← Chapters

အာကာသနန်းတော်မှ အံ့မခန်းဖြစ်ရပ်

Vol. 47 Ch. 466

အာကာသနန်းတော်မှ အံ့မခန်းဖြစ်ရပ်

Vol. 47 Ch. 466

"နတ်သမီး ထွက်သွားလို့ရပြီလား" ကျောက်စိမ်းပြားကိုဆုပ်ကိုင်ထားပြီး လှံရှည်ကြီးကို ကိုင်ဆောင်ထားသော မြွေခေါင်းစစ်သူကြီးက အသွင်ပြောင်းလဲခြင်းနည်းစနစ်ကို အသုံးပြုထားသည့် ထိုမိန်းကလေးကိုကြည့်ကာ မေးလိုက်သည်။

သူက ခေါင်းတစ်ချက်ခါယမ်းလိုက်ရင်း နှမြောတသဖြစ်မှု အနည်းငယ်ကိုပင်ခံစားနေရသေးသည်။ ရေသတ္တဝါမျိုးနွယ်စုများအကြားတွင် ပေါင်ဟွားနတ်သမီး၏ဂုဏ်သတင်းမှာ အတော်လေး ကြီးမားလှသော်လည်း ယနေ့တွင်မူ သူမ၏ အလှအပကို ရှုစားရန် အခွင့်အရေး မရှိတော့ပေ။

ခါးကုန်းအဘိုးကြီးမှာမူ ခေါင်းငိုက်စိုက်ကျနေပြီး သူ၏မျက်နှာတွင် ခံစားချက်များ ပြည့်နှက်နေလေသည်။ နဂါးသခင်သည် သူ၏သခင်မလေးအပေါ် ဤမျှတန်ဖိုးထားလိမ့်မည်ဟု သူပင်လျှင် မမျှော်လင့်ထားခဲ့ပေ။

နဂါးသခင်မနှင့် ဆက်ဆံရေး တင်းမာနေသည့်ကြားမှပင် နဂါးနန်းတော်မှ စစ်သူကြီးတစ်ဦးကို စေလွှတ်ပေးခဲ့သည် မဟုတ်ပါလား။ နဂါးနန်းတော်၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ယနေ့ကိစ္စမှာပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

"အခု ထွက်သွားတော့။" ရေမြွေမိန်းမက ခုတင်ပေါ်တွင်ပြန်ထိုင်လိုက်ပြီး သတိထားမှုနှင့် မနာလိုမှုများ ရောယှက်နေသော အကြည့်ဖြင့် လှမ်းကြည့်ကာ ပြောလိုက်လေ၏။

ဤမိန်းမသည် နတ်သမီးဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်သည်ဟု သူမမထင်သော်လည်း နဂါးနန်းတော်မှ လူတစ်ဦးက သူမကိုကာကွယ်ပေးထားသည့်တိုင် ပေါင်ဟွားနတ်သမီးရှေ့တွင်အလွန်အကျွံရိုင်းစိုင်းရဲခြင်းတော့ မရှိပေ။

ရှောင်ယွမ်လင်းသည် သူ၏ခွန်အားအားလုံးကို စုစည်းကာခေါင်းကို မော့လိုက်ပြီး ပေါင်ဟွားနတ်သမီးကိုကြည့်ရန် သူ၏မျက်ခွံများကို အားယူဖွင့်လိုက်၏။ သူ၏ပါးစပ်ထဲတွင် သံချွန်မရှိတော့လျှင်ပင် သူဘာပြောရမည်ကို အမှန်တကယ် မသိတော့ပေ။

သူသည် နာမည်ကျော်အစွမ်းထက်သူ တစ်ဦး မဟုတ်သော်ငြား၊ ခံတပ်တစ်ခု၏သခင်ဖြစ်နေဆဲပင်။ ဤအခြေအနေကို သူအလွန်ရှင်းလင်းစွာ မြင်တွေ့နေရသည်။ သူ၏ဇနီး သည် နတ်သမီးကို အမြဲတမ်းလေးစားခဲ့၏။

