သေအောင်ရယ်မည်
Vol. 48 Ch. 571
သူသည် ဒေါသထွက်ကာ ဖုန်းကို ဆတ်ခနဲ ကောက် ကိုင်လိုက်၏။တစ်ဖက်တွင် စကားပြောနေသူမှာ M နိုင်ငံ၏ ဆယ်ယူရေး ဗိုလ်မှူးချုပ်ကြီး ဖြစ်သော်လ ည်း သူ့လေသံမှာ တည်ငြိမ်မှု မရှိတော့ပေ။
ဆယ်ယူရေးတာဝန်ခံဗိုလ်ကြီးက ဒေါသတကြီး ခပ် ပြတ်ပြတ် ပြောချလိုက်သည်။
"ရှီးပဲ.ကိုသြဒိနိတ်တွေက လုံးဝမှားနေတာပဲ.. ကျွန် တော်တို့ နေရာအနှံ့ရှာပြီးပြီ ဒါပေမဲ့ ပင်လယ်ကြမ်း ပြင်မှာ အဲ့ဒီစစ်သင်္ဘောရဲ့ အရိပ်အယောင်တောင် မတွေ့ဘူးဗျာ.."
"ဘာ... ဘာပြောလိုက်တာလဲ.."
ဗိုလ်မှူးချုပ်ခဗျာ အံ့အားသင့်သွားပြီး ဗိုလ်ကြီး၏ရို င်းစိုင်းသော အပြောအဆိုကိုပင် သတိမထားမိတော့ ပေ။သူ့မျက်နှာမှာ ချက်ချင်းဆိုသလို ပျက်ယွင်းလာ ကာ စိုးရိမ်တကြီး ပြန်မေးလိုက်သည်။
"တကယ်ပဲ စစ်သင်္ဘောရဲ့ အရိပ်အယောင် ဘာတစ် ခုမှ မတွေ့ဘူးလို့ မင်း ပြောလိုက်တာလား.."
"ဘာတစ်ခုမှ မရှိတာပါ ဆရာ.. ကျွန်တော်တို့ရဲ့ ရေ အောက် ရှာဖွေရေးရေငုပ်ယာဉ်နဲ့ အချိန်အတော်ကြာ အောင် စေ့စေ့စပ်စပ် ရှာဖွေခဲ့ပေမဲ့ ဘာအစအနမှ မ တွေ့ခဲ့ရပါဘူး.."
"ရှာဖွေရေးဧရိယာကို ထပ်ချဲ့လိုက်ပါ..သဘောတူညီ ချက်အရ မီတာ ၅၀၀ အချင်းဝက်အတွင်း ငါတို့ ရှာ ဖွေခွင့်ရှိတယ် မဟုတ်လား.."
"ကျွန်တော်တို့က ရှာဖွေရေးဧရိယာကို ချဲ့ပြီးပါပြီ.. မီတာ ၅၀၀ အချင်းဝက်အတွင်းမှာလည်း ပိုက်စိပ်တို က် ရှာဖွေပြီးပါပြီ..ဒါပေမဲ့ စစ်သင်္ဘောက တကယ် ကို မရှိတာပါ.."
"ကိုသြဒိနိတ်တွေကရော တကယ်မှန်ရဲ့လား.."
ဆယ်ယူရေး တာဝန်ယူထားသည့် M နိုင်ငံမှ ဗိုလ်ကြီ းက အလေးအနက် ပြန်ဖြေလိုက်၏။
"ကိုသြဒိနိတ်တွေ မှားနိုင်ပါတယ် ဆရာ.. ဒါကို ကျွန် တော် အခု သံသယရှိနေပြီ.."
