← Chapters

အခန်း (၁၈၃-၁၈၄)

Vol. 15 Ch. 183-184

အခန်း (၁၈၃-၁၈၄)

Vol. 15 Ch. 183-184

အပိုင်း(၁၈၃)

ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ၊ ဟေးရန်မိစ္ဆာဘုရင်

ကုအန် တံခါးကိုတွန်းဖွင့်လိုက်ရာ သူ့စားပွဲတွင်ထိုင်ကာ စာဖတ်နေသော ရှန်းကျန်ကို တွေ့လိုက်ရသည်။

ရှန်းကျန်၏ ကျင့်ကြံခြင်းသည် သိသိသာသာတိုးတက်လာမှန်းသတိထားလိုက်မိသောကြောင့် ကုအန် သက်တမ်းစစ်ဆေးခြင်းသုံး၍ ကြည့်လိုက်၏။

[ရှန်းကျန်(ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၉) : ၁၃၀/၇၆၀/၂၅၆၀]

ဟမ်!

ဘယ်လိုဖြစ်လို့ သူ့သက်တမ်းအကန့်အသတ်က တိုးလာရတာလဲ!

အရင်က သူမသက်တမ်းအကန့်အသတ်သည် ၁၀၀၀ ကျော်သာ ရှိမှန်း ကုအန် မှတ်မိနေပြီး ယခုလိုသာဆို နှစ်ဆတောင် တိုးလာပုံပင်။

သူမသည် အမှန်တကယ်ပင် ပန်းချီပညာမှ ညဏ်အလင်းပွင့်ခဲ့ခြင်း ဖြစ်နေနိုင်ပါသလော။

ကုအန် တံခါးကိုပြန်ပိတ်လိုက်ကာ သူမဆီသွားလိုက်ပြီး မေးလိုက်သည်။

“နင်ဘာလို့ ဒီရောက်နေတာလဲ”

ရှန်းကျန် စာအုပ်ကိုချလိုက်ပြီး ပြုံးပြလိုက်ကာ

“”ဘာလဲ ငါလာလို့မရဘူးလား ကြည့်ရတာ နင်ကနင့်တာအိုလက်တွဲဖော်လေးနဲ့ အချိန်ကောင်းတွေရှိနေတော့ ငါ့ကိုတောင် မလာစေချင်တော့ဘူးပေါ့”

ကုအန် သူမကိုတစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။

“ငါ့မှာ တာအိုလက်တွဲဖော်မရှိပါဘူး”

“နင့်တောင်ကြားက ကြီးမြတ်တဲ့ကျင့်ကြံသူကြီးက နင်နဲ့ တာအိုလက်တွဲဖော်ဖြစ်ချင်နေတာမဟုတ်လား သူကအရမ်းလည်းလှတယ် ကျင့်ကြံခြင်းလည်းမြင့်တယ် ဘယ်သာမန်ယောင်္ကျားမှ သူ့ကိုငြင်းနိုင်မှာမဟုတ်ဘူး” ရှန်းကျန် ကုအန်ကိုကြည့်ကာ စနောက်ဟန်ဖြင့် ပြောလိုက်သည်။

ကုအန် မျက်ခုံးများတွန့်ကွေးသွားပြီးပြောလိုက်၏။

“ငါကသာမန်ယောင်္ကျားမှမဟုတ်တာ တကယ်လို့သူသာ ငါ့တာအိုလက်တွဲဖော်ဖြစ်ချင်ရင် အရင်ဆုံး အမတ တစ်ပါးဖြစ်လာရမယ်”

ရှန်းကျန် ရယ်မောကာ ပြောလိုက်၏။

“တကယ်လို့ သူသာ အမတဖြစ်သွားရင် နင့်ကို လှည့်ကြည့်ပါဦးမလား နောက်ပြီး သူအမတဖြစ်သွားရင်ရော နင်ကရှိနေနိုင်ပါဦးမလား နင် နင့်နေ့ရက်တွေကို အမတတစ်ပါးက နင့်ကိုလာကြိုက်လိမ့်မယ်လို့ တွေးပြီး ကုန်ဆုံးနေတာတော့ မဟုတ်ဘူးမလား”

ကုအန် စားပွဲတွင်၀င်ထိုင်လိုက်ကာ ရယ်မောလိုက်ရင်း

“ငါက နင့်လိုပဲ စာရေးဆရာတစ်ယောက်‌ေလ စာ‌ရေးဆရာတွေက စိတ်ကူးယဉ်ရတာကို နှစ်သက်တာပဲ မဟုတ်လား”

“ဟမ့် အဓိပ္ပာယ်တော့ရှိသားပဲ ငါလည်း ဆရာသခင်ဓားအရှင်က ငါ့ရှေ့မှာပေါ်လာပြီး ငါ့ကို တာအိုလက်တွဲဖော်အဖြစ် ရွေးချယ်သွားတာမျိုးကို စိတ်ကူးယဉ်တတ်တယ်” ရှန်းကျန် ခေါင်းညိတ်လိုက်ကာ ကုအန်ကိုကြည့်၍ ပြောလိုက်၏။

ကုအန် လေးလေးနက်နက်တုန့်ပြန်လိုက်သည်။

“တကယ်လို့ အဲ့ကိစ္စက တကယ်ဖြစ်လာရင်ရော ငါတော့နင့်အတွက် မျှော်လင့်ချက်ရှိတယ်လို့ မြင်တယ်”

ရှန်းကျန်ဆက်ပြောလိုက်သည်။

“အခုတလော ငါပန်းချီကားတစ်ချပ်ကနေပြီး အမြင်သစ်တွေ အများကြီးရပြီး ရတနာတစ်ခုရဲ့ အရှိန်အဝါကိုလည်း အာရုံခံလိုက်မိတယ် အဲ့တာကြောင့်ငါ အဲ့ဒီရတနာကိုရှာဖွေဖို့ စီစဉ်ထားတယ် နင်လိုက်မလား”

ရတနာရှာဖို့လား!

ကုအန် အမြန်ခေါင်းခါလိုက်ကာ ပြောလိုက်၏။

“အခု ကမ္ဘာကြီးက ဖရိုဖရဲဖြစ်နေတာ ဒီအချိန်အပြင်ထွက်တာက သေခြင်းတရားကို လက်ယပ်ခေါ်နေသလိုပဲ ငါမလိုက်ဘူး”

ရှန်းကျန် မျက်ခုံးများတွန့်ကွေးသွားကာ ပြောလိုက်သည်။

“အဲ့ဒီပန်းချီက မဟာကျင်းမင်းဆက် တော်၀င်မိသားစုက ငါ့အဖေကိုလက်ဆောင်ပေးခဲ့တာ ပြောကြတာတော့ သူ့သက်တမ်းက နှစ် ၆၀၀၀ ကျော်လောက်ရှိပြီတဲ့ ငါအဲ့ဒီထဲက သာမန်မဟုတ်တဲ့ ရတနာကို အာရုံခံမိခဲ့တယ် နော်က်ပြီး ရတနာကတစ်ခုတည်းလည်း မဟုတ်ဘူး အခုလို အခွင့်အရေးမျိုးက တွေ့ရခဲတယ် ငါဒီကိစ္စကို နင့်နဲ့ပဲဝေမျှပေးတာနော်”

ကုအန် ပြန်ပြောလိုက်သည်။

“ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် ရှန်မိန်းကလေး ဒါပေမယ့် ငြင်းပယ်ပါရစေ ငါ့ကျင့်ကြံခြင်းအဆင့်နဲ့ဆို ငါကနင့်အတွက် ၀န်ထုပ်၀န်ပိုးပဲ ဖြစ်နေမှာ”

ရှန်းကျန် အမူအရာမည်းမှောင်သွားပြီး သူမဒေါသထွက်တော့မည်ဟု ကုအန်ထင်လိုက်စဉ်တွင် သူမအသံပြောင်းလဲသွားခဲ့၏။

