အခန်း (၃၅၃-၃၅၄)
Vol. 26 Ch. 353-354
ယွမ်ကျိုး အပိုင်း(၃၅၃)
ဖောက်သည်များ ညစာ ထိုင်စားနေကြသည့်အချိန်မှာ ကျိုကျာက ယွမ်ကျိုးကိုရုတ်တရက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“သူဌေးယွမ် မန်နေဂျာရှီကို ကြည့်ပါဦး"
ကျိုကျာက ဆိုင်ထောင့်မှာထိုင်နေသည့် မန်နေဂျာရှီကို မသိမသာညွှန်ပြလိုက်သည်။
“အင်း၊ မင်းရော အကြောင်းရင်းကို သိလား”ယွမ်ကျိုးက မန်နေဂျာရှီ တစ်ခုခုဖြစ်နေသည်ဟု တွေးလိုက်သည်။
“ဟင့်အင်း၊မသိဘူး သူ့ကိုသွားမေးသင့်ရဲ့လား”ကျိုကျာကနည်းနည်းစိုးရိမ်နေသည်။
အင်း”ယွမ်ကျိုးကခေါင်းညိတ်လိုက်သည်။
မန်နေဂျာရှီက ဆိုင်၏ဖောက်သည်ဟောင်း တစ်ဦး ဖြစ်သည်။ ယနေ့ ဆိုင်သို့ ရောက်လာကတည်းက သူက စကားတစ်ခွန်းမျှ မပြောသေးပေ။
သူ ထိုင်သည့်နေရာမှာပဲ ထိုင်နေရင်း အတွေးများပြီး ငေးငိုင်သည့်ပုံစံဖြင့်ထိုင်နေတာဖြစ်သည်။ သူ၏ အမြဲတမ်းယုံကြည်မှု့အပြည့်ဖြင့် တောက်ပနေသောမျက်နှာက ယခုတော့ အိုစာပြီးအရေးအကြောင်းများပင် ပေါ်နေသည်။
မယုံနိုင်စရာတခုကတော့ သူ ယနေ့ ဝတ်ထားသော ဝတ်စုံက သူ မနေ့က ဝတ်ထားသည့် ကြေမွနေသော ၀တ်စုံပင် ဖြစ်သည်။
ဤသည်ကား မန်နေဂျာရှီ၏ နေထိုင်မှုပုံစံဖြင့် မကိုက်ညီပေ။ မန်နေဂျာရှီက စတိုင်ကျကျ ၀တ်စားတတ်သူမှန်း ပုံမှန်ဖောက်သည်တိုင်း သိကြသည်။ သူကဈေးကြီးသည့် အနောက်တိုင်း၀တ်စုံများကို အမြဲ၀တ်ဆင်တတ်ပြီး နေ့တိုင်း၀တ်စုံမထပ်ပေ။ သူ့အဆိုကတော့အနောက်တိုင်း၀တ်စုံအကောင်းစားတစ်စုံက လုပ်ငန်းခွင်အစည်းအဝေးမှာသူ၏သံချပ်ကာ ဖြစ်သည်ဟုအမြဲပြောလေ့ရှိသည်။
ဟုတ်ပါသည်။အချိန်တိုင်းသန်ရှင်းသပ်ရပ်နေရမည်လည်း ဖြစ်သည်။
ထို့ကြောင့် ဖောက်သည်များက မန်နေဂျာရှီ၏ ယခုလို မသပ်မရပ်ပုံစံကိုပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
ဝူဟိုင်းက ကျိုကျာထက်ဦးအောင်မေးလိုက်သည်။
“ရှီကြီး၊ မင်း ဘာဖြစ်နေတာလဲ။ မင်းမိန်းမက မင်းကို အိပ်ရာပေါ်ကနေ ကန်ချလိုက်တာလား” ဝူဟိုင်းက စကားပြောရင် အပြောဆိုးတတ်သူဖြစ်သည်။
“ဟင့်အင်း ငါ့မိန်းမက ပုံမှန်ပါပဲ”
မန်နေဂျာရှီက ခဏလောက်ကြောင်သွားပြီးမှ ပြန်ဖြေလိုက်သည်။
"ဒါဆိုမင်းခံတွင်းပျက်နေတာလား၊ ငါကူညီပေးရမလား၊ ဟုတ်တယ် မလား၊ ပြသာနာမရှိဘူးနော် လွယ်လွယ်လေးပါ”ဝူဟိုင်းက သူ့ရှေ့က ကြက်ဥထမင်းကြော်ကိုကြည့်ပြီး ပြောလိုက်သည်။
“မင်းဂရုစိုက်တာက အစားအသောက်နဲ့ စားဖို့ပဲ တွေးတတ်တာလေ၊ ငါ့အမြင်အရတော့ သူ့အလုပ် ဒေဝါလီခံတော့မယ် ထင်မိပါရဲ့” လင်းဟုန်က ဝူဟိုင်ကို လှောင်ပြောင်ပြီး ပြောလိုက်သည်။
“မန်နေဂျာရှီ၊ အဆင်ပြေရဲ့လား” ထိုအခါမှသာ ကျိုကျာက မေးဖို့ အခွင့်အရေး ရသွားခဲ့သည်။
