အခန်း (၁၇၅-၁၇၆)
Vol. 14 Ch. 175-176
အပိုင်း(၁၇၅)
ကောင်းကင်တာအိုထောင်ချောက်၊ သေမျိုးနှင့်မသေမျိုးကြား ခြားနားချက်
နှစ်သစ်ကူးချိန်သို့ ရောက်ရှိလာခဲ့ကာ ဤနှစ်တွင် အဓိပတိဂိုဏ်းထဲရှိ နွေဦးပွဲတော်မှ ပို၍ အသက်၀င်နေခဲ့သည်။ ကုကျုံးနှင့် ရွှမ်ထျန်းယီ ရောက်ရှိနေမှုကြောင့် တတိယတောင်ကြားရှိ တပည့်များလည်း ပို၍ စိတ်လှုပ်ရှားနေခဲ့ကြ၏။ အစစ်အမှန်အမွေဆက်ခံသူသည် တောင်ကြားသခင်နှင့် သွေးသောက်ညီကိုဖွဲ့ထားသည်ဟူသော သတင်းများ ထွက်လာသောကြောင့် တောင်ကြားရှိ တပည့်၄၀၀ လုံးသည် ကုအန်ကို ပို၍ပင် ရိုသေလေးစားလာခဲ့ကြသည်။
ရွှမ်ထျန်းယီ သည် သူနှင့်အချိန်တိုင်း တာအိုပညာရှင်ရွှမ်ချွမ်းအကြောင်း ပြောချင်နေသောကြောင့် ကုအန် စိတ်ညစ်လာခဲ့ရ၏။
ညနေစောင်းချိန်ရောက်မှသာ ကုအန် ခွင့်တောင်း၍ ဆန်းကြယ်ေတာင်ကြားတွင် သူ့ဂျုနီယာေလးများနှင့် ပွဲတော်ဆင်နွှဲရန် ထွက်လာနိုင်ခဲ့သည်။
တပည့်များသည် စားပွဲရှည်ကြီးတစ်လုံးတွင် ဝိုင်းပတ်၍ ထိုင်နေကြကာ ခွက်များတိုက်၍ ပွဲတော်ဆင်နွှဲနေခဲ့ကြ၏။
ရီလန်နှင့် ကျန်းချင်တို့မှာတော့ အမတကျင့်ကြံခြင်းကမ္ဘာကြီးတွင် ဖြစ်ပျက်နေသည့် အကြောင်းများကို ပြောပြနေခဲ့ကြသည်။
မင်းဆက်ငါးခုတွင် မိစ္ဆာများမှာ ဂိုဏ်းကြီးများ၏ တိုက်ခိုက်မှုကြောင့် လျော့မသွားဘဲ ပို၍ပင် တိုးလာခဲ့ကြသေးသည်။ မိစ္ဆာများအပြင် ယုတ်မာသည့် ကျင့်ကြံသူများမှာလည်း ပို၍ ဆိုးလာနေခဲ့ကြ၏။
လူအများစုသည် လူသားမျိုးနွယ်သည် ပျက်သုန်းရမည့် ကပ်ဘေးကို ရင်ဆိုင်နေရသည်ဟု ယုံကြည်နေရပြီး မသေခင်တွင် မကောင်းမှုမှန်သမျှလုပ်၍ ရတနာများ ရှာဖွေကာ ကပ်ဘေးမလာခင် တောင်အရပ်သို့ ရွက်လွှင့်မည်ဟု စဉ်းစားနေခဲ့ကြသည်။ ဆိုရလျှင် အမတကျင့်ကြံခြင်းကမ္ဘာရော သာမန်လူသားများ၏ကမ္ဘာပါ ဖရိုဖရဲဖြစ်နေခဲ့ခြင်း ဖြစ်၏။
မိစ္ဆာကပ်ဘေးကို မဖြေရှင်းနိုင်သရွေ့ ကမ္ဘာကြီးသည် နဂိုတည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိနိုင်တော့မည် မဟုတ်ပေ။
ကျန်းချင်မေကျမနပ်ေပြာလုိက်ေလသည်။
“ယခုလိုအခြေအနေမျိုးဖြစ်နေတာကို တောင်နတ်ဘုရားက ဘာလို့၀င်မပါတာလဲ”
“လူသားမျိုးနွယ်ကို ဘာလို့ကယ်တင်သင့်တာလဲလို့ တောင်နတ်ဘုရားက မပြောခဲ့ဖူးဘူးလား တကယ်လို့ မိစ္ဆာတွေက သူ့ကိုကိုးကွယ်ရင်ရော သူကမိစ္ဆာတွေကို ဘာလို့ ကူညီထောက်ပံ့မပေးနိုင်ရမှာလဲ တကယ်တော့ မျိုးနွယ်စုတွေရဲ့ အင်အားက သူတို့ရဲ့ ကိုယ်ပိုင်အင်အားအပေါ်မှာပဲ မူတည်တယ် အမတတွေရဲ့ ကြိုက်ခြင်းမကြိုက်ခြင်းအပေါ် မူတည်နေတာမဟုတ်ဘူး” ရီလန် မှတ်ချက်ပေးလိုက်သည်။
ဥပဒေရေးရာခန်းမတွင် နှစ်ပေါင်းများစွာ တာ၀န်ထမ်းဆောင်ပြီးသည့်နောက်တွင် ရီလန် ဆိုးယုတ်မှုများစွာကို အတွေ့အကြုံရှိနေခဲ့ပြီး ဖြစ်သည်။
ထိုမကောင်းဆိုးဝါးများကို သူတွေ့ရလေလေ ကုအန် ကျန်းချင်နှင့် ရှောင်ချွမ်တို့ကို သူပိုပြီး တန်ဖိုးထားမိလေလေပင်။
ကျင့်ကြံသူပေါင်းများစွာသည် သူတို့ဘ၀အဆုံးသတ်ချိန်ထိ အထီးကျန်စွာ တစ်ကိုယ်တည်းနေထိုင်ခဲ့ကြရပြီး ဘ၀တွင် အထီးကျန်မနေရဘဲ အပေါင်းအဖော်များ ရှိနေခြင်းမှာ ကောင်းချီးတစ်ခုသာ ဖြစ်၏။
ကုအန်သူတို့စကားများကို တိတ်တဆိတ်သာနားထောင်နေပြီး တစ်ခါတရံမှသာ ၀င်၍ ထောက်တတ်သည်။
ကမ္ဘာကြီးမည်မျှ ဖရိုဖရဲဖြစ်နေပါစေ သူ၀င်ပါဖို့ ဆန္ဒမရှိပေ။
သို့သော် သူတစ်ခါတရံတွင် တောင်ပေါ်မှဆင်း၍ မိစ္ဆာများနှင့် လူဆိုးလူယုတ်များကို သုတ်သင်ကာ လူသားများ၏ နာကျင်မှုကို ဖြေဖျောက်ပေးတတ်သည်။
နောက်ဆုံးတွင် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ၏ အစစ်အမှန် ခွန်အားကို ကုအန် သိမနေသေးပေ။ သူသိလျှင်ပင် ဤတိုက်ကြီးကို သူတစ်ယောက်တည်း ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။ တကယ်လို့သူသာ ကပ်ဘေးကို တစ်ယောက်တည်းကာကွယ်ပေးလိုက်ပါက အနာဂတ်တွင်လည်း ဤတိုက်ကြီး၏ ကပ်ဘေးမှန်သမျှက သူ့ပုခုံးပေါ် ကျရောက်လာမည်ဖြစ်ကာ နောက်ပိုင်းကပ်ဘေးများတွင် ကပ်ဘေးဖန်တီးသူများက တိုက်ကြီးကို မတိုက်ခိုက်ခင် သူ့ကိုအရင်ရှာဖွေ၍ တိုက်ခိုက်ကြပေလိမ့်မည်။ ဤအတွေးနှင့်ပင် ကုအန် ခေါင်းကိုက်သွားသလို ခံစားလိုက်ရ၏။
စုဟန်သည် မြေအောက်ကမ္ဘာလမ်းကိုးသွယ်မကောင်းဆိုးဝါး ၁၃ ဖော်နှင့်အတူ ထျန်းဝေ မင်းဆက်သို့ လိုက်ပါသွားကြောင်းလည်း ကျန်းချင် ပြောပြခဲ့သည်။ ယခုအခါ စုဟန်သည် နတ်အသွင်ပြောင်းခြင်းအဆင့်များ၏ စိတ်ဝိညဉ်စွမ်းအားကို စုပ်ယူနေပြီဖြစ်သောကြောင့် အမတကျင့်ကြံခြင်းကမ္ဘာကြီးတစ်ခုလုံး သူ့ကြောင့် အုတ်အော်သောင်းနင်းဖြစ်နေခဲ့ရ၏။
