← Chapters

အခန်း (၃၀၃)

Vol. 31 Ch. 303

အခန်း (၃၀၃)

Vol. 31 Ch. 303

အခန်း။ ၃၀၃

ယခုအချိန်တွင် ကျောက်လင်းမှာ အမောတကော အသက်ရှူနေရဆဲဖြစ်သော်လည်း သူမသည် ဖြည်းဖြည်းချင်း လမ်းလျှောက်လာကာ ခွေးသေတစ်ကောင်လို ဖြစ်နေသည့် ဝူယွမ်ကို အငြိုးတကြီး စိုက်ကြည့်ရင်း အေးစက်စက် ပြောလိုက်ခြင်းပင်။

ကျောက်လင်း၏ ခန္ဓာကိုယ်အနှံ့တွင် သွေးစွန်းနေသည်ကို တွေ့ရသော်လည်း အတွင်းဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားပုံမပေါ်သဖြင့် လုချွမ်းကလည်း မငြင်းတော့ဘဲ ခေါင်းညိတ်ပြလိုက်သည်။

ကျောက်လင်းသည် ယခင်က ရဲအရာရှိတစ်ဦး ဖြစ်ခဲ့ဖူးရာ စစ်ဆေးမေးမြန်းခြင်းကိစ္စများတွင် ကျွမ်းကျင်သူဖြစ်မည်မှာ အသေအချာပင်။

ယခုအခါ ခြေထောက်တစ်ဖက် ပြတ်ထွက်သွားသော ဝူယွမ်မှာ မြေပြင်ပေါ်၌ ပြာပူများ ဖုံးလွှမ်းလျက် လဲလျောင်းနေပြီး နာကျင်မှုကြောင့် ညည်းတွားနေရရှာသည်။ သိပ်မကြာခင်မှာပင် ဝေဝါးနေသော ဝူယွမ်သည် သတိပြန်ဝင်လာပြီး လက်နှစ်ဖက်ဖြင့် အားယူကာ ထိုင်ရန် ကြိုးစားလိုက်သည်။

ဘုန်း..

မျှော်လင့်မထားဘဲ ဝူယွမ် တုန်တုန်ရင်ရင်ဖြင့် ထိုင်လိုက်သည်နှင့် ကျောက်လင်းက သူ၏ရင်ဘတ်ကို အားဖြင့် ကန်ချလိုက်ရာ သူသည် မြေပြင်ပေါ်သို့ ပြန်လည် လဲကျသွားတော့သည်။

"အား... တောက်... ကောင်မ စောင့်နေလိုက်ဦး။ နင် တကယ့်ကို ရက်ရက်စက်စက် သေရစေရမယ် "

ပြင်းထန်သော လှုပ်ရှားမှုကြောင့် ခြေထောက်ဒဏ်ရာမှာ ထိခိုက်သွားသဖြင့် ဝူယွမ်မှာ နာကျင်စွာ အော်ဟစ်ရင်း ကျောက်လင်းကို ဒေါသတကြီး ကျိန်ဆဲတော့သည်။

"ပြောစမ်း နင်တို့ နောက်ခံက ဘာလဲ မပြောရင် ငါ အခုပဲ သတ်ပစ်မယ် "

သို့သော် ကျောက်လင်းက ဝူယွမ်၏ ခြိမ်းခြောက်မှုများကို လုံးဝဂရုမစိုက်ဘဲ နောက်ထပ် အကြိမ်အနည်းငယ် ထပ်မံကန်ကျောက်လိုက်ရာ ဝူယွမ်မှာ မြေပြင်ပေါ်တွင် နာကျင်စွာ လူးလိမ့်ရင်း အဆက်မပြတ် အော်ဟစ်နေရတော့သည်။

လုချွမ်းကတော့ ဘေးကနေ တိတ်တဆိတ် ကြည့်နေရင်း မျက်လုံးထဲတွင် မယုံနိုင်မှုများ ရိပ်

ယှက်နေသည်။

ကမ္ဘာမပျက်ခင်တုန်းကလည်း ကျောက်လင်းက ရာဇဝတ်ကောင်တွေကို ဒီလိုပဲ စစ်ခဲ့တာလား။

တကယ့်ကို စုံထောက်မလေးအတိုင်းပဲ

အကယ်၍ ရာဇဝတ်ကောင်တွေသာ အသေမခံချင်ဘူးဆိုရင် သူတို့ဟာ တကယ့်တရားခံ မဟုတ်ရင်တောင်မှ "ကျွန်တော် လုပ်တာပါ။ ကျွန်တော် ဝန်ခံပါပြီ။ ကျေးဇူးပြုပြီး ထပ်မရိုက်ပါနဲ့တော့" လို့ အော်ဟစ်ဝန်ခံကြမှာ သေချာသည်။