“နင်နဲ့လုလင်ကျွမ်းနဲ့ ဆက်ဆံရေးကဘယ်လိုရှိလဲ သူကယုံရလောက်လား”

“နင်သူ့ကို ရတနာရှာဖို့ ဖိတ်ချင်လို့လား”

“ဟုတ်တယ် အဲ့ဒီနေရာက ငါ့လုပ်နိုင်စွမ်းထက်ကျော်လွန်နေတာကို ငါသတိထားမိလို့”

“သူက ယုံကြည်ရပါတယ် ဒါပေမယ့် ငါလုံး၀တော့ အာမမခံနိုင်ဘူး နင်သိပါတယ် လူတွေရဲ့ စိတ်ကခန့်မှန်းရခက်တယ်”

“နင်ငါ့ကို သူနဲ့မိတ်ဆက်ပေးလို့ ရမလား နင်သာကြားလူအနေနဲ့ရှိနေရင် သူငါ့ကိုဒုက္ခပေးချင်ရင်တောင် အနာဂတ်မှာနင့်ကိုမျက်နှာချင်းဆိုင်ရ ခက်နေလိမ့်မယ်”

ရှန်းကျန်၏ အပြုံးကိုမြင်လိုက်သောအခါ ထိုအရာကမှ သူမကုအန်ဆီရောက်လာရသော အကြောင်းအရင်းဟု သိလိုက်မိသည်။

ကုအန် ခဏတွေးလိုက်ပြီး သဘောတူလိုက်၏။

ထို့နောက် သူရှန်းကျန်ကိုခေါ်ကာ လုလင်ကျွမ်းကို သွားရှာခဲ့လေသည်။

လုလင်ကျွမ်းသည် တစ်ခါတရံ အပြင်ထွက်တတ်သော်လည်း သူ့အချိန်အများစုကိုတော့ ဆန်းကြယ်သန့်စင်ပင်အောက်တွင်သာ ညဏ်အလင်းရှာဖွေနေတတ်သည်။

ကုအန်နှင့် ရှန်းကျန်တို့ သူမကို ရတနာရှာဖွေမည့်အကြောင်းပြောသောအခါ သူမအစက စိတ်မ၀င်စားပါသော်လည်း ရှန်းကျန်က ပန်းချီကားကို ထုတ်ပြလိုက်သောအခါ စိတ်၀င်စားသွားခဲ့၏။

ကုအန်လည်း ပန်းချီကားထဲမှ မဟာယနအဆင့်အရှိန်အဝါကို သတိထားမိလိုက်ပြီး ကြည့်ရသည်မှာ ထိုနေရာတွင် အမှန်တကယ်ပင် ရတနာတစ်ခု ရှိနေဟန်ပင်။

မကြာခင်တွင် အမျိူးသမီးနှစ်ယောက် ထွက်ခွာသွားခဲ့လေသည်။

ညနေခင်းမရောက်ခင်တွင် ကုအန် တတိယတောင်ကြားမှ ထွက်လာခဲ့၏။

လရောင်သည်အေးမြနေကာ တစ္ဆေလေအေးများက တောင်တန်းများ တောအုပ်များကိုဖြတ်၍ တိုက်နေခဲ့သည်။

ကျိရှောင်ယု တောအုပ်ထဲရှိ သစ်ပင်တစ်ပင်အောက်တွင် မျက်လုံးမှိတ်ရင်း တရားထိုင်နေခဲ့၏။

ထိုစဉ် သူမအနီးရှိ ခြေသံကိုကြားလိုက်ရပြီး မျက်လုံးများ ပွင့်လာခဲ့သည်။

ထိုခြေသံပိုင်ရှင်သည် ဆရာသခင်ဓားအရှင်အဖြစ်ပြောင်းလဲထားသော ကုအန်မှလွဲ အခြားမဟုတ်ပေ။

ကျိရှောင်ယု မတ်တပ်ထရပ်လိုက်ကာ လက်မြှောက်ကာ အရိုအသေပေးလိုက်ပြီး ပြောလိုက်၏။

“စီနီယာ ကျွန်မကြယ်ခုနှစ်လုံး စိတ်ဝိညဉ်နယ်မြေက သတင်းအချို့ ရထားပါတယ်”

“ပြော” ကုအန် အေးစက်စက်ပြောလိုက်သည်။

ထို့နောက် ကျိရှောင်ယု သူရထားသောသတင်းများကို ပြောပြခဲ့ပြီး ကုအန်လည်း ဂရုတစိုက်နားထောင်နေခဲ့၏။

ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသည် ကုန်းမြေတိုက်ကြီးတစ်ဝိုက်ရှိ ပင်လယ်ကို ပိတ်ပင်ချင်နေကာ မြောက်ပိုင်းတွင် မင်းဆက်တစ်ခုထူထောင်နေခြင်းဖြစ်မှန်း ကျိရှောင်ယု သိခဲ့ရသည်။ ထိုမင်းဆက်တွင် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ မျိုးဆက်များသာ ပါ၀င်ပြီး မင်းဆက်သက်တမ်းမှာလည်း နှစ်ပေါင်း ၄၀၀ ပင်ရှိနေခဲ့၏။ ကြယ်ခုနှစ်လုံးိစတ်ဝိညဉ်နယ်မြေဧ။် ယူဆချက်များအရ မြင့်မြတ်ကုန်းမြေသည် လူသားများ၏ အရေးကိစ္စများတွင် လုံး၀ ၀င်ပါမည် မဟုတ်ပေ။ သို့သော် သူတို့သည် လူသားသွေးမျိုးဆက် ကိုလည်းချန်ထားချင်သေးသည်။ ထို့ကြောင့် မြောက်ပိုင်းတွင် မင်းဆက်အသစ်တစ်ခု တည်ဆောက်နေခြင်း ဖြစ်သည်။

သမိုင်းတစ်လျှောက် ကပ်ဘေးများတွင် ထိုသို့သာ ဖြစ်ခဲ့လေ့ရှိပြီး လက်ရှိ မင်းဆက်သုံးခုမှာလည်း ဟိုးအရင်က ကြယ်ခုနှစ်လုံးိစတ်ဝိညဉ်နယ်မြေမှ မျိုးဆက်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ကြယ်ခုနှစ်လုံး စိတ်ဝိညဉ်နယ်မြေကို ကမ္ဘာငယ် ၇ခုဖြင့် ပိုင်းခြားထားပြီး အသန်မာဆုံးမှာ ကြယ်တစ်လုံးဂူ ဖြစ်ကာ ကျိမိသားစုဆက်သွယ်နိုင်သည်မှာတော့ ကြယ်ခုနှစ်လုံးဂူသာ ဖြစ်၏။ ကျိရှောင်ယု ရှာတွေ့ခဲ့ရသလောက် ကြယ်ခုနှစ်လုံးဂူတွင် အသန်မာဆုံးပုဂ္ဂိုလ်မှာ အမတတစ်ပါးဖြစ်သော ဂူသခင် ဖြစ်ပြီး မဟာယနအဆင့် အယောက် ၂၀ ရှိပေသည်။ထိုအင်အားမှာ အပေါ်ယံရှိ အကြီးအကဲအင်အားသာ ရှိသေးသည်။

ကုအန်လည်း ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ၏ အင်အားကြောင့် အံ့အားသင့်သွားခဲ့ရ၏။

ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေရှိ အားအနည်းဆုံး ဂူမှာပင် အမတတစ်ပါးနှင့် မဟာယနအဆင့် ၂၀ ရှိနေလျှင် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ တစ်ခုလုံးသာဆိုပါက မည်မျှအားကောင်းနေပါမည်နည်း။

