← Chapters

နာကျည်းမှုကြီးမားလွန်းသော ဝိညာဉ်

Vol. 47 Ch. 465

နာကျည်းမှုကြီးမားလွန်းသော ဝိညာဉ်

Vol. 47 Ch. 465

မြို့ရိုးမြို့အတွင်း၌...

လမ်းမရှည်ကြီးပေါ်ရှိကြမ်းတမ်းသော ရွှံ့ကျောက်တုံးများသည် လေနှင့် ဖုန်မှုန့်များ၏ ရိုက်ခတ်မှုကို ခံနေရပြီး လမ်းဘေးဝဲယာတွင် လူအုပ်ကြီးမှာ တိတ်ဆိတ်စွာ ရပ်နေကြသည်။

သူတို့သည် ရှေ့သို့လျှောက်လှမ်းလာသော ပုံရိပ်

အချို့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေကြပြီး သူတို့၏ အကြည့်များသည် မှင်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ရှန်းယီထံသို့ အလိုလို ကျရောက်သွားကြလေသည်။

သူတို့၏ မျက်ဝန်းများထဲတွင်ရှုပ်ထွေးသော ခံစားချက်များနှင့် ကျေးဇူးတင်ရှိမှုများမှာ ရုတ်တရက် အရှိန်အဟုန်ဖြင့် မြင့်တက်လာ၏။

မကြာသေးမီနှစ်များအတွင်း ရှောင်မိသားစုခံတပ် ကြုံတွေ့ခဲ့ရသော ဆင်းရဲဒုက္ခများသည် ဂိုဏ်းတစ်ခုလုံးအသုတ်သင်ခံရသူများနှင့် မနှိုင်းသာသော်လည်း၊ အသက်ရှင်ကျန်ရစ်သူ အရပ်သားများနှင့် ကျင့်ကြံသူများအတွက်မူ ၎င်းမှာ နေ့ရောညပါ ခံစားနေရသော တစ်လှိုက်လှိုက်တိုက်စားနေသည့်ပြင်းထန်သည့် ညှဉ်းပန်းနှိပ်စက်မှုကြီးပင်။

"အင်း..."

ပေါင်ဟွားနတ်သမီးသည် လက်သီးဆုပ်၍ ယဉ်ကျေးပျူငှာစွာနှုတ်ဆက်ရန် ပြင်ဆင်ထားသော်လည်း ဤလူများ၏ အမူအရာကို မြင်လိုက်ရသောအခါ သူမ၏ စိတ်ဝင်စားမှုများ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။

သူမသည် မှင်တက်စွာဖြင့်ပင် လက်ဖဝါးများကို ပြန်ချလိုက်ကာ ရှန်းယီ၏ ဘေးမှနေ၍ တိတ်တဆိတ် လိုက်ပါလာခဲ့၏။ ဘေးတိုက်ကြည့်လိုက်မိသောအခါ လူတိုင်း၏ စိုက်ကြည့်မှုကို ခံနေရသော်ငြား ရှန်းယီမှာမူ တည်ငြိမ်သော အမူအရာကို ဆက်လက်ထိန်းသိမ်းထားသည်ကို တွေ့ရ၏။

သူ၏ မျက်နှာပေါ်တွင် သနားဂရုဏာ အရိပ်အယောင်မျှပင်မရှိဘဲ ဤကိစ္စများသည် သူ့အတွက် စိတ်ဝင်စားစရာ မကောင်းသည့်အလား ရှိနေလေသည်။

သို့သော် ကြီးမားသော လှိုင်းတံပိုးလက်ဝါးကြီး ပေါ်လာသည့် ခဏ၌ပင်... ထိုရွှေရောင်မီးလျှံ အတောင်ပံများသည် ရုတ်တရက်တောက်လောင်လာခဲ့သည် မဟုတ်ပါလား။

တစ်ဖက်လူမှာမူ သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကိုသာမန်မဟုတ်ဟု ခန့်မှန်းမိသွားပုံရသည်။ သို့သော် အဆုံး၌ သူသည် ထိုခန့်မှန်းချက်အပေါ်တွင်သာ မျှော်လင့်ချက်အားလုံးကို ပုံအောမထားခဲ့ပေ။

"ဟေး..."

