← Chapters

အခန်း (၃၄၅-၃၄၆)

Vol. 25 Ch. 345-346

အခန်း (၃၄၅-၃၄၆)

Vol. 25 Ch. 345-346

ယွမ်ကျိုး အပိုင်း(၃၄၅) တန်းစီရမယ့်နည်းလမ်းသစ် ယွမ်ကျိုးမှာ သူ့ဆိုင်အပြင်ဘက်တွင် ဘာတွေဖြစ်နေမှန်းမသိချေ။ တစ်ဖက်တွင်မူ လျိုချန်မှာ စိတ်သက်သာသွားသလို သက်ပြင်းချလိုက်သည်။ အချိန်၁၀မိနစ်မှာ ပြဿနာဖြေရှင်းရန်လုံလောက်ပေသည်။ “သူဌေးယွမ်..ကျွန်တော်တို့ ဒီနေ့ဘာလို့ဒီကို ရောက်နေတယ်ဆိုတာ ခင်ဗျားသိမယ်ထင်တယ်” လျိုချန်က လေးနက်သည့်အမူအရာဖြင့် ပြောလာသည်။ “မသိဘူးခင်ဗျ..ကျေးဇူးပြုပြီး ပြောပါဦး” ယွမ်ကျိုးကလည်း အလေးအနက်ပြန်ဖြေလိုက်သည်။ “အဟွတ် အဟွတ် အဟွတ်၊ အဲ့ဒါဆိုလည်း ကျွန်တော်ခင်ဗျားကို တစ်ခုအရင်ပြောပြပါရစေ” လျိုချန်က ချောင်းအနည်းငယ်ဆိုးလိုက်သေးရာ ချောင်းဆိုးရပ်သွားအောင်ထိန်းလိုက်ပြီးနောက် ပြောလေသည်။ “အင်း..ပြောပါ” ယွမ်ကျိုးက ခေါင်းတစ်ချက်ညိတ်၍ သူနားထောင်နေကြောင်းပြလိုက်သည်။ ယွမ်ကျိုး၏သဘောထားမှာ အနောက်ဘက်ရှိလူအများအား စိတ်သက်သာရာရသွားစေသည်။ သူနားထောင်လိုသရွေ့ ပြဿနာကိုဖြေရှင်းနိုင်မည့်နည်းရှိလာမည်ပင်။ “ဒါကဒီလိုရှိပါတယ်, သူဌေးယွမ် ခင်ဗျားဆိုင်ရဲ့ ဆိုင်ဖွင့်ချိန်က နေ့တိုင်းတစ်ရက်ကို၆နာရီပဲဖွင့်တာ၊ မနက်စာချိန်က တစ်နာရီကြာတယ်..အဲ့ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်မှာပြောစရာမရှိပါဘူး” လျိုချန်က အရင်ဆုံးမနက်စာချိန်အား ရက်ရောစွာအလွတ်ပေးလိုက်ပြီးနောက် ဆက်ပြောသည်။ “နေ့လယ်မှာ၂နာရီ၊ ညနေကျတော့ ၃နာရီရောင်းတယ်၊ အကြိမ်တိုင်း ဆိုင်မဖွင့်ခင်စက္ကန့်ပိုင်းအလိုမှာကို ဟင်းတွေက အဆင်သင့်ဖြစ်နေပြီ၊ နေ့စဉ်ဆိုင်ဖွင့်ချိန်ကလည်းတိကျတယ်..ဘယ်တော့မှစောမပိတ်ဘူး” လျိုချန်မှာ ညှိနှိုင်းဆွေးနွေးရေးအကြောင်း အတော်သိထားသည်။ ပထမဦးစွာ ချီးမွမ်းပြီးမှ ပြဿနာကို ပြောမည်ဖြစ်သည်။ “အခုလိုချီးကျူးတာကျေးဇူးတင်ပါတယ်” ယွမ်ကျိုးမှာ ချီးမွမ်းစကားများကိုအသိအမှတ်ပြုလေ့ မရှိသော်လည်း ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်သည်။ “ရပါတယ်ဗျာ၊ ဒါပေမယ့်သူဌေးယွမ်အခြေအနေကိုတစ်ချက်စဉ်းစားမိရဲ့လား? ကျွန်တော်တို့က နေ့တိုင်းတန်းလာစီနေရတယ် လူတန်းအနောက်ပိုင်းရောက်နေပြီဆို ရှေ့ကလူတွေက ဘယ်လောက်ကြာကြာစားပြီး ထမလဲဆိုတာမသိဘူး၊ ကျွန်တော်တို့နာရီပေါင်းများစွာကြာအောင်လည်းစောင့်ပြီးရော ခင်ဗျားကဆိုင်ပိတ်ချိန်ရောက်ပြီပြောတယ်၊ အဲ့ဒါကကောင်းတယ်လို့ခင်ဗျားထင်လား?” လျိုချန်၏စကားများမှာ အတော်ဆွဲဆောင်နိုင်ပေသည်။ သူက ပထမဦးစွာ ယွမ်ကျိုးအား အပြစ်မကင်းသလို ခံစားမိစေရန် လုပ်လိုက်သည်။ သို့မှသာ ယွမ်ကျိုးကယခုကိစ္စကို အလေးအနက်ထားစဉ်းစားပေးပေမည်။ ယွမ်ကျိုးသည်လည်း အမြင်ကြွယ်ဝသူတစ်ဦးဖြစ်ရာ လျိုချန်၏ရည်ရွယ်ချက်ကိုသိမြင်ပြီ ဖြစ်သည်။ သူကခေါင်းညိတ် ပြလိုက်ပြီး ပြောသည်။ “ခင်ဗျားပြောတာမှန်တယ်, အဲ့ဒီတော့ရော?” “ဟုတ်ပြီ သူဌေးယွမ်လည်း