← Chapters

ဒီမိန်းမက အပျော်မယ်မှ ဟုတ်ရဲ့လား

Vol. 17 Ch. 176

ဒီမိန်းမက အပျော်မယ်မှ ဟုတ်ရဲ့လား

Vol. 17 Ch. 176

အတန်ကြာပြီးနောက် အခန်းမှာ တိတ်ဆိတ်သွားပြီး အားယောင်မှာ အားအင်ကုန်ခမ်းသွားဟန်ဖြင့် ခုတင်ပေါ်မှ မနည်းဆင်းလိုက်ရသည်။

စုန့်ဝမ်မှာမူ စိတ်ကျေနပ်ပုံ မရသေး။ အားယောင်ကို တပ်မက်စွာ စိုက်ကြည့်ရင်း“ဘယ်သွားမလို့လဲ”ဟု မေးလိုက်သည်။

အားယောင်က အဝတ်ပြန်ဝတ်ရင်း တတွတ်တွတ် ညည်းညူလိုက်သည်။

“ရှင်က ဘယ်လို လူကြီးလဲ၊ ကျွန်မတောင် အားကုန်နေပြီ၊ ရှင်က ခုထိ မလျော့သေးဘူး။ ကျွန်မ မတတ်နိုင်တော့ဘူး၊ ရှင့်ကို ပြုစုဖို့ နောက်ထပ် ညီမလေး နှစ်ယောက် သွားရှာပေးမယ်”

စကားပြောပြီးနောက် အားယောင်သည် ကုတင်ပေါ် ဆွဲတင်ခံရမည်ကို စိုးရိမ်သည့်အလား၊ အဝတ်အစား မလုံမလဲ ဖြစ်နေသည်ကိုပင် ဂရုမစိုက်တော့ဘဲ ခါးပတ်ကို အမြန်ပတ်ကာ အခန်းပြင်သို့ ပြေးထွက်သွားတော့သည်။

အခန်းပြင်သို့ ရောက်သည်နှင့် ချောမောလှပသော အမျိုးသမီးတစ်ဦး လျှောက်လာသည်ကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီးမှာ ဖြူဝင်းသော အသားအရေ၊ ဇင်ယော်တောင်မျက်ခုံးနှင့် ရေပြင်ကဲ့သို့ ကြည်လင်သော မျက်လုံးများ ရှိသည်။ ဝတ်စားဆင်ယင်မှုမှာလည်း တင့်တယ်ပြီး နတ်သမီးတစ်ပါးကဲ့သို့ တည်ငြိမ်လှရာ၊ ဂေဟာရှိ အခြားသော အမျိုးသမီးများနှင့် လုံးဝ ကွာခြားလှသည်။ ကိုယ်လုံးကိုယ်ပေါက်မှာလည်း တောင့်တင်းပြေပြစ်လှသည်။

အာယောင်မှာ ထိုအမျိုးသမီးကို မြင်သည်နှင့် လေးစားကြောက်ရွံ့စွာဖြင့် ရပ်လိုက်သည်။

“နှုတ်ဆက်ပါတယ် ဘိုးဘေး... အယ် … မဟုတ်ဘူး၊ စီနီယာ အစ်မ”

ထိုရင့်ကျက်သော အမျိုးသမီးက အားယောင်၏ ဖရိုဖရဲ ဖြစ်နေသော အဝတ်အစားများကို ကြည့်ကာ ပြောလိုက်သည်။

“ဘာလို့ ဒီလောက် အလျင်စလို ဖြစ်နေရတာလဲ။ သိက္ခာမဲ့လိုက်တာ”

အားယောင်မှာ ထိုအမျိုးသမီးကို အလွန် ကြောက်ရွံ့ပုံရပြီး အမြန် ရှင်းပြလိုက်သည်။

“အထဲကလူက အရမ်း သန်မာလွန်းလို့ ကျွန်မ တစ်ယောက်တည်း မနိုင်တော့ဘူး၊ အဲဒါ ကူညီပေးဖို့ ညီမလေး နှစ်ယောက် သွားရှာမလို့ပါ”

