← Chapters

အခန်း (၁၈၇-၁၈၈)

Vol. 15 Ch. 187-188

အခန်း (၁၈၇-၁၈၈)

Vol. 15 Ch. 187-188

အပိုင်း(၁၈၇)

‌အာဃာတကောင်းကင်ဘိုးဘေး

စုဟန်၏ နောက်ဆုံးစကားကိုကြားကာ ကျန်းချင်၏ မျက်လုံးများ နီရဲသွားခဲ့သည်။ သူရပ်တန့်လိုက်ချင်သော်လည်း လှုပ်နိုင်စွမ်း ရှိမနေခဲ့ပေ။

စုဟန် ဆက်ညွှန်ကြားလိုက်၏။

“အစ်ကိုက အစ်ကို့ကျင့်ကြံခြင်းတွေကိုပဲ လွှဲပြောင်းပေးတာပါ အစ်ကိုသေသွားရင် အစ်ကို့အလောင်းကို ပြာချပြီး အစ်ကို့သိုလှောင်အိတ်ကို ယူထားဖို့ မမေ့ပါနဲ့ အဲ့ဒီထဲမှာ တစ္ဆေမိခင်နဲ့ပတ်သက်တဲ့ အကြောင်းတွေ အကုန်လုံးရှိတယ်”

သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့ပြီး မျက်လုံးများ နှာခေါင်းများမှလည်း သွေးများ စီးကျလာခဲ့သည်။ သူ၏ ဖြူဖျော့နေသောမျက်နှာမှ သွေးများ စီးကျနေပုံသည် အလွန်ကြောက်စရာကောင်းနေပြီး အထူးသဖြင့် နှင်းများ ကျဆင်းနေချိန် ထိုကဲ့သို့သော မြင်ကွင်းကို မြင်ရခြင်းမှာ အတော်လေး ကြောက်စရာပင်။

စုဟန်၏ ဖြူဖျော့နေသော မျက်နှာကိုတွေ့သောအခါ ကျန်းချင်ခေါင်းကိုက်လာခဲ့ပြီး သူ့မျက်လုံးများမှ မျက်ရည်များ ထိန်းမရသိမ်းမရ ကျဆင်းလာခဲ့သည်။

သူ့၀တ်ရုံမှာလည်း လေတွင်လွင့်နေပြီး သူ့ကျင့်ကြံခြင်းသည်လည်း ထိုးတက်နေခဲ့၏။

“ကြမ္ာဖီဆန်နတ်ကျင့်စဥ်က ကျင့်ကြံခြင်းဖောက်ပြန်ဖို့ အရမ်းလွယ်တယ် ဒါပေမယ့် အဲ့ဒီကျင့်စဉ်ကိုယ်တိုင်ကိုက ပေါင်းကူးတံတားတစ်ခုလိုပဲ ဆောင်ရွက်တာ သူ့ကျင့်ကြံခြင်းကို အခြားသူကိုကူးပြောင်းပေးလိုက်ရင်တော့ အဲ့ဒီလူဆီ ရောက်ရှိသွားတဲ့အခါ ကျင့်ကြံခြင်းစွမ်းအားက ပိုသန့်စင်သွားပြီး ခြင်ဆီတွေအရွတ်တွေကိုတောင် သန့်စင်ပေးနိုင်စွမ်းရှိတယ်”

“ဂျူနီယာညီမလေး အစ်ကို့အကြောင်းတွေးနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…”

စုဟန်အသံမှာ ပို၍ အားနည်းလာခဲ့သည်။

ကျန်းချင်လည်း သူ့မျက်ခွံများ အလွန်လေးလံလာသည်ကို ခံစားနေခဲ့ရ၏။ တခဏအကြာတွင်တော့ သူ့အမြင်များဝေးဝါးလာပြီး သူ့စီနီယာအစ်ကို၏ မျက်နှာကိုပင် မမြင်ရတော့ပေ။

“ဆရာ့ကိုပြောလိုက်ပါ….အစ်ကိုကတောင်းပန်ပါတယ်လို့…အစ်ကိုသူ့ကို စိတ်ပျက်စေမိခဲ့တယ်….သူက အစ်ကို့ရဲ့အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးခဲ့ပေမယ့် …အစ်ကိုကတော့ အဲ့ဒီကျေးဇူးကို ပြန်ဆပ်ရမယ့်အစား ဒုက္ခတွေပဲ ပေးခဲ့မိတယ်…”

“ဒီဘ၀က သာမန်မဟုတ်ခဲ့ဘူးဆိုပေမယ့် နောင်တတွေလည်း များခဲ့ရပါတယ်…”

ထို့နောက်တွင်တော့ ကျန်းချင်၏ သိစိတ်လုံး၀ ပျောက်ဆုံးသွားခဲ့ရလေတော့သည်။

ကောင်းကင်သည်လည်း ဤလွမ်းဆွတ်တမ်းတမှုကို အားဖြည့်ပေးနေသယောင်ဖြင့် နှင်းပွင့်များကို အတားအဆီးမရှိ သွန်ချနေခဲ့လေသည်။

……

အချိန်မည်မျှကြာသွားသလဲ ဘယ်သူမှ မသိခဲ့ပေ။

ကျန်းချင်၏ သိစိတ်ပြန်လည်နိုးထလာခဲ့ပြီး ရုတ်တရက် အိပ်မက်မှ လန့်နိုးလာသလို သူ့မျက်လုံးများ ပွင့်လာခဲ့၏။

သူ နှင်းပြင်ပေါ်တွင် လဲနေသည်ကို သတိထားမိလိုက်ပြီး သူ့ဘေးတွင်လည်း လဲနေသော လူတစ်ယောက်ရှိနေကာ ထိုလူသည် စုဟန် ဖြစ်သည်။

သူချက်ချင်း ထထိုင်လိုက်ကာ သူ့ဘေးရှိ နှင်းပြင်ပေါ် မှောက်နေသည့်လူကို ဆွဲလှည့်ပေးလိုက်ပြီး သူ့မျက်နှာရုတ်ချည်း ဖြူဖျော့သွားကာ နောက်သို့ဆုတ်သွားခဲ့ရ၏။

စုဟန်သည် သေဆုံးနေပြီဖြစ်ကာ သူ့တစ်ကိုယ်လုံးက ခရမ်းရောင်သန်းနေပြီး သူ့အသွေးအသားများသည် စုပ်ယူခံလိုက်ရသလို ခြောက်ကပ်နေကာ သူ့ကိုယ်မှာ အရိုးနှင့်အရေသာ ကျန်ရစ်ခဲ့သည်။ မြင်ကွင်းမှာ အတော်လေး ကြောက်စရာပင်။

“စီနီယာအစ်ကို…မဟုတ်ဘူး….ဒီလိုမဖြစ်သင့်ဘူး…”

ကျန်းချင်သူ့ကိုယ်ထဲရှိ အင်အားကြီးစွမ်းအားတစ်ခုကို အာရုံခံမိနေခဲ့သော်လည်း နည်းနည်းလေးတောင် ပျော်မနေခဲ့ပေ။

ထို့နောက် သူရုတ်တရက် စုဟန်၏အလောင်းကို ဆွဲဖက်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လေတော့သည်။

စုဟန်၏ ခရမ်းရောင်နှုတ်ခမ်းထောင့်များသည် အနည်းငယ်တွန့်ကွေးနေခဲ့ပြီး နာကျင်မှုမရှိဘဲ သေဆုံးသွားခဲ့ရသည်ကိုလည်း သူမတွေ့နေခဲ့ရ၏။

အချိန်အတန်ကြာသောအခါ

ကျန်းချင် ခံစားချက်များကို မထိန်းနိုင်သေးသော်လည်း ဖြည်းဖြည်းချင်း ထရပ်လိုက်လေသည်။ သူ့မျက်နှာတွင် မျက်ရည်စီးကြောင်းများ ရှ်ိနေသေးသော်လည်း သူ့အမူအရာမှာတော့ လုံး၀ အေးစက်နေခဲ့၏။

ထို့နောက် သူမလက်ဟန်တစ်ခုပြုလုပ်လိုက်ရာ စုဟန်၏ ရွှေလက်စွပ်က သူမဆီ ပျံသန်းရောက်ရှိလာခဲ့လေသည်။

လက်စွပ်ထဲတွင် ကြီးမားသော စွမ်းအားများပါ၀င်နေပြီး သူမ၏ စရိုက်လုံး၀ပြောင်းလဲသွားပြီးချိန်မှာတောင် သူမ အံ့ဩမိသွားခဲ့ရသည်။

ဒါက မဟာယနအဆင့်ဓမ္မအသုံးအဆောင်ပဲဖြစ်ရမယ်!