ဗိုလ်မှူးချုပ်သည် စိုးရိမ်စိတ်ဖြင့် အထက်အရာရှိမျာ း ပေးပို့ထားသော ကိုသြဒိနိတ်များကို အကြိမ်ကြိ မ် ပြန်လည်စစ်ဆေးနေမိသည်။သို့သော်လည်း မည် သည့်အမှားအယွင်းမျှ သူ ရှာမတွေ့ခဲ့ပေ။
သူ လုံးဝ အဖြေ ရှာမရနိုင်အောင် ဖြစ်နေ၏။
ပင်လယ်ကြမ်းပြင်သို့ နစ်မြုပ်သွားသည့် စစ်သင်္ဘေ ာကြီးတစ်စင်းလုံးမှာ လေထဲတွင် အငွေ့ပျံ ပျောက် ကွယ်သွားစရာ အကြောင်းမရှိပေ။ထို့ကြောင့် အထ က်လူများကသာ သြဒိနိတ်အမှားများ ပေးခဲ့ခြင်းသာ ဖြစ်မည်ဟု သူ တထစ်ချ တွေးလိုက်မိသည်။
မကြာမီမှာပင် M နိုင်ငံရေတပ်၏ ထိပ်တန်းအရာရှိ ကြီးများအားလုံး ထိုထူးဆန်းသော ဖြစ်ရပ်ကို သိသွ ားကြပြီး အရေးပေါ် အစည်းအဝေးကို ချက်ချင်း ခေါ်ယူ ကျင်းပလိုက်၏။
"ထောက်လှမ်းရေးဌာနက လူတွေ ဘာလုပ်နေကြတ ာလဲ.. ဒီလောက်အရေးကြီးတဲ့ ကိစ္စမှာ ဒီလိုအမှား မျိုး ဘယ်လိုဖြစ်ရတာလဲ.."
"ကိုသြဒိနိတ်တွေသာ မှားနေမယ်ဆိုရင် တစ်ကမ္ဘာ လုံးက ငါတို့ကို လှောင်ပြောင်ကြလိမ့်မယ်ကွ.."
အဆင့်မြင့်အရာရှိကြီးအချို့မှာ ဒေါသအလိပ်လိပ် ဖြင့် မကျေမနပ် အော်ငေါက်နေကြသည်။ထိုစဉ်မှာ ပင် Mနိုင်ငံ ရေတပ်ထောက်လှမ်းရေးဌာန၏ အကြီး အကဲ'ဂျွန်' သည် နဖူးတွင် ချွေးစက်များ တရွှဲရွှဲဖြင့် အစည်းအဝေးခန်းထဲသို့ အလောတကြီး ဝင်လာ၏။
ဂျွန်ကို မြင်သည်နှင့် အရာရှိကြီးတစ်ဦးက အပြစ်တ င်သည့်လေသံဖြင့် ငေါက်ငမ်းလိုက်သည်။
"ဂျွန်... မင်းတို့ ဘာဖြစ်နေကြတာလဲ ..ကိုသြဒိနိတ် တစ်ခုတောင် မှန်အောင် မလုပ်နိုင်တော့ဘူးလား.."
ထိုအဆင့်မြင့်အရာရှိ၏ ဒေါသတကြီး ဖိအားပေးမှု ကို ရင်ဆိုင်ရင်း ဂျွန်က မျက်နှာကို တည်နိုင်သမျှ တ ည်ထားကာ ပြန်လည် တုံ့ပြန်လိုက်၏။
"ဗိုလ်ချုပ်... ကျွန်တော်တို့ အကြိမ်ကြိမ်အခါခါ ပြန် စစ်ဆေးပြီးပါပြီ..ကိုသြဒိနိတ်တွေက လုံးဝမမှားပါ ဘူး..ကျွန်တော်တို့ရဲ့ စစ်သင်္ဘောဟာ အဲ့ဒီနေရာမှာပဲ တကယ် နစ်မြုပ်ခဲ့တာပါ.."
"ဘာ....."
"ကိုသြဒိနိတ်တွေက တကယ်မှန်တယ် ဟုတ်လား.."
အစည်းအဝေးခန်းထဲရှိ လူတိုင်း၏ အကြည့်များက ဂျွန်ထံသို့ စုပြုံ၍ ကျရောက်လာသည်။
"မင်း တကယ်ရော သေချာရဲ့လား"
တစ်ယောက်ချင်းစီ၏ မျက်လုံးများက ဤကဲ့သို့ မေးခွန်းထုတ်နေကြ သကဲ့သို့ပင်။
ထိုစဉ် အရာရှိတစ်ဦးက လှောင်ပြောင်သရော်သည့် လေသံဖြင့် မေးခွန်းထုတ်လိုက်၏။
"ဒါဆို... ငါတို့ရဲ့ စစ်သင်္ဘောကြီးက ကောင်းကင်ပေါ် ပျံတက်သွားတာလား.."