“အင်း မင်းတို့မှန်တယ်”တခြားသူများ အံဩတကြီး ဖြစ်သွား ယသည်၊၊ မန်နေဂျာရှီကထပ်ပြီး ငေးငိုင်မနေတော့ပဲ
ရိုးရိုးသားသား ၀န်ခံလိုက်သည်။
“ဟာ”လင်းဟုန်ကအံဩသွားသည်။
“မဖြစ်နိုင်ဘူး မဟုတ်လား။ အဘိုးကြီးရှီ၊ မင်းက အီလက်ထရွန်းနစ်လုပ်ငန်းလုပ်တာ မမဟုတ်ဘူးလား။ ဘယ်လိုဖြစ်နိုင်မှာလဲ” ဝူဟိုင်းက မျက်မှောင်ကြုတ်ပြီး သူ့ မုတ်ဆိတ်မွှေးတွေကို ပွတ်သပ်ကာ ဇဝေဇဝါဖြင့် ပြောလိုက်သည်။
“အဲဒီအချိန်မှာ ယွမ်ကျိုးက သူတို့ရှေ့မှာ ရပ်နေပြီး ဘေးနားက ကျိုကျာကတော့ ဘာမှ မပြောရဲတော့ပေ။။
“အင်း၊ ငါ အမှန်ပြောတာပါ။
အီလက်ထရောနစ် ဈေးကွက်တွေက တကယ်ကို ခန့်မှန်းရခက်တယ်။ အခု ငါ ဒေဝါလီခံလိုက်ပြီ” မန်နေဂျာရှီကပြုံးနေပုံပေါ်သော်လည်း သူကယွမ်ကျိုးကို၀မ်းနည်းသည့် အကြည့်ဖြင့် ကြည့်သည်။
“မင်းက ငါ့ဟင်းပွဲတွေကို ဝယ်စားနိုင်ပါသေးတယ်” ယွမ်ကျိုး ကခဏ တိတ်ဆိတ်သွားပြီးမှ ရုတ်တရက် ပြောလိုက်သည်။
“ဟုတ်တယ်၊ ဒါပေမယ့်ဒီအကြိမ်က နောက်ဆုံးပဲ” မန်နေဂျာရှီကသက်ပြင်းချပြီး စိတ်ဓာတ်ကျနေသည့်လေသံဖြင့် ပြောလိုက်သည်။
“အရွယ်ရောက်နေတဲ့လူကြီးတစ်ယောက်က စိတ်ဓာတ်ကျတဲ့ စကားမျိုး မပြောသင့်ဘူးလေ၊ ကျရှုံးသွားရင်တောင် အကြိမ်ကြိမ် ကြိုးစားပိုင်ခွင့်ရှိတယ်။ နောက်ထပ်လုပ်ငန်းတစ်ခု ပြန်ထူထောင်လိုက်ပေါ့"
လင်းဟုန်က ယခုလို ကြေကွဲဖွယ် အငွေ့အသက်ကို မနှစ်သက်ချေ။
“အံမယ် မင်းလိုဒုတိယသူဌေးမျိုးဆက်တစ်ယောက်က ငါ့ခံစားချက်ကို ဘယ်လို နားလည်နိုင်ပါ့မလဲ"
ဝူဟိုင်းက သူ့ခေါင်းကို လှည့်ပြီးလင်းဟုန်ကို စိုက်ကြည့်ကာ ပြောသည်။
“အင်း။အီလက်ထရောနစ်လုပ်ငန်းတွေက အခွင့်ကြုံရင်တော့ ငွေရှာရ လွယ်ကူပါတယ်၊ ဒါပေမဲ့ တစ်ခါလုပ်ငန်းအရှံးပေါ်တာနဲ့ မင်း အရှုံးပေါ်မှာပဲ”
လင်းဟုန်က ခေါင်းငြိမ့်ပြီး အမှန်တိုင်းပြောလိုက်သည်။
“ဟုတ်တယ်” မန်နေဂျာရှီက ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူတို့အားလုံး တိတ်ဆိတ်သွားကြသည်။ မည်သို့ပင်ဆိုစေကာမူ
ယွမ်ကျိုးက သူ့မီးဖိုချောင်ဆီ ပြန်သွားပြီး စတင်ချက်ပြုတ်ရန် ပြင်ဆင်နေသည်။
သူ ခဏနားမှသာ မန်နေဂျာရှီကိုသတိထားမိလေသည်။ ၁၀ မိနစ်လောက် တိတ်ဆိတ်သွားပြီးနောက် မန်နေဂျာရှီက ရုတ်တရက် ထရပ်လိုက်ပြီးပြောသည်။
“သူဌေးယွမ်၊ ကျွန်တော့် လူမှုရေး
ကိစ္စတွေဖြေရှင်းပြီးရင် နှစ်ရက်ခြား တစ်ခါ သုံးရက်ခြား မဟုတ်ဘဲ နေ့တိုင်းလာစားပါ့မယ်”
သူက ယုံကြည်မှုအပြည့်ဖြင့် အခိုင်အမာ ပြောခဲ့ခြင်းဖြစ်သည်။
“ကောင်းပြီ။” ယွမ်ကျိုးက သူ့ယောက်မကို အောက်ချပြီး ခေါင်းကို ညိတ်ကာ ဖြေလိုက်သည်။