ကျန်းချင် စုဟန်ကို ပြန်ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းကို ကိုက်လိုက်ရင်း သူ့မျက်လုံးထဲတွင် ပူပင်သောကများဖြင့် ပြည့်နှက်နေခဲ့၏။

ထို့နောက်တွင်တော့ သူမ၏ တုန်ရီနေသော လက်ထဲတွင် စိတ်ဝိညဉ်စွမ်းအားများ တောက်လောင်လာခဲ့လေသည်။

“မင်းကတကယ်ကြီး သူ့ကျင့်ကြံခြင်းကို မင်းဆီလွှဲပေးခဲ့တဲ့ လူတစ်ယောက်ကို မီးရှို့ပစ်တော့မလို့လား”

သူမ‌ေနာက်မှ အသံတစ်သံထွက်ပေါ်လာသောကြောင့် ကျန်းချင် အံ့အားသင့်သွားခဲ့ရသည်။ သူမပြန်လှည့်ကြည့်လိုက်သောအခါ သူမနောက်ရှိ သစ်ပင်ထက်တွင်ရပ်နေသော မျက်နှာဖုံးတပ် အဖြူရောင်၀တ်စုံ၀တ် ပုံရိပ်သေးသေးလေးတစ်ခုကို တွေ့လိုက်ရ၏။

သူမတခဏ ကြောင်အသွားခဲ့ပြီးနောက်တွင်တော့ ပျော်လွန်း၍ အော်မခေါ်မနေနိုင်တော့ပေ။

“တောင်နတ်ဘုရား!”

သူမချက်ချင်း ဒူးထောက်ချလိုက်ကာ တောင်နတ်ဘုရားကို ဦးကုန်း၍ ချလိုက်လေသည်။

ကုအန်သူမကို ငုံ့ကြည့်လိုက်ကာ သဘောကျဟန်ဖြင့် ရယ်မောလိုက်ပြီး ပြောလိုက်၏။

“မင်းဘာလုပ်နေတာလဲ”

ကျန်းချင် အမြန်မော့ကြည့်လိုက်ကာ ပြောလိုက်သည်။

“‌ကျေးဇူးပြုပြီး ကျွန်မစီနီယာကို ကယ်တင်ပေးပါ တောင်နတ်ဘုရား”

“သူက လူတွေအများကြီးကို သတ်ခဲ့တာ ငါကဘာလို့သူ့ကို ကယ်ရမှာလဲ”

ထိုစကားကိုကြားသောအခါ ကျန်းချင် ကြောက်လန့်သွားပြီး ပြောလိုက်၏။

“သူကလူဘယ်နှစ်ယောက်ကို သတ်ခဲ့လို့လဲ ကမ္ဘာပေါ်မှာ ဘယ်ကြီးမြတ်တဲ့ကျင့်ကြံသူက လက်မှာသွေးစွန်းမနေတာ ရှိလို့လဲ အမတကျင့်ကြံခြင်းကမ္ဘာဆိုတာ ပြိုင်ဆိုင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ နေရာပါ ကျွန်မ စီနီယာအစ်ကိုက မသတ်ချင်ခဲ့ပါဘူး ဒါပေမယ့် လူတွေက သူ့ကိုအလွတ်မပေးဘဲ ဒီလမ်းပေါ်ကို ရောက်အောင် တွန်းပို့ပစ်ခဲ့ကြတာပါ”

“သူက အာဃာတကောင်းကင်နတ်ဓားသိုင်းကို ကျင့်ကြံပါတယ် ပြောကြတာက အဲ့ဒီသိုင်းကို ကျင့်ကြံတဲ့သူက အမုန်းအာဃာတတွေ ကြီးမားလာလေလေ ဓားသိုင်းရဲ့ ဓားဆန္ဒက အင်အားကြီးမားလာလေလေပါ ဒါပေမယ့် ကျွန်မစီနီယာအစ်ကိုရဲ့ ဓားဆန္ဒကတော့ ပြိုင်ဘက်ကင်း ဖြစ်မလာခဲ့ပါဘူး အဲ့တာက သူ့ရဲ့ အမုန်းအာဃာတက အဲ့လောက်ကြီးမားမနေဘူးဆိုတာ ပြသနေပါတယ်”

“သူကတခဏဂိုဏ်းရဲ့ ကြမ္မာဖီဆန်နတ်ကျင့်စဉ်ကိုလည်း ကျင့်ကြံပါတယ် အဲ့ဒီသိုင်းက အခြားသူတွေရဲ့ ကျင့်ကြံခြင်းကို စုပ်ယူလို့ရတဲ့သိုင်းပါ သူသာ အကန့်အသတ်မဲ့ လူတွေသတ်ပြီး စိတ်ဝိညဉ်စွမ်းအင်တွေ စုပ်ယူနေခဲ့မယ်ဆိုရင် သူ့ကျင့်ကြံခြင်းက အခုထက် ပိုမြင့်နေမှာပါ”

ပြောရင်းပြောရင်း သူမပို၍၀မ်းနည်းလာကာ သူမစိတ်ထဲရှိသမျှ ထုတ်ပြောနေခဲ့လေသည်။

သူမစိတ်ထဲတွင် စုဟန်အတွက် ဤကမ္ဘာကြီးက တရားမျှတမှုမရှိဘူးဟု ခံစားနေခဲ့ရ၏။

စုဟန်သည် အမိမဲ့သားအဖြစ် ကြီးပြင်းလာခဲ့ရကာ သူ့အဖေကလည်း အစောကြီး ‌လောကကြီးထဲက ထွက်ခွာသွားခဲ့ရသည်။ သူသည် ပုခုံးပေါ်တွင် သွေးကြွေးကိုထမ်းကာ အဓိပတိဂိုဏ်းဆီ ၀င်လာခဲ့ခြင်း ဖြစ်သည်။ အာဃာတကောင်းကင်နတ်ဓားသိုင်းမှာလည်း သူ့အဖေက သူ့ဆီလက်ဆင့်ကမ်းပေးခဲ့သော သိုင်းသာ ဖြစ်၏။ ဤနေရာတွင် စုဟန် ဘာအမှားကို လုပ်ခဲ့ပါသနည်း။

အခြားသူများက သူ့ကို အမဲလိုက်သောအခါ သူပြန်၍ မသတ်ဖြတ်သင့်ပါဘူးလော။

စုဟန်သည် သူသန်မာလာရန် သာမန်လူများကိုလည်း မသတ်ဖြတ်ခဲ့ပေ။ ကျင့်ကြံသူများကိုသာ သတ်ဖြတ်ခြင်း ဖြစ်သည်။

ဤကမ္ဘာကြီးထဲရှိ လမ်းမှန်ဂိုဏ်းများသည်လည်း ဘယ်တုန်းကမှ ရိုးသားသည့် ကျင့်ကြံသူများကို မသတ်ဖြတ်ဘူးဟု သူမယုံပေ။

ကုအန်သူမကို ငုံ့ကြည့်ကာ ပြောလိုက်သည်။

“ကမ္ဘာပေါ်မှာ ကျင့်ကြံဖို့ မရေတွက်နိုင်တဲ့ လမ်းစဉ်တွေရှိပါတယ် သူ့ရွေးချယ်မှုအတွက် သူ့မှာပဲ တာ၀န်ရှိတယ် ကောင်းကင်ကလူတိုင်းအပေါ် ပေးအပ်ထားတဲ့ တရားမျှတမှုအရှိဆုံး အရာက ဘာလဲမင်းသိလား အဲ့တာက သေခြင်းတရားပဲ”