"ပြောမှာလား မပြောဘူးလား "

စိတ်ကျေနပ်အောင် ကန်ကျောက်ပြီးနောက် ကျောက်လင်းသည် ဝူယွမ်၏ ကော်လာကို ဆွဲမလိုက်ပြီး လူသတ်ချင်စိတ် အပြည့်ရှိသော အကြည့်များဖြင့် စစ်မေးလိုက်သည်။

"ဟက်... သတ်ရဲရင် သတ်လိုက်စမ်းပါ။ နင် အရမ်းကြီး အားမရနေနဲ့ဦး ကောင်မ နင့်အလှည့်လည်း မကောင်းနိုင်ပါဘူး "

ဝူယွမ်က မျက်နှာပေါ်မှ သွေးစွန်းကွက်များနှင့်အတူ ကြောက်မက်ဖွယ်ကောင်းအောင် ရယ်မောရင်း အော်ဟစ်လိုက်သည်။

"အော်... သတ္တိတွေ ကောင်းနေတာပေါ့ ဟုတ်လား။ ခဏစောင့်ဦး ငါ ဇွန်ဘီတစ်ကောင်ကို ခိုင်းပြီး နင့်ရဲ့ အောက်ပိုင်းကို ဆွဲဖြဲခိုင်းလိုက်မယ်။ ပြီးရင် နင့်ကို အရှင်လတ်လတ် တစ်စစီ ဝါးစားခိုင်းမယ် "

ဝူယွမ်၏ ခေါင်းမာမှုကို မြင်သောအခါ ကျောက်လင်းမှာ ဒေါသထပ်ထွက်လာပြီး သူ၏ ပေါင်ကြားကို ကြည့်ကာ ခြိမ်းခြောက်လိုက်သည်။

ထို့နောက်တွင် လုချွမ်း၏ ပူးပေါင်းမှုဖြင့် မသေမျိုး ၁ သည် ဝူယွမ်အနားသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။ ၎င်း၏ လေးခြမ်းကွဲ ပါးစပ်ကြီးမှာ တဖြည်းဖြည်း ပွင့်လာပြီး သွေးရောင်အကြေးခွံများ ဖုံးလွှမ်းနေသော လျှာကြီးမှာ အပြင်သို့ ထွက်ပေါ်လာကာ လေထဲတွင် ဝေ့ယမ်းနေတော့သည်။

ကျောက်လင်း၏ စကားကို ကြားသောအခါ ဝူယွမ်သည် သူ၏ အောက်ပိုင်းတွင် အေးစိမ့်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် ချဉ်းကပ်လာသော မသေမျိုး ၁ ကို မြင်လိုက်ရသည့်အခါတွင်မူ သူ၏ အမူအရာမှာ လုံးဝ ပြောင်းလဲသွားပြီး ကြောက်လန့်တကြား တုန်ရင်လာတော့သည်။

"မလုပ်ပါနဲ့... မလုပ်ပါနဲ့... မင်းတို့ သိချင်တာ အကုန်ပြောပါ့မယ် "

ကျောက်လင်း၏ မျက်နှာတွင် အောင်နိုင်သူတစ်ဦး၏ အပြုံး ပေါ်လာသည်။

"ဟွန့်... အရိုးမရှိတဲ့ကောင် ငါ့ဆီမှာ နည်းလမ်းတွေ ရှိတယ်ဆိုတာ နင် အခုမှ သိတာလား "

"ပြော နင်တို့ နောက်ခံက ဘာလဲ "

"ကောင်းပါပြီ... ကောင်းပါပြီ... ကျွန်တော်တို့အားလုံးက သားရဲဘုရင်ဂိုဏ်းကပါ..."