ဤမြင်ကွင်းကြောင့် မန်နေဂျာရှီက နှစ်ခြိုက်စွာ ရယ်လိုက်သည်။ ထို့နောင် လှည့်ထွက်သွားရန် ပြင်ဆင်လိုက်သည်။
“ဒါနဲ့ ဟင်းပွဲကိုကုန် အောင်မစားရင် အလိုအလျောက် အမည်ပျက်စာရင်း ထဲ ရောက်သွားပါမယ်” မန်နေဂျာရှီ လှည့်ရုံရှိသေး၊ ယွမ်ကျိုးက လှမ်းပြောလိုက်သည်။
“အယ်...” မန်နေဂျာရှီက ထိုအချိန်တွင် ယွမ်ကျိုးကို သေအောင်ရိုက်ပစ်ချင်သည့်ဆန္ဒ ဖြစ်ပေါ်နေသည်။
“ပျော်ရွှင်စွာသုံးဆောင်ပေးပါ” မန်နေဂျာရှီက မကျေမနပ် လှည့်ကြည့်လာသောအခါ ယွမ်ကျိုးက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ဟုတ်ကဲ့” မန်နေဂျာရှီက စကားနှစ်လုံးခွန်းတည်းဖြင့် ပြန်ဖြေလိုက်သည်။
ယွမ်ကျိုးက နောက်တစ်နေ့ မနက်ခင်းမှာ အိပ်ရာစောစောထရဦးမည်။ နေ့လည်စာအတွက်လည်း ဟင်းပွဲအသစ်တစ်ခု ပြင်ဆင်ရန် လိုအပ်သည်။
ထို့ကြောင့် သူက မနက်စာအတွက် မန်ထို အလွှာတထောင်ကို တည်ခင်းခဲ့သည်။
ဟင်းပွဲအသစ်ပြင်ဆင်ရန် ပြင်ဆက်ချိန်က အတော်လေး ကြာသည်။ ထို့ကြောင့် မနက်စာစားပြီသည်နှင့် ယွမ်ကျိုးက ဟင်းပွဲကို စပြင်ဆင်လိုက်သည်။
“ဒီတစ်ခါလည်း ဝက်သားပဲလား” ယွမ်ကျိုးက တစ်ချက်ကြည့်လိုက်တော့ ရေခဲလော့ကာအသေးလေးပေါ်မှာပိုစတာအသစ်ကပ်ထားသည်ကို တွေ့လိုက်ရသည်။
စနစ်က”ဟုတ်သည်”ဟု အတည်ပြုပေးသည်။
“ဟွာ” ယွမ်ကျိုးက လော့ကာတံခါးကိုဆွဲဖွင့်လိုက်ပြီး ၀က်သားအဆီတုံးအကြီးကြီးတွေကို တွေ့လိုက်ရသည်။
ယွမ်ကျိုးက ဝါးတူတစ်ချောင်းယူပြီး ၀က်သားတစ်တုံးကိုသစ်သားစည်ပိုင်းထဲမထည့်ခင် အရင်ယူကြည့်လိုက်သည်။
“မင်းက ပရော်ဖက်ရှင်နယ်ဆိုတာ သိပါတယ်”မျက်နှာအကာကိုတပ်ရင်းနဲ့ယွမ်ကျိုးက လှောင်ပြောင်လိုက်သည်။
သူ့ချီးမွမ်းတာကိုကြားပြီးစနစ်က ပြန်ကျေးဇူးတင်မည်ဟု ထင်လိုက်သော်
လည်း စနစ်က ပြန်အဖက်မလုပ်ခဲ့ပါ။
“ဖန်း” ယွမ်ကျိုးသည် သစ်သားစည်ပိုင်းကို အပြာရောင်ကျောက်စားပွဲခုံပေါ်တင်လိုက်ပြီး မျက်နှာအကာကို ချွတ်ကာ အနံ့ရှူကြည့်ရန် ဝက်သားတုံးနား ကပ်သွားသည်။
“ဒါက အံဩစရာကောင်းတဲ့ သစ်သီးရနံ့ဖျော့ဖျော့လေးရနေတယ်,အနံ့ကောင်းလေး ဝိုင်အနံ့လား”ယွမ်ကျိုးကမျက်နှာအကာကို ၀တ်ရင်း ဇဝေဇဝါဖြစ်သွားသည်။
သူသိသလောက်ကတော့ ဘယ်၀က်သားမှ ဒီလိုအနံ့မျိုးမရှိပေ။သူအဲ့တာကိုသေချာတောင်မသန့်ရှင်းရသေးဘူး။
“စနစ်၊ ဝက်က ဘာမျိုးစိတ်လဲ” စားသောက်ဆိုင်ဖွင့်ပြီးကတည်းက ယွမ်ကျိုးဟာ အစားအစာပါဝင်ပစ္စည်းတွေအကြောင်း အများအပြားသင်ယူလေ့လာခဲ့သည်။
သူ့ရဲ့ကြိုးစားအားထုတ်မှုကြောင့် သာမန်ထိပ်တန်းစားဖိုမှူးတွေထက်တောင် သူ ပိုကောင်းတယ်လို့ ယုံကြည်ခဲ့သည်။
ဟုတ်ပါသည်။ စနစ်၏အထောက်အပံ့ကိုလည်း ချန်ထားလို့ မရခဲ့ပါ။