“လူတွေက သူ့ကြောင့် သေထားခဲ့ရရင် သူကလည်း ပုံမှန်အားဖြင့် ပြန်သေပေးရမှာပါပဲ”

ကျန်းချင် ဆက်ငြင်းချင်သေးသော်လည်း တောင်နတ်ဘုရားကို စော်ကားမိမှာကိုလည်း ကြောက်နေခဲ့၏။

ကုအန် ဆက်ပြောလိုက်သည်။

“သူ့မှာ အခြားရွေးစရာလမ်းမရှိတော့ဘူးလို့ မင်းကထင်တယ် တကယ်တော့ သူလည်းအဲ့လို တွေးခဲ့တာပဲ ဒါပေမယ့် မင်းတို့သေချာစဉ်းစားကြည့်ဖူးလား မင်းတို့မှာတကယ်ကြီး ရွေးစရာမရှိတော့တာလားဆိုတာကိုလေ ငါတော့မထင်ဘူး မင်းတို့နှစ်ယောက်လုံးက တူညီတဲ့ဂိုဏ်းက လာခဲ့ကြတာပဲ ဘာလို့မင်းကကျ ကောင်းမွန်တဲ့ဘ၀ကို ရနေလဲ”

ထိုစကားကို ကြားသောအခါ ကျန်းချင် တဖြည်းဖြည်း စိတ်ငြိမ်လာခဲ့လေသည်။

“မင်းတကယ်ပဲ မင်းစီနီယာအစ်ကိုမှာ အပြစ်မရှိဘူးလို့ ထင်ရင် မင်းလည်း သူလျှောက်တဲ့လမ်းအတိုင်းပဲ ဆက်လျှောက်နိုင်တယ် ဒါပေမယ့် အဲ့တာက သူမြင်ချင်တဲ့ အရာတော့မဟုတ်ဘူး” ကုအန် လေသံက ပို၍လေးနက်လာခဲ့သည်။

“သေခြင်းတရားကနေ ပြန်ရှင်သန်လာအောင်လုပ်လို့မရဘူး ငါ့မှာလည်း အဲ့လိုစွမ်းအားမျိုးမရှိဘူး ငါကတောင်နတ်ဘုရားလေးတစ်ပါး သက်သက်ပါပဲ ဒါပေမယ့် မင်းမှာမျှော်လင့်ချက်လေး ရှိနေသေးအောင် မင်းအစ်ကိုရဲ့ အလောင်းကိုတော့ ငါအကောင်းအတိုင်းကျန်အောင် ထိန်းသိမ်းပေးထားနိုင်တယ် ဘယ်လိုလဲ”

ထိုစကားကို ကျန်းချင် ချက်ချင်းမတုန့်ပြန်ခဲ့ပေ။

သူတခဏကြာ တွန့်ဆုတ်နေပြီးမှ အံကိုကြိတ်ကာ ပြောလိုက်သည်။

“ဒါဆို ကျေးဇူးပြုပြီး သူ့ကို ခေါ်သွားပေးပါ တောင်နတ်ဘုရား တစ်နေ့မှာ ပြန်လည်ရှင်သန်အောင်လုပ်လို့ရတဲ့ နည်းလမ်းနဲ့အတူ ကျွန်မတောင်နတ်ဘုရားကို လာရှာပါ့မယ်!”

ကုအန်သူမစကားကို မငြင်းခဲ့ပေ။ သူမတွင် တစ်ခုထက်ပိုသည့် ရည်မှန်းချက်ရှိနေပါက သူ့အနာဂတ်ကျင့်ကြံခြင်းတွင် ပို၍ ကြိုးစားလာပေလိမ့်မည်။

ကုအန် ညာလက်ကိုမြှောက်ကာ စုဟန်အလောင်းကို သေးသေးလေးဖြစ်အောင်လုပ်လိုက်ပြီး သူ့လက်ဖဝါးထဲထည့်ကာ နှင်းထုထဲတွင်မူ သိုလှောင်အိတ်တစ်လုံးသာ ချန်ရစ်ခဲ့လေသည်။

ကျန်းချင် အလွန်အမင်း၀မ်းနည်းခြင်းကို ခံစားနေရသောကြောင့် တောင်နတ်ဘုရား၏ ဆန်းကြယ်လှသော နတ်သိုင်းကိုပင် မအံ့ဩနိုင်အားခဲ့ပေ။

သူမထရပ်လိုက်ပြီး မေးလိုက်၏။

“တောင်နတ်ဘုရား အရှင်ကဘာလို့ဒီမှာရောက်နေတာလဲ”

ထိုစဉ် ကုအန် သစ်ကိုင်းပေါ်မှ ပျောက်ကွယ်သွားခဲ့ပြီး စကားတစ်ခွန်းသာ ချန်ရစ်ခဲ့လေသည်။

“တောင်နတ်ဘုရားတစ်ပါးက တောင်ပေါ်မှာပဲ နေတယ်လို့ မင်းဘယ်သူပြောလဲ နောက်ပြီး ငါက တောင်နတ်ဘုရားတစ်ပါး သက်သက်ပဲမဟုတ်ဘူး”

ထိုစကားကြောင့် ကျန်းချင် အံ့အားသင့်သွားကာ ဤတောင်နတ်ဘုရားသည် နတ်ဘုရားများ အမတများ ကြား၌ပင် သာမန်မဟုတ်သော ရာထူးကိုပိုင်ဆိုင်ရသောသူ ဖြစ်ရမည်ဟု တွေးလိုက်မိသည်။

ထို့နောက် သူမမျက်ရည်များကို သုတ်လိုက်ကာ သူ့ကိုရှာဖွေနေသော ရီလန်တို့ အုပ်စုဆီ ပြန်သွားခဲ့၏။

…..

ဆန်းကြယ်ကောင်းကင်ဂူဗိမာန်ထဲတွင်

ကုအန် စုဟန်၏အလောင်းကို ကျောက်စားပွဲပေါ်တင်လိုက်ပြီး စုဟန်မျက်နှာကိုကြည့်ကာ သူအနည်းငယ်တွေဝေသွားခဲ့သည်။

သူ့အတွေးများက လွန်ခဲ့သော နှစ်ပေါင်းများစွာက ဆန်းကြယ်တောင်ကြားတွင် ရှိခဲ့စဉ်က သူကစုဟန်ကို ဓားပညာသင်ကြားပေးကာ စုဟန်က သူတို့မိသားစုမှ လက်ဆင့်ကမ်းပေးထားသော အာဃာတကောင်းကင်နတ်ဓားသိုင်းကို သူ့ကိုပေးခဲ့ပုံများဆီ ရောက်ရှိသွားခဲ့၏။

ဆန်းကြယ်တောင်ကြားကို မိစ္ဆာကျင့်ကြံသူများ တိုက်ခိုက်ခဲ့စဉ်က စုဟန်က သူ့ရှေ့တွင် တစ်ချက်ကလေးတောင် နောက်မတွန့်ဘဲ ကာကွယ်ပေးခဲ့ပုံများကိုလည်း သူပြန်မြင်ယောင်လာမိသည်။

သူသည် စုဟန်အပေါ် ဘာအကြွေးမှ မရှိပါဘူးဟု ခံစားရပါသော်လည်း တကယ်တော့ စုဟန်သည်လည်း သူ့အပေါ် ဘာမှမှားထားခြင်း မရှိခဲ့ပေ။ သူသည် ကုအန်နှင့် မတူညီသော လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းသွားရုံသာ ဖြစ်၏။

ထို့နောက် ကုအန် လင်းရှီကိုသုံးကာ စုဟန်၏အလောင်းပုတ်မသွားအောင် အေးခဲထားလိုက်လေသည်။ စုဟန်၏ ဝိညဉ်မှာတော့ သူ့ကိုယ်ထဲတွင် ယာယီရှိနေဆဲပင်။

ကုအန်တွင်လည်း လူတစ်ယောက်ကို ပြန်ရှင်သန်နိုင်အောင် လုပ်ပေးနိုင်သည့် နည်းလမ်းမရှိပေ။ ဤအရာမှာ သူလုပ်ပေးနိုင်သည့် အကောင်းဆုံးအရာသာ ဖြစ်သည်။

“ဟမ်!”

