← Chapters

အခန်း (၃၅၁-၃၅၂)

Vol. 26 Ch. 351-352

အခန်း (၃၅၁-၃၅၂)

Vol. 26 Ch. 351-352

ယွမ်ကျိုး အပိုင်း(၃၅၁)

"နောက်တပွဲလောက်ချပေးဦး"၀တုတ်က ပျော်ပျော်ရွှင်ရွှင်စားပြီး သတိလက်လွတ်အော်လိုက်သည်။

"တောင်းပန်ပါတယ်၊လူတစ်ယောက်ဆိုဟင်းပွဲတစ်ပွဲပဲမှာလို့ရတာပါ"ကျိုကျာက အနားရောက်လာပြီး တာ၀န်ရှိသည့်အတိုင်းပြောလိုက်သည်။

သူမက ၀တုတ်နှင့်အကြိမ်များစွာတွေ့ဖူးသော်လည်း၊ သူ့ကိုပြုံးပြီး အမြဲသတိပေးရတတ်သည်။

လူတွေက ပျော်ရွှင်စွာစားပြီးတာနဲ့သတိလက်လွတ်အော်ကြသည်ကို ကျိုကျာက မြင်နေကျဖြစ်သည်။

"အိုးဟုတ်သားပဲ၊သူဌေးယွမ်က သူ့ဖောက်သည်တွေကို မန်ထိုနည်းနည်းပဲကျွေးနိုင်ရတာလဲ?"၀တုတ်က ဗိုက်ကိုပွတ်ရင်း မကျေမနပ် အပြစ်တင်လိုက်သည်။

"နေ့လည်စာ စားဖို့ထပ်လာခဲ့ပါဦးရှင်"ကျိုကျာကပြုံးပြီး ပြောလိုက်သည်။

"အဲလိုလုပ်ချင်ပေမဲ့၊ ကျွန်တော့်ပိုက်ဆံအိတ်က ခွင့်မပြု‌ဘူး‌ဗျ၊ သူက ကျွန်တော့်လို အမြဲတမ်း တိုးလာတတ်တာမျိုးမဟုတ်ဘူး လေ"၀တုတ်ကသူ့ရဲ့အဆီတွေကိုလှုပ်ရင်း ပြောနေသည်ကအတော်လေးရယ်စရာကောင်းသည်။

ဘေးမှာရပ်နေသည့် ကျိုကျာကတော့ ဘာပြောရမှန်း မသိဘဲပြုံးနေသည်။

"အဲ့ဒီ၀တုတ်က အတော်စိတ်၀င်စားစရာပဲ"စုမူကပြုံးလိုက်သည်။

"ကို‌ကြီး စကားပြောနေရင်းကို့ကြီးတူ‌ ကညီမရဲ့ဟင်းပွဲထဲမရောက်လာနဲ့လေ"

စုယွဲ့ရှန်းက စုမူ၏လက်ကို အမြန်ဖမ်းကိုင်လိုက်သည်။

"ညီမလေးအထင်လွဲ‌တာပါ။မင်းအစားအသောက်တွေကုန်ရဲ့လားဆိုတာကိုကြည့်ရုံပါ၊ကိုကြီးရဲ့လှပတဲ့ညီမလေးကိုစောင့်ရှောက်ဖို့ကကိုကြီးတာ၀န်

ပဲလေ"

စုမူက မှန်ကန်သည့်ပုံစံဖြင့် အလေးအနက်ပြောလိုက်သည်။

"ကိုကြီး တူကြားက မန်ထိုကိုချထားရင်၊ညီမလေးယုံပေးမှာပါ"

စုယွဲ့ရှန်းက စုမူ၏လက်ကို မလွှတ်ဘဲ မန်ထိုကိုချရန် အချက်ပြလိုက်သည်။

"မင်းကငါ့ညီမဆိုပေမဲ့၊ မင်းကအရမ်းကပ်စေးနှဲ တယ်လို့ပြောရမှာပဲ"

စုမူကရုန်းပေမဲ့ မရ၍ထိုသို့သာ စကားနာထိုးရန် တတ်နိုင်တော့သည်။

"ချီးမွမ်းပေးလို့ကျေးဇူးပါနော်"

စုယွဲ့ရှန်းကခေါင်းငြိမ့်ပြီး ယဉ်ကျေးစွာပြောလိုက်သည်။

သူမ၏အစ်ကိုနှင့် ရက်ကြာကြာနေပြီးသည့်နောက်မှာ စုယွဲ့ရှန်းကရှိုးတိုးရှန့်တန့်မဖြစ်တော့ပေ။