အဓိပတိဂိုဏ်းလည်း စုဟန်ကိုရှင်းလင်းရန် ကြီးမြတ်သည့်ကျင့်ကြံသူများ လွှတ်ခဲ့သော်လည်း အဆုံးသတ်တွင် မကောင်းဆိုးဝါး ၁၃ ဖော်၏ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရပြီး ပြန်လာခဲ့ရကြသည်။
ဤပုဂ္ဂိုလ်များ အသက်မသေဘဲ ဒဏ်ရာအပြင်းအထန်သာ ရသွားခြင်းမှာ မကောင်းဆိုးဝါး ၁၃ ဖော်သည် ဆရာသခင်ဓားအရှင်၏ မျက်နှာကို ထောက်နေ၍ ဖြစ်မှန်း ကုအန် ခန့်မှန်းမိ၏။
ကမ္ဘာကြီး၏ အခြေအနေများသည် ပြောင်းလဲနေခဲ့ကာ ကုအန်မှာတော့ ဘေးတွင်သာ ရပ်၍ ကြည့်နေခဲ့သည်။
သူ့ပစ်မှတ်မှာ မိစ္ဆာဧကရာဇ်နှင့် မိစ္ဆာဘိုးဘေးသာ ဖြစ်၏။
မိစ္ဆာကပ်ဘေးဖြစ်ပွားလာခဲ့ကာ ကမ္ဘာကြီးဖရိုဖရဲဖြစ်ကုန်ပါက ကုအန် ဤအခွင့်အရေးကိုယူ၍ မိစ္ဆာကပ်ဘေး၏ အဓိကအရင်းအမြစ်များ ဖြစ်သော မိစ္ဆာဘိုးဘေးနှင့် မိစ္ဆာဧကရာဇ်ကိုသတ်ဖြတ်ပြီး ကပ်ဘေးကို ရှင်းလင်းပစ်လိုက်မည် ဖြစ်သည်။ အခြားလက်အောက်ခံ မိစ္ဆာများမှာတော့ ကမ္ဘာပေါ်ရှိ ကျင့်ကြံသူများ၏ တာ၀န် ဖြစ်၏။
သူတို့စကားဝိုင်းသည် ညဉ့်နက်ချိန်ထိ ကြာသွားခဲ့ပြီး ရီလန်နှင့် ကျန်းချင်လည်း ဤညတွင် ဆန်းကြယ်တောင်ကြားတွင်သာ အိပ်လိုက်ပြီး နောက်နေ့မနက်မှ ပြန်မည်ဟု ဆုံးဖြတ်လိုက်ကြသည်။
ထိုညတွင် ရီလန် ကုအန်အိမ်သို့ ရောက်လာခဲ့ပြီး နှစ်ယောက်ကြားစကားများ ပြောခဲ့ကြ၏။
ထိုစဉ် သူတို့စကားပြောနေရင်း ရုတ်တရက် ရီလန် အခန်းထဲရှိ ဖယောင်းတိုင်ကို မှုတ်ပစ်လိုက်လေသည်။
“ဂျူနီယာညီမလေး ဘာလုပ်နေတာလဲ”
“စီနီယာအစ်ကိုကြီး ကပ်ဘေးက အချိန်မရွေးရောက်လာမှာကို ညီမလေးကြောက်တယ် အဲ့လိုအချိန်မှာ ညီမလေးနောင်တတွေနဲ့ သေမသွားချင်ဘူး”
“ညီမလေး ထပ်လုပ်ပြန်ပြီလား”
“စီနီယာအစ်ကိုကြီး ညီမလေးက အစ်ကိုကြီးရဲ့တာအိုလက်တွဲဖော််ဖြစ်မလာနိုင်ဘူးဆိုရင်လည်း ညီမလေးတို့အခုရှိနေတဲ့ ခံစားချက်လေးကိုတော့ အမြတ်တနိုး တန်ဖိုးထားပါရစေ”
“ဂျူနီယာညီမလေး အစ်ကိုကြီးတို့ဒီလိုမဖြစ်သင့်ဘူးလေ”
“စီနီယာအစ်ကိုကြီး ညီမလေး အစ်ကိုကြီးကို တကယ်ပဲကြိုက်တယ်….”
“ရပ်လိုက်!”
“စီနီယာအစ်ကိုကြီး ညီမလေးကို အတင်းအကြပ် အားသုံးရအောင် မလုပ်ပါနဲ့”
ဘန်းးးဘန်းးးဘန်းးး!
ထိပ်တိုက်တွေ့သံများ အခန်းထဲတွင် ပဲ့တင်ထပ်နေလေတော့သည်။
……
နောက်တစ်နေ့မနက်ခင်းတွင် ကုအန်နှင့်ရီလန်တို့ လှေကားမှဆင်းလာခဲ့ကြပြီး ကုအန်က ကျေနပ်နေသော မျက်နှာဖြင့် ရှေ့မှဦးဆောင်လာခဲ့၏။
ရီလန်မှာတော့ နောက်မှနေ၍ သူမလက်ကောက်၀တ်ကို ပွတ်ကာ ကုအန်ကို ၀မ်းနည်းနေသော မျက်နှာဖြင့် ကြည့်နေခဲ့သည်။
သူတို့မနေ့ညက တိုက်ခိုက်ခဲ့ကြ၏။ ရီလန် အားသုံးရန် ကြိုးစားခဲ့သော်လည်း အံ့အားသင့်စရာကောင်းသည်မှာ သူကုအန်ကို မနိုင်ခဲ့ပေ။ နောက်ဆုံးတွင်တော့ သူမမအောင်မြင်ခဲ့ဘဲ စိတ်ပျက်သွားခဲ့မိရသည်။
သို့သော် မနေ့ညက ကုအန် သူမကို ဘယ်လိုချုပ်နှောင်ခဲ့သလဲဆိုတာကို တွေးမိချိန်တွင်တော့ သူမနှုတ်ခမ်းများ တွန့်ကွေးသွားခဲ့ရ၏။
“အဲ့တော့ စီနီယာအစ်ကိုကြီးက အဲ့လိုအရာမျိုးကို ကြိုက်တာပေါ့…” ရီလန် ကုအန်ကို အနည်းငယ် စတင်နားလည်လာခဲ့သည်။
သူမကျောကိုတိတ်တဆိတ်ပွတ်နေခဲ့ပြီး မနေ့ညက သူမအစ်ကိုကြီး သူမကိုဘယ်နှစ်ကြိမ် ထုရိုက်ခဲ့သလဲဆိုတာကို ရေတွက်နေခဲ့၏။
မနက်ခင်းလေ့ကျင့်ခန်းလုပ်ပြီးချိန်မှသာ ရီလန်နှင့် ကျန်းချင်တို့ တောင်ကြားမှ ပြန်သွားခဲ့ကြသည်။
ထို့နောက် ကုအန်လည်း သဘာ၀ဂူ၈လုံးထဲသို့ ၀င်သွားခဲ့၏။
သူနွယ်စိမ်းပင်နားရောက်သည်နှင့် ကျန်းချောင်မျက်လုံးမှိတ်ထားရင်း မေးလိုက်သည်။
“မနေ့ညက နွေဦးပွဲတော်မဟုတ်လား အဲ့တာက အတော်လေး အသက်၀င်နေခဲ့တာပဲ”
“ဟုတ်ပါတယ် ကျွန်တော်ဆရာဘွားဘွားအတွက် တပည့်တွေလုပ်ထားတဲ့ မုန့်တွေယူလာခဲ့ပါတယ်”
ကုအန် ထိုင်ချလိုက်ကာ ယူလာသော မုန့်များ ဝိုင်များကို ထုတ်လိုက်လေသည်။
ကျန်းချောင် မျက်လုံးများပွင့်လာကာ ကုအန်ကို ကြည့်လိုက်ပြီး မေးလိုက်၏။
“နင် နင့်ဂျူနီယာညီမလေးရီကို ကြိုက်လား”
ကုအန်ဖြေလိုက်သည်။ “ကျွန်တော်သူ့ကို လုံး၀မကြိုက်ပါဘူးလို့ဖြေရင် ညာတာဖြစ်သွားလိမ့်မယ် ဒါပေမယ့် ကျွန်တော်အခုတော့ သူ့ကိုလက်မခံနိုင်ဘူးလို့ ခံစားရတယ် အဲ့တာက ကျွန်တော်တို့ကျင့်ကြံခြင်းကို နှောင့်နှေးစေလိမ့်မယ်”
“အို့ ဘာလို့နှောင့်နှေးစေမယ်လို့ နင်ကထင်တာလဲ” ကျန်းချောင် စိတ်၀င်စားဟန်ဖြင့် မေးလိုက်၏။