ကျောက်လင်း၏ စစ်မေးမှုအပြီးတွင် သူတို့ သုံးဦးစလုံးသည် ဝူယွမ်၏ ပါးစပ်မှတစ်ဆင့် သားရဲဘုရင်ဂိုဏ်းနှင့် ပတ်သက်သည့် အချက်အလက်များကို သိရှိခဲ့ရသည်။

ဥပမာအားဖြင့် သားရဲဘုရင်ဂိုဏ်းကို သားရဲအသွင်ပြောင်းလဲသူများ၊ သားရဲယဉ်ပါးသူများနှင့် အခြားသော ဆင့်ကဲပြောင်းလဲသူများဖြင့် ဖွဲ့စည်းထားကြောင်း၊ အဆင့်အတန်း ခွဲခြားမှု တင်းကျပ်ပြီး စည်းကမ်းများစွာ ရှိကြောင်း၊ တစ်ခါတစ်ရံတွင် အထက်လူကြီးက လက်အောက်ငယ်သားကို သတ်လိုက်လျှင်ပင် မည်သည့် ပြစ်ဒဏ်မှ ခံရလေ့မရှိကြောင်း စသည်တို့ပင်။

သားရဲဘုရင်ဂိုဏ်း ဟသည် တောင်တန်းမြို့၏ အကြီးဆုံးသော ဆင့်ကဲပြောင်းလဲသူများ အဖွဲ့အစည်းဖြစ်ပြီး၊ဟ အစိုးရအာဏာပိုင်များပင်လျှင် ၎င်းတို့ကို တစ်စုံတစ်ရာ နှောင့်ယှက်နိုင်စွမ်း မရှိပေ။ တစ်ခါက အာဏာပိုင်များသည် သားရဲဘုရင်ဂိုဏ်းကို နှိမ်နင်းရန် ကြိုးပမ်းခဲ့သော်လည်း နောက်ဆုံးတွင် မည်သည့်ရလဒ်မျှ မရရှိဘဲ လက်ဗလာဖြင့်သာ ပြန်လှည့်ခဲ့ကြရဖူးသည်။

ဂိုဏ်းအတွင်း၌ အထင်ရှားဆုံး ပုဂ္ဂိုလ်များမှာ ဂိုဏ်းချုပ်နှင့် တရားဓမ္မစောင့်ရှောက်သူတို့ပင်။ တရားဓမ္မစောင့်ရှောက်သူ၏ အချက်အလက်များမှာ တော်တော်လေး ရှင်းလင်းလှသည်။ ၎င်းမှာ မျိုးရိုးအမည် ကျန်းဟု ခေါ်တွင်ပြီး အဆင့် ၄ သားရဲအသွင်ပြောင်းလဲသူတစ်ဦးပင်။ ၎င်းသည် ရာထူးနှင့် အာဏာအရ ဂိုဏ်းချုပ်ပြီးလျှင် ဒုတိယအဆင့်၌ ရှိနေသူ ဖြစ်သည်။

သားရဲဘုရင်ဂိုဏ်း၏ ဂိုဏ်းချုပ်မှာမူ အနက်ရှိုင်းဆုံးသော ပုဂ္ဂိုလ်ဖြစ်ပြီး မည်သူမျှ အစအန ရှာမရအောင် နေထိုင်တတ်သူ ဖြစ်သည်။ ကောလာဟလများအရ ၎င်းသည် အဆင့် ၄ သားရဲကြီး နှစ်ကောင်ကို စိတ်ကြိုက်ထိန်းချုပ်ထားနိုင်သည်ဟု ဆိုကြသည်။ သို့သော် ၎င်းတို့မှာ ကောလာဟလများသာ ဖြစ်ပြီး ဂိုဏ်းချုပ်မှာ အရိပ်သဖွယ် လျှို့ဝှက်သွားလာတတ်သဖြင့် ဝူယွမ်ကိုယ်တိုင်ပင်လျှင် ၎င်း၏ တကယ့်တိုက်ခိုက်မှုနှင့် အစွမ်းကို အတည်မပြုနိုင်ခဲ့ပေ။

၎င်းအပြင် သားရဲဘုရင်ဂိုဏ်းသည် အလွန်မောက်မာရိုင်းစိုင်းပြီး တောင်တန်းမြို့ပြ ဧရိယာတစ်ခုလုံးကို ၎င်းတို့၏ ပိုင်နက်အဖြစ် သတ်မှတ်ထားသည်။ မည်သည့်ဆင့်ကဲပြောင်းလဲသူ သို့မဟုတ် အဖွဲ့အစည်းမဆို မြို့အတွင်း ဝင်ရောက်လာသည်ကို တွေ့ရှိပါက တိုက်ရိုကသတ်ဖြတ်ခြင်း သို့မဟုတ် အတင်းအကျပ် ဂိုဏ်းအတွင်း ဝင်ခိုင်းခြင်းမျိုး ပြုလုပ်လေ့ရှိပြီးငြင်းဆန်ခဲ့ပါက အဖြေမှာ သေခြင်းတရားသာ။ ယနေ့ ဖြစ်ပျက်ခဲ့သော အခြေအနေမှာပင် တကယ့် သက်သေသာဓက တစ်ခုပင်။

