လောဆန်ဘတ် ဒုတိယအကြိမ် ထပ်လာခြင်း
Vol. 48 Ch. 572
အကယ်၍သာ M နိုင်ငံကများက ထိုအဖြစ်မှန်ကို သိ သွားခဲ့လျှင် ထိုသူတွေ ဘယ်လိုများ တွေးကြမည်န ည်း။
တန်ချိန်ထောင်ပေါင်းများစွာ ရှိသည့် စစ်သင်္ဘောကြီ းက အခုဆိုလျှင် မူလနေရာကနေ ရေမိုင် ၁၀၀ ကွာ ဝေးသည့် ပင်လယ်ကြမ်းပြင်အောက်တွင် ရှိနေ၏။
ထိုသို့ ကြိုးမားသော အရာကြီးကို လိပ်ကြီးတစ်ကေ ာင်က သယ်သွားတယ်ဆိုသည့် အဖြစ်မှန်ကိုသာ ထိုလူတွေ သိလိုက်ရလျှင် M နိင်ငံမှ ထောက်လှမ်း ရေးများနှင့် ရေတပ်အရာရှိကြီးတွေပါ ရူးသွားနိုင် လောက်သည်။
လျူယောင်တစ်ယောက် ထိုသို့တွေးပြီး ကျေနပ်နေ စဉ်မှာပဲ တံခါးခေါက်သံကြောင့် သူ၏အတွေးစများ ပြတ်တောက်သွားခဲ့ရသည်။အတွင်းရေးမှူးဖြစ်သူက တံခါးကို တွန်းဖွင့်ဝင်လာကာ သတင်းပို့လိုက်၏။
"အလ်ဗာကုမ္ပဏီရဲ့ ဥက္ကဋ္ဌက ထပ်ပြီး လာတွေ့ချင် တယ်လို့ ကမ်းလှမ်းလာပါတယ် သူဋေး.."
"အော်. သူတို့ ထပ်လာပြန်ပြီပေါ့.."
ထိုလူတွေ ဤနေရာကိုလာသည်မှာ ရက်အနည်းင ယ်လောက်ပဲ ရှိသေးသော်လည်း ယခုတစ်ခါ ထပ်လ ာ လာရခြင်းမှာ အကြောင်းရင်း တစ်ခုတည်းကြော င့်ဆိုတာ လျူယောင် သိလိုက်သည်။
သူတို့၏ စစ်သင်္ဘောကြီးပျောက် နေသောကြောင့် ထိုလူတွေ ဇောချွေးပြန်နေကြပြီး ရှာဖွေရေးဧရိယာ ကို ထပ်မံတိုးချဲ့ခွင့် တောင်းချင်သည်မှာ သေချာလှ ၏။
လျူယောင်က ပြုံးလျက် အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်၏။
"သူတို့ လာချင်ရင်လည်း လာပါစေ... ငါ တွေ့လိုက် မယ်.."
"ဟုတ်ကဲ့ပါ သူဋေး..အခုပဲ အကြောင်းပြန်လိုက်ပါ့ မယ်ရှင့် "ပြောပြီးနောက် အတွင်းရေးမှူးမလေးလည် း ပြန်ထွက်သွားပေသည်။
နောက်တစ်နေ့ နံနက်ခင်းတွင်မူ အလ်ဗာကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယူနီဗာဆယ် လုပ်ငန်းစု ဆီသို့ အပြေးအလွှား ရောက်လာကြ၏။သူတို့တွင် အချိန်ဆွဲနေရန် အခွင့်အရေးမရှိပေ။
အဘယ်ကြောင့်ဆိုသော် သူတို့၏ ရှာဖွေရေး သင်္ဘေ ာကြီးမှာ ပင်လယ်ပြင်အလယ်တွင် စရိတ်စက အ ကုန်အကျများစွာဖြင့် သောင်တင်စောင့် ဆိုင်းနေရ သောကြောင့်ပင် ဖြစ်၏။
"မစ္စတာလျူ..ကျွန်တော်တို့ တစ်ခေါက် ထပ်ရောက် လာပါပြီဗျာ.."
