← Chapters

အခန်း (၁၉၄)

Vol. 20 Ch. 194

အခန်း (၁၉၄)

Vol. 20 Ch. 194

အခန်း။ ၁၉၄

“တကယ်လား”

ရှီချိုင်ဖုန်းက မကျေမနပ်မျက်နှာထားဖြင့် ပြန်ပြောသည်။

“ဘာလဲ... နင်က ငါ့ကို မယုံဘူးလား”

“နင်ပြောတာ တကယ်ပဲ နိဗ္ဗာန်နတ်ဘုရားပန်းနဲ့ မြေကမ္ဘာကျောက်စိမ်းဆိုတာ သေချာလား”

လုံယီသည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ ထပ်မံအတည်ပြုလိုက်သည်။

“အေးပါ ဆိုနေမှပဲ”

ရှီချိုင်ဖုန်းက စိတ်မရှည်သလို ပြောလိုက်သည်။

“အခုက စစ်ပွဲကြီးဖြစ်နေတော့ သားရဲအမဲလိုက်ဗျူရိုရဲ့ ထိပ်တန်းလဲလှယ်ရေးမှတ်တမ်းက ကန့်သတ်ချက်တွေကို ခေတ္တလျှော့ချပေးထားပြီး ငါတို့လို ဝါရင့်အစောင့်အရှောက်တွေကို ဖွင့်ပေးထားတာ။ အဲဒါကြောင့် ငါက နင်လိုချင်နေတဲ့ ပစ္စည်းတွေ ရှိမရှိ နင့်ကိုယ်စား ကြည့်ပေးရင်းနဲ့ လက်ကျန်ရှိသမျှကို အကုန်သိမ်းကျုံးယူခဲ့တာ”

“ကောင်းတယ်... သိပ်ကောင်းတာပဲ”

လုံယီမှာ ဝမ်းသာလွန်းသဖြင့် အခြားစကားပင် မပြောနိုင်တော့ချေ။

ဒါက အိပ်ချင်နေတုန်း လက်ဆောင်ရလိုက်တဲ့ ခေါင်းအုံးလိုပပဲ။ ဒီလို ကောင်းကင်နဲ့မြေကမ္ဘာရဲ့ ရတနာတွေကို ရရှိဖို့ဆိုတာ ရှီချိုင်ဖုန်း ပြောသလောက် မလွယ်ကူတာ သေချာတယ်။ သူမအနေနဲ့ ငွေကြေးတွေ အမှတ်တွေအပြင် အတော်လေးကို အားထုတ်ခဲ့ရမှာ။

“ဖုန်းဖုန်း... တကယ် ကျေးဇူးတင်ပါတယ်”

လုံယီသည် စိတ်လှုပ်ရှားစွာဖြင့် ရှီချိုင်ဖုန်း၏လက်ကို ဆုပ်ကိုင်လိုက်မိသည်။

“ဘာလို့ ငါ့ကို ဒီလောက် အားနာနေတာလဲ”

အခွင့်ကောင်းယူခံလိုက်ရသဖြင့် ရှီချိုင်ဖုန်းသည် မျက်နှာကို မလုံမလဲဖြင့် လွှဲလိုက်သော်လည်း သူမ၏ နားရွက်ခြေများမှာ နီရဲနေတော့သည်။ သို့သော် သူမ၏လက်ကိုတော့ ပြန်မရုပ်သိမ်းခဲ့ပေ။

လုံယီသည် အမြဲတမ်း ထက်မြက်ပြီး ပြတ်သားသူပီပီ သားရဲဒီရေလှိုင်း ခေတ္တငြိမ်သက်နေချိန်ကို အခွင့်ကောင်းယူကာ ရှီချိုင်ဖုန်းနှင့်အတူ ရှီမိသားစုအပေါင်ဆိုင်သို့ အမြန်ပြန်လာခဲ့ကြသည်။ ဆိုင်တံခါးဝသို့ ရောက်သည့်အခါ အတွင်းမှ အော်ဟစ်သံသဲ့သဲ့ကို ကြားလိုက်ရသည်။