စုဟန်ကို အေးခဲနေရင်း ကုအန်တစ်ခုခုကို သတိထားမိသွားပြီး သူ့မျက်ခုံးများ တွန့်ကွေးသွားခဲ့၏။

စုဟန်သည် သူ့ကျင့်ကြံခြင်းကို ကျန်းချင်ဆီလွှဲပေးလိုက်သော်လည်း အာဃာတကောင်းကင်းနတ်ဓားသိုင်း၏ ဓားဆန္ဒမှာတော့ သူ့ကိုယ်ထဲ ရှိနေဆဲပင်။

ထိုဓားဆန္ဒထဲတွင် များစွာသော ဆက်နွယ်မှုများ ရှိနေပြီး ထိုထဲမှ ဆက်နွယ်မှုတစ်ခုဆိုလျှင် အလွန်ရှုပ်ထွေးလှကာ အချုပ်အနှောင်မဲ့ အမတအဆင့်တစ်ယောက်၏ အရှိန်အဝါပင် ရှိနေခဲ့သည်။

စုဟန်တွင် အချုပ်အနှောင်မဲ့အမတတစ်ပါးနှင့် ဆက်နွယ်မှု မည်သို့ ရှ်ိနေနိုင်မည်နည်း။

ထိုအရာသည် အာဃာတကောင်းကင်နတ်ဓားသိုင်း ဖန်တီးသူများ ဖြစ်နိုင်နိုင်ပါသလော။

ကုအန် ညာလက်ကိုမြှောက်လိုက်ကာ စုဟန်၏ ဓားဆန္ဒကို သူ့ကိုယ်မှ ဆွဲထုတ်လိုက်ပြီး သူ့လက်ဝါးပေါ်တင်လိုက်ရာ သူ့လက်ဝါးပေါ်တွင် သွေးစက်လုံးတစ်ခုဖြစ်ပေါ်လာပြီး လည်နေခဲ့၏။

စုဟန်ကို အပြည့်အ၀အေးခဲပြီးသောအခါ ကုအန် ထိုဓားဆန္ဒကို စတင်လေ့လာလေတော့သည်။

သူသည် နိဗာနအဆင့်မှာကတည်းက သာမန်ဆက်နွယ်မှုများကို အာရုံခံနိုင်ခဲ့ခြင်း ဖြစ်ပြီးအခုလို မြေလျှောက်အမတ အဆင့်ရောက်ချိန်တွင်တော့ သူ့အာရုံခံနိုင်စွမ်းမှာ အလွန်မြင့်နေခဲ့လေပြီ။

ကုအန်မျက်လုံးထဲတွင် ဓားဆန္ဒထဲမှ ဆက်နွယ်မှုများက မျဉ်းကြောင်းများအဖြစ် ပြောင်းလဲသွားပြီး ထိုထဲမှ အချုပ်အနှောင်မဲ့ အမတအဆင့် မျဉ်းကြောင်းသည် ဆန်းကြယ်ကောင်းကင်ဂူဗိမာန်မှ တစ်ဆင့် မိုးကုတ်စက်ဝိုင်းဆီ သို့ပင် ရောက်ရှိသွားခဲ့သည်။

ကုအန် နတ်အာရုံသုံး၍ ထိုမျဉ်းကြောင်းနောက်သို့ ခြေရာခံ လိုက်သွားခဲ့၏။

ထိုမျဉ်းကြောင်းသည် မရေတွက်နိုင်သော တောင်များ နှင့် သမုဒ္ဒရာကြီးကိုဖြတ်သန်းကာ နောက်ဆုံးတွင် ကျယ်ပြန့်လှသော ကုန်းမြေကြီးတစ်ခုဆီ ရောက်ရှိသွားခဲ့သည်။

ထိုကျွန်းကြီးပေါ်တွင် လူပေါင်းသန်းနှင့်ချီနေထိုင်ကြပြီး ထိုလူများထဲမှ သုံးပုံတစ်ပုံသည် ကျင့်ကြံသူများ ဖြစ်ကြကာ သူတို့ကျင့်ကြံခြင်းကလည်း အလွန်မြင့်လှသည်။ ထိုကျွန်းပေါ်တွင် မဟာယနအဆင့် ၇ ယောက်တောင် ရှိနေခဲ့၏။

ထို့အပြင် နိဗာနအဆင့် တစ်ယောက်နှင့် အချုပ်အနှောင်မဲ့အမတအဆင့် တစ်ယောက်လည်း ရှိနေခဲ့သည်။

အချုပ်အနှောင်မဲ့အမတ အဆင့်သည် မြေအောက်ထဲရှိ ရှုပ်ထွေးသော အလွှာများစွာအောက်တွင် ပုန်းကွယ်နေသူ ဖြစ်၏။

[အာဃာတကောင်းကင်ဘိုးဘေးသည် သင့်အပေါ် ရန်ပြုလိုစိတ်ရှိနေကာ သူ့သတ်ဖြတ်ခြင်းဆန္ဒသည် တိုးမြင့်လာခဲ့သည်။ သက်တမ်းစစ်ဆေးခြင်းအသုံးပြုလိုပါသလား]

ဟမ်!

သူကဘယ်လိုလုပ် ငါ့အကြောင်း သိသွားတာလဲ!

ကုအန်စိတ်ထဲ အချက်ပေးသံများ မြည်ဟည်းသွားခဲ့သည်။ သူအမြန်ပင် သက်တမ်းစစ်ဆေးခြင်း အသုံးပြုမည်ကို ရွေးချယ်လိုက်၏။

[အာဃာတကောင်းကင်ဘိုးဘေး (အချုပ်အနှောင်မဲ့အမတအဆင့်၂): ၁၄၈၀၉/၂၅၀၀၀/၂၈၀၀၀]

အချုပ်အနှောင်မဲ့ အမတ အဆင့် ၂!

တခဏကြာ တွန့်ဆုတ်နေပြီးသည့်နောက် ကုအန် ဂူထဲမှ ပျောက်ကွယ်သွားလေတော့သည်။

….

ဆန်းကြယ်လှသော မြေအောက်ဂူတစ်လုံးထဲတွင် မီးခိုးရောင်၀တ်စုံ၀တ် အာဃာတကောင်းကင်ဘိုးဘေး ၀တ်ပြုဖျာပေါ်တွင် တရားထိုင်နေရင်း မျက်လုံးမှိတ်နေရက်ဖြင့် သူ့မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။

“တောင်နတ်ဘုရား….ဘယ်သူက လှည့်ကွက်တွေသုံးပြီး လာကစားနေတာလဲ အဲ့ဒီကုန်းမြေတိုက်ကြီးပေါ်မှာ အဲ့ဒီလိုတည်ရှိမှုမျိုး ရှိနေလိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး”

အာဃာတကောင်းကင်ဘိုးဘေး ခပ်တိုးတိုးရေရွတ်လိုက်ပြီး သူ့သွေးနီရောင်မျက်လုံးများကို ဖွင့်လိုက်လေသည်။

သူသည် အာဃာတကောင်းကင်နတ်ဓားသိုင်း အသုံးပြုသူတိုင်းကို ဓားဆန္ဒမှတစ်ဆင့် ထောက်လှမ်းနိုင်သူ ဖြစ်သည်။

စုဟန်သည် သူနှင့်အ‌လွန်ဝေးနေသောကြောင့်သာ ထောက်လှမ်းရာတွင် ကြန့်ကြာနေခဲ့ခြင်း ဖြစ်၏။

တောင်နတ်ဘုရားသည် စုဟန်၏ အလောင်းကိုယူသွားသည်ကို မြင်လိုက်သောအခါတွင်မူ မလွယ်ကူဘူးဟု သူခံစားလိုက်ရသည်။