“တစ်ယောက်ယောက်သာ နှလုံးသားထဲမှာရှိနေရင် အဲ့ဒီလူအကြောင်း မတွေးဘဲ မနေနိုင်ဘူးလေ တကယ်လို့ ဆက်ဆံရေးတစ်ခုကိုသာ အတည်ပြုပြီးသွားရင် ခံစားချက်တွေက တာ၀န်ယူမှု တာ၀န်ခံမှုအဖြစ်ပြောင်းလဲသွားရလိမ့်မယ် နောက်ပြီး ဘာလုပ်လုပ် အဲ့ဒီလူအကြောင်းပဲ တွေးနေမိလိမ့်မယ် အဲ့တာက ကျင့်ကြံခြင်းအပေါ် သက်ရောက်မှုရှာလာလိမ့်မယ် ကျွန်တော်က ကိုယ့်ကိုကိုယ်အဲ့ဒီလိုသက်ရောက်မှုမျိုး ခံရမှာမကြောက်ပါဘူး ဂျူနီယာညီမလေးကိုတော့ ကျွန်တော့်လွှမ်းမိုးမှုမပါဘဲ အေးအေးချမ်းချမ်း ကျင့်ကြံစေချင်တယ်” ကုအန် လေးလေးနက်နက်ပြောလိုက်သည်။
ထိုစကားများသည် သူ့နှလုံးသားထဲမှ စကားများ ဖြစ်ကြပေသည်။
ရီလန်သည် ပါရမီနည်းပါးလှပြီး ယခုအခါ သူ့သက်တမ်းအကန့်အသတ်ကို တိုးမြှင့်ရန် ကမ္ဘာဦးပြန်လည်မွေးဖွားခြင်းကျင့်စဉ်ကို ကျင့်နေခဲ့ရသည်။
ကုအန် ယခုအချိန်တွင် သူမ၏ လက်ကျန် သက်တမ်း ၁၀၀လုံးကို သူနှင့်အတူကုန်ဆုံးဖို့ ရွေးချယ်လို့ ရသော်လည်း သူရီလန့်ကို နောက်ထပ် အသက် ၁၀၀သာ နေစေလိုခြင်း မဟုတ်ပေ။
“တကယ်လို့ လူနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကသာ အချိန်အကြာကြီးထိ တည်ရှိမယ်ဆိုရင် လူတွေက ဘာလို့ နေ့နေ့ညည အတူတူရှိနေသင့်ရမှာလဲ” ကုအန် ဝိုင်ခွက်ကိုမြှော်လိုက်ကာ ကျန်းချောင်ကို ကမ်းပေးလိုက်၏။
ကျန်းချောင် ကုအန်မျက်လုံးထဲ စိုက်ကြည့်နေရင်း ပထမဆုံးအကြိမ်အနေဖြင့် သူထိုကောင်လေးကို မြင်လိုက်ရသည်ဟု ခံစားလိုက်ရသည်။
ဒီကောင်လေးမှာ ချစ်တတ်တဲ့နှလုံးသားတော့ ရှိနေသေးတာပါလား!
ကျန်းချောင်မေးလိုက်သည်။
“နင်ကသူ့ထက် ပိုအသက်ရှည်မယ်လို့ ဘာလို့သေချာနေတာလဲ နင်ကသူ့ထက် အရင်သေသွားပြီး သူက သူ့လက်ကျန်သက်တမ်းတစ်ခုလုံးမှာ နောင်တတွေနဲ့ ရှင်သန်သွားရရင် ဘယ်လိုလုပ်မလဲ”
ကုအန် ဂုဏ်ယူစွာပြုံးလိုက်ကာ
“ရိုးရိုးသားသားပြောရရင် ကျွန်တော့်မှာအခု ဆေးတောင်ကြားနှစ်ခုပိုင်ပြီး အဆုံးမဲ့တဲ့ ဆေးပင်အရင်းအမြစ်တွေရှိတယ် ကျွန်တော်ကောင်းကောင်းမကျင့်ကြံရင်တောင် ဆေးတွေသုံးပြီး နှစ်ရာဂဏန်းအနည်းငယ်လောက် နေနိုင်ဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘူး”
“နှစ်ရာဂဏန်းအနည်းငယ်ပဲလား”
ကျန်းချောင် ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။ ဤကောင်လေး၏ အမြင်သည် တကယ်ပင် ကျဉ်းမြောင်းလှ၏။
သို့သော် အကြောင်းပြချက်အချို့ကြောင့် နောက်နှစ်ရာဂဏန်းအနည်းငယ်တွင် သူသည် အမတလမ်းစဉ်ကို ရှာဖွေနေစဉ် ကုအန် သေဆုံးသွားလျင် မည်သို့လုပ်မည်နည်းဟု တွေးမိသွားခဲ့ပြီး ကိစ္စများမှာ ထိုမျှမလွယ်ကူဘူးဟု ခံစားလိုက်ရသည်။
“လာ သောက်ရအောင် မမူးရင် မပြန်ကြေး!”
ကျန်းချောင် ရုတ်တရက် ခပ်တည်တည်ပြောလိုက်၏။
ကုအန်လည်း ချက်ချင်း ခွက်မြှောက်လိုက်လေသည်။
တစ်နာရီခန့်သောက်ပြီးသောအခါ အခြေအနေများ မျှော်လင့်ထားသလို ဖြစ်မလာမည် စိုးသောကြောင့် ကုအန် ထပြန်ရန် ပြင်လိုက်၏။ သို့သော် ကျန်းချောင်က သူ့ကို ဆွဲထားခဲ့သည်။
ထို့နောက် ကျန်းချောင်သူ့အား အတင်းဆက်သောက်ခိုင်းနေခဲ့၏။ ကုအန်လည်း သူ့ကျင့်ကြံခြင်းကို ဖုံးကွယ်ရန် ဆက်သောက်ပြီး မူးချင်ယောင်ဆောင်လိုက်ရသည်။
ဤအရာသည် စိတ်ဝိညဉ်ဝိုင်ဖြစ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့်များ များများသောက်မိပါက မူးကို မူးသွားပေလိမ့်မည်။
ကုအန် ဖြည်းဖြည်းချင်း မူးချင်ယောင်ဆောင်လိုက်ပြီး မြေပြင်ပေါ်ပင် လဲသွားလဲ့၏။
ကျန်းချောင် မြေပေါ်တွင်ထိုင်နေရင်း လဲနေသော ကုအန်ကိုကြည့်ကာ သက်ပြင်းချလိုက်မိသည်။
“ဒီကောင်လေးက အခြေခံတည်ဆောက်ခြင်းအဆင့်ပဲဟာကို ဘာလို့အများကြီး သောက်နိုင်နေတာလဲ” ကျန်းချောင် နီမြန်းနေသော မျက်နှာဖြင့် ပြောလိုက်၏။ သူမလည်း မူးလုနီးနီးပင်။
သူမထိုင်နေရင်း ကုအန်ကိုကြည့်ကာ တောင်စဉ်ရေမရ တွေးနေမိသည်။
အချိန်များကြာလာသည်နှင့်အမျှ သူ့စိတ်ထဲတွင် ကုအန်ကို ထည့်၍တွက်နေမိပြီ ဖြစ်၏။
သုံးနာရီခန့်ကြာသောအခါ ကုအန် မူးနေရာမှ ထလာရန်ပြင်လိုက်လေသည်။ ဤတစ်ကြိမ်သူ့ကို ကျန်းချောင် ဆွဲထားလျှင်တော့ ကုအန်သူမကို တစ်ခါလောက်ပညာပြဖို့ တွန့်ဆုတ်နေတော့မည် မဟုတ်ပေ။
ထိုစဉ် ကျန်းချောင် လဲနေသော ကုအန်ရှေ့တွင်ထိုင်ကာ သူ့မျက်နှာပေါ်ကျနေသော ဆံပင်များကို သပ်ပေးလိုက်၏။
ကုအန် နှလုံးသားထဲ တင်းကြပ်သွားခဲ့ရသည်။
နေပါဦး!
