ရတနာပန်းပွင့်ဂိုဏ်းကို ပစ်မှတ်ထားခြင်း
Vol. 47 Ch. 468
"ကောင်းပြီလေ"
ပေါင်ဟွားနတ်သမီးသည် ရေနေသတ္တဝါမျိုးနွယ်စု နှင့် ပတ်သက်သော မည်သည့်ကိစ္စကိုမဆို အရေးမပါသော ကိစ္စဟုမယုံကြည်သော်လည်း၊ ရှန်းယီက ဆက်လက်ရှင်းပြလိုခြင်း မရှိသောကြောင့် သူမသည်လည်း အတင်းအဓမ္မ ဆက်မေးနေမည့်သူ မဟုတ်ပေ။
ထိုအတွေးဖြင့် ပေါင်ဟွားနတ်သမီးသည် သူမ၏ အကြည့်ကို ကောင်းကင်ဆီသို့ ပြန်လည်ရွှေ့လိုက်၏။
အဘိုးကျန်းသည် သူ၏ ဟောင်းနွမ်းနေသော ရတနာဖျာပေါ်တွင် ထိုင်လျက် တိမ်တိုက်များနောက်ကွယ်တွင် ခိုးကြောင်ခိုးဝှက်ပုန်းအောင်းနေလေသည်။
"တာအိုမိတ်ဆွေ၊ ကျန်တဲ့ကိစ္စတွေကိုတော့ ရှင့်ကိုပဲ အကူအညီတောင်းရတော့မယ်။ ဆုလာဘ်အတွက်ကတော့ ကျွန်မကို ရတနာပန်းပွင့်ဂိုဏ်းကို တိုက်ရိုက်လာရှာလို့ ရပါတယ်... ကျွန်မ ဘယ်သူလဲဆိုတာ ရှင် သိလောက်မှာပါ" ပေါင်ဟွားနတ်သမီး သက်ပြင်းချလိုက်၏။
သူမသည် လောကီရေးရာအတွေ့အကြုံ အလွန်နည်းပါးလှသည်။ သူမနှင့်အတူ လူနှစ်ဦးသာ ခေါ်ဆောင်လာခဲ့သော်လည်း နှစ်ဦးစလုံးက သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းမိနေကြပြီ ဖြစ်သည်။
နောက်တစ်ကြိမ် ခရီးထွက်လိုပါက၊ ကျင့်ကြံခြင်းအပြင် ဤကိစ္စရပ်များနှင့် ပတ်သက်၍ ပိုမို လေ့လာသင်ယူရန် အမှန်တကယ် လိုအပ်နေပြီ ဖြစ်သည်။
"စိတ်မပူပါနဲ့၊ အားလုံး အဆင်ပြေစေရမယ်လို့ ကျွန်တော် အာမခံပါတယ်"
အဘိုးကျန်းက ကိုယ်ထင်ပြကာ ပြောလိုက်၏။ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ခြောက် ကျွမ်းကျင်သူများအကြား တိုက်ပွဲကို မျက်မြင်ကိုယ်တွေ့မြင်တွေ့ခဲ့ရခြင်းမှာ ဟုန်ကျယ်တစ်ခုလုံးတွင် ကြွားလုံးထုတ်စရာ ကိစ္စတစ်ခု ဖြစ်ပေသည်။
သို့သော်လည်း ပေါင်ဟွားနတ်သမီးနှင့် နှိုင်းယှဉ်လျှင်၊သာမန်ဟု ထင်ရသော်လည်း နေရာရွှေ့ပြောင်းခြင်းပညာကိုသာ အသုံးပြု၍ သွားလာလှုပ်ရှားပြီး အစားထိုးမှော်ပစ္စည်းတစ်ခုမျှပင် မပိုင်ဆိုင်ထားသော ထိုစီနီယာရှန်းကို သူ ပို၍ အံ့အားသင့်မိသည်။