ကျွန်တော်ပြောတာကိုသဘောတူတယ်ဆို ဒီကိစ္စကို ခင်ဗျား ဘယ်လို ဖြေရှင်းပေးမလဲ?” လျိုချန်က ယွမ်ကျိုး၏ရိုးသားပွင့်လင်းမှုကို အံ့အားသင့်သွားပြီးနောက် ခဏစဉ်းစားကာ မေးလိုက်သည်။ “ခင်ဗျားပြောမှာကို ကျွန်တော်စောင့်နေပါတယ်” ယွမ်ကျိုးက တည့်တိုးပြောလိုက်ပြီး အလွန်ဂရုစိုက်နားထောင်နေ ဟန်ပြသည်။ “အာ..” စကားကြွယ်သောလျိုချန်သည်ပင် အနည်းငယ်ကြောင်အသွားရသည်။ “ဒီလိုရှိပါတယ်...အပြင်ကလူတွေအပါအဝင် ကျွန်တော်တို့က အကြိမ်တော်တော်များများတန်းစီပြီးမှ ထမင်းမစားလိုက်ရတဲ့လူတွေပါ၊ ဒါပေမယ့်ဝူဟိုင်းက ဒီနားမှာနေတော့ အမြဲတမ်းစားရတယ်” ဝူဟိုင်း၏အကြောင်း ပြောသောအခါ လျိုချန်မှာ အံများပင်ကြိတ်လိုက်သေးသည်။ “အဲ့ဒါကကျွန်တော်တို့အတွက်လည်း မမျှတဘူး ခင်ဗျားစီးပွါးရေးကိုလည်း အကျိုးသက်ရောက်စေတယ်” လျိုချန်က နိဂုံးချုပ်ပြောသည်။ “ဒါပေမယ့် အဲ့ဒါကျွန်မတို့သူဌေးတတ်နိုင်တာမှမဟုတ်ဘဲ” ရှန်မင်က ရှေ့ထွက်ပြောလာသည်။ Once she said that, the people including Liu Chen and Yuan Zhou all looked at Shen Min. သူမထိုသို့ပြောလိုက်သည်နှင့် လျိုချန်နှင့် ယွမ်ကျိုးအပါအဝင်လူအများက ရှန်မင်အားကြည့်လာကြသည်။ သူမအနည်းငယ်စိတ်လှုပ်ရှားနေပေမယ့် တည်ငြိမ်အောင်ထိန်းလိုက်ရင်းပြောသည်။ “ရှင်တို့သိချင်မှသိမယ် ဒါပေမယ့် ဒီဆိုင်မှာ ကျွန်မတို့က ဟင်းချက်တာနဲ့ပတ်သက်ပြီး ဘာမှသိပ်မသိဘူးလို့ သူဌေးယွမ်ကိုမကူညီနိုင်ဘူး အကုန်လုံးကို ကျွန်မရဲ့သူဌေးတစ်ယောက်တည်းလုပ်ရတာ” “အကောင်းဆုံးဟင်းပွဲတွေဖြစ်ဖို့ အသီးအရွက်ဆေးတာတောင် ကျွန်မရဲ့သူဌေးက သူကိုယ်တိုင်လုပ်တာ၊ ဆိုင်ဖွင့်ချိန်က ၆နာရီတည်းဆိုပေမယ့် ကျွန်မရောက်တိုင်း သူဌေးက ပန်းပုထုတာလေ့ကျင့်ရင်ကျင့် မဟုတ်ရင် ဟင်းချက်လေ့ကျင့် နေတာ အဲ့လိုမှမဟုတ်ရင်လည်း ချက်ပြီးသားဂျုံထွက်ပစ္စည်းတွေအကြောင်းစာအုပ်တွေဖတ်နေတာ” “သူဌေးက နေ့တိုင်းမနက် ၅နာရီခွဲထရတယ် ညဆိုလည်း ၁၂မှအိပ်ရတာ သူအိပ်တဲ့ငါးနာရီကလွဲရင် တစ်နေကုန် အလုပ်လုပ်နေရတာရှင့်” စကားအရှည်ကြီးပြောပြီးနောက် ရှန်မင်မှာအသက် တစ်ချက်ရှူထုတ်လိုက်ပြီး ပုံမှန်အခြေအနေသို့တဖြည်းဖြည်းပြန် ရောက်သွားသည်။ နောက်ဆုံးတွင် သူမက အကျဉ်းချုပ်ပြောလိုက်သည်။ “ကျွန်မသူဌေးက တကယ်ကို အလုပ်ကြိုးစားတာ” ရှန်မင်ထိုသို့ပြောပြီးနောက် လျိုချန်မှာ တိတ်ဆိတ်သွားသည်။ စားဖိုမှူးတစ်ဦးဖြစ်ရတာ အတော်ပင်ပန်းမှန်း သူသိပေမယ့် အဲ့လောက်ခက်ခဲမည်ဟုထင်မထားခဲ့ပေ။ ထို့ကြောင့် လျိုချန်နှင့် အခြားလူများမှာ သူတို့အလွန်အကျွံလုပ်မိပြီဟုတွေးရင်း ထိုအခိုက်အတန့်တွင် လက်လျှော့ သွားတော့မလိုရှိလာသည်။ စားဖိုမှူးတစ်ဦးလုပ်ရသည်မှာအမှန်ပင်, ပင်ပန်းလှသော်လည်း ယွမ်ကျိုးမှာမူ အလုပ်များသည့်ဘဝကိုအသားကျနေ ပြီး ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ထိုဘဝမျိုးမှာ အလွန်ပင်စိတ်ကျေနပ်စေသည်ဟုခံစားမိသေးသည်။ သူ့ဆိုင် သို့လူများဝင်ထွက်သွားလာနေသည်ကိုကြည့်ရင်း တစ်ဦးချင်းစီမှာအတော်စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားရသည်။ သို့သော် ထိုအခိုက်တွင် ယွမ်ကျိုးက သူတို့တောင်းဆိုချက်က လွန်ကဲနေသည်ဟုမထင်ချေ။ သူက ဤသည်မှာအကြပ်ကိုင်ဖို့ အခွင့်ကောင်းတစ်ခုဟုထင်ကာ စနစ်အားမေးမြန်းနေသည်။ “ဒီပြဿနာအတွက် ငါ့မှာတာဝန်ရှိတယ်လို့ထင်လား?” “ငါထင်တာတော့ မင်းဖြေရှင်းချက် တစ်ခုလောက်ပေးသင့်တယ်ထင်တယ်၊ ဘာပဲဖြစ်ဖြစ် မင်းအရင်ပေးခဲ့တဲ့တာဝန် တွေက နာမည်ဂုဏ်သတင်းကြီးဖို့ပဲလေ..စားသောက်ဆိုင်ကိုချဲ့လိုက်ရင်ရော?” ယွမ်ကျိုးက အဆိုပြုကြည့်လိုက် သည်။ စနစ်က “Hostက အဆင့်နိမ့်နေသေးတာကြောင့် အဲ့လိုလုပ်ဖို့အရည်ချင်းမရှိသေးဘူးလေ” ဟုပြသည်။ “အဲ့ဒါဆိုလည်း ဘာလို့ ခုံတွေထပ်မထည့်လဲ? ကြည့်လေ..တကယ်ဆိုမင်းဟိုဘက်မှာ လူလေးယောက်ထိုင်လို့ရအောင် ခုံတစ်လုံးထပ်ထည့်လို့ရတယ် ဒါမှမဟုတ်လည်း နှစ်ယောက်စာခုံတွေကို လေးယောက်စာပြောင်းလိုက်လို့ရတာပဲ?” ယွမ်ကျိုးက ဆိုင်ထဲရှိ ကျဉ်းမြောင်းလှသောနေရာကိုကြည့်လိုက်သည်။ စနစ်က “Host, သတ်မှတ်ထားတဲ့အဆင့်မရောက်သေးရင် အဲ့လိုလုပ်လို့မရပါဘူး” ဟုပြလာသည်။ “အဲ့ဒါဆိုလည်း ဒါမင်းပြဿနာဖြစ်သွားပြီး၊ ငါ့အကြံကတော့ ဒီပြဿနာကိုဖြေရှင်းဖို့အကောင်းဆုံးပဲ” ယွမ်ကျိုးက ပုခုံးတွန့်ကာ ခပ်တိုတိုဖြေသည်။ စနစ်က”အဆင့်တက်အောင် အလုပ်ကြိုးစားနေတာကို ထည့်စဉ်းစားပြီး တန်းစီစက်ကို ဆုအဖြစ်ပေးလိုက်သည်” ဟုပြလာသည်။ “ဪ...အဲ့ဒါဘာသဘောလဲ?” ယွမ်ကျိုးအနည်းငယ်အံ့သြသွားသည်။ စနစ်က စက်ကိုအခုပေးလိုက်ပြီဆို ဘယ်နားထားလိုက်တာလဲ? ဘယ်နေရာမှာမှ စက်ကပေါ်မလာခဲ့ရာ ယွမ်ကျိုးက သူ့အချိန်ပိုင်းအလုပ်မှာ မျက်လှည့်ဆရာတစ်ဦးဖြစ်ကြောင်း သူများအားမပြောလိုပေ။ “ဘယ်မှာလဲဆုက?” ယွမ်ကျိုးစိတ်လှုပ်ရှားစွာမေးလိုက်သည်။ ခဏကြာပြီးနောက် စနစ်ကပြလာသည် “ဆုထုတ်ပေးပြီးပါပြီ၊ ကျေးဇူးပြုပြီး အရက်ဆိုင်ပထမထပ်ကို သွားစစ်ကြည့်ပါ” “မင်း တမင်သက်သက်လုပ်မှန်းငါသိနေတယ်” ယွမ်ကျိုးအတော်သံသယဝင်သွားသည်။ စနစ်က “တန်းစီစက်ရဲ့လုပ်ငန်းဆောင်ရွက်ချက်တွေကို စစ်ဆေးကြည့်လို့ရပါပြီ” ဟုဖော်ပြလာသည်။ စနစ်က ယွမ်ကျိုး၏သံသယကို ပြန်မဖြေခဲ့ဘဲ စကားလမ်းကြောင်းလွှဲလိုက်သည်။ “မင်းကအမြဲ အဲဒီလိုပဲ ငါမေးခွန်းမေးပြီးဆို တိတ်နေတယ် ထားလိုက်တော့ ငါကသဘောထားကြီးတဲ့သူဆိုတော့ ခွင့်လွှတ်လိုက်မယ်၊ အခုတန်းစီစက်ကိုသွားစစ်ကြည့်မယ်” ယွမ်ကျိုးမှာ ဒီအကြိမ်တွင် စနစ်ကို အပြစ်မလုပ်ချင်ပေ။ ဘာပဲဖြစ်ဖြစ် ထိုအရာက စနစ်၏အမြင် လှည့်စားခဲ့ခြင်း မဟုတ်ချေ။ [အထူးဆု] တန်းစီစက် (လက်ခံရရှိပြီး) (ဆုလာဘ်အကြံပြုချက်- ယခု တန်းစီစက်ရောက်ရှိလာပြီဖြစ်သောကြောင့် ဖောက်သည်များသည် အချည်းနှီးစောင့်ဆိုင်းရခြင်းအတွက် စိတ်ပူစရာမလိုတော့ပါ။ ၎င်းသည် ဘဏ်ရှိ တုံကင်စက်၏ စွမ်းဆောင်ရည်ထက် သာလွန်ကောင်းမွန်ပါသည်။ ၎င်းကို ပိုင်ဆိုင်ထိုက်ပါသည်။) "တကယ်တော့၊ ငါ့မှာမေးခွန်း တစ်ခုရှိတယ်။ စနစ်ရေ၊ မင်း ငါ့ကို ဖြေပေးဖို့ မျှော်လင့်တယ်" ယွမ်ကျိုးက ရုတ်တရက် လေးနက်တဲ့ အမူအရာဖြင့် စိတ်ထဲမှ မေးလိုက်သည်။ စနစ်က “ကျေးဇူးပြုပြီးမေးပါ”ဟုပြလာသည်။ "ဆုလာဘ်အကြံပြုချက်ကို အမြဲတမ်း မင်း‌ပဲ ရေးနေတာလား။ အရမ်းရယ်စရာကောင်းတာပဲ။" ယွမ်ကျိုးက အကြံပြုချက်ကို စကားမပြောဘဲ စိုက်ကြည့်နေသည်။ စနစ်က “ဒါနဂိုကတည်းက စနစ်မှာပါပြီးသားပါ” ဟုဖော်ပြလာသည်။ “တကယ်ကိုအံ့သြဖို့ကောင်းတဲ့အဖြေပဲ” အသုံးပြုနည်းအား ဖတ်နေရင်းဖြင့် ယွမ်ကျိုးအလေးအနက် ပြောလိုက်သည်။ “သူဌေးယွမ် သူဌေးယွမ် ကျွန်တော်စိတ်မကောင်းပါဘူး ဒါပေမယ့် ကျွန်တော်တို့ပြဿနာဖြေရှင်းဖို့လိုနေသေးတယ်” လျိုချန်မှာ ယွမ်ကျိုး၏အလုပ်ကြိုးစားမှုကြောင့် စိတ်လှုပ်ရှားသွားပေမယ့် အရသာရှိသောဟင်းများကို လက်မလွှတ် နိုင်သေးပေ။ အစားသရဲတွေ ဒီလောက်ဇွဲရှိနေရခြင်းမှာ ယွမ်ကျိုး၏အလေးအနက်လုပ်ဆောင်မှုကြောင့်ပင်။ “အင်း..အဖြေကိုစဉ်းစားပြီးသွားပြီ၊ မနက်ဖြန်ကျရင် စသုံးလို့ရပါပြီ” ယွမ်ကျိုးက အဖြေထုတ်ပြီးသွားပြီဖြစ်သဖြင့် တည်ငြိမ်သော အမူအရာကို ပြလိုက်သည်။ “တကယ်လား? ကောင်းလိုက်တာ” လျိုချန်အနောက်ရှိ လူအုပ်ကြီးမှာ တညီတညာတည်းပြောလေသည်။ “အင်း..မနက်ဖြန်ကျရင် တန်းစီတဲ့ပုံစံကိုအသုံးပြုမယ်၊ အဲ့အခါကျရင်တော့ ခင်ဗျားတို့ဒီနေ့ စားလို့ရမယ် မရဘူးကို ရှင်းရှင်းလင်းလင်းသိသွားမှာပါ” ယွမ်ကျိုးက အကြမ်းဖျဉ်းရှင်းပြလိုက်သည်။ “အဲ့ဒါကဘယ်လိုမျိုးလဲ?” လျိုချန်က အရင်စိတ်အေးအေးထားလိုက်ပြီး မေးသည်။ “ခင်ဗျားတို့ရဲ့ အိုင်ဒီကဒ်ကို ဒီစက်မှာဖတ်ရမယ်၊ ကိုယ်ရေးအချက်အလက်တွေကို သိမ်းထားမှာမဟုတ်ဘူး” ခဏလောက်စဉ်းစားပြီးနောက် ယွမ်ကျိုးက အလွယ်ဆုံးနည်းဖြင့်ရှင်းပြလေသည်။ “ဘဏ်ကဟာတွေနဲ့အတူတူပဲမဟုတ်လား?” လျိုချန်က ချက်ချင်းပင် ဘဏ်အကြောင်းကိုစဉ်းစားမိလိုက်သည်။ “အင်း..အနည်းနဲ့အများတူတယ် ဒါပေမယ့် ဒါက ဘဏ်ကဟာတွေထက်ပိုပြီး သုံးရလွယ်တယ်” ယွမ်ကျိုးကခိုင်မာစွာပြောသည်။ “ကောင်းလိုက်တာ အဲ့ဒါဆို ကျွန်တော်တို့နောက်ဆို အလဟဿစောင့်စရာမလိုတော့ဘူးပေါ့နော်” လျိုချန်က သက်ပြင်းချလိုက်သည်။ ဟာသပဲ..ယွမ်ကျိုးမှာပရိသတ်အများကြီးရှိသည်။ လျိုချန်သာ ဤသို့အပြီးသတ်သဘောမတူခဲ့လျှင် အခြားလူများပါ စုရုံးရောက်ရှိလာကြပေလိမ့်မည်။ တန်းစီရခြင်းကြောင့် ဖြစ်ရသောကပ်ဘေးက ခဏသာပေါ်လာပြီး ပျောက်ကွယ်သွားခဲ့ပေသည်။ ယွမ်ကျိုးသည်လည်း စက်ရှိနေခြင်းက အရင်တာဝန်ရဲ့ ပြဿနာငယ်လေးတစ်ခုကိုလည်း ဖြေရှင်းပြီးဖြစ်သွားကြောင်း တွေ့ရှိခဲ့ရသည်။ အပိုင်း(၃၄၅) ပြီးပါပြီ။ ၃၄၆ မှ ၃၅၀ ယွမ်ကျိုး အပိုင်း(၃၄၆) တန်းစီစက်အသုံးပြုမှု “ကျေးဇူးပါ သူဌေးယွမ်။ ပြီးတော့ ခင်ဗျားကို နှောင့်ယှက်မိတဲ့အတွက်လည်း စိတ်မရှိပါနဲ့ဗျာ” ထိုသို့ပြောကာ လျိုချန်က သူ့နောက်ရှိ အခြားသူများနှင့်အတူ ယွမ်ကျိုးအား တောင်းပန်သည့်အနေဖြင့် ဦးညွှတ်လိုက်သည်။ “အင်း...