်လာပြီး ပင်လယ်မိစ္ဆာများ ၀ရုန်းသုန်းကား ဖြစ်ကုန်ကြ၏။

မွန်းတည့်ချိန်ကျော်လွန်မှသာ ကုအန် ဆန်းကြယ်မြင့်မြတ်ခန္ဓာကို ပြီးပြည့်စုံစွာ ပြောင်းလဲသွားခဲ့သည်။ ကမ္ဘာကြီးသည် သူ့မျက်လုံးထဲတွင် လုံး၀ ပြောင်းလဲသွားခဲ့ပြီး မမြင်နိုင်သော စွမ်းအားလှိုင်းများစွာကို သူအာရုံခံမိနေခဲ့ပြီး သူ့ချီသွေးများမှာပင် အတော်လေး တိုးတက်သွားခဲ့၏။

သူ့ခန္ဓာကိုယ် အပြင်အားသက်သက်နှင့်ပင် မဟာယနအဆင့်တစ်ယောက်ကို တစ်ချက်တည်းဖြင့် ရိုက်သတ်ပစ်နိုင်သည်ဟု သူခံစားနေခဲ့ရသည်။

ကုအန် မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်လိုက်သောအခါ သက်တမ်းအလွှာသည် မနက်ခင်းတစ်ပိုင်းတည်းနှင့် ၂၀၀၀၀၀ နီးနီးကုန်နေသည်ကို တွေ့လိုက်ရ၏။

နတ်အာရုံများ တစ်ခုပြီးတစ်ခု ဖြတ်သန်းနေသောကြောင့် ကုအန် အဆင့်မြှင့်နေခြင်းကို ရပ်တန့်ပစ်လိုက်သည်။

ယခုအခါ သူပင် အံ့အားသင့်သွားရသော နတ်အာရုံတစ်ခုကို သတိထားလိုက်မိပြီး တစ်ဖက်လူသည် သူနှင့်အဆင့်တူ ဖြစ်လျှင်ဖြစ်မဟုတ်လျှင် သူ့ထက်ပင် အဆင့်မြင့်နေနိုင်သေးသည်။

သမုဒ္ဒရာကြီးသည် အမှန်တကယ်ပင် နက်နဲလှ၏။

သူသာ ဒီနေ့ဤနေရာတွင် ဆက်လက်အဆင့်မြှင့်နေသေးပါက ပိုကြောက်စရာကောင်းသော မကောင်းဆိုးဝါးအိုကြီးများကိုပင် ဆွဲဆောင်နိုင်ဦးမလားဟု သိချင်နေမိသည်။

သို့သော် ကုအန် အဆင့်တက်ရန် နေရာပြောင်းဖို့ ဆုံးဖြတ်လိုက်၏။

ကုအန် သက်တမ်းအလွှာကိုဖွင့်ထားရင်း ဘယ်ဟာကို အဆင့်ဆက်မြှင့်ရမလဲဟု တွေးနေခဲ့သည်။

သူ့ကျင့်စဉ်ကို နောက်တစ်ဆင့်ထပ်မြှင့်နိုင်သေးသလို နတ်သိုင်းများကို မြှင့်ဖို့လည်း ရွေးချယ်နိုင်သေး၏။ သို့သော် တိုက်ခိုက်ရေးပညာရပ်အများအပြားကို မြှင့်ရန်တော့ မလိုအပ်သေးပေ။

သူတတ်မြောက်ထားသော နတ်သိုင်းများ မှော်သိုင်းများသည် ဤကမ္ဘာကြီးတွင်ပင် ရှားပါးသော အရာများဟု ဆိုနိုင်၏။

ညနေခင်းချိန်သို့ ရောက်သောအခါ ကုအန် ကျွန်းပေါ်မှ အမြန်ထွက်ခွာကာ အရှေ့အရပ်သို့ ဦးတည်လာခဲ့သည်။

ခြေလှမ်း ၅၀၀ ခန့်လှမ်းပြီးသောအခါ နောက်ဆုံးတွင် ကုအန် ရပ်တန့်လိုက်၏။ ဤတစ်ကြိမ်သူရောက်နေသော ကျွန်းသည် ကျွန်းငယ်လေးဖြစ်ပြီး မိစ္ဆာများလည်း လုံး၀မရှိဘဲ အသိညဏ်မဖွံ့ဖြိုးသေးသော သတ္တဝါများသာ ရှိကြပေသည်။

ကုအန် သစ်ပင်တစ်ပင်အောက်တွင် ထိုင်ချလိုက်ကာ သပ်တမ်းအလွှာကိုဖွင့်လိုက်ပြီး စနစ်ကို ဖွင့်ကြည့်လိုက်၏။

ထို့နောက် ဒြပ်ငါးမျိုးတာအိုကျင့်စဉ်ထဲသို့ သက်တမ်း ၂သိန်း ပေါင်းထည့်လိုက်လေသည်။

သို့သော် သက်တမ်း ၂သိန်းဖြင့် ကျင့်စဉ်ကို အဆင့်မမြှင့်နိုင်သောကြောင့် ကုအန် နောက်ထပ် ၂သိန်း ထပ်ထည့်‌လိုက်သော်လည်း သူကျရှံးနေဆဲပင်။

ထို့ကြောင့် ကုအန် စိတ်ဆုံးဖြတ်လိုက်ပြီး နောက်ထပ် သက်တမ်း ၃သိန်း ပေါင်းထည့်လိုက်မှသာ ထိုသိုင်းက ကောင်းကင်နှင့်မြေပြင်မူလကျင့်စဉ်အဖြစ် ပြောင်းလဲသွားခဲ့၏။

ကျွမ်းကျင်အဆင့်!

သက်တမ်းစုစုပေါင်း ‌၇၀၀၀၀၀!

ထို့အပြင် ကောင်းကင်နှင့်မြေပြင်မူလကျင့်စဉ်က လက်ဖဝါးထဲက စကြာ၀ဠာဟူသော နတ်သိုင်းတစ်ခုကိုလည်း နိုးထစေခဲ့သည်။ ထိုသိုင်းသည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို လက်ဖဝါးထဲ ထည့်ထားနိုင်သော ပညာဖြစ်ပြီး မည်မျှပမာဏထိ ထည့်ထားနိုင်မလဲဆိုတာကတော့ အသုံးပြုသူ၏ လင်းရှီ ပမာဏနှင့်သာ သက်ဆိုင်ပေသည်။

ကုအန် သူ့တွင်ကျန်သော သက်တမ်း ၇သန်း၇သိန်းကို ကြည့်လိုက်ပြီး အဆင့်တက်ရန် လုံလောက်သေးသည်ဟု ခံစားလိုက်ရ၏။

ထိုစဉ် ကုအန်ကိုယ်ထဲ သဘာ၀ စိတ်ဝိညဉ်စွမ်းအင်များ တိုး၀င်လာပြန်ပြီး သူ့စိတ်သည် အမွေဆက်ခံခြင်း အခြေအနေထဲ ၀င်ရောက်သွားခဲ့ပြန်သည်။