သခင်လေးလျိုက ထိုသူအလွန်အမင်း ပင်ပန်းနွမ်းနယ်နေသည်ကို မြင်သောကြောင့်သာ သင်္ဘောပေါ်သို့ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် သူလှုပ်ရှားလိုက်သောအခါ အာကာသနန်းတော် တစ်လွှာပေါ်ထွက်လာခဲ့သည်။
ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ငါး နှင့် ညီမျှသောအင်အားဖြင့်ဆိုလျှင် သူသည် ရတနာပန်းပွင့်ဂိုဏ်းတွင် အပြင်ဘက်ဂိုဏ်းအကြီးအကဲတစ်ဦး ဖြစ်လာရန်ပင် အရည်အချင်း ပြည့်မီနေပြီ ဖြစ်သည်။
'ကိုယ့်အဆင့်အတန်းကို ဖုံးကွယ်တယ်ဆိုတာ ဘာကိုခေါ်တာလဲ။ ပေါင်ဟွားနတ်သမီးအနေနဲ့ စီနီယာရှန်းဆီကနေ တကယ်ကို သင်ယူသင့်တယ် ငါ့လို ဝါရင့်ကြီးတောင် အရူးအလုပ်ခံလိုက်ရတာပဲ။'
"အဲဒါက... အရမ်းတော့ မစျေးကြီးလောက်ဘူး မဟုတ်လား"
ပေါင်ဟွားနတ်သမီး၏ ထပ်မံမေးမြန်းမှုတွင် ရုတ်တရက်ယုံကြည်မှု ကင်းမဲ့နေဟန် ရှိသည်။ သူမသည် ရှန်းယီကို အကြွေးအများကြီး ဆပ်ရန် ကျန်နေသေးကြောင်း ရုတ်တရက် သတိရသွား၏။
"သခင်မလေးရဲ့အဆင့်အတန်းနဲ့ဆိုရင်တော့ ဒါက ကိစ္စကြီးမဟုတ်ပါဘူး" အဘိုးကျန်းက ဤတစ်ကြိမ်တွင် အမှန်အတိုင်းပြောလိုက်၏။ နန်ဟုန်သည် အပေါ်ယံတွင်တည်ငြိမ်နေပုံရသော်လည်း၊ အင်အားစုများသည် နေ့စဉ်နီးပါး ပျောက်ကွယ်နေကြသည်။
ကျန်ရစ်ခဲ့သော နယ်မြေများမှာလည်း ရေတွက်၍ မရနိုင်လောက်အောင်ပင်။ တန်ဖိုးကို ပေးချေနိုင်သရွေ့ လုံလောက်ပေသည်။
ထိုရှောင်မိသားစုခံတပ်တွင် လူအနည်းငယ်သာ ရှိသဖြင့် အမှန်တကယ်ပင် သေးငယ်သော ကိစ္စတစ်ခု ဖြစ်သည်။
"..."
ရှန်းယီသည် တိတ်ဆိတ်စွာ နားထောင်နေရင်း၊ တိုက်ပွဲဝင်ပစ္စည်းများထဲမှ နောက်ထပ် ဝေစုတစ်ခုကို တောင်းဆိုချင်စိတ် ပေါ်လာသည်။
သို့သော် သူသည် ထိုအတွေးကို ချက်ချင်း ဖိနှိပ်လိုက်၏။
နန်ယန်ရတနာနယ်မြေတွင် နေရာများစွာ ရှိသော်လည်း၊ မည်သို့ပင်ဆိုစေကာမူ သူသည် ဤနေရာတွင်ပြဿနာ ရှာထားမိပြီ ဖြစ်ရာ၊ သူ၏ အမည်အစစ်အမှန်ကို အလွယ်တကူ မဖော်ပြခြင်းက ပိုကောင်းပေမည်။
ထို နဂါးသခင်ဟုခေါ်သော သူသည် ယခုအချိန်တွင် သူပြစ်မှားရန် တတ်နိုင်သော သူမျိုး သေချာပေါက် မဟုတ်ပေ။
