← Chapters

အခန်း (၃၅၅-၃၅၆)

Vol. 26 Ch. 355-356

အခန်း (၃၅၅-၃၅၆)

Vol. 26 Ch. 355-356

ယွမ်ကျိုး အပိုင်း(၃၅၅)

"သူဌေးယွမ်က တကယ်ကို အလုပ်ကြိုးစားတာပဲ၊ နောက်ထပ်ဟင်းပွဲအသစ်တောင် ပြင်ဆင်ပေးနိုင်ပြီ"

ဝူဟိုင်းက နှုတ်ခမ်းမွှေးသပ်ရင်း စနောက်လိုက်သည်။

"ဟုတ်တယ်နော်၊သူဟင်းပွဲအသစ်တွေပြင်ဆင်တာ ပိုစိပ်လာသလိုပဲ" ဆိုင်မရောက်သည်မှာ အချိန်ကြာနေပြီဖြစ်သည့်ယင်းယာက ခေါင်းညိတ် ထောက်ခံလိုက်သည်။

"မတွေ့တာကြာပြီနော်"ယွမ်ကျိုးက

ဝူဟိုင်းကိုတိုက်ရိုက်လျစ်ရှုပြီး ယင်းယာကိုသာ နှုတ်ဆက်လိုက်သည်။

"ဟုတ်တယ်၊ကျွန်မ အိမ်ပြန်သွားတာလေ"

ယင်းယာကခေါင်းတချက်ညိတ်ရင်း၊

သူမ၏လှပတဲ့မျက်နှာကပျော်နေတဲ့ပုံပေါက်လေသည်။

"ကျစ် "ယောက်ျားကြီးတွေကိုမကြိုဆိုဘူးပေါ့လေ"

ဝူဟိုင်းကသူ့ဘာသာပြောလိုက်သည်။

"မင်းဒီနေ့ဘာစားချင်လဲ"ဝူဟိုင်း၏ထေ့ငေါ့မှုကို မကြားဟန်ဆောင်ရင်း၊ ယွမ်ကျိုးက ယင်းယာကို တဲ့တိုးမေးလိုက်သည်။

"ရှင် ဟင်းပွဲအသစ်ကိုပြင်ဆင်ထားတယ်ဆိုတော့အဲဒါဘာများလဲဟင်"

ယင်းယာကနှုတ်ခမ်းအုပ်ပြီးရယ်ရင်းနဲ့၊မေးလိုက်သည်။

"အဲဒါကနာမည်ကြီး ဒိန်းမတ်ဟင်းပွဲ ,နံနံပင်ဆော့စ်နဲ့၀က်ကင်ပဲ"ယွမ်ကျိုး

က မီးနူးကို ပြပြီးပြောလိုက်သည်။

"ဒါကအဆီများမဲ့ပုံပဲ"ယင်းယာကမျက်မှောင်ကြုပ်သွားပြီးတွန့်ဆုတ်ရင်းမေးလိုက်သည်။

လှပသည့်ပုံရိပ်ကို ထိန်းသိမ်းနိုင်ခြင်းက အမျိုးသမီးတိုင်း၏ဆန္ဒပင်ဖြစ်သည်။အရသာသည့် အစားအသောက် ဖြစ်သည့်တိုင် အဆီများ‌လျှင် စားကြည့်ရန် ချင့်ချိန်ရလိမ့်မည်။

"ဟင့်အင်း၊အဲ့လို မဟုတ်ရပါဘူး"ယွမ်ကျိုးက ထက်သန်မှု့အပြည့်ဖြင်ဖြေလိုက်သည်။

"ဒါဆိုလည်းကျွန်မကို တစ်ပွဲလောက်ပေးပါ"

ယင်းယာကယွမ်ကျိုးကိုယုံကြည်လိုက်သည်။ သူမက ဝိတ်တက်မည်သာ

စိုးရိမ်သည်။

"ဟုတ်ပြီ၊ခဏစောင့်နော်"ယွမ်ကျိုးကခေါင်းညိတ်ပြီး ဖြေလိုက်သည်။

ဒီဘက်မှာ ယင်းယာက ဒွိဟဖြစ်စွာထိုင်နေစဥ် ကျောက်ယင်းကျွင်းက ရိုးရိုးရှပ်လက်ရှည်နဲ့ဘောင်းဘီရှည်ကို၀တ်ထားသော အမျိုးသားတစ်ယောက်ကို ဆိုင်သို့ ခေါ်လာပြီး တခြားဘက်မှာ ထိုင်နေကြသည်။

"ပိုင်ပိ ,ဒီစားသောက်ဆိုင်မှာအရမ်းကောင်းတဲ့ဟင်းတွေရှိတယ်၊မင်းနောက်ဆုံး ခရီး သွားခဲ့တဲ့မြို့က ဆွီဒင်အသားလုံးဆိုလည်းရှိတယ်ကွ"

ကျောက်ယင်းကျွင်းက ထိုလူကိုရှင်းပြနေသည်။

အကျင့်ပါနေသည့်အတိုင်း၊သူကသူတို့ရဲ့နံပါတ်တွေကိုသေတ္တာထဲထည့်လိုက်ရင်းအစားအသောက်တွေအကြောင်းမိတ်ဆက်တာကို လုံး၀မရပ်ဘဲ ပြောနေသည်။

"အဲဒါ နော်ဝေးပါ၊ဆွီဒင်နဲ့ဘာမှမဆိုင်ဘူး"ပိုင်ပိလို့ခေါ်တဲ့လူကသူ့မျက်လုံးတွေကို မကျေမနပ်နဲ့ လှိမ့်လိုက်ရင်းအမှန်ပြင်ပေးလိုက်သည်။