တစ်ခါတလေ သူမက သူမ၏အစ်ကိုကိုပြန်စနောက်တတ်သည်။

ဆိုင်ထဲ အရင်၀င်လာသည့် ဖောက်သည်များက ကျေနပ်စွာစားသောက်နေကြပေမဲ့၊နောက်မှာတန်းစီနေသူတွေကတော့ အတော်လေး မျှော်လင့်စောင့်စားနေသည်။

"နံနက်စာအတွက် ဟင်းပွဲအသစ်လို့ကြားတယ်နော်၊သူဌေးယွမ်ကအရမ်းတော်တာပဲ"ဖောက်သည်တွေက နှစ်ယောက်သုံးယောက်စုပြီး စကားပြောနေကြသည်။

"အင်းဗျာ၊အရသာရှိတဲ့မန်ထိုသေးလေးတွေတဲ့"

တစ်မနက်လုံးဗိုက်ဆာနေကြပြီဖြစ်၍ဖောက်သည်များက အပူတပြင်းဆွေးနွေးနေကြသည်။

"ဟေးဒီမှာလတ်လတ်ဆတ်ဆတ်မုန့် ပေါင်းတွေရတယ်နော်"ဈေးသည်တစ်ဦးက လူတွေစုနေသည်ကိုတွေ့၍မုန့်ပေါင်းများနှင့်အနားရောက်လာသည်။

"မလိုဘူး ၊ငါကနံပါတ်ရှိတယ် မကြာခင်စားရတော့မှာ ခင်ဗျားဟာစားရင်ဗိုက်ပြည့်သွားမှာပေါ့"

သူတို့ထဲကလူတစ်ယောက်ကလက်ယမ်းရင်းပြောလိုက်သည်။

"ဟို ကျတော်တို့ကတော့ပဲနို့သောက်မယ်ဗျ"နောက်ဖောက်သည်တဦးက‌ ခဏစဉ်းစားပြီး ပြောသည်။

"ဟုတ်၊ကျွန်မဆီမှာရှိပါတယ်၊ဒီမနက်ကမှ ကျိုချက်ထားတာပါ။လတ်လတ်ဆတ်ဆတ်နဲ့ အရမ်းမွှေးနေတာပဲ။ ငါးခွက်လောက်ယူမလား"ဈေးသည်ကစိတ်မဆိုးပဲ ပဲနို့သောက်ချင်တာကို တွေ့သောအခါ ခွက်ထုတ်ပြီးပြောလိုက်သည်။

"OK ဘယ်လောက်လဲ"?ဖောက်သည်ကပဲနို့ပူပူကိုတို့ပြီးခေါင်းငြိမ့်လိုက်သည်။

"တစ်ခွက် ၅ယွမ်ပါ"ဈေးသည်ကအပြုံးဖြင့်လက်ငါးချောင်းထောင်ကာပြောလိုက်သည်။

"ဒီမှာရော့"ဖောက်သည်ကကျသင့်ငွေပေးပြီးတော့တခြား‌ခွက်တွေကိုလူလေးယောက်ဆီပေးလိုက်သည်။

"ကျတော်ကသူဌေးယွမ်ရဲ့ပဲနို့ကိုသောက်ချင်နေတုန်းပဲ"ဖောက်သည်တွေကသောက်နေရင်းငြီးငြူလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ဒီနေ့မဟုတ်လောက်ဘူး"တယောက်ကပခုံးဆတ်ခနဲတွန့်ကာ‌ ပြောလိုက်သည်။

ပြောရမည်ဆိုလျှင် ယွမ်ကျိုးစားသောက်ဆိုင်ဘေးနားက ဈေးသည်တွေရောင်းသည့် နံနက်စာကဈေးကြီးလာသော်လည်း သူတို့ဆီမှာ ၀ယ်သူတွေကလည်း ပိုများလာတာဖြစ်သည်။

အဲ့ဈေးသည်တွေဒီမှာရှိနိုင်တဲ့အကြောင်းကသူတို့ကအရမ်းသန့်ရှင်း၍ဖြစ်သည်။ပဲနို့ကိုလည်းပဲစေ့မှ အမှန်တကယ်ထုတ်ထားတာဖြစ်သည်။ထို့ကြောင့်ပဲနို့၅၀၀မီလီကို၅ယွမ်ပေးရတာက သိပ်တော့မဆိုးပေ။

ဒီနေ့ ခေတ်မှာ လူတွေက လတ်ဆတ်သလား၊ကျန်းမာရေးညီညွတ်သလား၊ နှင့်အရသာကောင်းဖို့၊စိတ်ချရဖို့တို့ကိုအလေးပေးလာကြသည်။ယွမ်ကျိုးစား‌သောက်ဆိုင်လောက်အရသာမရှိရင်တောင်၊ဒီဈေးသည်တွေရဲ့ရောင်းအားကအတော်ကောင်းသည်။