ဒီမိစ္ဆာကျင့်ကြံသူအိုကြီးက ငါ့အသားကို လောဘတက်နေတာတော့ မဟုတ်ဘူးမလား!
ကုအန် ကို့ရိုကားယားနုိင်သည်ဟုပင် ခံစားလိုက်ရသည်။ အဘယ်ကြောင့် အမျိုးသမီးအများအပြားက သူ့ကို ကြိုက်နှစ်သက်နေကြပါသနည်း။
ဤအရာသည် ရိုးရှင်းစွာပင် သူသည် ရုပ်ချော၍ ပေလော။
ထိုအမျိုးသမီးများသည် အရင်က ရုပ်ချောသည့် သူကို မမြင်ဖူး၍ပေလော။
ကျန်းချောင်၏ အသံခပ်တိုးတိုးသည် သူ့နားထဲ ၀င်လာခဲ့သည်။
“ဘာလို့ ဒီကောင်လေးက ပိုပိုကြည့်ကောင်းလာတာလဲ အတော်လေးထူးဆန်းတယ်….”
ကုအန်သည် သူ့ကျင့်ကြံခြင်းကို ဖုံးကွယ်ထားသော်လည်း မြေလျှောက်အမတ အဆင့်ကို ရောက်ပြီးကတည်းက သူ့အသွင်အပြင်သည် လူသားများမျက်လုံးထဲတွင် လူသားအရည်အသွေးထက် ကျော်လွန်နေခဲ့သည်။
ထိုအရာသည် သူ့စိတ်ထဲ ကုအန်ပုံရိပ်က ပြောင်းလဲသွား၍ ပုံသဏ္ဍာန်ကိုပါ ပြောင်းလဲအောင်ကြည့်မိနေသည်ဟုပင် တွေးလိုက်၏။
“ဟူးးး ငါဘာတွေတွေးနေတာလဲ သူကငါ့မြေးတပည့်လေ ငါက မိစ္ဆာကျင့်ကြံသူဆိုပေမယ့် အဲ့လောက်မိစ္ဆာဆန်ဆန်တော့ မပြုကျင့်နိုင်ဘူး…”
ကျန်းချောင်သူ့လက်ကို ရုတ်လိုက်ကာ ပြန်ထိုင်လိုက်လေသည်။
ထို့နောက် သူမတိတ်ဆိတ်သွားခဲ့၏။
တခဏကြာသောအခါ သူမ မြေပေါ်လဲနေသော ကုအန်ခါးကို ကန်လိုက်လေသည်။
ကုအန် ကြိတ်၍ ကျိန်ဆဲလိုက်မိ၏။ ဘာလို့ဒီမိန်းမ ငါ့ကို ကန်တာလဲဟ!
သူမ နောက်တစ်ချက်ထပ်ကန်လိုက်ရာ ကုအန် ဘေးသို့ လိမ့်သွားခဲ့ပြီး ကမန်းကတန်းထကာ အော်လိုက်သည်။
“ထပ်သောက်ဦးမယ်….ဆရာ ကျွန်တော်ဆရာ့ကို မမှတ်မိတော့ဘူး….ကျွန်တော့်ကို မူးအောင်တိုက်လို့ မရဘူးနော်…”
ကုအန်မူးနေပုံကို ကြည့်ပြီး ကျန်းချောင်မရယ်ဘဲ မနေနိုင်တော့ပေ။
ထို့နောက်တွင်တော့ ကျန်းချောင် သူ့ကို ဆက်မကန်တော့ပေ။
သုံးနာရီခန့်ကြာမှ ကုအန် အမူးပြေသွားပြီး ပြန်ထလာချိန်တွင် ကျန်းချောင် တရားထိုင်နေသည်ကို တွေ့လိုက်ရပြီး သူတိတ်တဆိတ်သာ ပြန်ထွက်သွားခဲ့၏။
ကုအန် ထွက်သွားေသာအခါ ကျန်းချောင်မျက်လုံးမပွင့်သော်လည်း သူ့နှုတ်ခမ်းများတော့ တွန့်ကွေးသွားခဲ့လေသည်။
သဘာ၀ဂူရှစ်လုံးမှ ထွက်လာပြီးသည့်နောက် ကုအန် နျန်းချူဂူသို့ ရောက်လာခဲ့၏။ သူဆေးပင်ခူးပြီးသည့်နောက်တွင် ထျန်းယောင်အာကို ကျင့်ကြံခြင်းတွင် လမ်းညွှန်ပြသပေးခဲ့သည်။
ထို့နောက် ကုအန် ထွက်သွားဖို့လုပ်ချိန်တွင် ထျန်းယောင်အာ သူ့လက်မောင်းကိုဆွဲပြီး ဆွဲထားဖို့လုပ်သောကြောင့် သူအမြန်ပင် လေထဲပျောက်ကွယ်သွားခဲ့ရ၏။
တတိယတောင်ကြားသို့ အပြန်လမ်းတွင် ကုအန် တွေးနေမိသည်။
ဤနွေဦးတွင် အဘယ့်ကြောင့် လူတိုင်း ခံစားချက်ကို အလိုလိုက်နေကြသနည်း။ ထိုအရာသည် သူကံဆိုးနေခြင်းကြောင့် ဖြစ်နိုင်ပါသလော။
ဘာကြောင့် ရီလန် ကျန်းချောင်နှင့် ထျန်းယောင်အာတို့ သူ့အပေါ် တိမ်းညွတ်နေကြပါသနည်း။
ကံကောင်းစွာဖြင့် လုလင်ကျွမ်းမှာတော့ သူ့ကို တာအိုလက်တွဲဖော်အဖြစ်ပြောသော်လည်း ထိုသို့ ဆက်ဆံခြင်းမျိုး မရှိခဲ့ပေ။
ထိုအရာများအားလုံးသည် ကောင်းကင်တာအို၏ ထောင်ချောက်များသာ ဖြစ်ကြပေသည်။
ကောင်းကင်တာအိုသည် သူ့ကို ထိုမိန်းမများအပေါ် တ်မ်းညွတ်စေပြီး ကမ္ဘာ့ရေးရာကိစ္စများတွင် ၀င်ပါစေလိုခြင်း ဖြစ်သည်။ တစ်ချိန်ချိန်တွင် ထိုမိန်းမများတွင် ပြဿနာပေါင်းများစွာ ကြုံရမည် ဖြစ်ကာ ကုအန်သာ သူတို့နှင့် ချည်နှောင်မိပါက ထိုပြဿနာများကို အဘယ်သို့ ရပ်ကြည့်နေနိုင်တော့မည်နည်း။
ကိစ္စများတွင် ကြိမ်ဖန်များစွာ ၀င်ပါနေခြင်းက အားကောင်းသော ရန်သူများကို ဆွဲဆောင်နိုင်သွားပေလိမ့်မည်။
အကြောင်းအကျိုးနိယာမများမှာ အလွန်တရာ ရှုပ်ထွေးလှ၏။ သူ့ကျင့်ကြံခြင်းမြင့်လာလေလေ ကုအန် အကြောင်းအကျိုးနိယာမများကို ပို၍ လေးစားလာမိလေလေပင်။
သေမျိုးကမ္ဘာကြီးထဲရှိ ကံကြမ္မာသည် ကျပန်းဖြစ်နေသည်ဟု ထင်ရသော်လည်း အမှန်တကယ်တော့ တိကျသေချာသည့် နိယာမများက ရှိနေခဲ့သည်။
ကုအန် သူ့အိမ်သို့ လမ်းလျှောက်သွားနေရင်း အကြောင်းအကျိုးနိယာမများအကြောင်း တွေးနေမိ၏။
ခပ်လှမ်းလှမ်းတွင်
ရှောင်ချွမ် သစ်သားခြံစည်းရိုးရှေ့တွင်ရပ်ကာ သူ့စိတ်ဝိညဉ်ခွေးများ ဆော့ကစားနေသည်ကို ကြည့်နေရင်း ရုတ်တရက် လှေကားပေါ်တက်နေသော ကုအန်စီ အကြည့်ရောက်သွားခဲ့သည်။
အကြောင်းပြချက်အချို့ကြောင့် သူအတွေးနွံနစ်သွားခဲ့၏။
ကုအန်သူ့ကိုပေးသော ခံစားချက်ကို သူမဖော်ပြတတ်ဘဲ ကုအန်သည် အချိန်မရွေး ကောင်းကင်ပေါ် ပျံတက်သွားတော့မလို ခံစားနေခဲ့ရသည်။
ထိုခံစားချက်က အတော်လေး ထူးဆန်းလှ၏။
“စီနီယာအစ်ကိုကြီးက မဟာယနအဆင့်ကျင့်ကြံသူနဲ့တောင် သွေးသောက်ညီအစ်ကိုဖွဲ့ထားတာပဲလေ သူ့အဆင့်အတန်းက ငါနဲ့ဝေးကွာလွန်းပါတယ် ငါက အစ်ကိုကြီးကိုမီခိုပြီး ရှင်သန်နေရုံပါပဲ ငါသေဆုံးသွားရင်တောင် အစ်ကိုကြီးကတော့ ငယ်ရွယ်နေဦးမှာပဲ….”