"အေးပါကွာမင်းနာမည်ထက်တော့မှတ်ရလွယ်တယ်လေ"အရှုံးမပေးနိုင်တဲ့ကျောက်ယင်းကျွင်းကနာမည်ကိုလှောင်ပြီးစကားနာထိုးလိုက်သည်။

"ငါစားချင်တာကအသားလုံးတွေမဟုတ်ဘူးနော်၊ဒီမှာဓါးရှည်ငါးရှိလား?အနံ့မွှေးတဲ့ဓါးရှည်ငါးစွပ်ပြုတ်လေ"ပိုင်ပိက ဆွီဒင်အသားလုံးကို စိတ်မ၀င်စားပေ။

"လုံး၀မရှိဘူးလေ"ကျောက်ယင်ကျွင်းကအတည်ပြုပြောလိုက်သည်။

"မင်းက ဘယ်လိုသိတာလဲ" ဘိုင်ပိက မကျေနပ်ဘဲပြောလိုက်သည်။

"ဟဲ ဟဲ"ငါကမီနူးစာရွက်တောင်အလွတ်ပြောနိုင်တယ်"

ကျောက်ယင်းကျွင်းက ပိုင်ပိကိုမျက်စိတစ်ဖက်မှိတ်ပြရင်း"မင်းငါ့အကြောင်းအကုန်မသိပါဘူး"ဟုပြောလိုက်သည်။

"မင်းက ဘာလို့ ဆိုင်ရဲ့မီးနူးစာရွက်တောင် သေချာကျက်ထားရတာလဲကွာ၊အစားအသောက်အတွက် လေကုန်ခံဖို့ လိုအပ်ရဲ့လား" ပိုင်ပိက ကဲ့ရဲ့လိုက်သည်။

"အေးပါကွာ ၊ မင်းနားလည်သွားမှာပါ"ကျောက်ယင်းကျွင်းကသဘောထားကြီးကြီးနဲ့ပြောလိုက်သည်။

"ငါတခြားဆိုင်ပဲ ရှာလိုက်တော့မယ်ကွာ" ပိုင်ပိကမတွန့်ဆုတ်ဘဲ ပြောလိုက်သည်။

"ငါတော့မသွားဘူးကွ။ဒီနေ့သူဌေးယွမ်က ဟင်းပွဲအသစ် ရောင်းမှာ၊ ငါတို့သူ့ကိုမေးရင်ရော"ကျောက်ယင်ကျွင်းကဒီမှာစားရဖို့ အရမ်းစိတ်အားထက်သန်နေတာဖြစ်သည်။

"အင်း မင်းမေးလိုက်"တကယ်တော့ ပိုင်ပိက ကျောက်ယင်ကျွင်းကို စနောက်နေခြင်းဖြစ်သည်။ သူတို့ဒီမှာ‌အကြာကြီးစောင့်နေပြီးမှတော့၊ဘာမှမစားဘဲ ထွက်သွားစရာ အကြောင်း မရှိပေ။

"ကျိုကျာ ဒီကိုလာပါဦးဗျာ"

ဒီနေ့ဘာဟင်းအသစ်တွေရှိတာလဲ"?

ကျောက်ယင်းကျွင်းက ကျိုးကျာကိုသေချာသိအောင်မေးဖို့ခေါ်လိုက်သည်။

"ဆွီဒင်ရိုးရာဟင်းလျာပါ၊နံနံပင့်ဆော့စ်နဲ့၀က်ကင်ပါ"ကျိုကျာကပြေပြစ်စွာပြောလိုက်သည်။

"မင်းတို့မှာ ဓါးရှည်ငါးစွပ်ပြုတ်ရှိလား" ပိုင်ပိကမျက်မှောင်ကြုတ်ပြီးမေးလိုက်သည်။

"စိတ်မရှိပါနဲ့၊ဒီအချိန်မှာတော့မရပါဘူး"ကျိုကျာက တောင်းပန်သည့်လေသံဖြင့်ပြောလိုက်သည်။

"ဒါဆိုငါတို့အတွက်သီးသန့်အဲ့ဟင်းပြင်ဆင်ပေးလို့ရလား?တကယ်ဆိုမင်းသူဌေးက ဆွီဒင်အသားလုံးနဲ့ ၀က်ကင်တောင်လုပ်သေးတာ၊နှစ်နိုင်ငံကသိပ်လည်းမဝေးဘူးလေ။ဟုတ်တယ်မလား" ပိုင်ပိက ခဏစဉ်းစားပြီးမှဆက်ပြောလိုက်သည်။

သူ့အမြင်တွင် နေရာတော်တော်များများက သိပ်မကွာပေ။ သူကဒီလိုထူးခြားတဲ့ဟင်းပွဲတွေကို ရုတ်တရက်ကြီးစားချင်လာတာဖြစ်သည်။ သို့သော်လည်း ဤဆိုင်တွင် လက်ရှိရောင်းချနေသော ဟင်းပွဲများကို စားလိုစိတ် မရှိပေ။

ဒါအပြင် အသားလုံးနဲ့၀က်ကင်က နော်ဝေးမှာ ရောင်းချသောကြောင့် ပိုင်ပိကထိုသို့ပြောတာဖြစ်သည်။