အပြုသဘောနိယာမက ယွမ်ကျိူးစားသောက်ဆိုင်ကို ထင်ဟပ်နေသည်။ယွမ်ကျိုးကို မနာလိုသော ခေါက်ဆွဲဆိုင်သူဌေးတောင်သူ့ရဲ့မတူညီတဲ့အရသာကြောင့်တည်ရှိနေနိုင်ဆဲဖြစ်သည်။

နေ့လည်ဆိုင်ဖွင့်ချိန် မတိုင်ခင်၅မိနစ်အလိုမှာ ဖောက်သည်တွေက တိုကင်အတွက် IDရိုက်ထည့်ပြီး စတန်းစီနေကြပြီဖြစ်သည်။ ဘဏ်မှာတန်းစီနေကြသလိုပင်။သို့သော် ဘဏ်၀န်ထမ်းတောင် ယွမ်ကျိုးစားသောက်ဆိုင်မှာတန်းစီနေရမှာ ဖြစ်သည်။

ပထမဆုံး၁၂ယောက်ကချောမွေ့စွာ၀င်သွားသည်။ဆယ့်သုံးမြောက်ယောက်မှာတော့ ထင်မထားသည့်အရာဖြစ်လာသည်။

အသားဖြူဖြူသန့်သန့်နဲ့လူငယ်တယောက်ကအတော်ငယ်ပုံပေါက်ပြီးချောမောသည်။ သူကဒီနေရာကိုအခုမှရောက်ဖူးပုံပင်။

သူကIDကိုထုတ်ပြီးကတ်ဖြတ်ပေမဲ့စက်မှာပေါ်လာတာက"ဒေတာမှားယွင်းသည်"ဟူ၍ဖြစ်သည်။

ကတ်ကိုနောက်တစ်ကြိမ်ဖြတ်သော်လည်း "ဒီ"ဟူသောအသံနှင့်"ဒေတာမှားယွင်းသည်"သာပြလာသည်။

"ဒါဘာကြီးလဲ၊ငါ့ကိုမစားရအောင်လုပ်နေတာလား"လူအုပ်ကြီးကကြည့်နေတော့လူငယ်ကမျက်နာနီရဲလာပြီး အော်လိုက်သည်။

"တောင်းပန်ပါတယ်၊ကတ်ထပ်ဖြတ်ပေးပါ"ကျိုကျာ ကအမြန်ရောက်လာပြီးပူပန်စွာပြောလိုက်သည်။

ဒါက သူမအတွက်လဲပထမဆုံးအကြိမ်ဖြစ်ပြီး တော်တော်လေးဇဝေဇဝါဖြစ်နေသည်။

"ဘာအရူးစက်ကြီးလဲပျက်နေတာလား?လူငယ်ကမကျေမနပ်ဖြစ်နေသည်။

"မဟုတ်ပါဘူး၊လွန်ခဲ့တဲ့ရက်ကမှ၀ယ်ထားတာပါ"ကျိုကျာက ပြေပြစ်စွာရှင်းပြလိုက်သည်။

"အမှန်တရားကတော့ မင်းတို့ကဈေးကြီးတဲ့ဟင်းပွဲတော့ ရောင်းတတ်ပြီး‌

ကောင်းတဲ့စက်တော့မ၀ယ်နိုင်ဘူးလေ"လူငယ်ကသူ့အတွေးထဲကအတိုင်းပြောလိုက်သည်။

"ကျေးဇူးပြုပြီးထပ်ကြိုးစားပေးပါ"ကျိုကျာက လက်နဲ့ညွှန်ပြကာ ပြောလိုက်သည်။

သူကထပ်ကြိုးစားသော်လည်း"ဒေတာကမှားယွင်းနေပါသည်"ဟုပြမြဲပြနေသည်။

"ငါဂရုမစိုက်ဘူး၊ သေချာပေါက်မင်းတို့စက်ရဲ့အမှားပဲ၊မင်းတို့ ငါ့ကိုနံပါတ် တစ်ခုပေးရမယ်"လူငယ်က ကျိုကျာကိုစိုက်ကြည့်ပြီး စိတ်ဆိုးစွာပြောလိုက်သည်။