တစ်နာရီခန့်ကြာမှသာ ကုအန် မျက်လုံးများ ပြန်ပွင့်လာခဲ့သည်။

ကောင်းကင်သည် မှောင်မည်းနေချေပြီ။

ကောင်းကင်နှင့်မြေပြင်မူလကျင့်စဉ်ကိုပင် မကြည့်နိုင်အားသေးဘဲ ကုအန် စနစ်ကိုသာ ပြန်ကြည့်လိုက်၏။

မူလရူယီကျင့်စဉ်သည် အဆင့်မြှင့်ကို မြှင့်ရမည့် ကျင့်စဉ်ဖြစ်ပေသည်။ ထိုကျင့်စဉ်သည် သူ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး သူ့အား သူ့ထက်မြင့်သည့်အဆင့်များမှ ထောက်လှမ်းခြင်းကိုပင် ကာကွယ်ပေးနိုင်သည့် ကျင့်စဉ်ဖြစ်၏။

ထို့ကြောင့် ကုအန် ထိုကျင့်စဉ်ထဲ သက်တမ်း ၅သိန်း ပေါင်းထည့်လိုက်လေသည်။

စာတန်းများ ကုအန်ရှေ့တွင် တစ်တန်းပြီးတစ်တန်းပေါ်လာခဲ့ပြီး မူလရူယီ ကျင့်စဉ်သည် အရာအားလုံး၏ပုံသဏ္ဍာန်နှင့်စွမ်းအင်ပညာရပ် အဖြစ်ပြောင်းလဲသွားခဲ့၏။

အရာအားလုံး၏ပုံသဏ္ဍာန်နှင့်စွမ်းအင် ပညာရပ်သည် သူ့အရှိန်အဝါကို ဖုံးကွယ်ထားပေးနိုင်ရုံသာမက သူ့အရှိန်အဝါကို ပြောင်းလဲပေးနိုင်ပြီး အရာအားလုံးနှင့် ရောစပ်ပေးထားနိုင်သည်အထိ ခွင့်ပြုပေးထားသည်။ ဥပမာအားဖြင့် ကုအန် မိစ္ဆာတစ်ကောင်ကောင်နှင့် ရင်ဆိုင်ရပါက မိစ္ဆာချီစွမ်းအားနှင့်အရှိန်အဝါကို ထုတ်ဖော်ထားနိုင်ပြီး ဘယ်မိစ္ဆာကမှလည်း သူ့ကို လူသားမှန်း ရှာတွေ့သွားမည် မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် ‌အရာအားလုံး၏ပုံသဏ္ဍာန်နှင့်စွမ်းအင်ပညာရပ်က နတ်သိုင်းတစ်ခုကိုလည်း နိုးထသွားစေခဲ့ပြီး ထိုနတ်သိုင်း၏အမည်မှာ ကောင်းကင်နှင့်မြေပြင်ပြောင်းလဲခြင်း ကိုးပါး ဖြစ်ပေသည်။

ထိုသိုင်းသည် အသွင်ပြောင်းလဲခြင်းသိုင်းတစ်မျိုးဖြစ်ကာ ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေ၏။

ကုအန် ကိုယ်ထဲသို့ စိတ်ဝိညဉ်စွမ်းအင်များ တစ်ဖန်တိုး၀င်လာပြန်သောအခါ မိုင်တစ်သောင်းပတ်လည်ရှိ ပင်လယ်ပြင်တွင် လှိုင်းလုံးကြီးများ ပေါ်ပေါက်လာခဲ့ပြန်သည်။

ဤတစ်ကြိမ်တွင်လည်း ကျွန်းပေါ်သို့ နတ်အာရုံများ ရောက်ရှိလာပြန်ပြီး မတူသည်မှာ ယခုအကြိမ်တွင် ကျွန်းပေါ်သို့ ကျင့်ကြံသူများ ကိုယ်တိုင် ပျံသန်းလာခဲ့ကြခြင်း ဖြစ်သည်။

ကုအန်ရောက်ရှိလာမှုသည် တိတ်ဆိတ်နေသော သမုဒ္ဒရာကို လှုပ်နှိုးလိုက်လေပြီ!

နောက်ထပ် တစ်နာရီခန့်ကြာသောအခါ ကုအန်မျက်လုံးများ ပွင့်လာပြီး စနစ်ကိုကြည့်လိုက်သောအခါ သူ့သက်တမ်းသည် ၇သန်းနှစ်သိန်းပင် မကျန်တော့တာကို တွေ့လိုက်ရ၏။ နောက်ဆုံးတွင် သက်တမ်း ၁၀ သန်းဆိုသည်မှာလည်း တကယ်သုံးပါက ဘာမှ မဟုတ်ခဲ့ပေ။

သူအဆင့်ချိုးဖြတ်လျှင် သက်တမ်းမလုံလောက်မည်ကို စိုးရိမ်နေသောကြောင့် ကုအန် နတ်သိုင်းများကို ထပ်မမြှင့်ရဲတော့ပေ။

အဆင့်ပိုမြင့်လေလေ သက်တမ်းကုန်ကျမှုမှာ ပိုများ‌လာလေဖြစ်ပြီး အထူးသဖြင့် အမတအဆင့်တွင် ဖြစ်ပေသည်။

ကုအန် သူ့မျက်နှာကို တစ်ချက်ရိုက်လိုက်ပြီး စိတ်ထဲတွင် ကြိတ်၍ ဆုတောင်းနေလိုက်၏။

ထို့နောက် သူ့ကျင့်ကြံခြင်းထဲ သက်တမ်း ၁သန်းပေါင်းထည့်လိုက်လေသည်။

[သင်သည် သင်၏ကျင့်စဉ်ကို ပြောင်းလဲခဲ့သောကြောင့် ကောင်းကင်နှင့်မြေပြင်မူလကျင့်စဉ်ကို ချီကျင့်ကြံခြင်းအဆင့်မှ စ၍ ဆင်ခြင်သုံးသပ်ခဲ့ရသည်]

[သင်သည် တစ်နှစ်ကြာ စွမ်းအင်စုပ်ယူခဲ့ပြီး သင့်ကျင့်ကြံခြင်းသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်]

[သင်သည် သုံးနှစ်ကြာ စွမ်းအင်စုပ်ယူခဲ့ပြီး သင့်ကျင့်ကြံခြင်းသည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်]

[သင်သည် ငါးနှစ်ကြာ စွမ်းအင်စုပ်ယူခဲ့ပြီး သင့်ကျင့်ကြံခြင်းသည် စိတ်ဝိညဉ်အခြေတည်အဆင့်သို့ ရောက်ရှိလာခဲ့သည်]

…….

[သင်သည် နှစ်ပေါင်း ၅၀၀ ကြာ စွမ်းအင်စုပ်ယူခဲ့ပြီး သင့်ကျင့်ကြံခြင်းသည် မဟာယနအဆင့်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်]

…..