"တောင်းပန်ပါတယ်"ကျွန်မတို့ ဆိုင်ရဲမီးနူးထဲက ဟင်းပွဲတွေပဲ မှာလို့ရတာပါ"ကျိုကျာ၏လေသံက နူးညံသော်လည်း အခိုင်မာ ပြောလိုက်သည်။

"အိုကေ ကျေးဇူးပြုပြီး ၀က်ကင်နှစ်ပွဲလောက်နော်"

ပိုင်ပိ တစ်ချိန်လုံးမျက်မှောင်ကြုတ်နေ၍၊ ကျောက်ယင်ကျွင်းက အားမနာစတမ်း ပြောလိုက်သည်။

"ငါအဲ့ဟင်းပွဲကိုသိပ်စားချင်မနေဘူးနော်"ပိုင်ပိက ဒဲ့တိုးပြောလိုက်သည်။

."ငါ့အကြံတိုင်းပဲလိုက်လုပ်စမ်းပါ၊ငါကမင်းကိုလိမ်မယ်ထင်နေတာလား"ကျောင်ယင်းကျွင်းကသူ့ရင်ဘတ်ကိုပုတ်ပြီးပြောလိုက်သည်။

"ဘာမှမပြောတော့ပါဘူးကွာ" ပိုင်ပိကအားရပါးရရယ်ပြီး ပြောလိုက်သည်။

သူတို့ချင်း ကျီစယ်နေသော်လည်း ပိုင်ပိ၏နှလုံးသားထဲ ဘဝင်မကျ ဖြစ်နေသည်။

တခြားဘက်မှာတော့ ယွမ်ကျိုးကမီးဖိုတစ်လုံးကို သယ်ဆောင်လာပြီး ဝက်သားကင်ထားသည်။

ဒီဟင်းပွဲက အတော်လေး ရိုးရှင်းသည်။အဓိကပါ၀င်ပစ္စည်းက အာလူးလေးများဖြစ်ပြီး ကျန်ပါဝင်ပစ္စည်းများက ကင်ထားသော ၀က်သုံးထပ်သား အလွှာဖြစ်သည်။

တစ်လွှာချင်းစီကလက်သန်းအထူမျှ ရှိသည်။

"ဒီမှာမင်းရဲ့ဟင်းပွဲပါပျော်ပျော်ရွှင်ရွှင်သုံးဆောင်နိုင်ပါပြီ" ယွမ်ကျိုးက ဟင်းပွဲကို ယင်းယာဆီ ကိုယ်တိုင်သယ်လာခြင်း ဖြစ်သည်။

"ကောင်းမဲ့ပုံလေးနော်အသားစားတာကျန်းမာရေးနဲ့ညီညွတ်တယ်နော်ဟုတ်တယ်မလား"ယင်းယာကအတော်လေးစိတ်၀င်တစား ပြောသည်။

"အင်း၊မင်းကို ၀ိတ်မတက်စေပါဘူး"ယွမ်ကျိုးကခေါင်းငြိမ့်ပြီးအသံခပ်တိုးတိုးဖြင့် ပြောလိုက်သည်။

"ကျွန်မက ဘယ်တော့မှ မ၀လာတဲ့ကိုယ်လုံးကိုယ်ပေါက်ရှိတယ်လေ"ယင်းယာက ဂုဏ်ယူစွာပြောလိုက်သည်။

ဒါပေမဲ့သူမ၏ လှပသော မျက်ဝန်းများက အနည်းငယ် စိုးရိမ်လျက် ရှိသည်။

ပန်းကန်ပြားအညိုပေါ်က၀က်သားအလွှာက ရွှေ‌ညိုရောင်သန်းအောင်ကင်ထားသည်။ ၀က်ကင်၏ ဘေးနားမှာအာလူးသေးလေးများ စီထားပြီး၊အစိမ်း ရောင်‌နံနံရွက်အချို့နှင့် ပုံဖော်ထားသည်။

မတွန်းလှန်နိုင်သည့် မွှေးရနံ့နှင့် ရိုးရှင်းပြီး လှပနေခြင်း ဖြစ်သည်။ မှန်ပါသည်၊ နံနံပင်၏ထူးခြားကာ၊ နူးညံ့သောရနံ့သည် လူတို့၏အရသာခံဖုများကိုလည်း နှိုးဆော်ပေးသည်။

"အင်း။ ကျေးဇူးပြုပြီး အချိန်ယူ သုံးဆောင်ပါ" ယွမ်ကျိုးက မီးဖိုချောင်သို့ပြန်သွားပြီး ဟင်းပွဲတွေကို ဆက်လက် မပြင်ဆင်ခင် ထိုသို့ပြောလိုက်သည်။

သူက အနောက်တိုင်းအစားအစာကိုချက်ပြုတ် နေခြင်းဖြစ်၍ ၀က်သားအလွှာ‌ပိုင်းများကို အထူးဂရုစိုက်ပြင်ဆင်ကာဆားရည်စိမ်ပြီး ချက်ချင်းကင်ပေးရန် လိုအပ်လေသည်။

အပိုင်းများကကြီးမား၍ သုံးပိုင်း စားလျှင်ပင် လုံလောက်နေပြီဖြစ်သည်။

ထို့ကြောင့်ဖောက်သည်များက သုံးဆောင်စဉ် ၀က်သားကို အပိုင်းသေးလေးများ တုံးရန် လိုအပ်လေသည်။

သဘာ၀ကျကျနှင့်ယွမ်ကျိုးကလည်းဓါးနဲ့ခရင်းကို ပြင်ဆင်ထားပေသည်။

"ထားပါတော့၊အရင်စားပြီးမှတွေးတော့မယ်"

