← Chapters

အခန်း (၁၈၉-၁၉၀)

Vol. 15 Ch. 189-190

အခန်း (၁၈၉-၁၉၀)

Vol. 15 Ch. 189-190

အပိုင်း(၁၈၉)

အမတလမ်းစဉ်၏စွမ်းအားကြီးရန်သူ၊ အဓိပတိဂိုဏ်း၏ အကြပ်အတည်း

ဂူထဲတွင်

ကျန်းပုကူ ကျောက်ပုဆိန်ကြီးကိုမြှောက်ကာ လေ့ကျင့်နေခဲ့ပြီး သူ့လှုပ်ရှားမှုများက အလွန်ကြမ်းတမ်းကာ ခြေကွက်များက ဆန်းကြယ်လှသောကြောင့် ပုံရိပ်ယောင်များပင် ထွက်နေခဲ့ကာ ဂူတစ်ခုလုံးတွင် သူ့ပုံရိပ်များဖြင့် ပြည့်နှက်နေခဲ့သည်။

ဂူထဲရောက်ကတည်းက သူထိုကောင်းကင်ပိုင်းဖြတ်နတ်ပုဆိန်သိုင်းကို ကျင့်နေခြင်းဖြစ်ပြီး အခုထိ တစ်ခါမှဂူပြင်သို့ မထွက်ရသေးပေ။

ကောင်းကင်ပိုင်းဖြတ်နတ်ပုဆိန်သိုင်းကြောင့် သူ့ချီသွေးများသည်ပင် ပို၍သန်မာလာကာ သူ့ကိုယ်ထဲရှိ အမြုတေနှင့်ပင် ပို၍ ပေါင်းစည်းနိုင်နေပြီ ဖြစ်သည်။

သို့သော်ကျန်းပုကူ လေ့ကျင့်နေရင်း ဂူထဲရှိ စာကလေးတစ်ကောင်ကိုတော့ သတိမပြုမိခဲ့ပေ။

ကျန်းပုကူ၏ လှုပ်ရှားမှုများကို ကြည့်ကာ ကုအန်စိတ်ကျေနပ်သွားခဲ့၏။

ဒီကလေးမှာ ပါရမီအချို့ရှိနေတာပဲ!

အနည်းဆုံးတော့ ထိုကောင်လေးသည် သူ့အားထုတ်မှုကို အလဟသ ဖြစ်မသွားစေခဲ့ပေ။

ကုအန် ကျန်းပုကူကိုယ်ထဲရှိ သွေးမျိုးဆက် ပြောင်းလဲနေမှုကိုလည်း ခံစားနေခဲ့ရ၏။ ထိုအရာသည် ခေါင်းခြောက်လုံးပင်လယ်နဂါးဆီသို့ ဦးတည်နေခြင်းမဟုတ်ဘဲ သူမမြင်ဖူးသော အခြားမျိုးဆက်တစ်ခု ဖြစ်သည်။

ကုအန် ရုတ်တရက် မကောင်းဆိုးဝါးမိစ္ဆာကို သတိရသွားခဲ့သည်။

ခေါင်းခြောက်လုံးပင်လယ်နဂါးသည် မကောင်းဆိုးဝါးမိစ္ဆာ၏ သွေးတစ်စက်ကြောင့် သူ့မူလဘိုးဘေးပုံစံသို့ ပြန်ရောက်သွားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ကျန်းပုကူ သည်လည်း သူ့မူလဘိုးဘေးပုံစံသို့ ပြန်ပြောင်းနေခြင်း ဖြစ်နိုင်ပါသလော။

တကယ်တော့ ကျန်းပုကူသည် တစ်ကောင်ကြွက်တော့ မဟုတ်ပေ။ သူ့တွင် မိခင်ရှိနေသေးသည်။ သို့သော်လည်း ကျန်းချွမ်းချူက ထိုအကြောင်းတစ်ခါမှ မပြောဖူးသောကြောင့် ကုအန်ပင် ကျန်းပုကူမိခင်ကို ရှာမပေးနိုင်ပေ။

ကျန်းပုကူ၏ မိခင်တွင် သာမန်မဟုတ်သောနောက်ခံရှိနေခြင်း ဖြစ်နိုင်ပါသလော။

ကုအန်ထိုသို့တွေးမိသော်လည်း ကြောက်ရွံ့ခြင်းတော့ မဖြစ်မိပေ။

ကောင်းကင်ပိုင်းဖြတ်နတ်ပုဆိန်သိုင်းကို တခဏလေ့ကျင့်ပြီးသောအခါ ကျန်းပုကူ ကုအန်ကို မြင်သွားခဲ့သည်။

“မင်းပဲ စာကလေးလေး မင်းနောက်ဆုံးတော့ရောက်လာပြီပေါ့ ဒါနဲ့ မင်းနဲ့ဒီဂူသခင်ကြားက ဆက်ဆံရေးက ဘာများလဲ”

ကျန်းပုကူ စိတ်လှုပ်ရှားစွာမေးလိုက်သည်။ သူကုအန်ကို ခြောက်မိသွားမှာစိုးသောကြောင့် အနားသို့ သိပ်ကပ်မလာခဲ့ပေ။

ကုအန် ခေါင်းယမ်းလိုက်ကာ ဘာမှပြန်မပြောခဲ့ပေ။

စာကလေးပုံစံပြောင်းထားသော ကုအန်က ဘာမှပြန်မပြောသည်ကို တွေ့လိုက်သောအခါ ကျန်းပုကူ စိတ်ပျက်မသွားဘဲ သူရရှိခဲ့သော အခွင့်အလမ်းကြီးအကြောင်းသာ ပြောပြနေခဲ့၏။

သူ့ရှေ့မှ စာကလေးကြောင့်သာမဟုတ်လျှင် သူထိုအရာကို ရခဲ့မည်မဟုတ်ပေ။ အကယ်၍ ထိုစာကလေးက အသိညဏ်မရှိဘဲ ဒီဂူနှင့်လည်းဆက်စပ်မှု ရှိမနေဘူးဆိုလျှင်တောင် သူစာကလေးကို ကျေးဇူးတင်မိနေဆဲပင်။

ကုအန်လည်း စိတ်ရှည်ရှည်နှင့် နားထောင်ပေးနေခဲ့၏။ လက်ရှိအချိန်တွင် ကျန်းပုကူသည် တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေခဲ့ပြီး သူ့အဆီအနှစ် ချီ စိတ်ဝိညဉ်အားလုံးက ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။

ကျန်းပုကူ ကိုယ်ထဲ၌ သူအန်းဟောင်၏ အရိပ်ကိုပင် တွေ့ခဲ့ရသည်။

ဤအရာသည် ပါရမီရှင်များသာ ပိုင်ဆိုင်ကြသော အရှိန်အဝါတစ်မျိုး ဖြစ်ပေသည်။

ကုအန် ရုတ်တရက် အန်းဟောင်နှင့် ကျန်းပုကူတို့ ငယ်ငယ်က တိုက်ခိုက်ဖူးတာကို တွေးမိသွားခဲ့၏။ ထိုအရာသည် အန်းဟောင်၏ အမတလမ်းစဉ်တွင် ပထမဆုံးအကြိမ်ရှုံးနိမ့်ဖူးခြင်း ဖြစ်ကာ အန်းဟောင်ထိုအရာကို အငြှိုးထားနေဦးမလားလို့ ကုအန် သိချင်နေမိသည်။

ကျန်းပုကူ ပြောပြီးသောအခါ ကုအန် သူ့ပါးစပ်ကိုဟလိုက်ကာ ပါးစပ်ထဲမှ ဟေးရန်မိစ္ဆာဘုရင်၏ အမြုတေကို ထွေးထုတ်ပေးလိုက်၏။

စာကလေး၏ ပါးစပ်ထဲမှ ပါးစပ်ထက် ဆယ်ဆလောက်ကြီးသော အမြုတေကြီးထွက်လာသောအခါ ကျန်းပုကူ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။

ထို့နောက် ကုအန်လည်း အတောင်ခတ်ကာ ဂူထဲမှ ပျံသန်းသွားခဲ့၏။

ကျန်းပုကူမှာတော့ မြေပေါ်ရှိ အမြုတေကိုကြည့်ရင်း အချိန်အတန်ကြာ ကြက်သေသေနေခဲ့လေသည်။

…..