"တောင်းပန်ပါတယ်၊ခဏစောင့်ပေးပါ"ကျိုကျာက တောင်းပန်သည့် လေသံဖြင့်ပြောလိုက်သည်။

"အင်း မြန်မြန်လုပ်ပေး"လူငယ်ကလမ်းဖယ်ပြီး တခြားသူတွေကို ကတ်ဖြတ်စေလိုက်သည်။

ကျိုကျာက ဆိုင်ထဲ‌ခပ်သုတ်သုတ်၀င်သွားတော့လူငယ်မှာစိတ်ချသွားသည်။

သူမျက်လုံးတွေကဘာပြဿနာမှမရှိတော့ဟုဖော်ပြနေသည်။

"သူဌေးစက်ကတခုခုမှားနေသလိုပဲ၊ဖောက်သည် တစ်ယောက်ကနံပါတ်အတွက်စက်ဖြတ်လို့မရဖြစ်နေတယ်။

"ဆိုင်ထဲ၀င်၀င်ချင်းမှာကျိုကျာကအမြန်ပြောလိုက်သည်။

"စက်ကဘာပြနေလို့လဲ"ယွမ်ကျိုးကတည်ငြိမ်စွာမေးလိုက်သည်။

"သူကသုံးကြိမ်ဖြတ်ပေမဲ့ အကြိမ်တိုင်းစက်က'ဒေတာမှားယွင်းတယ်'ပဲပြနေတာ"ကျိုကျာက ဂရုတစိုက် ပြန်ဖြေလိုက်သည်။

"သူ့ကို ပြန်ခိုင်းလိုက်တော့"

ယွမ်ကျိုးက နားထောင်ပြီးသည့်နောက်မှာတော့ မျက်တောင် တစ်ချက်မခတ်ဘဲ တည့်တိုးပြောလိုက်သည်။

"ဟင်?"ဒါယွမ်ကျိုးဖောက်သည်ကိုနှင်ထုတ်တာကို ကျိုကျာမြင်ရသည့်ဒုတိယအကြိမ်ဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ထိုလူငယ်ကသဘောထားသိပ်‌မကောင်းပေမဲ့မှားယွင်းတာမရှိသလိုပေ။

"သူ့က သူ့IDကိုသုံးနေတာ မဟုတ်ဘူး။ဒီနေ့အတွက် ထပ်လာလို့မရတော့ဘူးလို့ပြောလိုက်"ယွမ်ကျိုးကခေါင်းမြှင့်ကာ ကျိုကျာကို ကြည့်ရင်း ပြောလိုက်သည်။

"ဟုတ်ကဲ့ သွားပြောလိုက်ပါ့မယ်"ကျိုးကျာက နည်းနည်းရှက်သွားပြီး ဆိုင်ပြင်ပြေးထွက်သွားသည်။

ကျိုကျာအမြင်တွင် ယွမ်ကျိုးကသူမကိုအဆင့်မြင့်လစာပေးသော်လည်း သူမကတော့တာ၀န်မကျေ‌ခဲ့ပေ။ ယခုကိစ္စနှင့် ပတ်သက်၍ သူမ အားတုံ့အားနာ ဖြစ်မိသည်။

တခြားဘက်မှာတော့အပိုင်တွက်ထားသည့်လူငယ်ကဘေးမှာထိုင်စောင့်နေသည်။

သူ့စိတ်ထဲ ကျေနပ်နေကာ ပျော်ရွှင်စွာ‌ တွေးလိုက်သည်။

"သူဌေးယွမ်က ငါ့ကိုအစားပြန်ပေးရမှာပဲ၊"ငါ့မှာတစ်နေ့လုံးစောင့်ပြီးနံပါတ်တခုတောင်မရလာဘူး၊ ဒါသူ့စက်ပြဿနာဆိုတော့သူ့ဖောက်သည်ကိုပြန်အစားထိုးပေးမှာပဲ"

သူက ဒီလိုလူတွေထဲကတယောက်မို့လို့သူ့သူဌေး၏အသိအမှတ်ပြုမှု့ကိုရတာဖြစ်နိုင်သည်။

သူကအမှန်တော့ သူ့ကတ်ကိုလည်းမသုံးချင်၊သူ့ကိုယ်တိုင်လည်းလာစားဖို့အတွေးမရှိပေ။ သူ့သူဌေးက ဒီကဟင်းပွဲတွေစားချင်ပြီး အချိန်မရှိပါဟု ငြီးငြူနေတာကြား၍သာ ဖြစ်သည်။

ထို့ကြောင့်သူကဒီကိုလာရန်ဆန္ဒရှိခဲ့ခြင်းဖြစ်သည်။

တခြားသူအစားတန်းစီခွင့်မပေးတဲ့အပြင်နံပါတ်ရဖို့ကိုယ့်IDနဲ့ရိုက်ထည့်ရန်လိုခြင်းအတွက်ဒီစက်ကသူနှင့်သူ့သူဌေးကိုခွဲခြားနိုင်သည်ဟု မထင်ပေ။

ထိုစဉ် ကျိုကျာက လာပြောလေသည်။

"စိတ်မရှိပါနဲ့ ဖောက်သည်တွေက ကိုယ့် IDနဲ့ကိုယ်တိုင်တန်းစီရမှာပါ"

"လူစားထိုးတန်းစီတာကိုခွင့်မပြုပါဘူး"

"မင်းကမဟုတ်တာတွေပြောနေတာ၊မင်းသူဌေးဘယ်မှာလဲ‌၊ငါတွေ့ချင်တယ်၊ငါကငါ့IDနဲ့ပဲရိုက်ထည့်ခဲ့တာကွ"