ယင်းယာကဓါးနဲ့ခရင်းကိုယူပြီး

သုံးဆောင်ရန် ပြင်လိုက်သည်။

တရုတ်လူမျိုးများက အိမ်မှာဓါးနှင့်ခရင်းကို သုံးလေ့မရှိသောကြောင့် အခုလို ဓါးနဲ့လှီး၍ စားရန်က နည်းနည်းဒုက္ခများလှသည်။ တခါတလေ အသားကလှီး‌ သော်လည်းပြတ်မသွားတတ်ပေ။

သို့သော်လည်း ယွမ်ကျိုးပြင်ဆင်ပေးထားသော ဟင်းလျာက ထူးခြားလှသည်။ ဓါးကတုံးနေပုံ ပေါ်သော်လည်း

၀က်သားကို လွယ်ကူစွာ လှီးဖြတ်နိုင်သည်။

သူမက ၀က်သားအတုံးငယ်လေးကို ဓါးဖြင့် ဖြတ်ကာခရင်မ်ဆော့စ်ထဲနှစ်လိုက်သည်။

ထို့နောက်"အူး"ဆိုတဲ့အသံနဲ့ သူ့မပါးစပ်ထဲချက်ချင်းထည့်စားလိုက်သည်။

ယခုလိုဟင်းပွဲ‌များအားလုံးကထောပတ်နဲ့ခရမ်သာသုံးကြသည်။ စားနေကျမဟုတ်သူသာဖြစ်ခဲ့လျှင် အချိုနဲ့အငန်ကို တပြိုက်နက်တည်း ခံစားမိလိမ့်မည်။ ဤခံစားမှု့က ဆိုးရွားလှသည်။

ဒါပေမဲ့ယင်းယာကဝက်သားကို ခရင်မ်ဆော့စ်တို့ပြီး မျိုချလိုက်တဲ့အခါ ယခင်က အနောက်တိုင်းအစားအစာများကို နားလည်မှုလွဲခဲ့ကြောင်း တွေ့ရှိခဲ့သည်။

အနောက်တိုင်း အစားအစာက မကောင်းတာမဟုတ်ဘဲ တကယ့်ကို အသုံးမကျတဲ့ စားဖိုမှူးများကြောင့်စား မ‌ကောင်းခြင်း ဖြစ်သည်။

၀က်ခေါက်ကို ကိုက်မိသောအခါမှာ

ပထမဆုံးခံစားမိတာက ကြွပ်ရွခြောက်သွေ့သောအပြင်ပိုင်းပဲဖြစ်သည်။ အထဲကနူးညံပြီးကျစ်လစ်တဲ့အသားနဲ့အဆီကို မွှေးကြိုင်ပြင်းပြသည့်ရနံ့ကို ဖြစ်ပေါ်စေသည်။

"ရှလွတ် ရှလွတ်" ဝါးလို့ကောင်းပြီးနူးညံသည်။ ၎င်း သည် အလွှာများ သော ဝက်သား ဖြစ် သောကြောင့် ၊ စားသောက် နေစဉ်လည်း ပျော့ပျောင်း ပြီး ချောမွေ့ သော အရသာ ရှိသည် ။ အလွန်ကောင်းသောအရသာပါပဲ!

ခရမ်စ်ဆော့စ်က အနည်းငယ်ငန်နေသည်။ ခရင်စ် ဆော့စ်‌၏အားကောင်းသောရနံ့သည် ထောပတ်၏ထူးခြားပြီးသိမ်မွေ့သောရနံ့နှင့် ရောနှောသွားရာ အရသာကို ချက်ချင်းပင် ပြည့်စုံသွား‌ စေသည်။

ခရင်စ်၏ဆားငန်မှုကို လူတွေမ ထူဆန်းနေဘဲ ထို့အစားချိုနေသော ခရမ်ထက်ပိုကောင်းနေခြင်းကို ချက်ချင်း သတိထားမိသွားသိသွားကြသည်။

ဝက်သား၏ပင်ကိုရနံ့ကို နှိုးဆော်ပေးသည်က ဤဆားငန်အရသာပင်ဖြစ်သည်။ အဆီများနေသည်ဟု မခံစားရပဲ ၀က်သားအရသာက ဆားကြောင့် လှုံ့ဆော်ခံရပြီး အသား‌ရဲ့သစ်သီးရနံ့က ရုတ်တရက် ခံတွင်းထဲမှာပေါက်ကွဲထွက်လာသည်။

"ဒါကဖရဲသီးလား?ဘာလို့ဖရဲသီးအရသာရနေတာလဲ"ယင်းယာကအတော်လေးထူးဆန်းနေသည်။

ဒါကမှန်ပေသည်။ ၀က်သားအလွှာများက နွေရာသီမှာ စားရသည့် ဖရဲသီးအေးအရသာကဲ့သို့ အေးမြလန်ဆန်းသည့် ခံစားချက်ကို သယ်ဆောင်ပေးသည်။ပါးစပ်ထဲမှာချိုမနေဘဲ နှလုံးသားထဲထိသက်သောင့်သက်သာရှိစေသည့်အရသာကိုသာ ပေးစွမ်းသည်။

"ထူးဆန်းလိုက်တာ!"

