အခန်း (၃၅၇-၃၅၈)
Vol. 26 Ch. 357-358
ယွမ်ကျိုး အပိုင်း(၃၅၇)
“လူကြီးမင်းတို့ဒီမှာနေရာယူပေးပါ”ကျိုကျာက သူတို့ကို နေရာလွတ်တွေဆီခေါ်လာသည်။
“ဒီမှာကအရမ်းကျဉ်းတယ်နော်”ဂျက်စ်က အင်္ဂလိပ်စကားနဲ့ တိုးတိုးပြောလိုက်သည်။
“လူကြီးမင်းတို့ ဒီနေ့ဘာ သုံးဆောင်မှာပါလဲ”ကျိုကျာကပုံမှန်လိုလာပြီးမေးလိုက်သည်။
“ကျေးဇူးပြုပြီး မီနူးပေးပါလား”ဂျက်စ်က လက်ဟန်ပြကာ ပြောလိုက်သည်။
“တောင်းပန်ပါတယ်၊မီနူးကိုပြောချင်တာလား?”ကျိုကျာကနည်းနည်း နားလည်နိုင်ပေမဲ့ အင်္ဂလိပ်စကားပြောဖို့တော့ ရှက်နေသည်။ ဒါကြောင့် တရုတ်စကားနဲ့သာ တဖြည်းဖြည်း မေးလိုက်သည်။
"ဘာလဲ” ဂျက်စ်က အတော်လေးစိတ်ရှုပ်ထွေးသွားသည်။
သူမဘယ်လောက်ပဲ ဖြည်းဖြည်းပြောနေပါစေ တရုတ်စကားက အင်္ဂလိပ်စကားလို ပြောင်းလဲသွားမှာမဟုတ်ပေ။
ထို့ကြောင့် ဂျက်စ်က သူ့မရဲ့စကားကို လုံးဝနားမလည်ခဲ့ပါ။
“ကောင်းပါပြီ၊ ဘာကိုလိုချင်ပါသလဲ။” ထိုနည်းတူ ကျိုကျာအတွက်လည်းနိုင်ငံခြားသားဧည့်သည်တစ်ဦး ဟင်းလျာများမှာသည်ကို ကြုံရသည်က ပထမဆုံးအကြိမ်ဖြစ်သည်။ သူမက နည်းနည်းကြောက်နေသည်။
“အလှ လေး၊ သူက မင်းမှာ မီနူးရှိသလားလို့ မေးနေတာ။” လျူဟွေး ကသည်းမခံနိုင်တော့ဘဲ တရုတ်စကားနဲ့ တိုက်ရိုက်မေးလိုက်သည်။
“ရှိတာပေါ့။ အဲဒါကလူကြီးမင်းတို့ရှေ့မှာပါ ။ “ ကျိုကျာက စားပွဲကို ပြုံးပြီး လက်ညှိုးထိုးရင်းေပြာလိုက်သည်။
“ကောင်းပြီ။” ခေါင်းညိတ်ပြီးတဲ့နောက် လျူဟွေး က မီနူးကိုယူပြီး ဖတ်ရင်း မေးလိုက်သည်။
“မင်းတို့ရဲ့စားသောက်ဆိုင်မှာ အထူးအစားအစာတွေက ဘာတွေလဲ။”?
“ ဟင်းပွဲတိုင်းကဒီနေရာမှာအထူးစပါယ်ရှယ်ပါလူကြီးမင်းစားချင်တဲ့ဘယ်ဟင်းပွဲကိုမဆိုရွေးချယ်လို့ရပါတယ် ။ “ ကျိုကျာ ဂုဏ်ယူမှု့ရှိစွာနဲ့ ပြောခဲ့သည်။
“ကြက်ဥဖြန့်ထမင်းက ၁၈၈ လား။ ဘယ်ငွေကြေးကိုသုံးတာလဲ။” ဈေးနှုန်းကိုမြင်တော့ လျူဟွေး ကမျက်ခုံးအနည်းငယ်ပင့်ပြီး အံ့အားသင့်စွာ မေးလိုက်သည်။
“
“ ငါ နိုင်ငံခြား မှာ ရှိ နေ တဲ့ နှစ် တွေ တစ်လျှောက် လုံးတရုတ် နိုင်ငံ ဟာ ဒီ လောက် မြန်မြန် ဖွံ့ဖြိုး တိုးတက် ခဲ့ တာလား “။ လျူဟွေး စိတ်ထဲမှာ စဉ်းစားမိသွားသည်။
“ ကျွန်တော် တောင်းပန် ပါ တယ် ။ ကျွန်တော် တို့ က အမေရိကန် ဒေါ်လာ နှင့် ယွမ်ငွေ ကို သာ လက်ခံ တာပါ ။ “ ရုတ်တရက် ယွမ်ကျိုးက ရောက်လာပြီး ကျိုးကျီယသူတို့ကိုမဖြေရေသးခင် မှာပြောလာသည်။
“ဟုတ်လား။ ခင်ဗျားကအမေရိကန်ဒေါ်လာကိုလက်ခံတာဆိုတော့ဈေးနှုန်းကတော်တော်လေးသက်သာမယ်ထင်တယ် ။ “ လျူဟွေး က သဘာဝကျစွာ ပြောလိုက်သည်။
အဲဒီနောက် လျူဟွေး က ဂျက်စ်ကို အင်္ဂလိပ်စကားနဲ့ ဘာသာပြန်ပြောပြသည်။
“Okလေ သူကအမေရိကန်ဒေါ်လာကိုလက်ခံနိုင်ရင်ကောင်းတာပေါ့”ဂျက်စ်ကသူ့ခေါင်းကိုကျေနပ်စွာငြိမ့်ပြလိုက်သည်။
သူမီနူးကိုင်ပြီးအဂ်လိပ် စာခေါင်းစဉ်အောက်ကမီနူးကိုညွှန်ပြရင်းဟင်းပွဲများကိုမှာရန်ပြင်လိုက်သည်။
“ကောင်းပြီငါတို့ကြက်ဥထမင်း ကြော်၊ထွင်း ဖောက်မြင်အမဲသားလွှာ၊၀က်ကင်ကိုမှာရင်ရောဘလိုလဲ”
ဂျက်စ်?မင်း ရောဘာကိုစားချင်လဲ?”