သူ့ရှေ့က၀က်သားရဲ့အရောင်ဟာ လှပြီးအဆီနဲ့အသားက ညီမျှစွာရောယှက်နေသည်။
၀က်အရေခွံကပြောင်တင်းနေပြီး
ကော်လာဂျင်လိုခံစားရသည်။
ယွမ်ကျိုးက ဒီ၀က်ရဲ့အမျိုးအစားကိုဘယ်လိုမှမထုတ်ဖော်နိုင်ပေ။
စနစ်က ပြောသည်”ဒါက Mangalica မျိုးပါ။ အပြည့်အစုံနာမည်က Lincolnshire Mangalica ပါ။ Sheep Pig လို့လည်း ခေါ်ပါတယ်”
“ဒီမျိုးစိတ်ဟာ မျိုးသုဉ်းသွားတာ ၃၇ နှစ်ရှိပါပြီ။ အစပိုင်းမှာ ကောက်ကွေးနေတဲ့ ၀က်မွှေးက ဝက်တွေကို အအေးဒဏ်ခံနိုင်ရည်ရှိစေပြီး အရမ်းအေးတဲ့ ဆောင်းရာသီတွေမှာ အသက်ရှင်နိုင်အောင် ကူညီပေးပါတယ်။
နွေရာသီရောက်ရင် နေပူဒဏ်က ကာကွယ်ပေးနိုင်ပါတယ်။ ဟန်ဂေရီနဲ့ ဩစတြီးယားမှာကျက်စားကြပါတယ်။ အရင်တုန်းက ဗြိတိန်နိုင်ငံ၊ လင်ကွန်းရှိုင်းယားမှာ တော့ တွေ့ရလေ့ရှိပါတယ်။၀က်မွှေးတွေကိုဆွယ်တာလဲထိုးကြပါတယ်”
“စနစ်၊ ဒီဝက်ကို မျိုးရိုးဗီဇပညာရှင်တွေက လေ့လာခဲ့တယ် မဟုတ်လား” ယွမ်ကျိုးက သတင်းတစ်ပုဒ်ကို ပြန်အမှတ်ရပြီး ဇဝေဇဝါနဲ့ မေးလိုက်သည်။
စနစ်ကပြန်ပြောသည်။
“သူတို့လေ့လာထားတဲ့ ဝက်က တကယ်တော့ Linculista ဝက်ပါ၊ Mangalitza မျိုးဗီဇတွေရဲ့ အစိတ်အပိုင်းတစ်ခု ပါ။ အရင် Mangalica မျိုး မဟုတ်ပါဘူး။ အသားရဲ့ ပုံစံအရောင်အ သွေးနဲ့ နေထိုင်မှုပုံစံက အတော်လေး ကွာခြားပါတယ်”
“ဒါကြောင့်ပေါ့။ ဝက်သားကြည့်ရတာ အရမ်းစားကောင်းမယ့်ပုံပဲ” ယွမ်ကျိုးက ဝက်သားအရေခွံကို ဝါးတူဖြင့် ထိုးပြီး အတည်ပြု ပြောလိုက်သည်။
ယွမ်ကျိုးက ၀က်သားကိုစပြီး ပြင်ဆင်နေစဥ် တခြားနိုင်ငံခရီးဝေးမှလာကြတဲ့ နိုင်ငံခြားသားဧည့်သည့်နှစ်ယောက်မှာယွမ်ကျိုး၏ စားသောက်ဆိုင်သို့ လာသည့်လမ်းပေါ်တွင်သာ ရှိသေးသည်။
“ငါထင်တာတော့ဒီဆိုင်လေးရဲ့ဘေးနားကဆိုင်ရဲ့ဟင်းပွဲ အရသာက ပိုကောင်းမယ်ပုံပဲ"
ဂျက်စ်က မြေပုံပေါ်ရှိ အနောက်တိုင်းစားသောက်ဆိုင်ကို ပြပြီး ပြောလိုက်သည်။
အပိုင်း(၃၅၃)
ပြီးပါပြီ။ယွမ်ကျိုး အပိုင်း(၃၅၄)
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ။ မင်းနားမလည်ဘူး.။ ဒီပတ်ဝန်းကျင်မှာ အရသာရှိတာတစ်ခုခုကို ရှာချင်တယ်ဆိုရင် ဒီဆိုင်လေးက အကောင်းဆုံးရွေးချယ်မှုပဲ" လျုဟွေးက ယွမ်ကျိုး ရဲ့ စားသောက်ဆိုင်ကို ညွှန်ပြပြီး အခိုင်အမာပြောလိုက်သည်။
"ဟေ့ ဒါပေမဲ့ လီလို့ခေါ်တဲ့ စားဖိုမှူးက ပိုယုံချင်စရာကောင်းတယ်လို့ ငါထင်နေတယ်။ သူ က နိုင်ငံတကာ အဆင့်မှီအရည်အချင်းရှိတဲ့သူ ပဲ" ဂျက်စ်က "Masterwork Nonsuch" ရဲ့ စားဖိုမှူး လီလီကို ပိုပြီးယုံကြည်နေသည်။