[သင်သည်နှစ်ပေါင်း ၅၀၀၀ ကြာစွမ်းအင်စုပ်ယူကာ ကျင့်ကြံခဲ့ပြီး ကောင်းကင်နှင့်မြေပြင်မူလကျင့်စဉ်တွင် အောင်မြင်မှုများ ရရှိခဲ့ကာ သင့်ကျင့်ကြံခြင်းသည် အချုပ်အနှောင်မဲ့အမတအဆင့်ကို ထိတွေ့နိုင်ခဲ့ကာ ကပ်ဘေးကို စိန်ခေါ်နိုင်ခဲ့သည်။ သို့သော် ကောင်းကင်လမ်းစဉ်၏ ဆန်းကြယ်ကောင်းကင်ကပ်ဘေး ငါးပါးကို တောင့်မခံနိုင်ခဲ့ဘဲ ကပ်ဘေးဖြတ်ကျော်ခြင်း ကျရှူံးခဲ့ရသည်]

[သင်သည်နှစ်ပေါင်း ၁၀၀၀၀ ကြာစွမ်းအင်စုပ်ယူကာ ကျင့်ကြံခဲ့ပြီး ကောင်းကင်နှင့်မြေပြင်မူလကျင့်စဉ်တွင် အောင်မြင်မှုများ ရရှိခဲ့ကာ သင့်ကျင့်ကြံခြင်းသည် အချုပ်အနှောင်မဲ့အမတအဆင့်ကို ထိတွေ့နိုင်ခဲ့ကာ ကပ်ဘေးကို စိန်ခေါ်နိုင်ခဲ့သည်။ သို့သော် ကောင်းကင်လမ်းစဉ်၏ ဆန်းကြယ်ကောင်းကင်ကပ်ဘေး ငါးပါးကို တောင့်မခံနိုင်ခဲ့ဘဲ ကပ်ဘေးဖြတ်ကျော်ခြင်း ကျရှူံးခဲ့ရသည်]

….

အစကနေ ပြန်လည်ကျင့်ကြံရန် လိုအပ်နေသည်ကို တွေ့ပြီး ကုအန်မျက်နှာတောင့်တင်းသွားခဲ့သော်လည်း ကံကောင်းစွာဖြင့် နှစ် ၅၀၀၀ တည်းဖြင့် အချုပ်အနှောင်မဲ့အမတအဆင့်ကို ထိတွေ့နိုင်ခဲ့သည်။

ကောင်းကင်နှင့်မြေပြင်မူလကျင့်စဉ်နှင့် ဆန်းကြယ်မြင့်မြတ်ခန္ဓာ၏ ပေါင်းစပ်မှုမှာ ကြောက်စရာကောင်းလှ၏။

စနစ်ဖြင့် သက်တမ်းပေါင်းထည့်ခြင်းသည် အပြင်လောကတွင် ကျင့်ကြံသည်ထက် အချိန်ပိုကြာသည်ကိုလည်း မေ့မထားသင့်ပေ။

ကုအန် လက်ရှိ သူ့ပါရမီနှင့် အခြေခံအုတ်မြစ်အပေါ် လုံး၀ပင် ယုံကြည်ချက်ရှိနေပြီ ဖြစ်သည်။

နှစ်ငါးထောင်ကြာတိုင်း ကပ်ဘေးတစ်ခါလာမှာလား!

ဒီလောက်က ပါးပါးလေးပါပဲ!

ကျရှုံး ကျရှုံး ကျရှူံး….

ကုအန် သူ့ရှေ့ရှိ ကျရှုံးသော စာတန်းများကို ကြည့်နေရင်း ဘာမှမခံစားခဲ့ရပေ။ နောက်ဆုံး၌ သူ့ဆီတွင် သက်တမ်းအများကြီး ရှိနေသေးသည်သာ။

ကုအန် အများကြီး ကျရှုံးဖို့ကိုလည်း ပြင်ဆင်ထားပြီး ဖြစ်သည်။

သက်တမ်း ၁သန်းနှင့်ဆိုပါက သူ့တွင် ကျရှုံးဖို့ အခွင့်အရေး ၂၀၀ တောင်ရှိပေသည်။

ငါဒီလောက်တော့ ကံမဆိုးနိုင်ဘူးမဟုတ်လား!

သို့သော် ကုအန်ကြည့်နေရင်း သူ့မျက်နှာမည်းမှောင်လာခဲ့၏။

‌ဆန်းကြယ်ငါးပါး ကောင်းကင်ကပ်ဘေးဆိုတာ ဘာကြီးလဲဟ!

ဘာလို့ဒါကြီးက အဲ့လောက်ကြမ်းနေရတာလဲ!

လူတိုင်းဖြတ်ကျော်ရသော ကောင်းကင်ကပ်ဘေးများသည် အဲ့လောက်မကြမ်းကြဘဲ သူ့ဆီသက်ဆင်းလာသော ကပ်ဘေးများမှာတော့ အတော်ကြီး ကြောက်စရာကောင်းလှပေသည်။

ထိုအရာသည် သူ့ကျင့်စဉ်နှင့် ခန္ဓာနှင့် ဆက်စပ်နေနိုင်သည်ဟု ကုအန် သံသယရှိ၏။

အပြင်အားနှင့်ကျင့်စဉ်သည် ကျင့်ကြံခြင်းအမြန်နှုန်းကို တိုးမြှင့်ပေးနိုင်သော်လည်း ကပ်ဘေးကျော်ဖြတ်ခြင်း၏ ခက်ခဲမှုကိုလည်း တိုးမြှင့်စေနိုင်သည်။

အမတကျင့်ကြံခြင်းဆိုသည်မှာ အမှန်တကယ်ပင် ကောင်းကင်ကိုအံတုရသော အရာသာ ဖြစ်၏။

သို့သော် သူအဆင့်ချိုးဖျက်နေနိုင်သရွေ့ ဘယ်လောက်ရှုံးရှုံး ကိစ္စတော့ မရှိပေ။ သူလုပ်ဖို့လိုသည်မှာ ကျရှုံးပါက သက်တမ်း ထပ်ထည့်လိုက်ရုံသာ။

ဤသို့ဖြင့် သက်တမ်း ၁သန်းသည် သဲထဲရေသွန် ဖြစ်သွားခဲ့ရသည်။

သို့သော် ထိုသို့အတိအကျကြီးတော့ ပြောမရပေ။ သူ့လင်းရှီများသည် သစ်သားအခြေပြု မူလကမ္ဘာမြေအမတကျင့်စဉ်၏ ဓမ္မစွမ်းအားမှ ကောင်းကင်နှင့်မြေပြင်မူလကျင့်စဉ်၏ ဒြပ်ငါးမျိုး ဓမ္မစွမ်းအားများအဖြစ် ပြောင်းလဲသွားခဲ့၏။

ဤအရာလေးသာ ပြောင်းလဲသွားခြင်းဖြစ်သော်လည်း သူသည် အရင်ကထက် အများကြီးပို၍ အစွမ်းထက်သွားပြီ ဖြစ်သည်။

ကုအန် သူ့ကိုယ်သူနှစ်သိမ့်နေရင်း စိတ်ဝိညဉ်စွမ်းအင်များသည် သူ့ကိုယ်ထဲ ထပ်မံတိုး၀င်လာနေခဲ့ကြသည်။ ဤတစ်ကြိမ်တွင်တော့ ထိုဖြစ်စဉ်က သူ့အတွေးများကို မနှောင့်ယှက်သောကြောင့် ကုအန် သက်တမ်းများ ဆက်လက်ပေါင်းထည့်လိုက်သည်။

သူနောက်ထပ် သက်တမ်း ၁သန်းပေါင်းထည့်လိုက်ပြန်သည်။

ကျရှုံး!

ကျရှုံး!

ကျရှုံး!