အပိုင်း(၃၅၅)

ပြီးပါပြီ။

၃၅၆ မှ ၃၆၀

ယွမ်ကျိုး အပိုင်း(၃၅၆)

“သူဌေးယွမ်၊ ၀က်ကင်က ဘာလို့ဖရဲသီးအရသာခပ်ဖျော့ဖျော့ရနေတာလဲ”ယင်းယာကသည်းမခံနိုင်တော့ဘဲမေးလိုက်သည်။

“အင်း ဟုတ်တယ်နော်၊ ဒါဖရဲသီးအနံပဲ

ကျွန်တော်တောင် အံဩနေတာ၊အရမ်းအရသာရှိ‌တယ်”ကျောက်ယင်းကျွင်းကသူ့ပါးစပ်ထဲမှာ၀က်ကင်အပြည့်နဲ့သဘောတူလိုက်သည်။

“ဒါကဖရဲသီးအရသာပြောင်းသွားတယ်”ပိုင်ပိကထူးဆန်းသွားသည်။

သူနောက်ထပ် တစ်လုပ်စားလိုက်တော့ဒီအရသာကိုထပ်ပြီးခံစားလိုက်ရသည်။

“.ကျစ်ကျစ်၊သစ်သီးအနံ့နဲ့၀က်သားပေါ့”ဝူဟိုင်းကခံစားချက်အပြည့်နဲ့စား‌ နေစဉ်သက်ပြင်းချရင်း ပြောလိုက်သည်။

“ဘာကြောင့်ဆို ၀က်က ဖရဲသီးစားထားလို့လေ”ယင်းယာရဲ့အမေးကိုယွမ်ကျိုးက အားလပ်ချိန်မှာ အဖြေပေးလိုက်သည်။

“၀က်ကဖရဲသီးစားတယ်”ယင်းယာကအံဩလွန်းလို့ပါးစပ်တောင်ဟသွားသည်။

“အင်း”ယွမ်ကျိူးက အတည်ပြုခေါင်းညိတ်လိုက်သည်။

ယင်းယာတခုခုပြောတော့မယ့်အချိန်မှာဝူဟိုင်းကရုတ်တရက်ဘေး ထအော်လိုက်သည်။

“တကယ်တော့ငါ့နာမည်ပြောင်က၀က်လေးလေ”ဝူဟိုင်းကစိတ်လှုပ်ရှားစွာပြောလိုက်သည်။ သူကမရပ်ဘဲ ဆက်ပြောသေးသည်။

“ကျွန်တော့်ရာသီခွင်က၀က်လေ၊ပြီးတော့ ကျွန်တော်ကို အဆင့်မြင့်ကွမ်ဒါဆိုတဲ့နာမည်နဲ့လူတွေကပိုသိကြတယ်”

"ဒါက ၀က် တွေကိုဂုဏ်ပြုတဲ့ဘွဲ့နာမည်လေ”

“ကျွန်တော်မှာကိုယ်ပိုင်မျိုးရိုးတောင်ရှိတယ်၊ဝူ၀က်လေ၊ ကျွန်တော်က ဖရဲသီးစားရတာကို ကြိုက်တယ်"

“တကယ်လို့ ကျွန်တော်မမှားရင် ဒီဖရဲသီးကဖရဲသီးဖျော်ရည်လုပ်ဖို့သုံးတဲ့ တစ်ခုပဲ”ဝူဟိုင်းကစကားရှည်ကြီးကိုမရပ်မနား ပြောခဲ့သည်။

ပြောပြီးသည့်နောက်မှာတော့ သူကအလွန်အမင်း ဇဝေဇ‌ဝါဖြစ်ပြီးလေးနက်သည့် အသံဖြင့် ယွမ်ကျိုးကိုကြည့်ပြီး မေးလိုက်သည်။

“ဟုတ်တယ်ကျန်တဲ့ ဖရဲသီးတွေကို သူတို့အချိုတည်းဖို့ကျွေးဖြစ်တယ်”ခေါင်းညိတ်ပြီး ယွမ်ကျိုးကသူ့ကိုယ်တိုင်ပင် မခံမရပ်နိုင်ဟု ခံစားရသည့် စကားလုံးအချို့ကို ထုတ်ဖော်ပြောဆိုလိုက်သည်။

ဟာသပဲ!သူကိုယ်တိုင်တောင်စားဖို့အခွင့်အရေးမရှိလို့ ဒါက တကယ်ကိုသည်းမခံနိုင်စရာပဲဖြစ်သည်။

“ဒီတော့ ခင်ဗျား ကျွန်တော့်ကိုဖရဲသီးကျွေးသင့်တယ်ဆိုတာ သဘောတူသလား” ဝူဟိုင်းက ချက်ချင်းထမေးခဲ့သည်။

“အစ်ကို ဝူ၊ ဒါက အရမ်းချဲ့ကားတာပဲ။” ယင်းယာ က ပါးစပ်ကိုအုပ်ပြီး ရယ်နေရင်းပြောလာသည်။

“အတိအကျပေါ့။ သူ က စားစရာ တစ် ခု အတွက် သူ့ရဲ့သိက္ခာကိုစွန့်လွှတ်လိုက်ပြီ ။ “ ကျောက်ယင်းကျွင်း ကအံကြိတ်ပြီး ဘေးက ပြောလိုက်သည်။

ပိုင်ပီကလည်း သဘောတူကြောင်း ပြဖို့ ခေါင်းညိတ်လိုက်သည်။

လူတိုင်းက ဒီလိုအရှက်မရှိတဲ့စကားများကို ပြောနိုင်မည် မဟုတ်လောက်ချေ။

“မင်းတို့နားမလည်ဘူး။ ကျွန်တော် အမှန် ကို ပြော နေ တာ ။ “ ဝူဟိုင်းက ယွမ်ကျိုးကို အလွန်စိတ်အားထက်သန်စွာ ကြည့်ပြီး ပြောလိုက်သည်။