ထိုသို့တွေးမိပြီး ရှောင်ချွမ် သက်ပြင်းချလိုက်မိသည်။
သူကုအန်ကို အားကျသော်လည်း သူ့အစ်ကိုကြီးသည် သူ့လက်ရှိ ဂုဏ်ထူးနှင့် ထိုက်တန်သည်ဟု သူယုံသောကြောင့် မနာလိုခြင်းတော့မဖြစ်မိပေ။
သူသေသွားသောအခါ အကယ်၍ မြေအောက်ကမ္ဘာသာ အမှန်တကယ်ရှိနေပါက ထိုနေရာတွင် သူ့အစ်ကိုကြီး၏ အမတလမ်းစဉ်ခရီးလမ်း ချောမွေ့ကာ ပူပန်ခြင်းကင်းဖို့ ဆုတောင်းပေးမည် ဖြစ်သည်။
“ဦးလေးရှောင်ချွမ် စိတ်ဝိညဉ်ကြွက်ဖြူ ပြန်လာပြီ!”
အန်းရှင်း ရုတ်တရက်ပြေးလာပြီး အော်ပြောလိုက်သောကြောင့် ရှောင်ချွမ် အတွေးနွံနစ်နေရာမှ သတိ၀င်သွားခဲ့သည်။
အပိုင်း(၁၇၆)
နှစ်တစ်သန်းတွင် တစ်ကြိမ်သာကြုံတွေ့ရနိုင်သော ကပ်ဘေး
တောင်ကြားတွင် ဆန်းကြယ်သန့်စင်ပင်ကို စိုက်ပျိုးပြီးကတည်းက ကြွက်ဖြူလေးသည် အချိန်ပြည့် ထိုအပင်အောက်တွင်သာ အိပ်နေလေ့ရှိပြီး သူထွက်သွားသည့်အခါတိုင်းတွင်လည်း ရက်ပေါင်းများစွာ ကြာတတ်၍ ထိုအချိန်များတွင် ရှောင်ချွမ် သူ့ကိုစိုးရိမ်နေရတတ်သည်။
အန်းရှင်း၏လမ်းပြမှုအောက်တွင် ရှောင်ချွမ် ဆန်းကြယ်သန့်စင်ပင်ဆီ ရောက်လာခဲ့၏။
ကြွက်ဖြူလေးသည် ဆန်းကြယ်သန့်စင်ပင်အောက်တွင် ဗိုက်လှန်ကာ လှဲလျောင်းနေခဲ့သည်။
ရှောင်ချွမ်လည်း သူ့ဘေးတွင် ဆောင့်ကြောင့်သွားထိုင်လိုက်ပြီး ဗိုက်လေးကို ပွတ်ပေးလိုက်သောအခါ ထိုကောင်လေး ဇိမ်ကျနေခဲ့၏။
ထိုစဉ် အန်းရှင် ရှောင်ချွမ့်ဘေးရောက်လာပြီး ပြောလိုက်သည်။
“ဦးလေးရှောင်ချွမ်က ဒီကောင့်ကို အလိုလိုက်လွန်းတယ် သူဒီလောက်အကြာကြီး အပြင်ထွက်သွားတာ ဦးလေးနည်းနည်းတော့ ဆူသင့်တယ် မဟုတ်လား”
သူစိတ်ဝိညဉ်ကြွက်ဖြူ၏ ပျင်းရိမှုနှင့် ဆိုးသွမ်းမှုကို သည်းမခံနိုင်ဝောာ့ပေ။ ထိုကောင်ကသာ ကုအန်၏ အိမ်မွေးသားရဲဟုတ်မနေပါက သူမ ထိုကောင့်ကို အရင်ကတည်းက ဆုံးမပြီးနေချေပြီ။
“သူ့ကို အထင်မသေးနဲ့ သူ့မှာ အခြားနာမည်တစ်မျိုးရှိသေးတာ ရတနာမုဆိုးကြွက်တဲ့ သူအပြင်ထွက်တာရှားပါတယ် ပြန်လာတဲ့အခါတိုင်းလည်း ရတနာတစ်ခု ပါလာတတ်တယ်” ရှောင်ချွမ်ပြုံးကာ ပြောလ်ုက်သည်။
ထိုစကားကိုကြားသောအခါ အန်းရှင်းလည်း ကြွက်ဖြူလေးဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သေချာ အကဲခတ်ကြည့်နေခဲ့၏။
ထိုစဉ် ကြွက်ဖြူလေး မျက်လုံးများ ပွင့်လာပြီး ရုတ်တရက် ပါးစပ်ထဲမှ ပုလဲကို အန်းရှင်းဆီ ထွေးထုတ်လိုက်လေတော့သည်။
ပုလဲသည် အန်းရှင်းမျက်နှာကို ထိမှန်သွားပြီး ချက်ချင်းအရည်ပျော်သွားကာ သူ့မျက်နှာအရေပြားထဲ စိမ့်၀င်သွားခဲ့ဧ။။်
အရာအားလုံးသည် လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်ပြီး ဘာဖြစ်သွားသည်ကို သတိထားမိသွားသောအခါ အန်းရှင်း ထရပ်ကာ သူ့မျက်နှာကိုအုပ်၍ အော်ဟစ်လေတော့သည်။ ရှောင်ချွမ်လည်း ဘာလုပ်လို့ ဘာကိုင်ရမယ် မသိ ဖြစ်သွားခဲ့၏။
စိတ်ဝိညဉ်ကြွက်ဖြူမှာတော့ ကျေနပ်နေဟန်ဖြင့် ပြုံးကာ သစ်ပင်နောက်၀င်ပြေးသွားတော့သည်။
ကုအန် အန်းရှင်းအော်သံကို ကြားသောကြောင့် ထိုနေရာသို့ အမြန်ပြေးလာခဲ့ပြီး သူ့နောက်တွင်အခြားတပည့်များလည်း ပါလာခဲ့ကြသည်။
“မလှုပ်နဲ့ ငါကြည့်ပါရစေဦး”
ကုအန်စကားကိုကြားမှသာ အန်းရှင်း စိတ်အေးအေးထားလိုက်ပြီး မျက်နှာကို အုပ်ထားသောလက်ကို ဖယ်ပေးလိုက်၏။
လူတိုင်းအကြည့်သည် အန်းရှင်းဆီရောက်သွားသောအခါ သူ့မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေရုံမှအပ ဘာဒဏ်ရာမှ ရှိမနေသည်ကို တွေ့လိုက်ရလေသည်။
ကုအန်လည်း သူ့အခြေအနေကို ဆုံးဖြတ်ရန် လုလင်ကျွမ်းကို အမြန်သွားခေါ်ခိုင်းလိုက်၏။
အန်းရှင်းသည် အဆင်ပြေနေရုံသာမက အခွင့်အလမ်းတစ်ခုကို ရရှိသွားခဲ့ခြင်း ဖြစ်သည်။
သို့သော် ကုအန်ကိုယ်တိုင်တော့ ထုတ်ပြော၍ မရပေ။ ထို့ကြောင့် လုလင်ကျွမ်းကိုခေါ်ခိုင်းလိုက်ခြင်း ဖြစ်၏။
မကြာခင်တွင် လုလင်ကျွမ်းရောက်ရှိလာပြီး အန်းရှင်းကိုစစ်ဆေးပြီးသောအခါ ပြုံး၍ ပြောလိုက်သည်။
“နင်ကြွက်၀တုတ်ကို ကျေးဇူးတင်သင့်တယ်”
ထိုစကားကိုကြားသောအခါ အန်းရှင်းကြောင်အသွားပြီး အခြားတပည့်များလည်း ပဟေဠိဖြစ်သွားခဲ့ရသည်။
“စီနီယာ စိတ်ဝိညဉ်ကြွက်ဖြူထွေးထုတ်လိုက်တဲ့ ပုလဲကိုသိလား” အန်းရှင်း ကြောက်ရွံ့စွာ မေးလိုက်၏။