နှစ်သစ်ကူးချိန်ကျော်လွန်သွားပြီး ဖြစ်သော်လည်း မင်းဆက်သုံးခုတွင် နွေဦးပွဲတော်မကျင်းပကြဘဲ ကုန်းမြေပေါ်တွင်လည်း မိစ္ဆာချီများ မိစ္ဆာမြူများက လွှမ်းမိုးနေဆဲပင်။

မဟာကျင်းမင်းဆက် တောင်ပိုင်းဒေသရှိ တောင်ကြားတစ်ခုထဲတွင် လူများထွက်ကာ၀င်ကာနှင့် အလုပ်ရှုပ်နေခဲ့ကြသည်။

ရွှမ်ထျန်းယီ သစ်ပင်တစ်ပင်အောက်တွင်ထိုင်နေပြီး သူ့ကိုယ်အပေါ်ပိုင်းတွင် အဖြူရောင်ပတ်တီးများ ပတ်ထားကာ လက်ထဲတွင် အရိုးတစ်ချောင်းကို ကိုင်ရင်း သေချာစူးစမ်းကြည့်နေခဲ့သည်။

ထိုစဉ် ကျိဟန်ထျန်း ရွှမ်ထျန်းယီနားကပ်လာပြီး ပြောလိုက်သည်။

“မိစ္ဆာဘိုးဘေးတောင်ပိုင်းကိုဆင်းလာတော့မယ်လို့ တာအိုဂိုဏ်းက တွက်ချက်ထားတယ် မင်းမှာ ယုံကြည်ချက်ရှိလား”

ရွှမ်ထျန်းယီ မထူးခြားဟန်ဖြင့် ဖြေလိုက်သည်။

“ဒါပေါ့ ကျွန်တော့်မှာ ကျွန်တော့်မှာယုံကြည်ချက်ရှိတယ် တကယ်လို့ ကျွန်တော်မနိုင်ရင်တောင် ဆရာသခင်ဓားအရှင်ရှ်ိသေးတာပဲ”

“တကယ်လို့ မိစ္ဆာဘိုးဘေးက ဆရာသခင်ဓားအရှင်ထက် ပိုသန်မာနေရင်ရော” ကျိဟန်ထျန်း စိတ်ပူနေဟန်ဖြင့် ပြောလိုက်သည်။

“ဒါဆိုလည်း အားလုံးအတူတူသေကြတာပေါ့ ဒီတိုက်ပွဲကြီးက လူသားမျိုးနွယ်ရှင်သန်ရေးအတွက် တိုက်ပွဲကြီးလို့ မတွေးစမ်းပါနဲ့ တကယ်တော့ ကျွန်တော်တို့သေသွားရင်တောင် ပင်လယ်ဟိုဘက်ကမ်းမှာ ပိုအင်အားကြီးတဲ့ လူသားအင်အားစုတွေ အများကြီးရှိသေးတယ်” ပြောပြှီးသည်နှင့် ရွှမ်ထျန်းယီ သူ့လက်ထဲရှိ အရိုးကိုသာသေချာကြည့်ရှုစစ်ဆေးနေခဲ့၏။

ကျိဟန်ထျန်း မမေးဘဲ မနေနိုင်တော့ပေ။

“မင်းဒါကြီးကိုနေ့တိုင်းစစ်ဆေးနေတာ ဒါရ ဘာများထူးခြားလို့လဲ”

ရွှမ်ထျန်းယီ ဖြေလိုက်သည်။ “ကျွန်တော့်မှော်သိုင်းတွေ အားကောင်းလွန်းတော့ မိစ္ဆာဘုရင်က ပြာပါကျသွားရတယ်ဗျ ဒါပေမယ့် ဒီအရိုးကတော့ဘာမှဖြစ်မသွားဘဲ ကျန်ခဲ့တယ် ဒီမှာ သာမန်မဟုတ်တာ တစ်ခုခုရှိနေမှာ သေချာတယ် မိစ္ဆာကပ်ဘေးကြီးရဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်မျိုးတောင် ဖြစ်နိုင်သေးတယ်”

ကျိဟန်ထျန်းပြန်ပြောရန်ပြင်လိုက်စဉ်တွင် မြောက်ဘက်မှ လေပြင်းများတိုက်ခတ်လာ၍ လူတိုင်း ကြက်သီးထသွားခဲ့ကြသည်။

ရွှမ်ထျန်းယီလည်း အရိုးကိုချကာ လှည့်ကြည့်လိုက်ပြီး မျက်မှောင်ကြုံ့သွားခဲ့၏။

“ဒီလိုအားကောင်းတဲ့ မိစ္ဆာချီတွေ…ဖြစ်နိုင်တာက…”

ကျိဟန်ထျန်း အမူအရာရုတ်ချည်းပြောင်းလဲသွားကာ ခပ်တိုးတိုးရေရွတ်လိုက်သည်။

သူ့လို တစ်သားတည်းဖြစ်ခြင်းအဆင့်တစ်ယောက်အတွက်ပင် ထိုမျှကြောက်စရာကောင်းနေလျှင် တောင်ကြားရှိ အခြားလူများအတွက်တော့ ပြောစရာမလိုတော့ပေ။

“ဒီလိုကြောက်စရာကောင်းတဲ့ မိစ္ဆာချီတွေ သူ့ကြောင့်ကောင်းကင်ကြီး ပြိုကွဲသွားတော့မလိုတောင် ခံစားလိုက်ရတယ်….”

“အဲ့တာက မိစ္ဆာဧကရာဇ်လား”

“မဟုတ်ဘူး ငါအရင်က မိစ္ဆာဧကရာဇ်ရဲ့အရှိန်အဝါကို အာရုံခံမိဖူးတယ် အခုဟာက သူ့ထက်အများကြီးကျော်လွန်နေတယ် ဒါက ဒဏ္ဍာရီလာ မိစ္ဆာဘိုးဘေးပဲ ဖြစ်ရမယ်”

“ဒီမိစ္ဆာချီတွေက အဲ့လောက်ကြောက်စရာကောင်းနေတာ ဒဏ္ဍာရီတွေကမှန်နေတာပဲ မိစ္ဆာတစ်သောင်းတို့ရဲ့ဘိုးဘေး!”