ပေါင်ဟွားနတ်သမီးသည် ရှန်းယီ၏ လက်မောင်းကို အသာအယာတို့လိုက်သည်။ ရှန်းယီက သူမကို ငုံ့ကြည့်လိုက်သောအခါ သူမသည် နှုတ်ခမ်းကို ကိုက်လိုက်ရင်း သူ၏နက်မှောင်သော မျက်ဝန်းများကိုစိုက်ကြည့်ကာ ပြောလိုက်၏။

"ကျွန်မထင်တာတော့ ရှင်က တကယ့် သူရဲကောင်းတစ်ယောက်နဲ့ တော်တော်တူတာပဲ။"

ရှန်းယီသည် မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ဘာမျှမပြောဘဲ အကြည့်လွှဲလိုက်၏။ ထို့နောက် သူသည် မြို့ရိုး၏ အခြားတစ်ဖက်သို့ လှမ်းကြည့်လိုက်သည်။

ရုတ်တရက်ပုံရိပ်တစ်ခုမှာ အလျင်အမြန် ချဉ်းကပ်လာပြီး သူတို့ရှေ့တွင် ရပ်ကာ အံကြိတ်ရင်း ပြောလိုက်သည်။

"မင်းတို့တွေ ရှောက်လုပ်ပြီး ရူးနေကြတာလား"

ရိုးရှင်းသော အဝတ်အစားများဝတ်ဆင်ထားသည့် ထိုသန်မာသော အမျိုးသားသည် ရှေ့သို့ တိုးလာပြီး ရှန်းယီ၏အင်္ကျီကော်လာကို ဆွဲကိုင်ရန် ကြိုးပမ်းလေ၏။

သို့သော် တစ်စုံတစ်ဦးက သူ၏ဦးခေါင်းကို ဖိနှိပ်လိုက်ပြီးမြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ချပစ်လိုက်၏။

ပေါင်ဟွားနတ်သမီးသည် သူ၏ ဆံပင်ကို ဆွဲကိုင်လိုက်ပြီး "ပါးစပ်ကို စည်းစောင့်စမ်း၊ ဆဲဆိုနေတာတွေကို ရပ်လိုက်တော့။ ငါ့ကို နင်တို့ ခံတပ်သခင်ဆီခေါ်သွားပေး ငါက နင်တို့ ခံတပ်သခင်ကတော်ရဲ့ သူငယ်ချင်းပဲ"

ခံတပ်သခင်ကတော်ဟူသော စကားကို ကြားလိုက်ရသောအခါ ထိုအမျိုးသား၏ ရုန်းကန်မှုများမှာ ရုတ်တရက်တောင့်တင်းသွားပြီး သူ၏ မျက်ဝန်းများမှာနီရဲလာကာရှိုက်ကြီးတငင်ဖြင့် ပြောလိုက်၏။

"သခင်မလေးက ဧည့်သည်မတွေ့ဘူး ထွက်သွားကြစမ်း"

"ဟေးဘယ်လို စိတ်ဓာတ်မျိုးလဲဟ။ ဒီအဘွားကြီးကိုများ..."