"တာအိုမိတ်ဆွေရှန်း၊ ကျွန်မ ဂိုဏ်းကို ပြန်ရတော့မယ်" ပေါင်ဟွားနတ်သမီးသည် စောစောက ကျောက်စိမ်းပြားမှ အသံကို သတိရသွားပြီး ခေတ္တမျှ တိတ်ဆိတ်သွားကာ၊ တစ်ဖန် အနည်းငယ် စိတ်ဓာတ်ကျနေဟန် ရှိသည်။
"ကျုပ်ကိစ္စတွေ ပြီးရင် အဲဒီပစ္စည်း လာယူပါ့မယ်"
ရှန်းယီက ခေါင်းညိတ်ပြလိုက်သည်။ အဆိပ်ဖြေဆေးမှာ အရေးကြီးသော်လည်း၊ ယခုအခါ နန်းတော်အဆင့်မြှင့်တင်ရန်အတွက် ကျောက်တိုင်များကို လုံလောက်လုနီးပါး စုဆောင်းမိနေပြီ ဖြစ်သည်။
အဆင့်တက်ရန် နေရာတစ်ခု အရင်ရှာခြင်းက ပိုကောင်းပေ၏။
"ကျွန်မနဲ့အတူ လိုက်မလာတော့ဘူးလား" ပေါင်ဟွားနတ်သမီးသည် သူ့ကို မော့ကြည့်ရင်း မမျှော်လင့်ထားသောနှမြောတသမှုကို ရုတ်တရက် ခံစားလိုက်ရသည်။ ဤသည်မှာ အခြားသူတစ်ဦးနှင့်အတူ ခရီးသွားခြင်း သူမအတွက် ပထမဆုံးအကြိမ် ဖြစ်ပြီး၊ အတွေ့အကြုံများမှာ အမှန်တကယ်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။
အကယ်၍ ယနေ့ဖြစ်ရပ်များကို လမ်းခရီးတွင် အနည်းငယ်မျှဆက်လက် ခံစားခွင့်ရမည်ဆိုပါက ပြည့်စုံသွားမည်။
"ကျုပ် သွားပြီ"
ရှန်းယီသည် ပေါ့ပါးသောစကားတစ်ခွန်းသာ ချန်ထားရစ်ခဲ့ပြီးနောက် ခရမ်းဖြူရောင် သက်တံတစ်ခုအဖြစ် ပြောင်းလဲကာ ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။
"အင်း..."
ပေါင်ဟွားနတ်သမီးသည် ခေတ္တမျှ ရပ်တန့်နေပြီး၊ ဧရာမ လှိုင်းလက်ဝါးကြီးကို တားဆီးစဉ်ကဲ့သို့ သူ ရုတ်တရက်ပြန်ပေါ်မလာတော့ကြောင်း အတည်ပြုလိုက်သည်။
"စီနီယာပေစွေ့၊ ဒီတစ်ခါတော့ သူ တကယ် ထွက်သွားပါပြီ" အဘိုးကျန်းသည် ဖြည်းညှင်းစွာ ဆင်းသက်လာပြီး သူမကို တိုးတိုးလေး သတိပေးလိုက်ရင်း၊ နတ်သမီးသည် ကောလာဟလများတွင် ပြောသလောက် အေးစက်စက်နိုင်ပြီး ခပ်ခွာခွာနေတတ်သူမျိုးမဟုတ်ကြောင်း တွေးကာ အတွင်းစိတ်ထဲ၌ ခိုးပြုံးနေမိသည်။
"ဒါဆို ဒီကိစ္စအတွက် ရှင့်ကိုပဲ အကူအညီတောင်းတော့မယ်"
ပေါင်ဟွားနတ်သမီးသည် အတင်းအဓမ္မ ပြုံးပြလိုက်ပြီး၊ပျက်စီးနေသော ခံတပ်မှ ရှောင်ယွမ်လင်းကို ကောက်ယူရန် အင်္ကျီလက်ကို ဝှေ့ယမ်းကာ၊ သူ့ကို ကုသပေးရန်ဂိုဏ်းသို့ ပြန်ခေါ်သွားရန် ပြင်ဆင်လိုက်သည်။