ကုအန် ကပ်ဘေးကျရှုံးမှုများကို ကြည့်ပြီး လေးနက်လာခဲ့ရသည်။

[သင်သည် နှစ်ပေါင်း ၄၅၀၀၀၀ ကြာစွမ်းအင်စုပ်ယူခဲ့ပြီး ကောင်းကင်နှင့်မြေပြင်မူလကျင့်စဉ်တွင် အောင်မြင်မှုကြီး ရရှိခဲ့ကာ ဆန်းကြယ်ငါးပါး ကောင်းကင်ကပ်ဘေးကို ဆင့်ခေါ်နိုင်ခဲ့ပြီး တောင့်ခံနိုင်ခဲ့ကာ သင့်ကျင့်ကြံခြင်းသည် အချုပ်အနှောင်မဲ့ အမတအဆင့် ၁ သို့ ချိုးဖျက်နိုင်ခဲ့သည်]

[သင်သည် နှစ်ပေါင်း ၄၅၃၀၀၀ ကြာ စွမ်းအင်စုပ်ယူခဲ့ပြီး သင့်ကျင့်ကြံခြင်းသည် အချုပ်အနှောင်မဲ့အမတအဆင့် ၂ သို့ချိုးဖျက်နိုင်ခဲ့သည်]

……

[သင်သည် နှစ်ပေါင်း ၅၀၀၀၀၀ ကြာ စွမ်းအင်စုပ်ယူခဲ့ပြီး သင့်ကျင့်ကြံခြင်းသည် အချုပ်အနှောင်မဲ့အမတအဆင့် ၉ သို့ချိုးဖျက်နိုင်ခဲ့သည်]

[သင်သည် နှစ်ပေါင်း ၅၆၀၀၀၀ ကြာစွမ်းအင်စုပ်ယူခဲ့ပြီး ကောင်းကင်နှင့်မြေပြင်မူလကျင့်စဉ်တွင် အောင်မြင်မှုများ ရရှိသွားခဲ့ကာ ခြေသလုံးအိမ်တိုင်အမတ အဆင့်ကို ထိတွေ့နိုင်ခဲ့ပြီး ကပ်ဘေးကို ဆင့်ခေါ်နိုင်ခဲ့သည်။ သို့သော် ယင်ယန်ဆန်းကြယ်အဝါရောင်ဧကရာဇ် ငါးပါး ကပ်ဘေးကို တောင့်မခံနိုင်ခဲ့ဘဲ ကပ်ဘေးကျော်ဖြတ်ခြင်း ကျရှုံးခဲ့သည်]

…….

ထို့နောက် အဆုံးမဲ့သော ကျရှုံးမှုများ ပေါ်ပေါက်လာခဲ့လေသည်။

သို့သော် သူ့ကျင့်ကြံခြင်းသည် အချုပ်အနှောင်မဲ့အမတအဆင့် ၉ သို့ရောက်ရှိသွားသည်ကို ကြည့်ပြီး ကုအန် မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ပေါ်လာခဲ့လေသည်။

အချုပ်အနှောင်မဲ့အမတအဆင့်တွင် ကျင့်ကြံခြင်းသည် သေချာပေါက် နိဗာနအဆင့်ထက် ခက်ခဲသော်လည်း ကုအန် အသုံးပြုခဲ့ရသော သက်တမ်းမှာတော့ တိုးမလာခဲ့ပေ။ သူအရင်က နိဗာန အဆင့် ၇မှ ၈သို့တက်ရန်ပင် သက်တမ်း ၅၀၀၀ သုံးခဲ့ရ၏။

အချုပ်အနှောင်မဲ့အမတအဆင့် ၁မှ ၂သို့ တက်ရန်ကိုတော့ သက်တမ်း ၃၀၀၀ သာ သုံးခဲ့ရပြီး ထိုအရာမှာ ကောင်းကင်နှင့်မြေပြင်မူလကျင့်စဉ်နှင့် ဆန်းကြယ်မြင့်မြတ်ခန္ဓာ၏ အစွမ်းသာ ဖြစ်ပေသည်။

သို့သော် အဆင့်မြင့်လာချိန်တွင် သက်တမ်း ကုန်ကျမှုမှာ တိုးလာခဲ့ပြီး ဤအရာကိုတော့ ကုအန် လက်ခံနိုင်ပေသည်။

အသိပေးချက်စာတန်းများ ကုန်ဆုံးသွားခဲ့သော်လည်း ကုအန် ယင်ယန်ဆန်းကြယ်အဝါရောင်ဧကရာဇ်ငါးပါး ကပ်ဘေးကို တောင့်မခံနိုင်ခဲ့သေးပေ။

ကုအန် သူ့လက်ကျန် သက်တမ်း ၅သန်းကို ကြည့်ကာ စိတ်အေးအေးထားဖို့ ခက်သည်ဟု ခံစားလိုက်ရလေသည်။

အပိုင်း(၁၇၂)

မြေလျှောက်အမတအဆင့် ၉ ၊ကောင်းကင်နှင့် မြေပြင်တစ်ခွင် လှည့်လည်သွားလာခြင်း

[Translator note: ခြေသလုံးအိမ်တိုင်အမတ အဆင့်ကို မြေလျှောက်အမတ အဆင့် လို့ပြောင်းထားပါတယ်]

လေးနာရီခန့်ကြာသောအခါမှသာ ကုအန် အချုပ်အနှောင်မဲ့ အမတ အဆင့်၉ သို့ရောက်ရှိသွားခဲ့သည်။

အချုပ်အနှောင်မဲ့အမတအဆင့်သို့ ရောက်သွားသောအခါ သူ့လင်းရှီများသည် နှစ်ဆတိုးလာရုံသာမက ကောင်းကင်နှင့်မြေပြင်၏ ချုပ်နှောင်မှုများမှလည်း လွတ်မြောက်လာသည်ဟု ခံစားနေခဲ့ရ၏။ ဥပမာအားဖြင့် ယခုအခါ သူသည် ကောင်းကင်ပေါ်တွင် ပျံသန်းရန် လင်းရှီကို အသုံးပြုရန် လိုတော့မည် မဟုတ်ဘဲ ရေနက်ထဲသို့ ဒိုက်ထိုးချပြီး ကူးခတ်ရန်လည်း လင်းချီကို လိုတော့မည်မဟုတ်ပေ။ သူ့ခန္ဓာကနေမှ မူလဝိညဉ် ကိုပင် မည်သည့်အတားအဆီးကိုမှ ဂရုစိုက်စရာမလိုဘဲ ချက်ချင်း ပြောင်းလဲပစ်နေနိုင်ပြီ ဖြစ်သည်။

ဖော်ပြ၍မရလောက်အောင် ဆန်းကြယ်မှု!