လျူဟွေးကဟင်းပွဲများကိုပုံမှန်အတိုင်းတခြားဆိုင်များတွင်မှာနေသကဲ့သို့မှာလိုက်သည်။
“ငါကဒီထက်ပိုစားနိင်မယ်ထင်တယ်”ဟုဂျက်စ်ကချဲ့ကားစွာပြောခဲ့သည်။
ပြောရမည်ဆိုရင်တော့ ယွမ်ကျိုးမှာစနစ်၏ရှေ့ရေးကြိုမြင်မှု့ကိုတကယ်ကြီးလေးစားမိလေတော့သည်။
တခါကမီးနူးကိုတရုတ်နှင့်အဂ်လိပ်ဘာသာဖြင့်ပြင်ဆင်ထားခိုင်းသည်။ထိုအချိန်တုန်းကယွမ်ကျိုးကစနစ်ကိုမေးလိုက်သည်။
“အဂ်လိပ်စာလား၊ဟုတ်ရဲ့လား။ဘာအတွက်လဲ?”ယွမ်ကျိုး မှာထိုအချိန်ကနိုင်ငံခြားဧည့်သည်များကိုသူ့ဆိုင်မှာလက်မခံရဖူးသေးပေ။
“စနစ်ကပြသလာသည်။”အနာဂတ်စားဖိုမှုးမာစတာတယောက်အနေနဲ့အဂ်လိပ်စာမီနူးကမဖြစ်မနေလိုအပ်တယ်”
“ကောင်းပြီလေ”
ခဏလောက်တွေးပြီးတဲ့နောက်မှာတော့ဒါကတကယ်လိုအပ်တယ်ဆိုတာကိုယုံကြည်ပြီးတော့ဘာမှထပ်မမေးဖြစ်ခဲ့ပေ။
အခုတော့ဂျက်စ် ကသူ့နိုင်ငံကူးလက်မှတ်ကိုဖြတ်တဲ့အချိန်တည်းကစနစ်ကယွမ်ကျိုးကိုအသိပေးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့်ယွမ်ကျိုးကပိုက်ဆံလက်ခံဖို့အပြေးအလွှားသွားခဲ့ရသည်။ဒီအချိန်မှာနည်းနည်းထူးဆန်းနေရင်တောင်မှာပေါ့။
သို့သော်လည်း ယွမ်ကျိုး ကသူတို့ကိုလုပ်သင့်တာနဲ့မလုပ်သင့်တာကိုသတိပေးရဦးမည်ဖြစ်သည်။
“ဟယ်လို၊ကျနော်ရဲ့စားသောက်ဆိုင်မှာ ခင်ဗျားတို့အစားအစာတွေမကုန်ဘူးဆိုရင်ခင်ဗျားတို့ကိုနာမည်ပျက်စာရင်းထဲထည့်ပြီး ဘယ်တော့မှလာခွင့်ပြုတော့မှာမဟုတ်ပါဘူး”ယွမ်ကျိုးကတာ၀န်ရှိရှိနဲ့သူတို့ကိုအသိပေးလိုက်သည်။
ဟုတ်တာပေါ့သူကတရုတ်လိုသာပြောခဲ့တာဖြစ်သည်။
“ခင်ဗျားမှာဒီလိုစည်းကမ်းတွေရှိတာလား”လျူဟွေးကတော်တော်စိတ်
၀င်စားလာသည်။
“ဟုတ်ပါတယ်။အဲ့ဒါကခင်ဗျားတို့နောက်ကနံရံမှာပါ။”ယွမ်ကျိုးကနံရံပေါ်ကမီနူးစာရွက်ကိုပြကာပြောလိုက်သည်။
လျူဟွေးကခေါင်းလှည့်ကာနံရံကိုကြည့်လိုက်သည်။တကယ်ကိုပဲစည်းကမ်းတခုတည်းရှိတာမဟုတ်ပဲနဲ့ တခြားစည်းကမ်းများလည်းရှိသေးသည်။
“ဒါကိုကြည့်လိုက်ဦး ဒီသူဌေးက တကယ်ကိုစည်းကမ်းတွေအများကြီးချထားတာပဲ”လျူဟွေးမှာနံရံကိုညွှန်ပြကာ ဂျက်စ်ကိုပြောလိုက်သည်။
“.”ဒါကဘာလဲ?ဂျက်စ်ကတရုတ်လိုနားမလည်သလိုပြောလည်းမပြောတတ်ပေ။သဘာ၀ကျစွာသူ့ကိုတရုတ်လိုဖတ်တတ်ဖို့မျှော်လင့်ရန်မဖြစ်နိုင်ပေ။
လျူးဟွေးကအဂ်လိပ်လိုအကျဉ်းရုံးဘာသာပြန်ပြကာမှဂျက်စ်ကနားလည်နိုင်တော့သည်။
“ဒီသူဌေးကတကယ်ကိုထူးခြားတဲ့စရိုက်သဘာ၀ရှိတာပဲ။ငါတော့သူ့သဘောကျတယ်”
ဂျက်စ် ကစည်းကမ်းများကိုအလွန်စိတ်တိုင်းကျနေသည်။
“ဒီလူကတခုခုပဲ”လျူးဟွေးကခေါင်းညိမ့်လိုက်သည်။
ငါ့ဓါတ်ပုံရိုက်လို့ရမလားဆိုတာမေးပေးပါဦး”ဂျက်စ်မှာဖုန်းယူထုတ်ရင်းတခါလောက်ကြိူးစားကြည့်ဖို့စိတ်အားထက်သန်နေသည်။
လျူဟွေးကဘာမှမ ပြောဘဲသူ့ခေါင်းကိုခါလိုက်သော်လည်းခေါင်းလှည့်ပြီးမေးနေဆဲဖြစ်သည်
။”ကျတော်တို့နံရံမှာပုံတပုံလောက်ရိုက်လို့ရလား”
“ဟုတ်ရပါတယ်။ခင်ဗျားတိူ့ဆန္ဒရှိသလောက်ပါ။”ယွမ်ကျိုးကသူ့ခေါင်းကိုငြိမ့်လိုက်သည်။
“သူဌေးကမင်းသဘောကျသလိုရိုက်လို့ရတယ်လို့ပြောလိုက်တယ်”
ယွမ်ကျိုးခေါင်းငြိမ့်တာကိုမြင်သောအခါ၊လျူဟွေးကယုံကြည်မှု့ရှိရှိနဲ့ ဂျက်စ်ကိုရကြောင်းပြောပြလိုက်သည်။
“ဒါဆိုကောင်းတယ်”ဂျက်စ်ကစိတ်လှုပ်ရှားစွာဖြင့်ပုံရိုက်ဖို့ထသွားလိုက်သည်။ဘလိုပဲဖြစ်ဖြစ်၊သူကအလှဆင်ကြာပန်းတွေနဲ့မီနူးကိုသူ့ကိုယ်တိုင်နှင့်အဖွဲ့လိုက်ဓါတ်ပုံတွေရိုက်ခဲ့လေသည်။
ခဏလောက်ကြာမှသူမှာပြီးစီးသွားလေသည်။
ယွမ်ကျိုးကမေးလိုက်သည်။
“ ”ခင်ဗျားတို့ရဲ့ဟင်းပွဲတွေရော”?