လုလင်ကျွမ်း ပြန်ဖြေဖို့ပြင်လိုက်စဉ်တွင် အဝေးမှ ပုံရိပ်တစ်ခု ပျံသန်းလာသောကြောင့် သူလှည့်ကြည့်လိုက်လေသည်။
ရောက်ရှိလာသူသည် အမျိုးသားကျင့်ကြံသူတစ်ယောက်ဖြစ်ကာ ထိုလူသည် တပည့်အုပ်ကြီး၏နောက်တွင် ဆင်းသက်လာခဲ့ပြီး
မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။
“ဒီစိတ်ဝိညဉ်ကြွက်ဖြူက ဘယ်သူ့ဟာလဲ”
အန်းရှင်း သူမအင်္ကျီလက်အိုးကိုသာ ခပ်တင်းတင်းဆုပ်ကိုင်ထားမိ၏။
ကုအန် ရှေ့တက်လာပြီး ဖြေလိုက်သည်။ “အဲ့တာက ကျွန်တော့်ဟာပါ တောင်းပန်ပါတယ် တာအိုမိတ်ဆွေ ပုလဲကိုတော့ ကျွန်တော့်တပည့်တစ်ယောက်က မတော်တဆ စုပ်ယူမိသွားပြီး ကျွန်တော်က ပုလဲအတွက် ဆေးပင်တွေနဲ့ ပြန်အလျော်ပေးချင်ပါတယ်”
အန်းရှင်းကုအန်အား ကျေးဇူးတင်သောအကြည့်ဖြင့် ကြည့်လိုက်မိသည်။
အမျိုးသားကျင့်ကြံသူ၏ ကျင့်ကြံခြင်းအဆင့်သည် စိတ်ဝိညဉ်အခြေတည်အဆင့်ဖြစ်ကာ သူ့ဂူမှာလည်း တတိယဆေးတောင်ကြားနားတွင် ရှိခြင်းဖြစ်သည်။ သို့သော် သူသည် အဓိပတိဂိုဏ်းသို့ လွန်ခဲ့သော ၂နှစ်ကမှ ရောက်ရှိလာသူဖြစ်သောကြောင့် တတိယဆေးတောင်ကြား၏ အရေးပါမှုကိုမသိခဲ့ပေ။ ယခုအခါ ကုအန်ကျင့်ကြံခြင်းသည် နိမ့်နေသည်ကို တွေ့သောကြောင့် ခပ်တင်းတင်းပြောလိုက်၏။
“ဆေးပင်တွေနဲ့ အလျော်ပေးမှာတဲ့လား မင်းက ဆေးတောင်ကြားသခင်တစ်ယောက်ပဲကို ဆေးပင်ဘယ်လောက်ပေးနိုင်မှာမလို့လဲ ငါ့ရေဝိညဉ်ပုလဲက ရှားပါးရတနာကွ မင်းစိတ်ဝိညဉ်ကြွက်ဖြူက ငါမရှိတုန်း ဂူထဲ ခိုး၀င်ပြီး ခိုးသွားခဲ့တာ”
လုလင်ကျွမ်း၀င်ပြောလိုက်သည်။ “ရေဝိညဉ်ပုလဲက တကယ်ပဲ ရှားပါးတယ် အဲ့တာက လူတစ်ယောက်ရဲ့ ရေအခြေပြုပါရမီကို တိုးမြှင့်ပေးနိုင်တယ်”
အမျိုးသားကျင့်ကြံသူသည် အန်းရှင်းကို ဒေါသအကြည့်ဖြင့် ကြည့်နေသောကြောင့် အန်းရှင်း ကြောက်လန့်လာခဲ့မိသည်။
ကုအန် အကူအညီမဲ့စွာ ပြောလိုက်၏။
“အဆင့် ၆ ဆေးပင် ၂၀ ဆိုရင်ရော”
ထိုစကားကိုကြားသောအခါ အမျိုးသားကျင့်ကြံသူ ကုအန်ကို အံ့အားသင့်သွားသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
အမျိုးသားကျင့်ကြံသူ တွန့်ဆုတ်နေသည်ကို ကြည့်ကာ ကုအန်ဆက်ပြောလိုက်၏။
“ဒီကျွန်တော့်တပည့်က အန်းဟောင်ရဲ့ ညီမပါ သူ့ပါရမီက သာမန်ပဲမလို့ ဒီတောင်ကြားမှာ ခဏလာနေတဲ့သူပါ တကယ်၍ မိတ်ဆွေကသာ ဒီပြဿနာကို ဒီတိုင်းထားပေးလိုက်ရင် အန်းဟောင်လည်း ကျေနပ်သွားမှာပါ”
“အန်းဟောင်လား ဘယ်အန်းဟောင်လဲ” ထိုလူ မျက်မှောင်ကြုံ့ကာမေးလိုက်သည်။
ကုအန် ပြုံးလိုက်ကာ “ဒါပေါ့ ရွှေစာရင်ထိပ်ဆုံးက ပါရမီရှင် အန်းဟောင်ပါ”
အမျိုးသားကျင့်ကြံသူမျက်နှာပေါ်တွင် လင်းလိုက်မှောင်လိုက်ဖြစ်သွားကာ ချောင်းတစ်ချက်ဟန့်လိုက်ပြီး ပြောလိုက်၏။
“ဒီလိုဆိုမှတော့ အန်းဟောင်ကို မျက်နှာသာပေးရမှာပေါ့ ငါဆေးပင် ၂၀ ကိုပဲ လက်ခံလိုက်မယ် ဒါပေမယ့် အနာဂတ်မှာ မင်းကြွက်ကို သေချာထိန်းထား”
“သက်ညှာပေးလို့ ကျေးဇူးတင်ပါတယ်ညီကို ကျွန်တော်ညီကို့ကို ဆေးပင်တွေ တခါတည်းလိုက်ယူပေးပါရစေ”
ကုအန်ထိုလူ့ကို ခေါ်၍ ထွက်သွားသောအခါ တပည့်များ၏စကားသံများ ဆူဆူညံညံထွက်လာခဲ့သည်။
ရှောင်ချွမ်မှာတော့ အန်းရှင်းကိုသာ နှစ်သိမ့်ပေးနေခဲ့၏။
လုလင်ကျွမ်း တွေးနေမိသည်။
“ဒီကောင်လေးက သတ္တိတော့ရှိသားပဲ ငါ့ကိုတောင် အကူအညီမတောင်းဘူး”
သူမသည် အကြီးအကဲခန်းမမှ အကြီးအကဲတစ်ယောက်ဖြစ်သောကြောင့် သူမစကားတစ်ခွန်းတည်းနဲ့ပင် ထိုကျင့်ကြံသူကို မောင်းထုတ်၍ ရပေသည်။
ထိုအရာကြောင့် သူမကုအန်အပေါ် အမြင်တစ်မျိုး ပြောင်းလာခဲ့ရ၏။
ထို့အပြင် ကုအန်တွင် ရွှမ်ထျန်းယီနှင့်ညီကိုဆက်ဆံရေးရှိသည့်အပြင် ဂိုဏ်းချုပ်နှင့်လည်း ရင်းနှီးသောဆက်ဆံရေးရှိပေသည်။သို့သော် ကုအန်မှာတော့ ထိုအာဏာများကို မသုံးဘဲ ပြဿနာဖြစ်တိုင်း လျော်ကြေးသာ ပေးတတ်၏။
သူ့စရိုက်မှာ အမှန်တကယ်ပင် အားကျစရာကောင်းလှသည်။
အမွှေးတိုင်တစ်တိုင်စာ ကုန်သွားချိန်မှသာ ထိုကျင့်ကြံသူ ထွက်ခွာသွားခဲ့သည်။
ကုအန်လည်း ိထိုလူ့ကျောကိုကြည့်ကာ အတော်လေး ခံစားနေခဲ့ရ၏။
ဤအရာသည် ကံကောင်းစေသော အမှားတစ်ခုပေလော။
အကယ်၍ ရှောင်ချွမ်သာ ကြွက်ဖြူကို ကောင်းကောင်းမွန်မွန်မဆက်ဆံပေးပါက ထိုကောင်သည် သူ့အပေါ် ပုလဲကို ထွေးထုတ်လိုက်မည်သာ။
…..