လွန်ခဲ့သောနှစ်ရက်အတွင်း များစွာသော အစွမ်းထက်ငယသည့် နတ်အာရုံများ သူရှိသည့် နယ်မြေသို့ ဖြတ်သန်းသွားသောကြောင့် ကုအန် ဤကမ္ဘာကြီး မည်မျှကျယ်၀န်းမှန်း သိနေပြီ ဖြစ်သည်။

လုလင်ကျွမ်း တက်လှမ်းလာခြင်းမှာ မမှားခဲ့ပေ။ ဤကမ္ဘာသည် အမတကမ္ဘာနှင့် ဆင်တူသော သာမန်လူများ၏ နားလည်မှုကို ကျော်လွန်နေသည့် ကမ္ဘာကြီး ဖြစ်၏။

ကုအန် လုလင်ကျွမ်းနှင့် ဝိညဉ်ဖြူမိစ္ဆာဧကရီတို့ပြောခဲ့ဖူးသည့် မဟာကောင်းကင်နှင့်မြေပြင် ဆိုသည့် အသုံးနှုန်းကိုပင် ပြန်သတိရမိသွားသည်။

ဆန်းကြယ်မဟာကောင်းကင်နှင့်မြေပြင်!

ဤမဟာကောင်းကင်နှင့်မြေပြင်ဟုခေါ်သော နေရာသည် မည်မျှ ကျယ်၀န်းနေလိမ့်မည်နည်း။

ကုအန် ကောင်းကင်သို့ မကြည့်ဘဲ မနေနိုင်တော့ပေ။

ထိုကောင်းကင်ကြီး မည်မျှမြင့်မှန်း သူတစ်ခါမှ မစဉ်းစားဖူးပေ။

နိဗာနအဆင့်တုန်းက သူ့နတ်အာရုံကို ကောင်းကင်ဆီဖြန့်ကျက်ကြည့်ဖူးသော်လည်း ရလဒ်က သူ့ကို ကြောက်ရွံ့သွားစေခဲ့သည်။

သူ့နတ်အာရုံသည် ကောင်းကင်ဆီသို့ ‌လုံး၀ မရောက်ရှိခဲ့ဘဲ ဆန်းကြယ်မဟာကောင်းကင်နှင့်မြေပြင်၏ ကောင်းကင်မှာ အလွန်မြင့်မားမှန်း သိသာလှသည်။ ထိုအရာက သူ့အရင်ဘ၀တုန်းက စကြာ၀ဠာဗေဒနှင့် ပတ်သက်သည့် နားလည်မှုများကိုပင် တုန်လှုပ်သွားစေခဲ့သည်။

အချုပ်အနှောင်မဲ့အမတအဆင့်သို့ ရောက်သောအခါ ကုအန် ဆန်းကြယ်သော ကောင်းကင်၏ စွမ်းအားတစ်ခုကို အာရုံခံလိုက်မိပြီး ထိုစွမ်းအားမှာ အချုပ်အနှောင်မဲ့အမတ အဆင့်များပင် လက်လွတ်စပယ်သွားထိရဲသည့် အရာ မဟုတ်ပေ။

ထိုအရာသည် သက်ရှိတစ်ယောက်၏ အရှိန်အဝါနှင့် မတူဘဲ ကောင်းကင်၏ ဩဇာအာဏာနှင့် ပိုတူပေသည်။

ကုအန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး စနစ်ကို ဖွင့်ကြည့်လိုက်၏။

ကပ်ဘေးကြီးများ ဖြစ်ပွားနေချိန်ဖြစ်သောကြောင့် သူ့ကျင့်ကြံခြင်းကို တတ်နိုင်သမျှ မြင့်အောင် မြှင့်ထားရပေလိမ့်မည်။

သက်တမ်း ၁သန်း ထည့်မယ်!

ကုအန်ရှေ့တွင် စာတန်းများ တစ်တန်းပြီးတစ်တန်းပေါ်လာခဲ့လေသည်။

ကျရှုံး!

ကျရှုံး!

ကျရှုံး!

ကုအန် စိတ်အေးအေးပင် ရှိနေသေးသည်။ သက်တမ်း ၅ သန်းက ယင်ယန်အဝါရောင်ဧကရာဇ် ငါးပါး ကပ်ဘေးကို မဖြတ်ကျော်နိုင်တာ မည်သို့ ဖြစ်နိုင်မည်နည်း။

ငါမယုံဘူး!

ကုအန် တွေးနေစဉ်မှာပင် သက်တမ်း ၁သန်းမှာ ကုန်ဆုံးသွားခဲ့ရသည်။

ကုအန် စိတ်အေးအေးထားလိုက်ပြီး သက်တမ်း နောက်ထပ် ၁သန်း ထပ်ထည့်လိုက်၏။

ကျရှုံး မှုများ ဆက်ပေါ်လာခဲ့ပြန်သည်။

ကုအန်သူ့ကိုယ်သူ အချုပ်အနှောင်မဲ့အမတအဆင့် ၉ ကြီးမြတ်သည့်ကျင့်ကြံသူကြီးတစ်ယောက်ဖြစ်သောကြောင့် ရှုံးနိမ့်မှု အောင်မြင်မှုများအပေါ် အတင်းလုိက်ခံစားမနေသင့်ဘူးဟု နှစ်သိမ့်လိုက်သည်။

သုံးကြိမ်မြောက် သက်တမ်း ၁သန်း ထပ်ထည့်ရခြင်း!

အသက်ရှူကြိမ်အနည်းငယ် ကြာပြီးနောက်တွင်တော့ ကုအန် ပါးစပ်ပိတ်မထားနိုင်တော့ပေ။

“သေစမ်းကွာ!”

ကုအန် နောက်ထပ် သက်တမ်း ၁သန်းထပ်မထည့်ရဲတော့သောကြောင့် နောက်ထပ် ၅သိန်းသာ ထပ်ထည့်လိုက်၏။

ကောင်းကင် ကျွန်တော်မျိုးကို ကောင်းချီးပေးပါ!

မဟုတ်သေးပါဘူး နေဦး ငါကကောင်းကင်ကို ဆန့်ကျင်နေတာလေ အဲ့တော့ ငါ့ဆရာ ချန်းရွှမ်တန် ကောင်းချီးပေးပါစေလို့ ပြောင်းဆုတောင်းကြတာပေါ့!

ကုအန် ရှေ့တွင် ကျရှုံးမှုများ ပေါ်ပေါက်လာခဲ့ပြန်သည်။

နောက်ဆုံးတွင်တော့ စာတန်းတစ်တန်းပေါ်လာချိန်မှာတော့ ကုအန် အပျော်လွန်သွားခဲ့ရသည်။

လာပြီကွ!

[သင်သည် နှစ်ပေါင်း ၃၅၀၀၀၀ ကြာ ကျင့်ကြံခဲ့ပြီး ကောင်းကင်နှင့်မြေပြင် မူလကျင့်စဉ်တွင် အောင်မြင်မှုများ ရရှိခဲ့ကာ မြေလျှောက်အမတအဆင့်သို့ ထိတွေ့နိုင်ခဲ့ပြီး ကပ်ဘေးကို ဆင့်ခေါ်နိုင်ခဲ့သည်။ သင်သည် ယင်ယန်ဆန်းကြယ်အဝါရောင်ဧကရာဇ် ငါးပါး ကပ်ဘေးကို တောင့်ခံနိုင်ခဲ့ပြီး မြေလျှောက်အမတ အဆင့် ၁ သို့ ချိုးဖျက်နိုင်ခဲ့သည်]

[သင်သည် နှစ်ပေါင်း ၃၅၅၀၀၀ ကျင့်ကြံခဲ့ပြီး သင့်ကျင့်ကြံခြင်းသည် မြေလျှောက်အမတအဆင့် ၂ သို့ ချိုးဖျက်နိုင်ခဲ့သည်]

[သင်သည် နှစ်ပေါင်း ၃၆၀၀၀၀ကျင့်ကြံခဲ့ပြီး သင့်ကျင့်ကြံခြင်းသည် မြေလျှောက်အမတအဆင့် ၃ သို့ ချိုးဖျက်နိုင်ခဲ့သည်]

…..