ထိုလူငယ်၏ကိုယ်ပိုင်စိတ်ကူးကဖျက်ဆီးခံလိုက်ရ၍ သူကရိုင်းစိုင်းစွာအော်လိုက်သည်။

"သူဌေးပြောတာက ရှင်ဒီနေ့ထပ်လာ

လို့ မရတော့ဘူး၊ ဒီနေ့နံပါတ်ကိုလည်း မရတော့ပါဘူး"ကျိုကျာ၏လေသံကအနည်းငယ်ထိန်းထားသည့်ပုံပေါ်သည်။

"ရှင့်IDဟုတ်လားမဟုတ်လားကရှင်အသိဆုံးဖြစ်မှာပါ၊"

ကျိုကျာက ဆက်ပြောလိုက်သည်။

"ဟမ့် ငါကလည်းစောက်ဂရုမစိုက်ဘူး"တခြားသူတွေက၀ိုင်းကြည့်နေတာမြင်တဲ့အခါမှာတော့လူငယ်မှာ ရှက်လာသည်။

သူပြောပြီးနောက်မှာ သူကလှည့်မကြည့်ဘဲခပ်သုတ်သုတ်ထွက်သွားသည်။

"ဂရုစိုက်ပါရှင့်"ကျိုကျာက ထိုသူနောက်မှ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

ဖောက်သည့်များမှာရှုပ်ထွေးသွားကြသည်။ စက်ကIDနဲ့ လူကိုတွဲဖတ်နိုင်တဲ့လုပ်နိုင်စွမ်းရှိတာလား။

အပိုင်း(၃၅၁)

ပြီးပါပြီ။

အပိုင်း(၃၅၂)

“မိန်းကလေး၊ဒီစက်က ကတ်ပိုင်ရှင်ကိုသိနိုင်တာလား”

ဖောက်သည်တစ်ယောက်က သိလိုစိတ်ဖြင့် မေးလိုက်သည်။

“ဟုတ်ပါတယ်၊လူတစ်ယောက်စီကကိုယ်ပိုင်IDနဲ့ပဲ တန်းစီလို့ရတာပါ၊ စောစောကလို လူစားထိုးတန်းစီလို့ မရပါဘူး”ကျိုကျာကပြုံးပြီးညင်သာစွာရှင်းပြလိုက်သည်။

“ဒါကတော်တော်တိုးတက်တာပဲ၊စိတ်၀င်စားစရာပဲ”ဖောက်သည်ကတန်းစီစက်ကိုသိချင်စိတ်ဖြင့်ကြည့်လိုက်သည်။

“ဒါပေမဲ့ လူကြီးမင်းတို့မစိုးရိမ်ပါနဲ့၊စက်ကဖောက်သည်တွေရဲ့ကိုယ်ရေးအချက်အလက်ကိုမှတ်တမ်းတင်ထားမှာမဟုတ်ပါဘူး”ကျိုကျာကကြိုပြောလိုက်သည်။

“ဒါဆိုကောင်းပါတယ်”ဖောက်သည်တွေကစိတ်သက်သာရာရသွားသည်။

အမှန်ဆိုရင်၊ဒီစက်ကခွဲခြားသိနိုင်သည့်အချက်အလက်ကိုသာမှတ်တမ်းတင်ပြီးအခြားအရာများမလုပ်နိုင်ပေ။

ယနေ့ခေတ်မှာအဆင့်မြင့်နည်းပညာတွေကကမ္ဘာကိုလွှမ်းမိုးနေပြီဖြစ်သည်။IDကတ်တခုဖြင့် တစ်ယောက်ယောက်ကို အန္တာရာယ်မပေးနိုင်ချေ။

ထို့ပြင်လူတိုင်းက

အရာရာကိုကိုယ်တိုင်ပဲလုပ်ရလို့အခြားသူအကျိုးအတွက်သိပ်မစဉ်းစားနိုင်ချေ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဖောက်သည်တွေက ရှင်းလင်းစွာ နားလည်သွားသည်။

“ဆိုင်ဖွင့်ပါပြီရှင်၊အားလုံးပဲအထဲ၀င်ပြီးသုံးဆောင်နိုင်ကြပါပြီ၊နောက်ကသူတွေ နံပါတ်စဥ်အတိုင်းတန်းစီပေးကြပါရှင့်”

ကျိုကျာက အချိန်ကိုကြည့်ပြီး ပြုံးရွှင်စွာပြောရင်း အချက်ပြလိုက်သည်။

ဆိုင်ထဲ၀င်လာသည့် ဖောက်သည်များထဲမှ တယောက်က ယွမ်ကျိုးကိုစက်အကြောင်း တည့်တိုးမေးလာသည်။အမှန်ပင်ဤစက်ကအလွန်အံဩဖွယ်ကောင်းလှသည်။