“ငါ့ကို လွှတ်ပေးကြပါ ငါ့ကို အပြင်ပေးထွက်ကြပါ”

အပေါင်ဆိုင်၏ အတွင်းခန်းသို့ ဝင်လိုက်သောအခါ ဖြူဖျော့ပြီး ပိန်လှီနေသော ရှီချင်းတကို ကျောက်တိုင်တစ်ခုတွင် ချည်နှောင်ထားသည်ကို တွေ့လိုက်ရသည်။ သူသည် ဖိနပ်တစ်ဖက်ပင် ပျောက်နေရှာသည်။ သူ၏လက်လှမ်းမီရာတွင်မူ ဆရာကြီးထိုင်ခုံတစ်လုံးပေါ်၌ ပေါက်စီဖြူများစွာကို ပုံထားပေးကာ ၎င်းမှာ သူ ငတ်မသေစေရန် ထားထားပေးပုံပင်။

“အစ်ကိုရှု... ရောက်လာပြီပဲ။ ငါ့ကို မြန်မြန် ဖြေပေးပါဦး ငါလည်း သားရဲတွေကို သွားသတ်

ချင်လို့ပါ”

လုံယီကို မြင်လိုက်ရသည်နှင့် ရှီချင်းတ၏ မျက်လုံးများ ဝင်းလက်သွားပြီး အသည်းအသန် အကူအညီတောင်းတော့သည်။

လုံယီက သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ရှီချင်းတ၏ ကျင့်ကြံမှုမှာ ပထမချီစွမ်းအားအဆင့်မှာပင် ရှိနေဆဲဖြစ်ပြီး လွန်ခဲ့သော လအနည်းငယ်ကထက် ဘာမှတိုးတက်မလာချေ။ ဤအဆင့်ဖြင့် မြို့ရိုးပေါ်သွားလျှင် ဘာမှအသုံးမကျမည့်အပြင် အသေအပျောက်နှုန်းကလည်း အလွန်မြင့်မားသည်။

ထို့ကြောင့် သူ့ကို လျစ်လျူရှုလိုက်ပြီး ရှီချိုင်ဖုန်းကိုသာ မေးလိုက်သည်။

“ပစ္စည်းတွေ ဘယ်မှာလဲ”

လုံယီက သူ့ကို အဖတ်မလုပ်သဖြင့် ရှီချင်းတမှာ ပျာယာခတ်သွားပြီး “အစ်မ... ငါ့ကို ဖြေပေးပါဦးဆို”

“ငါ့နောက်လိုက်ခဲ့”

ရှီချိုင်ဖုန်းကလည်း မောင်ဖြစ်သူကို မမြင်သလိုပင် သဘောထားကာ လုံယီကို ရှေးဟောင်းကြွေထည်များ၊ ကမ္ဗည်းစာချပ်များနှင့် သစ်သားပန်းပုများ ပြည့်နှက်နေသော အခန်းတစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။

သူမသည် နီမြန်းသောသစ်သားသေတ္တာရှည်တစ်လုံးကို ထုတ်ယူကာ အဖုံးကို ဖွင့်လိုက်သည်။ အတွင်းတွင် အဝါရောင်ပိုးသားခင်းထားပြီး အကန့်လေးကန့် ခွဲထားသည်။ စတုတ္ထမြောက်အကန့်မှာ အလွတ်ဖြစ်နေသော်လည်း ပထမသုံးကန့်တွင် ကြက်ဥအရွယ်အစားခန့်ရှိသော ပန်းလေးတစ်ပွင့်စီ ရှိနေသည်။

ပန်း၏ အပြင်ဘက်အလွှာမှာ ပွင့်ဖတ်ခရမ်းနုရောင် အကြည်လေးများ ဒါဇင်ခန့်ဖြင့် ဖွဲ့စည်းထားသည်။ ပန်းဝတ်ဆံမှာမူ အဖြူရောင်သလင်းကျောက်မျှင် ခုနစ်ခု ရှစ်ခုခန့်ဖြင့် တည်ဆောက်ထားပြီး ၎င်းတို့သည် သက်ရှိများကဲ့သို့ပင် အသာအယာ တွန့်လိမ်လှုပ်ရှားနေကြသည်။