[သင်သည် နှစ်ပေါင်း ၄၄၀၀၀၀ ကျင့်ကြံခဲ့ပြီး သင့်ကျင့်ကြံခြင်းသည် မြေလျှောက်အမတအဆင့် ၉ သို့ ချိုးဖျက်နိုင်ခဲ့သည်]

[သင်သည် နှစ်ပေါင်း ၄၆၀၀၀၀ ကျင့်ကြံခဲ့ပြီး ကောင်းကင်နှင့်မြေပြင်မူလကျင့်စဉ်တွင် အောင်မြင်မှုများ ရရှိခဲ့ကာ ကောင်းကင်ဈာန်အမတ အဆင့်ကို ထိတွေ့နိုင်ခဲ့ကာ ကပ်ဘေးကို ဆင့်ခေါ်နိုင်ခဲ့သည်။ သို့သော် ကောင်းကင်နတ်ဆန္ဒကောင်းကင်ကပ်ဘေးကို မကျော်ဖြတ်နိုင်ခဲ့ဘဲ ကပ်ဘေး ကျရှုံးခဲ့ရသည်]

….

ကျန်သက်တမ်းများမှာ ကျရှုံးရင်း ကုန်ဆုံးသွားခဲ့ပြီး သက်တမ်း ၂၀၀၀၀ တစ်ခါ ကပ်ဘေး ကျော်ဖြတ်ခဲ့ရသည်။

မြေလျှောက်အမတအဆင့်၉ !

ပျော်စရာကြီးပဲ!

ကမ္ဘာ‌ေမြကြီးထဲမှ စိတ်ဝိညဉ်စွမ်းအင်များသည် သူ့ကိုယ်ထဲ တိုး၀င်လာကြပြီး ကမ္ဘာမြေကြီးထဲမှ နဂါးဟိန်းသံကဲ့သို့ ဟိန်းဟောက်သံများ ထွက်ပေါ်နေပြီး ကောင်းကင်နှင့်မြေကြီးသည် သူ့အတွက် ပွဲခံပေးနေသလို ဖြစ်နေသောကြောင့် ကုအန် ခံစားချက် အတော်လေး ကောင်းနေခဲ့၏။

ကောင်းကင်သည် ကြိုးစားသူကို မပစ်ပယ်ခဲ့ပေ။

ကောင်းကင်ဈာန်အမတ အဆင့်ကိုရောက်ရင် ‌ဒီကောင်းကင်ကနေ ပျံသန်းထွက်ခွာသွားနိုင်မှာများလား !

ကုအန် တွေးနေရင်း စိတ်ထဲတွင် အကန့်အသတ်မဲ့သော အံ့အားသင့်မှုများနှင့် ပြည့်နှက်နေခဲ့သည်။

ယခုအခါသူ့တွင် သက်တမ်း ၁.၆သန်းသာ ကျန်တော့သောကြောင့် သူ ကပ်ဘေးတော့ မချိုးဖျက်ရဲတော့ပေ။

မြေလျှောက်အမတ အဆင့်၉ က လုံလောက်သင့်တယ် မဟုတ်လား!

လက်ရှိတွင် သူတို့ ကုန်းမြေတိုက်ကြီးထဲ၌ နိဗာနအဆင့်ပင် တစ်ယောက်မှ မရှိပေ။ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေနှင့် မိစ္ဆာနယ်မြေတွင် ရှိနေနိုင်သော်လည်း သူတို့မှာ အရိပ်ထဲ ပုန်းအောင်းနေကြသူများသာ ဖြစ်ကြသည်။

ကြယ်ခုနှစ်လုံး စိတ်ဝိညဉ်နယ်မြေတွင် အချုပ်အနှောင်မဲ့အမတ အဆင့်များ ရှ်ိနေနိုင်သော်လည်း ထိုလူများက သူ့လို မြေလျှောက်အမတ တစ်ယောက်၏ ပြိုင်ဘက် ဖြစ်နိုင်ပါမည်လော။

အကယ်၍ သူတို့တွင် မွန်းစတားအိုကြီးများ ရှိနေလျှင်ပင် ကုအန် ယခုကျင့်ကြံခြင်းဖြင့် ဆယ်စုနှစ်အနည်းငယ်စာတော့ တောင့်ခံထားနိုင်ဦးမည် ဖြစ်သည်။ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသည် သူ့လို ခိုးဆော့နေသူတစ်ယောက်ထက် သာလွန်သွားလိမ့်မည်ဟုတော့ သူမယုံပေ။

နေဦး မဟုတ်သေးဘူး ငါကလုံး၀ ခိုးဆော့နေတာမဟုတ်ဘူး ငါ့ကျင့်ကြံခြင်းအောင်မြင်မှုတွေ အကုန်လုံးက ငါ့ကိုယ်ပိုင်စွမ်းအားနဲ့ ကြိုးစားလို့ အောင်မြင်ခဲ့တာတွေချည်းပဲ!

ကုအန် သူ့ကိုယ်သူ ဤနည်းလမ်းဖြင့် နှစ်သိမ့်လိုက်လေသည်။

ကုအန် ကိုယ်ထဲစီး၀င်နေသော စိတ်ဝိညဉ်စွမ်းအင်များသည် အရင်ကထက် ပိုများကာ ပိုမြန်လာပြီး အရပ်မျက်နှာပေါင်းစုံမှ သူ့စီလာနေသော ကျင့်ကြံသူများကိုလည်း ကုအန် အာရုံခံမိနေခဲ့သည်။

အချုပ်အနှောင်မဲ့အမတအဆင့်တစ်ယောက်၏ အရှိန်အဝါပင် ပေါ်လာခဲ့လေပြီ!

မြေ‌လျှာက်အမတအဆင့်တော့ ပေါ်မလာလောက်ဘူးမဟုတ်လား!