“သူဌေးယွမ် ဒီစက်ကအရမ်းမိုက်တယ်ဗျာ၊အဲ့ဒါက ကတ်ပိုင်ရှင်ကိုယ်တိုင်ဟုတ်လားဆိုတာကို ချက်ချင်း သိနိုင်တာလား။ ဘယ်ကနေ ဝယ်တာလဲ"

ဖောက်သည်က သိချင်စွာ မေးသည်။

“အော် အဲ့ဒါကျွန်တော် မိတ်ဆွေကပို့ခဲ့တာပါ”ယွမ်ကျိုးက ထူးမခြားနားပြောလိုက်သည်။

“ကျွန်တော့်ရော တစ်ခုလောက် မေးလို့ ရဦးမလား။တော်တော်စိတ်၀င်စားနေလို့ပါ”

ဖောက်သည်က ပြောလိုက်သည်။

“တောင်းပန်ပါတယ်၊ ဒီထက်ပိုပြီး ဖြေပေးလို့ မရပါဘူး”ယွမ်ကျိုးက ခေါင်းခါလိုက်သည်။

“Okမေ့လိုက်ပါဗျာ”ဖောက်သည်ကပခုံးဆတ်ခနဲတွန့်ကာအတင်းအကျပ်မပြောတော့ပေ။

နံပါတ်ရသွားသည့် ဖောက်သည် နှစ်ဦးသုံးဦးစီက အတူတူ မတ်တတ်ရပ်နေကြသည်။

တချို့က‌ ဘေးလမ်းကြားကို လမ်းခဏသွားလျှောက်ပြီးမှ ပြန်လာကြသည်။

အခုဆို တန်းစီစက်မှ နံပါတ်ယူကာ နေရာရနေပြီဖြစ်၍ မည့်သည့်အချိန်တွင်စားရမလဲ မသိသေးသည့် ဟင်းပွဲများမစားရမှာကို စိုးရိမ်ရန် မလိုအပ်တော့ချေ။

အပြင်ဘက်မှာ လမ်းခဏလျှောက်ပြီး၊ပြန်လာလျှင် သူတို့အလှည့်ရောက်ပြီး

ဟင်းပွဲများကို စားရနိုင်ချေ ရှိသည်။

ထို့ကြောင့် တန်းစီလိုင်း၏ နံပါတ်စဥ် နောက်ကျသူများက ထိုကဲ့သို့ လုပ်ဆောင်ကြသည်။

“ကျေးဇူးပြုပြီး‌နံပါတ်အတိုင်း၀င်ပြီးသုံးဆောင်ကြပါ”

ဖောက်သည်တစ်ဦးထွက်သွားပြီးနေရာလွတ်သွားသော်လည်းမည်သူမျှ၀င်မလာ၍ ကျိုကျာက သတိပေးလိုက်သည်။

“မိန်းကလေး နံပါတ်၁၂၆မရှိဘူး ကျွန်တော်က၁၂၇ဆိုတော့ အရင်၀င်လို့ရမလား?”လူတယောက်ကသူ့နံပါတ်ကိုပြပြီးမေးလိုက်သည်။

“ရပါတယ် ၀င်လာပါရှင်”ကျိုကျာကပြုံးပြီးပြောလိုက်သည်။

“ဂျီး “မင်း ဟိုလူကို မစောင့်တော့ဘူးလား”ဖောက်သည်တစ်ယောက်က အံဩတကြီး မေးလိုက်သည်။

“ဆိုင်ဖွင့်ချိန်က သတ်မှတ်ထားပါတယ်၊အဲ့လူကို စောင့်ရင် တခြားသူတွေပေါ် မမျှတဘူး၊ ဒါကြောင့် အားလုံးက အချိန်ကို အာရုံစိုက်ပေးပါ”ကျိုကျာကခဏခဏပြောနေရလို့အလွန်ပြေပြစ်စွာပြောနိုင်နေပြီဖြစ်သည်။

ဘယ်သူ့ကိုမှ‌ မစောင့်ဘူးဆိုတာကို ကျိုကျာကအကြိမ်တိုင်းသတိပေးခဲ့ပြီးပြီ။

ဒါကြောင့်နေရာမှာ မရှိရင် သူတို့ကမရှိတာပဲဖြစ်သည်။ ဘယ်သူ့ကိုမှ ထပ်မစောင့်ပေးသလို နံပါတ်လည်းအစားပြန်မပေးပေ။

“မိန်းကလေး ငါတို့ကို နေ့တိုင်းသတိပေးသင့်တာလေ၊နံပါတ်ရှိတဲ့ငါကဒီအတိုင်းရပ်စောင့်နေရမလား”ဖောက်သည်ကသူ့နံပါတ်ကိုထောင်ပြရင်း ပြောလိုက်သည်။