ရွှမ်ထျန်းယီ၏ တာအိုညီလာခံကို အချိန်ဇယားအတိုင်း ကျင်းပခဲ့၏။ ကုအန် အန်းရှင်းနှင့် ရှောင်ချွမ်တို့ကိုလည်း သူ့သင်ကြားမှုများကို နားထောင်ရန် အတွင်းစည်းမြို့ထဲ ခေါ်သွားခဲ့သည်။ ထိုသင်ခန်းစာများသည် ကုအန်အတွက် ဘာအကျိုးမှမရှိသော်လည်း အန်းရှင်း ရှောင်ချွမ်နှင့် အခြားဂိုဏ်းသားများအဖို့တော့ အကျိုးများလှ၏။
တာအိုညီလာခံ ကျင်းပပြီးသောအခါ ရွှမ်ထျန်းယီ ၏ဂုဏ်သတင်းသည် ထိုးတက်သွားခဲ့ကာ ဂိုဏ်းချုပ်နှင့် ဂိုဏ်းထဲရှိ လူများအားလုံးထက် သာလွန်သွားခဲ့သည်။
နွေရာသီအစောပိုင်းတွင် ရွှမ်ထျန်းယီသည် နယ်စပ်သို့ သွားကာ မဟာယနအဆင့်မိစ္ဆာတစ်ကောင်နှင့် ဆန်းကြယ်နှလုံးသားအဆင့် မိစ္ဆာသုံးကောင်ကို သတ်ဖြတ်ခဲ့သောကြောင့် သူ့ဂုဏ်သတင်းက မင်းဆက်ငါးခုတွင် ပျံ့နှံ့သွားခဲ့၏။
ယခုအခါ မိုးကောင်းကင်အောက်တွင် အသန်မာဆုံးပုဂ္ဂိုလ်ဟူသော ဘွဲ့ထူးမှာ ရွှမ်ထျန်းယီဆီသို့ ရောက်ရှိသွားခဲ့လေပြီ။ သို့သော်လည်း ဆရာသခင်ဓားအရှင်ကပိုသန်မာသည်ဟု ထင်သော လူအများလည်း ရှိနေကြသေးသေည်။
ခန်းထျန်ဂိုဏ်းမှ တာအိုသခင်မှာတော့ ရောက်လာပြီးကတည်းက အခုထိ တိတ်တဆိတ်သာ ရှိနေခဲ့သည်။
ဤသို့ဖြင့် ၂ နှစ်ကုန်ဆုံးသွားခဲ့၏။
ကုအန် သက်တမ်းသည် ၂.၅ သန်းကို ကျော်လွန်သွားပြီဖြစ်ကာ တစ်ခါတရံလည်း တောင်အောက်သို့ဆင်း၍ မိစ္ဆာများကို ရှင်းလင်းပေးတတ်သေးသည်။ ယခုအခါ သေမျိုးများက သူ့ကို အစိမ်းရောင်သူရဲကောင်း ဟုပင် ခေါ်ဆိုနေကြ၏။
ထိုညတွင်
ကျန်းချောင် သူ့လက်ကျန်အဆက်အသွယ်များကို ရှာရန်ဟုဆိုကာ ဂိုဏ်းမှထွက်သွားခဲ့လေသည်။ ကုအန်လည်း သူမအန္တရာယ်ကင်းဖို့သာ ဆုတောင်းပေးခဲ့၏။
အဓိပတိဂိုဏ်း၏ မိုင်ထောင်ချီအဝေးတွင် ကျန်းချောင် တောင်တန်းများတောအုပ်များကိုဖြတ်သန်းသွားလာနေပြီး အနက်ရောင်၀တ်ရုံရှည်ကြီးကို ၀တ်ဆင်ထားသော သူ့ပုံစံမှာ တစ္ဆေတစ်ကောင်လိုပင်။
ထိုစဉ် ရုတ်တရက် သူရပ်တန့်သွားကာ မျက်မှောင်ကြုံ့လိုက်လေသည်။
သူ့အကြည့်က သူ့အရှေ့ရှိ အနက်ရောင်အရိပ်ဆီ ရောက်ရှိသွားပြီး အံ့အားသင့်သွားခဲ့၏။
မိစ္ဆာအရိပ်နတ်သိုင်း!
ရွက်ဝါတစ်ထောင်မျှော်စင်က သခင်တစ်ယောက်ယောက် ကျန်နေသေးတာများလား!
နေပါဦး!
အဓိပတိဂိုဏ်းနားက မိစ္ဆာအရိပ်နတ်သိုင်းကို သိတဲ့ ကြီးမြတ်တဲ့ကျင့်ကြံသူတစ်ယောက်….
ကျန်းချောင်ချက်ချင်း သူ့လက်နက်ကိုထုတ်ကာ တိုက်ခိုက်ဖို့ ပြင်လိုက်လေသည်။
“ငါသာနင့်ကိုသတ်ချင်ရင် မင်းခုခံနိုင်မယ်ထင်လား” ဆန်းကြယ်သော ပုံရိပ်ဆီမှ အေးစက်စက်အသံကြီး ထွက်ပေါ်လာခဲ့၏။
ကျန်းချောင် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ မေးလိုက်သည်။
“စီနီယာက ဆရာသခင်ဓားအရှင်လားဆိုတာ သိပါရစေ”
ကုအန် လက်မြှောက်လိုက်ကာ တခဏဂိုဏ်း ဂိုဏ်းချုပ်တံဆိပ်ပြားကို ပစ်ပေးလိုက်ဧ။။် ကျန်းချောင် ဖမ်းမထားခဲ့ဘဲ မြေပေါ်ကျသွားသော တံဆိပ်ပြားကိုသာ ကြည့်လိုက်လေသည်။
တံဆိပ်ပြားပေါ်ရှိ တခဏဂိုဏ်း ဟူသော စာလုံးကြောင့် သူ့အမူအရာများ ရုတ်ချည်းပြောင်းလဲသွားခဲ့၏။
“စီနီယာက တခဏဂိုဏ်းကလား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ကျန်းချောင် ကုအန်ကို မယုံနိုင်သော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
တခဏဂိုဏ်းကို ဆန့်ကျင်ခဲ့သော ဆရာသခင်ဓားအရှင်က တခဏဂိုဏ်းက ပေလော။
ကုအန် ခပ်အေးအေးပြောလိုက်သည်။
“ဒါက တခဏဂိုဏ်း ဂိုဏ်းချုပ်တံဆိပ်ပြား အခုကစပြီး မင်းက ငါ့သံတမန်ပဲ ငါ့ကိုယ်စား တခဏဂိုဏ်းကို စီမံခန့်ခွဲပေးရမယ် ဂိုဏ်းကို မင်းကြိုက်သလိုလုပ်နိုင်တယ် ဒါပေမယ့် ဂိုဏ်းကို မကောင်းဆိုးဝါးဆန်တာတွေ ထပ်မလုပ်စေနဲ့တော့”
ထိုစကားကိုကြားသောအခါ ကျန်းချောင် ချက်ချင်းနားလည်သွားခဲ့သည်။
ဆရာသခင်ဓားအရှင်သည် တခဏဂိုဏ်း ကျဆုံးသွားစဉ်က ထိုဂိုဏ်းကို လမ်းမှန်ဂိုဏ်းအဖြစ်ပြောင်းလဲရန် ဂိုဏ်းချုပ်တံဆိပ်ပြားကို လက်ခံခဲ့ခြင်း ဖြစ်ဧ။။်
ထိုမှသာ သူသက်ပြင်းချနိုင်ခဲ့သည်။
ဆရာသခင်ဓားအရှင်သည် လူကောင်းတစ်ယောက်ဖြစ်နေသရွေ့ သူကြောက်စရာမလိုပေ။
“ဘာလို့ ကျွန်မကို ရွေးချယ်ခဲ့တာလဲ” ကျန်းချောင်မေးလိုက်သည်။