“တပွဲပမာဏကဘလောက်ပါလဲဗျ”လျူဟွေးကအကျင့်ပါပြီးမေးလိုက်သည်။
“တခြားဆိုင်တွေကပမာဏနဲ့တူတူပါပဲ”
ယွမ်ကျိုးရဲရဲတင်းတင်းဖြေလိုက်သည်။
“ဒါဆိုကျတော်က ကြက်ဥထမင်းကြော်၊ထွင်းဖောက်မြင်အမဲသားလွှာ”ကိုမှာချင်တယ်”လျူဟွေးကနှစ်ပွဲမှာလိုက်သည်။
“ငါကဒါနဲ့ဒါလ်ိုချင်တယ်”ဂျက်စ်က၀က်ကင်နှင့်ခေါက်ဆွဲပြုတ်ဟင််းရည်ကိုပြပြီးမှာလိုက်သည်။
“ကောင်းပြီ။ခင်ဗျားတို့က၈၇၆ယွမ်ကျပါတယ်၊မစားခင်အရင်ငွေချေပေးရမှာပါ”ယွမ်ကျိုးကလျူဟွေးကိုဦးစွာပြောလိုက်သည်။
လျူဟွေးကပိုက်ဆံချေနေသည့်အချိန်တွင်၊သူ့ဘေးနားက ဖောက်ည့်သည်များကစတင်ဆွေးနွေးလာကြသည်။
“သူဌေးယွမ်ကဒီေန့မှာပုံမှန်ထက်စကားများတယ်နော်”ဧည့်သည့်တယောက်ကသိလိုစိတ်အပြည့်ဖြင့်ပြောလိုက်သည်။
“ကျနော်လည်းအဲလိုပဲထင်တာဗျ၊တခြား အချိန်ဆိုအလှလေးလာမှ အရင်ဆုံးထွက်နှုတ်ဆက်တာ၊ဒါပေမဲ့ကျနော်အပြည့်အ၀နားလည်ပါတယ် လေ”တခြားဖောက်သည်တစ်ယောက်က နားလည်နိုင်သည့် အမူအရာနဲ့ ပြောလာသည်။
“ဟုတ်တယ်ကျနော်လည်းနားလည်တယ်ဗျ၊သူဌေးယွမ်ကFAလေဗျာ”တခြား ဖောက်သည့်များကလည်းထောက်ခံသည်။
.
“ဒါပေမဲ့ အခုကထူးထူးဆန်းဆန်းနိူင်ငံခြားသား ဖောက်သည်လေ၊သူဌေးယွမ်ကဘာလို့သူ့ကိုယ်တိုင်ဧည့်ခံနေရတာလဲ?ဝူဟိုင်ကကြားဖြတ် ပြောလိုက်သည်။
“ကျမကဒီဆိုင်ရဲ့ပထမဦးဆုံးသောဧည့်သည်ဖြစ်ခဲ့တာရှင့်”ယင်းယာကဖြတ်ပြောပြီးရှင်းပြလိုက်သည်။
“ဟုတ်ပါတယ်၊ကျနော်တို့သိပါပြီသိပါပြီ” ဖောက်ည့်သည်များကမရေမရာပြုံးကာအဆက်မပြတ်ခေါင်းငြိမ့်ရင်းပြောကြသည်။
“ဟင် ရှင်တို့ကဘာသိနေကြတာလဲ?ဘာကိုလဲ?”