ထို့အပြင် တောင်နတ်ဘုရားသည် သူတို့ကြား ဆက်နွယ်မှုကို သိရှိသွားပုံပင်။

“သူက ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေလက်ထဲကနေ ရှောင်ပြေးဖို့ သူ့ကိုယ်သူ တောင်နတ်ဘုရားအသွင်ပြောင်းထားတာလား ဒါမှမဟုတ် သူကိုယ်တိုင်က ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကများလား” အာဃာတကောင်းကင်ဘိုးဘေး မျက်မှောင်ကြုံ့ကာ တွေးနေခဲ့သည်။

စုဟန်၏ သေဆုံးမှုက သူ့ကို ဒေါသထွက်သွားစေခဲ့၏။

ယခုအခါတွင် အမတကျင့်ကြံခြင်းကမ္ဘာတွင် အာဃာတကောင်းကင်နတ်ဓားသိုင်းကို ကျင့်ကြံသူတဖြည်းဖြည်းနည်းပါးလာခဲ့ပြီး ထိုအရာက သူ့အစီအစဉ်ကို များစွာအကျိုး‌သက်ရောက်မှု ရှိလာခဲ့သည်။

ထို့ကြောင့်လည်း သူထိုကုန်းမြေတိုက်ကြီးဆီ အာရုံစိုက်နေခြင်း ဖြစ်၏။

ကံဆိုးစွာဖြင့် နှစ်ပေါင်း၁၀၀၀ အတွင်း ထိုကုန်းမြေတိုက်တွင်လည်း သူ့ဓားသိုင်း၏ ဂုဏ်သတင်းမှာ ဆိုးဝါးသွားခဲ့ရသည်။

နောက်ဆုံးတွင်တော့ သူ့ဓားသိုင်းကို ကျင့်သည့်သူတစ်ယောက် ပြန်ပေါ်လာခဲ့ပြီး ထို့ကြောင့်လည်း သူထိုလူကို ဂရုစိုက်နေခြင်း ဖြစ်သည်။

သူ တစ္ဆေမိခင်နှင့် မကောင်းဆိုးဝါး ၁၃ဖော်လို ပိုးမွှားလေးများကိုပင် ရှင်းလင်းရန် ကြံခဲ့သေးပြီး ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက သူ့ကို ရှာတွေ့သွားမှာစိုး၍သာ မလုပ်ရဲခဲ့ခြင်း ဖြစ်၏။

ယခုတော့ သူဓားသိုင်းကို ကျင့်ကြံသူ ထိုကုန်းမြေတိုက်ပေါ်တွင် မရှိတော့ပေ။

သူထိုအကြောင်းတွေးမိလေလေ ပို၍ဒေါသထွက်လာလေလေဖြစ်ပြီး သူ့သတ်ဖြတ်ခြင်းဆန္ဒများ မြင့်တက်လာလေလေပင်။

“မဖြစ်သေးဘူး အဲ့ဒီကို ငါကိုယ်တိုင်သွားပြီး ငါ့ဓားသိုင်းကို သင်ပေးရမယ်”

‌အာဃာတကောင်းကင်ဘိုးဘေး တိတ်တဆိတ်တွေးလိုက်ပြီး မျက်လုံးမှိတ်ကာဆက်လက် ကျင့်ကြံနေခဲ့လေသည်။

ဒီကိစ္စသည် လော၍ရသောကိစ္စမဟုတ်ဘဲ မိစ္ဆာကပ်ဘေးဟု ခေါ်သောအရာ ပြီးမှသာ သူထိုနေရာသို့ တိတ်တဆိတ်ခိုး၀င်တော့မည်ဟု ကြံထားလိုက်၏။

ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသည် ထိုကုန်းမြေတိုက်ကြီးပေါ်တွင် နောက်ထပ် လူသားမင်းဆက်တစ်ခု ပျိုးထောင်နေသည်ကိုလည်း သူအာရုံခံခဲ့မိပြီးသားဖြစ်သည်။

ထိုအခိုက်တွင်

လက်ကြီးတစ်ဖက် ရုတ်တရက် အာဃာတကောင်းကင်ဘိုးဘေး၏ ပုခုံးပေါ်သို့ ကျရောက်လာလေရာ သူ့မျက်လုံးများရုတ်ချည်းပွင့်လာကာ ပြူးကျယ်သွားလေတော့သည်။

အပိုင်း(၁၈၈)

အာဃာတကောင်းကင်လမ်းစဉ်၊ တောင်ပိုင်းကိုဦးတည်ချင်လာသည့် ဘိုးဘေး

အာဃာတကောင်းကင်ဘိုးဘေးသည် ဤဂူထဲတွင် နေနေသည်မှာ နှစ်ပေါင်း ၁၀၀၀ လောက်ကြာမြင့်နေပြီ ဖြစ်ပြီး ဂူအပြင်သို့ ခြေတစ်လှမ်းမှ မထွက်ခဲ့ပေ။ ထို့ကြောင့် ဤကျွန်းပေါ်ရှိ ဘယ်သူမှ သူရှိနေသည်ကို မသိခဲ့ကြပေ။

ထိုအချိန်တွင် သူ့ပုခုံးပေါ်သို့ လက်ကြီးတစ်ဖက် ကျရောက်လာလေရာ အချုပ်အနှောင်မဲ့ အမတအဆင့်ပင် ဖြစ်လင့်ကစား သူအတော်လေး ကြောက်လန့်သွားခဲ့ရသည်။

သူချက်ချင်း မသိစိတ်က လှည့်ကြည့်ဖို့ ကြိုးစားလိုက်သော်လည်း ကြောက်စရာကောင်းသော လင်းရှီများ သူ့ကိုယ်ထဲတိုး၀င်လာပြီး သူ၏ အရိုးများအရွတ်များကို ချေမွသွားကာ သူ့ကမ္ဘာဦးဝိညဉ်ကိုလည်း ပိတ်ဆို့လိုက်လေသည်။

သူ့နောက်တွင်ရပ်နေသည်မှာ ယင်ယန်အစွန်းကိုးပါးခန္ဓာကို ထုတ်ဖော်ထားသော ကုအန်မှ လွဲ၍ အခြားမဟုတ်ပေ။

ကုအန် သူ့ပုခုံးကိုဖိထားရင်း သူ့ကိုငုံ့ကြည့်နေခဲ့၏။

သူတို့ကြားထဲ အဆင့်ကြီးတစ်ဆင့်သာ ကွာခြားခြင်းဖြစ်သော်လည်း အချုပ်အနှောင်မဲ့အမတနှင့် မြေလျှောက်အမတကြား ကွာဟမှုသည် ကြီးမားလွန်းလှသည်။ ထို့အပြင် ကုအန်က မြေလျှောက်အမတအဆင့် ၉ ဖြစ်ပြီး သူက အချုပ်အနှောင်မဲ့အမတအဆင့်၂သာ ရှိသေး၏။

“ဖူးးး..”

အာဃာတကောင်းကင်ဘိုးဘေး သွေးတစ်လုပ်အန်လိုက်ရပြီး သူ့အသိစိတ်လုံး၀ အမှောင်ကျသွားခဲ့လေသည်။

ကုအန်လည်း ဝိညဉ်ချုပ်သိုင်းသုံးကာ သူ့မှတ်ညဏ်များထဲ ရှာဖွေလိုက်၏။

အချိန်အတန်ကြာသွားခဲ့သည်။

ကုအန် နတ်အာရုံကို ပြန်ရုတ်လိုက်ကာ သုံးပါးတစ်ဆူအစစ်အမှန်မီးတောက်ကိုသုံး၍ အာဃာတဘိုးဘေးကို အစဖျောက်လိုက်၏။

[သင်သည် အာဃာတဘိုးဘေး(အချုပ်အနှောင်မဲ့အမတအဆင့်၂)ကို သတ်ဖြတ်ပြီး သက်တမ်း ၁၂၈၀ ရရှိခဲ့ပါသည်]

ထို့နောက် ကုအန် ဂူကို စတင်လေ့လာကြည့်လိုက်သည်။ ဂူသည် အတော်လေး ကျယ်၀န်းလှပြီး အထဲတွင် စိတ်ဝိညဉ်ရေအိုင်များနှင့် ရေနေပင်များပင် ရှိ၏။