နောက်တစ်ယောက်ကလည်း ဝင်နောက်လိုက်ရာ အ စည်းအဝေးခန်းအတွင်း လှောင်ရယ်သံများ ထွက် ပေါ်လာပေသည်။
"မဟုတ်နိုင်ပါဘူး.ပင်လယ်ထဲက ငါးကြီးတစ်ကောင် ကိုက်ချီသွားတာပဲ ဖြစ်မှာပါ..ဟားဟားဟား."
သို့သော်လည်း ထိုရယ်သံများနောက်ကွယ်တွင် တင် းမာမှုများ ကပ်ပါနေသည်။အကြောင်းရင်းက ရိုးရှ င်းလှ၏။ကိုသြဒိနိတ်များသာ မှန်ကန်နေပါက ထိုမျှ ကြီးမားသည့် စစ်သင်္ဘောကြီးက အဘယ်ကြောင့် ပျောက်ဆုံးနေရသနည်း။
ရယ်သံများ တဖြည်းဖြည်း တိတ်ဆိတ်သွားချိန်တွင် မူ Mနိုင်ငံ ရေတပ်၏ တာဝန်ခံအရာရှိကြီးက လေ သံကို လျှော့ကာ အမိန့်ပေးလိုက်၏။
"ဂျွန်... ငါ့ကို ခိုင်လုံတဲ့ ရှင်းပြချက်ပေးစမ်း"
ဂျွန်သည် သူ့ နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ရင်း ပြင်ဆင်လာသည့် စာရွက်စာတမ်းများကို ဗိုလ်ချုပ် တစ်ဦးချင်းစီထံသို ဝေငှပေးလိုက်သည်။
သူက သေချာစွာ ရှင်းပြလိုက်၏။
"ကျွန်တော် ဘုရားသခင်ကို တိုင်တည်ပြီး ကျိန်ရဲပါ တယ်.. သြဒိနိတ်တွေက တကယ်ကို မှန်ပါတယ်.. ဒါ က ဂြိုဟ်တု တည်နေရာပြ ဓာတ်ပုံပါ.."
အရာရှိကြီးများက ထိုစာရွက်များကို အသေအချာ စစ်ဆေးကြည့်ရှုကြရင်း အခန်းထဲမှ လေထုမှာ ချက် ချင်း ပြောင်းလဲလာခဲ့သည်။အချက်အလက်များ အ ရ ကိုသြဒိနိတ်များမှာ အမှန်တကယ်ပင် တိကျနေ၏ ။
ခဏအကြာတွင်မူ အဆင့်မြင့်အရာရှိတစ်ဦးက စဥ်း စားကာ ပြောလိုက်သည်။
"ဒါဆို တစ်စုံတစ်ယောက်က ငါတို့ရဲ့ စစ်သင်္ဘောကို တိတ်တိတ်လေး ဆယ်ယူပြီး သယ်သွားတာများလာ း..."
အခြားတစ်ဦးကလည်း ဝင်ထောက်ခံလိုက်၏။
"ဒါ ဖြစ်နိုင်ခြေရှိတယ် နစ်မြုပ်သွားတဲ့ စစ်သင်္ဘော က ကမ္ဘာ့အဆင့်မြင့်ဆုံး ဒုံးပျံဖျက်သင်္ဘောပဲ.. သ င်္ဘောပျက်ဖြစ်နေရင်တောင် ဘယ်နိုင်ငံမဆို ဒါကို လိုချင်ကြမှာပဲ.."