“ငါတို့ဘာလုပ်သင့်လဲ ငါတို့ပြန်တိုက်သင့်လား ဒီလိုမိစ္ဆာချီမျိုးနဲ့ကတော့ နိုင်ဖို့ ဘာမျှော်လင့်ချက်မှ မမြင်မိဘူး”

တောင်ကြားထဲမှ ကျင့်ကြံသူများအားလုံးသည် ဤနှစ်များအတွင်း တိုက်ပွဲများစွာ တိုက်ခဲ့ကြသူများဖြစ်ပြီး မဟာယနအဆင့်များနှင့်ပင် ရင်ဆိုင်ဖူးသူများ ဖြစ်ကြသည်။ သူတို့၏ တာအိုနှလုံးသားများမှာလည်း အတော်လေးမာကျောကြ၏။ သို့သော် ယခုတော့ သူတို့လို လူများပင် စိတ်ဓာတ်ကျနေခဲ့လေပြီ။

ထိုစဉ် ရွှမ်ထျန်းယီ လေထုထဲ ပျောက်ကွယ်သွားခဲ့သည်။

ကျိဟန်ထျန်းလည်း နောက်လှည့်ကာ တပည့်များကို တိုက်ပွဲအတွက် အသင့်ပြင်ထားဖို့ ညွှန်ကြားလိုက်လေသည်။

အဝေးတစ်နေရာတွင် ကုအန် တတိယတောင်ကြား၌ ရပ်နေရင်း မြောက်အရပ်သို့မကြည့်ဘဲ ကောင်းကင်ကို မော့ကြည့်နေခဲ့၏။

ကောင်းကင်သည် ပြာလဲ့နေသော်လည်း တိမ်ဖြူများကတော့ ပြိုကွဲနေခဲ့သည်။

“ဆရာ ဘာဖြစ်လို့လဲ”

ကုအန်ဘေးရှိ ဆေးမျိုးစေ့များ ရေတွက်နေသော အန်းရှင်း မေးလိုက်ရာ အခြားတပည့်များလည်း ကုအန်ကို သတိထားမိသွားကြ၏။

ကုအန် ပြောလိုက်သည်။

“ကောင်းကင်ပေါ်မှာ တိမ်တွေ ပြိုကွဲနေတယ်”

ထိုစကားကြောင့် လူတိုင်းကောင်းကင်ပေါ် မော့ကြည့်လိုက်ကြပြီး ခဏအကြာတွင် သူတို့လည်း သံသယဖြစ်လာကြသည်။

တိမ်များသည် ပြိုကွဲသွားပြီးနောက် ပျောက်ကွယ်သွားကြခြင်းမဟုတ်ဘဲ အ၀တ်အပိုင်းအစများကို စုထားသလို အချင်းချင်းတိုးဝှေ့နေကြခြင်း ဖြစ်သည်။ ထို့အပြင် ထူးဆန်းစွာဖြင့် ကမ္ဘာကြီးသည် ပိုးမွှားသံပင်မကြားရအောင် တိတ်ဆိတ်နေတာကို လူတိုင်း သတိထားမိသွားကြသည်။

“ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ အဲ့တာက…”

ကုအန် ကောင်းကင်ပေါ်ကြည့်နေရင်း တိတ်တဆိတ်တွေးနေမိသည်။

ဆန်းကြယ်သောစွမ်းအားတစ်ခု အဓိပတိဂိုဏ်းအထက်တွင် မတည်မငြိမ်ဖြစ်နေပြီး စွမ်းအားက ဂိုဏ်းတစ်ခုလုံးကို ဖုံးလွှမ်းထားတာကို ကုအန် မြင်နေရသည်။

ထိုစွမ်းအားသည် နိဗာနအဆင့်ထက်ပင် ကျော်လွန်နေသောကြောင့် ဂိုဏ်းသားများ ဘယ်သူမှ သတိမထားမိခဲ့ကြပေ။

မိစ္ဆာဘိုးဘေးတောင်ပိုင်းသို့ ဆင်းလာချိန်တွင် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက နောက်ထပ် အချုပ်အနှောင်မဲ့ အမတတစ်ပါးကို လွှတ်လိုက်လေပြီ။

ကြည့်ရသည်မှာ သူတို့သည် ဆရာသခင်ဓားအရှင်ကို ထိန်းထားချင်ပုံပေါ်သည်။

သူတို့သည် ဆရာသခင်ဓားအရှင်က မိစ္ဆာဘိုးဘေးကို ၀င်တားမှာကို ကြောက်ရွံ့နေခြင်းပေလော။

ကုအန်၏ အကြည့်အောက်တွင် ပြိုကွဲနေသော တိမ်များမှာ တဖြည်းဖြည်းနှင့် အစီအရင်ပုံသဏ္ဍာန်တစ်ခုပံုပေါ်လာခဲ့သည်။ ထို့ကြောင့် ဂိုဏ်းရှိတပည့်များအားလုံး ပို၍စိတ်၀င်စားလာခဲ့ကြ၏။

ထိုစဉ် လုလင်ကျွမ်းကုအန်ဘေးတွင် ပေါ်လာပြီး လေးလေးနက်နက်ပြောလ်ုက်သည်။

“ပြဿနာက လာနေပြီ နင်ဒီကနေဘယ်မှ ထွက်မပြေးတာ ပိုကောင်းလိမ့်မယ်”

ပြောပြီးသည်နှင့် သူမကောင်းကင်ဆီ ခုန်တက်သွားခဲ့၏။

သူမတင်မဟုတ်ဘဲ အဓိပတိဂိုဏ်းရှိ တစ်သားတည်းအဆင့်များအားလုံး ခုန်တက်သွားကြခြင်း ဖြစ်သည်။

ထို့နောက် လုလင်ကျွမ်း ရတနာဓားတစ်လက်ကိုထုတ်ကာ ကောင်းကင်ဆီ ခုတ်ပိုင်းလိုက်ပြီး ဓားသွားက သက်တန့်တစ်စင်းနှယ် ကောင်းကင်ဆီ ပြေး၀င်သွားခဲ့သည်။

ဝုနး်ကနဲ အသံနှင့်အတူ!

ကောင်းကင်ရှိ အစီအရင်ပုံမှ ရွှေရောင်အလင်းများ ဖြာထွက်လာခဲ့၏။ အဆုံးမဲ့သော ဖိအားများ ကောင်းကင်မှဆင်းသက်လာခဲ့ရာ အံ့အားသင့်နေသော လုလင်ကျွမ်းပင် ကြောက်ရွံ့သွားခဲ့သည်။

ထိုဖိအားက အခြားတစ်သားတည်းဖြစ်ခြင်းအဆင့်များ အားလုံးကိုလည်း မလှုပ်နိုင်အောင် ချုပ်ထားခဲ့၏။

ကောင်းကင်ရှိ တစ်စစီပြန့်ကျဲနေသော တိမ်တိုက်များမှ ရွှေရောင်အလင်းများ ထွက်ပေါ်လာပြီး ရွှေရောင်မျဉ်းများနှင့် ရွှေစာလုံးများအဖြစ် သိပ်သည်းသွားပြီး အလင်းများ တောက်နေခဲ့သည်။

အန်းရှင်းလည်း မျက်လုံးအပြူးသားနှင့် ထိုမြင်ကွင်းကို ကြည့်နေခဲ့၏။

အပြင်စည်းမြို့ ကောင်းကင်ပြုပြင်စင်ထက်တွင်

ဓားညဏ်အလင်းရှာဖွေနေကြသော လူများ မတ်တပ်ရပ်ကာ ကောင်းကင်ကိုမော့ကြည့်ရင်း သူတို့ကိုယ်များ တုန်ခါနေခဲ့သည်။

“ဒါဘာကြီးလဲ….”