“ဒါက နိဗ္ဗာန်နတ်ဘုရားပန်းပဲ”

ရှီချိုင်ဖုန်းက ပြောလိုက်သည်။

“သားရဲအမဲလိုက်ဗျူရိုရဲ့ လျှို့ဝှက်ဘဏ္ဍာတိုက်ထဲမှာ ဒီသုံးပွင့်ပဲ ကျန်တော့တာ”

“ဒါကတော့ မြေကမ္ဘာကျောက်စိမ်းပဲ”

ရှီချိုင်ဖုန်းသည် ထောင့်တစ်နေရာမှ လက်သီးဆုပ်ခန့်ရှိသော ကျောက်စိမ်းဝါတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းမှာ ဈေးကွက်ထဲရှိ သာမန်ကျောက်စိမ်းများနှင့် မထူးခြားသော်လည်း ကိုင်ကြည့်လိုက်လျှင် နူးညံ့ပြီး ညှစ်လိုက်ပါက ရွှံ့စေးထက် အနည်းငယ်မျှသာ ပို၍ မာကျောသည်။

ထို့နောက် ရှီချိုင်ဖုန်းသည် လုံယီ ကျင့်ကြံရန်အတွက် အခန်းတစ်ခု ရှာပေးလိုက်ပြီးနောက် သူမကိုယ်တိုင်လည်း ဘာလုပ်ဖို့လဲမသိဘဲ ပျောက်ကွယ်သွားတော့သည်။ ရှီချင်းတ၏ အော်ဟစ်ငိုယိုသံများမှာမူ အားလျော့သွားခြင်းမရှိဘဲ ဆက်လက်ထွက်ပေါ်နေဆဲပင်။

လုံယီသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး လက်နှစ်ဖက်ကို ဒူးပေါ်တင်ကာ လက်ဝါးကို အပေါ်သို့ လှန်ထားသည်။ လက်ဝါးတစ်ဖက်စီတွင် နိဗ္ဗာန်နတ်ဘုရားပန်း တစ်ပွင့်စီကို ကိုင်ထားသည်။

သူသည် သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်ရာ အဝါရောင်အစွန်းရောက် ထွက်သက်ဝင်သက်ကျင့်စဉ်ဘေးတွင် မှိန်ပျပျ အပေါင်းလက္ခဏာလေးတစ်ခု ပေါ်လာသည်ကို နောက်ဆုံးတွင် တွေ့လိုက်ရသည်။

သူ့တွင် စွမ်းအင်အမှတ်ပေါင်း ၁,၃၀၀ ကျော် စုဆောင်းမိနေပြီဖြစ်ရာ ချက်ချင်းပင် စွမ်းအင်

အမှတ် ၁,၀၀၀ ကို အသုံးပြု၍ ထိုထွက်သက်ဝင်သက်ကျင့်စဉ်ကို အဆင့်မြှင့်တင်လိုက်တော့သည်။

တစ်ချိန်တည်းမှာပင် လုံယီ၏လက်ထဲရှိ နိဗ္ဗာန်နတ်ဘုရားပန်းများမှာ ခရမ်းနုရောင် အရည်များအဖြစ်သို့ အရည်ပျော်သွားပြီး လက်ဝါးများမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားတော့သည်။

[အဝါရောင်အစွန်းရောက် ထွက်သက်ဝင်သက်ကျင့်စဉ် (ဒုတိယအဆင့်၊ အောင်မြင်မှုအဆင့်

ငယ် 0/1000 + နတ်ဘုရားပန်း ၂ ပွင့်) အဝါရောင်အစွန်းရောက် ထွက်သက်ဝင်သက်ကျင့်စဉ် (ဒုတိယအဆင့်၊ အောင်မြင်မှုအဆင့်ကြီး 0/10000 + ဝိညာဉ်ချောမွေ့ခြင်းပန်း ၁ ပွင့်)]

ထိုသို့ အဆင့်တက်သွားသည်နှင့်အတူ ထူးဆန်းသော မှတ်ဉာဏ်ဟောင်းများမှာ လုံယီ၏ စိတ်အာရုံထဲသို့ အစီအရီ တိုးဝင်လာခဲ့သည်