ယင်းယာကမျက်နှာနီရဲလာပြီး ထိုသို့မမေးဘဲမ နေနိုင်တော့ပေ။
“ငါတို့သိတာတော့ကောင်းတယ်ဆိုတာပဲလေ”ဖောက်သည်များကရယ်သံများနဲ့ပွဲကျသွားသည်။
“သူဌေးယွမ်က သူ့ ဖောက်သည်တွေကို လူချင်းတွေ့ပြီး နှုတ်ဆက်ဖို့ သိပ်သဘောမကျဘူးလို့ ကျမထင်တာပဲ။ သူ့မှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေတော့ ရှိမှာပေါ့” မျက်နှာနီရဲနေတဲ့ ယင်ယာက အကြောင်းအရာကို ပြောင်းဖို့ ကြိုးစားလိုက်သည်။
“ဟားဟား။ ကျွန်ေတာ်တို့လည်း အဲဒီလိုပဲ ထင်တယ်။” ဖောက်သည်အားလုံးက အရမ်းသဘောကောင်းကြသည်။ ယင်ယာာရဲ့ ဆန္ဒအတိုင်း ခေါင်းစဉ်ကို ပြောင်းလိုက်ကြသည်။
“ဟုတ်တယ်။ သူဌေးယွမ်လို ခပ်ခွာခွာနေတတ်တဲ့သူက ဒီလောက်တက်ကြွစွာ လုပ်နိုင်မယ် မထင်ဘူး။” ယွမ်ကျိုး ရှိနေသေးတာကို မြင်တော့ သူတို့က မယုံနိုင်သည့် လေသံနဲ့ ပြောကြသည်။
“ကျွန်တော်တို့ ခန့်မှန်းကြည့်ကြမလား” ဝူဟိုင်က အကြံပြုလိုက်သည်။
“.ငါ တော့မင်းခန့်မှန်းချင်တာလို့မထင်ဘူး။ မင်းက အရက်အတွက် ငါတို့ကို ထပ်လိမ်ချင်သေးတယ်မလား” စုမူက ပွင့်ပွင့်လင်းလင်းတုံ့ပြန်ပြီး ပြောလိုက်သည်။
“မဟုတ်ဘူး။ အခု အရက်မဟုတ်တော့ဘူး။” ဝူဟိုင်သည် ယွမ်ကျိုးထံမှ ချက်ပြုတ်နည်းကို သုံးရက်ကြာ သင်ယူခဲ့ဖူးပြီး သူ့ကို အများကြီး နားလည် စေခဲ့သည်။
ထိုအချက်ကို အားကိုးပြီး သူသည် မကြာခဏဆိုသလို အခြားသူများကို လှည့်စားခဲ့သည်။
“ငါ မကြာခင်သိလာတော့မယ့် အရာတစ်ခုကြောင့် ငါလှည့်စားခံရမှာ မဟုတ်ဘူး” စုမူက ခက်ထန်စွာ ပြောလိုက်သည်။
သူ့က အများကြီး လှည့်စားခံခဲ့ရပုံရတာကြောင့် ဒီကိစ္စမှာ ဝူဟိုင်နဲ့ ဖြေရှင်းချင်ေနပုံရသည်။
ဒီတစ်ခါတော့ ယွမ်ကျိုးရဲ့ ရည်ရွယ်ချက်ကို လူတွေ အများကြီး ခန့်မှန်းခဲ့ကြသည်။
တစ်ဖက်မှာတော့ ယွမ်ကျိုးက ဂျက်စ်ဘက်ကို လှည့်ပြီး ပြောလိုက်သည်။
“မင်္ဂလာပါ။ ခင်ဗျားတို့ရဲ့ ဟင်းလျာတွေရဲ့ စုစုပေါင်းဈေးနှုန်းက ၁၂၅၆ ဒေါ်လာပါ။” ယွမ်ကျိုးက တစ်ခါတည်းနဲ့ ဈေးနှုန်းကိုပြပြီး နောက်ဆုံးမှာ ဆက်ပြောလိုက်သည်။
ကျတော်တို့က ဘဏ်ငွေလွှဲတာပဲဖြစ်ဖြစ်၊ ငွေသား မဟုတ်ရင်လည်း နိုင်ငံတကာငွေချေကတ်ေတွကို လက်ခံပါတယ်။”
ဒီလိုပြောရတာ အရမ်းပရော်ဖက်ရှင်နယ်ဆန်တယ်လို့ ထင်ရသည်။
တခြားတဘက်မှာတော့ ဈေးနှုန်းကကြားလိုက်ရတဲ့လူနှစ်ယောက်ကတော်တော်လေး အံအားသင့်သွားကြသည်။
လျူဟွေးကတဲ့တိုးမေး
လိုက်သည်။”ဈေးနှုန်းကမှန်မနေဘူး။ဟုတ်တယ်မလား”ဒါကUS ဒေါ်လာနဲ့ကျတာလား?”
အပိုင်း(၃၅၇)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း(၃၅၈)
လျူဟွေး ချက်ချင်းအံ့အားသင့်သွားပြီး မယုံနိုင်စွာ မေးလိုက်သည် "သူဌေး၊ ဈေးနှုန်းမှားပြောမိတာလား"
"ယွမ်နဲ့ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းက ၆.၅ ဝန်းကျင်မှာ ရှိပါတယ်" ယွမ်ကျိုး မသိမှာကို စိုးရိမ်ပြီး လျူဟွေးက အထူးထပ်ပြောလိုက်သည်။
"ကျနော်သိတယ်၊ ကျေးဇူးတင်ပါတယ်။ ဒါက ခင်ဗျားတို့အတွက် ဈေးပဲ။" ယွမ်ကျိုးက လေးနက်တဲ့အမူအရာပြပြီး နောက်ပြောင်နေပုံမပေါ်ေပ။
"သူဌေး၊ ခင်ဗျားရဲ့ ဈေးနှုန်းက မမှန်ဘူး။ ခင်ဗျားကိုယ်တိုင် စစ်ဆေးကြည့်ပါဦး။" လျိုဟွေးက မီနူးကို ထုတ်ယူပြီး ယွမ်ကျိုးကို ပေးလိုက်သည်။