“အင်းလေ၊ငါတို့သာ သူတို့ကိုစောင့်နေရင် ငါတို့ဘယ်အချိန်မှ စားရမလဲဘုရားပဲသိလိမ့်မယ်”တခြားဖောက်သည်တွေကလည်း သဘောတူကြသည်။

“ခုတလော ဆိုင်ကိုလာတဲ့ လူနည်းလာတယ်လို့ ထင်တယ်၊ခင်ဗျားတို့ရော ဘယ်လိုထင်လဲ”

တခြားဖောက်သည်က နံပါတ်ယူနေရင်း ပြောသည်။

“ဟုတ်တယ်၊ မနေ့က ဖောက်သည်ပိုများတယ်၊ ဒီနေ့တော့ အနည်းဆုံး၅ယောက်လောက် လျော့သွားတယ်”

ဖောက်သည်များကသတိပြုမိပြီးပြောလိုက်သည်။

“ဒါပေမဲ့ အပြောမစောပါနဲ့ အချိန်ကိုကြည့်ပါဦး ဘယ်နှနာရီ ကြာသေးလို့လဲ”ဖောက်သည်တယောက်ကဇဝေဇ‌ဝါဖြစ်သွားသည်။

သူ့စကားကိုကြားတော့ တခြားသူတွေလည်းတိတ်ဆိတ်သွားသည်။

“ဒါကြောင့်ပဲဖြစ်ရမယ်”မန်မန်ကနံပါတ်ကိုမြှောက်ပြပြီးစပြောလိုက်သည်။

“ပုံမှန်တန်းစီနေချိန်မှာတယောက်ယောက်ကဆိုင်ထဲကထွက်လာတာနဲ့စိတ်မရှည်ဘဲချက်ချင်း၀င်သွားကြမှာပဲ၊ဒါပေမဲ့အခုကမိန်းကလေးက၀င်ဖို့

လာမခေါ်မချင်းအထဲကိုမ၀င်နိုင်ဘူးလေ၊လမ်း လျှောက်တာကအနဲဆုံးတမိနစ်ကြာတယ်၊ဒါသိပ်တော့မသိသာပေမဲ့ကြာရင်တော့အချိန်တွေကအများကြီးဖြစ်သွားပြီ”မန်မန်ကကျိုးကြောင်းသင့်ရှင်းပြလိုက်သည်။

“မင်းပြောတာဟုတ်သလိုလိုပဲ”ဖောက်သည်အများစုကခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့အခု ကျွန်တော်မှာနံပါတ်ရှိတယ်၊ဒီနေရာမှာပဲ အရူးလိုရပ်မနေနိုင်တော့ဘူးလေ”ပန့်လ်ကေနဲ့ယောက်ျားတယောက်ကတဲ့တိုးပြောလိုက်သည်။

“ဟုတ်တယ် ငါရောပဲ၊နံပါတ်လက်ထဲရှိမှာတော့ရပ်မစောင့်နိုင်တော့ဘူး”လူတွေအားလုံးကထပ်တူပြောလိုက်သည်။

“ဟုတ်တယ်ပင်ပန်းနေပြီလေ”တခြားဖောက်သည်တွေကညည်းညူလိုက်သည်။

“ဒီလိုဆိုရင်ရော၊ဆိုင်ထဲမှာလူ၁၀ယောက်ဆန့်တယ်၊ပထမလူဆယ်ယောက်၀င်သွားရင်နောက်ကလူဆယ်ယောက်ကတန်းစီနေမယ်၊ဒါဆိုတယောက်ယောက်ထွက်လာတာနဲ့နောက်တယောက်ကချက်ချင်း၀င်နိုင်မှာပဲကြားမှာလွတ်မနေတော့ဘူး”မန်မန်ကအားတက်သရောရှင်းပြလိုက်သည်။

“အင်းအကြံကောင်းတယ်၊ဒါဆိုလူဆယ်ယောက်ကမြန်မြန်၀င်နိုင်လိမ့်မယ်”ဖောက်သည်တွေကဒီအကြံကိုသဘောကျသွားကြသည်။

“ငါတို့ဒီအကြံအတိုင်းလုပ်သင့်တယ်၊မဟုတ်ရင်အချိန်တွေအလကားကုန်နေဦးမှာ”မန်မန်ကအကြံပေးလိုက်သည်။

“မဟုတ်လဲသူဌေးယွမ်ကဆိုင်ဖွင့်ချိန်ထပ်တိုး ပေးမှပဲရမှာ”ဖောက်သည်တစ်ယောက်က သက်ပြင်းချကာပြောသည်။

