← Chapters

ယင်းဖင်တွင် ကိုယ်ဝန်ရှိနေခြင်း

Vol. 6 Ch. 57

ယင်းဖင်တွင် ကိုယ်ဝန်ရှိနေခြင်း

Vol. 6 Ch. 57

ယခုလို မင်္ဂလာသတင်းကြီး ရှိနေချိန်တွင် ဘယ်သူကများ သူမကို ဂရုစိုက်နေအားမည်နည်း။

သူမအတွက် တောင်းပန်ပေးချင်စိတ် ရှိနေသော ယီဖေး ပင်လျှင် ယခုအချိန်တွင် ရင်ထဲမှာ ဒူးရင်းသီးသီးနေသည်လေ။

ဒီ ယင်းဖင် က ကြည့်ရတာတော့ အားနွဲ့တဲ့ပုံစံလေးနဲ့... ဒီလောက်တောင် သီးခံနိုင်စွမ်း ရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...

ကိုယ်ဝန်က သေချာပေါက် တည်ငြိမ်သွားမှပဲ ဖွင့်ပြောရဲတယ်ဆိုတော့ တကယ်ကို အကြံအစည် ကြီးတဲ့ မိန်းမပဲ...

ထို့နောက် လင်ကွေ့ဖေး ကို တစ်ချက် ကြည့်လိုက်‌တော့ သူမ၏ မျက်နှာပေါ်ရှိ အံ့ဩနေသော ပုံစံက ဟန်ဆောင်နေမှန်း သိသာလှသည်။

နန်းတွင်းထဲတွင် နှစ်ယောက်သား အားပြိုင်လာခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ရာ သူမတို့ နှစ်ယောက်က တစ်ယောက်ခေါင်း တစ်ယောက်ဖောက်မြင်နေရသကဲ့သို့ နားလည်နေကြပြီပင်။

အခု ဒီပြဇာတ်က ဘာအတွက် လုပ်တာလဲ...

ယင်းဖင် ရဲ့ ကိုယ်ဝန်ရှိနေတဲ့ ကိစ္စကို လူသိရှင်ကြား ဖြစ်သွားအောင် ဖိအားပေးတာလား...

ဒါမှမဟုတ် လင်ဝမ်ယိ ကို နေရာပေးချင်နေတာလား...

သူမက လင်ကွေ့ဖေး ၏ အမူအရာတိုင်းကို အသေအချာ စောင့်ကြည့်နေသော်လည်း အကြောင်းရင်းကိုတော့ သေချာ မသိသေးပေ။

"မြန်မြန်... ယင်းဖင် ညီမလေးကို ယောင်ယွဲ့နန်းဆောင် ဆီ ပြန်ပို့လိုက်ကြ... ပြီးတော့ လင်တာရင် လည်း ယင်းဖင် ညီမလေးကို ကယ်လိုက်တာ ရေထဲကျသွားပြီး လန့်သွားတယ်... ရေမွန်းသွားလောက်တယ်... တော်ဝင်သမားတော် လည်း မြန်မြန် သွားကြည့်ပေးလိုက်ပါဦး..."

လင်ကွေ့ဖေး ၏ ထိုစကားကြောင့် လူတိုင်းက လင်တာရင်ဆီ အာရုံပြန်ရောက်လာကြ၏။

အမှန်ပင်…စောနက မြင်ကွင်းကို မြင်လိုက်ရသူများမှာ လင်ဝမ်ယိက ယင်းဖင်ကို ကယ်လိုက်သည်ဟူသော အချက်ကို ငြင်း၍မရပေ။

အကယ်၍သာ သူမက ရေထဲမကျခင် ယင်းဖင အပေါ်ကို မတွန်းတင်ခဲ့ဘူး ဆိုလျှင် ယင်းဖင် လည်း သူမနှင့်အတူ ရေထဲကို ပြုတ်ကျသွားလောက်‌လေပြီ။

အခြားအရာတွေကိုမဆိုနှင့်... ဗိုက်ထဲက ကလေးပင် အသက်ရှင်ဖို့ မသေချာပေ။

သူမ သည်တစ်ခေါက် ကယ်တင်လိုက်တာက အသက်နှစ်ချောင်းကို ကယ်တင်လိုက်တာဖြစ်၏။

ယင်းဖင် ကတော့ သတိလစ်နေဆဲ ဖြစ်ပြီး လင်ကွေ့ဖေး ၏ အမိန့်ဖြင့် ယောင်ယွဲ့နန်းဆောင် သို့ ပို့ဆောင်ခံလိုက်ရပြီ ဖြစ်သည်။