ရင့်ကျက်သော အမျိုးသမီးသည် အားယောင် ထွက်လာခဲ့သော အခန်းကို လှမ်းကြည့်ပြီး၊ တစ်စုံတစ်ခုကို စိတ်ဝင်စားသွားဟန် ရှိသည်။

“အော်... သူက မင်းပြောသလို တကယ်ပဲ သန်မာလို့လား”

“ကျွန်မ မဟုတ်မမှန် မပြောရဲပါဘူး”

ထိုအမျိုးသမီးက လက်ဝေ့ယမ်းပြီး ပြောလိုက်သည်။

“မင်း သွားတော့။ ငါကိုယ်တိုင် သွားကြည့်လိုက်မယ်”

အာယောင်မှာ ထိုအမျိုးသမီးကို အံ့သြစွာ ကြည့်လိုက်သည်။

“အရှင်က... ကိုယ်တိုင် သွားမလို့လား”

ထိုအမျိုးသမီး၏ မျက်နှာမှာ မည်းမှောင်သွားပြီး “ဘာလဲ။ ငါက အိုနေပြီမို့လို့ မသင့်တော်ဘူးလို့ ထင်တာလား”ဟု လေသံမာမာဖြင့် မေးလိုက်သည်။

အားယောင်မှာ ထိတ်လန့်သွားပြီး အမြန် ပြန်ဖြေရသည်။

“အဲလို မဆိုလိုပါဘူး၊ အထဲက လူက ချီစုစည်းခြင်းအဆင့်ပဲ ရှိတာမို့လို့ အရှင်နဲ့ မတန်ဘူးလို့ ထင်လို့ပါ”

“ဖယ်စမ်း”

ရင့်ကျက်သော အမျိုးသမီးသည် အားယောင်ကို ကျော်ဖြတ်ကာ စုန့်ဝမ်ရှိရာ အခန်းသို့ ဦးတည်သွားတော့သည်။

………

စုန့်ဝမ်မှာ အားယောင် ရုတ်တရက် ထွက်သွားသဖြင့် အနည်းငယ် စိတ်ပျက်နေသည်။ သူ စောင့်ဆိုင်းနေစဉ်မှာပင် မိန်းမချောတစ်ဦး တံခါး တွန်းဖွင့် ဝင်လာသည်ကို မြင်လိုက်ရသည်။ ထိုအမျိုးသမီးမှာ အလွန်တရာ လှပသော်လည်း၊ သူမထံမှ ထွက်ပေါ်နေသော အော်ရာမှာ ပို၍ပင် ထူးခြားနေသည်။ လှုပ်ရှားမှုတိုင်းမှာ နဂါးတစ်ကောင် ရွေ့လျားနေသကဲ့သို့ တင့်တယ်လှသည်။

စုန့်ဝမ်သည် ဖျော်ဖြေရေးဂေဟာကဲ့သို့သော နေရာမျိုးတွင် ဤကဲ့သို့သော အမျိုးသမီးတစ်ဦး ပေါ်လာသည်ကို မယုံနိုင်အောင် ဖြစ်နေသည်။

“မင်းက ဘယ်သူလဲ”

မိန်းမချောက စုန့်ဝမ်၏ အဝတ်မဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို တစ်ချက်ကြည့်လိုက်ပြီး၊ သူမ၏ တောက်ပသော မျက်လုံးများတွင် တပ်မက်မှု အရိပ်အယောင်များ ပေါ်လာသည်။

နတ်သမီးတစ်ပါးမှာ ချက်ချင်းပင် ဆွဲဆောင်မှုရှိသော မိန်းမပျိုလေးတစ်ဦးအဖြစ် ပြောင်းလဲသွားတော့သည်။

“အားယောင်က နေမကောင်းလို့၊ ကျွန်မကပဲ သခင်လေးကို အဖော်ပြုပေးပါရစေ”

စကားဆုံးသည်နှင့် မိန်းမချောလေးက ဝတ်စုံကို ချွတ်ချပြီး စုန့်ဝမ်ကို တွန်းလှဲကာ ခုန်အုပ်လိုက်ပါတော့သည်။

...