“ကျွန်မ ဒီမှာ စီနီယာ့ကို လာရှာရတဲ့ အကြောင်းအရင်းက ကြယ်ခုနှစ်လုံးဂူ ကကျွန်မကို သတိထားမိသွားလို့ပါ ကျွန်မကျင့်ကြံနေတုန်း အားကောင်းတဲ့ နတ်အာရုံတစ်ခု ကျွန်မကို ဖြတ်သွားတာကို အာရုံခံလိုက်မိတယ် အဲ့တာကြောင့် ကျွန်မအခွင့်အရေးရှာပြီး ထွက်ပြေးလာခဲ့တာ အခုကစပြီး ကျွန်မအဲ့ကို ပြန်သွားဖို့ ခက်လိမ့်မယ်” ကျိရှောင်ယု ကုအန်ကိုကြည့်ကာ ပြောလိုက်သည်။

သူမရခဲ့သော သတင်းအချက်အလက်များသည် သူတို့၏ မဟာမိတ်ကို အကျိုးသက်ရောက်မှုရှိလောက်အောင်ထိ မများမှန်း သူမသိ၏။

သို့သော်လည်း ဆရာသခင်ဓားအရှင်သည် မိစ္ဆာသခင်ကို တစ်ချက်တည်းနှင့် သတ်ဖြတ်လိုက်သည်ဟူသော သတင်းကို ကြားရပြီးကတည်းက သူမသူ့ကို လုံး၀ ယုံကြည်သွားခဲ့မိသည်။

အကယ်၍ ကမ္ဘာပေါ်တွင် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကို သုတ်သင်ပစ်နိုင်သော သူတစ်ယောက်ယောက်သာ ရိှမယ်ဆိုလျှင် ထိုလူမှာ ဆရာသခင်ဓားအရှင်သာ ဖြစ်ရပေလိမ့်မည်။

ကုအန်ပြောလိုက်၏။

“နင်ပြန်သွားလို့မရတော့ရင် အဓိပတိဂိုဏ်းမှာပဲ နေလိုက် ဒီမိစ္ဆာကပ်ဘေးကြီး ပြီးသွားရင် ငါတို့ကြယ်ခုနှစ်လုံး စိတ်ဝိညဉ်နယ်မြေကို တိုက်ခိုက်ဖို့ မင်းဆက်သုံးခုရဲ့ အင်အားတွေကို ပေါင်းစည်းထားဖို့ လိုတယ်”

ကျိရှောင်ယု ခေါင်းညိတ်ပြလိုက်၏။

“ကျွန်မကြယ်ခုနှစ်လုံးဂူရဲ့ ကမ္ဘာငယ်လေးထဲ ရောက်ဖူးတယ် သူတို့မှာ တပည့် ၂သန်းနီးပါးရှိတယ် သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း ပျမ်းမျှအားဖြင့် ဒီအမတကျင့်ကြံခြင်းကမ္ဘာက လူတွေထက် မြင့်ကြတယ် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက သူတို့ရဲ့ ကိုယ်ပိုင်ကမ္ဘာတစ်ခု ဖြစ်လာနေပြီ ကျွန်မတို့ တကယ်ပဲမင်းဆက်သုံးခုရဲ့ အင်အားကို ပေါင်းစည်းထားဖို့ လိုတယ်”

“နင်ကျိမိသားစုနဲ့ ဆက်သွယ်တဲ့အခါ ရန်သူကို သတိမပေးမိအောင်ဂရုစိုက် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေနဲ့ တိုက်ပွဲက အလောတကြီး ဖြစ်လာလို့မရဘူး” ကုအန် သူမကို သတိပေးလိုက်သည်။

ကျိရှောင်ယု ခေါင်းညိတ်ပြလိုက်၏။

ထို့နောက် ကုအန် လေထဲတွင် ပျောက်ကွယ်သွားခဲ့လေသည်။

ကျိရှောင်ယု တောအုပ်ထဲတွင် ပျောက်ကွယ်သွားခဲ့၏။

….

နွေရာသီကုန်ဆုံးချိန်နှင့် နီးကပ်လာသောအခါ မြောက်ပိုင်းနယ်မြေမှ အရေးပေါ်သတင်းတစ်ခုက အမတကျင့်ကြံခြင်း ကမ္ဘာဆီ ပျံ့နှံ့သွားခဲ့သည်။ ရှေ့တန်းမှ မဟာမိတ်တပ်ပေါင်းစုသည် မိစ္ဆာကပ်ဘေးကို တောင့်မခံနိုင်တော့ဘဲ နောက်ဆုတ်ပေးနေခဲ့ရကာ ထိုအရာက ထျန်းဝေမင်းဆက်အပေါ်လည်း သက်ရောက်မှု ရှိလာခဲ့သည်။ လူသားမျိုးနွယ်သည် များစွာသော ပြန့်ကျဲနေသည့် စစ်မြေပြင်များကို တိုက်ခိုက်နေခဲ့ကြရ၏။

ထိုက်ကန်မင်းဆက်မှာတော့ ထိုမိစ္ဆာလှိုင်းကြီး၏ ရိုက်ခတ်မှုကို မခံရသေးသော်လည်း အတွင်းထဲရှိ မိစ္ဆာများမှာ ပိုမိုတိုးပွားလာပြီး အဆုံးမဲ့နေသလိုပင်။

ကုအန်သတ်ဖြတ်ခဲ့သော မိစ္ဆာအရေအတွက်မှာလည်း ပိုတိုးလာခဲ့ပြီး သူ့သက်တမ်းသည် ၄သန်းပင် ကျော်သွားခဲ့သည်။

တစ်ရက်တွင် ကုအန် ဆန်းကြယ်တောင်ကြားသို့ ပြန်ရောက်နေခဲ့ပြီး လှေကားမှ ဆင်းလာခဲ့၏။

သူတတိယတောင်ကြားသို့ မသွားခဲ့ဘဲ ထိုအစား အဝေးသို့သာ ကြည့်နေခဲ့သည်။

အဝေးရှိ မိုင် ၅၀၀၀ ခန့်ဝေးသော တောအုပ်ထဲတွင် အားကောင်းသော မိစ္ဆာချီတစ်ခု ချဉ်းကပ်လာနေပြီး သူ့ကြည့်ရသည်မှာ တစ်ခုခုကို စောင့်နေပုံပင်။ သူ့နောက်ရှိ မိုင် ၁၀၀၀၀ အကွာတွင်‌ေတာ့ နောက်ထပ်အားကောင်းသော မိစ္ဆာခ‌ျီတစ်ခုက လိုက်ပါလာခဲ့၏။

ကြည့်ရသည်မှာ ဒီညတွင် စိတ်လှုပ်ရှားစရာ အရာများ ဖြစ်တော့မည့် ပုံပင်။

မှောင်ရီပျိုးချိန်တွင် တိရှီ မြို့ထဲမှထွက်လာကာ မိစ္ဆာချီ ရှိသည့်နေရာဆီ ဦးတည်လာခဲ့သည်။

တစ်‌နာရီခန့်ကြာသောအခါ

ညဉ့်အမှောင်ထုအောက်တွင်

တိရှီ တောအုပ်ထဲရောက်ရှိလာပြီး သစ်ကိုင်းပေါ်ရှိ ကြေးခွံနီမြွေကိုကြည့်ကာ ‌မျက်မှောင်ကြုံ့ပြီး မေးလိုက်၏။

“နင်ဘာလို့ ဒီကိုရောက်နေတာလဲ ကျီးနက်မိစ္ဆာတမန် ရော”

ကြွေးခွံနီမြွေလေး ပြန်ပြောလိုက်သည်။

“နင့်ကိုလာရှာပြီးကတည်းက သူပျောက်သွားတယ် ကြည့်ရတာ ဆရာသခင်ဓားအရှင်သတ်တာ ခံလိုက်ရပုံပဲ”

ထိုစကားကိုကြားသောအခါ တိရှီ အမူအရာအနည်းငယ် ပြောင်းလဲသွားခဲ့၏။

သူနောက်ဆုံးတော့ သူဘာလို့ အသက်ရှင်နေရသေးလဲ ဆိုတာ နားလည်သွားခဲ့ရသည်။ ထိုစဉ်က ဆရာသခင်ဓားအရှင်သည် သူတို့စကားဝိုင်းကို ကြားခဲ့၍ သူ့ကို အသက်ချမ်းသာ ပေးခဲ့ပုံပင်။