လင်ဝမ်ယိ ကတော့ ချွမ်ချီ နှင့် ရှအန်း တို့၏ အပေါ်ဝတ်ရုံများကို ခြုံထားပြီး တစ်ကိုယ်လုံး ရေတွေ စိုရွှဲနေကာ ချမ်းလွန်းသဖြင့် တဆတ်ဆတ် တုန်နေသည်။

နွေရာသီ ဖြစ်သော်လည်း ရေကန်ထဲက ရေကတော့ အေးစက်နေဆဲပင်။

လင်ဝမ်ယိ တွင် အအေးမိရောဂါ အခံရှိပြီး မူလကတည်းက အအေးဒဏ်ကို ကြောက်သူ ဖြစ်ရာ ယခုလို တစ်ကိုယ်လုံး ရေတွေ စိုရွှဲနေချိန်တွင် သေချာပေါက် နေရခက်နေမည်သာ။

သူမ၏ နှုတ်ခမ်းများ တုန်ယင်နေသည်ကို မြင်သောအခါ လင်ရှင်းကျစ် က ချက်ချင်းပင် သူမကို ပွေ့ချီလိုက်ကာ အဝတ်လဲဖို့ ခေါ်သွားချင်စိတ် ပေါက်လာသော်လည်း လင်ဝမ်ယိ က သူ့ကို တားလိုက်သည်။

"အစ်ကိုကြီး... ဒါက နန်းတော်ထဲမှာနော်... ကျွန်မတို့က မောင်နှမတွေ ဖြစ်ပေမဲ့လည်း အများအထင်မလွဲအောင် ထိန်းထိန်းသိမ်းသိမ်းတော့နေရမယ်... အစ်ကိုကြီးက အခုမှ အရှင်မင်းကြီးရဲ့ မျက်နှာသာကိုရထားတာ…အဲဒါတွေကို ဖျက်စီးလိုက်သလိုဖြစ်သွားမယ်"

"ချန်ချန်..."

မောင်နှမ နှစ်ယောက် စကားအများကြီးတောင် ပြောချိန်မရလိုက်ခင်မှာပင် လင်ဝမ်ယိ က လင်ကွေ့ဖေး စေလွှတ်လိုက်သော လူများ၏ ခေါ်ဆောင်မှုဖြင့် ရီဟွားနန်းဆောင် သို့ ပြန်သွားရလေပြီ။

အစေခံများ တွဲခေါ်သွားသော သူမ၏ ကျောပြင်ကို ကြည့်ရင်း လင်ရှင်းကျစ် က လက်သီးကို တင်းတင်းဆုပ်ထားလိုက်မိသည်။

ညီမလေးက ရေထဲပြုတ်ကျသွားတာတောင်မှ သူ့ရဲ့ အနာဂတ်အတွက် စိတ်ပူပေးနေသေးတယ်...

တကယ့်ကို သူ့နှလုံးသားကို အစိမ်းလိုက်ဆွဲဆုတ်‌ပစ်နေသလိုပဲ…

အနာဂတ်...

အနာဂတ်...

ဟုတ်တယ်... သူသာ ဒီနေ့ စတုတ္ထမင်းသား နဲ့ ရှီးပေမြို့စားမင်း တို့လို ဩဇာအာဏာ ရှိတဲ့သူ တစ်ယောက်သာ ဖြစ်နေခဲ့မယ်ဆိုရင်...

ညီမလေးက နန်းတော်ထဲမှာ ဒီလို အနိုင်ကျင့်ခံရပါ့မလား...

လုံးဝ မဖြစ်နိုင်ဘူး...

အရှင်မင်းကြီး ဘေးမှာ ရပ်နေတဲ့ လင်ကွေ့ဖေး ကို ကြည့်စမ်း...

လင်အိမ်တော်က သခင်မ‌လေးတွေချင်းအတူတူပဲကို…

ဘာလို့ သူက အမြင့်ဆုံးနေရာမှာ ရပ်ပြီး အဝတ်အစားခမ်းခမ်းနားနားတွေဝတ်ပြီး ကတော်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် စကားပြောနေနိုင်ရတာလဲ...

သူ့ညီမလေး ကတော့ အောက်ဆုံးအဆင့် တာရင် ဘဝနဲ့...

ရေထဲပြုတ်ကျသွားတာတောင် အခြားသူတွေ ပြောဆိုတာကို ခံနေရတယ်...