ပေါင်ဟွားနတ်သမီးသည် လက်စကို လိပ်တင်လိုက်ပြီး ဤခေါင်းမာသောကောင်အား သူမ၏ အစွမ်းကို ပြသရန်ပြင်ဆင်လိုက်လေသည်။ သို့သော် ရှန်းယီမှာမူ ထိုအမျိုးသားကို ကျော်ဖြတ်ကာ ရှေ့သို့ ဆက်လက်လျှောက်လှမ်းသွားသည်ကို တွေ့လိုက်ရ၏။

"အစ်ကိုရှန်း နေဦးလေ၊ ကျွန်မကို စောင့်ပါဦး"

ပေါင်ဟွားနတ်သမီးသည် ထိုအမျိုးသားကို လွှတ်ပေးလိုက်ပြီး မျက်စောင်းထိုးကာ ပြောလိုက်၏။

"နင် ကံကောင်းသွားတယ်လို့ မှတ်လိုက်။"

"ရှောင်မိသားစုခံတပ်ထဲကို ကျူးကျော်ဝင်ရောက်ခွင့် မရှိဘူး..."

ထိုအမျိုးသားသည် မြေပြင်မှ ကမန်းကတန်း ထလာပြီး ရှန်းယီ၏နောက်သို့ အသည်းအသန် လိုက်ကာတားဆီးရန် ကြိုးစားနေခဲ့သည်။

"ကျွန်တော့်စကားကို နားထောင်ပါဦး၊ သခင်မလေးကတကယ်ကို ဧည့်သည်မတွေ့နိုင်လို့ပါ။တကယ်လို့ ခင်ဗျားတို့က သူမရဲ့သူငယ်ချင်းဟောင်းတွေဆိုရင် သူမကို ဒုက္ခမပေးသင့်ပါဘူး။"

"ဟူး..."

ပေါင်ဟွားနတ်သမီးသည် သက်ပြင်းတစ်ချက်ချကာ သူမ၏အင်္ကျီလက်ထဲမှ တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်ပြီး သာမန်မျက်စိဖြင့် မမြင်နိုင်လောက်သောအရှိန်ဖြင့် ထိုအမျိုးသား၏ မျက်စိရှေ့တွင် ပြလိုက်လေသည်။ ထို့နောက် သူမသည် ၎င်းကို ချက်ချင်းပြန်သိမ်းလိုက်၏။

သူမသည် သူမ၏ဂိုဏ်းတူညီမလေး မည်သို့သော အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ကို သိချင်နေခဲ့သည်။

"နင် ဘာမှမမြင်လိုက်ဘူးလို့ ဟန်ဆောင်ထားလိုက်၊ နားလည်လား မြန်မြန်ပြောစမ်း။"

"..."

ထိုအမျိုးသားမှာ နေရာတွင်ပင် တောင့်တင်းသွားပြီး သူ၏အသံမှာ တုန်ယင်လာကာ လျှို့ဝှက်အသံပေးပို့ခြင်း နည်းစနစ်ဖြင့် ပြောလိုက်သည်။

"သခင်မလေး... သခင်မလေး ဆုံးသွားပါပြီ။ ကျေးဇူးပြုပြီး ခံတပ်သခင်ကို ကယ်ပေးနိုင်မလားခင်ဗျာ"

ထိုစကားကို ကြားလိုက်ရသောအခါ ပေါင်ဟွားနတ်သမီးမှာ ရုတ်တရက်မှင်တက်သွားပြီး ငေးကြောင်ကာ လှည့်ကြည့်လိုက်မိ၏။ ထို့နောက်တွင်မူ သူမ၏ကြည်လင်သော မျက်ဝန်းများထဲ၌ ပြင်းထန်သော ဒေါသများမှာ အရှိန်အဟုန်ဖြင့် တောက်လောင်လာတော့သည်။

သူမ၏ နဖူးထက်တွင် ဝိညာဉ်အလင်းတန်းများ လင်းလက်လာပြီး တစ်စုံတစ်ရာသော အစွမ်းထက်သည့် နတ်ဘုရားတစ်ပါးပေါက်ကွဲထွက်ပေါ်လာတော့မည့်အလား ရှိနေလေသည်။

သူမသည် လက်သီးကို ချက်ချင်းကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။

မည်သည့်စကားတစ်လုံးမျှ မပြောတော့ဘဲ သူမသည် ရှေ့ရှိရှောင်မိသားစုခံတပ်ဆီသို့ လေထဲမှတစ်ဆင့် ပျံသန်းသွားလေတော့သည်။

"ဒါကတော့..."