တွေ့တွေ့ချင်းမှာပင် လောဆန်ဘတ်သည် လျူယော င်ကို ရင်းနှီးပျူငှာစွာ လက်ဆွဲနှုတ်ဆက်လိုက်သည် ။သို့သော်လည်း သူ့မျက်နှာမှာမူ အနည်းငယ် နီရဲနေ ပြီး ရှက်ရွံ့နေဟန် ပေါက်နေ၏။
လောဆန်ဘတ်က အားတုံ့အားနာဖြင့် ဝန်ခံလိုက်သ ည်။
"မစ္စတာလျူ... ကျွန်တော် ဒီကိစ္စအတွက်ပဲ ထပ်လာ ခဲ့တာပါ.. အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့ သ ဘောတူထားတဲ့ မီတာ ၅၀၀ အချင်းဝက်အတွင်း ရှာ ဖွေခဲ့ပေမဲ့... ဘာမှမတွေ့ခဲ့ရပါဘူး.."
လျူယောင်သည် အံ့သြသွားသည့်ဟန်ကို ပီပြင်စွာ သရုပ်ဆောင်လိုက်ရင်း ပြန်မေးလိုက်၏။
"အမ်... ဒီလိုဖြစ်နိုင်ပါ့မလား..ခင်ဗျားတို့ ကိုသြဒိနိ တ်တွေများ မှားနေတာလား.."
"မမှားနိုင်ပါဘူး"
လောဆန်ဘတ်က အလျင်အမြန်ပင် ငြင်းဆိုကာ ရှင် းပြလိုက်သည်။
"ကျွန်တော်တို့ သေချာ ခွဲခြမ်းစိတ်ဖြာကြည့်ပြီးပါပြီ ..ဖြစ်နိုင်တာကတော့ ပင်လယ်ရေစီးကြောင်းတွေ ကြောင့်ပါပဲ.. စစ်သင်္ဘောကြီးက ဖြည်းဖြည်းချင်း နစ်မြုပ်နေတုန်းမှာ ရေစီးကြောင်းရဲ့ တွန်းပို့မှုကြော င့် မူလနေရာကနေ မီတာ ၅၀၀ ထက် ကျော်လွန်ပြီး ရွေ့သွားတာမျိုး ဖြစ်နိုင်ပါတယ်.."
"သြော်... မီတာ ၅၀၀ အပြင်ဘက်ကို ရောက်သွားနို င်တာပေါ့လေ"
လျူယောင်က ထပ်မံ၍ အံ့သြဟန်ဆောင်လိုက်သေ ာ်လည်း သူ့ စိတ်ထဲတွင်မူ တဟားဟား ရယ်နေမိသ ည်။ပင်လယ်ရေစီးကြောင်းကြောင့် သင်္ဘောကြီးရွေ့ သွားသည်ဟု ယုံကြည်နေသော M နိုင်ငံသားများကို ကြည့်ပြီး သူ တကယ်ပင် ရယ်ချင်နေမိသည်။
မည်သို့ပင်ဖြစ်စေ…
လျူယောင်ကတော့ အမှန်တရားကို ဘယ်တော့မှ ပြောပြမည်မဟုတ်ပေ။သူတို့ဘာသာ သူတို့ မှားယွ င်းသော အတွေးများဖြင့် လမ်းပျောက်နေသည်ကို ကြည့်ပြီး ကျေနပ်နေမိ၏။
လောဆန်ဘတ်က ပြတ်သားစွာ ပြောလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ်... ဒီစစ်သင်္ဘောကို တွေ့အောင် ရှာပြီး ဆယ်ယူနိုင်ဖို့က ကျွန်တော်တို့အတွက် အရေး ကြီးဆုံးပါပဲ..မစ္စတာလျူ"
လျူယောင်က စိတ်ဝင်စားဟန်ဖြင့် လက်ဟန်ပြလို က်သည်။
"ဆက်ပြောပါဦး..."
"ကျွန်တော်တို့ ရှာဖွေရေးအချင်းဝက်ကို လက်ရှိသ တ်မှတ်ထားတဲ့ မီတာ ၅၀၀ ကနေ မီတာ ၂,၀၀၀ အ ထိ ချဲ့ထွင်ခွင့် ရချင်ပါတယ်.."