အာဃာတဘိုးဘေး၏ မှတ်ညဏ်များအရ သူသည် ဤကျွန်းနှင့် ဘာမှမသက်ဆိုင်ဘဲ သူ့ရန်သူများကြောင့်သာ ဤကျွန်းတွင် လာရောက်ပုန်းခိုနေခြင်း ဖြစ်သည်။

သူ့ရန်သူများသည် ကြယ်ပင်လယ်အဖွဲ့အစည်း ဟုခေါ်သော ပင်လယ်အခြေစိုက် ဂိုဏ်းတစ်ဂိုဏ်းမှ ဖြစ်၏။ ထိုဂိုဏ်းသည် သမုဒ္ဒရာကို အုပ်ချုပ်သော ဂိုဏ်းဖြစ်ပြီး သူတို့တွင် တပည့်ပေါင်းသန်းချီရှိကာ ဂိုဏ်းက ဘယ်လောက်စွမ်းမှန်းတော့ ကုအန် အတိအကျမသိပေ။

မကြာခင်တွင် အာဃာတကောင်းကင်ဘိုးဘေး၏ အလောင်းပြာကျသွားခဲ့ပြီး ကုအန်လည်း သူ့ပိုင်ဆိုင်မှုများကို သိမ်းယူလိုက်သည်။

သူ့သိုလှောင်အိတ်သည် အလွန်အရည်အသွေးကောင်းလှကာ မရေတွက်နိုင်သော စည်းတံဆိပ်များလည်း ပါ၀င်နေ၏။ အတွင်းပိုင်းတွင် အချင်း ၁၂မိုင်ခန့် ကျယ်၀န်းကာ မရေတွက်နိုင်သော စိတ်ဝိညဉ်ကျောက်တုံးများ ဆေးများ မှော်အသုံးအဆောင်များ လျှို့ဝှက်စာအုပ်များနှင့် ရှားပါးရတနာများလည်း ရှိနေခဲ့သည်။

ဤသိုလှောင်အိတ်တစ်ခုတည်းနှင့်ပင် သူဂိုဏ်းတစ်ဂိုဏ်းထောင်နိုင်သည်ဟု ကုအန် ခံစားနေခဲ့ရ၏။

ကုအန် ထွက်သွားဖို့ အလျင်မလိုဘဲ ကျောက်တုံးတစ်တုံးပေါ်တွင်ထိုင်ကာ လျှို့ဝှက်စာအုပ်တစ်အုပ်ကို စတင်ဖတ်ရှုကြည့်လိုက်သည်။

ထိုစာအုပ်သည် အာဃာတကောင်းကင်လမ်းစဉ် ဟုခေါ်သော လျှို့ဝှက်စာအုပ်ဖြစ်၏။

အာဃာတကောင်းကင်နတ်ဓားသိုင်းသည် ထိုလမ်းစဉ်၏ အကိုင်းအခက်လေးတစ်ခုမျှသာ ဖြစ်သည်။ အာဃာတကောင်းကင်ဘိုးဘေးသည် ဓားကျင့်ကြံသူတစ်ယောက်ဖြစ်သောကြောင့် သူသည် အာဃာတကောင်းကင်နတ်ဓားသိုင်းကိုဖန်တီးခဲ့ခြင်း ဖြစ်၏။

အာဃာတကောင်းကင်လမ်းစဉ်ကို အာဃာတကောင်းကင်ဘိုးဘေး အသက် ၁၀၀၀ ခန့်က ပင်‌လယ်ရေအောက် တစ်နေရာက ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ပြောကြသည်မှာ ထိုအရာသည် ရှေးဟောင်းခေတ်က ရှေးဟောင်းဂိုဏ်းတစ်ဂိုဏ်း၏ အမွေအနှစ်ဟု ဆိုကြသည်။ သမုဒ္ဒရာကြီးက သေမျိုးကမ္ဘာကို ဖုံးလွှမ်းသွားသောအခါ ထိုအမွေအနှစ်များလည်း ပင်လယ်အောက်ရောက်ရှိသွားခဲ့ရခြင်း ဖြစ်သည်။

အာဃာတကောင်းကင်ဘိုးဘေးသည် ထိုလမ်းစဉ်ကို သုံးကာ သူ၏လက်ရှိ အနေအထားသို့ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ သူသည် အရင်ဆုံး အာဃာတကောင်းကင်နတ်ဓားသိုင်းကို ဖြန့်ဖြူးကာ ကျင့်ကြံသူများကို သူ၏ အာဃာတကောင်းကင်လမ်းစဉ်သို့ ၀င်ရောက်လာစေခဲ့သည်။ တကယ်တော့ အာဃာတကောင်းကင်နတ်ဓားသိုင်း၏ စွမ်းအားသည် သူ့ဆီက ချေးငှားထားခြင်း ဖြစ်သည်။ ထိုလုပ်ငန်းစဉ်က သူက ကျင့်ကြံသူများကို စွမ်းအားများထောက်ပံ့ပြီး ကျင့်ကြံသူများထံမှ ချီ ကံကြမ္မာနှင့် သက်တမ်းကို ပြန်လည်စုပ်ယူ၏။ ထို့ကြောင့် ထိုဓားသိုင်းကျင့်ကြံသူများသည် လျင်မြန်စွာ ကျင့်ကြံခြင်းတိုးတက်လာသော်လည်း လျင်မြန်စွာပင် သေဆုံးသွားကြရခြင်း ဖြစ်သည်။

မဟာယုမင်းဆက်မှ အာဃာတကောင်းကင်နတ်ဓားသိုင်းကို တီထွင်ခဲ့သူ ဆိုသည်မှာလည်း တကယ်ထွင်ခဲ့ခြင်းမဟုတ်ဘဲ အာဃာတကောင်းကင်ဘိုးဘေးက သူ့ဆီပေးခဲ့ခြင်း ဖြစ်သည်။

ထိုအကြောင်းဖတ်ပြီးသည့်နောက် ဤလမ်းစဉ်သည် အတော်လေး စွမ်းအားကြီးသည်ဟု ကုအန် ခံစားလိုက်ရသည်။ သို့သော် အပြစ်ကြီးမားကာ အားနည်းချက်လည်း ကြီးမားလှသည်။ ဥပမာအားဖြင့် အာဃာတကောင်းကင်ဘိုးဘေးသည်နေရောင်ထဲ မထွက်နိုင်ဘဲ ညအမှောင်ထဲ၌သာ လှုပ်ရှားနိုင်၏။ အချုပ်အနှောင်မဲ့အမတတစ်ပါး ဖြစ်နေတာတောင်မှ အကယ်၍သူသာ နေရောင်ထဲထွက်ခဲ့လျှင် စိတ်မိစ္ဆာများ ၀င်ရောက်လာနိုင်လေသည်။

ထို့နောက် ကုအန် ထိုစာအုပ်ကို သိုလှောင်အိတ်ထဲပစ်ထည့်လိုက်ပြီး အခြားစာအုပ်များကို ဖတ်ရှုလိုက်၏။

……

နှစ်ကုန်ချိန်တွင် မိစ္ဆာကပ်ဘေးသည် ပို၍ကြီးမားလာခဲ့ပြီး အဓိပတိဂိုဏ်းပင် အပြင်စည်းတပည့်များကို ဂိုဏ်းပတ်၀န်းကျင်တွင် ကင်းလှည့်ခိုင်းနေရပြီ ဖြစ်သည်။

ထိုနေ့တွင် ဆန်းကြယ်တောင်ကြားသို့ ကြောင်မိစ္ဆာတစ်ကောင်ရောက်လာကာ တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပြီး ကံကောင်းစွာဖြင့် ချူကျင့်ဖုန်း အချိန်မီရောက်လာကာ သူတို့ကို ကယ်တင်နိုင်ခဲ့၏။

ကုအန် တတိယတောင်ကြားမှ ပြန်ရောက်သောအခါတွင်မူ မိစ္ဆာကြောင်၏ အလောင်းကိုသာ တွေ့လိုက်ရလေသည်။