အဘိုးကျန်း သည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိပြုမိသွားပြီး ရှန်းယီကို ကြည့်လိုက်သည်။ ဤအပေးအယူမှာ ပျက်ပြားသွားနိုင်ကြောင်း သူ နားလည်လိုက်လေ၏။

ရှန်းယီမှာမူ ပေါင်ဟွားနတ်သမီး ထွက်ခွာသွားသော ပုံရိပ်ကို ဘာမျှမပြောဘဲ တိတ်ဆိတ်စွာကြည့်နေခဲ့သည်။ ထို့နောက်မှ သူသည် အေးအေးဆေးဆေးပင် သူမ၏နောက်သို့ လိုက်ပါသွားလေသည်။

တောက်... တောက်... တောက်...

ခံတပ်၏မှောင်မိုက်သော အတွင်းပိုင်း၌ ပုလဲလိုက်ကာများဖြင့် ဆင်ယင်ထားသော သန္တာခုတင်တစ်ခုမှာ အနီရောင် တောက်ပနေသည်။

နုနယ်သော အမျိုးသမီးတစ်ဦးသည် ခုတင်ပေါ်တွင် မှီလျက် သူမ၏ဆံနွယ်တစ်ပင်ကို လက်ချောင်းများဖြင့် လိမ်ကျစ်ကစားနေပြီး သူမ၏ မျက်ဝန်းများမှာ အနည်းငယ် မိန်းမောနေပုံရသည်။

"ငါတို့ ဘယ်တော့ ပြန်လို့ရမှာလဲ"

ခုတင်ဘေးတွင်မူ ခါးကုန်းကုန်းအဘိုးကြီးတစ်ဦးက တည်ငြိမ်စွာ စောင့်ဆိုင်းနေ၏။

"သခင်မလေး... နဂါးသခင် က စိတ်လှုပ်ရှားနေပါတယ်။ နဂါးသခင်မကို ဖျောင်းဖျဖို့ အချိန်နည်းနည်းပေးလိုက်ပါဦး။ ကျွန်တော်တို့ ဒီမှာ ခဏလောက် ထပ်နေရဦးမှာပါ။ နောက်ဆုံးတော့ ပြန်လို့ရမှာပါပဲ။"

"နဂါးသခင်မ..."

ထိုအမျိုးသမီးသည် ရုတ်တရက် လှောင်ပြောင်သလို ရယ်မောလိုက်၏။

"သူက ဘာများ ထူးခြားလို့လဲ တစ်နေ့ကျရင် ငါလည်း နဂါးသခင်မဖြစ်လာမှာပဲ။ နဂါးနန်းတော်ထဲကို တရားဝင် ဝင်သွားမှာ။"

"ဒါပေါ့ခင်ဗျာ။"

ထိုခါးကုန်းကုန်းအဘိုးကြီးသည် ခေါင်းညိတ်လိုက်ပြီး သူငယ်စဉ်ကတည်းက လိုက်ပါစောင့်ရှောက်လာခဲ့သော ဤအမျိုးသမီးငယ်ကို ကြည့်လိုက်ရာ သူ၏မှုန်ဝါးသော မျက်ဝန်းများထဲတွင် မတတ်သာသောအရိပ်အယောင်များ ပေါ်နေလေ၏။

ရေမြွေတစ်ကောင်က နဂါးနန်းတော်ကို မည်သို့ ဝင်ရောက်နိုင်ပါမည်နည်း။ နဂါးသခင်၏ မျက်စိကျခြင်းကို ခံရသည်မှာပင် အလွန်ခက်ခဲသော အလုပ်တစ်ခုဖြစ်နေပြီဖြစ်သည်။ သူသည် ရေသတ္တဝါမျိုးနွယ်စု၏အနောက်နန်းတော် မင်းသားဖြစ်ရာ သူ၏ အိပ်ရာထဲသို့ တက်ရန် မျှော်လင့်နေကြသော အလှပကေးနတ်သမီးများမှာ မရေမတွက်နိုင်အောင် ရှိကြ၏။