အဲဒါ လင်ကွေ့ဖေးအနောက်မှာ မင်းသမီးရုံခန့်နဲ့ ကျန်းမင်းသားအိမ်တော်တို့ ရှိနေလို့ပဲမဟုတ်ဘူးလား။

ထိုအကြောင်းကို တွေးမိသောအခါ လင်ရှင်းကျစ်သည် စိတ်ထဲတွင်ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်သည်။

လင်ကွေ့ဖေးမှာ ပွဲတော်တွင် ပြဿနာများ ဖြစ်သွားခဲ့သဖြင့် ဒေါသထွက်နေသော်လည်း လောလောဆယ်တွင်တော့ ပြဿနာများကို အမြန်ဆုံး ရှင်းရမည်။

"ချင်းယွမ်စံအိမ် ရဲ့ အောက်မှာ ထောက်ထားတဲ့ သစ်သားတိုင်တွေက ရေစိမ်ခံရတာ ကြာလို့ ဆွေးနေပြီ ထင်တယ်... ဒါကြောင့် ညီမလေး နှစ်ယောက်ကို ဒုက္ခရောက်စေခဲ့တာ... ဒီအရှင်မ ပြန်ရောက်ရင် နန်းတွင်းရေးရာဌာန ကို စစ်ဆေးပြီး ပြန်ပြင်ခိုင်းလိုက်ပါ့မယ်... တော်သေးလို့ ဘာမှ ကြီးကြီးမားမား မဖြစ်သွားတာ... မဟုတ်ရင် ကျွန်တော်မျိုးမ က အပြစ်ကြီးကြီးမားမားလုပ်မိသလိုဖြစ်သွားတော့မှာပါပဲ"

သူမက အရှင်မင်းကြီး ရှေ့တွင် ယဉ်ကျေးသိမ်မွေ့စွာ ဒူးထောက်လိုက်ပြီး မျက်ရည်ကျမတတ် ဟန်ဆောင်လိုက်သည်။

အရှင်မင်းကြီးက သူမကို တစ်ချက် ကြည့်လိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

"အနောက်ဆောင် ကိစ္စတွေက များပြားလွန်းတော့ ကွေ့ဖေး လည်း ပင်ပန်းနေရှာမှာပေါ့... ဒီနေ့ ကိစ္စကို ဒီလောက်နဲ့ပဲ ထားလိုက်တော့ အားလုံးကို အိမ်ပြန်ပို့ဖို့ ရထားလုံးတွေ စီစဉ်ပေးလိုက်ပါ... ကိုယ်တော် ကတော့ ယင်းဖင် ဆီ သွားကြည့်လိုက်ဦးမယ်..."

"ဟုတ်ကဲ့ပါ..."

အရှင်မင်းကြီးက ခြေလှမ်းပြင်လိုက်ချိန်မှာပင် စတုတ္ထမင်းသား က သူ့ကို တားလိုက်သည်။

သူ့၏ စိုးရိမ်နေသည့် မျက်နှာကို မြင်လိုက်ရမှ... အစောကပြောဖို့ ကျန်နေသေးတာကို သတိရသွားသည်။

"မိုးပြာရောင်အဖွဲ့ထဲက တော်ဝင်ချပ်ဝတ်စစ်တပ် ထဲ ဝင်ချင်တဲ့သူတွေ ရှိရင်... ချက်ချင်း ဝင်ခွင့်ပြုတယ်... တပ်ကြပ် ကနေ စတင်ပြီး တာဝန်ထမ်းဆောင်စေ..."

"ဒီအမတ်ကြီးက ကလေးတွေ ကိုယ်စား အရှင်မင်းကြီးရဲ့ ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ်..."

ထိုစကားကို ကြားပြီးမှသာ စတုတ္ထမင်းသား က လက်လွှတ်ပေးလိုက်ပြီး အရှင်မင်းကြီး လည်း ချင်းယွမ်စံအိမ် မှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားသည်။ လင်ကွေ့ဖေး တို့က တားချင်သော်လည်း တားခွင့်မရလိုက်ပေ။

သူမက တစ်ကိုယ်လုံး ရေတွေ စိုရွှဲနေသော လင်ရှင်းကျစ် ကို တစ်ချက် ကြည့်လိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း ဘာမှ မပြောတော့ဘဲ အခြားကိစ္စများကို စီစဉ်ရန် အမြန်ထွက်သွားလိုက်၏။

စတုတ္ထမင်းသား ကတော့ အသေးအဖွဲ ကိစ္စများကို ဂရုစိုက်တတ်သူ မဟုတ်သဖြင့် ရေကန်စပ်သို့ လျှောက်သွားလိုက်သည်။