“ဒီလိုဆိုမှတော့ နင်ဘာလို့ဒီကိုလာရဲသေးတာလဲ” တိရှီ ထေ့ငေါ့လိုက်သည်။

ကြေးခွံနီမြွေပြောလိုက်၏။

“အရှင်မင်းကြီးက ငါ့ကိုလွှတ်လိုက်တာ သူကငါ့ကို မိစ္ဆာကပ်ဘေးအကြောင်း ဆရာသခင်ဓားအရှင်ဆီ သတင်းစကားပါးဖို့ ငါ့ကိုလွှတ်လိုက်တာ ဒါပေမယ့် ငါဆရာသခင်ဓားအရှင်ကို ဘယ်လိုရှာရမလဲ မသိဘူး”

“အဲ့တာကြောင့် နင်ငါ့ကိုခေါ်ထုတ်လိုက်တာလား ငါက ဆရာသခင်ဓားအရှင်ကို တွေ့ဖူးတယ်လို့ နင်ထင်နေတယ်လို့တော့ မပြောနဲ့နော်” တိရှီ ပြောလိုက်သည်။

ကြေးခွံနီမြွေ သူ့လျှာကိုထုတ်၍ ခါလိုက်ကာ ပြောလိုက်ဧ။။်

“တိရှီ နင့်အဖေကို အမုန်းတရားတွေ ထားမနေပါနဲ့တော့ အချိန်အများစုမှာ သူလည်း ကူကယ်ရာမဲ့နေရတာပါ မိစ္ဆာဘိုးဘေးကို ပြန်နှိုးခဲ့တာ နင့်အဖေရဲ့ အကြံလို့ နင်ထင်လား”

“အဲ့လိုပဲ မဟုတ်ဘူးလား မိစ္ဆာသခင်က အဖေ့ကို အတင်းအကြပ်လုပ်ခိုင်းနိုင်စွမ်းရှိလို့လား”

“အတိအကျပဲ သူလုပ်နိုင်တယ်”

ကြေးခွံနီမြွေ၏ အဖြေက တိရှီကို မျက်မှောင်ကြုံ့သွားစေခဲ့သည်။

သူဆက်ပြောလိုက်သည်။

“မိစ္ဆာသခင်ရဲ့ ကျင့်ကြံခြင်းက အရှင်မင်းကြီးအောက် တကယ်ပဲ နိမ့်ပါတယ် ဒါပေမယ့် မိစ္ဆာသခင်နောက်မှာ အရှင်မင်းကြီး မစော်ကားရဲတဲ့ တည်ရှိမှုတစ်ခုရှိနေတယ် နောက်ပြီး အရှင်မင်းကြီးက မိစ္ဆာကပ်ဘေးအပေါ် ထိန်းချုပ်နိုင်စွမ်းလည်း မရှိတော့ဘူး နင်ဒီကနေ ထွက်ကြည့်ရင် တွေ့ပါလိမ့်မယ် လူသားမျိုးနွယ်ကို ကျူးကျော်နေတဲ့ မိစ္ဆာတွေရဲ့ အသွင်အပြင်တွေက အရမ်းကို ကြမ်းကြုတ်လွန်းနေပြီ သာမန်အသ်ိစိတ်မရှိကြ‌ေတာ့ဘူး အဲ့တာက မိစ္ဆာဘုရင်တွေ အပါအ၀င်ပဲ”

တိရှီ တိတ်ဆိတ်သွားခဲ့၏။

ကြေးခွံနီမြွေလေး ဆက်ပြောလိုက်ပြန်သည်။

“မိစ္ဆာသခင်ပြောခဲ့တာတော့ မိစ္ဆာဘိုးဘေးက အသိစိတ်ပျောက်ပြီး ဝိညဉ်အခွံပဲရှိတော့တဲ့ သူတဲ့ ဒါပေမယ့် အဲ့တာက အမှန်မဟုတ်ဘူး အခုဆို အရှင်မင်းကြီးက မိစ္ဆာဘိုးဘေးကို မထိန်းချုပ်နိုင်သလို မိစ္ဆာကပ်ဘေးကိုလည်း မထိန်းချုပ်နိုင်တော့ဘူး အဲ့တာကြောင့် သူက ဒီမိစ္ဆာကပ်ဘေးက လူသားတွေအပြင် မိစ္ဆာကလန်အပေါ်လည်း အကျိုးသက်ရောက်မှုရှိလာမှာကို စိုးရိမ်နေတယ်”

တိရှီ အသက်ပြင်းပြင်းတစ်ချက်ရှူကာ မေးလိုက်သည်။

“ဒါဆို သူဆရာသခင်ဓားအရှင်နဲ့ပြောချင်တာက လူသားမျိုးနွယ်နဲ့အတူတူ ဒီမိစ္ဆာကပ်ဘေးကို ရင်ဆိုင်ချင်တဲ့အကြောင်းပေါ့”

“အမှန်ပဲ” ကြေးခွံနီမြွေလေး ဖြေလိုက်သည်။

သူထပ်ပြောဖို့ ပြင်လိုက်စဉ်တွင် ရုတ်တရက်နောက်သို့ လှည့်လိုက်ပြီး တောအုပ်ထဲကြည့်ကာ မေးလိုက်၏။

“ဘယ်သူလဲ”

တိရှီလည်း လှည့်ကြည့်လိုက်ရာ တောအုပ်အ‌‌ေမှာင်ထုထဲမှ ထွက်လာသော ပုံရိပ်တစ်ခုကို ‌တွေ့လိုက်ရသည်။

အသစ်ရောက်ရှိလာသော ပုံရိပ်ကိုတွေ့လိုက်ရသောအခါ သူတို့အမူအရာများ ပြောင်းလဲသွားခဲ့ကြ၏။ ကြေးခွံနီမြွေလေးဆို တုန်ပင် တုန်ရီနေခဲ့သည်။

“ဟေးရန်မိစ္ဆာဘုရင်…နင်…” ကြေးခွံနီမြွေလေး ကြောက်ရွံ့နေဟန်ဖြင့် ပြောလိုက်၏။

တိရှီမှာလည်း သူ့လိုပင် တောင့်တင်းနေခဲ့သည်။

အမှောင်ထဲမှ ထွက်ပေါ်လာသောအနီရောင်ပုံရိပ်သည် ခြေဗလာဖြင့် ဆံပင်များရှုပ်ပွနေသော လူကြီး ဖြစ်၏။ သူ့ပုံစံသည် မိစ္ဆာနှင့်မတူဘဲ လူသားနှင့်သာတူပြီး သူ့ပုံစံမှာတော့ ဖြူဖျော့နေ‌ကာ ဆိုးယုတ်သည့် လေထုက သူ့မျက်ခုံးကြားထဲ ရှိနေခဲ့သည်။

ဟေးရန်မိစ္ဆာဘုရင် ကြောက်စရာအပြုံးကြီးကို ပြုံးလိုက်ပြီး လှောင်ပြောင်လိုက်၏။

“မိစ္ဆာကပ်ဘေးက စတင်တာ ကြာနေတာတောင် မိစ္ဆာဧကရာဇ်က ဘာလို့ မလှုပ်ရှားသေးလဲဆိုတဲ့ အကြောင်းအရင်းကို ငါစိတ်၀င်စားနေခဲ့တာ အဲ့တာကြောင့် ငါနင့်နောက်ကနေ ဒီထိ လိုက်လာခဲ့တာ မိစ္ဆာဧကရာဇ်က လူသားတွေနဲ့ ပူးပေါင်းဖို့ ကြံနေတယ်လို့တော့ ငါမထင်ခဲ့မိဘူး အဲ့ဒီကိစ္စကို ငါခွင့်မပြုနိုင်ဘူး ဒီည ငါ…”

ရုတ်တရက် လက်တစ်ဖက်က သူ့ပုခုံးပေါ် ကျရောက်လာသောကြောင့် သူ့စကားများ ပြတ်တောက်သွားခဲ့ရလေသည်။

အပိုင်း(၁၈၄)

ကြောက်စရာကောင်းလွန်းတယ်!