နာရီအနည်းငယ် ကြာပြီးနောက်၊ အမျိုးသမီးက လုံလောက်သော စွမ်းအင်များကို စုပ်ယူပြီးနောက်၊ စိတ်အာသာပြေသွားဟန်ဖြင့် ကုတင်ပေါ်မှ ညင်သာစွာ ဆင်းလိုက်သည်။ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော အဝတ်အစားများမှာ လေမတိုက်ဘဲနှင့် လှုပ်ရှားလာကာ သူမ၏ ခန္ဓာကိုယ်ပေါ်သို့ အလိုအလျောက် ရောက်ရှိသွားသည်။ သူမမျက်နှာတွင် စိတ်ကျေနပ်မှုများ ဖုံးလွှမ်းနေပြီး၊ အိပ်မောကျနေသော စုန့်ဝမ်ကို ပြုံးပြီး ကြည့်လိုက်သည်။

အမျိုးသမီးမှာ ပင်ပန်းနွမ်းနယ်ဟန် မပေါ်ချေ၊ ခန္ဓာကိုယ်မှာ ပေါ့ပါးနေပြီး လန်းဆန်းတက်ကြွလျက် ရှိသည်။ ကံမကောင်းသည်မှာ ထိုသူ၏ ကျင့်စဉ်အဆင့်မှာ အနည်းငယ် နိမ့်ပါးနေသဖြင့် သူမအတွက် အကျိုးကျေးဇူး အနည်းငယ်သာ ရှိခြင်းပင် ဖြစ်သည်။ သို့သော် ထိုသူထံမှ ထွက်ပေါ်နေသော အသက်စွမ်းအားများနှင့် သန်မာသော အထိအတွေ့ကြောင့် အတော်လေး စိတ်ကျေနပ်မှု ရရှိခဲ့သည်။ အမျိုးသမီးသည် ဆယ်စုနှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံနေခဲ့ပြီးမှ အပြင်ထွက်လာချိန်တွင် ကျန်းမာသန်စွမ်းသော လူငယ်လေးနှင့် ဆုံတွေ့ရခြင်းကြောင့် အချိန်ဖြုန်းရကျိုးနပ်သည်ဟု ခံစားလိုက်ရသည်။

မီးခိုးရောင် သိုလှောင်အိတ်ငယ်လေးတစ်ခုမှာ ကုတင်ပေါ် ပစ်ချပေးပြီးနောက် ထိုအမျိုးသမီးသည် အခန်းထဲမှ ထွက်ခွာသွားသည်။ အခန်းပြင် ရောက်သည်နှင့် တံခါးဝနား ရပ်စောင့်နေသော အားယောင်ကို“သူ့ကို မနှောင့်ယှက်နဲ့၊ ဒီမှာပဲ ကောင်းကောင်း အနားယူပါစေ”ဟု မှာကြားပြီး ပေါ့ပါးသွက်လက်စွာ ထွက်ခွာသွားသည်။

ဆန်းကြယ်သာ အမျိုးသမီး ထွက်သွားပြီး ၁၀ မိနစ်ခန့် အကြာတွင် စုန့်ဝမ် ထထိုင်လိုက်သည်။ သူ့မျက်နှာမှာ ယခင်လို ရမက်ဇောများ မရှိတော့ဘဲ၊ စိုးရိမ်ထိတ်လန့်မှုတို့ ဖုံးလွှမ်းနေသည်။ အဆိုပါအမျိုးသမီးမှာ အလွန်တရာ ကျွမ်းကျင်လှပြီး ယခင်က မခံစားဖူးသော အတွေ့အကြုံသစ်များကို ပေးစွမ်းခဲ့သည်။