"ဒါပေမဲ့ မစ္စတာလောဆန်ဘတ်... ကျွန်တော်တို့ နယ် မြေကန့်သတ်ချက်အတွက် စာချုပ်ချုပ်ခဲ့တာ ရက်ပို င်းပဲ ရှိသေးတာလေ..အခုလို ချက်ချင်းကြီး ရှာဖွေ တဲ့ ဧရိယာ ချဲ့ဖို့ဆိုတာကတော့ နည်းနည်းတော့ ခက် မယ်ထင်တယ်.."
သူက သတိပေးသလိုလိုဖြင့် အကွက်ချလိုက်သည်။
လောဆန်ဘတ်ကလည်း ထိုတုံ့ပြန်မှုကို ကြိုတင်တွ က်ဆထားပြီးသားဖြစ်၍ ပြန်ပြောလာ၏။
"မစ္စတာလျူ... ခင်ဗျားဘက်က အခုလို နယ်ပယ် ချဲ့ ပေးမယ်ဆိုရင် ကျွန်တော်တို့ဘက်က ထိုက်တန်တဲ့ လျော်ကြေးတချို့ ပေးဖို့ အသင့်ပါပဲ.."
"လျော်ကြေး ဟုတ်လား.."
လျူယောင် စိတ်ထဲတွင်မူ ကျေနပ်ပီတိဖြစ်ကာ တ ဟားဟား ရယ်မောနေမိသည်။လျော်ကြေးပေးမည် ဆိုလျှင် သူက ငြင်းစရာ အကြောင်းမရှိပေ။
ရှာဖွေရေးနယ်ပယ်ကို မီတာ ၂,၀၀၀ မကလို့ မီတာ ၃,၀၀၀ အထိ ချဲ့ခွင့်ပေးလိုက်လျှင်ပင် စစ်သင်္ဘော ကြီးကို ထိုလူတွေ တွေ့နိုင်မည်မဟုတ်သလို သူသိမ်း ထားသော သတ္တုချောင်းများရှိရာနှင့်လည်း အလှမ်း ဝေးနေသေးသည်။
လျူယောင်က မတတ်မသာ ဖြစ်နေသည့်ဟန်ဆော င် လိုက်ပြီး အေးအေးဆေးပင် မေးလိုက်၏။
"ဧရိယာ ချဲ့ဖို့ကတော့ စဉ်းစားပေးလို့ ရနိုင်ပါတယ် ဒါပေမဲ့... ခင်ဗျားတို့ဘက်က ဘယ်လိုလျော်ကြေး မျိုး ပေးမှာလဲ.."
ရှာဖွေခွင့်ရတော့မည့် မျှော်လင့်ချက်ရောင်ခြည် မြင် လိုက်ရသဖြင့် လောဆန်ဘတ် ဝမ်းသာသွားပြီး သူ က ကမ်းလှမ်းလိုက်၏။
"ရှာဖွေမှုဧရိယာကို မီတာ ၂,၀၀၀ အချင်းဝက်အထိ ချဲ့ပေးဖို့အတွက် ကျွန်တော်တို့က ဒေါ်လာ သန်း ၂၀ လျော်ကြေးပေးပါ့မယ်.."
"အမ် ဒေါ်လာ သန်း ၂၀ တည်းလား.."
လျူယောင်က လှောင်ပြုံးတစ်ချက် ပြုံးလိုက်မိသ ည်။
‘အစ်ကိုကြီးရာ... ကျွန်တော်က ဒီဒေါ်လာသန်း ၂၀ လောက်ကို မက်မောနေတဲ့သူများ ထင်နေလား.. M နိုင်ငံစစ်တပ်က ကမ္ဘာပေါ်မှာ အသုံးစရိတ် အများဆုံ းလို့ နာမည်ကြီးပေမဲ့ တကယ်တမ်းကျတော့ ဘာ လို့ ဒီလောက်တောင် တွန့်တိုနေရတာလဲဗျာ..’