"ဒီ စားသောက်ဆိုင် ကို မင်း ကိုယ်တိုင် ရှာပြီး သတင်းရခဲ့တာလေ ။ " လျုဟွေး က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဒါဆိုရင် စားသောက်ဆိုင်နှစ်ခုစလုံးမှာ စားကြစို့။" ဂျက်စ်က အလျှော့ပေးကာပြောလိုက်သည်။
"ကောင်းပြီ။ နေ့လယ်စာအတွက် ဒီမှာ အရင်စားမယ်။" လျုဟွေးက ယွမ်ကျိုး ရဲ့ စားသောက်ဆိုင်ကို လက်ညှိုးထိုး ပြောလိုက်သည်။
“ပြဿနာမရှိပါဘူး။" ဂျက်စ်က ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။
ထိုအချိန်အတွင်းမှာ ယွမ်ကျိုးက Mangalica မျိုးစိတ်ကိစ္စကို မေးမြန်းနေဆဲဖြစ်သည်။
"ဒီ၀က်သားက ဘာလို့သစ်သီးနံ့ရတာလဲဆိုတာငါအရမ်းသိချင်တယ်"၀က်သားကိုဂရုတစိုက်ပြင်ဆင်ရင်းနဲ့သူကမေးလိုက်သည်။
စနစ် ကပြောသည်။
"Mangalica တွေ အစားစားပြီးနောက် ကျွေးမွေး ဖို့ ဖရဲသီးတွေ ကို ပြန်လည် အသုံးပြု ပါတယ်။ 'အဲ့တာအပြင် ပန်းသီး၊ နာနတ်သီး စတော်ဘယ်ရီသီးအပါအဝင် အခြားအသီးတွေကိုပါ သုံးတာပါ။ ဒါကြောင့် ဝက်သားအပိုင်းတိုင်းရဲ့ အသီးနံ့က တခုနဲ့တခုမတူကြဘူး။"
"ငါထပ်ပြီးမမေးခဲ့သင့်ဘူး။" ယွမ်ကျိုးက သူ့ပါးစပ်ကိုလှုပ်ပြီး ထိုသို့မပြောဘဲမနေနိုင်တော့ပေ။
"မင်းနောက်နေတာမဟုတ်ဘူးဆိုတာ သေချာလား။ သစ်သီးတွေရဲ့လောကက ဘော့စ်အနေနဲ့ ဖရဲသီးကလေလံတင်ဖို့တောင် ထိုက်တန်တယ်။ ဒါပေမဲ့ အခုတော့ ဝက်တစ်ကောင်ရဲ့အစာစားပြီး နောက်ထပ်စားတဲ့အချိုပွဲပဲလို့ ပြောနေတာ။ ဒီ၀က်က စနစ် က ထောက်ပံ့ ပေး တဲ့ အခြား အသီး တွေ ကို လည်း စား ခဲ့ တာ ကို ထည့်မပြောသေးဘူး၊ တခြားစကားနဲ့ဆို သူကသူ စားချင်တဲ့အရာအားလုံးကို စားနိုင်တာပေါ့"
"စားဖိုမှူး တစ် ယောက် အနေနဲ့ ၊ ငါလည်းကိုယ်ခံအားမြှင့်တင့်ဖို့အသီးတွေဆီက ဗီတာမင်လိုအပ်တယ်လို့ထင်တယ်နော်"
ယွမ်ကျိုးက လေးလေးနက်နက်ပြောခဲ့သည်။
စနစ်က "လုပ်ဆောင်ချက်ကို ခေတ္တပိတ်ထားသည်" ဟုပြသခဲ့သည်။
"ဒီတော့ ဒီလိုလုပ်ဆောင်ချက်ရှိတယ်လို့ ဆိုလိုတာလား။" ယွမ်ကျိုးက အကင်းပါးပါး ပြောခဲ့သည်။
စနစ်ကပြောသည် " Host ကျေးဇူးပြုပြီးအဆင့်မြှင့်ပေးပါ"
"ကောင်းပြီ။" ယွမ်ကျိုးသည် ထပ်ပြီးမပြောနိုင်တော့ချေ။
အတော်ကြာပြီးနောက် ယွမ်ကျိုးကမေးခွန်းပြောင်းမေးလိုက်သည် "ဝိုင်အရသာလဲရှိတယ်ဆိုတော့ ဒီဝက်က အရက်သောက်တာကို လဲကြိုက်တယ်လို့ မပြောနဲ့နော်"
ဒီ၀က်သားနဲ့ပတ်သက်ပြီး ထူးခြားတာက ဝိုင်နဲ့ သစ်သီးအရသာပါ၀င်တာဖြစ်တဲ့အတွက် ယွမ်ကျိုးက ဒီမေးခွန်းကို သေချာ ပေါက်မေးရမှာဖြစ်သည်။
စနစ်ကပြောသည်။ "ဒီဝက်သားက Mangalicaမျိုးစိတ်အစစ်ပါ။
ခြေလက်တွေကအသားများတယ်
အရေပြားကသန့်ရှင်းပြီးအသားကနူးညံ့တယ်၊ပုံစံကတင့်တယ်တယ်၊ပြီးတော့ သူ့တို့စရိုက်ကသိမ်မွေ့တယ်"