“တကယ့်ကို မောက်မာတဲ့ သားရဲဘုရင်ဂိုဏ်းပဲ”

ဝူယွမ်၏ စကားအဆုံးတွင် ကျောက်လင်းက သက်ပြင်းချရင်း ဒေါသတကြီး ပြောလိုက် သည်။ ဤမျှ မောက်မာလှသော သားရဲဘုရင်ဂိုဏ်းသည် ယနေ့တွင် သူတို့၏လူများ အသတ်ခံရမှုကို လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။ သေချာပေါက် နောက်ထပ် သွေးချောင်းစီး တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာဦးမည် ဖြစ်သည်။

သို့သော် ကျောက်လင်းကမူ ဤအချက်ကို အနည်းငယ်မျှ စိုးရိမ်ခြင်း မရှိသည့်အပြင် ရယ်တောင် ရယ်ချင်နေပါသေးသည်။ အကယ်၍ ဂိုဏ်းတစ်ခုလုံးသာ အုံလိုက်ကျင်းလိုက် လာရောက်မည်ဆိုပါက ဤလူများသည် ဇွန်ဘီဘုရင်၏ သံမဏိလက်သီးဒဏ်ကို ကောင်းကောင်းကြီး မြည်းစမ်းရတော့မည်ပင်။

လုချွမ်း၏ လက်အောက်ရှိ အဆင့် ၄ ဆင့်ကဲဇွန်ဘီ အရေအတွက်မှာ နည်းပါးသည်မဟုတ်ပေ။ ဂိုဏ်းချုပ်က သူ၏အဆင့် ၄ သားရဲများ အားလုံးကို ခေါ်ဆောင်လာလျှင်ပင် လုချွမ်းကို ယှဉ်ပြိုင်နိုင်ရန်မှာ မလွယ်ကူသော ကိစ္စပင်။

“မင်းတို့ သိချင်တာတွေ ငါ အကုန်ပြောပြပြီးပြီ... အဲဒါကြောင့် အား...”

ဝူယွမ်က မျှော်လင့်ချက်အပြည့်ဖြင့် ကျောက်လင်းကို ကြည့်ရှုရင်း အသက်ချမ်းသာခွင့် တောင်းခံရန် ကြိုးစားသော်လည်း စကားမဆုံးမီမှာပင် လျှာတစ်ခုက သူ၏ရင်ဘတ်ကို ဖောက်ထွက်သွား သည်။ ချက်ချင်းဆိုသလိုပင် သူသည် အော်ဟစ်ရင်း မြေပြင်ပေါ်သို့ လဲကျသွားပြီး သိပ်မကြာခင်မှာပင် အသက်ပျောက်ကွယ်သွားတော့သည်။

နောက်တစ်ခဏတွင် လုချွမ်း၏ ထိန်းချုပ်မှုအောက်၌ မသေမျိုး ၁ သည် ၎င်း၏ သွေးရောင်အကြေးခွံများ ဖုံးလွှမ်းနေသော လျှာကြီးကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

ဝူယွမ်၏ အလောင်းကို ကြည့်နေသော လုချွမ်း၏ မျက်ဝန်းများတွင် အေးစက်လှသော အရိပ်အယောင်များ ယှက်သန်းနေသည်။

တောင်တန်းမြို့ရဲ့ အကြီးဆုံး ဆင့်ကဲပြောင်းလဲသူများ အဖွဲ့အစည်း ဟုတ်လား။

အာဏာပိုင်တွေတောင် ဘာမှမတတ်နိုင်ဘူး ဟုတ်လား။

မင်းတို့တွေ ဘယ်လောက်တောင် မောက်မာနိုင်မလဲဆိုတာ ငါ ကိုယ်တိုင် ကြည့်ချင်သေးတာပေါ့

ချက်ချင်းဆိုသလိုပင် လုချွမ်းထံမှ ပြင်းထန်သော လူသတ်လိုစိတ် အရှိန်အဝါများ ထွက်ပေါ်လာသည်။ လုချွမ်း၏ အမြဲတမ်း ကိုင်စွဲထားသော မူဝါဒမှာ "သူတစ်ပါးက ငါ့ကို မနှောင့်ယှက်ရင် ငါကလည်း ဘယ်သူ့ကိုမှ မနှောင့်ယှက်ဘူး" ဆိုသည်ပင်။