ဟေးရန်မိစ္ဆာဘုရင် သူ့ပုခုံးကို တစ်ခုခုက ဖိထားသည်ကို ခံစားလိုက်ရ၏။ သူမသိစိတ်က ရုန်းထွက်ဖို့ ကြိုးစားလိုက်သော်လည်း သူ့မိစ္ဆာချီများ ဖိနှိပ်ခံထားရ၍ မလှုပ်နိုင်ခဲ့ပေ။

သူ့အမူအရာ ရုတ်ချည်းပြောင်းလဲသွားကာ သူ့စိတ်ထဲ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်လာခဲ့သည်။

ကြေးခွံနီမြွေလေးနှင့် တိရှီတို့လည်း မျက်လုံးပြူးသွားကြ၏။ သူတို့နှစ်ယောက်လုံး ဟေးရန်မိစ္ဆာဘုရင်နောက်တွင်ရပ်နေသော ခရမ်းရောင်မိစ္ဆာချီများဖြင့် ၀န်းရံထားသော ပုံရိပ်ကို တွေ့လိုက်ရလေသည်။

ဆရာသခင်ဓားအရှင်!

တိရှီလည်း ထိုပုံရိပ်၏ သရုပ်မှန်ကိုစဉ်းစားမိသွားပြီး သူ့တကိုယ်လုံး အကြောက်တရားကြောင့် တောင့်တင်းသွားခဲ့သည်။

ဟေးရန်မိစ္ဆာဘုရင်က မလှုပ်နိုင်ခြင်းဖြစ်ပြီး သူကမလှုပ်ရဲခြင်းပင်။

ကုအန် ဟေးရန်မိစ္ဆာဘုရင်၏နောက်တွင် ရပ်နေခဲ့၏။ သူအစက မိစ္ဆာများ၏ စကားဝိုင်းကို ခိုး၍ နားထောင်ပြီး သတင်းနှိုက်ဦးမည်ဟု စဉ်းစားထားသော်လည်း နောက်တော့ထိုထက်ကောင်းသည့် နည်းလမ်းရှိမှန်း သိရှိသွားခဲ့သည်။ သူဝိညဉ်ရှာဖွေ၍ ရပေသည်။

ဟေးရန်မိစ္ဆာဘုရင် အကောင်းဆုံးကြိုးစားခဲ့သော်လည်း သူ့မိစ္ဆာချီကို ထုတ်မရခဲ့သလို မူလဝိညဉ်ကိုလည်း ထုတ်မရခဲ့ပေ။ သူ့မျက်လုံးထောင့်စွန့်များက သူ့နောက်ရှိ ပုံရိပ်ကို တစ်စွန်းတစ်စမြင်လိုက်ရသောအခါတွင်မူ သူ၏အကြောက်တရားများ အဆုံးစွန်ထိ ရောက်ရှိသွားခဲ့ရသည်။

နှစ်ပေါင်း ၁၀၀၀၀ ကျော်နေလာသမျှ ကာလပတ်လုံး သူတစ်ခါမှ ထိုမျှမကြောက်ခဲ့ဖူးပေ။

သူအတိတ်တုန်းက မိစ္ဆာဧကရာဇ်ကို ရှုံးနိမ့်ခဲ့စဉ်ကပင် မကြောက်ရွံ့ခဲ့ဖူးပေ။

ယခုအခါမျာတော့ တစ်ဖက်လူသည် သူ့ကို လက်တစ်ဖက်တည်းဖြင့် ဖိနှိပ်ထားပြီး ကမ္ဘာကြီးအပေါ် သူ့နားလည်မှုအားလုံးကို ချိုးဖျက်သွားခဲ့သည်။

သူ့ပါးစပ်ကိုဟရန် ကြိုးစားလိုက်သော်လည်း ထိုအချိန်တွင် နတ်အာရုံတစ်ခု သူ့စိတ်ထဲ၀င်လာကာ ဟေးရန်မိစ္ဆာဘုရင် အသိစိတ်ပျောက်ဆုံးသွားခဲ့၏။

ကြေးခွံနီမြွေလေးလည်း ကြောက်လန့်တကြားနှင့် သစ်ကိုင်းပေါ်မှ မြေပြင်ပေါ်သို့ ခုန်ချလိုက်ကာ မြေပေါ်တွင် တွားသွားရင်း ပြောလိုက်သည်။

“ကျွန်မမှာ အန္တရာယ်ပေးချင်စိတ်မရှိပါဘူး….စီနီယာ ကျေးဇူးပြုပြီး ကျွန်မကို မသတ်ပါနဲ့…”

တိရှီမှာတော့ ဆရာသခင်သည် သူ့ကိုမသတ်သည်ကို သိထားသောကြောင့် တိတ်ဆိတ်နေသော်လည်း စိတ်ထဲတွင်တော့ ရုတ်တရက်‌ဖြစ်ပေါ်လာသည့် အခြေအနေများကြောင့် ကြောက်ရွံ့နေခဲ့ဧ။။်

ဤအဖြစ်အပျက်က သူ့ကို မိစ္ဆာသခင်အသတ်ခံခဲ့ရတဲ့ အဖြစ်အပျက်ကိုပင် ပြန်မှတ်မိသွားစေခဲ့သည်။

ဆရာသခင်ဓားအရှင်၏ ကျင့်ကြံခြင်းသည် မည်မျှမြင့်နေပါသနည်း။

ဟေးရန်ဘုရင်သည် မိစ္ဆာဘုရင်သာ ဖြစ်သော်လည်း သူသည် မိစ္ဆာသခင်အောက် အများကြီး အားနည်းသူမဟုတ်ပေ။ သူအုပ်ချုပ်ရသော နယ်မြေကို သူ့အဖေပင် ၀င်ရောက်၍ စွက်ဖက်မရပေ။

ဆရာသခင်ဓားအရှင်က သူတို့စကားကို ပြန်မတုန့်ပြန်သောအခါ တိရှီနှင့် ကြေးခွံနီမြွေမိစ္ဆာတို့ စောင့်နေရုံမှ လွဲ၍ ရွေးစရာမရှိတော့ပေ။

သူတို့ထွက်တော့ မပြေးရဲကြပေ။

ဟေးရန်မိစ္ဆာဘုရင်တောင် ထိုသို့အခြေအနေဖြစ်နေရချိန်တွင် သူတို့က ဘယ်ကို ပြေးနိုင်လိမ့်မည်နည်း။

ဆရာသခင်ဓားအရှင်ကို တိုက်ခိုက်ခြင်းမှာတော့ သေခြင်းကိုသာ ရှာဖွေခြင်း ဖြစ်ပေလိမ့်မည်။

“အဲ့တော့ ဒါက ဆရာသခင်ဓားအရှင်ပေါ့…ကောလာဟလတွေက မှန်နေတာပဲ…” ကြေးခွံနီမြွေလေး ကြောက်စိတ်ဖြင့် တွေးနေမိသည်။

ပြောနေကြသည်မှာ ဆရာသခင်ဓားအရှင်သည် မိစ္ဆာသခင်ကို တစ်ချက်တည်းနှင့် သတ်လိုက်သည်ဟု ဆိုနေကြသော်လည်း ထိုအရာမှာ ချဲ့ကားပြောနေကြခြင်းဖြစ်နိုင်သည်။ သို့သော်လည်း မိစ္ဆာသခင်ကို သတ်ဖြတ်နိုင်ခြင်းဟူသည်မှာပင် ကြောက်စရာကောင်းနေပြီ ဖြစ်သည်။

မိစ္ဆာဧကရာဇ်က သူ့ကို ထိုတာ၀န် ပေးခဲ့စဉ်က သူအတော်လေး ကြောက်လန့်သွားခဲ့ရသည်။

သို့သော် လူလမ်းတလျှောက်လုံးတွင် စိတ်ကိုတင်းကာ လာခဲ့၏။ သို့သော်လည်း ယခုညတွင် သူ့စိတ်တင်းထားမှုများအားလုံး ပျက်ဆီးခဲ့လေပြီ။

ကြောက်စရာကောင်းလွန်းတယ်!