နှုတ်ဆက်ပါတယ်ဗျာ” ယွမ်ကျိုးက ခေါင်းညိတ်ကာ ပြောသည်။ ရှန်မင်က ဘေးသို့ကပ်လိုက်ကာ သူတို့သွားရန်လမ်းဖယ်ပေးလိုက်သည်။ လူတစ်ဒါဇင်ခန့်က တစ်ပြိုင်နက်တည်း ဦးညွှတ်ကြသည့်မြင်ကွင်းမှာ အတော်ပင် စိတ်လှုပ်ရှားဖွယ်ကောင်းသော်လည်း ယွမ်ကျိုးမှာ မထူးခြားသည့်ပုံနှင့် ရှိနေဆဲပင်။ “မနက်ဖြန်မှ တွေ့ကြမယ် သူဌေးယွမ်” သူ့အနောက်ရှိ လူများအားလုံး မတ်မတ်ပြန်ရပ်လိုက်သောအခါ လျိုချန်က ကိုယ်ကိုပြန်မတ်လိုက်ပြီး ထိုသို့ပြောလိုက်သည်။ ဒီတစ်ကြိမ်တွင် ယွမ်ကျိုးက သူတို့အား ဘာမှပြန်မဖြေတော့ဘဲ ခေါင်းကိုသာ အလေးအနက်ညိတ်ပြလိုက်သည်။ “နောက်တစ်ခါ ဒီလိုစိတ်လိုက်မာန်ပါမလုပ်နဲ့” ဘေးဖက်ရှိ ဒါရိုက်တာဝူက ထပ်ဖြည့်ပြောသည်။ “အံ့သြဖို့ကောင်းလိုက်တာ။ သူတို့က ဒီကိစ္စအတွက် လူစုနေကြတာတဲ့လား။ ဒါပေမယ့်ငါတကယ်တော့ မကြောက်ပါဘူး” ဝူဟိုင်းက ဤလူများသည် သူ့အား ဆိုင်အနီးနားတွင် နေရသဖြင့် သူတို့ထက် အကြိမ်ပိုများစွာစားခွင့်ရနေသည်ကို မကျေနပ်ကြကြောင်းသိသော်လည်း သူကတော့ လုံးဝဂရုမစိုက်ပေ။ လင်းဟုန်က ဘာမှမဖြစ်သလို ပုခုံးတွန့်ပြလိုက်သည်။ သူဌေးတစ်ဦးဖြစ်ရခြင်းမှာ အချိန်အခါမရွေး စိတ်တိုင်းကျလုပ်ချင်သလိုလုပ်နိုင်ခြင်းပင် ဖြစ်သည်။ သူလာချင်သည့်အချိန် လာနိုင်ပေသည်။ ယွမ်ကျိုးက ထိုကိစ္စနှင့် ပတ်သက်၍ ဂရုစိုက်ဟန်မပေါ်သောအခါ လျိုချန်က စိတ်သက်သာသွားသလို သက်ပြင်းချလိုက်ပြီး သူ့နောက်က လူများဘက်သို့လှည့်ကာ “သူတို့ကို သတင်းကောင်း သွားပြောပြကြစို့” “ဟုတ်တယ်။ ငါတို့လည်း မကြာခဏလာစားနိုင်တော့မှာ အသေအချာပဲ။ မိုက်တယ်” သူ့နောက်ရှိ လူတစ်ဦးက စိတ်လှုပ်ရှားစွာပြောသည်။ “သေချာတာပေါ့။ အဲ့လိုမှပဲ မျှတမှာ” အနောက်ရှိ လူတစ်ဦးက သူတို့အပျော်များကို မျှဝေရင်း ပြောသည်။ “သူဌေးယွမ်က မနက်ဖြန်ကျရင် တန်းစီတဲ့စက် ထားပေးမယ်ပြောတယ်။ အားလုံးပဲစိတ်မပူကြနဲ့တော့” တစ်စုံတစ်ယောက်က ကျယ်လောင်စွာ ပြောလိုက်သည်။ “ရှောင်ကျွင်း၊ အခုဘယ်လိုဖြစ်သွားပြီလဲ” လျိုချန်က လူအုပ်ကြီးကို ပြုံးကာ ကြည့်လိုက်သည်။ အစ်ကိုကျွင်းကို မြင်သောအခါ ထိုသို့လှမ်းမေးလေသည်။ “သူတို့ ဟိုမှာ ရှိသေးတယ်။ ကျွန်တော်တို့ မသွားသေးလို့ စောင့်နေတာ” အစ်ကိုကျွင်းက အပြင်ဘက်တွင် ရပ်နေသော ရဲများကို ကြည့်လိုက်သည်။ “ကောင်းပြီ။ ငါ သူတို့ကိုစကားသွားပြောမယ်။ လူတွေကို ပြန်ဖို့ မင်းပြောလိုက်တော့။ မနက်ဖြန်ကျရင် ငါတို့အမှတ်စဉ်ရဖို့ တန်းလာစီမယ်” လျိုချန်က ခေါင်းတစ်ချက်ညိတ်ပြကာ အပြင်သို့ထွက်ရင်း ပြောသည်။ “ဟုတ်” အစ်ကိုကျွင်းက ခေါင်းညိတ်သဘောတူလိုက်သည်။ လျိုချန်က လမ်းမြန်မြန်လျှောက်သွားရာ ရဲနှစ်ဦးဘေးသို့ ခဏလေးနှင့် ရောက်သွားတော့သည်။ “အရာရှိတွေ မင်္ဂလာပါဗျ။ ကျွန်တော်တို့ အခုသွားတော့မှာပါ။ ထမင်းဝယ်ဖို့ တန်းစီရတဲ့ကိစ္စလေးနဲ့ ပတ်သက်ပြီး ဒီကိုရောက်နေကြတာပါ။ ဘာမှမဟုတ်တော့ပါဘူး” လျိုချန်က အလေးအနက်ပြောသည်။ “အဲ့ဒါဆိုလည်း ခင်ဗျား