"ကျွန်တော်သုံးတဲ့၀က်က Mangalicaပဲ။” ယွမ်ကျိုးက အပြုသဘောနဲ့ ပြောလိုက်သည်။

“ကျွန်တော်လို ဝက်ကြီး၀ူလည်း အရမ်းကောင်းတယ်လို့ မထင်ဘူးလား” ဝူဟိုင်းက ကိုယ်ကိုယ်ကိုယ်ဆက်ပြီးမြှောက်ပြောနေဆဲ ဖြစ်သည်။

“ဟင့်အင်း။ ဟိုတခုကပဲအကောင်းဆုံးဖြစ်မယ်ထင်တယ် ။ “ ယွမ်ကျိုးက ဝူဟိုင်းကို ခေါင်းစခြေဆုံးကြည့်ပြီးနောက် သူ့ကို ထပ်မံငြင်းဆိုလိုက်သည်။

ဝူဟိုင်းက လုံး၀စိတ်ပျက်ပုံ မပေါ်ဘဲ ယွမ်ကျိုးကို တိတ်တဆိတ်စိုက်ကြည့်နေသည်။ ဒါပေမဲ့ စုမူက သူ့ဘေးကပြောလိုက်သည်။

“ကျတော်တို့ဖရဲသီးအူတိုင်အသားရဲ့ဖျော်ရည်ကိုသောက်ခဲ့တာဆိုတာသိပေမဲ့ ကျန်တာတွေကို ၀က်ကိုကျွေးတာတော့ကောင်းတယ်မထင်ဘူး”စုမူက တော်တော်လေး တက်တက်ကြွကြွနဲ့ပြောနေသည်။သူကကျန်နေသည့်ဖရဲသီးတွေကို မစားချင်တော့သည့်အတိုင်းပင်။

တကယ်လို့ သူသာ အောက်ကစကားတွေကိုမပြောတော့ရင် ထိုသို့သာထင်မိမှာပင်။

“ဒါကြောင့်ကျတော်တို့ ဖောက်သည်တွေအားလုံးက ဒီပြဿနာကို ဖြေရှင်းဖို့ကူညီနိုင်မယ် ထင်တယ်၊ သိပ်တော့လည်းမရှုပ်ပါဘူး”စုမူက ဉာဏ်ရှိရှိနဲ့သူ့အထောက်အပံ့ဖြစ်ဖို့ဖောက်သည်အားလုံးကို ထည့်ပြောလိုက်သည်။

ညာဘက်က စုယွဲ့ရှန်းကတော့ နာနာခံခံနှင့် ခေါင်းညိတ်နေသည်။

“အင်း နော်၊ကျွန်တော်တို့က ဖရဲသီးအလယ်သားစားရင်တောင် ကျန်တဲ့အပိုင်းတွေကို၀က်တွေကျွေးတာကသိပ်မသင့်တော်သလိုပဲ”

ကျောက်ယင်းကျွင်းက မျက်‌မှောင်ကြုပ်ပြီး ထောက်ခံလိုက်သည်။

“ခင်ဗျားက ကျွန်တော်တို့နဲ့၀က်တွေကြားမှာ ယှဉ်ကြည့်နေသလိုပဲ” ပိုင်ပိကအဓိကအချက်ကို ထောက်ပြလိုက်သည်။

“ဒါပေမဲ့ ခင်ဗျားတို့ အားလုံး အဲ့၀က်သားစားနေကြတာလေ” ယွမ်ကျိုးက တုံးတိပြောလိုက်သည်။

ဒါ ပင်မခန်းမမှာ ဆွေးနွေးနေကြတဲ့ဖောက်သည်အားလုံးကို ပါးစပ်ပိတ်သွားစေသည်။

တစ်ချိန်တည်းနီးပါးတွင် သူတို့အားလုံး တူညီစွာ တွေးခဲ့ကြသည်က– “သူဌေးယွမ်၏စကားက အရမ်းအဓိပ္ပာယ်ရှိလို့ဘာပြန်ဖြေရမှန်းတောင် မသိ‌ဘူး”

ထင်တဲ့အတိုင်းပဲယွမ်ကျိုးကတော့တိတ်ဆိတ်အောင် လုပ်နိုင်မှုမှာ ဆရာတဆူပဲဖြစ်သည်။ သူ တခွန်းပြောတာနဲ့လူတွေကို ချက်ချင်း အသံတိတ်သွားစေသည်။

ကံကောင်းစွာပဲ၊ဖောက်သည်တွေကကျင့်သားရနေပြီး ခဏကြာတော့သူတို့အချင်းချင်းစကားပြောနေကြပြီဖြစ်သည်။

ဥပမာပြရင်တော့၊သူတို့က ယွမ်ကျိုးရဲ့အရှက်မရှိတာကို အတင်းတုပ်နေကြရုံသာဖြစ်သည်။

သို့သော် ယွမ်ကျိုး၏စားသောက်ဆိုင်အပြင်ဘက်တွင်မူ ဂျက်စ်က ယွမ်ကျိုးရဲ့တန်းစီစက်အကြောင်း လျုဟွေးနှင့် ဆွေးနွေးနေသည်။