ကျိယိကျင်း ကောင်းကင်ပိုင်းဖြတ်ပုဆိန်နားတွင်ရပ်ကာ မော့ကြည့်ရင်း ခက်ခက်ခဲခဲမေးလိုက်၏။

ဘယ်သူမှ သူ့မေးခွန်းကို မဖြေကြပေ။ လူတိုင်းက နတ်ဘုရားများဆင်းသက်လာသလို ဖြစ်နေသော ကောင်းကင်ကိုသာ မော့ကြည့်နေခဲ့ကြသည်။

လူတိုင်း၏ အကြည့်အောက်တွင် ရွှေရောင်အစီအရင်ထဲ၌ အလွန်ကြီးမားသော မျက်နှာကြီးတစ်ခု သိပ်သည်းလာခဲ့၏။ ထိုမျက်နှာကြီးသည် အရိပ်အယောင်ခန့်သာ ပေါ်လာခြင်းဖြစ်ပြီး သူ့မျက်နှာကို မှန်းဆ၍မရသလို အမျိုးသားလား အမျိုးသမီးဆိုတာလည်း မသိနိုင်ခဲ့ပေ။

ထို့နောက်တွင်တော့ ဂိုဏ်းသားများတစ်ယောက်ပြီးတစ်ယောက် ခြေထောက်များ တုန်ခါလာပြီး ဒူးထောက်လိုက်ကြလေသည်။ ထိုအရာမှာ မမြင်နိုင်သော ဖိအားကြီးတစ်ခုက သူတို့ခေါင်းများကို ဖိလိုက်ကြသည်နှင့် တူပြီး သူတို့ထိုပုံရိပ်ကြီးကို တည့်တည့် ကြည့်၍ မရကြတော့ပေ။

အတွင်းစည်းမြို့ စံအိမ်တစ်လုံးထဲရှိ ကျိရှောင်ယု ထိုမြင်ကွင်းိကုကြည့်ကာ မျက်မှောင်ကြုံ့သွားခဲ့လေသည်။

သူထိုအစီအရင်ကြီးကို မသိသော်လည်း သူ့မသိစိတ်က ထိုအရာသည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေနဲ့ ပတ်သက်လိမ့်မည်ဟု အသိပေးနေခဲ့သည်။

“ဘယ်စီနီယာများ ရောက်လာလဲဆိုတာ သိပါရစေ ကမ္ဘာကြီးတစ်ခုလုံး မိစ္ဆာကပ်ဘေးနဲ့ ရင်ဆိုင်နေရချိန် ဒီကစီနီယာက ဘာကြောင့် အဓိပတိဂိုဏ်းကို ဖိနှိပ်ချင်ရတာလဲ”

အမျိုးသမီးအသံတစ်သံထွက်ပေါ်လာခဲ့ပြီး ထိုအသံသည် အဓိပတိဂိုဏ်း၏ အဓိပတိအကြီးအကဲ နတ်သမီးစုရှင်းအသံဖြစ်သည်။ သူမသည် ရှေ့တန်းတွင် ဒဏ်ရာရလာခဲ့၍ ဂိုဏ်းသို့ပြန်၍ ကုသနေခြင်း ဖြစ်၏။

သူမ၏ ကျင့်ကြံခြင်းမှာလည်း လုလင်ကျွမ်းထက် အများကြီး မြင့်မနေပေ။ ထို့ကြောင့် သူတို့အားလုံးပေါင်း၍ ထိုဖိအားကြီးကို အနည်းငယ်လျော့သွားအောင် ပြုလုပ်ရုံသာ တတ်နိုင်ခဲ့သည်။

ရွှေအစီအရင်ထဲရှိ မျက်နှာကြီးသည် ဘာမှ မတုန့်ပြန်ခဲ့ပေ။ သူ့ကြည့်ရသည်မှာ တစ်ခုခုကို ရှာနေသလိုပင်။

ရုတ်တရက်

ရွှေအစီအရင်မှ ရွှေအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး အပြင်စည်းမြို့ဆီ ပစ်လွှတ်လိုက်လေသည်။ လူတိုင်း၏ မျက်စိအောက်တွင် ရွှေအလင်းတန်းကြီးမှာ ကောင်းကင်ဘုံဧ။်လက်ကြီးတစ်ဖက်ကဲ့သို့ ကြောက်မက်ဖွယ်အင်အားကို သယ်ဆောင်ကာ အပြင်စည်းမြို့ဆီ ပြေး၀င်သွားခဲ့သည်။

သူ့ဦးတည်ချက်မှာ ကောင်းကင်ပြုပြင်စင်မြင့်သာ ဖြစ်၏။

ကောင်းကင်ပိုင်းဖြတ်ပုဆိန်ဘေးတွင်ရပ်နေသော ကျိုးယိကျင်းအမူအရာ ရုတ်ချည်းပြောင်းလဲသွားခဲ့ရသည်။ သူလည်း ဖိအားကိုခံနေရခြင်းဖြစ်ပြီး ဒူးတစ်ဖက်ထောက်ကျနေကာ မလှုပ်နိုင်ခဲ့ပေ။

နားကွဲလုမတတ် အသံကြီးနှင့်အတူ

ကောင်းကင်ပိုင်းဖြတ်ပုဆိန် တုန်ခါသွားခဲ့ပြီး ကြောက်မက်ဖွယ်ဓားဆန္ဒက ကောင်းကင်ပေါ်ထိုးတက်သွားခဲ့ကာ ရွှေလက်ကြီးကို ရပ်တန့်လိုက်လေသည်။

“အမတလမ်းစဉ်အဆင့်မှာရှိနေပြီး ဘာလို့ သေမျိုးဂိုဏ်းတွေကြားထဲမှာ ပုန်းအောင်းနေတာလဲ”

အေးစက်စက်အသံကြီးတစ်သံ အဓိပတိဂိုဏ်းတွင် ဟိန်းထွက်လာခဲ့ပြီး လူတိုင်း ရှင်းရှင်းလင်းလင်း ကြားလိုက်ကြရ၏။

အမတလမ်းစဉ်အဆင့်!

သူတို့ရုတ်ချည်း တစ်ယောက်ယောက်ကို တွေးမိသွားကြသည်။

ဆရာသခင်ဓားအရှင်!

ဆရာသခင်ဓားအရှင်တစ်ယောက်သာ အမတလမ်းစဉ်အဆင့်ကို ပိုင်ဆိုင်နိုင်ပေသည်။

ကုအန်နှင့်အန်းရှင်းလည်း အခြားသူများလို မြေပြင်တွင် ဒူးထောက်နေခဲ့ရသည်။ သို့သော် အခြားသူများနှင့် မတူသည်မှာ ကုအန်သည် သူ့လက်နှစ်ဖက်ဖြင့် မြေကို ထောက်ကာ အားယူထားခြင်း ဖြစ်သည်။

“မင်းကမဖြေဘူးဆိုမှတော့ ဒီဂိုဏ်းကို ဖုန်မှုန့်အဖြစ်ပြောင်းလဲပစ်ရတာပေါ့”

အေးစက်စက်အသံကြီးသည် ကောင်းကင်ဘုံနတ်ဘုရားတစ်ပါး၏ အမိန့်တော် သက်ရှိများပေါ် ကျရောက်လာသလို ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက် ကြောက်မက်ဖွယ်ဖိအားက တိုးလာခဲ့ပြီး အဓိပတိဂိုဏ်းမြေပြင်ပင် တုန်ခါလာခဲ့သည်။

ကုအန် ခေါင်းငုံ့ထားရင်း မျက်လုံးထောင့်မှ အန်းရှင်း ရှောင်ချွမ်နှင့် အခြားသူများ၏ ဆိုးဝါးလှသည့် အခြေအနေကို မြင်လိုက်ရသည်။

လူတိုင်းသည် နှလုံးသားထဲအကြောက်တရားများဖြင့် ပြည့်နေပြီး ဘေးဘီကိုပင် မကြည့်နိုင်ကြတော့ပေ။

ကုအန် သက်ပြင်းတစ်ချက် ချလိုက်မိ၏။

ဘာလို့လူတိုင်းက သေလမ်းလာရှာနေကြတာလဲကွာ!