မဟုတ်သေးဘူး မိစ္ဆာတွေအတွက် ကြောက်စရာကောင်းလွန်းတယ်!

ဒါက မိစ္ဆာဘိုးဘေးကုိ တွေ့ရတာထက်တောင် ကြောက်စရာကောင်းနေသေးတယ်!

နောက်ဆုံးတွင် မိစ္ဆာဘိုးဘေးသည် ရုတ်တရက်ပေါ်လာခြင်း မဟုတ်ခဲ့ပေ။

မိစ္ဆာနှစ်‌ကောင်သည် နှစ်နာရီကြာ စောင့်ဆိုင်း‌ခဲ့ရပြီး စက္ကန့်တိုင်းက သူတို့အတွက် အနန္တလိုကြာနေသည်ဟု ‌ခံစားနေခဲ့ကြရသည်။

ထိုအခိုက်တွင်

ကုအန်၏ ညာဘက်လက်မှ ကြည်ပြာရောင်မီးတောက်များပေါ်လာပြီး အမြန်ပင် ဟေးရန် မိစ္ဆာဘုရင်ကို လွှမ်းမိုးသွားခဲ့၏။

မိစ္ဆာနှစ်ကောင်၏ မျက်လုံးများအောက်တွင် ဟေးရန် မိစ္ဆာဘုရင်သည် ပြာကျသည်အထိ မီးရှို့ခံလိုက်ရပြီး ဝိညဉ်ပင် မကျန်ခဲ့ပေ။

[သင်သည် ဟေးရန်မိစ္ဆာဘုရင် နိဗာနအဆင့် ၃ ကိုသတ်ဖြတ်ခဲ့ပြီး သက်တမ်း ၇၀၉၀ ရရှိခဲ့ပါသည်]

မဆိုးဘူး!

ထွက်လာရတာ တန်သားပဲ!

ဟေးရန်မိစ္ဆာဘုရင်၏ မှတ်ညဏ်များထဲမှ သူသည် မိစ္ဆာနယ်မြေတွင် ထင်ရှားသော မိစ္ဆာတစ်ကောင်ဖြစ်မှန်း သိခဲ့ရသည်။ သူသည် အရင်က မိစ္ဆာဧကရာဇ်ကို တောင်ဖိနှိပ်ထားနိုင်သူ ဖြစ်ခဲ့၏။ သို့သော်လည်း ကံဆိုးစွာဖြင့် မိစ္ဆာဧကရာဇ်သည် အခွင့်အရေးတစ်ခုကို ရရှိခဲ့ကာ သူ့ကို ကျော်တက်သွားခဲ့သည်။

အကယ်၍သူသာ ဒီနေ့ အဓိပတိဂိုဏ်းကို မလာခဲ့ဘူးဆိုလျှင် နောက်ထပ် နှစ် ၇၀၀၀၀ လောက်အသက်ရှင်နိုင်သေး၏။

အသက်ရှင်ရတာမကောင်းလို့လား!

ဘာလို့ဒုက္ခရှာနေတာလဲ!

ကုအန် တိတ်တဆိတ်တွေးနေမိပြီး သူ့အကြည့်က ကြေးခွံနီမြွေလေးဆီ ရောက်ရှိသွားခဲ့သည်။

ဟေးရန်မိစ္ဆာဘုရင်၏မိစ္ဆာအမြုတေမှာမူ သူ့လက်ထဲတွင်ရှိနေပြီး ထိုအရာကို အနာဂတ်တွင်သုံးရန် သိုလှောင်အိတ်ထဲ ထည့်ထားလိုက်၏။

ကံဆိုးစွာဖြင့် ဟေးရန်မိစ္ဆာဘုရင်သည် မာနကြီးသူဖြစ်သောကြောင့် သူ့ကိုယ်တွင် သိုလှောင်အိတ် သိုလှောင်လက်စွပ် ဘာကိုမှ မသယ်ဆောင်ထားပေ။

ထိုစဉ် ကြေးခွံနီမြွေလေး အမြန်ပြောလိုက်သည်။

“စီနီယာ စီနီယာက ဆရာသခင်ဓားအရှင်လား”

သိသာ‌ေန‌ေသာ်လည်း မိစ္ဆာဧကရာဇ်ပေးထားသောတာ၀န်ကြောင့် သူသေချာသိရန် လိုပေသည်။

ဟမ့်! ကုအန် အသံတစ်သံပေး၍ တုန့်ပြန်လိုက်၏။

ကြေးခွံနီမြွေလေး သက်ပြင်းချလိုက်ကာ ပြောလိုက်သည်။

“အရှင်မင်းကြီးက ကျွန်မကို ဒီကိုလာခိုင်းလိုက်တာပါ အရှင်မင်းကြီးက မိစ္ဆာဘိုးဘေးနဲ့ မိစ္ဆာသခင်နောက်ကွယ်က အင်အားစုကို အတူတူရင်ဆိုင်ဖို့ မဟာမိတ်ဖွဲ့နိုင်ဖို့ မျှော်လင့်နေပါတယ် နောက်ပြီး မိစ္ဆာကပ်ဘေးပြီးဆုံးသွားရင် အရှင်မင်းကြီးက လူသားတွေနဲ့ မိစ္ဆာတွေ အေးအေးချမ်းချမ်းနဲ့ အတူတူ ယှဉ်တွဲနေထိုင်လိုပါတယ် နောက်ဆုံးတော့ ကုန်းမြေတိုက်ကြီးက အကျယ်ကြီးပဲလေ မျိုးနွယ်တစ်ခုတည်းကပဲ အပိုင်စီးထားစရာ မလိုပါဘူး”

“မိစ္ဆာသခင်နောက်ကွယ်မှာ ဘယ်သူရှိလို့လဲ” ကုအန် မေးလိုက်သည်။

ကြေးခွံနီမြွေလေး ပြန်ဖြေလိုက်၏။

“အရှင်မင်းကြီးပြောတာက အဲ့ဒီတည်ရှိမှုက သူ့ကိုယ်သူ ကောင်းကင်ကြမ္မာဘိုးဘေး လို့ခေါ်ပါတယ် လူသားလားမိစ္ဆာလားဆိုတာ မသိပါဘူး သူ့ကျင့်ကြံခြငိးကတော့ အရမ်းကြောက်စရာကောင်းတယ် အရှင်မင်းကြီးရဲ့ မိစ္ဆာချီကိုတောင် အလွယ်တကူ ချိတ်ပိတ်ပစ်နိုင်တယ် ကောင်းကင်ကြမ္မာဘိုးဘေးက မဟာယနအဆင့်ထက် နှစ်ဆင့်မြင့်တဲ့ ဒဏ္ဍာရီလာ အချုပ်အနှောင်မဲ့ အမတ တစ်ပါးနဲ့ တူပါတယ်”

အချုပ်အနှောင်မဲ့ အမတ!