“ဟေ့။ ဒီစက်က ဘာမှန်း အတိအကျမင်းသိလား?။” ဂျက်စ် က အီလက်ထရွန်နစ် ထုတ်ကုန် များ နှင့် ပတ်သက် ၍ သာမန် ထက် ပို ၍ စပ်စု တတ်သည်။

“ ဒါက ဘဏ် မှာရှိ တဲ့စက် နှင့် ဆင်တူ လောက်တယ် “ နံပါတ် ယူ‌ နေသော ဖောက်သည်များကိုကြည့်ပြီး လျူဟွေး က အတည်ပြုပြောခဲ့သည်။

“ ဒါပေမဲ့ သူ တို့ ကတ်ဖြတ်နေတဲ့ အထောက်အထား ပြကဒ်က ငါ ဆီမှာမရှိဘူးလေ ။ ငါဘာလုပ်ရမလဲ။” ဂျက်စ်က သိချင်နေပေမဲ့စိုးတော့မစိုးရိမ်ခဲ့ပါ။

တစ်ခါတစ်ရံ နိုင်ငံခြားသားတစ်ဦး၏ အထောက်အထားသည် အစားအသောက်ရဖို့မဆိုနှင့် ပြည်တွင်း ID ကတ်ထက်ပင် ပိုကောင်းသည်။

“မင်းရဲ့ နိုင်ငံကူးလက်မှတ်ကို စမ်းကြည့်လိုက်ရင် ဘယ်လိုလဲ” ဘဏ်တွေမှာ တော့ နိုင်ငံကူးလက်မှတ်က အသုံးဝင်တယ်ဆိုတာလျူးဟွေး သိထားတဲ့အတွက် သူအကြံပေးပြောခဲ့သည်။

“မလုပ်ပါဘူး။ ဒီစက်က နိုင်ငံကူးလက်မှတ်ကို ဘယ်လို ခွဲခြားနိုင်မှာလဲ။ လက်နဲ့ပဲပြသင့်တာ ထင်တယ် ။ “ ဂျက်စ်၏သိရှိနားလည်မှုသည် တခြားနိုင်ငံခြားသားအများစုလိုပဲ တရုတ်နိုင်ငံ၏ စက်တွေလုပ်ဆောင်ပုံက နိုင်ငံရဲ့အိုင်တီစွမ်းရည်နှင့် အတူတူဖြစ်သည်၊ပုံမှန်ဟု ထင်ထားတာဖြစ်သည်။

“ငါထင်တာတော့ မင်းက စက်ကို အရမ်းသိနေသလိုပဲ" လျူဟွေးက ဂျက်စ်ရဲ့ရယ်စရာကောင်းတဲ့အပြုအမူကိုစနောက်လိုက်သည်။

ဟုတ်ပါသည်။ ဂျက်စ် က ပထမဆုံး ရောက် လာ ပြီး မြို့တော် ကို မြင် သောအခါ ၊ သူ က အလွန် အံ့အားသင့် ခဲ့ သည် ။

ပထမ စကားလုံး က ၊ “ အကျိုးနည်း ၊ တရုတ်ပြည်မှာ အရမ်းဆင်းရဲတယ်လို့ ဘယ်လူက ပြောခဲ့တာလဲ”

အမှန်မှာ နိုင်ငံခြားသားအများစု၏စိတ်ထဲတွင် တရုတ်နိုင်ငံပေါ်ပထမဆုံးမြင်တဲ့အမြင်က ချင်းမင်းဆက်ခေတ်ကလိုဟု ထင်နေဆဲဖြစ်သည်။

အခုတော့ဂျက်စ်က ဒီလိုရှေးရိုးစွဲအမြင်တွေမရှိတော့ပေမဲ့ သူရဲ့တွေးခေါ်ပုံကိုတော့ချက်ချင်းမပြင်နိုင်သေးပေ။

“ကောင်းပြီ။ မကြာခင်မှာ ငါတို့ ကြိုးစားကြည့်နိုင်တယ်။ အမေရိကန်ပြည်ထောင်စုမှာတောင် နိုင်ငံကူးလက်မှတ်တွေကို လက်နဲ့စစ်ဆေးရတာပဲ‌” ဂျက်စ်က အဲဒါကို မယုံဘူးဆိုတာ ပြပြီး ပခုံးဆတ်ခနဲ့တွန့်ကာ ပြော‌လိုက်သည်။

ယခုလိုတရုတ်နိုင်ငံကို သူအံ့သြခဲ့သော်လည်း အမေရိကန်နိုင်ငံထက် ပိုတိုးတက်နေသည်ကိုတော့ သူမယုံနိုင်ပေ။

“ကျေးဇူးပြုပြီး မင်းတို့ရဲ့IDကတ်ကိုအမြန်ဖြတ်ပေးလို့ ရမလား ဒီလိုမှမင်းတို့ရဲ့နံပါတ်ရနိုင်မှာ” နောက်ကလူလေးယောက်ကနံပါတ်ယူဖို့စောင့်နေတာဖြစ်သည်။

ယခု ထိ ၊ ယွမ် ကျိုးက သူ သည် ထိုလူ လေးယောက် အတွက် နောက်ထပ် ပြင်ဆင် ပေးမည် ဟု မပြောသေး သော်လည်း ၊ သူ တို့ အားလပ် သည့် အခါတိုင်း ပုံမှန် တစ် ယောက် ပြီး တစ် ယောက် လာခဲ့ကြ သည်။ ထို့ကြောင့် ၊ ယခုလိုအထူး အမှာလက်ခံသူဖောက်သည်များ အဖြစ် အသိအမှတ်ပြု ခံ ခဲ့ ရ သည် ။