"Mangalicaက အစုံ စားသတ္တဝါအမျိုးအစားပါ။သူတို့ကမြက်ခင်းပြင်၊သစ်တောတွေ၊ တောင်တန်းဒေသတွေမှာကျက်စားပြီး အုပ်စုလိုက်နေထိုင်ကြတာကိုသဘောကျပါတယ်၊သူတို့ရဲ့ အဓိက အစားအစာ က မျိုးစေ့တွေ၊ အမြစ် တွေ၊ ပြောင်းဖူး ၊ အာလူး ၊ အာလူး လိုမျိုးတူ အပင် တွေပါ ။ ကပ်ပါးမှိုလိုဟာမျိုးကလည်းသူတို့အကြိုက်ဆုံးအစားအစာပါပဲ။"
"စနစ် က တောင်တန်း ဒေသမှာအလွတ်မွေးမြူ နည်း ဖြင့် မွေးမြူတာပါ ။ မွေးမြူ တဲ့ နေရာ မှာ လေကောင်းလေသန့် ၊ စိမ်းလန်းတဲ့ တောင်တန်း တွေ နဲ့ ပတ်ဝန်းကျင် မှာလည်းရေ ရှိ တယ် ၊ ဒါကြောင့်သူတို့ကြီးထွား မှု သက်တမ်း က သာမန် ဝက် ထက် ၂.၅ ဆ ပို ရှည် ပါတယ်။ အသား က ကိုလက်စထရောနှုန်း နည်းပါး ပြီး၊ အာဟာရ မြင့်မား တယ် ၊ ရောဂါပိုးလဲမရှိပါဘူး"
နူးညံပျော့ပြောင်းပြီးပြည့်၀ နေတဲ့ရနံ့နဲ့တမူထူးခြားတဲ့အရသာခံစားမှု့ကလန်းဆန်းပြီးကျန်းမာရေးနဲ့အညီဖြစ်နေမှာပါ။
သူတို့အစာစားပြီးနောက်စားတဲ့အသီးတွေနဲ့၀ါးအရက်တွေကသူတို့ရဲ့အသားကိုနူးညံပြီးသဘာ၀ရနံ့နဲ့လတ်ဆတ်စေတာပါ၊
ဒါကြောင့်သူတို့မှာအနံ့ဆိုးမရှိပါဘူး"
"ဝါး __အရက်သောက်တယ်......"ယွမ်ကျိုးကထစ်ထစ်အအဖြင့်မေးလိုက်သည်။
စနစ်ကရှင်းပြသည်"" Mangalica က ဟူနန်ပြည်နယ်က နန်ဆွန်ဝိုင်ကို သောက်ရတာကိုအကြိုက်ဆုံးပါ၊ အထူးသဖြင့် ၃ နှစ်ကျော်တဲ့ ဝိုင်တွေပေါ့"
"လူတယောက်က ၀က်လောက်တောင်ကောင်းကောင်းမစားဘဲ နေရတာလား"
ယွမ်ကျိုးကရင်ထုမနာပြောလိုက်သည်။
သူအရင်ကဒီလိုမျိုးတွေကိုမသိခဲ့ရပါလား။
သူ့ဘ၀က ညစ်ညမ်းမှု့ကင်းတဲ့သဘာ၀အရင်းအမြစ်တွေနဲ့အချိုတည်းဖို့သစ်သီးတွေစားပြီးဝိုင်အကောင်းစားသောက်တဲ့၀က်ထက်တောင်နိမ့်ကျခဲ့တာလား။
"အသီးနဲ့အရက်တွေစားသောက်တတ်တဲ့၀က်အကြောင်းငါမကြားဖူးပါဘူး"ယွမ်ကျိုးကဒေါသတကြီးပြောလိုက်သည်။
ဝက်သားအကြောင်း သိပြီးနောက်မှာခဏလောက် ညည်းညူပြီးတော့ ဟင်းလျာစချက်ပြုတ်ခဲ့သည်။
အဲဒီအချိန်မှာဧည့်သည်တွေလည်း စတန်းစီနေကြပြီဖြစ်သည်။
"လူတန်းရှည်ကြီးကို မြင်လား။ ဒါကအတိအကျကိုနေရာမှန်ပဲ " လျုဟွေ့
မျက်ခုံးပင့်ပြီး ဂျက်စ်ကိုကြည့်ကာ စားသောက်ဆိုင်နှစ်ခုရဲ့ ကွာခြားချက်ကို ညွှန်ပြရင်းပြောလိုက်သည်။
"ဒါပေမဲ့ ငါတော့အဲ့လို မ ထင် ပါ ဘူး ။ ဒီ စားသောက်ဆိုင် က ဟို ဆိုင် လေးထက် ပို ကြီးတယ် ၊ ဒါကြောင့် ဘယ်သူ မှ တန်းစီ ဖို့မလို တာက ပုံမှန် ပဲလေ " ဂျက်က အခြားစားသောက်ဆိုင်ကို လက်ညှိုးထိုးရင်း ပခုံးဆတ်ခနဲတွန့်ပြီး ပြောလိုက်သည်။
"ပြီးတော့ ဒီနေရာက တော်တော်ထူးဆန်းတယ်။" ဂျက်စ်က ယွမ်ကျိုးရဲ့ စားသောက်ဆိုင်ကို ညွှန်ပြလိုက်သည်။
" ငါ လည်း တူတူပဲ ခံစား ရ တယ် ။ " ဤတစ်ကြိမ်တွင် လျုဟွေ့ က ဂျက်စ်ကို သဘောတူခဲ့သည်။