ထို့နောက် သူမသည်လည်း နေရာရွှေ့ပြောင်းခြင်းနည်းစနစ်ကို အသုံးပြု၍ ထိုနေရာမှ ထွက်ခွာသွားကာ၊ရတနာပန်းပွင့်ဂိုဏ်းဆီသို့ ဦးတည်သွားလေသည်။
ကျယ်ပြောလှသော ပင်လယ်ကြီးသည် လှိုင်းတံပိုးများထနေပြီး လေပြင်းများ တိုက်ခတ်နေ၏။
ရှန်းယီသည် ကျွန်းငယ်လေးတစ်ခုကို ရှာတွေ့ခဲ့ပြီး မျက်လုံးများကို မှိတ်ကာ သူ၏ နတ်ဝိညာဉ်ဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။
မည်သည့် အစွမ်းထက်သော အရာများမျှ မရှိကြောင်း သေချာစေပြီးနောက်၊သူ၏ လက်ချောင်းထိပ်များမှ အနက်ရောင်မြူခိုးများ စွန်းထင်းနေသော ရွှေရောင်ချည်မျှင်များကို ထုတ်လွှတ်လိုက်ပြီး၊ မိမိကိုလွှမ်းချုံရန် ဓာတ်ကြီးငါးပါးရတနာကြာပန်းအစီအရင်ကို ခင်းကျင်းလိုက်သည်။
ထို့နောက် သူ၏ဘေးတွင် စောင့်ကြပ်ရန် ခွေးအိုကြီးကို ဆင့်ခေါ်လိုက်၏။ထိုအခါမှသာ သူ အနည်းငယ် စိတ်သက်သာရာ ရသွားတော့သည်။
နန်ဟုန်သားတော်ခုနစ်ပါး၏ အကာအကွယ်မှ ထွက်ခွာကာ ဤနေရာသို့ စွန့်စားထွက်လာပြီးနောက်မှသာ နန်ယန်ရတနာနယ်မြေ၏ တန်ဖိုးကို သူ နားလည်လာခဲ့သည်။
အနည်းဆုံးရတနာနယ်မြေအတွင်းတွင်တော့၊ သူ အဆင့်တက်နေချိန် အားနည်းနေမှုကို အခွင့်ကောင်းယူမည့်သူ တစ်စုံတစ်ယောက် ရှိလာမည်ကို စိုးရိမ်စရာ မလိုပေ။
သူ မျက်လုံးများကိုဖွင့်လိုက်ပြီး သူ၏ အကျိုးအမြတ်များကို စတင် တွက်ချက်ရန် သူ၏ စနစ်မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။
ရတနာပန်းပွင့်ဂိုဏ်းဆီ သွားခဲ့သည့်ခရီးစဉ်ကနေ နတ်ဆိုးသက်တမ်း ၇၆၀၀၀၀ နှစ်ခန့်ရရှိခဲ့ပြီး ကျန်နေသည့်အရာများနှင့် ပေါင်းလိုက်လျှင် စုစုပေါင်း ၉၀၀၀၀၀ နီးပါးပင် ရှိနေပြီဖြစ်လေ၏။
လွယ်လွယ်ရလာတော့လည်း လွယ်လွယ်သာ ပြန်ထွက်သွားလိမ့်မည်။
ရှန်းယီ၏အသိစိတ်က လှုပ်ရှားသွားပြီးကျောက်တိုင် ခြောက်ခုသည် သူ့စိတ်အာရုံထဲသို့ ထွက်ပေါ်လာ၏။ စီနီယာရွှမ်ချင်း ယခင်က ပြောခဲ့သည့်စကားအရဆိုလျှင် ပထမဆုံးနန်းတော်အဆင့်မြှင့်တင်မှုသုံးခုအတွက် ကောင်းကင်နန်းတော်ကို ပြီးပြည့်စုံစေရန် ဒုတိယအဆင့် တာအိုမဏ္ဍိုင် တစ်ခုစီသာ လိုအပ်သည်။ သို့သော် ထိုအရာက သက်တမ်းကိုချွေတာပြီး ကျောက်စိမ်းဖြူမြို့တော်ကို ဖောက်ထွက်ရန်အတွက် အချိန်ပိုပေးနိုင်ဖို့အတွက် သေချာစေရန်လုပ်ထားခြင်းဖြစ်ပေ၏။