“သတ်ကြစမ်း... ဒီကျူးကျော်သူတွေကို အကုန်သတ်ပစ်ကြ”

“လုရွာသားတွေက ဘယ်တော့မှ ကျွန်မဖြစ်စေရဘူး”

ဧရာမရွာကြီးတစ်ရွာ၏ ရှေ့တွင် သံချပ်ကာဝတ်ထားသော ရွာသားများသည် ပျက်စီးနေသော မြို့ရိုးနှင့် ကျုံးများကို အမှီပြုကာ မြားများပစ်ခြင်း၊ ကျောက်တုံးများပစ်ခြင်းဖြင့် အင်အားကြီးမားသော ရန်သူကို အသည်းအသန် ခုခံနေကြသည်။

တစ်ဖက်မှ ရန်သူများမှာမူ တစ်ကိုယ်လုံးကို သံနက်ချပ်ကာများ ဖုံးလွှမ်းထားပြီး မြင်းနက်များကို စီးနင်းကာ လှံရှည်များကို ကိုင်ဆောင်ထားကြသည်။ သူတို့သည် တိတ်ဆိတ်ငြိမ်သက်နေပြီး သွေးအေးလှသော သတ်ဖြတ်ရေးစက်ရုပ်များကဲ့သို့ပင်။

ရွာသားများနှင့် သူတို့ကြားတွင် ခွန်အားချင်း အလွန်ကွာခြားသော်လည်း ရွာသားများဘက်တွင် စွမ်းအားကြီးမားလှသော မျိုးနွယ်စုခေါင်းဆောင် တစ်ဦး ရှိနေသည်။ သူသည် အသက် ၃၀ ခန့်ရှိပြီး သွေးစွန်းနေသော သံချပ်ကာကို ဝတ်ဆင်ကာ ရဲရင့်သော မျက်နှာထားရှိသည်။ သူသည် ဧရာမပုဆိန်ကြီးကို ကိုင်ဆောင်ကာ မနားတမ်း ခုတ်ပိုင်းနေတော့သည်။

ထိုသံချပ်ကာဝတ် မြင်းစီးတပ်သားများမှာ အစွမ်းထက်သော်လည်း သူ၏ရှေ့တွင်မူ ကလေးကစားစရာကဲ့သို့ ဖြစ်နေသည်။ သူတစ်ယောက်တည်းကို ရင်ဆိုင်ရန်အတွက် ရန်သူ တစ်ဒါဇင်ခန့် ဝိုင်းတိုက်မှသာ ယှဉ်နိုင်လေသည်။

“လက်နက်ချလိုက်စမ်း... မင်းက အစွမ်းထက်ပေမဲ့ ငါတို့ရဲ့ သံချပ်ကာနက်တပ်မတော် ကို တစ်ယောက်တည်းနဲ့ မယှဉ်နိုင်ပါဘူး”

သံမျက်နှာဖုံးနောက်ကွယ်မှ သတ္တုချင်းပွတ်တိုက်သံကဲ့သို့ စူးရှသော အသံတစ်ခုက ထိုရဲရင့်သော ခေါင်းဆောင်ကို ဖျောင်းဖျရန် ကြိုးစားနေသည်။

သို့သော် လူငယ်ခေါင်းဆောင်ကမူ ဂရုမစိုက်ဘဲ ကျူးကျော်သူများကို အစွမ်းကုန် ပြန်လည်တိုက်ခိုက်နေပြီး ခေတ္တမျှပင် အလျှော့မပေးခဲ့ချေ။

ဤကဲ့သို့ ငါးနှစ်တိုင်တိုင် တိုက်ပွဲဝင်ခဲ့ပြီးနောက် သံချပ်ကာနက်တပ်သားများသည် ဤဆူးခက်ကို မနုတ်နိုင်တော့သဖြင့် လက်လျှော့ကာ ဆုတ်ခွာသွားကြတော့သည်။ ထိုအခါမှသာ လူငယ်ခေါင်းဆောင်သည် သူ၏အသက်စွမ်းအားများ ကုန်ခမ်းသွားသည့်အလား မြေပြင်ပေါ်သို့ ခွေခနဲ လဲကျသွားတော့သည်။