လျူယောင် စိတ်ထဲမှ တိတ်တိတ်လေး ရေရွတ်လို က်၏။
အခြားသူများအတွက်မူ ဒေါ်လာသန်း ၂၀ မှာ မက် လောက်စရာ ပမာဏဖြစ်နိုင်သော်လည်း လျူယော င်အတွက်မူ ဂရုစိုက်စရာပင် မဟုတ်ပေ။
ငွေတောင်လိုပုံနေသော သူ့အတွက်က ထိုပမာဏမှာ မုန့်ဖိုးအဆင့်သာ ရှိနေသည်။လျူယောင်က လောဆ န်ဘတ်ကို စူးစိုက်ကြည့်ရင်း ပြန်ပြောလိုက်၏။
"မစ္စတာဘတ်... ကျွန်တော်တို့ ယူနီဗာဆယ် လုပ်ငန်း စုရဲ့ တစ်နေ့တာ ဝင်ငွေ ဘယ်လောက်ရှိလဲဆိုတာ ခ င်ဗျား သိပုံမရဘူးနော်.."
လောဆန်ဘတ်မှာ ချက်ခြင်းဆိုသလို မျက်နှာနီရဲသွ ားသည်။ယူနီဗာဆယ်၏ တစ်နေ့ ဝင်ငွေမှာ ဘီလီ ယံနှင့်ချီ၍ ရှိနေသည်ဖြစ်ရာ သူကမ်းလှမ်းသော သ န်း ၂၀ မှာ လျူယောင်အတွက် အပိုအလုပ် ရှုပ်စေမ ည့် ပမာဏသာ ဖြစ်နေ၏။
လောဆန်ဘတ်က လက်လျှော့သည့်ဟန်ဖြင့် ပြော လိုက်သည်။
"မစ္စတာလျူ... ဒါဆိုရင်လည်း ခင်ဗျားပဲ သင့်တော် မယ့် ဈေးနှုန်းကို သတ်မှတ်လိုက်ပါလား.."
ထိုအခါမှသာ လျူယောင်က သူ ကြိုတင် စောင့်ဆိုင် းနေသည့် အတိုင်း ပြတ်သားစွာ ပြောလိုက်၏။
"ကောင်းပြီ..ခဗျားတို့က. ရှာဖွေမှုအချင်းဝက်ကို မီ တာ ၂,၀၀၀ အထိ ချဲ့ချင်ရင် ဒေါ်လာ ၁ ဘီလီယံ.. အကယ်၍ မီတာ ၁,၀၀၀ အချင်းဝက်ပဲ ဆိုရင်တော့ ထက်ဝက်လျှော့ပြီး ဒေါ်လာ သန်း ၅၀၀ ပေးရမယ်. . ငွေရော က်ပြီးတာနဲ့ ရှာဖွေရေးအတွက် ငါးရက် အ ချိန်ပေးမယ်.. ဒါပဲ.."
"ဘာ..ဒေါ်လာ ၁ ဘီလီယံ ဟုတ်လား.."
"မီတာ ၁,၀၀၀ အတွက်တောင် သန်း ၅၀၀ တဲ့လား.."
လောဆန်ဘတ်၏ မျက်နှာမှာ ချက်ချင်းဆိုသလို ပျ က်ယွင်းသွားပြီး ခေါင်းကိုသာ အဆက်မပြတ် ခါယ မ်းနေမိသည်။သို့သော်လည်း လျူယောင်၏ လေသံ မှာမူ ကျောက်စာတိုင်ကဲ့သို့ ခိုင်မာလှ၏။
"ဒီဈေးနှုန်းကနေ တစ်ဒေါ်လာတောင် ကျွန်တော် လျှော့မှာ မဟုတ်ဘူး"
အခြေအနေက စစ်တုရင်ပွဲတွင် 'အပိတ်' ခံလိုက်ရ သကဲ့သို့ ဖြစ်နေသဖြင့် လောဆန်ဘတ်က ခွင့်တော င်း လိုက်ရ၏။
"မစ္စတာလျူ...ဒါဆို ခဏလောက် အချိန်ပေးပါ လားကျွန်တော် အထက်ကို ဖုန်းဆက်ပြီး ညွှန်ကြား ချက် အရင်တောင်းခံရပါမယ်ဗျာ.."