ရှန်းယီအတွက်တော့ ထိုကဲ့သို့လုပ်ရန်တွက် မလိုပေ။ အထူးသဖြင့် သူသည် နတ်ဆိုးသက်တမ်းများကို အသုံးပြုနေခြင်းဖြစ်နေလို့ပင်။ ခိုင်မာသည့် အုတ်မြစ်ပေါ်တွင်တည်ဆောက်ထားခြင်းက ပိုကောင်းလေသည်။ အရည်အသွေးက လွန်စွာမမြင့်လျှင်ပင် အနည်းဆုံးတော့ အရေအတွက်က လုံလောက်နေရမည်မဟုတ်လော။
ထို့နောက်မှာတော့ ရှန်းယီဟာ နတ်ဆိုးမူလစွမ်းအင်များကို စုဆောင်းသည့်လုပ်ငန်းစဉ်ကို စတင်လိုက်လေ၏။
ပစ်မှတ်များနှင့် ပတ်သက်လျှင် ရေနေမျိုးနွယ်များထဲတွင် ထူးထူးခြားခြားစွမ်းဆောင်နိုင်သည့်သူ မရှိသောကြောင့် သူတို့၏ကျင့်ကြံခြင်းအဆင့်ကို အခြေခံပြီး ရွေးချယ်ရန်ဆုံးဖြတ်လိုက်လေ၏။
ပထမဆုံးအနေနှင့် ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ခြောက်ရှိသည့် မြွေနဂါးခေါင်းစစ်သူကြီးပင်။ ဤအရာက ယခုခရီးစဉ်တွင် ရှန်းယီ တွေ့ရှိခဲ့သည့် အကြီးမားဆုံးသော ကျောက်တိုင်တစ်ခုဖြစ်နိုင်လေ၏။ နတ်ဆိုးမူလစွမ်းအင် ဆယ့်ငါးခုခန့်ကိုကျွေးမွေးလိုက်ပြီးနောက် နောက်ဆုံးတွင်တော့ ၎င်း၏နတ်ဆိုးဝိညာဉ်ကို ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။
အမှန်တော့ ဤမြွေနဂါးခေါင်းစစ်သူကြီးကို သက်တော်စောင့်အဖြစ် ထားရှိသည်က ဆိုးရွားတဲ့သောအကြံဉာဏ်တစ်ခုတော့ မဟုတ်ပေ။ သို့သော် ၎င်း၏ မည်သူမည်ဝါဖြစ်ကြောင်းက အတော်လေး ထိရှလွယ်ပြီးရုပ်သွင်ကလည်း လွန်စွာထင်ရှားနေလေ၏။ တခြားသူများရှေ့တွင် ခေါ်ထုတ်ရန်အတွက် လုံးဝမဖြစ်နိုင်တော့ပေ။ မဟုတ်လျှင် နဂါးနန်းတော်က သူ့တံခါးကို ချက်ချင်းလာခေါက်ပါလိမ့်မည်။
ထို့အပြင် စိတ်ဝိညာဉ်ခန္ဓာကိုယ်နည်းစနစ်ကို ဟုန်မုန့်ခရမ်းရောင်ချီနှင့် မြှင့်တင်နိုင်မည်ဆိုလျှင် သူ၏ ကိုယ်ပိုင်စွမ်းအားအရ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ခြောက် နှင့် ရင်ဆိုင်ရလျှင်ပင် ရှန်းယီအနေနှင့် သူ့အသက်ကို ကာကွယ်နိုင်မည် အင်အားရှိလာမှာသေချာပေသည်။