ယခင်ဘဝတွင် အိမ်ထောင်မပြုခဲ့သော်လည်း ရည်းစားအချို့ ရှိခဲ့ဖူးသဖြင့် အမျိုးသားနှင့် အမျိုးသမီးကြား ကိစ္စများကို နားလည်ထားသည်။ အစောပိုင်းတွင်လည်း အားယောင်နှင့် အချိန်အတန်ကြာ အတူနေခဲ့သေးသည်။ သို့သော် ယခု ခံစားခဲ့ရသော အတွေ့အကြုံမှာမူ လုံးဝ အသစ်အဆန်း ဖြစ်နေသည်။ ယင်းမှာ အမှန်တကယ်ပင် နတ်ဘုံနတ်နန်းသို့ ရောက်သွားသကဲ့သို့ ခံစားရပြီး ထပ်ခါထပ်ခါ တောင့်တမိစေသည်။

အစပိုင်းတွင် အရာအားလုံး ပျော်စရာကောင်းသော်လည်း၊ ပြီးဆုံးသွားသည့် အခိုက်အတန့်တွင် ဝိညာဥ်အမှတ်အသား တစ်ခု သူ့ခန္ဓာကိုယ်ပေါ် တိတ်တဆိတ် စွဲကပ်လာတော့မှ အကြီးအကျယ် ထိတ်လန့်သွားခဲ့ရသည်။ ဤအမှတ်အသားမှာ အလွန်တရာ သိမ်မွေ့လှသဖြင့် ပုံမှန်အားဖြင့် စုန့်ဝမ်၏ ဝိညာဉ်အာရုံအဆင့်ဖြင့် မသိနိုင်ပေ။ သိစိတ်ပင်လယ်တွင်းရှိ တွင်းနက်ကြီး အလိုအလျောက် အသက်ဝင်လာပြီး ထိုအမှတ်အသားကို ဝါးမြိုရန် ကြိုးစားလိုက်မှသာ သိလိုက်ရခြင်း ဖြစ်သည်။ ဝိညာဥ်အမှတ်အသားကို ဝါးမြိုလိုက်ပါက ထိုအမျိုးသမီး သတိထားမိသွားမည်ကို သိသဖြင့် တွင်းနက်ကြီးကို ချက်ချင်း ထိန်းချုပ်ခဲ့ရသည်။

ထိုအမျိုးသမီးသည် အခြေတည် နဝမအဆင့်အဖြစ် ဟန်ဆောင်ထားသော်လည်း၊ သူမ ချန်ထားခဲ့သော ဝိညာဥ်အမှတ်အသားမှာ ရှာဖွေရန် ခက်ခဲလှသဖြင့် ကျင့်စဥ်အဆင့် ဖိနှိပ်ပြီး ဟန်ဆောင်ထားခြင်းဖြစ်ကြောင်း ထင်ရှားသည်။ ထိုအမျိုးသမီး၏ ကျင့်ကြံမှုမှာ အလွန်မြင့်မားသည်မှာ ကျိန်းသေပင်၊ စုန့်ဝမ်၏ ဝိညာဉ်အာရုံမှာ အခြေတည်အဆင့်၏ အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သော်လည်း၊ ထိုအမျိုးသမီးက သူမသိအောင် အမှတ်အသား လုပ်သွားနိုင်သည်ဆိုပါက ရွှေအမြုတေ နှောင်းပိုင်းအဆင့်ထက် မနိမ့်မည်မှာ သေချာလှသည်။

စုန့်ဝမ်သည် သူ့ဘေးရှိ မီးခိုးရောင် သိုလှောင်အိတ်ငယ်လေးကို ကောက်ယူပြီး ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်ရာတွင် လက်သီးဆုပ်အရွယ် ခရမ်းရောင် ကျောက်တုံး ရာဂဏန်း ပါဝင်နေသည်ကို တွေ့ရသည်။ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများ၊ ယင်းမှာ အဆင့်နိမ့် ဝိညာဉ်ကျောက် သောင်းဂဏန်းခန့် တန်ဖိုးရှိသည်။