ယခုမူ ၎င်းသည် သူမ၏ထိန်းချုပ်နိုင်စွမ်းပြင်ပသို့ရောက်ရှိသွားပြီး ကံကြမ္မာ၏ကိစ္စရပ်တစ်ခု ဖြစ်နေပြီဖြစ်ရာ၊ နတ်သမီး၏ ရင်ထဲသို့ ဝန်ထုပ်ဝန်ပိုးများ ထပ်တိုးပေးရန် မလိုအပ်တော့ပေ။

ထိုအတွေးဖြင့် သူသည် ခေါင်းကို ပြန်လည်ငိုက်စိုက်ကျသွားစေလိုက်၏။

ရှောင်ယွမ်လင်း အကြည့်ရုတ်လိုက်သည့် ခဏ၌ပင်... ခန်းမထဲတွင် ကြည်လင်ပြတ်သားသော အသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။

ခွတ်

ပေါင်ဟွားနတ်သမီးသည် သူမ၏ခါးမှ တစ်စုံတစ်ရာကို ရုတ်တရက်ပစ်ပေါက်လိုက်ပြီး မြွေခေါင်းစစ်သူကြီး၏လက်ဖဝါးဆီသို့ ပြင်းထန်စွာဝင်ရောက်သွားလေ၏။ ကျောက်စိမ်းပြား နှစ်ခုသည် တစ်ခုနှင့်တစ်ခုတိုက်မိသွားပြီး တစ်ပြိုင်နက်တည်းမှာပင် အမှုန့်အဖြစ် ကြေမွသွားလေတော့သည်။

"ရှီး..."

မြွေခေါင်းစစ်သူကြီးသည် အလိုအလျောက်ပင် သူ၏လက်ကိုပြန်ရုတ်လိုက်ပြီး ပေါင်ဟွားနတ်သမီးထံသို့ကြည့်လိုက်ရာ သူ၏မျက်နှာအမူအရာမှာ ခန့်မှန်းရခက်စွာ ပြောင်းလဲသွားလေသည်။

ဒါက ဘာသဘောလဲ။ဂိုဏ်းရဲ့ အမိန့်တွေကို ဖီဆန်တာလား။

မေ့မထားသင့်သည်မှာ သတ်မှတ်ခံထားရသော အနာဂတ်ဂိုဏ်းချုပ်ဆက်ခံသူ ဖြစ်လင့်ကစား၊ ၎င်းမှာ နောင်နှစ်ပေါင်းမည်မျှကြာမှ ရရှိမည့်အဆင့်အတန်းဖြစ်သည်ကို မသိနိုင်ပေ။

အနည်းဆုံးတော့ ယခုအချိန်တွင် သူမသည် တိုက်ရိုက်တပည့်တစ်ဦးသာ ဖြစ်နေသေး၏။ သူ ဤမိန်းမကို မကြောက်ပေ။ နဂါးသခင်မကို ငဲ့ညှာသောကြောင့်သာကိစ္စရပ်များကို ပိုမိုမဆိုးရွားစေလိုခြင်း ဖြစ်သည်။

ပေါင်ဟွားနတ်သမီး၏ အဆင့်အတန်းမှာ ထိုမျှလောက်အစွမ်းထက်လှသည် မဟုတ်သော်လည်း နိမ့်ကျသည်ဟုတော့ မဆိုနိုင်ပေ။ မည်သို့ပင်ဖြစ်စေ၊ သူတို့သာ သူမကိုအမှန်တကယ် တိုက်ခိုက်မိပါက၊ ဖုံးကွယ်ထားရန်နှင့် နဂါးသခင်မ၏ အာရုံစိုက်မှုကိုရှောင်လွှဲရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။

ဤမိန်းမက ကျောက်စိမ်းပြားကို ခွဲပစ်လိုက်ခြင်းမှာ သူမ၏ဆင်ခြင်တုံတရားများ ပျောက်ဆုံးသွားပြီဖြစ်ကြောင်း ဖော်ပြနေလေသည်။