"ဟုတ်ကဲ့။ ကျွန်တော်တို့ နိုင်ငံသားတွေအတွက် ယွမ်ငွေနဲ့ နိုင်ငံခြားသားတွေအတွက် အမေရိကန်ဒေါ်လာ လက်ခံပါတယ်။ နောက်မှာ အမှတ်အသားလုပ်ထားပါတယ်" ယွမ်ကျိုးက မီနူးပေါ်က ယွမ်ငွေအမှတ်အသားနဲ့အနောက်က အမေရိကန်ဒေါ်လာ အမှတ်အသားကို လက်ညှိုးထိုးပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ဘာ ခင်ဗျားဘာကိုဆိုလိုတာလဲ။ ငါက အမေရိကန်လူမျိုးဖြစ်လို့ တခြားသူတွေထက် ပိုပေးရမှာလား" လျူဟွေ့းရဲ့ ရံဖန်ရံခါဘာသာပြန်ဆိုချက်မှာ ဂျက်က ဘာတွေဖြစ်နေလဲဆိုတာကို အခြေခံအားဖြင့် နားလည်ပါသည်။ ဒါကြောင့် သူက မကျေမနပ်နဲ့ ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ ကျွန်တော်က တရုတ်လူမျိုးမို့လို့" ယွမ်ကျိုးက ခေါင်းခါပြီး "ပုံမှန်အားဖြင့်ဒီအတိုင်း ကျွန်တော့်လိုတရုတ်လူမျိုးတွေကို အဆင်ပြေအောင် လုပ်ပေးမှာပါ" လို့ ပြောလိုက်သည်။
သူ ဒီလိုပြောလိုက်တာနဲ့ စားသောက်ဆိုင်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားတယ်။ သူ့စကားက ကျိုးကြောင်းဆီလျော်ပုံရပေမယ့် တစ်ချိန်တည်းမှာပဲ သိပ်ကျိုးကြောင်းမဆီလျော်တာကြောင့် လူတွေ ဘယ်လိုတုံ့ပြန်သင့်လဲဆိုတာ မသိကြပေ။
"မင်းဒီလိုလုပ်ရင် ဒါက လိမ်လည်လှည့်ဖြားတဲ့ ဈေးနှုန်းပဲ။" လျူဟွေးက ဒေါသတကြီးပြောလိုက်သည်။
"ကျွန်တော့်စားသောက်ဆိုင်က ဟင်းလျာတွေရဲ့ဈေးနှုန်းကို ရှင်းရှင်းလင်းလင်း မှတ်သားထားပါတယ်" ယွမ်ကျိုးက ဟင်းလျာတွေရဲ့နောက်နဲ့ ရှေ့နံရံပေါ်က မီနူးကို ကြည့်ဖို့ အချက်ပြလိုက်သည်။
[စားသောက်ဆိုင်က ယွမ်နဲ့ အမေရိကန်ဒေါ်လာကိုပဲ လက်ခံပါတယ်။ နိုင်ငံခြားသား မိတ်ဆွေတွေအနေနဲ့ အမေရိကန်ဒေါ်လာကို အသုံးပြုပေးပါ။ အမေရိကန်ဒေါ်လာနဲ့ ယွမ်ငွေလဲနှုန်းက ၁:၁ ဖြစ်ပါတယ်။ ဈေးနှုန်းနဲ့ ပတ်သက်ပြီး မေးမြန်းစရာရှိရင် သူဌေးရဲ့ ရှင်းလင်းချက်အောက်မှာ မေးမြန်းနိုင်ပါတယ်။ ပူးပေါင်းဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။]
ဤစကားလုံးအားလုံးကို စကားလုံးတစ်လုံးတည်းဖြင့် အကျဉ်းချုပ်နိုင်သည်- "ဒါက ကျွန်တော့်တန်ဖိုးပါ။ လက်ခံရင် စားပါ၊ လက်မခံရင် ထွက်သွားပါ။"
သူတို့စစ်ဆေးပြီးတဲ့နောက်မှာ ဒါဟာ လိမ်လည်မှုလို့ တကယ်မခေါ်နိုင်ဘူးဆိုတာ တွေ့ရှိခဲ့ပါသည်။ ကုန်စည်ဈေးနှုန်းဗျူရိုက ဈေးနှုန်းကို ရှင်းရှင်းလင်းလင်း ဖော်ပြပြီး အတင်းအကြပ် မရောင်းချသရွေ့ ဘာမှတိုင်ကြားစရာမရှိဘူးလို့ စည်းမျဥ်းထိန်းချုပ်ခဲ့ပါသည်။
ဒါပေမယ့် " သူဌေးရဲ့ရှင်းပြချက်အောက်မှာ ကိုယ့်"မေးခွန်းတွေကို့ယ်ဘာသာကိုယ်သိမ်းထားပါ" ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်က ဘာလဲ။ "သူတို့ကို အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးတယ်" လို့ ပြောတာက ရယ်စရာကောင်းပါသည်။ အခု သူတို့ အရမ်းပျော်နေကြပြီေလ။
ခဏတာ မှင်သက်သွားပြီးနောက် လျူဟွေးက "ဒါဆို ဒါက ဈေးနှုန်းခွဲခြားမှုပဲ။ သူဌေး၊ မင်းက အမေရိကန်တွေကို ခွဲခြားနေတာပဲ" ဟု ပြောလိုက်သည်။ သူသည် ပြောစရာ ဘာမှမရှိတော့ဘဲ ခဏကြာပြီးနောက် တစ်ခွန်းသာ ပြောလိုက်သည်။
"တကယ်တော့ မဟုတ်ပါဘူး။" ယွမ်ကျိုးက ခေါင်းကို လေးလေးနက်နက် ခါယမ်းလိုက်ပြီး "ကျွန်တော်က နိုင်ငံခြားက မိတ်ဆွေတွေအားလုံးကို တန်းတူဆက်ဆံပါတယ်၊ ဒါပေမယ့် ကျွန်တော့်လူမျိုးတွေရဲ့ ခံစားချက်ကိုပဲ ပိုဂရုစိုက်ပါတယ်"