သူ တို့ ရောက် ခဲ့တဲ့အချိန်ကအချိန်ကောင်းတော့မဟုတ်ခဲ့ပါ ။ သူတို့က လူတန်းရှည်ကြီးရဲ့အနောက်ဆုံးမှာ တန်းစီနေကြသည်။ ရှေ့မှာရှိတဲ့လူတွေ နံပါတ်ရလာတာကို တွေ့တဲ့အခါသူတို့လည်း နံပါတ်ယူပြီး စားလို့ရမယ်လို့ ထင်ခဲ့ကြသည်။ သို့သော် ထို၊ လူ ဆယ် ယောက် က နံပါတ် ကို ယူ ခဲ့ ပြီးနောက် ၊ မည်သူ မှ နောက်မှာတန်းမစီကြတော့ ပါ ။
"လျူ၊ ဘာဖြစ်တယ်လို့ထင်လဲ။ တခုခုဖြစ်နေ တာလား " ဂျက်စ်က လက်မှတ်ရတဲ့သူတွေကို လက်ညှိုးထိုးပြီး သိလိုစိတ်နဲ့ မေးလိုက်သည်။
" ငါ လည်း မ သိ ပါ ဘူး ။ သူတို့က ဒီစားသောက်ဆိုင်မှာမန်ဘာ၀င်ထားတာများလား" လျုဟွေးကခန့်မှန်းပြောလိုက်သည်။
" သူ တို့ က အဖွဲ့ဝင် တွေတော့မဟုတ် ပါဘူး ။ ကြည့်လိုက်ပါဦး၊ သူတို့လည်း စောင့်နေကြတာ။" နံပါတ်ယူပြီး အဲဒီမှာ ဆက်စောင့်နေတဲ့သူတွေကို မြင်တဲ့အခါ ဂျက်စ်က အဲဒီလိုမဟုတ်ဘူးလို့ ယုံကြည်သွားသည်၊၊
" သူ တို့ က အိုင်ဒီကတ် ကို ယူ လာတာထင် တယ် ။ " လျုဟွေးတွင် စူးရှသောမျက်လုံးများရှိသောကြောင့် ထိုအခြေအနေကို အလွယ်တကူ မြင်တွေ့လိုက်ရသည်။
"အဲ့တာဘာလဲ။" ဂျက် က အမှန်တကယ် နားမလည် ခဲ့ ပါ။
" ဒါ ကကိုယ်ပိုင်အထောက်အထားပြ စာရွက် လိုဟာပဲ" လျုဟွေး က သူ့ကို ရှင်းပြသည်။
"ကောင်းပြီ။ အရမ်းရှုပ်တာပဲ။ အစားအစာအတွက်ပဲ ကိုဘာဖြစ်လို့အဲဒီလိုစားရတာလဲ။ ငါ့မှာနိုင်ငံကူးလက်မှတ်ပဲရှိတယ်။ အလုပ်ဖြစ်ပါ့မလား။" ဂျက်စ်က အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာပြောပြီး လျုဟွေး ကလည်း အင်္ဂလိပ်စကားနဲ့ပြန် ဖြေသည်။
"အဲဒါက အလုပ် မ လုပ် လောက်ဘူး။ စောင့်ကြည့်ကြစို့။"လျူဟွေး က ဆိုလိုက်သည်။
နိုင်ငံကူးလက်မှတ်ကဘဏ်နဲ့တခြားလူမှု့ရေးအဖွဲ့အစည်းတွေဆီမှာတောင် သုံးလို့မရပေ။
"ဒါက တစ်ခုတည်းသော နည်းလမ်း ပဲ ။ " ဂျက်စ်က ခေါင်းညိတ်လိုက်သည်။ နံပါတ်ယူဖို့ ကအတော်ဝေးနေသေးသည်။
စားသောက်ဆိုင်မှာ အလုပ်လုပ်နေစဉ် ယွမ်ကျိုးသည် သူ၏ထေ့ငေါ့မှုက တကယ့်နိုင်ငံခြားသားတွေကို အမှန်တကယ်ဆွဲဆောင်ခဲ့ကြောင်း မသိခဲ့ချေ။ သူက ကျိုကျာကိုလာဖို့အချက်ပြလိုက်သည်။
"ဟင်းပွဲအသစ် ကို ဒီနေ့ ကျွေးမှာ ။ ဒိန်းမတ် ဝက်သားကင်" ကျိုကျာမီးဖိုချောင်ထဲဝင်တာနဲ့ သူ့မကို တည့်တိုးပြောလိုက်သည်။
"အာ၊ ဒီနေ့က နောက်ထပ် ဟင်းပွဲအသစ်လား။ ကျွန်မ ဧည့်သည်တွေ ကို အသိပေး ဖို့ မ စီစဉ် ရသေးဘူး" ကျိုကျာနည်းနည်းစိုးရိမ်ပြီးပြောလိုက်သည်။
"အရေးမကြီးပါဘူး။ ပြီးရင် သူတို့သိကြလိမ့်မယ်။" ယွမ်ကျိုးက နှစ်သိမ့်ပြီး ပြောလိုက်သည်။