အကယ်၍ နဂါးသခင်သည် နဂါးသခင်မကို တကယ်ပင် ဆန့်ကျင်ဖို့ရည်ရွယ်ထားသည်ဆိုလျှင် ဤနေရာသို့ စောင့်ကြပ်ရန်ပို့ထားမည်မှာ အရေးမပါသော လေလွင့်ရေသတ္တဝါများမဟုတ်ဘဲ နဂါးနန်းတော်၏ အစစ်အမှန် အစောင့်အရှောက်များ ဖြစ်နေလိမ့်မည်။

"အစေခံအဘိုးကြီးက သူ့ကို ထပ်ပြီး သင်ခန်းစာ ပေးလိုက်ပါဦးမယ်။ ဒီအတိုင်း ဆက်သွားနေရင် ဒါက အရမ်းထူးဆန်းနေတယ်။ နဂါးသခင်မက အရိပ်အယောင်တွေတွေ့သွားမှာကို ကျွန်တော် စိုးရိမ်မိတယ်" ဟု ခါးကုန်းကုန်းအဘိုးကြီးက ပြောလိုက်သည်။

စကားများက်ုအဆုံးသတ်ပြီးနောက် အလျင်အမြန် ကျော်ဖြတ်လိုက်ပြီးနောက် ခါးကုန်းကုန်းအဘိုးကြီးသည် ခုတင်ဘေးမှ လှည့်ထွက်သွားကာ နံရံဘက်သို့ လျှောက်သွားလေသည်။

ထိုနေရာရှိနံရံတွင် အနီရောင် သံကြိုးများဖြင့် ချည်နှောင်ခံထားရသော အမျိုးသားတစ်ဦး ရှိနေသည်။ သူသည် ခန္ဓာကိုယ်အထက်ပိုင်းဗလာကျင်းလျက် တွဲလွဲဆွဲထားခြင်း ခံနေရ၏။

ရှုပ်ပွနေသော မီးခိုးဖြူရောင်ဆံပင်များအောက်တွင် ခြောက်သွေ့ပြီးအသက်မဲ့နေသော မျက်နှာတစ်ခုရှိနေပြီး သူ၏နဖူးအလယ်တွင် သံချွန်တစ်ခုကို ရိုက်သွင်းထားလေ၏။

သူ၏ မျက်နှာတစ်ခုလုံးတွင် သွေးခြောက်များ စွန်းထင်နေပြီး လတ်ဆတ်သောသွေးများကလည်း ထပ်မံ စီးကျနေလေသည်။

"ခံတပ်သခင်ရှောင်ယွမ်လင်း... ကျေးဇူးပြုပြီး ကျုပ်ကိုကူညီပေးပါဦးလား။ ကိုယ့်ကိုယ်ကိုယ် လမ်းမှားအောင် မလုပ်ပါနဲ့" ဟု အဘိုးကြီးက နူးညံ့သောအသံဖြင့် နောက်ထပ်သံချွန်တစ်ခုကို ထုတ်ယူရင်း ပြောလိုက်သည်။

"နဂါးသခင်အတွက် ကွမ်းရှူကို အရင်ဆုံးဂရုစိုက်ပေးစမ်းပါ။ ဘာမှရည်ရွယ်ချက်ရှိရှိ လုပ်နေစရာ မလိုပါဘူး၊ အရင်အတိုင်းပဲ နေပေးရင်ရပါပြီ။ မင်းကြောင့် ရှောင်မိသားစုရဲ့အရပ်သား ဘယ်နှစ်ယောက် အသတ်ခံလိုက်ရပြီလဲဆိုတာ ကြည့်လိုက်ဦး... ဒီကိစ္စပြီးသွားရင် နဂါးသခင်က မင်းကိုရက်ရက်ရောရော ဆုလာဘ်တွေ ပေးမှာပါ။"