သူသည် နိုင်ငံခြားမိတ်ဆွေအားလုံးကို တန်းတူဆက်ဆံသောကြောင့် ငွေလဲနှုန်းကို ၁:၁ သတ်မှတ်ခဲ့သည်။ လျူဟွေသည် သူ့နဖူးပေါ်တွင် အပြာရောင်သွေးကြောများ ပေါ်လွင်နေသည်ကို ခံစားလိုက်ရသည်။
"ဂျက်၊ ဒီမှာ စားချင်သေးလား။ ဒီသူဌေးက ကျွန်တော်တို့ကို ပိုတောင်းနေတယ်လို့ ထင်တယ်။" လျူဟွေးက ယွမ်ကျိုးနဲ့ ဆက်မပြောတော့ဘူး။ အဲဒီအစား သူက ခေါင်းလှည့်ပြီး ဂျက်ကို မေးလိုက်သည်။
"ဟုတ်တယ်၊ ကျွန်တော် ဒီမှာ စားမှာပါ။ ခင်ဗျားရဲ့ ဥပဒေတွေအကြောင်း ကျွန်တော် သိပ်မသိပေမယ့် အဲဒီအတွက် တရားစွဲလို့ မရဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဟင်းပွဲတွေက ဈေးနဲ့ မထိုက်တန်ဘူးဆိုရင်တော့ ခင်ဗျာစားသောက်ဆိုင်ကို ကျွန်တော် ဒေဝါလီခံရေ အာင်လုပ်တော့မှာပဲ" ဂျက်က ရက်စက်စွာ ပြောလိုက်သည်။
"စားသောက်ဆိုင်က အင်တာနက်နဲ့ ချိတ်ဆက်ထားပုံမရဘူး။" လျိုဟွေးက စားသောက်ဆိုင်ကို ပတ်ပတ်လည်ကြည့်ပြီး ညည်းညူလိုက်သည်။
"ကျွန်တော် အဆင့်ဆင့် တိုင်ကြားမှုတွေ လုပ်ပါ့မယ်။ ကျွန်တော့်ပိုက်ဆံကို လိမ်ချင်ရင် ခင်ဗျား ပြင်ဆင်ထားရမယ်။" ဂျက်ရဲ့ လေသံထဲမှာ မကျေနပ်မှုတွေ ပြည့်နေသည်။
"တကယ်တော့၊ ဆိုင်နီးချင်းစားသောက်ဆိုင်ကို သွားလို့ရတယ်။ တကယ်ကို လှတာပဲေလ။" လျိုဟွေးသည် ဤဘေးတွင် လှပစွာ အလှဆင်ထားသော အနောက်တိုင်းစတိုင် စားသောက်ဆိုင်ကို သတိရသွားသည်။
"မဟုတ်ဘူး။ ဒီနေ့ ထမင်းစားဖို့ ဒီမှာပဲနေမယ်။" ဂျက်က ပိုက်ဆံအိတ်ကို ထုတ်ပြီး သင့်တော်တဲ့ ငွေပမာဏကို ထုတ်ယူလိုက်သည်။
"ဟေး၊ ဒီမှာ ပိုက်ဆံ" ဂျက်က သူသိသည့်တရုတ်လို စကားလုံးနှစ်လုံးကို ရွတ်ဆိုလိုက်သည်။
သူ ကစကားကိုလျှာ ခလုတ်တိုက်စွာေပြာေနသော်လည်း ယွမ်ကျိုးက သူ့ကို နားလည်သည်။
"ခဏလေး။ ဟင်းလျာတွေကို မကြာခင် တည်ခင်းတော့မှာပါ။" ယွမ်ကျိုးသည် အမေရိကန်ဒေါ်လာများကို အထူးဗန်းတစ်ခုဖြင့် လက်ခံရယူပြီး ငွေသားသေတ္တာထဲသို့ မထည့်မီ လေးနက်စွာ စစ်ဆေးလိုက်သည်။
ယွမ်ကျိုးသည် ၎င်းတို့သည် အတုလား မအတုလားကို အမှန်တကယ် မခွဲခြားနိုင်သော်လည်း ၎င်းတို့ကို သိနိုင်သကဲ့သို့ ဟန်ဆောင်ခဲ့ရသည်။
"ဂျက်၊ ကျွန်တော်တို့ စားစရာမလိုပါဘူး။ တခြားစားသောက်ဆိုင်ကို သွားစားလို့ရပါတယ်" လျူဟွေးက အကူအညီမဲ့စွာ ပြောလိုက်သည်။
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ ဒီက ဟင်းလျာတွေကို ငါ စားကြည့်ရမယ်။ အင်တာနက်မှာ အရမ်းအရသာရှိတယ်လို့ ပြောကြတယ်။" ဂျက်ရဲ့ လေသံက လှောင်ပြောင်တဲ့ လေသံနဲ့ ပြည့်နေသည်။
"ကျွန်တော်တို့ ဒီမှာပဲစားရမှာလား" ဟု လျိုဟွေးက ထပ်မေးလိုက်သည်။
"ဟုတ်တယ်။" ဂျက်က ခေါင်းညိတ်ပြီး အတည်ပြုလိုက်သည်။
ထို့နောက် လျူဟွေးသည် အမှန်တကယ် အကူအညီမဲ့သွားတော့သည်။ သူ၏ အကူအညီမဲ့မှုတွင် ရှက်ရွံ့မှုလည်း ရှိနေသည်။
သူ့အမြင်အရတော့ ဂျက်ဟာ အမေရိကန်လူမျိုးဖြစ်ပြီး သူ့နိုင်ငံကို ပထမဆုံးအကြိမ် ရောက်လာခဲ့ပေမယ့် ပထမဆုံးထမင်းစားတဲ့အချိန်မှာပဲ အံ့သြစရာကောင်းလောက်အောင် လိမ်လည်ခံခဲ့ရသည်။
နိုင်ငံခြားမှာ မျက်နှာပျက်ရသလိုမျိုး၊ သူ့လူမျိုးတွေအားလုံးက တခြားသူတွေကို လိမ်လည်နေကြသလိုပေ။
ဒါကြောင့် လျူဟွေ့ဟာ ယွမ်ကျိုးအပေါ် အရမ်းစိတ်မချမ်းမသာဖြစ်ခဲ့ရသည်။
"မင်းရဲ့ ဖန်တီးမှု့က တန်ဖိုးထိုက်တန်ပါစေလို့ ဆုတောင်းသင့်တယ်။ မဟုတ်ရင် ပိုက်ဆံလျော်ကြေးပေးရုံနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး" လျူဟွေးက ယွမ်ကျိုးကို ခက်ထန်သောလေသံဖြင့် ပြောလိုက်သည်။
"ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။" ယွမ်ကျိုးက သဘာဝအတိုင်း ခေါင်းညိတ်ပြီး မီးဖိုချောင်ထဲ ပြန်ဝင်သွားလိုက်သည်။
ထို့နောက် လျူဟွေး အတင်းတုပ်ခံလိုက်ရသည်။
"ဒီလူက အရမ်းမာနကြီးတာပဲ။ သူက သူဌေးယွမ်ကို ဘာလုပ်ချင်တာလဲ" ဟု ဧည့်သည်တစ်ဦးက မထီမဲ့မြင်ပြုသည်။
"ဟုတ်တယ်။ နိုင်ငံခြားသားက ဘာမှတောင် မပြောဘူး၊ ဒါပေမယ့် ဒီလူက ကျော်ပြောသွားတယ်။" နောက်ထပ် ဧည့်သည်တစ်ယောက်ကလည်း မကျေမနပ်နဲ့ ပြောလိုက်သည်။
"သူက တကယ်ကို သူ့ကိုယ်သူ တစ်စုံတစ်ယောက်လို့ ထင်နေတာ။ သူဌေးယွမ် ပိုက်ဆံဘယ်လိုရရ သူက တခြားသူတွေကို မလိမ်ဘူး၊ ဈေးနှုန်းတွေကိုလည်း မီနူးမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။" တခြားဧည့်သည်တွေက ယွမ်ကျိုးအတွက် တစ်ယောက်ပြီးတစ်ယောက် ရပ်တည်ပေးကြသည်။
စားသောက်ဆိုင်ထဲမှာ ဆူညံနေပြီး အပြင်မှာလည်း အတော်လေး ဆူညံနေလျက်ပင်။
သူဌေးယွမ်က အဲဒီလိုငွေတွေရှာခဲ့တယ်ဆိုတာ ဧည့်သည်အားလုံးနီးပါး သိကြပါသည်။ အများစုက သဘောတူကြပေမယ့် လူအနည်းငယ်ကတော့ ဒါက ကုန်စည်ဈေးနှုန်းဌာနရဲ့ စုံစမ်းစစ်ဆေးမှုကို ခံရလိမ့်မယ်လို့ ခံစားကြရသည်။
အာဏာပိုင်တွေက ဒီလိုလုပ်တာကို သူတို့တကယ်ဂရုမစိုက်ကြဘူး။ ဒါပေမယ့် ယွမ်ကျိုးရဲ့ စားသောက်ဆိုင်က လုပ်ငန်းကို ရပ်ဆိုင်းလိုက်ရင် သူတို့ ဘယ်ကိုသွားပြီး ထမင်းစားရမှာလဲ။
"ဘော့စ်ယွမ်က ဘာလို့ ဒီလိုပိုက်ဆံေတာင်းနေတာလဲ" ဟု ဧည့်သည်တစ်ဦးက သူ့ဘေးနားရှိ အခြားလူတစ်ဦးကို စပ်စုစွာ မေးလိုက်သည်။
"မင်း အတွေးလွန်နေတယ်လို့ ငါထင်တယ်။ သူက အမေရိကန်လူမျိုးဖြစ်ပြီး အမေရိကန်ဒေါ်လာ ပေးရတယ်။ သူ ယွမ်ငွေပေးရင် သူ့အတွက် အရမ်းဈေးပေါလွန်းတယ်။" တိုက်ရိုက်မေးခံရတဲ့ ဧည့်သည်က သူဌေးယွမ်ရဲ့ လုပ်ရပ်ကို ပေါ့ပေါ့ပါးပါးသဘောတူလိုက်သည်။
"အဲဒါ ကျိုးကြောင်းဆီလျော်ပါတယ်။ အမေရိကန်ဒေါ်လာ လဲလှယ်ဖို့ ကျွန်တော်တို့ ငွေအများကြီး ပေးရတယ်။" ဧည့်သည်က သဘောတူစွာ ခေါင်းညိတ်ပြသည်။
"ဟုတ်တယ်။ အမေရိကန်မှာ တစ်ဒေါ်လာရဲ့ ဝယ်ယူနိုင်စွမ်းက တရုတ်နိုင်ငံမှာ တစ်ယွမ်နဲ့ အတူတူပါပဲ။" ဧည့်သည်တစ်ဦးက စိတ်ခံစားမှုအပြည့်ဖြင့် သက်ပြင်းချလိုက်သည်။
"ဟုတ်ပြီ။ သူဌေးယွမ်က အမေရိကန်ဒေါ်လာဈေးနှုန်းကို တကယ့်ငွေလဲနှုန်းအတိုင်း သတ်မှတ်မယ်ဆိုရင် ဒီလူက ကျွန်တော်တို့အတွက် စားဖို့ ယွမ်ဆင့်ဒါဇင်ပေါင်းများစွာကြီးတောင် သုံးနိုင်မှာ" ဖောက်သည်က မကျေမနပ်ပြောလိုက်သည်။
"မင်းပြောတာမှန်တယ်။ သူဌေးယွမ် ဒီလိုလုပ်တာမှန်တယ်" တခြားဧည့်သည်တွေက ထပ်ခါတလဲလဲပြောပြီး ခေါင်းကို အဆက်မပြတ်ညိတ်ပြကြသည်။
"အဲဒါက ဟာသတစ်ခု သတိရစေတယ်။ အမေရိကန်တစ်ယောက် တရုတ်ပြည်ကို အလည်အပတ်လာတုန်းကပါ။" ဧည့်သည်က အဲဒီလိုပြောကာ ခဏရပ်လိုက်သည်။ အားလုံးက သူ့ကို ကြည့်နေတာကို မြင်တော့ သူ ဆက်ပြောပြပြန်သည်။
"ဒီအမေရိကန်က ကျွန်တော်တို့နိုင်ငံကို ၂၀၁၀ ခုနှစ်မှာ လာလည်တာပါ။ အဲဒီအချိန်တုန်းက ငွေလဲနှုန်းက ၆.၈ ပါ။ သူက အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ နဲ့ ယွမ် ၆၈၀,၀၀၀ ကို လဲပေးခဲ့တာပါ။"
ခဏလောက် ရပ်တန့်သွားပြီးနောက် သူက ဆက်ပြောလိုက်သည်။