"နတ်သမီး၊ ကျေးဇူးပြုပြီး ခဏလောက် စိတ်အေးအေး ထားပါဦး။"

ဤသည်ကို စဉ်းစားမိပြီး မြွေခေါင်းစစ်သူကြီးသည် သူ၏ခံစားချက်များကို ဖိနှိပ်လိုက်၏။

"ခင်ဗျား အရင်ကမလှုပ်ရှားခဲ့တာဟာ ဂိုဏ်းရဲ့လုံခြုံရေးကိုဂရုမစိုက်တဲ့ စိတ်လိုက်မာပါလုပ်တတ်သူမဟုတ်လို့ပဲ ဖြစ်ရမယ်။ ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ၊ကျုပ်တို့နှစ်ယောက်စလုံး နောက်တစ်လှမ်းစီ ဆုတ်ကြမယ်လေ"

သူက လှံရှည်ကြီးကို ဆုပ်ကိုင်ရင်း ဆက်ပြောလိုက်သည်။

"ခင်ဗျား စောစောကအကြံပြုခဲ့သလိုပဲ၊ ဒီကိစ္စကို ခင်ဗျားရဲ့အဖော်ကို ကိုင်တွယ်ခိုင်းလိုက်ပါ။ကျုပ်တို့ လက်နက်တွေ မသုံးသလို ဝင်လည်းမစွက်ဖက်ဘူး၊ဘယ်လိုလဲ ရလဒ်ကဘာပဲဖြစ်ဖြစ်၊ ရတနာပန်းပွင့်ဂိုဏ်းနဲ့အနောက်နန်းတော်ကြားက ဆက်ဆံရေးကို မထိခိုက်စေရပါဘူး။"

မြွေခေါင်းစစ်သူကြီးက ခါးကုန်းအဘိုးကြီးကို လက်ညှိုးထိုးပြလိုက်၏။

"သူက ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် လေး မှာပဲရှိတာဆိုတော့ ခင်ဗျားကိုအခွင့်ကောင်းယူရာ မကျပါဘူး။"

ဤစကားကို ကြားသောအခါ ပေါင်ဟွားနတ်သမီးမှာ ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် သူမ၏

နှုတ်ခမ်းထောင့်များမှာ အေးစက်သောရည်ရွယ်ချက်များဖြင့် ကွေးတက်သွားလေ၏။

"ငါ့ရဲ့လက်စားချေမှုက ကလေးကစားစရာလို ဈေးဆစ်လို့ရတဲ့ကိစ္စတစ်ခုလို့ နင်က ဘာလို့ထင်နေရတာလဲ"

သူမသည် အစောပိုင်းက ရှန်းယီ၏ အတွေးများကို နားလည်သွားပုံရလေသည်။

"ခင်ဗျား အခုလုပ်နေတာကမှ တကယ့်ကလေးကစားစရာပါ။"

မြွေခေါင်းစစ်သူကြီးသည် ခေါင်းခါယမ်းကာ နှစ်သိမ့်ဟန်ဖြင့် ပြန်ပြောလိုက်၏။

"ခင်ဗျားက နတ်သမီးဆိုတဲ့ နာမည်ကိုခံယူထားပေမဲ့ပြဿနာတွေကို ဖြေရှင်းတဲ့အခါ ရတနာပန်းပွင့်ဂိုဏ်းရဲ့ရပ်တည်ချက်ကို ထည့်မစဉ်းစားဘူးပဲ။တပည့်တစ်ယောက်ရဲ့ အသက်အတွက်နဲ့ တခြားတပည့်တွေအားလုံးကိုအနောက်နန်းတော်နဲ့ ရန်သူဖြစ်အောင် လုပ်ချင်နေတာပဲ။ စဉ်းစားကြည့်ပါဦး၊ ခင်ဗျားမှာတကယ်ပဲ အဲဒီလိုလုပ်ပိုင်ခွင့်ရှိလို့လား"

"..."