အပိုင်း(၁၉၀)

ဆရာသခင်ဓားအရှင်က ဘယ်အဆင့်များလဲ

ကုအန် လက်ထောက်ထားသော မြေကြီးထဲသို့ လင်းရှီများ ထည့်လိုက်ရာ ဒြပ်ငါးမျိုးစိတ်ဝိညဉ်စွမ်းအင်များသည် သူ့လင်းချီများနောက်မှ‌လိုက်၍ ကောင်းကင်ပြုပြင်စင်မြင့်ဆီ ဦးတည်သွားခဲ့ကြလေသည်။

ကောင်းကင်ပြုပြင်စင်မြင့်ထက်တွင် ဒူးထောက်ကျနေသော တပည့်များအားလုံး မြေကြီးထဲမှ ဒြပ်ငါးမျိုးစိတ်ဝိညဉ်စွမ်းအင်များ လှုပ်ရှားနေသည်ကို ခံစားမိနေပြီး ထိုစွမ်းအင်များ ဦးတည်ရာကို မျက်လုံးထောင့်ကပ်၍ ကြည့်နေခဲ့ကြ၏။

ကောင်းကင်ပိုင်းဖြတ်ပုဆိန်!

ကောင်းကင်ပိုင်းဖြတ်ပုဆိန်ဘေးတွင် ဒူးထောက်နေရသောကျိုးယိကျင်းမှာ ထိုမြင်ကွင်းကို ပို၍ ရှင်းလင်းစွာမြင်နေရပြီး သူ့ရင်ထဲ စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာခဲ့လေသည်။

အကြီးအကဲက လှုပ်ရှားတော့မယ်!

သဘာ၀စိတ်ဝိညဉ်စွမ်းအင်များသည် ကောင်းကင်ပိုင်းဖြတ်ပုဆိန်ဘေးတွင် စုဝေးသွားပြီး လေပွေ၀ဲဂယက်တစ်ခုဖြစ်ပေါ်လာကာ ခရမ်းနက်ရောင်ပုံရိပ်တစ်ခုကို ဖွဲ့တည်ပေးခဲ့သည်။

ထိုအရာမှာ ကုအန်၏ အစွန်းကိုးပါးယင်ယန်ခန္ဓာမှလွဲ၍ အခြားမဟုတ်ပေ။

ရွှေအလင်းရောင်များအောက်တွင် ခရမ်းနက်ရောင် အစွန်းကိုးပါး ယင်ယန်ခန္ဓာသည် အတော်လေ းလွှမ်းမိုးမှု ရှိနေခဲ့ပြီး လူတိုင်းရင်ထဲ စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာခဲ့၏။

ဆရာသခင်ဓားအရှင်ပေါ်လာပြီ!

ထိုစဉ် ရွှေအလင်းအစီအရင်ထဲရှိ မျက်နှာကြီးသည် ခရမ်းနက်ရောင်ပုံရိပ်ကိုကြည့်ရှုနေခဲ့ပြီး ထို့နောက်တွင်တော့ ကောင်းကင်ထက်မှ ရွှေရောင်အလင်းတန်းများ ပစ်လွှတ်လိုက်လေတော့သည်။ ဤတစ်ကြိမ်တွင်တော့ ရွှေအလင်းတန်းများသည် ကောင်းကင်အပြည့် ကောင်းကင်ပြုပြင်စင်မြင့်ဆီ ဦးတည်နေခဲ့ခြင်း ဖြစ်ပေသည်။

ကျိုးယိကျင်း၏ အနီးကပ်ကြည့်ရှုနေမှုအောက်မှာပင် ခရမ်းနက်ရောင်ပုံရိပ်သည် ကောင်းကင်ပိုင်းဖြတ်ပုဆိန်၏ အရိုးကို ကိုင်လိုက်လေသည်။

အဓိပတိဂိုဏ်းမှ ဘယ်သူမှ မမနိုင်သည့် ပုဆိန်သည် ဆရာသခင်ဓားအရှင်၏လက်ထဲတွင်တော့ မည်သည့်အလေးချိန်မှ ရှိမနေသလိုပင်။

အစွန်းကိုးပါးခန္ဓာခန္ဓာဖြင့် နတ်ပုဆိန်ကိုဆွဲကာ ကောင်းကင်အပြည့်ရွှေရောင်အလင်းတန်းများကို ရင်ဆိုင်နေသည့် ကုအန်၏ ပုံရိပ်မှာ စင်မြင့်ထက်တွင် အတော်လေး ထင်ပေါ်နေခဲ့လေသည်။

ထိုအချိန်တွင် ကောင်းကင်ပြုပြင်စင်မြင့်ထက်ရှိ တပည့်များလည်း သူတို့အပေါ်က ဖိအားလျော့သွားသောကြောင့် ကောင်းကင်ကို မော့ကြည့်နိုင်သွားကြ၏။

ဘာကြောင့်မှန်းမသိသော်လည်း ဆရာသခင်ဓားအရှင်က ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကို ကိုင်ဆွဲလိုက်ရုံနှင့် သူတို့ရင်ထဲရှိ အကြောက်တရားများ အလိုလိုပျောက်ကွယ်သွားခဲ့ရသည်။

ထိုအခိုက်တွင် အချိန်ပင် နှေးကွေးသွားသလိုပင်။

ကျိုးယိကျင်း၏ မျက်လုံးထဲတွင်လည်း လေးစားကြည်ညိုသည့်အကြည့်များ ရှိနေခဲ့ပြီး သူသည် အစွန်းကိုးပါးယင်ယန်ခန္ဓာကို ကိုးကွယ်နေသလို ဒူးထောက်ထားဆဲပင်။

ခရမ်းနက်ရောင်ပုံရိပ်က ပုဆိန်ကိုညာလက်ဖြင့် ကိုင်ထားခြင်းဖြစ်သော်လည်း ညာလက်မှ ဘယ်လက်ဆီသို့ ပစ်ပေးလိုက်ပြီး ရုတ်တရက် ‌ပုဆိန်သွားကို မြှောက်လိုက်လေတော့သည်။

ကောင်းကင်ဘုံကို ပုဆိန်ဖြင့် ပိုင်းဖြတ်ခြင်း!