ကွမ်းရှူဟူသော နာမည်ကို ကြားလိုက်ရသောအခါ ရှောင်ယွမ်လင်းသည် ရုတ်တရက်ခေါင်းကို မော့လာပြီး သူ၏မျက်လုံးများသည် မျက်တွင်းထဲမှထွက်လာတော့မည့်အလား ရှိနေလေ၏။

သွေးစွန်းနေသောမျက်နှာမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်ပုံ ပေါ်နေ၏။

ဤမိန်းမသည် ကွမ်းရှူအား သတ်ဖြတ်ခဲ့သည်။ သူမ၏ ရုပ်သွင်ကိုပြင် ယူထားလေ၏။ထို့နောက် သူမ၏နာမည်ကိုပင် အသုံးပြုနေသေးပြီးယခုတော့ သူ့ကိုသူမရှေ့တွင်ဒူးထောက် အရှုံးပေးခိုင်းနေပြန်လေ၏။

ကွမ်ရှူဟာ သူရှောင်ယွမ်လင်းက ရတနာပန်းပွင့်ဂိုဏ်းထံမှ တရားဝင်အောင်သွယ်တော်နှင့် လက်ထပ်ဖို့ကတိပေးခဲ့သည့် မိန်းကလေးပင်။

အခန်းထဲတွင် အားနည်းသော အသံတစ်ခု ပဲ့တင်ထပ်သွားသည်။

"ရေမြွေစုတ်..."

ထိုရိုးရှင်းသော စကားလုံးကြောင့် ခုတင်ပေါ်ရှိ အမျိုးသမီးမှာ ရုတ်တရက်မတ်တပ်ရပ်လာလေ၏။ သူမ၏ ဘဝတွင် အမုန်းဆုံးအရာမှာ ရေမြွေတစ်ကောင်အဖြစ် သူမ၏မည်သူမည်ဝါဖြစ်ကြောင်းပင်။ ၎င်းမှာ မုတ်ဆိတ်ဖြူခရမ်းရောင်နဂါးမျိုးနွယ်စုများရှေ့တွင် အလွန်ပင်နိမ့်ကျလွန်းလှသည် မဟုတ်ပါလား။

"သူ့ကို သတ်လိုက်"

အမျိုးသမီး၏စူးရှသော အော်သံနှင့်အတူ ခါးကုန်းကုန်းအဘိုးကြီးမှာ မတတ်သာသလို ကြည့်လိုက်မိသည်။ ဤရှောင်ခံတပ်သခင်သည် သေလိုစိတ် ပြင်းပြနေပြီး သူ၏သခင်မကို မည်သို့ ဒေါသထွက်အောင်လုပ်ရမည်ကို ကောင်းစွာ သိရှိထားလေသည်။

သို့သော် သူ့ကို ထပ်ပြီး စကားပြောခွင့် မပေးနိုင်တော့ပေ။

ဤသို့တွေးမိရင်း သူသည် ရှောင်ယွမ်လင်း၏ ပါးစပ်ထဲသို့ သံချွန်ကို ရုတ်တရက်ထိုးစိုက်ရန် ပြင်လိုက်သည်။

ဖလပ်

အဘိုးကြီးသည် လက်ကို လွှတ်လိုက်ပြီး မျက်လုံးများပြူးထွက်လုမတတ်ဖြစ်နေသော ထိုအမျိုးသားကို ကြည့်ကာ သူ၏လက်ဖဝါးများကို ဂရုမစိုက်စွာ သုတ်လိုက်သည်။

သို့သော် ထိုစဉ်မှာပင် သူသည် မျက်မှောင်တစ်ချက် ကြုတ်လိုက်ပြီး ခံတပ်၏အပြင်ဘက်သို့ လှမ်းကြည့်လိုက်လေ၏။