“ကိုတိကျကြီးက သူ့စည်းကမ်းတွေကိုမပြောင်းလောက်ဘူး”မန်မန်ကအံ့ကြိတ်ပြီးပြောသည်။

“ကောင်းပြီ၊ဒီလိုပဲလုပ်မယ်၊အားလုံးပဲစည်းကမ်းလိုက်နာပြီးအချိန်ကိုချွေတာရအောင်၊မဟုတ်ရင်နောင်အချိန်နောက်ကျတဲ့သူတွေက စားလို့မရလောက်ဘူး”

သူတို့၏အရေးတကြီးလှုံဆော်မှု့ကြောင့်လူတိုင်းကပိုပြီးအာရုံစိုက်လာသည်။ တကယ်လို့သူတို့သာအချိန်ကိုတိကျစွာစီမံနိုင်ရင် နောက်ကျရင်တောင် အခွင့်အရေးရှိလောက်မည်။

“ဟေ့ နောက်ဆုံးတော့ ငါတို့ ရောက်လာပြီ၊ငါ့အကြောတွေ တောင် တောင့်နေတယ်”လေယာဉ်ပေါ်ကဆင်းဆင်းချင်း

ဂျက်စ်စ်ကစိတ်လှုပ်ရှားမှု့အပြည့်ဖြင့်အကြောဆန့်လိုက်သည်။

“မင်းအဲလိုပြောတာမရှက်ဘူးလား။ တလမ်းလုံးအိပ်ပြီးတော့ ညည်းညူနေလိုက်တာ”သူ့မိတ်ဆွေကမကျေမနပ်ပြောလိုက်သည်။

“ဘရို၊မင်းရဲ့၀န်တွေကိုငါကူထမ်းပေးပါ့မယ်ကွာ”ဂျက်စ်စ်ကပြုံးပြုံးရွှင်ရွှင်ဖြင့်သူ့မိတ်ဆွေ၏လည်ပင်းကိုလှမ်းဖက်လိုက်သည်။

“လာစမ်းပါ၊ဟိုတယ်မြန်မြန်သွားမယ်”ဘေးနားကတရုတ်လူမျိုးတွေကိုတွေ့တော့သူ့မိတ်ဆွေကစိတ်အားတက်ကြွသွားသည်။

“ဟေး လျိုအရှိန်လျော့၊ငါပျောက်သွားရင် မင်းမှာညီအစ်ကိုထပ်မရှိတော့ဘူးနော်”ဂျက်စ်စ်က မရှက်ဘဲပြောလိုက်သည်။

“ကျေးဇူးပြုပြီး ငါ့နာမည်အပြည့်ခေါ်ပေး၊မင်းတခွန်းခေါ်တိုင်းငါတကိုယ်လုံးကြက်သီးထလာပြီ”လျိုလို့ခေါ်တဲ့သူ့မိတ်ဆွေကပြတ်သားစွာခေါ်လိုက်သည်။

“OK OK လျိုဟွေ့ညနေအဲ့စားသောက်ဆိုင်သွားရအောင်”ဂျက်စ်စ်ကလက်သီးဆုပ်ရင်းဆုံးဖြတ်ချက်ချပြီးသလိုပြောလိုက်သည်။

“ဟင့်အင်းမနက်ဖြန်မှပဲ ငါပင်ပန်းနေပြီကွ”လျိုဟွေ့ကခိုင်မာစွာပြောလိုက်သည်။

“မင်းရဲ့ကိုယ်ခံအားက ချိနဲ့လိုက်တာကွာ”ဂျက်စ်စ်ကမကြိုက်သလိုပြောလိုက်သည်။

“ဒါဆို မင်းတယောက်တည်းသွား”လျိုဟွေ့ကချက်ချင်းပြောလိုက်သည်။

“လာပါ၊အဲလိုမလုပ်စမ်းနဲ့၊မနက်ဖြန်ဆိုကောင်းတယ်၊အဲ့ဒီကို မနက်ဖြန်နေ့လည်ကျရင်သွားရအောင်”ဂျက်စ်စ်ကလမ်းကို သေချာမသိကြောင်း အရိပ်ပြ ပြောလိုက်သည်။

“သွားမယ်”ဂျက်စ်စ်ကလက်တန်းကာတက္ကစီ တားလိုက်သည်။

နောက်နေ့မှာ ယွမ်ကျိုးစားသောက်ဆိုင်သို့သွားရန် လူနှစ်ဦးပြင်ဆင်နေစဉ် တိုက်ဆိုင်စွာပင် ယွမ်ကျိုးသည် ထိုနေ့တွင် နောက်ထပ်ဟင်းပွဲအသစ်ကို ကျွေးမွေးရန် ပြင်ဆင်နေသည်။

ဤသည်က ကြာမြင့်စွာပြင်ဆင်ထားတဲ့ ဟင်းလျာပင်ဖြစ်သည်။

All Chapters