"သူ တစ်နှစ်လုံး ယွမ် ၁၈၀,၀၀၀ သုံးခဲ့ပြီး သုံးဖြုန်းပါတယ်။ ၂၀၁၁ ခုနှစ်မှာ အမေရိကန်ကို ပြန်သွားတော့ အမေရိကန်ဒေါ်လာ လဲဖို့ ဘဏ်ကို သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ငွေလဲနှုန်းက ၅ အထိ မြင့်တက်လာတာကြောင့် ဒီအမေရိကန်က ကျန်တဲ့ ယွမ် ၅၀၀,၀၀၀ နဲ့ အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ကို ပြန်လဲခဲ့ပါတယ်။ သူလာတော့ အမေရိကန်ဒေါ်လာ ၁သိန်း ယူလာခဲ့တယ်။ သူ ပြန်သွားတဲ့အခါမှာလည်း အမေရိကန်ဒေါ်လာ ၁သိန်း ကျန်ေသးတယ်။ ဒါကြောင့် အမေရိကန်ကို ပျော်ေပျာ်ပါးပါးပြန်သွားခဲ့တယ်ေလ။"
"ဒါ မဖြစ်နိုင်စရာကြီး။" တခြားဧည့်သည်တွေကတော့ မယုံနိုင်စရာ ခံစားလိုက်ရသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ဆိုတာသိချင်ရင် မှန်မမှန် ကိုယ်တိုင်တွက်ချက်ကြည့်လို့ရတယ်။" ဇာတ်လမ်းကို ပြောပြနေတဲ့ ဧည့်သည်က တိုးတိုးလေးပြောလိုက်တယ်။
"ဒါက သိပ္ပံနည်းကျနဲ့ မကိုက်ညီဘူးလို့ ခံစားရတယ်။" တွက်ချက်ပြီးနောက်မှာ သူတို့က တကယ်မှန်ကန်ကြောင်း တွေ့ရှိခဲ့ကြသည်။
"နောက်ထပ် ဇာတ်လမ်းတစ်ပုဒ် ရှိသေးတယ်။ ကျွန်တော်ပြောတာ သေချာနားထောင်ပါ။" ထိုဧည့်သည်က ဆက်ပြောသည်။
"နောက်ထပ် အမေရိကန်တစ်ယောက်က ဒီအကြောင်းကို ကြားတော့ သူ့ကို အတုယူချင်လာတယ်။ သူက ယွမ် ၆၈၀,၀၀၀ ကို အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ နဲ့ လဲလှယ်ခဲ့တယ်။ သူက ယွမ် ၅၀၀,၀၀၀ ကို တိုက်ခန်းဝယ်ပြီး ကျန်တဲ့ အမေရိကန်ဒေါ်လာ ၁၈၀,၀၀၀ နဲ့ ပျော်ရွှင်စွာ နေထိုင်ခဲ့တယ်။"
"နောက်ဆုံးမှာ သူပြန်သွားဖို့ ပြင်ဆင်နေတုန်း တိုက်ခန်းကို တိုက်ရိုက်ရောင်းလိုက်တယ်။ ယူသွားလို့မရတဲ့အတွက်။ တိုက်ခန်းကနေ အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ပဲရတယ်။ နောက်ဆုံးတော့ အမေရိကန်က သူကအပျော်လာရှာနေတာမဟုတ်ဘူး၊ ပျော်ပျော်နေပြီး ငွေရှာနေတာလို့ ကျေေကျနပ်နပ်ကြီး ကျွန်တော့်ကို ပြောပြတယ် လေ။"
"ကျွန်တော် ကျိန်တောင်ကျိန်ဆိုချင်ပါတယ်။" ဧည့်သည်က မထီမဲ့မြင်ပြုစွာ ရယ်မောလိုက်သည်။
ဇာတ်လမ်းကို ပြောပြတဲ့ ဧည့်သည်က "ပြီးသွားပြီလို့ ထင်လား။ မပြီးသေးဘူး။ အဓိကအချက်က တချို့လူတွေက အရမ်းပျော်နေကြတယ်၊ ဘာလို့လဲဆိုတော့ GDP (တိုင်းပြည်စီးပွားရေးမြင့်မားလာခြင်း)တိုးလာလို့ပဲ" လို့ ဆက်ပြောပါတယ်။
"နောက်တာပါ၊ ဒါပေမယ့် သူဌေးယွမ်ပြောတာ မှန်တယ်လို့ ကျွန်တော် ခံစားရတယ်။" ဧည့်သည်တစ်ဦးက အပြုံးဖြင့် ခေါင်းညိတ်ပြသည်။
"သူဌေးယွမ်ဟာ ငယ်ရွယ်တဲ့ မျိုးချစ်စိတ်ရှိသူတစ်ယောက်ဖြစ်မှန်း ကျွန်တော်တို့ တစ်ခါမှ မသိခဲ့ဘူး။ ရုတ်တရက် သူဌေးယွမ်ဟာ အရမ်းကောင်းတယ်လို့ ခံစားရပြီး နောက်မှာ ဟင်းတစ်ပွဲ ထပ်မှာဖို့ ဆုံးဖြတ်လိုက်တယ်" ဟု ဧည့်သည်က စိတ်ပိုင်းဖြတ်ထားသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"မင်းရည်းစားကို ဘယ်လိုရှင်းပြမှာလဲ" လို့ သူ့ဘေးနားက တစ်ယောက်ယောက်က တိုးတိုးလေးမေးလိုက်သည်။
"ကျွန်တော်တို့ရဲ့ ခင်မင်မှု အခု ပြီးဆုံးသွားပြီ။" သူက ဒေါသတကြီး ခေါင်းလှည့်လိုက်ပြီး ဘယ်သူနဲ့မှ စကားမပြောချင်ကြောင်း ညွှန်ပြလိုက်တယ်။
မသိလိုက်တဲ့အချိန်မှာပဲယွမ်ကျိုးဟာ လူကောင်းလေး ကတ်တွေ တစ်ပုံတစ်ခေါင်းကို ထပ်ရပြန်သည်။ ဒါ့အပြင် ငွေလက်ခံတဲ့နည်းလမ်းက အင်တာနက်ပေါ်မှာ အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့တယ်...