ဝုန်း

ချက်ချင်းဆိုသလိုပင် ပုံရိပ်တစ်ခုမှာ နံရံကို ဖောက်ထွက်ကာ ဝင်ရောက်လာခဲ့သည်။ ဖုန်မှုန့်များအကြားတွင်ကိုယ်ကျပ်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသော နုနယ်သည့် မိန်းကလေးတစ်ဦး ပေါ်ထွက်လာ၏။

သူမသည် ခုတင်ပေါ်ရှိ ပုံရိပ်ကို စိုက်ကြည့်လိုက်ပြီး ခါးမှဓားရှည်ကို ပစ်ချလိုက်ကာ လက်ချောင်းကို ဓားသဏ္ဍာန်ပြုလုပ်လိုက်ရာ သူမ၏ တတိယမျက်လုံးမှ အစိမ်းရောင်ဖီးနစ်ငှက်၏ အော်မြည်သံတစ်ခု ထွက်ပေါ်လာလေသည်။

ဤအသံကို ကြားလိုက်ရသောအခါ...

ခါးကုန်းအဘိုးကြီး၏မျက်နှာမှာ ရုတ်တရက် တည်ကြည်သွားပြီး သူက တိုးတိုးလေး မေးလိုက်၏။

"အာကာသနန်းတော် လား မင်းက ဘယ်သူလဲဆိုတာ သိပါရစေလား"

ပေါင်ဟွားနတ်သမီးသည် သူ့ကို လုံးဝဂရုမစိုက်ပေ။ သူမသည် ထိုအမျိုးသမီးကိုသာ စိုက်ကြည့်နေပြီး သူမ၏အသံမှာ အေးစက်စူးရှလှ၏။

"နင်က ကွမ်းရှူလား"

သူမ စကားပြောနေစဉ်မှာပင်ကြီးမားပြီး လွှမ်းမိုးနိုင်သော အငွေ့အသက်တစ်ခုမှာ ရှောင်ခံတပ်တစ်ခုလုံးကို ဖြတ်သန်းသွားရာယခင်က ရင်ဆိုင်မှုများနှင့် မန္တန်တိုက်ပွဲများမှာ ကလေးကစားစရာကဲ့သို့ ဖြစ်သွားလေတော့သည်။

သူမသည် လူ့လောကကိုငုံ့ကြည့်နေသော နတ်ဘုရားမတစ်ပါးအဖြစ်သို့ ချက်ချင်း ပြန်လည်ရောက်ရှိသွားသည့်အလား ရှိနေလေသည်။ သူမ၏ မျက်ဝန်းများတွင် ဂရုမစိုက်မှုများမှလွဲ၍ ဘာမျှမရှိပေ။

"သူ ဖြစ်နိုင်တာပေါ့" ဟု အသံတစ်ခု ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ထဲမှပုံရိပ်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

သူသည် လက်ရာမြောက်လှသောငါးကြေးခွံသံချပ်ကာကို ဝတ်ဆင်ထားပြီး လွှမ်းမိုးနိုင်သောလှံရှည်ကြီးကို ကိုင်ဆောင်ထားသည်။ ကြမ်းကြုတ်သော မြွေနဂါးခေါင်းရှိသော်လည်း တည်ငြိမ်သောအမူအရာ ရှိသူက ပြောလိုက်ပေ၏။

"ဒီကိစ္စက ရတနာပန်းပွင့်ဂိုဏ်းနဲ့ ဘာမှမဆိုင်ပါဘူး။ငြိမ်းချမ်းမှုကို မဖျက်ဆီးကြရအောင်။ နတ်သမီး ဘယ်လိုထင်လဲ"

သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို စကားတစ်ခွန်းတည်းဖြင့် ဖော်ထုတ်ခံလိုက်ရသည်။

ပေါင်ဟွားနတ်သမီးသည် သူမ၏ အကြည့်ကို သူ၏ထံသို့ ဖြည်းညင်းစွာ လွှဲပြောင်းလိုက်ပြီးသူ၏ မျက်လုံးများကို စိုက်ကြည့်ကာ လှောင်ပြောင်သလို ပြောလိုက်၏။