တပည့်များလည်း သူ့ဆီဝိုင်းလာကြပြီး မိစ္ဆာကပ်ဘေးအတွင်း ဆန်းကြယ်တောင်ကြားလည်း အန္တရာယ်ကြုံနိုင်ကြောင်း ဝိုင်းပြောခဲ့ကြ၏။

ကုအန် မတ်တပ်ရပ်လိုက်ကာ သူတို့ကို နှစ်သိမ့်ပေးလိုက်သည်။

“မ‌ေကြာက်ကြပါနဲ့ အဓိပတိဂိုဏ်းအကာအကွယ်နဲ့ဆို ဒီမှာ ဘာမှဖြစ်မှာ မဟုတ်ပါဘူး”

တပည့်များမှာတော့ သူ့ကိုမယုံခဲ့ကြပေ။ ယနေ့ထိုသို့ဖြစ်လျှင် နောက်နေ့ထိုထက်ဆိုးတာမဖြစ်ဘူးဟု မည်သူက အာမခံနိုင်မည်နည်း။

တပည့်များက စောဒကတက်ကြသောအခါ ကုအန်လည်း အပြင်စည်းဂိုဏ်းသို့ပြော၍ တောင်ကြားကို ကာကွယ်ရန် အခြေခံတည်ဆောက်ခြင်းအဆင့် တစ်ယောက် လွှတ်ခိုင်းလိုက်မည်ဟု ပြောလိုက်မှသာ တပည့်များ ပျော်ရွှင်သွားခဲ့ကြသည်။

ထိုစဉ် ကုအန်မြောက်အရပ်သို့ လှည့်ကြည့်လိုက်၏။ ထိုအရပ်တွင် မိစ္ဆာဘို‌းဘေး၏ အရှိန်အဝါမှာ တဖြည်းဖြည်းပိုမိုတည်ငြိမ်လာခဲ့ပြီး သူ့ပုံစံမှာ တောင်အရပ်သို့ အချိန်မရွေး ရောက်လာတော့မည့် ပုံပင်။

ကုအန် မိစ္ဆာဘိုးဘေးအပြင် အခြားအရှိန်အဝါတစ်ခုကိုလည်း သတိထားမိနေခဲ့၏။ ထိုအရှိန်အဝါမှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဆီမှ ထွက်လာသည်နှင့် မတူဘဲ ကုန်းမြေကြီးတစ်ခုက ထွက်ပေါ်လာသလို ကျယ်ပြန့်လှသည်။

ထိုအရာသည် ဟေးရန်မိစ္ဆာဘုရင်၏မှတ်ညဏ်များထဲမှ မကောင်းဆိုးဝါးမိစ္ဆာ ဖြစ်နိုင်ပေသည်။

ဒဏ္ဍာရီများအရ မကောင်းဆိုးဝါးမိစ္ဆာ၏ အစစ်အမှန်သွေးတစ်စက်ကို ရလျှင် ထိုအရာက မိစ္ဆာတစ်ကောင်ကို သူ၏ ဘိုးဘေးများ၏ပုံစံသို့ ပြောင်းလဲပေးနိုင်သည်ဟု ဆို၏။ ခေါင်းခြောက်လုံးပင်လယ်နဂါးသည် မကောင်းဆိုးဝါးမိစ္ဆာထံမှ သွေးတစ်စက်ရရှိထားသူ ဖြစ်သည်။

ထိုမကောင်းဆိုးဝါးမိစ္ဆာသည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက မွေးထားခြင်းဖြစ်သည်ဟု ကုအန် သံသယရှိ၏။

ကုအန် ထိုနေရာတွင် တခဏကြာရပ်နေပြီးမှသာ သူ့အိမ်ထဲ ၀င်သွားခဲ့လေသည်။

တစ်ချိန်တည်းမှာပင်

အဝေးရှိ မြောက်အရပ်၌

ကောင်းကင်တွင် မိစ္ဆာစွမ်းအင်များဖြင့် ပြည့်နှက်နေပြီး မိုးကြိုးလျှပ်စီးတန်းများက မိုးကြိုးနဂါးများနှယ် ကောင်းကင်တွင် လက်နေပြီး မိုးခြိမ်းသံကြီးများ ထွက်ပေါ်နေခဲ့သည်။

မြေပြင်တွင် သစ်ပင်များက ကျဲပါးစွာ ပေါက်နေခဲ့၏။ ထိုနေရာတွင် အရိုးများက သစ်ပင်များထက် မျိုးနေပြီး ငရဲ တစ်ခုလိုပင်။

ထိုဒေသ၏ မြောက်အရပ်သို့ သွားလေလေ အရိုးများက ပိုများ‌လာလေလေဖြစ်ပြီး အချို့နေရာများတွင် ဆိုလျှင် တောင်တစ်လုံးအရွယ် ရှေးဟောင်းမျိုးစိတ်များ၏ အရိုးများပင် ရှိနေခဲ့သည်။

အရိုးများ ထူထဲစွာရှိနေသော နေရာတွင် ကြီးမားလှသော ပလ္လင်ကြီးတစ်လုံးလည်း ရှိနေခဲ့၏။ ထိုပလ္လင်ကြီးသည် မြေပြန့်တစ်နေရာတွင် ရှိနေခြင်းဖြစ်ကာ သူ့ကိုယ်ထည်ကို အပြာရောင်ကျောက်တုံးများဖြင့် ပြုလုပ်ထားပြီး ပလ္လင်တွင် ရှေးဟောင်းမှော်သင်္ကေတများ ရေးဆွဲထားခဲ့သည်။ အရိုးချောင်းကြီးများက ပလ္လင်ကြီး၏ ပတ်ပတ်လည်တွင် အဝိုင်းပတ်သဏ္ဍာန်ရှိနေပြီး အပေါ်စီးမှ ကြည့်ပါက အဖြူရောင် လက်စွပ်တစ်ကွင်းလိုပင်။

ပလ္လင်၏အလယ်ဗဟိုတွင် အနက်ရောင်မျဉ်းရှစ်ကြောင်းက ချိန်းကြိုးများသဖွယ်ရှိနေပြီး ထိုအလယ်တွင် ပုံရိပ်တစ်ခု ထိုင်နေခဲ့သည်။

ထိုပုံရိပ်မှာ မိစ္ဆာဘိုးဘေးပင်။

မိစ္ဆာဘိုးဘေးသည် ခေါင်းခြောက်လုံးပင်လယ်နဂါးလောက်မကြီးဘဲ သူ့ပုံစံမှာ လူသားကျင့်ကြံသူနှင့် ပိုတူ၏။ သူသည် စုတ်ပြဲနေသော အ၀တ်များကို ၀တ်ဆင်ထားပြီး ဆံပင်များကို ဖားလျားချထားကာ သူ့လက်သည်းနက်များက ဓားများလို ချွန်ထက်နေခဲ့သည်။ သေချာကြည့်ပါ့က သူ့နှဖူးပေါ်တွင် ‌မျက်လုံးနောက်ထပ် နှစ်လုံးရှိနေသည်ကို မြင်နိုင်ပြီး ထိုမျက်လုံးများအားလုံးတွင် နီညိုရောင် မျက်ဆံများ ရှိနေခဲ့သည်။

သူသည် လက်ထဲတွင် ကျောက်ဓားကြီးတစ်ချောင်းကိုကိုင်ကာ ကစားနေခဲ့၏။

“ဗိုက်ဆာတယ်”

မိစ္ဆာဘိုးဘေးရုတ်တရက်ပြောလိုက်ပြီး သူ့အသံကြီးက ကျားများနဂါးများဟိန်းလိုက်သလို နားကွဲမတတ် ကျယ်လောင်လှသည်။

ထိုစဉ် မိုးကုတ်စက်ဝိုင်းမှ အတောင်နက်များနှင့်မိစ္ဆာတစ်ကောင် ပျံသန်းလာခဲ့သည်။ သူသည် ပလ္လင်ရှေ့ထိ လေထဲတွင် ပျံဝဲနေရင်း ကြောက်လန့်နေဟန်ဖြင့် ပြောလိုက်၏။