ပေါင်ဟွားနတ်သမီး၏ အသက်ရှူနှုန်းများမှာ ပိုမို မြန်ဆန်လာခဲ့သည်။

"ဒီအစေခံအဘိုးကြီး တိုက်ခိုက်ခွင့် ပြုပါ"

ထိုအချိန်တွင် ခါးကုန်းအဘိုးကြီးသည် ရုတ်တရက် ရှေ့သို့ ထွက်လာပြီး ရေမြွေမိန်းမ၏ရှေ့၌ တုံ့ဆိုင်းခြင်းအလျဉ်းမရှိဘဲ ရပ်လိုက်လေသည်။ သူ၏ မှုန်ဝါးနေသော မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ တိတ်တဆိတ် ပျံ့နှံ့သွား၏။

"ဟက်..."

ပေါင်ဟွားနတ်သမီးသည် ဒေါသကြောင့် သူမ၏ လက်ဖဝါးနှစ်ဖက်လုံး ထိန်းမရသိမ်းမရ တုန်ယင်နေသည်ကို ခံစားလိုက်ရသည်။သူမသည် ငုံ့ကြည့်လိုက်ရာမှင်ရောင်ဝတ်ရုံလွှမ်းခြုံထားသော သွယ်လျသည့် ပုံရိပ်ကိုတွေ့လိုက်ရ၏။

သူသည် လက်များကိုတွဲလောင်းချကာ တည်ငြိမ်အေးဆေးသောအကြည့်ဖြင့် ရပ်နေလေသည်။

"ကျွန်မ... ကျွန်မ ဘာမှထပ်ဆောင်းမပေးနိုင်တော့ဘူး။"မိန်းကလေး၏ အသံမှာ ဆို့နင့်နေလေသည်။

"ကျွန်မလက်စားချေဖို့ ကူညီပေးနိုင်မလား"

သူမ၏အကြီးမားဆုံးသော ကျောထောက်နောက်ခံသည် သူမကို ရုတ်တရက်သစ္စာဖောက်သွားခဲ့ပြီ ဖြစ်သည်။ သူမ အလွန်ဂုဏ်ယူဝင့်ကြွားခဲ့သော ကျင့်ကြံခြင်းအဆင့်မှာလည်း တစ်ဖက်လူ၏စကားအနည်းငယ်ဖြင့် အတင်းအဓမ္မ ဖိနှိပ်ခံလိုက်ရလေ၏။

ပေါင်ဟွားနတ်သမီး၏ မှင်တက်နေသော အကြည့်အောက်တွင်...

ရှန်းယီသည် နောက်ဆုံးတွင်ခြေတစ်လှမ်း လှမ်းလိုက်ပြီး ကျောက်တုံးခံတပ်ပေါ်သို့ တက်လာကာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် လေးပဲလေ၊ ဘာမှ ထပ်ဆောင်းပေးစရာ မလိုပါဘူး။"

စီးပွားရေးလုပ်ဆောင်ရာတွင် ယုံကြည်ကိုးစားနိုင်မှုသည် အရေးကြီးလှပေသည်။

"..."

မြွေခေါင်းစစ်သူကြီးသည် မသိမသာလှောင်ပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။

"ဒီလိုပဲ ထားလိုက်ကြတာပေါ့၊ တကယ်လို့ ခင်ဗျားမှာ တကယ်ပဲစွမ်းရည်ရှိတယ်ဆိုရင် လာပြီး သတ်နိုင်ပါတယ်။"

သူသည် တစ်စုံတစ်ခုကို သတိပေးနေသယောင် ရှိလေ၏။

သူ၏ စကားဆုံးသွားသည်နှင့် ခါးကုန်းအဘိုးကြီးသည် တောက်ပနေသော ရတနာပုလဲလုံးတစ်လုံးကို ဖြည်းညင်းစွာ ထုတ်ယူလိုက်ပြီး ပါးစပ်ကို အစွမ်းကုန်ဖြဲလိုက်လေသည်။

ထို့နောက် မျက်ထောင့်များတွင် သွေးကြောများ ဖောင်းကြွလာသည်အထိ ထိုပုလဲလုံးကို ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်လေတော့သည်။