တစ်ချက်တည်းနှင့်ပင် ချက်ချင်းဆိုသလို ကမ္ဘာကြီးတစ်ခုလုံး အရောင်အဆင်းမဲ့သွားခဲ့ရသည်။

ကောင်းကင်ထက်တွင် လည်ပတ်နေသော ရွှေအလင်းအစီအရင်ကြီးလည်း ပုဆိန်ချက်၏ နှစ်ခြမ်းခြမ်းခြင်းကို ခံလိုက်ရပြီး အစီအရင်ထဲရှိ မျက်နှာကြီးလည်း နှစ်ပိုင်းပိုင်းခံလိုက်ရကာ ကောင်းကင်တွင် ထင်ရှားသော အာကာသအက်ကြောင်းကြီးပင် ဖြစ်ပေါ်သွားခဲ့၏

ကြည့်ရှုနေသူတို့၏ မျက်လုံးများထဲတွင်လည်း မယုံနိုင်မှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။

“ကောင်းကင်ပိုင်းဖြတ်နတ်ပုဆိန်သိုင်းကို ဒီအဆင့်ထိရောက်အောင် ကျင့်နုိင်ထားတာ မင်းကဘယ်သူလဲ”

ဆန်းကြယ်သောအေးစက်စက်အသံကြီး ထပ်မံထွက်ပေါ်လာခဲ့ပြီး ဤတစ်ကြိမ်တွင်တော့ အသံကြီးသည် ကြောက်လန့်နေကာ အရင်လို တည်ငြိမ်မှုများ ရှိမနေတော့ပေ။

ဝုန်းးး

ကောင်းကင်ထက်ရှိ နှစ်ပိုင်းပိုင်းခံထားရသော ရွှေအလင်းအစီအရင် ပေါက်ကွဲထွက်သွားကာ ကြောက်မက်ဖွယ်လေပြင်းများက ကောင်းကင်နှင့်မြေပြင်ရှိ အရာအားလုံးကို ဖျက်ဆီး‌ပစ်တော့မလို တိုက်ခတ်လာခဲ့လေသည်။

တတိယတောင်ကြားရှိ တပည့်များအားလုံး လေပြင်းကြောင့် လွင့်ထွက်သွားခဲ့ကာ ကုအန်၏ ကိုယ်အစစ်လည်း လွင့်ထွက်သွားချိန်တွင် တောင်ကြားရှိ အကာအကွယ်၀င်္ကပါများက အလိုလို အသက်၀င်လာခဲ့၏။

တောင်ကြားအပြင်ဘက်တွင်တော့ လေမှာပိုတောင်ကြမ်းနေပြီး သစ်ပင်များ အမြစ်မှ ကျွတ်ထွက်လာတော့မလိုပင်။

ဆန်းကြယ်တောင်ကြားတွင်လည်း ထို့အတူပင်။

ဘာဖြစ်မှန်း သေချာမမြင်လိုက်ရသော်လည်း ဂိုဏ်းတစ်ခုလုံးရှိ လူတိုင်းထိုရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်သွားသည်ကို မြင်လိုက်ကြရ၏။ သေချာသည်မှာ တစ်ယောက်ယောက်လိုက်က လှုပ်ရှားသွားလေပြီ။

ကျိရှောင်ယု တံစက်မြိတ်အောက်တွင်ရပ်နေရင်း လေပြင်းများကို စိတ်ဝိညဉ်စွမ်းအားသုံး၍ ခုခံထားရင်းအဝေးသို့ တုန်လှုပ်နေသော အကြည့်ဖြငိ့ ကြည့်နေခဲ့သည်။

ကောင်းကင်တွင် ရွှေရောင်အလင်းတန်းများက ပြန့်ကျဲနေပြီး ရွှေကောင်းကင်ကြီး စုတ်ပြဲနေသလိုပင်။

“ကောင်းကင်ပိုင်းဖြတ် နတ်ပုဆိန်…”

ကျိရှောင်ယု ခပ်တိုးတိုးရေရွတ်လိုက်ပြီး သူ့အကြည့်က ကောင်းကင်ဆီ ရောက်နေခဲ့သည်။

ထိုသိုင်းသည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ၏ အမွေအနှစ်ကြီး ၉ခုထဲမှ တစ်ခုဖြစ်မှန်း သူသိပြီး ထိုသိုင်းကြောင့်လည်း ဆရာသခင်ဓားအရှင်နှင့်ဘိုးဘေးရွှမ်ထျန်းက ပတ်သက်မှုရှိရမည်ဟု သူထင်ခဲ့ခြင်း ဖြစ်သည်။

ဆန်းကြယ်သောကျင့်ကြံသူ၏စကားအရ ဆရာသခင်ဓားအရှင်က ထိုသိုင်းကို ကျွမ်းကျင်စွာပင် တတ်မြောက်နေခဲ့၏။

ဆရာသခင်ဓားအရှင် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကို မုန်းတီးနေရခြင်းမှာ သူသည်လည်း ထိုနေရာမှ လူတစ်ယောက်ဖြစ်ခဲ့၍ ဖြစ်နိုင်ပါသလော။

ကျိရှောင်ယု အတွေးလွန်နေခဲ့သည်။

လေပြင်းများမှာ အချိန်အတန်ကြာထိ တိုက်ခိုက်နေခဲ့၏။

ကျိုးယိကျင်း ခက်ခက်ခဲခဲမျက်လုံးဖွင့်လိုက်ချိန်တွင် ဆရာသခင်ဓားအရှင်သည် ပုဆိန်ကို သူ့နေရာတွင်ပြန်ထားကာ သူ့ဆီသို့လျှောက်လာခဲ့ပြီး သူ့ပုခုံးကို အသာအယာပုတ်သွားခဲ့လေသည်။

ရုတ်တရက် သူအေးခဲသွားပြီး နှလုံးသားထဲတွင်အပျော်များဖြင့် ပြည့်နှက်သွားခဲ့ပြီး သူ့စိတ်ပင် ဗလာဖြစ်သွားခဲ့ရသည်။

သူထပ်မတွေးနိုင်ခင်မှာပဲ ဆရာသခင်ဓားအရှင်သည် လေထဲတွင် ပျောက်ကွယ်သွားလေတော့သည်။

“ငါတို့ ကယ်တင်ခံရပြီ!”

“ခုနကရောက်လာတဲ့လူက သူ့ကိုယ်သူ အမတလမ်းစဉ်အဆင့်လို့ပြောတယ် အဲ့တာတောင် ဆရာသခင်ဓားအရှင်ကတစ်ချက်တည်းသတ်သွားတာကို ခံလိုက်ရသေးတယ်နော်”

“ဟုတ်တယ် သူသေသွားတာဖြစ်နိုင်တယ် မဟုတ်ရင် သူ့ဘာလို့ အသံဆက်ထွက်မလာတော့တာလဲ”

“ငါတို့အဓိပတိဂိုဏ်းကို‌ေတာင် တစ်ယောက်တည်း‌လာသောင်းကျန်းရဲတယ် အဲ့ဒီလူကဘယ်သူများလဲ တော်သေးတာပေါ့ ငါတို့မှာ ဆရာသခင်ဓားအရှင်ရှိနေလို့”

“မင်းမကြားဘူးလား ဆရာသခင်ဓားအရှင်ကလည်း အမတလမ်းစဉ်အဆင့်ပဲတဲ့လေ ပြောကြတာတော့ မဟာယနအဆင့်ဆိုတာ အမတလမ်းစဉ်ရဲ့ အစွန်အဖျားတောင် မဟုတ်ဘူးတဲ့”

နားကွဲလုမတတ်အသံများ အပြင်စည်းမြို့တွင်ထွက်ပေါ်နေခဲ့၏။

လုလင်ကျွမ်းနှင့် နတ်သမီးစုရှင်းတို့ လေထဲတွင်ရပ်နေကြရင်း မင်သက်နေခဲ့ကြသည်။

ဆရာသခင်ဓားအရှင်ပုဆိန်ကိုလွှဲခုတ်လိုက်ချိန်တွင် သူ့တို့ စိတ်ထဲကြောက်လွန်း၍ ကြက်သီးမွေးညှင်းများပင် ထသွားခဲ့ရ၏။