မိုးပြာရောင်အဖွဲ့မှ အားလုံးက ရေထဲသို့ ဆင်းထားကြရရ၍ တစ်ကိုယ်လုံး ရေတွေ စိုရွှဲနေကြသည်။

သူက လူအုပ်ရှေ့သို့ ရောက်သွားပြီး အသံကျယ်ကြီးဖြင့် မေးလိုက်၏။

"အရှင်မင်းကြီးက မင်းတို့ကို ခွင့်ပြုချက် ပေးလိုက်ပြီ... တော်ဝင်ချပ်ဝတ်စစ်တပ် ထဲ ဝင်ချင်တဲ့သူတွေ ရှိရင်... တပ်ကြပ် ကနေ စပြီး တာဝန်ထမ်းဆောင်ခွင့် ရှိတယ်... မင်းတို့ လူငယ်တွေထဲက ဘယ်သူတွေ လာချင်လဲ..."

စတုတ္ထမင်းသား က အာဏာသုံးပြီး လူတိုင်းကို ဝင်ရောက်ရမည်ဟု အတင်းအကျပ် မခိုင်းစေပေ။

ထိုအစား တိုင်ပင်ဆွေးနွေးသည့် လေသံဖြင့် မေးလိုက်သဖြင့် နေရာတွင် ရှိနေသူ အားလုံး မျက်နှာများလင်းလက်သွားကြ၏။

အခြားလူများက စဉ်းစားနေကြချိန်တွင် လင်ရှင်းကျစ် က ပထမဆုံး ရှေ့သို့ ထွက်လာသည်။

"စတုတ္ထမင်းသား က မငြင်းပယ်ဘူးဆိုရင်... အမတ်ချုပ်အိမ်တော် က လင်ရှင်းကျစ်... တော်ဝင်ချပ်ဝတ်စစ်တပ် ကို ကိုယ်တိုင် ဆန္ဒအလျောက် ဝင်ရောက်ပြီး တာ့ဝေ့ပြည် အတွက် ရှေ့တန်းကနေ တိုက်ပွဲဝင်ပါ့မယ်..."

သူ၏ မျက်နှာက တင်းမာပြတ်သားနေပြီး မျက်ဝန်းများကလည်း ယုံကြည်မှု အပြည့်ရှိနေကာ လေသံကလည်း ကောင်းကင်ပြာလို ရှင်းလင်းပြတ်သားနေသည်။

စတုတ္ထမင်းသား က အလွန် သဘောကျသွားပြီး ချက်ချင်းပင် သူ့ကို တွဲထူလိုက်ကာ ပြောလိုက်သည်။

"ကောင်းတယ်... အမတ်ချုပ်လင် ဆီမှာ မင်းလို မြေးမျိုး ရှိတာကို... အရင်က မကြားဖူးခဲ့ပါလား..."

လင်ရှင်းကျစ် က နှုတ်ဆိတ်နေလိုက်သည်။

ပထမအိမ်တော်၏ အရင်က အသံတိတ်နေခဲ့ရမှုများနှင့် ညီမဖြစ်သူ နန်းတွင်းတွင် တွေ့ကြုံနေရသော အခက်အခဲများကို တွေးမိလိုက်သောအခါ သူသည် ဘယ်တုန်းကမှ ယခုအချိန်လောက် ယုံကြည်ချက် မပြင်းထန်ခဲ့ဖူးပေ။

သူ၏ ပြတ်သားသော သဘောထားကို မြင်သောအခါ ဘေးနားရှိ ကျန်းဟွမ့်ချင်း ကလည်း ဒူးတစ်ဖက် ထောက်လိုက်၏။

"စတုတ္ထမင်းသား ကို ဂါရဝပြုပါတယ်... ရုံချန် မြို့စားအိမ်တော် က ကျန်းဟွမ့်ချင်း လည်း တော်ဝင်ချပ်ဝတ်စစ်တပ် ကို ကိုယ်တိုင် ဆန္ဒအလျောက်ဝင်ပြီး တာ့ဝေ့ပြည် အတွက် ရှေ့တန်းကနေ တိုက်ပွဲဝင်ပါ့မယ်..."

"ကောင်းတယ်... ကောင်းတယ်... နောက်ထပ် လူငယ်လေး တစ်ယောက်ပါလား..."