သို့သော်လည်း ထောက်လှမ်းရေးအကြီးအကဲ ဂျွန် က ထိုမှန်းဆချက်ကို ချက်ချင်းပင် ငြင်းဆိုလိုက်သ ည်။
"ဒါက လုံးဝ မဖြစ်နိုင်သလောက်ပါပဲ.. ကျွန်တော်တို့ ရဲ့ ဂြိုဟ်တုတွေက အဲဒီနေရာကို ၂၄ နာရီပတ်လုံး စောင့်ကြည့်နေတာပါ..အခုထိ ဘယ်သင်္ဘောတစ်စီး မှ အဲဒီအနီးအနားကို ချဉ်းကပ်လာတာ မတွေ့ရသေး ပါဘူး.."
"သင်္ဘောတစ်စီးမှ မလာဘူးဆိုရင် ဆယ်ယူသွားတ ယ်ဆိုတာလည်း မဖြစ်နိုင်တော့ဘူးပေါ့"
"ဒါဆို ငါတို့ စစ်သင်္ဘောကြီးက ဘယ်ရောက်သွား တာလဲ.."
"တကယ်ပဲ ပျံသွားတာလား... ဒါမှမဟုတ် ပင်လယ် ထဲက ငါးကြီးကပဲ ဆွဲသွားတာလား..ဘုရားရေ... ဒါ က တန်ချိန်ထောင်ပေါင်းများစွာ ရှိတဲ့ စစ်သင်္ဘော ကြီးတစ်စင်းလုံးနော်.."
အစည်းအဝေးခန်းမအတွင်း၌ ချက်ချင်းပင်တိတ် ဆိတ်ငြိမ်သက်သွားပြီး စိတ်ပျက်မူများက လူတိုင်း ၏မျက်နှာများတွင် ပေါ်နေပေသည်။မိနစ်အနည်း ငယ်အကြာတွင်မူ အရာရှိတစ်ဦးက တိတ်ဆိတ်မှုကို ဖြိုခွင်း၍ အကြံတစ်ခု ပေးလိုက်၏။
"ဒါဆိုရင်... ကျွန်တော်တို့က ရှာဖွေရေးဧရိယာကို ထ ပ်ချဲ့ဖို့ လိုအပ်လိမ့်မယ်ထင်တယ်..ပေးထားတဲ့ ကို သြဒိနိတ်တွေမှာလည်း အမှားအယွင်း အနည်းငယ် ရှိနိုင်သလို.. သင်္ဘောနစ်မြုပ်ချိန်က ပင်လယ်ရေစီး ကြောင်းကလည်း အတော်လေး ပြင်းထန်နေတာပဲ နေမှာ..သူ ရေအောက်ကို နစ်မြုပ်သွားတဲ့ အရှိန်နဲ့ရေ စီးကြောင်းအရှိန် ပေါင်းလိုက်ရင် သင်္ဘောရဲ့ နောက် ဆုံးတည်နေရာက ပြောင်းလဲသွားနိုင်ပါတယ်..."
အခြားတစ်ဦးကလည်း ထိုအရာရှိ၏ စကားအား ထောက်ခံလိုက်သည်။
"ဟုတ်တယ်...ကိုသြဒိနိတ်ရဲ့ တည်နေရာ အပြောင်း အလဲက ဆယ်မီတာ.ဒါမှမဟုတ် မီတာအနည်းငယ် လောက်ပဲ ကွာဟနိုင်ပေမဲ့ အဓိကကတော့ ပင်လယ် ရေစီးကြောင်းပဲ..အဲဒီအချိန်တုန်းက ရေစီးကြောင်း ဘယ်လောက်အထိ အားကောင်းလဲဆိုတာကို ကျွန် တော်တို့ တိတိကျကျ မသိပါဘူး.."
"မှန်တယ်... ကျွန်တော်လည်း အဲဒီအတိုင်းပဲ ထင်တ ယ်..ပင်လယ်ရေစီးကြောင်းရဲ့ တွန်းကန်မှုအောက်မှာ စစ်သင်္ဘောကြီးတစ်စင်း ဖြည်းဖြည်းချင်း နစ်မြုပ် နေတုန်းမှာ မီတာရာနဲ့ချီပြီး ဘေးကို ရွေ့သွားတာ မျိုးက ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝပါပဲ.."