ကျွန်တော်တို့ကို အသေးစိတ်လေး ပြောပြပေးပါဦး။ အဲ့ဒါမှကျွန်တော်တို့လည်း အစီရင်ခံလို့ရမှာ” အရာရှိမာက လူအုပ်ကြီးတစတစ လျော့နည်းသွားသည်ကို မြင်သောအခါ စိတ်အေးသွားသလို သက်ပြင်းချလိုက်သည်။ ထို့နောက် မှတ်စုစာအုပ်ကို ထုတ်လိုက်သည်။ “ဟုတ်ကဲ့ ရပါတယ်။ ကိစ္စက ဒီလိုပါ။ ကျွန်တော်တို့ဆိုင်ကို လာတဲ့အခါတိုင်း ထမင်းဝယ်စားဖို့ အလှည့်မရဘူး။ အဲ့လိုမှမဟုတ်ရင်လည်း ကျွန်တော်တို့အလှည့်ရောက်မှ ဆိုင်ဖွင့်ချိန်က ပြည့်သွားတာ။ အဲ့လိုနဲ့ ကျွန်တော်တို့လည်း ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းရှိမလားဆိုတာကို သေချာစုံစမ်းချင်လို့ တမင်လာခဲ့ကြတာပါ။ အခုတော့ သူဌေးယွမ်က တန်းစီစက်တစ်လုံး ထားပေးမယ်ပြောတယ်။ ပိုအဆင်ပြေသွားတာပေါ့ဗျာ” လျိုချန်က ပြဿနာမရှိတော့ဟု တွေးကာ အသက်တစ်ရှိုက်စာအတွင်း တရစပ်ပြောသွားသည်။ သူ့ဘေးဖက်ရှိ ရဲနှစ်ဦးမှာမူ ထိုအကြောင်းကို ကြားပြီးနောက် မှင်သက်နေတော့သည်။ တန်းစီရတဲ့ကိစ္စလေးနဲ့ ဒီလိုနှောင့်ယှက်မှုကြီး ဖြစ်သွားရတာလား။ တစ်နပ်စာအတွက် သေချာပေါက် အားလုံးတန်းစီရမည်ပင်။ သူတို့ အခု တန်းစီပြီး နံပါတ်စဉ်ယူကြမယ်လို့ပြောတော့ စောနက ဖြစ်သွားတဲ့ကိစ္စကြီးကရော။ ရဲအရာရှိနှစ်ဦးမှာ နားမလည်ကြကြောင်း ဖော်ပြနေသည်။ “အဲ့ဒါဆို ခင်ဗျားတို့အားလုံး အဲ့ကိစ္စအတွက်လာခဲ့ကြတာပေါ့” အသက်ပိုငယ်သည့်ရဲတစ်ဦးက အလိုက်သင့်ပြုမူလိုက်ပြီး အတည်ပြုရန် မေးလိုက်သည်။ “ဟုတ်တယ်။ အဲ့အတွက်လာတာပါ။ ဟိုမှာတွေ့လား။ သူတို့ အခု ပြန်နေကြပြီ။ အဲ့လိုမှမဟုတ်ရင် သူဌေးယွမ်ရဲ့စီးပွားရေးကို နှောင့်ယှက်မိမှာပေါ့” လျိုချန်က လူအနည်းငယ်သာ ကျန်တော့သည့်တံခါးဘက်သို့ လက်ညှိုးထိုးပြကာ အလေးအနက်ပြောသည်။ “ဟုတ်ပါပြီ။ အဲ့ဒါဆို ခင်ဗျားလည်း သွားသင့်ပြီ။ လူစုလူဝေးလုပ်တာ အနှောင့်အယှက်ဖြစ်စေလို့ ပြစ်မှုမြောက်တယ်။ နောက်တစ်ကြိမ်ကျရင် ခင်ဗျားတို့အထိုက်အလျောက်ပဲ လုပ်ပေါ့ဗျာ” အရာရှိမာက ထိုသို့ ပြောလိုက်သည်။ ထိုစကားမှာ တာဝန်တစ်ခု ပြီးဆုံးတော့မည့်အချိန်တွင် အများဆုံးပြောဆိုသည့်စကားဖြစ်ရာ အလွန်ကျွမ်းကျွမ်းကျင်ကျင်ပြောလိုက်လေသည်။ “ဟုတ်ကဲ့...ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်ဗျာ” လျိုချန်က ခေါင်းညိတ်လိုက်သည်။ ပြဿနာဖြေရှင်းပြီးပြီဖြစ်ရာ လျိုချန်က သူ့လူများကိုခေါ်သွားတော့သည်။ ခေါက်ဆွဲဆိုင်ရှင်အမျိုးသမီးမှလွဲ၍ ထိုဖြစ်ရပ်ကို အပျော်သဘောဖြင့် စောင့်ကြည့်နေကြသူများအားလုံးက ရလဒ်အပေါ် စိတ်ကျေနပ်သွားပြီဖြစ်သည်။ ရဲနှစ်ဦးမှာမူ မယုံကြည်နိုင်သလိုခံစားနေကြရသည်။ ကံကောင်းစွာဖြင့် သူတို့နှစ်ဦးမှာ ထိုမျှထူးဆန်းသောကိစ္စမျိုးနှင့် ကြုံတွေ့ရလေရာ အနည်းငယ်ညည်းညူနေကြသည်။ “ဒီနေ့ခေတ်လူတွေများ ထင်ရာလုပ်ကြတာပဲ” အရာရှိမာက ခံစားချက်အပြည့်နှင့် သက်ပြင်းချသည်။ “ဟုတ်ပါ့ဗျာ။ ကံကောင်းလို့ ဖြတ်သွားဖြတ်လာတွေ အကုန်လုံးကလည်း တစ်လေသံတည်းပြောနေကြတာ။ အဲ့လိုမှမဟုတ်ရင် လူတွေအများကြီး ဒီမှာစုကြတာ ဘာတွေဆက်ဖြစ်မလဲ ဘုရားပဲသိမယ်” ရဲအရာရှိငယ်မှာ ကျေးဇူးတင်သည့်အမူအရာဖြင့် ပြောလိုက်သည်။ ထူးဆန်း‌သောအဖြစ်အပျက်များမှာ အရေးကြီးကိစ္စများထက်တော့ အများကြီးသာသေးသည်။ “ရှောင်ယွမ်ချက်တာ အရမ်းကောင်းတာလေ။ တချို့လူတွေက အဲ့အဆင့်ကို ဘယ်လိုမှ မရောက်နိုင်တော့ မနာလိုကြဘူး” ရဲများထွက်သွားသည်နှင့် သူဌေးထုံက ကျယ်လောင်စွာ ပြောလေတော့သည်။ “ရှင်က ဘာပြောချင်တာလဲ။ ကျွန်မက ကျွန်မတို့အကုန်လုံးရဲ့အကျိုးစီးပွားအတွက်လုပ်လိုက်တာလေ။ အဲ့လောက် လူတွေအများကြီး ဒီမှာစုနေကြတာ ကျွန်မတို့အပေါ်မကောင်းတာတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ” ခေါက်ဆွဲဆိုင်ရှင်အမျိုးသမီးက ချက်ချင်းစိတ်တိုသွားပြီး ကျယ်လောင်စွာပြန်ပြောသည်။ “ရှင်ကတော့ ပိုသိမှာပေါ့။ ဒီအဖွားကြီးတော့ မသိပေါင်” သူဌေးထုံက အရင်နှာခေါင်းရှုံ့လိုက်ပြီး သူမဆိုင်ဘက်သို့ ပြန်သွားသည်။ “မင်း တစ်နေကုန် ဘာတွေပြောနေတာလဲ။ ပြန်လာပြီး စားပွဲတွေ သုတ်ဦး” သူဌေးထုံနောက်သို့ လိုက်တော့မည့် အမျိုးသမီးအား ခေါက်ဆွဲဆိုင်ထဲမှ ထွက်လာသည့်ယောက်ျား၏အသံတစ်သံက နှောင့်ယှက်လိုက်သည်။ “လာပြီ...လာပြီ။ အကုန်လုံး ငါပဲ လုပ်နေရတယ်” ခဏလောက် အထွန့်တက်နေပြီးနောက် အမျိုးသမီးမှာ သူမဆိုင်ထဲသို့ အလုပ်လုပ်ရန် ပြန်ဝင်သွားသည်။ ထုံးစံအတိုင်းပင် ယွမ်ကျိုးမှာ တစ်စုံတစ်ယောက်က သူ့အား မနာလိုသဖြင့် ယခုဖြစ်သွားသည့်ကိစ္စကြောင့် ရဲခေါ်လိုက်သည်ကို မသိခဲ့ပေ။ ယခု သူက ရှန်မင်ကို ဖျောင်းဖျရန် ကြိုးစားနေသည်။ “မင်း အခုပြန်လို့ရပါပြီ။ ဒီကိစ္စကြောင့် မင်းရဲ့အချိန်တွေလည်း နှောင့်နှေးကုန်ပြီ” လူအုပ်ကြီးမှာ တစ်ယောက်ပြီးတစ်ယောက်ပြန်ကုန်ကြပြီဖြစ်ကြောင်း ယွမ်ကျိုးသတိထားမိသည်နှင့် ရှန်မင်အား ထိုသို့ပြောလိုက်သည်။ “မပြန်ပါဘူး။ သူဌေးကို ဟင်းတွေ ကူပြင်ပေးဦးမယ်” ရှန်မင်က ယွမ်ကျိုးအား ကြည့်ကာပြောသည်။ “မလိုဘူး။ မင်း အခုပြန်လို့ရပြီ။ ညနေမှပြန်လာခဲ့” ယွမ်ကျိုးက ခေါင်းခါပြီး ငြင်းလေသည်။ “ကျွန်မ သန့်ရှင်းရေးလုပ်ပေးမယ်” ရှန်မင်က ဒုတိယအကောင်းဆုံးအခွင့်အရေးကို ယူရန် ထိုသို့ပြောလိုက်သည်။ “မင်းလုပ်ရမယ့်အလုပ်က ငါပြောတာကိုနားထောင်ဖို့ပဲ” ယွမ်ကျိုးက ပေါ့ပေါ့ပါးပါးပြောသည်။ “ဟုတ်ပါပြီ။ အဲ့ဒါဆိုလည်း သူဌေးကို မနှောင့်ယှက်တော့ပါဘူး” ယွမ်ကျိုးက စာအုပ်ထုတ်ကာ ဖတ်ရန် ပြင်နေသည်ကို မြင်သောအခါ ရှန်မင်က သူမဆက်မနေသင့်တော့ကြောင်း တွေ့လိုက်သည်။ “အင်း...ဂရုစိုက်ပြန်” ယွမ်ကျိုးက ခေါင်းညိတ်ပြသည်။ “ဟုတ်...တာ့တာ” ရှန်မင်က ဆိုင်အတွင်းမှ နှေးကွေးစွာ ထွက်သွားလေသည်။ “ဟင်းးး.....