လျူယောင်က လက်ကို ဝှေ့ယမ်းပြရင်း သက်သော င့်သက်သာပင် ပြန်ဖြေလိုက်သည်။
"ရပါတယ်... ဘေးက အနားယူခန်းမှာ ခဗျားအေး အေးဆေးဆေး ဖုန်းပြောပါ..ကျွန်တော် မိနစ်နည်းန ည်း စောင့်ပေးပါ့မယ်.."
လောဆန်ဘတ်သည် ဘေးမှ အနားယူခန်းထဲသို့ အ ပြေးအလွှားဝင်သွားပြီး M နိုင်ငံ ရေတပ်၏ ထိပ်တန် းအရာရှိကြီးများထံသို့ အခြေအနေအား အစီရင်ခံ လိုက်၏။
ဒေါ်လာ ဘီလီယံနှင့်ချီသော အပေးအယူမှာ ရေတပ် အရာရှိကြီးများ၏ ဆုံးဖြတ်ချက်ပေါ်တွင်သာ လုံး လုံး လျားလျား မူတည်နေပေသည်။
မိနစ်အနည်းငယ်မျှ ကြာပြီးနောက် လောဆန်ဘတ် သည် အနားယူခန်းထဲမှ ပြန်ထွက်လာသည်။
"မစ္စတာလျူ... ကျွန်တော်တို့ရဲ့ အဆင့်မြင့် အရာရှိ တွေက ဒီကိစ္စကို အသေးစိတ် ဆွေးနွေးဖို့ အချိန်အန ည်းငယ် ယူရပါအုံးမယ်.. အဖြေတစ်ခု ထွက်လာမှပဲ ကျွန်တော်တို့ ထိုင်ပြီး ဆက်လက်ညှိနှိုင်းကြတာ အ ကောင်းဆုံးဖြစ်မှာပါ.."
လျူယောင်က သဘောထားကြီးဟန်ဖြင့် ခေါင်းညိ တ်ပြလိုက်၏။
လောဆန်ဘတ်နှင့် အဖွဲ့ ထွက်ခွာသွားပြီးနောက် လျူယောင်သည် သူ့ ရုံးခန်းသို့ ပြန်လာကာ သက် တောင့်သက်သာရှိသော ဆိုထာပေါ်တွင် ထိုင်ရင်း ခ ပ်တိုးတိုး ရယ်မောမိသည်။
"ဒေါ်လာ ၁ ဘီလီယံတဲ့လား... ငါ တောင်းလိုက်တဲ့ ဈေးက M နိုင်ငံကို လိမ်တာလို့များ သတ်မှတ်နိုင်မ လား.. ဘာပဲဖြစ်ဖြစ်လေ... သူတို့ဆီမှာ ငွေတွေက ပုံ နေတာပဲကို.ဟဲဟဲ.."
တကယ်၍သာ ထိုငွေ ၁ ဘီလီယံကို ရခဲ့လျှင် သူ၏ ကျွန်းငယ်လေးကို တည်ဆောက်ရန်အတွက် ရန်ပုံ ငွေမှာ လုံလောက်သည်ထက် ပိုသွားပေလိမ့်မည်။ ဆိုလိုသည်မှာ ကျွန်းတစ်ကျွန်းလုံးကို သူ၏ ကိုယ်ပို င်ငွေ တစ်ပြားမှ မကုန်ဘဲ M နိုင်ငံစစ်တပ်၏ ပိုက်ဆံ ဖြင့် အခမဲ့ တည်ဆောက်လိုက်သကဲ့သို့ပင်။
နေ့တစ်ဝက်ခန့် ကုန်ဆုံးသွားချိန်တွင်မူ လောဆန်ဘ တ်တို့အဖွဲ့သည် ယူနီဗာဆယ် လုပ်ငန်းစုသို့ တစ်ခေါ က် ပြန်ရောက်လာကြသည်။ဤတစ်ကြိမ်တွင်မူ သူ တို့၏ မျက်နှာများမှာ ပို၍ တည်ကြည်လေးနက်နေ ၏။