သို့သော် တစ်ဖက်လူက လာရောက်ရန်စလျှင်တော့... ၎င်းမှာ ကိုယ့်သေတွင်းကိုယ် တူးခြင်းပင်။

လုချွမ်းက ဝူယွမ်ကို သတ်လိုက်သည်ကို မြင်သော်လည်း ကျောက်လင်း ဘာမှမပြောခဲ့ပေ။ သူတို့ သိချင်သမျှ အကုန်သိပြီးပြီ ဖြစ်သလို သူမ၏ ဒေါသကို ဖြေဖျောက်သည့်အနေဖြင့် ဝူယွမ်၏ အလောင်းကို နောက်ထပ် အကြိမ်အနည်းငယ်ပင် ထပ်မံကန်ကျောက်လိုက်သေးသည်။

"ရှူး... အား..."

ထိုအချိန်မှသာ ကျောက်လင်းသည် သူမ၏ကိုယ်ကို ပြန်လည်သတိပြုမိသွားပြီး ဒဏ်ရာများမှ နာကျင်မှုများကို စတင်ခံစားလိုက်ရသည်။ ချက်ချင်းဆိုသလိုပင် သူမသည် နာကျင်မှုကြောင့် တရှူးရှူးတွတ်တွတ် အသံထွက်လာပြီး မျက်နှာလေးမှာလည်း ရှုံ့မဲ့သွားတော့သည်။

"မမကျောက်လင်း... အဆင်ပြေရဲ့လား လာပါ။ သမီးနဲ့ မြန်မြန်လိုက်ခဲ့ဦး။ သမီး ဆေးထည့်ပေးမယ်"

လုချွမ်း၏ ဘေးတွင်ရှိနေသော ကျိရုရွှယ်သည် ရှေ့သို့တိုးကာ ကျောက်လင်းကို ဆွဲ၍ အိမ်ထဲသို့ ခေါ်ဆောင်သွားတော့သည်။

သူတို့နှစ်ဦး ထွက်သွားပြီးနောက် လုချွမ်းသည် သူ၏ ဇွန်ဘီရုပ်သေးများကို စေခိုင်းကာ စစ်တလင်းကို စတင်ရှင်းလင်းစေသည်။ မြေပြင်ပေါ်ရှိ သားရဲအလောင်းများမှ အမြုတေများကို ထုတ်ယူစေကာ ၎င်း၏ လက်ထဲသို့ စုစည်းလိုက်သည်။

မိနစ်အနည်းငယ် အကြာတွင်တော့ လုချွမ်းသည် အမြုတေအိတ်ငယ်လေးကို ကိုင်လျက် အိမ်ထဲသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ဝင်လာခဲ့သည်။

နောက်တစ်နေ့ နံနက်။

ကျောက်လင်းနှင့် ချီချီလေးတို့သည် နံနက်စာ စားနေကြစဉ် လုချွမ်းမှာမူ အိတ်ခွံတစ်ခုကို ကိုင်ဆောင်လျက် အဆင့် ၄ ဇွန်ဘီရုပ်သေးအချို့နှင့်အတူ ရှေ့ဆုံးမှ လမ်းဖောက်ပေးမည့် မသေမျိုး ၁ ကို ဦးဆောင်ကာ တံခါးဖွင့်၍ အပြင်သို့ ထွက်ရန် ပြင်ဆင်နေသည်။

လုချွမ်း၏ ပုံစံမှာ အိမ်ပေါ်မှ ဆင်းသွားတော့မည့်ပုံစံနှင့် ဆင်တူနေသဖြင့် ကျောက်လင်းသည် ပဲနီလေး ဆန်ပြုတ်သောက်နေသော ဇွန်းကို အမြန်ချလိုက်ပြီး ဇဝေဇဝါဖြင့် လှမ်းမေးလိုက်သည်။

"လုချွမ်း... ရှင် ဘယ်သွားမလို့လဲ "

လုချွမ်းသည် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် စာရွက်တစ်ရွက်ပေါ်တွင် ရေးသားလိုက်သည်။

"သားရဲဘုရင်ဂိုဏ်းကို အမြစ်ပြတ် သုတ်သင်ဖို့... ခဏနေရင် ပြန်လာခဲ့မယ် "

All Chapters