စုန့်ဝမ်လည်း သိုလှောင်အိတ်ကို သိမ်းဆည်းကာ အဝတ်အစားများ ဝတ်ဆင်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။ တံခါးဖွင့််လိုက်သည်နှင့် အပြင်တွင် ရပ်စောင့်နေသော အားယောင်ကို မြင်လိုက်ရသဖြင့် စိုးရိမ်သွားရပြန်သည်။

“သခင်လေးချန်... အချိန်လည်း နောက်ကျနေပြီ၊ ပြီးတော့ ဒီရက်ပိုင်း ဈေးထဲမှာလည်း သိပ်မအေးချမ်းလှဘူး။ ဒီည ဂေဟာမှာပဲ အနားယူပြီး မနက်ဖြန်မနက်မှ ပြန်ပါလား” ဟု အားယောင်က အကြံပြုလာသည်။

ယခုအခါ ညဉ့်နက်နေပြီဖြစ်ပြီး အပြင်ဘက်တွင် မှောင်အတိ ကျနေပြီဖြစ်သော်လည်း စုန့်ဝမ် ဂေဟာတွင် ညအိပ်ရန် မဝံ့ချေ။

“မင်းစေတနာကို ကျေးဇူးတင်ပါတယ် အားယောင်၊ ဒါပေမဲ့ ငါ့မှာ လုပ်စရာ ကိစ္စလေးတွေ ရှိသေးလို့ မင်းကို ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး၊ သွားလိုက်ပါဦးမယ်”

အားယောင်ကို နှုတ်ဆက်ပြီးသည်နှင့် စုန့်ဝမ်သည် လှေကားအတိုင်း ဆင်းလာပြီး ကောင်းကင်စမ်းရေဂေဟာမှ အမြန် ထွက်ခွာလာခဲ့သည်။

အပြင်ရောက်သည်နှင့် နေအိမ်သို့ တန်းမပြန်ဘဲ ဈေးအပြင်ဘက်သို့ ဦးတည်သွားကာ မိုင်အနည်းငယ်ခန့် လမ်းလျှောက်ပြီးနောက် မိုင်တစ်ဒါဇင်ခန့်အကွာက တောင်ထိပ်သို့ ပျံသန်းသွားသည်။ တောင်ထိပ်အရောက် နောက်ယောင်ခံလိုက်သူ မရှိကြောင်း သေချာမှ စိတ်အေးသွားသည်။

ထို့နောက် သိုလှောင်အိတ်ကို စစ်ဆေးရန် ထုတ်ယူစဥ် ခါးနာသွားသဖြင့် ညည်းညူလိုက်ရသည်။ ကျင့်ကြံမှုလမ်း စလျှောက်ချိန်တည်းက နာကျင်ကိုက်ခဲမှု ဝေဒနာ မခံစားရတော့သော စုန့်ဝမ်မှာ ဆန်းကြယ်သောအမျိုးသမီးနှင့် တွေ့ပြီးမှပင် အားကုန်သလိုလို၊ ခါးနာသလိုလို ခံစားနေရသည်။

“ဒီဟယ်ဟွမ်းဂိုဏ်းက မိန်းမတွေက တကယ့်ကို အန္တရာယ်ရှိတဲ့ ပန်းပွင့်တွေပဲ။ လှလေလေ၊ ပိုပြီး ကြောက်စရာကောင်းလေလေပဲ”