ကုအန် ထိုအဆင့်ကိုအခုမှရောက်ခြင်းဖြစ်သောကြောင့် သူနှင့်အဆင့်တူသူမျိုးကို မတွေ့ချင်ခဲ့ပေ။

အချိန်များကုန်ဆုံးသွားခဲ့ကာ ကုအန် မြေလျှောက်အမတအဆင့်တွင် ဆက်လက်အဆင့်တက်နေရင်း သူ့စိတ်ထဲသို့လည်း မြေလျှောက်အမတအဆင့်၏ ဆန်းကြယ်မှုများ ၀င်ရောက်လာခဲ့၏။

မြေလျှောက်အမတများသည် ကောင်းကင်နှင့်မြေပြင်တစ်ခွင် လှည့်လည်သွားလာနိုင်သော အမတများဖြစ်ကြပြီး ကောင်းကင်ဘံုကိုးဆင့်နှင့် မြေပြင်အနက်ပိုင်းထဲအထိ တသားတည်းဖြစ်‌ေန‌ေသာ မူလဝိညဉ်နှင့်ခန္ဓာကိုယ်ကိုသုံး၍ လျင်မြန်စွာ သွားလာနိုင်ကြသူများ ဖြစ်ကြသည်။ ထိုအဆင့်၏ မူလဝိညဉ်သည်လည်း အရင်လို ကြွပ်ဆတ်မနေတော့ဘဲ ခန္ဓာကိုယ်ထက်ပင် ပို၍ သန်မာလာခဲ့၏။

ထိုအဆင့်သို့ရောက်သောအခါ လင်းရှီများသည်လည်း အရင်လို မဟုတ်တော့ဘဲ ပြောင်းလဲခြင်းအဆင့်သို့ ၀င်ရောက်သွားခဲ့သည်။

ကုအန် အဆင့်ချိုးဖျက်ခြင်းတွင် နစ်မြုပ်နေစဉ်တွင် အနောက်အရပ်မှ ကျန်း၁၀၀၀ခန့်မြင့်‌ေသာ ဧရာမလှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုလှိုင်းလုံးကြီးကို ကြည့်ကာ ကုအန် အံ့အားသင့်သွားခဲ့ရသည်။

ဝုန်းကနဲအသံကြီးနှင့်အတူ ကုအန် ရှိနေသော ကျွန်းကြီးသည် လှိုင်းလုံးကြီး၏ ဖုံးအုပ်သွားမှုကို ခံလိုက်ရ၏။ လှိုင်းလုံးပြန်ကျပြီး ကျွန်း‌ပြန်ပေါ်မသေးခင်တွင် ကျွန်းပတ်လည်ရှိ ပင်လယ်ပြင်မှာ ဝုန်းဒိုင်းကြဲလာခဲ့လေသည်။

တစ်ခုခုသည် သူရှိနေသော ကျွန်းကို၀င်တိုက်နေသည်ကို ကုအန် ရှင်းရှင်းလင်းလင်း အာရုံခံမိနေပြီး ၀င်တိုက်မှုကြောင့် သူ့အောက် တောင်ခြေရှိ မြေများပင် အောက်သို့ ကျွံဝင်လာခဲ့၏။

ထိုအချိန်တွင် ကုအန်၏ သက်တမ်းအလွှာသည် သူ၏ကြောက်စရာကောင်းသော သဘာ၀ကို ပြသနေပြီး မြေကြီးကျွံ၀င်သွားကာ အောက်သို့ ကျနေသော်လည်း သက်တမ်းအလွှာထဲရှိ ကုအန် အပေါ် ဘာသက်ရောက်မှုမှ ရှိမနေခဲ့ဘဲ လှုပ်ခါမှုကိုပင် ခံားမ‌ေနရခဲ့‌ေပ။ စိတ်ဝိညဉ်စွမ်းအင်များမှာလည်း သူ့ကိုယ်ထဲ ဆက်လက်တိုး၀င်လာနေဆဲပင်။

ကုအန် ထိုးတက်လာသော ရေပြင်ကြီးကိုဖြတ်၍ မော့ကြည့်လိုက်သောအခါ တောင်ကြီးတစ်လုံးနှင့်တူသော ဧရာမသတ္တဝါကြီးသည် ပင်လယ်ပြင်တွင် ဖြတ်ပြေးနေသည်ကို တွေ့လိုက်ရပြီး သူ့တည်ရှိမှုမှာ ကြောက်စရာကောင်းလှ၏။

[ပင်လယ်နက်ရှေးဟောင်းဝေလငါး(နိဗာနအဆင့်၈): ၈၇၈၀၈/၁၅၀၀၀၀/၁၈၀၀၀၀]

နှစ်ပေါင်း ၈သိန်း နေထိုင်ခဲ့သည့် ပင်လယ်မိစ္ဆာတစ်ကောင်!

သမုဒ္ဒရာသည် မိစ္ဆာနယ်မြေထက်ပင် အန္တရာယ်များသည်ဟု ပြောကြသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။

ကုအန် အခြားပင်လယ်မိစ္ဆာအမျိုးမျိုးကိုလည်း မြင်ခဲ့ရပြီး ထိုသတ္တဝါများမှာ အတော်လေး ဆန်းကြယ်လှပေသည်။

မကြာခင်တွင် ကုအန် အဆင့်ချိုးဖျက်ခြင်းသည် အရေးကြီးသောအပိုင်းသို့ ရောက်ရှိလာသောကြောင့် မျက်လုံးမှိတ်လိုက်ရပြီး မြေလျှောက်အမတအဆင့်၏ အနှစ်သာရကိုသာ ဆင်ခြင်နေလိုက်ရသည်။

အချိန်များ ကုန်ဆုံးသွားခဲ့၏။

ကုအန် မျက်လုံးများ ပြန်ပွင့်လာသောအခါ သူ့ကျင့်ကြံခြင်းသည် မြေလျှောက်အမတအဆင့်၁ သို့ ရောက်ရှိနေပြီဖြစ်ပြီး သူ့ကိုယ်မှာလည်း သမုဒ္ဒရာအောက်ခြေသို့ ရောက်ရှိနေခဲ့သည်။

သူ့ပတ်၀န်းကျင်တစ်ခုလုံးသည် မှောင်မည်းနေပြီး မရေတွက်နိုင်သော မိစ္ဆာသတ္တဝါများ လှည့်လည်သွားလာနေခဲ့ကြပြီး ဤနေရာတွင် မိစ္ဆာစွမ်းအင်မရှိသည့် သတ္တဝါဟူ၍ မရှိပေ။

ကံကောင်းစွာဖြင့် ကုအန် မြေလျှောက်အမတအဆင့် တည်ရှိမှုများကိုတော့ အာရုံမခံခဲ့မိပေ။

အကယ်၍ ထိုသို့တည်ရှိမှုမျိုးကိုသာ အာရုံခံမိပါက ကုအန် နောက်တစ်ဆင့်သို့တက်ရန် အသည်းအသန်ကြိုးစားရတော့မည်ဟု ဆိုလိုနေပေသည်။

မြေလျှောက်အမတ အဆင့်၁ မှ အဆင့် ၉ သို့ ချိုးဖျက်ခြင်းသည် စိတ်ဝိညဉ်စွမ်းအင်ပမာဏ ပိုများများ လိုအပ်သောကြောင့် ကုအန်ကိုယ်ထဲသို့ စွမ်းအင်များ ပို၍ စီး၀င်လာခဲ့ပြီး သမုဒ္ဒရာကြမ်းပြင်ပင် အနည်းငယ် လှုပ်ခါလာခဲ့သည်။

တစ်နာရီခန့်ကြာသောအခါ

ကုအန် အဝေးမှ ရေအောက်မီးတောင်တစ်လုံးပေါက်ကွဲသွားသလို လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရပြီး ပင်လယ်ရေပူများ လှုပ်ရှားသွားခဲ့ကြပြီး အချုပ်အနှောင်မဲ့အမတအဆင့်တစ်ယောက်၏ အရှိန်အဝါထွက်ပေါ်လာခဲ့၏။

သူထိုပုဂ္ဂိုလ်အော်‌ေပြာနေသံကိုပင် ခပ်တိုးတိုး ကြားလိုက်ရသေးသည်။

“ဟားဟားဟား တာအိုဖခင်က နောက်ဆုံးတော့ စည်းကိုချိုးဖျက်လိုက်နိုင်ပြီကွ”

“ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ မင်းတို့စောင့်သာနေကြတော့!”