ကျန်းဟွမ့်ချင်း ၏ အခြေအနေကလည်း လင်ရှင်းကျစ် ထက် အများကြီး ပိုမကောင်းလှပေ။

ရှန်းကျင်းမြို့တော် ထဲတွင် ဤသို့ အချည်းနှီး အချိန်ကုန်နေမည့်အစား သူက စွန့်စားကြည့်ချင်သည်။

သူတို့နှစ်ယောက်လုံး၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို မြင်သောအခါ မိုးပြာရောင်အဖွဲ့မှ အခြားလူများ အများစုလည်း ဒူးထောက်လိုက်ကြပြီး တော်ဝင်ချပ်ဝတ်စစ်တပ် သို့ ဝင်ရောက်ရန် ဆန္ဒရှိကြောင်း ပြသလိုက်ကြသည်။

စတုတ္ထမင်းသား က သဘောတကျဖြင့် တဟားဟားရယ်မောလိုက်ပြီး—

"ဒီအမတ်ကြီး အမြင်မမှားခဲ့ဘူးပဲ... ကောင်းတယ်... ကောင်းတယ်..."

ထို့ကြောင့် နဂါးလှေ ပြိုင်ပွဲ ပြီးသွားသည့်အခါ မိုးပြာရောင်အဖွဲ့က နောက်ဆုံး အနိုင်ရသူ ဖြစ်သွား၏။

သူတို့ဟာ ပထမဆုကို ရသွားရုံသာမက အဖွဲ့သားတော်တော်များများကလည်း တော်ဝင်ချပ်ဝတ်စစ်တပ် သို့ ဝင်ခွင့် ရသွားကြသည်။

အနောက်မြောက်စစ်တပ်မှာ အပြင်ရန်သူများကို သွေးထွက်သံယို တိုက်ခိုက်ရသည်နှင့် ယှဉ်လျှင် ယခုနှစ်များအတွင်း အလယ်ပိုင်း ဒေသ၏ ငြိမ်းချမ်းရေးက အထက်တန်းလွှာများအတွက် တော်ဝင်ချပ်ဝတ်စစ်တပ်ဟာ အတွေ့အကြုံယူဖို့ နေရာကောင်း တစ်ခုအဖြစ် မြင်လာကြသည်။

အသက်အန္တရာယ်လည်း သိပ်မရှိဘဲ မိမိ၏ အနာဂတ်အတွက် တောက်ပသော လမ်းစတစ်ခုကို ရှာဖွေနိုင်သည် မဟုတ်လော။ ဘာလို့ မသွားဘဲ နေရမည်နည်း။

ထို့ကြောင့် တော်ဝင်ချပ်ဝတ်စစ်တပ် သို့ လူဆယ်ယောက်ကျော် ဝင်သွားသည့် သတင်းက ချက်ချင်း ပြန့်နှံ့သွားလေတော့သည်။

နန်းရင်းဝန်အိမ်တော် တွင်တော့ မင်းသမီးရုံခန့် က ဤသတင်းကို ပထမဆုံး သိရှိခဲ့သူ ဖြစ်သည်။

"ဒီ ပထမသခင်လေး က ဒီလောက်တောင် အမြင်ကျယ်မယ်လို့ မထင်ထားဘူး... စတုတ္ထမင်းသား ရှေ့မှာ မျက်နှာရသွားပြီဆိုတော့ ငါ ဝင်တားရင်တောင် ရမှာ မဟုတ်တော့ဘူး..."

အောက်ဘက်တွင် ထိုင်နေသည့် ဒုတိယသခင်မ သခင်မဝမ် ကတော့ ဒေါသထွက်နေသည်။

"တကယ်လို့ ပထမအိမ်တော် က ဒီဟာကြောင့် ရုတ်တရက်ကြီး နာမည်ရသွားမယ်ဆိုရင်... အန္တရာယ် မများဘူးလား... တခြားဟာတွေ မပြောနဲ့ဦး... ကျိုးကျယ်အာ နန်းတော်ထဲမှာ နေရတာ ခက်ခဲသွားလိမ့်မယ်... သူက လင်ဝမ်ယိ ဆိုတဲ့ ကောင်မလေးကို မနိုင်ဘူးဆိုရင်... ကျွန်မတို့က ကိုယ့်အန္တရာယ်ကိုယ် နန်းတော်ထဲ ပို့လိုက်သလို ဖြစ်မနေဘူးလား... အမေ... ဘယ်လို လုပ်ကြမလဲ..."

"ဘာတွေ လန့်နေတာလဲ..."

မင်းသမီးရုံခန့် က ကုတင်ပေါ်တွင် တည်ငြိမ်စွာ ထိုင်နေပြီး ဤကိစ္စအတွက် အနည်းငယ်မျှပင် မစိုးရိမ်နေပေ။

_______

All Chapters