ယခုဆို တန်းစီစက်ကို အသုံးပြုပြီးကတည်းက ယခင်ကထက် မကြာခဏ လာကြသည်။

“ဒီ”၊ လျူးဟွေး က သူ့ရဲ့ ID ကတ်ကို ရှင်းရှင်းလင်းလင်း ရိုက်လိုက်ပြီး နံပါတ်ရခဲ့သည်။

“ဒါကိုပဲသုံးစမ်းပါ။ ဒါက အသေအချာ အလုပ် လုပ် မှာပါ ။ “ လျူးဟွေးကအတည်ပေါက်မျက်နှာထားနဲ့ပြောလိုက်သည်။

ဒါပေမဲ့ သူ့နှလုံးသားထဲမှာမူ “လာပါကွ၊ မျက်နှာမပျက်စေနဲ့နာ်၊ နိုင်ငံကူးလက်မှတ်နဲ့ပဲ အဆင်ပြေပါစေကွာ”ဆုတောင်းနေလိုက်သည်။

“.”ကောင်းပြီ။ မင်းပြောတဲ့အတိုင်းပဲ။” ပုခုံးဆတ်ခနဲ့တွန့်ပြီးတဲ့နောက် ဂျက်စ်က သူ့ရဲ့နိုင်ငံကူးလက်မှတ်ကို ထုတ်ပြီး အိုင်ဒီကတ်ကိုထဲ့ ရိုက်ရမယ့်နေရာမှာ ထည့်လိုက်သည်။

ရလဒ်အနေနှင့် တန်းစီစက်သည် “ဒီ” ဆိုတဲ့အသံ ထူးခြားစွာထွက်လာပြီး နံပါတ်တပ်ထားသော စာရွက်တစ်စောင်ကို ထုတ်လိုက်သည်။

တရုတ်နံပါတ်နဲ့ကိုက်ညီအောင် အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ နံပါတ်တွေနဲ့က အတိအကျတူသည်။

“မြင်လား?အလုပ်ဖြစ်တယ်”လျူးဟွေးက”ငါမှန်တယ်”ဆိုတဲ့အမူအရာနဲ့ပြောလိုက်သည်။

“ ဒါ က သိပ် အံ့ဩ စရာ ပဲ ! ထူးဆန်းတာ အင်္ဂလိပ်ဘာသာလို ဝန်ဆောင်မှုရှိတယ်။ စိတ်ဝင်စားစရာကောင်းပါတယ်။ ကြည့်ကြည့်ပါဦး။” ဂျက်စ်က တန်းစီစက်ကို အံ့ဩတကြီး ကြည့်ရင်း‌ေပြာလိုက်သည်။

သူက စက်ကိုဖြိုဖျက်ပြီး ကြည့်လိုသည့်အလား မီးတောက်နေတဲ့မျက်လုံးများဖြင့် စက်ကိုကြည့်လိုက်သည်။

“တကယ်တော့ အဲ့လောက်မဟုတ်ပါဘူး။ သွား တန်းစီကြ စို့ ။ “ လျူဟွေး က ဂျက်စ်ကို အလျင်အမြန် ဆွဲထုတ်သွားပြီး စက်ကို ထိခွင့်မပေးတော့ပေ။

တကယ်တော့ သူ့ရဲ့ hackingကျွမ်းကျင်မှုဟာ ကွန်ပျူတာအများအပြားကို တစစီဖြုတ်ခြင်း၊ဖျက်စီးခြင်းကနေ ရရှိခဲ့တာဖြစ်သည်ဟု လျူဟွေးက အတော်လေးရှင်းရှင်းလင်းလင်း ပြောခဲ့သည်။

“ ဒါ က ငါ ဒီ စက်လို တစ် ခု ကို ပထမဆုံး အကြိမ် တွေ့ ခဲ့ တာပဲ ။ လျူ သူက၊ တခြားဘာသာစကားတွေနဲ့ ရောနံပါတ်ပေးနိုင်တယ်လို့ ထင်သလား။” ဂျက်စ်က တန်းစီစက်ကို သိလိုစိတ်နဲ့ ကြည့်လိုက်သည်။

“ ငါတို့ဒီအကြောင်းကိုတာ၀န်ရှိသူကိုမေးလို့ရမှာပဲ ။ မကြာခင် တို့ အလှည့် ရောက်လာ တော့ မယ် ။ “ အေးအေးဆေးဆေး နဲ့အောင်မြင်စွာနံပါတ်ရရှိပြီးတဲ့နောက် လျူဟွေး က ရင်ဘတ်ကိုပုတ်ပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။

ယခု လျူဟွေး သည် ယွမ် ကျိုး ကို အလွန်ကောင်းမွန်စွာ စိတ်ထဲစွဲမှတ်သွားသည်။

“ဟုတ်တယ်၊ ကောင်းတာပေါ့။ သုတေသနပြုဖို့ စက်ကို ငှားပေးနိုင်မလားလို့ သူ့ကို တိုက်ရိုက်မေးနိုင်တာတယ်။ သူအလုပ်ချိန်ပြီးနောက်မှာ တို့လေ့လာနိုင်တယ်” လို့ဂျက်စ်ကစိတ် လျှော့ပြီးပြောလိုက်သည်။

အဲဒီနောက် ဂျက်စ်က လျူဟွေး ကို ဆွဲခေါ်ပြီး စိတ်မရှည်စွာနဲ့ အထဲဝင်သွားလိုက်သည်။

All Chapters