နောက်ဆုံး၌ နှစ်ဦးနှစ်ဖက်လုံးက ရှာဖွေရေးနှင့် ဆ ယ်ယူရေးအချင်းဝက်ကို ၂ ကီလိုမီတာ (မီတာ ၂,၀၀ ၀) အထိ တိုးချဲ့ရန် ဒေါ်လာ ၁ ဘီလီယံ ပေး ချေရန် နှင့် ၅ ရက်တာ အချိန်ပေးရန်တို့ကို သဘော တူညီခဲ့ ကြသည်။
စာချုပ်ကို အတိအကျ လက်မှတ်ရေးထိုးပြီးနောက် လျူယောင်က သူ၏ ရပ်တည်ချက်အား ထပ်မံပြသ လိုက်သည်။
သူသည် Mနိုင်ငံသားတို့ကို လုံးဝ မယုံကြည်ပေ။ ထို့ကြောင့် ငွေစာရင်းထဲသို့ ငွေအပြည့် ရောက်လာမှ သာ ရှာဖွေရေးလုပ်ငန်းစဉ်များကို စတင်ခွင့်ပြုမည် ဟု ပြတ်ပြတ်သားသား ပြောလိုက်၏။
M နိုင်ငံ အတွက်မူ ဒေါ်လာ ၁ ဘီလီယံမှာ များပြား သော ပမာဏဖြစ်သော်လည်း ဒေါ်လာဘီလီယံပေါင် း များစွာ တန်ဖိုးရှိသည့် ဒုံးပျံဖျက်သင်္ဘောကြီး အ ခြားနိုင်ငံများ၏ လက်ထဲသို့ ရောက်ရှိသွားမည့် အ ရေးကိုသာ ပို၍ စိုးရိမ်နေကြသည်။
ထို့အပြင် သင်္ဘောနှင့်အတူ နစ်မြုပ်သွားသည့် စစ် သည်တော်များ၏ ရုပ်အလောင်းများကို ပြန်လည် ဆယ်ယူရန်မှာလည်း သူတို့၏ ဂုဏ်သိက္ခာနှင့်ဆိုင် သော တာဝန်တစ်ခု ဖြစ်နေ၏။
ထို့ကြောင့်ပင် စာချုပ်ချုပ်ဆိုပြီး နှစ်နာရီအတွင်းမှာ ပင် ဒေါ်လာ ၁ ဘီလီယံမှာ လျူယောင်၏ ဘဏ်စာရ င်းထဲသို့ တစ်ပြားမကျန် ရောက်လာခဲ့သည်။
ငွေဝင်လာကြောင်း အချက်ပေးသံကို ကြားလိုက်ရ သည်နှင့် လျူယောင်က ဖုန်းကို ကောက်ကိုင်ကာ ကပ္ပတိန်ရမ်ဇီကွမ်းထံသို့ ဆက်သွယ်လိုက်၏။
"ငါ့ဆီမှာ ဒေါ်လာ ၁ ဘီလီယံ ဝင်လာပြီ.. အခုချိန်က စ ပြီး သူတို့ရဲ့ ရှာဖွေရေးနယ်ပယ်ကို မီတာ ၂,၀၀၀ အချင်းဝက် အထိ ချဲ့ပေးလိုက်တော့.. ဒီနေ့ကစပြီး ငါးရက် အချိန်ပေးထားတယ်.."
ဖုန်းတစ်ဖက်မှနေ၍ လျူယောင်ကို အတိုင်းထက်အ လွန် ကပ္ပတိန်ရမ်ဇီကွမ်းက လေးစားနေမိ သည်။
စကားပြောရုံသက်သက်ဖြင့် နှစ်နာရီ အတွင်း ဒေါ် လာ ၁ ဘီလီယံကို အေးအေးဆေးဆေး ရယူနိုင်သ ည့် သူ့ သူဋေးမှာ တကယ့်ကို ကြောက်စရာကောင်း လောက်အောင် ပါးနပ်လှပေသည်။
ကပ္ပတိန်ရမ်ဇီကွမ်းက လေးစားစွာ ပြန်ပြောလိုက်၏ ။
"ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော် နားလည်ပါ ပြီ သူဋေး သူတို့ကို အနီးကပ် ဆက်ပြီး စောင့်ကြည့် သွားပါ့မယ်..ထူးခြားတာရှိရင်တော့ အမြန်ဆုံး အစီ ရင်ခံပါ့မယ်ခဗျ.."