ထိုအချက်အား အစည်းအဝေးတက်ရောက်လာသူ အများစုက လက်ခံသဘောတူ လိုက်ကြ၏။
လူတိုင်း၏ စိတ်ထဲတွင်မူ စစ်သင်္ဘောကြီးသည် မည် သည့်နေရာမှ ပျောက်ကွယ်သွားခြင်းမရှိဘဲ ရေစီး ကြောင်းကြောင့် အနည်းငယ် ရွေ့လျားသွားခြင်းသာ ဖြစ်မည်ဟုသာ ယုံကြည်လိုက်ကြသည်။
နောက်ဆုံးတွင်မူ အဆင့်မြင့်အရာရှိကြီးများက ဆုံး ဖြတ်ချက်တစ်ခု ချလိုက်၏။ယခင်က သတ်မှတ် ထားသည့် ရှာဖွေရေးဧရိယာ မီတာ ၅၀၀ အချင်းဝ က် မှသည် မီတာ ၁,၀၀၀၊ ထိုမှတစ်ဆင့် မီတာ ၂,၀၀ ၀ အထိ အမြန်ဆုံး တိုးချဲ့ရှာဖွေရန် သဘောတူညီခဲ့ ကြပေသည်။
………..
M နိုင်ငံမှ ဆယ်ယူရေးသင်္ဘောပေါ်သို့ ရေငုပ်သမား နှစ်ဦး ရေထဲမှ ပြန်လည်တက်လာ၏။မီတာ ၂၀၀ ကျော်အနက်တွင် ရှာဖွေရခြင်းမှာ လွယ်ကူသည့် အ လုပ်မဟုတ်ပေ။
ရေအောက်သို့ ဆင်းချိန်တွင်သာမက ပြန်တက်လာ ချိန်တွင်လည်း ရေဖိအားအပြောင်းအလဲကြောင့် အ သက်အန္တရာယ်မရှိစေရန် အလွန်ဖြည်းညင်းစွာ သူ တို့က လှုပ်ရှားခဲ့ရသည်။
ထိုမျှမက ထိုကဲ့သို့ ရေအနက်ပိုင်းတွင် ရေငုပ်သမား တစ်ဦးအတွက် တစ်နေ့တာ လုပ်ငန်းခွင်ဝင်နိုင်သည့် အချိန်မှာလည်း အလွန်အကန့်အသတ်ရှိလှ၏။
ရေငုပ်သမားတစ်ဦးက လေးလံသော သတ္တုဦးထုပ် ကြီးကို ချွတ်လိုက်ရင်း အားအင်ကုန်ခမ်းစွာ မေးလို က်သည်။
"ဗိုလ်ကြီး... ကျွန်တော်တို့ ဘာမှမတွေ့သေးဘူး.. ရှာ ဖွေရေးဧရိယာကို ထပ်ချဲ့သင့်လား"
ဗိုလ်ကြီးက ခေါင်းကို အသာအယာခါယမ်းလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။
"ငါတိုက မီတာ ၅၀၀ အချင်းဝက်ထက် ကျော်လို့မ ရသေးဘူး..အခုတော့ ခဏရပ်ထားလိုက်ဦး. မင်း တို့.ရေထဲ ထပ်မဆင်းနဲ့တော့..အထက်က ညွှန်ကြား ချက်ကိုပဲ စောင့်ကြည့်ရအောင်.."