ဤအရာကို တိရှီပထမဆုံးကြားဖူးခြင်းဖြစ်သည်။

ကုအန်မေးလိုက်ပြန်သည်။

“ဘယ်လိုပူးပေါင်းမလဲဆိုတာ အတိအကျပြော”

ကြေးခွံနီမြွေလေး ဖြေလိုက်သည်။

“အရှင်မင်းကြီးပြောတာတော့ မိစ္ဆာကုန်းမြေမှာသူက စစ်ပွဲမစတင်အောင် အချိန်ဆွဲထားပေးချိန် လူသားမျိုးနွယ်ကို ကူညီဖို့ မိစ္ဆာတွေ ပို့ပေးမယ်လျု့ ပြောပါတယ် အဲ့ဒီမိစ္ဆာတွေက အရှင်မင်းကြီးကိုယ်တိုင် ပျိုးထောင်ပြီးလေ့ကျင့်ပေးထားတဲ့ မိစ္ဆာတွေပါ သူတို့က မိစ္ဆာနယ်မြေက မိစ္ဆာတွေကို အဓိပတိဂိုဏ်းနဲ့အတူတူ တိုက်ခိုက်ကြပါလိမ့်မယ် သူတို့ကို တိရှီကိုယ်တိုင် ဦးဆောင်မှာပါ အရှင်မင်းကြီးက အပြင်ပိုင်းမှာတော့ တိရှီကို သစ္စာဖောက်အဖြစ် ကြေငြာလိုက်ပါလိမ့်မယ်”

“မိစ္ဆာဘယ်လောက်လဲ ဘယ်အဆင့်လဲ”

“မဟာယနအဆင့် ၃ယောက် ဆန်းကြယ်နှလုံးသား ၁၀ ယောက်နဲ့ မိစ္ဆာစစ်သည် ၁၀၀၀ ပါ သူတို့ထဲ အနိမ့်ဆုံးက ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်ပါ”

ကုအန်မိစ္ဆာဧကရာဇ်ထိုအရာကို ကြိုတင်ကြံစည်ထားခြင်း ဖြစ်သည်ဟု ခံစားလိုက်ရသည်။ သို့သော် သူ့အင်အားကိုလည်း လူသားမျိုးနွယ်က အမှန်တကယ် လိုအပ်နေပေသည်။

ဆရာသခင်ဓားအရှင်တိတ်ဆိတိနေသည်ကိုတွေ့သောအခါ ကြေးခွံနီမြွေ ထပ်ပြောလိုက်၏။

“ရှေးယခင်ကတည်းက မိစ္ဆာတွေက လူသားတွေကို သတ်လိုက် လူသားတွေက မိစ္ဆာတွေကိုသတ်လိုက်နဲ့ အဆုံးမသတ်နိုင်ခဲ့ဘူး မြင့်မြတ်ကုန်းမြေကသာ ဒီအခြေကနေ လွတ်နေခဲ့တယ် အရှင်မင်းကြီးက အဲ့တာကို ထူးဆန်းတယ်ထင်ပြီး အခြေအနေကို ပြောင်းလဲချင်ခဲ့တယ် အဓိပတိဂိုဏ်းက ထုတ်တဲ့ ကြည်ညိုဖွယ်အဓိပတိအမတ စာအုပ်ထဲက စာသားအတိုင်းပြောရရင် “နှစ်ဖက်လုံးကသာ အဆုံးအစမဲ့အောင် ကလဲ့စားချေနေရင် ဘယ်မှာအမှားက အမှန်ဖြစ်လာတော့မှာလဲ” “

ကုအန် နောက်ပြန်လှည့်ကာ ပျောက်ကွယ်သွားပြီး စကားတစ်ခွန်းသာ ချန်ခဲ့လေသည်။

“သူ့ကို အဓိပတိအကြီးအကဲတွေနဲ့ တွေ့ဖို့ခေါ်သွားပေးလိုက်”

ထို့နောက်ကုအန် အမှောင်ထုထဲ ပျောက်ကွယ်သွားခဲ့၏။

“ကြင်နာမှုအတွက်ကျေးဇူးတင်ပါတယ် ဆရာသခင်ဓားအရှင် အနာဂတ်မှာ ကုန်းမြေတိုက်ကြီးငြိမ်းချမ်းသွားခဲ့ရင် မိစ္ဆာနယ်မြေက ဆရာသခင်ဓားအရှင်ရဲ့ ကျေးဇူးတော်ကို အမြဲအမှတ်ရနေမှာပါ”

ကြေးခွံနီမြွေလေး စိတ်ရှုပ်ရှားစွာ အော်ဟစ်ပြောလိုက်လေသည်။

တိရှီလည်း ကုအန်ကို ဦးညွှတ်၍ အရိုအသေပေးလိုက်၏။

အချိန်အတန်ကြာမှ ကြေးခွံနီမြွေလေး သက်ပြင်းချနိုင်ကာ ပြောလိုက်သည်။

“ဆရာသခင်ဓားအရှင်က တကယ်ကြောက်စရာကောင်းလွန်းတယ် အဲ့တာကြီးက ဟေးရန်မိစ္ဆာဘုရင်ကြီးလေ သူတောင် ခုခံဖို့ အခွင့်အရေးတစ်ခုတောင်မရဘဲ အသတ်ခံလိုက်ရတယ်”

တိရှီမျက်လုံးထဲတွင်လည်း စိတ်ပြတ်သားမှုများနှင့်ပြည့်နေကာ ပြောလိုက်သည်။

“နင်ပြောသလိုပဲ နှစ်ဖက်လုံးက အဆုံးမဲ့အောင်ကလဲ့စားချေနေရင် အမှားတွေက ဘယ်မှာအမှန်ဖြစ်လာ‌တော့မလဲ နောက်ဆုံးတော့ ကောင်းကင်က ငါတို့ကို ပစ်ပယ်မထားဘူး ဆရာသခင်ဓားအရှင်က ဒီကုန်းမြေတိုက်ကြီးရဲ့ နာကျင်ခံစားရမှုတွေကို ကုသပေးမယ့် ကယ်တင်ရှင်ပဲ”

ကြေးခွံနီမြွေလေးလည်း ခေါင်းညိတ်ကာ သဘောတူလိုက်၏။

….

ဆောင်းဦး၏ မြင်ကွင်းက တောင်တန်းများ မြစ်ချောင်းများကို ဖုံးလွှမ်းနေခဲ့သည်။ ကုအန် တတိယတောင်ကြားတွင် ဆေးဥယျာဉ်တစ်ခုချင်းစီကို လိုက်၍ စစ်ဆေးနေပြီး သူ့ကို အနး်ရှင်းက အဖော်ပြု‌ေနခဲ့သည်။

ဟေးရန် မိစ္ဆာဘုရင်သေဆုံးသည်မှာ တစ်လကြာသွားလေပြီ။

အဓိပတိဂိုဏ်းသည် တိတ်ဆိတ်နေသော်လည်း ဂိုဏ်းအစွန်အဖျားတွင် တည်နေရာကူးပြောင်းခြင်းအစီအရင်တစ်ခုကို ဆောက်နေပြီး ထိုနေရာတွင် တိရှီလည်း ရှိနေသည်ကို ကုအန် အာရုံခံမိနေခဲ့သည်။ ထင်ရှားစွာပင် သူတို့သည် မိစ္ဆာဧကရာဇ်၏ ပူးပေါင်းမှုကို လက်ခံလိုက်ပုံပင်။

ကပ်ဘေးကာလတွင် လူသားမျိုးနွယ်သည် အရေးနိမ့်နေကာ နောက်သို့သာ ဆုတ်ပေးနေရပြီး အခြေအနေများမှာ ပိုဆိုးလာခဲ့၏။ ထို့ကြောင့် အဓိပတိဂိုဏ်းသည် ဆရာသခင်ဓားအရှင်ကိုလည်း ထည့်တွက်ပြီး အန္တရာယ်များသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပုံပင်။

တခဏအကြာတွင်

ကုအန် ရပ်တန့်လိုက်ကာ အန်းရှင်းကို လိုအပ်သည်များ မှာကြားလိုက်ပြီး ထွက်လာခဲ့၏။

ထို့နောက် ကုအန် ဓားပျံကိုစီးကာ ‌တည်နေရာကူးပြောင်းခြင်းအစီအရင်မှတစ်ဆင့် ဆန်းကြယ်တောင်ကြားသို့ ပြန်သွားခဲ့သည်။