“ခေါင်းဆောင်ကြီးကို ကယ်ကြပါဦး”

“တခြားနည်းလမ်းမရှိတော့ဘူး။ သူ့ကို သွေးရောင်စုန်းမဆီကိုပဲ ပို့ရတော့မယ်”

“မဖြစ်ဘူးလေ... အဲဒီစုန်းမက ခေါင်းဆောင်ကြီးရဲ့ ခန္ဓာကိုယ်ကို သူ့ရဲ့ မကောင်းဆိုးဝါး စမ်းသပ်မှုတွေအတွက် အသုံးချသွားလိမ့်မယ်”

“တခြားရွေးချယ်စရာ မရှိတော့ဘူး။ သေနေတဲ့မြင်းကို ရှင်နေတဲ့မြင်းလို သဘောထားပြီး စမ်းကြည့်ရမှာပဲ”

မှတ်ဉာဏ်အာရုံများက ရုတ်တရက် ပြောင်းလဲသွားပြန်သည်။

လူငယ်မျိုးနွယ်စုခေါင်းဆောင်သည် တစ်ကိုယ်လုံး အဝတ်အစားမရှိဘဲ ဒဏ်ရာဗရပွဖြင့် အေးစက်လှသော ကျောက်ခေါင်းတလားအတွင်း လဲလျောင်းနေသည်။ အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော အနက်ရောင်ဝတ်ရုံခြုံ အဘွားအိုတစ်ဦးသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ အရောင်စုံအရည်များကို ဆက်တိုက်လောင်းချနေရာ စီ... စီ... ဟု အသားလောင်ကျွမ်းသံများ ထွက်ပေါ်နေတော့သည်။

“တကယ့်ကို ခိုင်မာတဲ့ စိတ်ဓာတ်ပဲ”

အဘွားအိုက မချီးကျူးဘဲမနေနိုင်ပေ။

“သူ့ရဲ့ အသက်စွမ်းအားက ဆုံးခန်းတိုင်နေပြီ စိတ်ဓာတ်ခွန်အား တစ်ခုတည်းနဲ့ပဲ အသက်ကို ဆွဲထားနိုင်တာ။ ပြန်ကြတော့... သူအသက်ရှင်မရှင်ဆိုတာ ကံတရားကပဲ ဆုံးဖြတ်ပါစေတော့”

“ကျေးဇူးတင်ပါတယ် စုန်းမကြီး”

နောက်ပိုင်းရက်များတွင် စုန်းမကြီးသည် ခေါင်းဆောင်ငယ်၏ အသက်ရှင်သန်မှု အခြေအနေကို တစ်ချက်တစ်ချက် လာရောက်စစ်ဆေးတတ်ပြီး ကျောက်ခေါင်းတလားအတွင်းသို့ စမ်းသပ်ဆဲ အရည်သစ်များကို အခါအားလျော်စွာ ထည့်ပေးလေ့ရှိသည်။

“ဟင်း... ဇွဲကောင်းလှချေလား။ အသက်ငွေ့ငွေ့လေး ကျန်နေသေးတာပဲ။ ဒါပေမဲ့ လူသားတစ်ယောက်ရဲ့ အားထုတ်မှုက ကံကြမ္မာကို ဘယ်လိုများ ဆန့်ကျင်နိုင်မှာလဲ ဘယ်လောက်ပဲ တောင့်ခံထားထား မလွဲမသွေ ရောက်လာမယ့် သေခြင်းတရားကိုတော့ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး”

တစ်နေ့တွင်မူ စုန်းမကြီးသည် ခရမ်းနုရောင်အရည်တစ်ခွက်ကို လောင်းချလိုက်ရာ ထိုအရည်မှာ ခေါင်းဆောင်ငယ်၏ ရင်ဘတ်ပေါ်ရှိ ဒဏ်ရာဟောင်းတစ်ခုပေါ်သို့ ကျရောက်သွားပြီး တဖြည်းဖြည်းချင်း စိမ့်ဝင်သွားတော့သည်။ စုန်းမကြီးကတော့ ဘာမှမထူးခြားသလိုပင် ထွက်ခွာသွားခဲ့သည်။