“မိစ္ဆာဘိုးဘေး မိုင်တစ်သန်းအတွင်းမှာရှိတဲ့ မိစ္ဆာတွေအားလုံးလည်း အရှင်စားလို့ကုန်သွားပါပြီ အရှင်မင်းကြီးကလည်း တောင်ဘက်ကိုစစ်ချီသွားပါတယ် အရှင့်အတွက်စားစရာမကျန်တော့ပါဘူး…”

သူ့အသံသည် တုန်ခါနေခဲ့ပြီး ကြောက်လန့်နေရာမှ မနည်းအားတင်းထားပုံပင်။

မိစ္ဆာဘိုးဘေးသူ့ကိုတစ်ချက်ကြည့်လိုက်ပြီး သူ့မျက်လုံးထဲ အေးစက်စက်အလင်းတစ်ချက် ဖြတ်ပြေးသွားကာ ငုံ့၍ ပြောလိုက်သည်။

“အကုန်ကုန်ပြီလို့ ဘယ်သူပြောလဲ”

မိစ္ဆာဘိုးဘေး၏ အသံကြီးသည်း ဟိန်းထွက်လာကာ သူ့အသံမှာ ‌ပျင်းရိနေသယောင်ပင်။

ထိုစကားကိုကြားသောအခါ ငှက်မိစ္ဆာ၏အမူအရာရုတ်ချည်းပြောင်းလဲသွားပြီး ချက်ချင်းမိုးကုတ်စက်ဝိုင်းဆီ ထွက်ပြေးကာ ပျောက်ကွယ်သွားခဲ့၏။

မိစ္ဆာဘိုးဘေး၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ့ရှေ့ရှ်ိအာကာသသည် ကွဲအက်သွားခဲ့သည်။

ရုတ်တရက် ငှက်မိစ္ဆာသည် သူ့ရှေ့ရှိ အာကာသထဲမှ ပေါ်လာခဲ့ပြီး မိစ္ဆာဘိုးဘေးလည်း ထိုငှက်၏ခေါင်းကိုကိုင်ကာ ပလ္လင်နံရံနှင့် ပြင်းထန်စွာ ရိုက်ပစ်လိုက်၏။

သွေးများပြန့်ကျဲသွားခဲ့ကာ မိစ္ဆာဘိုးဘေး၏ မျက်နှာတွင် ကြမ်းကြုတ်သည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ထို့နောက် သူ့ပါးစပ်ကို ဟလိုက်ကာ တိုက်ရိုက်ကိုက်ချပစ်လိုက်၏။

“အားးးး”

ငှက်မိစ္ဆာ၏ သွေးပျက်ဖွယ်အော်သံကြီး ထွက်ပေါ်လာခဲ့သည်။

မိစ္ဆာဘိုးဘေးသည် သူ့ကိုမသတ်ဘဲ အစိမ်းစားရန်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

အချိန်အတန်ကြာသွားခဲ့၏။

မိစ္ဆာဘိုးဘေးသူ့လက်မှ သွေးများကိုလျက်ရင်း တောင်ဘက်ကိုကြည့်နေခဲ့သည်။

“တောင်ပိုင်းကိုဦးတည်ဖို့ အချိန်ပဲ”

…..

နှစ်သစ်ကူးချိန် နွေဦးပွဲတော်သို့ ရောက်ရှိလာခဲ့သော်လည်း ယခုနှစ်သည် အရင်နှစ်များလောက် မစည်ကားသလို အသက်လည်းမ၀င်ခဲ့ပေ။

တစ်ညတွင် ကောင်းကင်ဖီးနစ်တောင် နျန်းချူဂူထဲ၌ ကုအန် ထျန်းယောင်အာနှင့် ပွဲတော်ကျင်းပနေခဲ့သည်။

ထျန်းယောင်အာ သိုးသားကင်ကိုစားနေရင်း ကုအန်ကို သူ့မွေးရာပါနတ်သိုင်းနှင့် မိစ္ဆာမအမျိုးမျိုးပုံပြောငးပြနေခဲ့သည်။

ကုအန်လည်း ရယ်မောကာ မမေးဘဲ မနေနိုင်တော့ပေ ။

“နင်ဘာလို့ မိစ္ဆာမပုံတွေပြောင်းနေတာလဲ”

“ကျွန်မသခင်ကြိုက်လားဆိုတာ သိချင်လို့ပါ”

ကုအန် မှတ်ချက်ပေးလိုက်သည်။

“သူတို့ထဲက ဘယ်သူမှ နင့်လောက်မလှဘူး အခုကစပြီး ပြောင်းတာရပ်လိုက်တော့”

ထိုစကားကိုကြားသောအခါ ထျန်းယောင်အာအပျော်လွန်သွားပြီး ကုအန်နားကပ်၍ သူ့လက်မောင်းကို ပြေးဖက်လိုက်လေသည်။

ထို့နောက် သူမမေးလိုက်၏။

“သခင်ကျွန်မကို အဖော်ပြုပေးဖို့ မိစ္ဆာမနည်းနည်းလောက် ဖမ်းလာပေးလို့ မရဘူးလား”

ကုအန်မေးလိုက်၏။ “နင်ကဘယ်လိုမိစ္ဆာမျိုး လိုချင်တာလဲ”

“မိစ္ဆာမပါပဲ ငယ်ရွယ်ပြီး ထိန်းချုပ်ရလွယ်မယ့်ဟာမျိုးပေါ့” ထျန်းယောင်အာ ဖြေလိုက်သည်။

ကုအန်လည်း တခဏစဉ်းစားကာ ခေါင်းညိတ်ပြလိုက်၏။

“နောက်မှ ငါတွေ့ရင်ဖမ်းလာပေးမယ် ငါဒီတိုင်းသာမန်ဆန်တာတွေလည်း ခေါ်မလာချင်ဘူး” ကုအန် ပြောလိုက်သည်။

ထျန်းယောင်အာ ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး

“သခင်က ကြင်နာတတ်တဲ့နှလုံးသားရှိပြီး မိစ္ဆာတွေကိုပဲ ကယ်တင်နေတာ သခင့်ရဲ့ရွေးချယ်တာခံရတဲ့မိစ္ဆာကတော့ ကံကောင်းတာပဲ”

“ကြင်နာတတ်တဲ့နှလုံးသားဆိုတာ ဘာကိုဆိုလိုတာလဲ ကျေးဇူးပြုပြီး စကားလုံးတွေမှားမသုံးစမ်းပါနဲ့”

“ဘာပဲဖြစ်ဖြစ် သခင်က အရမ်းကောင်းတယ်လေ ယောင်အာတွေ့ဖူးသမျှထဲ အကောင်းဆုံးပဲ”

“နင့်က ဘယ်နှစ်ယောက်တွေ့ဖူးလို့လဲ”

“အာ အဲ့တာကအရေးမကြီးပါဘူး သခင်ကအကောင်းဆုံးပဲ သခင်နဲ့တွေ့ရတာက ကျွန်မဘ၀ရဲ့ ကောင်းချီးအကြီးစားကြီးပဲ”

ထိုစဉ် ကုအန်မတ်တပ်ရပ်လိုက်ကာ ပြောလိုက်သည်။

“ဟုတ်ပါပြီ ဖြည်းဖြည်းစားနှင့် ငါသွားရဦးမယ်”

ထျန်းယောင်အာ အေးခဲသွားပြီး အမြန်မေးလိုက်၏။

“အစောကြီးလား သခင်ဘယ်သွားမလို့လဲ”

ကုအန် လေထဲတွင် ပျောက်ကွယ်သွားပြီး စကားတစ်ခွန်းသာ ချန်ထားခဲ့လိုက်သည်။

“အခြားအထီးကျန်မိစ္ဆာတစ်ကောင်ကို သွားစစ်ဆေးမလို့”

ထိုစကားကြောင့် ထျန်းယောင်အာ၏အပြုံး ရုတ်ချည်းအေးခဲသွားခဲ့လေသည်။

All Chapters