သူတို့လုံး၀ မခုခံနိုင်သော ဆန်းကြယ်သည့် ကျင့်ကြံသူကြီးသည် ဤသို့ပင် သေဆုံးသွားခဲ့ရလေသည်။

ထိုစဉ် နတ်သမီးစုရှင်း လုလင်ကျွမ်းကိုကြည့်ကာ သက်ပြင်းချ၍ ပြောလိုက်သည်။

“ကြည့်ရတာ ဆန်းကြယ်နှလုံးသားအဆင့်ဆိုတာ သေမျိုးဘောင်ထဲမှာပဲ ရှိနေသေးပုံပါပဲ”

လုလင်ကျွမ်းလည်း တိတ်ဆိတ်နေခဲ့ပြီး စိတ်ရှုပ်နေခဲ့၏။

သူသည် ယခုအခါ သူအမြဲတန်းမျှော်လင့်နေခဲ့ရသော အဆင့်သို့ ရောက်နေပြီ ဖြစ်သော်လည်း အရင်ထက်ပင် ပိုအားနည်းလာသည်ဟု ခံစားနေခဲ့ရသည်။

….

တောအုပ်ထဲတွင် လူတစ်ယောက်ပေါ်လာခဲ့ပြီး ထိုလူသည် ရွှေရောင်၀တ်စုံကို၀တ်ဆင်ထားပြီး မြေပေါ်ခြေချလိုက်သည်နှင့် သူ့ပါးစပ်ထဲမှ သွေးများ အန်လိုက်ရ၏။

သူ့သွေးများမြေပေါ်ကျသွားသောအခါ မြေပေါ်ရှိ မြက်များပြာဖြစ်သွားခဲ့ရသည်။

ထို့နောက် သူ့ဒဏ်ရာများကိုဖိနှိပ်ဖို့ စတင်ကျင့်ကြံလိုက်၏။

“သေစမ်းကွာ ဘာလို့ သူ့လင်းရှီက အဲ့လောက်စွမ်းအားကြီးနေတာလဲ နောက်ပြီး အခြေပြုဒြပ်ကလည်း တစ်မျိုးတည်းမဟုတ်ဘူး”

ရွှေရောင်၀တ်စုံနှင့်လူအံကြိတ်ကာ ပြောလိုက်ပြီး ခန့်ညားသောသူ့မျက်နှာတွင် နာကျင်မှုများနှင့် ပြည့်နှက်နေခဲ့သည်။

အဲ့တာကမပြီးသေးပါဘူး!

သူငါတို့ကို လုံး၀ဖိနှိပ်ပစ်နိုင်မှာတဲ့လား!

သူရုတ်တရက် လှည့်ထွက်သွားပြီး ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေဆီ ပြန်ရန် ပြင်လိုက်၏။

သို့သော် ထိုအချိန်တွင် လက်ကြီးတစ်ဖက်က သူ့ပုခုံးပေါ်ကျလာရာ သူ့မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။

သူလှည့်မကြည့်နိုင်သေးခင်မှာပင် သူ့ကိုယ်ထဲ နတ်အာရုံတစ်ခုတိုး၀င်လာခဲ့ပြီး သူ့မျက်လုံးများ ပိတ်ကျသွားခဲ့၏။

မြေလျှောက်အမတများ၏ အသန်မာဆုံးအရာမှာ စိတ်ဝိညဉ်စွမ်းအားမဟုတ်ဘဲ သူတို့၏ နတ်အာရုံသာ ဖြစ်ပေသည်။

တကယ်တော့ ကုအန်တောင်ကြားတွင် တပည့်များကို ညွှန်ကြားနေရ၍သာ ဤလူ ဒီနေရာထိ လွတ်လာနိုင်ခဲ့ခြင်း ဖြစ်၏။

ဒီတစ်ကြိမ်တွင်တော့ ကုအန် ဝိညဉ်ရှာမနေတော့ဘဲ နတ်အာရုံဖြင့် တစ်ချက်တည်း ထိုလူ့ဝိညဉ်ကို အဆုံးသတ်ပေးလိုက်သည်။

[သင်သည်အံ့ဖွယ်အမတလင်း(အချုပ်အ‌ေနှာင်မဲ့အမတအဆင့်၆)သတ်ဖြတ်ခဲ့ပြီး သက်တမ်း ၁၇၀၉ ရရှိခဲ့ပါသည်]

ကုအန် ထိုလူ့သိုလှောင်အိတ်ကိုယူလိုက်ပြီး ကိုယ်ကိုတော့ ထိုက်ချင်မီးတောက်သုံးကာ ပြာချပစ်လိုက်၏။

ဤသို့ဖြင့် အချုပ်အနှောင်မဲ့ အမတတစ်ပါးသည် တောထဲတွင် ဘာအသံမှ မထွက်ဘဲ သေဆုံးသွားခဲ့ရသည်။

အံ့ဖွယ်အမတလင်း၏ အလောင်းပြာဖြစ်သွားမှကာ ကုအန် ထိုနေရာမှ ပျောက်ကွယ်သွားခဲ့၏။

နာရီ၀က်ခန့်ကြာသောအခါ ထိုနေရာသို့ လူတစ်အုပ်ရောက်လာခဲ့ပြီး အံ့ဖွယ်အမတလင်း၏ သွေးကြောင့် ပြာဖြစ်သွားသော မြက်များကိုကြည့်ကာ မျက်မှောင်ကြုံ့သွားခဲ့ကြသည်။

ထိုလူအုပ်တွင် အမျိုးသားနှင့်အမျုိးသမီး‌ေပါင်း လူရှစ်ယောက်ပါပြီး အားလုံး၏ အရှိန်အဝါမှာ သာမန်မဟုတ်ကြပေ။

“အံ့ဖွယ်အမတလင်းသေသွားပြီလား”

“မသေချာသေးဘူး ငါတို့သူ့စိတ်ဝိညဉ်ကျောက်စိမ်းကို စစ်ဆေးပြီးမှ သေချာသိရမှာပဲ”

“ဆရာသခင်ဓားအရှင်အဲ့လောက်စွမ်းအားကြီးမယ်လို့ ငါထင်မထားမိဘူး သူ့ကောင်းကင်ပိုင်းဖြတ်နတ်ပုဆိန်သိုင်းက အကြီးအကဲလင်းအဆင့်နဲ့တောင် နီးကပ်နေပြီ”

“အောင်မြင်မှုခြင်းယှဉ်ရင်တော့ သူက အကြှီးအကဲလင်းကို မယှဉ်နိုင်ပါဘူး သူ့လင်းရှီက လုံလောက်အောင်သန်မာနေရုံပါပဲ”

“တကယ်လို့ အံ့ဖွယ်အမတလင်းသေသွားရင် ငါတို့အကြီးအကဲလင်းကို ဘယ်လိုရှင်းပြကြမလဲ အဓိပတိဂိုဏ်းကိုရော နောက်တစ်ကြိမ်ကျ ဘယ်လိုရင်ဆိုင်သင့်လဲ”

လူတိုင်းတိတ်ဆိတ်သွားကြ၏။

သူတို့သည် ထိုက်ကန်မင်းဆက်သို့ မသွားခဲ့ကြသော်လည်း ကြောက်မက်ဖွယ် ကောင်းကင်ပိုင်းဖြတ်နတ်ပုဆိန်သိုင်း၏ အရှိန်အဝါကို ခံစားလိုက်ကြရသောကြောင့် အဓိပတိဂိုဏ်းကို မသွားရဲကြတော့ပေ။

အနက်ရောင်၀တ်လူအိုကြီး လေးလေးနက်နက်ပြောလ်ုက်သည်။

“အရင်ပြန်ကြတာပေါ့ မဟုတ်ရင် ဆရာသခင်ဓားအရှင်က ငါတို့ကိုလည်း လာသတ်နိုင်တယ်”

သူပြောလိုက်သည်နှင့် လူတိုင်း၏ အမူအရာများ ပြောင်းလဲကုန်ပြီး ချက်ချင်းပျောက်ကွယ်သွားခဲ့ကြ၏။

တကယ်တော့ တတိယတောင်ကြားတွင် ကုအန်သူတို့ကို စောင့်ကြည့်နေခြင်း ဖြစ်သည်။

အချုပ်အနှောင်မဲ့အမတ ကိုးပါး!

ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေရဲ့ အခြေခံအုတ်မြစ်က နက်ရှိုင်းလွန်းတာပဲ!

ကံကောင်းစွာဖြင့် တစ်ဖက်ကလည်း သူ့ကိုကြောက်ရွံ့နေခဲ့သည်။

ထိုစဉ်ကုအန်အကြည့်က မြောက်ပိုင်းဆီရောက်သွားခဲ့ပြန်၏။

မိစ္ဆာဘိုးဘေး ချဉ်းကပ်လာလေပြီ!

သူအခုမှ အံ့ဖွယ်အမတလင်းကို ရှင်းပြီးချိန်တွင် နောက်တစ်ယောက်နှင့် ရင်ဆိုင်ရပေဦးမည်။

ဒီနေ့က တကယ်ပြဿနာများတာပဲ!

လုလင်ကျွမ်း တောင်ကြားသို့ ပြန်ရောက်သောအခါ ကုအန်ကို အိမ်ထဲသို့ အတင်းဆွဲခေါ်သွားပြီး ခဏလောက်နားထောင်ဖို့ ပြောလိုက်၏။

လုလင်ကျွမ်းတံခါးပိတ်လိုက်သောအခါ ကုအန်မေးလိုက်သည်။

“နင်ဘာဖြစ်လို့လဲ”

လုလင်ကျွမ်းပြန်ပြောလိုက်သည်။

“မိစ္ဆာကပ်ဘေးပြီးသွားရင် ငါရှန်းကျန်နဲ့လိုက်သွားပြီး ရတနာရှာဖို့ ဆုံးဖြတ်ထားတယ်”

ကုအန် မမေးဘဲ မနေနိုင်တော့ပေ။

“ငါတို့ ကပ်ဘေးမှာ ရှင်ကျန်ပါ့့မယ်လို့ နင်ကဘယ်လိုလုပ်သိတာလဲ”

လုလင်ကျွမ်းပြောလိုက်သည်။

“နင်ဆရာဓားအရှင် ဘယ်လောက်စွမ်းလဲ မတွေ့လိုက်ဘူးလား တစ်ချက်တည်းနဲ့ ကျူးကျော်သူ့ကို သတ်ပစ်လ်ိုက်တာ သူသာ ရှိနေရင် ဒီထိုက်ကန်မင်းဆက်က ဘယ်လိုရှုံးနိမ့်နိုင်တော့မှာလဲ”

ကုအန် စိတ်ပူနေဟန်ရုပ်တည်နှင့်ပြောလိုက်သည်။

“ဆရာသခင်ဓားအရှင်က ဘယ်လောက်စွမ်းစွမ်းသူက မိစ္ဆာမျိုးနွယ်အားလုံးကို တစ်ယောက်တည်းသတ်နိုင်ပါ့မလား”

“သူက မိစ္ဆာဘိုးဘေးနဲ့ မိစ္ဆာဧကရာဇ်ကိုပဲ ရင်ဆိုင်ဖို့လိုတာ ကျန်တာက ပြဿနာမဟုတ်ဘူးမိစ္ဆာကပ်ဘေးက ကျိန်းသေပေါက် ပြီးသွားလိမ့်မယ် ဒီတစ်ခေါက်တော့ ငါသူ့တိုက်ကွက်ကို မျက်လုံးနဲ့ တိုက်ရိုက်မြင်ခဲ့ရပြီး အတော်လေး အမြင်ကျယ်သွားခဲ့ရတယ်”

ထို့နောက် လုလင်ကျွမး်းထိုအကြောင်းစတင်ပြောပြလေတော့သည်။

မဟာကျင်းမင်းဆက် တောင်ပိုင်းနယ်မြေတွင်

ရွှမ်ထျန်းယီ ကမ်းပါးတွင်ရပ်ကာ အဝေးရှိ မိစ္ဆာများနှင့် ပြည့်နေသောလွင်ပြင်ကို ကြည့်နေခဲ့သည်။ သူ့ဘေးတွင် ဂိုဏ်းအသီးသီးမှ အကြီးအကဲများ ရှိနေခဲ့၏။

လျန်ခန်းဟိုင် ရွှမ်ထျန်းယီကိုကြည့်ကာ မေးလိုက်သည်။

“ငါတို့ခုနက တောင်ပိုင်းကအားကောင်းတဲ့အရှိန်အဝါတစ်ခုကို အာရုံခံလိုက်မ်တယ် အဓိပတိဂိုဏ်းမှာတစ်ခုခုဖြစ်သွားလို့လား”

အခြားသူများလည်း ရွှမ်ထျန်းယီကို ကြည့်လိုက်က်ြသည်။

ရွှမ်ထျန်းယီ မထူးဆန်းသည့်ပုံဖြင့်

“တိုက်ပွဲက အမြန်ပဲပြီးသွားပုံပဲ ဆရာသခင်ဓားအရှင်သာ အဲ့မှာရှိနေရင် လာတဲ့သူမှန်သမျှ သေရလိမ့်မယ်”

သူ့တည်ငြိမ်နေပုံကြောင့် လူတိုင်းစိတ်အေးသွားခဲ့ကြသည်။

အံ့ဖွယ်အမတလင်း၏ ဖိအားက သူတို့ကိုပင် ဖိအားပေးခဲ့ပြီး ကြောက်လန့်သွားခဲ့ကြ၏။

ထိုအရာသည် အမတတစ်ပါး လူ့ပြည့်ဆင်းသက်လာတာ သေချာပေသည်။

ဤအဖွဲ့ထဲတွင် အသန်မာဆုံးနှင့် အတွေ့အကြုံအများဆုံး ရွှမ်ထျန်းယီက ထိုနေရာတွင် ပို၍ အတွေ့အကြုံရှိ၏။

ဆန်းကြယ်သော အမတတစ်ပါးသည် ဂိုဏ်းထဲတွင် အမြန်ပေါ်လာခဲ့ပြီး မကြာခင်တွင်နောက်ပုံရိပ်တစ်ခု၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ဤအရာကြောင့် တိုက်ပွဲသည် မည်မျှမြန်မှန်း သိသာနေခဲ့သည်။

ထိုအရာက သူ့ကိုပင် အံ့အားသင့်သွားစေခဲ့ပြီး သူပင် ဆရာသခင်ဓားအရှင်က ဘယ်အဆင့်မှာများရှိနေတာလဲ ဟု တွေးမိသွားခဲ့သည်။

All Chapters