ထိုစကားကိုကြားသောအခါ ကုအန် ကြိတ်၍ ပျော်သွားခဲ့သည်။ သူ့သည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ၏ ရန်သူကို မတော်တဆကယ်တင်လိုက်မိပြီလော။

သူသည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကို ကြောင်သူတော်များဟု သတ်မှတ်ထားပြီး ဖြစ်လေရာ ပုံမှန်အားဖြင့် ထိုနယ်မြေ၏ ရန်သူတစ်ယောက် ပေါ်ပေါက်လာခြင်းကို သူကြိုဆိုပေသည်။

ထို့နောက် ကုအန် သူ့စနစ်ကို ဖွင့်ကြည့်လိုက်၏။

သက်တမ်းအလွှာသည် ဆက်လက်ကုန်ကြနေဆဲဖြစ်ကာ ယခုအခါ သူ့တွင် သက်တမ်း ၁.၅သန်းသာ ကျန်တော့ပေသည်။

အချိန်အတန်ကြာ တွေးပြီးသည့်နောက် ကုအန် သူ့ဓားသိုင်းကို အဆင့်မြှင့်ဖို့ ဆုံးဖြတ်လိုက်၏။

သူ သစ်သားစိတ်ဝိညဉ်ဓားသိုင်းကို မြှင့်ရမည်လော ဟု ဝေခွဲမရဖြစ်နေခဲ့သေးသည်။ သို့သော် ယခုအခါ သူ့တွင် ဒြပ်ငါးမျိုးကျင့်စဉ်ရှ်ိနေပြီဖြစ်သောကြောင့် ထိုဓားသိုင်းကို အဆင့်မြှင့်စရာ မလိုတော့ပေ။

ထို့ကြောင့် ကုအန် ထိုက်ကန်နတ်မင်သက်ဓားသိုင်းကိုသာ မြှင့်ရပေလိမ့်မည်။

ဤဓားသိုင်းသည် ဆရာသခင်ဓားအရှင်၏ သင်္ကေတဓားသိုင်း ဖြစ်ပေသည်။

လူများ ပို၍ပို၍ ထိုဓားသိုင်းကို မှတ်မိလာကြခြင်းမှာ ကောင်းသောအရာတော့ မဟုတ်ပေ။

သူဤကမ္ဘာကြီးတစ်ခုလုံး မကြားဖူးသော ဓားသိုင်းတစ်ခုကို ဖန်တီးရပေလိမ့်မည်။

သက်တမ်း ၂သိန်း အရင်ထည့်လိုက်ကြတာပေါ့!

ကုအန် ထိုက်ကန်နတ်မင်သက်ဓားသိုင်းထဲ သက်တမ်း ၂သိန်းထည့်လိုက်သောအခါ စာတန်းများသူ့ရှေ့တွင် တစ်ကြောင်းပြီးတစ်ကြောင်း ပေါ်လာခဲ့ကြ၏။

သက်တမ်း ၈သောင်းကုန်ပြီးသောအခါ ထိုက်ကန်နတ်မင်သက်ဓားသိုင်းသည် ကြယ်လွှမ်းခြုံအနန္တဓားသိုင်း အဖြစ်ပြောင်းလဲသွားခဲ့လေသည်။

ကျန်သက်တမ်း ၁၂၀၀၀၀ မှာတော့ ထိုဓားသိုင်းကို အထွတ်အထိပ်အဆင့်ရောက်အောင် ပြုလုပ်ပေးသွားခဲ့သည်။

ကုအန် စိတ်ထဲ မှတ်ညဏ်များစွာ တိုး၀င်လာခဲ့ကြ၏။

ကြယ်လွှမ်းခြုံအနန္တဓားသိုင်းသည် ဓားဆန္ဒကို အသုံးပြုရန် ကြယ်များ၏စွမ်းအားကို ဆွဲယူအသုံးပြုသော ပညာရပ်ဖြစ်ပြီး မဟာနတ်စွမ်းအားဖြင့်ပြုလုပ်ထားသော အဆုံးမဲ့သည့် ဓားချီများက ကောင်းကင်နှင့်မြေပြင်ကိုပင် ဖိနှိပ်ပစ်နိုင်ပေသည်။

နာရီ၀က်ခန့်ကြာသောအခါ

ကုအန် မျက်လုံးများ ပွင့်လာခဲ့ပြီး သူ့အကြည့်တွင် ထက်ရှသောအလင်းတစ်ချက် ရှိနေခဲ့သည်။

လွှမ်းမိုးနိုင်လိုက်တဲ့ ကြယ်လွှမ်းခြုံအနန္တဓားသိုင်းပါလား!

သူထိုဓားသိုင်းကို သုံးလိုက်သည်နှင့် မိုးကောင်းကင်အောက်ရှိ ဓားကျင့်ကြံသူများအားလုံး သူ့ကို ဦးညွှတ်ရမည်ဖြစ်ပြီး သူ့ဓားတာအိုကို ကျော်လွန်ဖို့ တွေးပင်တွေးဝံ့ကြတော့မည် မဟုတ်ပေ။

ကုအန် နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားခဲ့၏။

ဆန်းကြယ်မြင့်မြတ်ခန္ဓာ ကြယ်လွှမ်းခြုံအနန္တဓားသိုင်း ကောင်းကင်နှင့်မြေပြင်မူလကျင့်စဉ်နှင့် အဆင့်၉ မြေလျှောက်အမတ တစ်ပါးစီမှ မိစ္ဆာဧကရာဇ်သည် အကွက်အနည်းငယ်ပင် ခံနိုင်ပါလိမ့်မည်လော။

ပြန်လည်ရှင်သန်လာတော့မည့် မိစ္ဆာဘိုးဘေးကလည်း သူ့အတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်ပါဦးမည်လော ။

တောင်းပန်ပါတယ် ဂျူနီယာညီမလေး အစ်ကိုကြီးက မင်းကို လူသူမနီးတဲ့ကျွန်းကြီးပေါ်မှာ သောင်တင်နေခွင့် မပေးနိုင်ဘူး!

ကုအန် ဖြည်းဖြည်းချင်းထရပ်လိုက်ကာ သက်တမ်းအလွှာကို ရုတ်သိမ်းလိုက်ပြီး ပင်လယ်ထဲမှ ကောင်းကင်ပေါ် ထိုးတက်သွားခဲ့ပြီး ချက်ချင်းပင် သူ့နတ်အာရုံက ဆန်းကြယ်တောင်ကြားရှိ ရှောင့်ချွမ့်ကို အာရုံခံလိုက်မိသည်။

ထိုမျှအားကောင်းသော နတ်အာရုံက ကုအန်ကို ပျော်ရွှင်သွားစေခဲ့သည်။

ထို့နောက် သူတစ်လှမ်းတည်းဖြင့် အဓိပတိဂိုဏ်းအပေါ်သို့ ရောက်ရှိသွားခဲ့၏။

သူလှမ်းလိုက်သော ထိုခြေလှမ်း၏ အကွာအဝေးကို တိုင်းတာ၍ပင် မရလောက်ပေ။

All Chapters