ကံကောင်းလို့ ငါသိပ်တော်နေလို့သာပေါ့” ဆိုင်အတွင်း ဘယ်သူမှ မရှိတော့သည်ကို မြင်သောအခါမှသာ ယွမ်ကျိုးထိုင်ချလိုက်တော့သည်။ “တန်းစီစက်ဆိုတာကြီးက ဘယ်လိုပုံစံပါလိမ့်” ခဏနားပြီးနောက် ယွမ်ကျိုးက ခေါက်ဆန့်ပြုလုပ်လို့ရသည့်နံရံကို ဖွင့်ကာ စစ်ဆေးရန်ပြင်လိုက်သည်။ “ရှပ် ရှပ် ရှပ်” ယွမ်ကျိုးက အရက်ဆိုင်၏ပထမထပ်သို့ လျှောက်သွားလိုက်သည်။ ယွမ်ကျိုးထက် အနည်းငယ်မြင့်သောစက်တစ်လုံးမှာ ထိုနေရာတွင် ရှိနေပြီး အတော်လေးမြင်သာနေသည်။ စက်တစ်ခုလုံးမှာ ရုပ်ရှင်ရုံတွင် တွေ့ရတတ်သောလက်မှတ်ရောင်းသည့်စက်နှင့် အတော်ဆင်တူသည်။ အောက်ခြေပိုင်းတွင် ကတ်ပွတ်ဆွဲရသည့်အမှတ်အသားတစ်ခု ထင်ရှားစွာ ရှိနေသည်။ ငွေရောင်အဖုံးမှာ အလွန်ခေတ်ရှေ့ပြေးဟန်တူသည်။ (၁၈)လက်မအကျယ် မျက်နှာပြင်ပေါ်တွင် ရွေးချယ်စရာနှစ်မျိုးသာ ရှိသည်။ "အချိန်မှန်စားမယ်" နဲ့ "စားဖို့စောင့်မယ်" အဲ့ဒါက ဘာအဓိပ္ပာယ်ပါလိမ့်” ယွမ်ကျိုး ဇဝေဇဝါဖြင့် မေးလိုက်သည်။ စနစ်က “အချိန်မှန်စားမယ်ဆိုတာက တန်းစီပြီး ချက်ချင်းစားမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီး “စားဖို့စောင့်မယ်”ဆိုတာက စားမယ့်သူတွေကို နောက်တစ်ကြိမ်မှ စားဖို့ စီစဉ်ပေးရမယ်ဆိုတဲ့အဓိပ္ပာယ်ပါ” ဟု ဖော်ပြလာသည်။ “လူဘယ်နှစ်ယောက်ကို “စားဖို့စောင့်မယ်” ဆိုတဲ့ဝန်ဆောင်မှုကို အသုံးပြုခွင့်ပေးမှာလဲ” ယွမ်ကျိုးက စပ်စုလိုက်သည်။ စနစ်က “နေ့စဉ် စားသုံးသူစုစုပေါင်းရဲ့ နှစ်ဆယ်ရာခိုင်နှုန်းကိုပါ” ဟု ပြသလာသည်။ “အဲ့လိုဆိုရင်တော့ တော်တော်လေးမျှတပါတယ်” ယွမ်ကျိုး ချက်ချင်း နားလည်သွားသည်။ ထိုနည်းဖြင့် ဧည့်သည်တွေနှင့် နောင်တွင် ရှိလာမည့်ပြည်ပဧည့်သည်များအတွက်ပါ ပြဿနာကို ဖြေရှင်းပြီးဖြစ်ပေသည်။ ထို့အပြင် ရွေးချယ်ခွင့်မှာ စားသုံးသူလက်ထဲတွင် ရှိပေသည်။ “ဒီစက်က အားသွင်းရတာလား။ အင်တာနက်နဲ့ရော ချိတ်ရလား” ယွမ်ကျိုးက စက်ကို လှည့်ပတ်ကြည့်လိုက်ပြီး အားသွင်းပေါက်မတွေ့သဖြင့် စပ်စပ်စုစုမေးလိုက်သည်။ “ဒါနဲ့ မိုးစိုရင်ရော ပျက်လား။ ငါ့မှာ မိုးကာစရာ ဘာမှမရှိဘူးနော်” ယွမ်ကျိုးက ရုတ်တရက် ထိုသို့တွေးမိသွားသည်။ စနစ်က “စက်က ရာနှုန်းပြည့် နေရောင်ခြည်စွမ်းအင်သုံးစက်ပါ။ နေပူပူ၊ မိုးရွာရွာ အလုပ်လုပ်နိုင်ပါတယ်။ အင်တာနက်ချိတ်ဖို့ မလိုပါဘူး။ စနစ်က နေ့စဉ် ဒီဆိုင်မှာ စား‌သောက်မယ့်လူအရေအတွက်ကိုပါ အလိုအလျောက်ချိန်ညှိပေးပါလိမ့်မယ်” ဟု ဖော်ပြလာသည်။ “တော်တော်ပြည့်စုံတဲ့အဖြေပဲ” ယွမ်ကျိုးက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ “ဟိတ်” ယွမ်ကျိုးက တစ်ဖန်ပြန်လှည့်လိုက်ပြီး ရုတ်တရက် အားထုတ်ကာ စက်ကိုမ,ပြီးသယ်ရန် လုပ်လိုက်သည်။ “လေ့ကျင့်ခန်းလုပ်ထားတာ အကျိုးတော့ရှိသားပဲ” ယွမ်ကျိုးက စက်ကို အသာပြန်ချလိုက်ပြီး စိတ်ကျေနပ်စွာ ပြောလိုက်သည်။ တန်းစီစက်မှာ နဂိုကတည်းကပင် ပေါ့ပေါ့လေးဖြစ်သည်ဟူသောအချက်ကိုမူ လျစ်လျူရှုလိုက်သည်။ “ကဲ...အခု ငါ့ရဲ့နောက်ထပ်တာဝန်တစ်ခုကို ပြီးအောင်လုပ်ရမယ့်အချိန် ရောက်ပြီ” ယွမ်ကျိုးက သူ့ကို ပြန်ထုတ်လိုက်ပြီး ရှားရှားပါးပါးအနေဖြင့် ညစ်ကျယ်ကျယ်ပြုံးလေသည်။ ယွမ်ကျိုး အပိုင်း(၃၄၆)

All Chapters