သူတို့အတွက် ဤသည်မှာ တစ်ခုတည်းသော နည်း လမ်းပင်။စစ်သင်္ဘောကို ရှာမတွေ့ခြင်းမှာ သူတို့၏ အမှားမဟုတ်ဘဲ အထက်ကပေးသော သြဒိနိတ်အမှ ားကြောင့်သာဖြစ်သည်ဟု သူတို့က ခံယူထားကြ သည်။
တစ်ဖက်တွင်မူ 'ဘလူးဝေးလ်' သင်္ဘောပေါ်၌ ကပ္ပ တိန်ရမ်ဇီကွမ်းက မှန်ပြောင်းကိုကိုင်ကာ Mနိုင်ငံသား တို့၏ လှုပ်ရှားမှုများအား စောင့်ကြည့်နေ၏။
ရေငုပ်သမားနှစ်ဦး တက်လာပြီးနောက် နောက်ထပ် ရေထဲသို့ ဆင်းမည့်သူ မရှိတော့သည်ကို မြင်လိုက်ရ သောအခါ သူ၏ နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ရှိ သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ထိုနေရာတွင် စစ်သင်္ဘောကြီး မရှိတော့သည်ကို သူ က ကြိုတင်သိရှိထားပြီးသား ဖြစ်၏။Mနိုင်ငံသား တို့မှာ အချည်းနှီးသာ ရှာဖွေနေရခြင်းဖြစ်၏။
ရမ်ဇီကွမ်းက ထိုလူများကို စောစောစီးစီး ပြန်သွား စေချင်နေသည်။အဘယ်ကြောင့်ဆိုသော် ထိုလူများ ပြန်သွားမှသာ သူ၏ 'ဘလူးဝေးလ်' သင်္ဘောသည် ရေတိမ်ပိုင်းနေရာမှာရှိနေသည့် သတ္တုချောင်းများ အား သွားရောက်သယ်ယူနိုင်မည် မဟုတ်ပေလော။
ထိုနေရာတွင် သတ္တုချောင်း တန်ချိန် ၂၀,၀၀၀ ကျေ ာ် ရှိနေ၏။ထိုမျှများပြားသော ရတနာများကို ဆယ် ယူရရှိမည့်အရေးကို တွေးကြည့်ရုံဖြင့်တင် သူ့ ရင် ထဲတွင် ကျေနပ်ပီတိ ဖြစ်နေရသည်။
Mနိုင်ငံဘက်မှ လှုပ်ရှားမှုများ ရပ်တန့်သွားသည်နှင့် ကပ္ပတိန်ရမ်ဇီကွမ်းကလည်း စောင့်ကြည့်နေသည့် မော်တော်ဘုတ်များကို ပြန်ခေါ်လိုက်ပြီး လူတိုင်းအာ း အနားယူရန် အမိန့်ပေးလိုက်သည်။
ကပ္ပတိန်ရမ်ဇီကွမ်းထံမှ သတင်းပို့ချက်ကို လက်ခံရ ရှိပြီးနောက် ဖုန်းကို ချလိုက်ကာ အောင်နိုင်သူ တစ်ဦ း၏ အပြုံးမျိူးဖြင့် လျူယောင် ပြုံးလိုက်၏။
အခြေအနေများက သူဖြစ်စေချင်သည့်အတိုင်း ဖြစ် လာခဲ့ပေသည်။
M နိုင်ငံဘက်က နောင်အနာဂတ်တွင် ဤကျွန်း၏ ရေမိုင် ၁၂ မိုင်အတွင်းသို့ စစ်သင်္ဘောများနှင့် မည် သည့်ရေယာဉ်မျှ စေလွှတ်ခြင်း မပြုတော့ပါဟု က တိကဝတ်ပြုထားခဲ့၏။
သို့သော်လည်း ထိုမျှအဖိုး တန်သော ကတိကို ပေးခဲ့ ရသည့်တိုင် သူတို့ရှာဖွေနေသည့် စစ်သင်္ဘောကြီး၏ အရိပ်အယောင်ကိုပင် မတွေ့ခဲ့ကြပေ။
"တကယ်ကို ရယ်စရာကောင်းတာပဲ ကွာ..ဟားဟား ဟား"
လျူယောင်က ကျေနပ်စွာ ရေရွတ်ရင်း အားရပါးရ ရယ်လိုက်မိသည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်သည့် Mနိုင်ငံသည် အဆင့်မြင့်နည်းပညာများ၊ ဂြိုလ်တုမျာ းနှင့် အင်အားများစွာကို အသုံးပြုခဲ့ကြသော် လည် း နောက်ဆုံးတွင်မူ ဘာမှမရှိသော ပင်လယ်ပြင်၌ လမ်းပျောက်ကာ အချည်းနှီးသာ ဖြစ်ခဲ့ရ၏။