" ဒါပေမဲ့ ကျွန်မတို့ဒီလိုလုပ်မယ်ဆိုတာကို လူတွေကမသိသေးဘူးလေ " ကျိုကျာ က အပြင်ဘက်မှာရှိတဲ့ လူအုပ်ကို ကြည့်ပြီး ပြောလိုက်သည်။
"ကိစွမရှိဘူး၊သူတို့ကိုပြောလိုက်လေ"ယွမ်ကျိုးကအေးဆေးသည့်အမူအရာဖြင့်ပြောလိုက်သည်။
"ကောင်းပါပြီ။ အခု သူတို့ကို အသိပေးလိုက်မယ်။" ကျိုကျာ က စားသောက်ဆိုင်ပြင်ဘက်ဆီအမြန် ထွက်သွားပြန်သည်။
"ဒီနေ့မှာ သူဌေးယွမ်က ဟင်းပွဲတစ်ခု၊ ပိုပြီး ဆန်းပြားတဲ့ ဟင်းလျာတစ်ခုကို ပြင်ဆင်ပေးမှာပါ။" တံခါး မှ ထွက် လာ သောအခါ ၊ ကျိုကျာ က ကျယ်လောင်စွာ အသိပေးပြော လိုက်သည် ။
"ဝိုး! ဒီနေ့ နောက်ထပ် ဟင်းပွဲအသစ်လား။ ငါတို့အလကားလာရတာမဟုတ်ဘူးပဲ ။ " ဖောက်သည်တစ်ယောက်က ဟင်းပွဲအသစ်လို့ ကြားတဲ့အခါ ဝမ်းသာအားရပြောလိုက်သည်။
"အတိအကျပေါ့။ ဒီနေ့ ဆယ်မိနစ်စောစော လာခဲ့တာ ငါ အရမ်း ဉာဏ်ကောင်းတယ်။ ဒါမှမဟုတ်ရင် ငါဘယ်လိုအလှည့်ရနိုင်မှာလဲ။" ညှိနှိုင်းမှု့လုပ်တုန်းက ဒီကိုရောက်ခဲ့သည့် လျူးချန်က ကျေးဇူးတင်သည့်ပုံစံတောင်ပေါက်နေသည်။
"ဟေ့းဟေ့း အစ်ကိုချန်နဲ့အတူရှိရတာ သိပ်ကောင်းတယ့် အလားအလာရှိတယ်။" ညီအစ်ကို ဂျွန်ကလျူး ချန် နောက်မှာရပ်ပြီးအ ပြုံးနဲ့ ပြောလိုက်သည်။
ဧည့်သည်အားလုံးက ယွမ်ကျိုးရဲ့ ဟင်းပွဲအသစ်ကို မျှော်လင့်နေကြတာဖြစ်သည်။ သို့သော် လျူဟွေ ဘာသာပြန်ပြပြီးတဲ့နောက်မှာ အခုမှရောက်ဖူးခါစ ပဲရှိသေးသည့်နိုင်ငံခြားသားဂျက်စ်မှာတော့ သိပ်ပြီးမျှော်လင့်မနေတော့ပေ။
"ဟမ့်သိပ်ကိုအံဩစရာကောင်းတယ်ပေါ့လေ ။ ငါက အနောက်တိုင်း ဟင်းလျာ မ ဟုတ် ဘဲ ၊ တရုတ် ဟင်းလျာ ကို စား ဖို့ အဝေးကြီးက လာ ခဲ့ တာ ။ " ဂျက်စ်က အတော် မကျေမနပ်ဖြစ်ကာ ပြောနေသည်။
" မင်းကလည်း တခြား ဟင်းပွဲ တွေ လည်း ရှိဦး မှာပါ ။ တခြားတစ်ခုခုကို မှာလို့ရ လောက်ပါတယ်။" လျုဟွေ: ကကိစ္စမရှိဟုထင်ကာဆိုလိုက်သည်။
"မင်းနားမလည်ဘူး။ ဒါတွေက တစ် ကြိမ် မှာ တစ်ခု ကိုပဲ အာရုံစိုက် ပြီး ကောင်းကောင်း ချက်ပြုတ် နိုင် တာကွ ။ ဒီစားဖိုမှူးက ဒီနေ့မှာဆန်းပြားတဲ့ဟင်းပွဲကို ချက်ပြုတ်မယ်ဆိုရင် ဒီနေ့ တရုတ်ဟင်းလျာတွေနဲ့ပတ်သက်တဲ့ သူ့ရဲ့ချက်ပြုတ်မှုကပုံမှန်လောက် မကောင်းနိုင်ဘူး" ဂျက်က အခိုင်အမာပြောလိုက်သည်။
" ဖြစ်တော့ဖြစ်နိုင်ပါတယ် ။ ဒါပေမဲ့ ညနေပိုင်းမှာ ငါတို့နောက်တစ်ဆိုင်မှာ စမ်းကြည့်လို့ရနိုင်တယ်။"လျူဟွေးက သူ့ကို နှစ်သိမ့်ဖို့ ကြိုးစားသည်။
"တော်တော်အလုပ်ရှုပ်တာပဲကွာ ၊အရသာ ကတော့ ငါ့ ကို စိတ်ပျက် စေ မှာ မ ဟုတ် ဘူး လို့ မျှော်လင့်ပါတယ် " ဂျက်က အဲဒီလိုပဲ ပြန်ဖြေလိုက်သည်။
သို့သော်လည်း ယွမ်ကျိုးက သူ့ဖောက်သည်များကို စိတ်ပျက်စေမည်လော။ ဤသည်ကား လုံးဝမဖြစ်နိုင်သည့် ကိစ္စတစ်ရပ် ဖြစ်သည်။