ဆန်းကြယ်တောင်ကြားသို့ ရောက်သောအခါ သူထျန်းယတောင်ကြားဆီ မသွားဘဲ ထိုက်ကန်မင်းဆက်ရှိ အခြားနယ်မြေတစ်ခုဆီ သွားခဲ့၏။

တောအုပ်ထဲတွင် သွေးများ အသားစများ မိစ္ဆာအလောင်းများက ပြန့်ကျဲနေပြီး မြင်ကွင်းမှာ သွေးပျက်စရာပင်။

သွေးများစိုရွှဲနေသော ကျန်းပုကူ တောင်နံရံကိုမှီကာ လေးလံကာ အသက်ရှူနေခဲ့ရသည်။ သူ့ဆံပင်များသည် သွေးများဖြင့် စီးကပ်နေခဲ့ပြီး သူ့ရင်ဘတ်တွင် ကြောက်မက်ဖွယ် ဒဏ်ရာကြီးတစ်ခု ရှိနေခဲ့၏။ သူ့မျက်လုံးများမှာမူ အလွန်ပင်ပန်းနွမ်းနယ်နေဟန်ပင်။

သူနောက်ထပ် ကြမ်းတမ်းသောတိုက်ပွဲကြီးတစ်ခုကို တိုက်ခဲ့ရခြင်း ဖြစ်သည်။

မိစ္ဆာကပ်ဘေးစတင်လာပြီးကတည်းက ကျူးကျော်လာသော မိစ္ဆာများသည် သူ့ကိုစားချင်ခဲ့ကြပြီး လူသားမျိုးနွယ်မှ မကောင်းဆိုးဝါးများကလည်း သူ့ကိုတိုက်ခိုက်ခဲ့ကြသည်။

ဤသို့ဖြင့် သုံးရက်တစ်ခါ သို့မဟုတ် လေးရက်တစ်ခါလောက် သူတိုက်ခိုက်နေခဲ့ရ၏။

ဒဏ်ရာရလိုက် ကုသလိုက်နှင့် သေခြင်းတံတားပေါ်ဖြတ်လျှောက်နေရင်း သူအတော်လေး ပင်ပန်းနေခဲ့လေပြီ။

သူအကြိမ်ပေါင်းများစွာ အရှုံးပေးချင်စိတ် ဖြစ်ပေါ်မိသော်လည်း သူ့ဆရာဦးလေးကု၏ မျက်နှာကို မြင်မိတိုင်း အံကြိတ်ကာ အားတင်းခဲ့ရသည်။

“ဦးလေးကုရော အဆင်ပြေနေလားလို့ ငါသိချင်မိတယ် အခု ကမ္ဘာတစ်ခုလုံးမှာ စွမ်းအားကြီးမိစ္ဆာတွေနဲ့ ပြည့်နေတာ သူဘာအန္တရာယ်မှ မတွေ့ဖို့ ငါမျှော်လင့်ပါတယ်…”

ကျန်းပုကူသူ၏ သွေးစွန်းနေသော လက်ကို ကြည့်ကာ တိတ်တ‌ဆိတ်တွေးနေမိသည်။

သူ့တွင် ဆွေမျိုးရော မိတ်ဆွေပါ မရှိပေ။ သူ့တွင်ရှိသည့် တစ်ဦးတည်းသော ရင်းနှီးသူမှာ ဆရာဦးလေးကုသာ ဖြစ်သည်။

ကျန်းပုကု တောင်ပေါ်မှ သူ့ကိုကြည့်နေသော ပုံရိပ်တစ်ခုကိုတော့ သတိမထားမိခဲ့ပေ။

ထိုသူမှာ ကုအန်သာ ဖြစ်၏။

ကုအန်သည် သူ့တည်ရှိမှုကိုဖျောက်ထားသောကြောင့် ကျန်းပုကူအဆင့်ဖြင့် သူ့ကိုမမြင်နိုင်ပေ။

ကျန်းပုကူ၏ ဒဏ်ရာများကိုတွေ့သောအခါ ကုအန် စိတ်မကောင်းမဖြစ်ဘဲ မနေနိုင်တော့ပေ။

သူတို့နောက်ဆုံးအကြိမ်ခွဲခွာပြီးကတည်းက ကုအန် နတ်အာရုံဖြင့် ကျန်းပုကူကို တစ်ခါတရံ ကြည့်ရှုလေ့ရှိခဲ့သည်။

ကုအန်၏လေ့လာတွေ့ရှိမှုအရ ကျန်းပုကူသည် ဤကမ္ဘာပေါ်ရှိ လူအများစုထက် ကြင်နာတတ်သူ ဖြစ်၏။ သူသည် ဘယ်တော့မှ ဘယ်မိစ္ဆာ လူသား ကိုမှ အနိုင်မကျင့်ခဲ့ပေ။ သူ့ထက်အားနည်းသူကိုတွေ့လျှင်ပင် သူသည် ကျော်သာသွားတတ်သော်လည်း သူ့ကိုလက်ခံသည့် သူကတော့ အနည်းငယ်သာ ရှိပေသည်။ သူကယ်တင်ခဲ့သည့် သူများမှာပင် ရက်အနည်းငယ်ကြာလျှင် သူ့အနားမှ ထွက်ခွာသွားခဲ့ကြသည်။

ကျန်းပုကူသည် အမြဲတမ်း သူ့အထီးကျန်မှုကို ဖြေဖျောက်ရန် အဖော်ရှာဖွေနေခဲ့သူသာ ဖြစ်၏။

ထိုသို့သော သူ၏အပြုအမူများကို တွေ့သောအခါ ကုအန် သူ့ကိုကူညီပေးမည်ဟု ဆုံးဖြတ်လိုက်လေသည်။

ကုအန် ကောင်း‌ကင်နှင့်မြေပြင်ပြောင်းလဲခြင်းကိုးပါး နတ်သိုင်းကိုအသုံးပြုကာ စာကလေးတစ်ကောင်အဖြစ်ပြောင်းလဲပြီး ကျန်းပုကူ ရှေ့သို့ ဆင်းသက်သွားခဲ့၏။

သူအကြိမ်အနည်းငယ် အော်သံပေးကာ ကျန်းပုကူ အာရုံကို ဆွဲဆောင်ခဲ့သည်။

ထိုအခါ ကျန်းပုကူ သူ့ကို ကြည့်လိုက်ပြီး ပြုံးကာပြောလိုက်၏။

“စာကလေးလေး မင်းကငါ့ကိုစိတိ၀င်စားလို့လား”

ကုအန် သူ့နောက်မှလိုက်လာစေချင်သောကြောင့် ရှေ့သို့နည်းနည်းသွားလောက် နောက်ပြန် အော်လိုက် လုပ်နေခဲ့သည်။

ကျန်းပုကူက အဖတ်မလုပ်သောအခါ သူအကြိမ်များစွာ ထိုသို့ ပြုလုပ်နေခဲ့၏။

ဤတစ်ကြိမ်တွင် ကျန်းပုကူ နားလည်သွားပြီး မေးလိုက်သည်။

“မင်းကငါ့ကို မင်းနောက်က လိုက်လာစေချင်လို့လား”

စာကလေးလေးက ထပ်အော်လိုက်ပြန်၏။ ထိုသည်ကိုမြင်သောအခါ ကျန်းပုကူလည်း အားတင်၍ ထရပ်ကာ စာကလေး နောက်သို့ ‌လိုက်သွားခဲ့လေသည်။

သူလမ်းလျှောက်လိုက်သည်နှင့် သူ့နောက်တွင် သွေးစီးကြောင်းကြီး ကျန်ခဲ့ပြီး နေရောင်က ထိုသွေးများအပေါ် ထိုးနေသောကြောင့် သွေးများမှာ အရောင်ပင် လက်နေခဲ့၏။

All Chapters