နောင်တွင် ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီး ကျင့်ကြံသူများနှင့် ခပ်ဝေးဝေးနေရန် ဆုံးဖြတ်လိုက်သည်။ ကျင့်ကြံမှု အလွန်အမင်း မကွာသူချင်း တူနှစ်ကိုယ် ကျင့်ကြံခြင်းက ပြဿနာ မရှိသော်လည်း ထိုအမျိုးသမီးကဲ့သို့ ခွန်အားကြီးသူနှင့် ထပ်မံ​ဆုံတွေ့ပါက လူသားဆေးမီးဖိုအဖြစ် ဇတ်သိမ်းသွားနိုင်သည် မဟုတ်ပါလား။ ဝိညာဥ်အမှတ်အသား ပြုလုပ်ခြင်းကို ထောက်ရှုပါက ထိုအမျိုးသမီး​အနေဖြင့် ယခုတစ်ခေါက် အတူနေရုံဖြင့် စိတ်မကျေနပ်သေးဘဲ နောင်တွင် ဆက်လက်ပတ်သတ်လိုစိတ် ရှိနေကြောင်း သိသာလွန်းလှသည်။

သိုလှောင်အိတ်ထဲရှိ ဝိညာဉ်ကျောက်တုံးများကို စစ်ဆေးပြီးနောက် သူ့သိုလှောင်လက်စွပ်အတွင်းသို့ ပြောင်းရွှေ့ကာ အိတ်ခွံကို ချောက်ထဲသို့ လွှင့်ပစ်လိုက်သည်။ ထို့နောက် သိစိတ်ပင်လယ်ရှိ တွင်းနက်ကို အသက်သွင်းကာ ခန္ဓာကိုယ်ပေါ်ရှိ ဝိညာဥ်အမှတ်အသားကို ဝါးမြိုဖျက်ဆီးပစ်လိုက်သည်။

အားလုံး လက်စသတ်ပြီးသောအခါ အဆင့်မြင့် သွေးလွတ်မြောက်နည်းစနစ်ကို အသက်သွင်း​ပြီး အရိပ်အယောင်မကျန် ပျောက်ကွယ်သွားတော့သည်။

……….. .

ကောင်းကင်စမ်းရေဂေဟာ၏ နောက်ဘက်ခြံဝင်းအတွင်း၌ အားယောင်သည် သူမရှေ့တွင် ရှိနေသော အမျိုးသမီးကို ဂါရဝပြုရင်း“အရှင်... သခင်လေးချန် ထွက်သွားပါပြီ”ဟု သတင်းပို့လိုက်သည်။

ယခုအခါ ထိုအမျိုးသမီးသည် နတ်သမီးတစ်ပါးကဲ့သို့ တည်ငြိမ်သော ပုံစံသို့ ပြန်လည်ရောက်ရှိနေပြီ ​ဖြစ်သည်။ သူမက အေးဆေးတည်ငြိမ်စွာပင်“သူ့မျိုးရိုးက ချန်လို့ ပြောတာလား”ဟု အားယောင်ကို မေးလိုက်သည်။

“အဲဒီ သခင်လေးက သူ့နာမည် ချန်ဖေးဟဲလို့ ပြောတာပဲ။ ဒါပေမဲ့ နာမည်အရင်း ဟုတ်၊ မဟုတ် ကျွန်မ မသိပါဘူး”

ထိုအမျိုးသမီးက အသာအယာ ခေါင်းညိတ်လိုက်ရင်း သူမမျက်နှာတွင် အံ့သြသွားသော အရိပ်အယောင်များ ရုတ်တရက် ပေါ်လာသည်။ သူမ၏ ဝိညာဥ်အမှတ်အသား ပျောက်ကွယ်သွားခြင်းပင်။

သူ့မ၏ ဝိညာဥ်အမှတ်အသားကို ဖျက်ပေးနိုင်သည့် အဓိပ္ပါယ်မှာ ထိုသူတွင် ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူ၏ နောက်ခံရှိနေခြင်းပင် ဖြစ်သည်။ ထိုအတိုင်းဆိုလျှင် သခင်လေးချန်ဆိုသူမှာ ဂိုဏ်းကြီးတစ်ခု၏ ပါရမီရှင် မျိုးဆက်သစ် ဖြစ်နေခြင်းပင်လော။

ထိုအမျိုးသမီးမှာ အတွေးလွန်နေသဖြင့် အားယောင် ပြန်ထွက်သွားသည်ကို သတိမထားမိလိုက်တော့။

……….

All Chapters