"စိတ်မကောင်းပါဘူး၊ နင်က ငါ့အတွက် ဘာထောက်ထားစရာမျက်နှာမှ ရှိတာမဟုတ်ဘူး။"

ဤအရာက ဘာမှစိတ်ဝင်စားစရာ မကောင်းတော့ပေ။ သူမ စကားနေခြင်းကို ဖျောက်ပစ်ပြီး ထွက်ပြတော့မည်။

မိမိဂိုဏ်း၏တပည့်ကိုပင် မကာကွယ်နိုင်သည့်သူဟာ အနာဂတ်ဂိုဏ်းချုပ်ဖြစ်ဖို့ အရည်အချင်း မရှိပေ။

"ဒါလား"

မြွေခေါင်းစစ်သူကြီးသည် ထိုအမျိုးသမီးကို ဘေးတိုက်ကြည့်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်သည်။

"မင်း အခုတလောတော်တော်လေး ကောင်းအောင် လုပ်နေတာပဲ။ နဂါးသခင်က မင်းကိုစိတ်ထဲရှိပါတယ်။ သူက စိတ်ပူနေလို့ ငါ့ကို ဒီမှာအမြဲတမ်း စောင့်ကြပ်ခိုင်းထားတာ။ ငါ့ကိုယ်ငါ ထုတ်ဖော်ဖို့က အဆင်မပြေသေးလို့ပါ။"

ထိုစကားများကြောင့် အမျိုးသမီးမှာ အတိုင်းထက်အလွန် ဝမ်းသာသွားပြီး သူမ လက်ထဲရှိအင်္ကျီလက်စများကိုပင် ချေမွပစ်ချင်နေမိသည်။

မြွေခေါင်းစစ်သူကြီးသည် သူ၏ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။

"ငါ့စကားက အလေးအနက်မရှိဘူးဆိုရင်တော့ နတ်သမီးနဲ့ စကားပြောဖို့ တခြားလူတစ်ယောက်ကို ငါ ရှာပေးရမှာပေါ့။"

သူသည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်ပြီး ၎င်းထဲသို့ စကားအချို့ တိုးတိုးလေးပြောလိုက်လေသည်။

"ကျွတ်..."

ပေါင်ဟွားနတ်သမီးသည် တိတ်ဆိတ်စွာကြည့်နေခဲ့သည်။ တစ်ဖက်လူက ယနေ့ မည်သို့သောအကောင်ကြီးမျိုးကို ခေါ်နိုင်မည်နည်း။ ထို့အတူ သူ့ကိုသတ်လိုက်လျှင် သူမရင်ထဲမှ နာကျည်းမှုများ ပြေပျောက်သွားမလားဆိုတာ သူမ သိချင်နေခဲ့သည်။

သို့သော် နောက်တစ်ခဏ၌...

သူမနှင့်အတူ ပါလာသော ကျောက်စိမ်းပြားမှာ အသာအယာ တုန်ခါလာလေတော့သည်။

"..."

ပေါင်ဟွားနတ်သမီးသည် သူမ၏ခါးတွင် ချိတ်ထားသော ကျောက်စိမ်းပြားကို ငုံ့ကြည့်လိုက်၏။ သူမ၏ မျက်နှာပေါ်တွင် ဝမ်းနည်းခြင်း သို့မဟုတ် ဝမ်းသာခြင်းအရိပ်အယောင်မျှ မရှိဘဲ ရုတ်တရက် စိတ်ကုန်သွားသည့်အလား ခံစားလိုက်ရလေသည်။

တစ်ဖက်လူ အကူအညီတောင်းနေသော ထိုသူမှာ... ရတနာပန်းပွင့်ဂိုဏ်း၏အကြီးအကဲ တစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူမ အမှန်တကယ် မမျှော်လင့်ထားခဲ့ပေ။

All Chapters