သူမ မမျှော်လင့်ထားသည်မှာ ခေါင်းဆောင်ငယ်၏ ခန္ဓာကိုယ်အတွင်း၌ ကမ္ဘာပျက်မတတ် ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပေါ်နေခြင်းပင်။

ယခင်က ရှုံ့တွကာ လှုပ်ရှားမှုမရှိသလောက်ဖြစ်နေသော သူ၏ အဆုတ်များသည် ထိုခရမ်းရောင်အရည်ကို စုပ်ယူပြီးနောက် အတွင်းပိုင်းမှ စတင်ပြောင်းလဲလာကာ အနီရောင်မှ ခရမ်းနုရောင်သို့ ကူးပြောင်းသွားသည်။ ထို့ပြင် အသက်ဝင်လာသည့်အလား အလိုအလျောက် တုန်ခါလာတော့သည်။

သတိမေ့မြောနေသော ခေါင်းဆောင်ငယ်၏ ထွက်သက်ဝင်သက်ကျင့်စဉ်သည်လည်း အလိုအလျောက် စတင်လည်ပတ်လာပြီး တုန်ခါနေသော အဆုတ်များနှင့် ဟန်ချက်ညီစွာဖြင့် ခန္ဓာကိုယ်အတွင်းရှိ သွေးစွမ်းအင်များကို ယခင်ထက် ပိုမိုမြန်ဆန်သောနှုန်းဖြင့် လှည့်ပတ်စေတော့သည်။

ရှူး... ဝူး... ရှူး... ဝူး...

တစ်နေ့တွင်မူ စုန်းမကြီးသည် လေမှုတ်စက်တစ်ခု၏ အသံကဲ့သို့သော ဟိန်းသံကို ကြားလိုက်

ရသဖြင့် အပြေးအလွှား လာရောက်စစ်ဆေးရာ သူမ၏ မျက်နှာမှာ အလွန်အမင်း ထိတ်လန့်သွားတော့သည်။

“ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”

ခေါင်းဆောင်ငယ်၏ မျက်လုံးများမှာ ပိတ်ထားဆဲဖြစ်ပြီး သတိမရသေးသည်မှာ သိသာသော်လည်း သူ၏ ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေကာ သူ၏ အရေပြားမှာ တောက်ပနေသည့်အလား နီရဲနေတော့သည်။

အမှန်တကယ် လက်တွေ့လောကတွင်မူ လုံယီသည် မျက်လုံးများကို ဖွင့်လိုက်သည်။

ကြီးမားလှသော မမြင်နိုင်သည့် စွမ်းအင်တစ်ခုသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာပြီး လုံယီ၏ အဆုတ်များကို လျင်မြန်စွာ အသွင်ပြောင်းလဲပေးနေသည်။ သူ၏ ရင်ဘတ်အတွင်း၌ ပူလောင်နေသော ခံစားချက်နှင့်အတူ အဆက်မပြတ် တိုက်စားခံနေရသကဲ့သို့ စီစီ မြည်သံများကို ကြားနေရသည်။ နာကျင်မှုမှာ တဖြည်းဖြည်း ပြင်းထန်လာသဖြင့် လုံယီသည် အံကို တင်းတင်းကြိတ်ထားရတော့သည်။

သူ မမြင်နိုင်သော အတွင်းပိုင်းနေရာတွင် သူ၏ အဆုတ်များသည် မှတ်ဉာဏ်ထဲမှအတိုင်း အသွင်ပြောင်းလဲလာနေပြီ ဖြစ်သည်။ ပိုမိုသိပ်သည်းလာကာ အနီရဲရဲအရောင်မှ ခရမ်းရောင်သန်းသော အနီရောင်သို့ ပြောင်းလဲသွားပြီး မှိန်ပျပျ အလင်းတန်းများပင် ထွက်ပေါ်နေတော့သည်။

All Chapters