မြွေခေါင်းစစ်သူကြီးသည် အချက်ပြလိုက်ပြီး ဖြစ်သည်။ ၎င်းသည် နဂါးနန်းတော်မှ သူတို့၏ သခင်မကို မည်မျှတန်ဖိုးထားကြောင်း သက်သေပြနေ၏။

ယခု လိုအပ်သည်မှာ လက်ရှိပြဿနာကို ဖြေရှင်းရန်သာဖြစ်သည်။

ရတနာပုလဲလုံးကြောင့် သူ၏လည်ပင်းမှာ ဖောင်းကားလာပြီး တဖြည်းဖြည်း မျိုချလိုက်သောအခါ... အဘိုးကြီး၏ မျက်နှာပေါ်တွင် သွေးရောင်များ တဖြည်းဖြည်းလွှမ်းလာပြီး သူ၏ အငွေ့အသက်များမှာ အံ့မခန်းအရှိန်အဟုန်ဖြင့် မြင့်တက်လာကာ သူ၏ အရပ်အမောင်းကဲ့သို့ပင် အဆမတန် ကြီးထွားလာလေတော့သည်။

"နင်တို့တွေ..." ပေါင်ဟွားနတ်သမီးသည် တစ်စုံတစ်ခုကို ရုတ်တရက်သတိပြုမိသွားပြီး သူမ၏မျက်လုံးများမှာ ထိတ်လန့်တကြား ပြူးကျယ်သွားလေ၏။

"ဒါကလည်း သူ့ရဲ့ကိုယ်ပိုင် နည်းစနစ်တွေထဲက တစ်ခုပါပဲ၊ စည်းမျဉ်းကို ဖောက်ဖျက်တာ မဟုတ်ပါဘူး။" ဟု မြွေခေါင်းစစ်သူကြီးက အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်သည်။

"ဟက် ဘယ်လောက်တောင် အောက်တန်းကျလိုက်သလဲ နင်တို့ပဲနည်းစနစ်တွေ ရှိတယ်လို့ ထင်နေတာလား။"

လိပ်နတ်ဆိုး၏အဆင့်မှာ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ငါး သို့ ခုန်တက်သွားသည်ကို ကြည့်ရင်း ပေါင်ဟွားနတ်သမီးသည် မသိစိတ်ကပင်ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ရှန်းယီထံသို့ ပစ်ပေးရန် ရည်ရွယ်လိုက်သည်။

သို့သော် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ထိတ်လန့်ဖွယ်ကောင်းသော ဆေးအဆိပ်များကို ရုတ်တရက် သတိရသွားလေသည်။

လိပ်နတ်ဆိုးမှာ ရေမြွေမိန်းမ၏အစေခံဖြစ်သည်။ ဤပုလဲကို မျိုချခြင်းသည် ထူးထူးခြားခြား အစွမ်းထက်ပုံရသော်လည်း သေချာပေါက် အသက်ကို စတေးရပေလိမ့်မည်။

သို့သော် ရှန်းယီသည် သူမကို မည်သည့်အကြွေးမျှ တင်မနေပေ။ ပေါင်ဟွားနတ်သမီးသည် ဆေးလုံးကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး မှင်ရောင်ဝတ်ရုံနှင့် ပုံရိပ်ထံသို့ ပြန်ကြည့်လိုက်၏။

"..."

ရှန်းယီသည် လိပ်နတ်ဆိုး၏ အသွင်ပြောင်းလဲမှုကို တိတ်ဆိတ်စွာစောင့်ကြည့်နေခဲ့သည်။ ဤအကြောင်းကြောင့်ပင် သူသည် အခြားသူများနှင့် ယှဉ်ပြိုင်ရသည်ကို မနှစ်သက်ခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့်ဆိုလျှင် တစ်ဖက်လူ ထိုပုလဲလုံးကို မျိုချလိုက်သည့် အချိန်၌ သူ၏လက်သီးတစ်ချက် ပစ်သွင်းပြီးဖြစ်နေပေလိမ့်မည်။