“နင်အဓိပတိဂိုဏ်းထဲမှာ နှစ်ပေါင်း ၁၀၀ ကျော်နေပြီး လှုပ်ရှားသွားလာနေတာကို မြေအောက်ကမ္ဘာလမ်းကိုးသွယ် ပေါ်မလာခင်ကတညး်က ငါမြင်ခဲ့ရတာ နောက်ပြီး နင်ဂိုဏ်းကို ပြန်လာပြီးနောက်လည်း ဘယ်တပည့်ကိုမှ ထိခိုက်အောင်မလုပ်ခဲ့ဘူး အနည်းဆုံးတော့ နင့်မှာ ဗီဇကောင်းလေးရှိတယ် နင်က ဒီဂိုဏ်းမှာ နစ်နေတယ်ဆိုတာကလည်း ဒီဂိုဏ်းမှာနင်ဂရုစိုက်ရတဲ့ လူတွေရှိနေလို့လည်း ဖြစ်နိုင်တယ် ဒါမှမဟုတ် နင့်ရန်သူတွေကို ရှောင်တိမ်းချင်လို့လည်း ဖြစ်နိုင်ပါတယ်” ကုအန် ဘာမှမဟုတ်ဟန်ဖြင့် ပြောလိုက်၏။
ကျန်းချောင်အမူအရာပြောင်းလဲသွားကာ သူ့မျက်လုံးများ အေးစက်သွားခဲ့သည်။
ဆရာသခင်ဓားအရှင်သည် ကုအန်ကိုသုံးကာ သူ့ကိုခြိမ်းခြောက်နေသည်ဟု ထင်သွားခြင်းကြောင့် ဖြစ်၏။
“ဒါပေမယ့် ဒါတွေက ကိစ္စမရှိပါဘူး အဓိကက နင်ဒီတံဆိပ်ပြားကို လက်ခံမှာလား လက်မခံဘူးလားဆိုတာပဲ တစ္ဆေမိခင်နဲ့ မြေအောက်ကမ္ဘာမကောင်းဆိုးဝါး ၁၃ ဖော်က ဒီတံဆိပ်ပြားကို မြင်တာနဲ့ ငါ့ကိုမြင်သလို ဆက်ဆံကြလိမ့်မယ် ဒီတံဆိပ်ပြားနဲ့ဆို မင်းကိစ္စကြီးကြီးမားမားတွေကို လုပ်နိုင်လိမ့်မယ်” ကုအန် အေးစက်စက် ပြောလိုက်သည်။
ကျန်းချောင်အသက်ပြင်းပြင်းရှူကာ ပြောလိုက်၏။
“အရိုးသားဆုံး ပြောရရင် ကျွန်မက ကြယ်ခုနှစ်လုံး စိတ်ဝိညဉ်နယ်မြေကို စော်ကားခဲ့ဖူးတယ်…”
“အဲ့တာက အကြောင်းပြချက်တွေထဲက တစ်ခုပဲ”
“ဘယ်လို”
ကျန်းချောင်အမူအရာရုတ်တရက်ပြောင်းလဲသွားကာ ကုအန်ကို အံ့အားသင့်သွားသော အကြည့်ဖြင့် ကြည့်လိုက်၏။
လရောင်သည် အမှောင်ထဲတွင်ရှိနေသော ကုအန်နှင့် သူမကြားရှိ သစ်ရွက်များပေါ်သို့ ဖြာကျနေခဲ့လေသည်။
…….
သုံးလကြာသောအခါ ကျန်းချောင် ဂူဆီပြန်လာခဲ့၏။
အချိန်သည် ဆောင်းဦဖြစ်ကာ ညသည် ချမ်းစိမ့်စိမ့်ဖြစ်နေခဲ့သည်။
ကုအန်နှင့်ကျန်းချောင် သဘာ၀ဂူ ၈လုံးဆီ ရောက်လာခဲ့ကြ၏။
“မြေးတပည့်လေး ငါနင့်ကိုနှုတ်ဆက်ဖို့ ပြန်လာခဲ့တာ” ကျန်းချောင် နွယ်စိမ်းပင်ကို ကြည့်နေရင်း ပြောလိုက်သည်။
ကုအန် စိတ်ရှုပ်သွားချင်ယောင်ဆောင်လိုက်ကာ မေးလိုက်၏။
“ဘယ်ကိုသွားမှာလဲ”
ကျန်းချောင်ပြုံးလိုက်ကာ
“ဒီကာလတွေမှာ ငါအများကြီးတွေးပြီးပြီ အချိန်ပြည့်ပုန်းနေတာက အဖြေမဟုတ်ဘူး အဲ့တာက နင့်ကိုပါ ဆွဲချသလိုဖြစ်သွားလိမ့်မယ် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက တကယ်ကို အင်အားကြီးလွန်းတယ် ဒါပေမယ့် သူတို့က ဒီကမ္ဘာကြီးရဲ့ အကြွင်းမဲ့ အုပ်ချုပ်သူတွေတော့ မဟုတ်ကြပါဘူး အဲ့တာကြောင့် ငါလည်းကိုယ်ပိုင်အင်အားစုတစ်ခု တည်ဆောက်ပြီး အမြင့်ကို ဆက်တက်မယ်”
ကုအန် တုန့်ဆိုင်းသွားဟန်ဖြင့် ခံစားချက်မျိုးစုံ သူ့မျက်နှာတွင် ပေါ်လာခဲ့လေသည်။
သူ့အမူအရာကို သတိထားမိပြီး ကျန်းချောင်ပျော်သွားခဲ့၏။ သူမရယ်လိုက်ကာ
“မဟာမိစ္ဆာကပ်ဘေးက ကျရောက်တော့မှာ ကမ္ဘာကြီးက ဖရိုဖရဲဖြစ်လာလေလေ အခွင့်အလမ်းတွေ ပေါ်လာလေလေပဲ နောက်နှစ်ပေါင်း ၁၀၀ အတွင်း ငါအဓိပတိဂိုဏ်းကို လူမြင်ကွင်းကနေ ၀င်လာနိုင်တာမျိုးလည်း ဖြစ်သွားနိုင်တယ် အဲ့ဒီအချိန်မှ ငါနင့်ကို လက်ခံပေးမယ် ဟုတ်ပြီလား”
ကုအန် မေးလိုက်သည်။
“ဆရာဘွားဘွားတကယ်ပဲ တိုက်ခိုက်ရမှာလား”
“အမတကျင့်ကြံခြင်းကမ္ဘာမှာ တကယ်လို့ နင်မတိုက်ခိုက်ရင် နင်အခုမဟုတ်ရင် နောက်တချိန်ချိန်မှာ သေဆုံးသွားရမှာပဲ နင်ကအခုအဓိပတိဂိုဏ်းမှာ လုံခြုံနေပေမယ့် နောင်တချိန်ကျရင်ရော တကယ်လို့ တစ်ယောက်ယောက်က နင့်ကိုကန်ထုတ်ပြီး နင့်ဆေးတောင်ကြားက အောင်မြင်မှုတွေကို ယူချင်နေတယ်ဆိုရင် နင်ဘယ်လိုလုပ်မလဲ”
ကျန်းချောင်မေးခွန်းများကို ရင်ဆိုင်ရသောအခါ ကုအန် တိတ်ဆိတ်သွားခဲ့သည်။
အနာဂတ်တွင် သူပိုကြောက်သွားမည် စိုးသောကြောင့် ကျန်းချောင် ပြုံးကာ ဆက်ပြောလိုက်၏။
“နင်မတိုက်ခိုက်ရင်လည်း ငါတိုက်ခိုက်ပါ့မယ် စိတ်မပူပါနဲ့ ငါမသေသေးသရွေ့ နင့်အတွက် အမြဲတမ်း နေရာတစ်ခု ရှိစေရမယ် ငါမသေခဲ့ရင်ပေါ့လေ”
ကုအန် ခံစားသွားရပြီး သူမကို ကြည့်လိုက်မိသည်။
သူ့အမူအရာကို ကျေနပ်သွားပြီး ကျန်းချောင်ပြောလိုက်၏။
“ငါရခဲ့တဲ့ သတင်းတွေအရ မဟာမိစ္ဆာကပ်ဘေးက အပြည့်အ၀ကျရောက်လာတော့မှာ နှစ်တစ်သန်းမှာ တစ်ခါပဲကြုံရမယ့် ကပ်ဘေးအတွက် ပြင်ဆင်ထားပေတော့”