"ဒီအစေခံအဘိုးကြီး စတင်တော့မယ်။"

ခါးကုန်းအဘိုးကြီးသည် ခုတင်ပေါ်ရှိ ရေမြွေမိန်းမကိုပြန်ကြည့်လိုက်ပြီးနောက် တုံ့ဆိုင်းခြင်းမရှိဘဲ ရှေ့သို့ တက်လှမ်းလိုက်ရာ သူ၏ အစွမ်းထက်လှသောအငွေ့အသက်များမှာ သူ၏ ခြေလှမ်းတိုင်းနှင့်အတူ ပျံ့နှံ့သွားလေသည်။

ရှောင်ယွမ်လင်းသည် သူ၏ ခေါင်းကို ထပ်မံ မော့လိုက်ပြန်သည်။ သူ၏ မျက်ဝန်းများမှာ ဝိညာဉ်မဲ့နေပြီး ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် နှစ်သာ ရှိသော ထိုလူငယ်လေးထံသို့ လှမ်းကြည့်လိုက်လေ၏။

မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သူ ကောင်းကောင်း နားမလည်ပေ။

ထိုစဉ်မှာပင် ရွှေရောင်မီးလျှံတစ်တန်း ထွက်ပေါ်လာပြီးလိမ့်တက်နေသော မီးလျှံပင်လယ်ကြီးအဖြစ် ချက်ချင်းပြောင်းလဲသွားသည်ကို သူ ရုတ်တရက် မြင်လိုက်ရသည်။

ရှန်းယီ၏ နဖူးထက်တွင် ရွှေရောင်မီးလျှံများ ပေါ်လာပြီး သူ၏မျက်ဝန်းအိမ်များသည် တောက်လောင်နေသော ရွှေရောင်အလား လင်းလက်သွားလေ၏။ သူ၏ အငွေ့အသက်သည် မျဉ်းကို လျင်မြန်စွာကျော်ဖြတ်သွားပြီး ဟင်းလင်းပြင်လျှောက်လှမ်းခြင်း အဆင့် လေးသို့ ရောက်ရှိသွားလေသည်။

ရှင်းလင်းစွာပင်၊အံ့မခန်း တိုးတက်လာသော်ငြား သူတို့ကြားရှိ ကွာဟချက်မှာ ထင်ရှားနေဆဲပင်။

မြွေခေါင်းစစ်သူကြီး၏ မျက်လုံးအောက်ခြေရှိ အထင်အမြင်သေးမှုများကို မြင်လိုက်ရသောအခါ၊ ပေါင်ဟွားနတ်သမီးသည် သူမ၏ ရင်ထဲတွင် အကြောင်းပြချက်မရှိ ထိတ်လန့်မှုကို ခံစားလိုက်ရသည်။

သို့သော် ထိုအချိန်၌ပင် ရှန်းယီက ပေါ့ပေါ့ပါးပါး လက်ဖြင့်မန္တန်တစ်ခု ဖော်လိုက်သည်ကို သူမ မြင်တွေ့လိုက်ရလေသည်။ ချက်ချင်းဆိုသလိုပင် နက်နဲလှသောအငွေ့အသက်တစ်ခုသည် ရှောင်မိသားစုခံတပ် တစ်ခုလုံးနှင့် ကောင်းကင်ယံ တစ်ခုလုံးကိုပါ ချက်ချင်းလွှမ်းခြုံသွားလေတော့သည်။

လူတိုင်းနီးပါး၏ အမြင်အာရုံထဲတွင် ထိုတောက်ပလှသော ခရမ်းရောင်အလင်းတန်းများဖြင့် ပြည့်နှက်သွားလေ၏။

မင်္ဂလာရှိသောခရမ်းရောင်တိမ်တိုက်များသည် အရှေ့အရပ်မှ ထွက်ပေါ်လာ၏။

အာကာသနန်းတော်သည် လူ့လောကသို့ကိုယ်ထင်ပြလာလေတော့သည်။

All Chapters