← Chapters

လေထဲပျံသွားတာလားကွာ

Vol. 48 Ch. 573

လေထဲပျံသွားတာလားကွာ

Vol. 48 Ch. 573

M နိုင်ငံမှ ဆယ်ယူရေးသင်္ဘောကြီးပေါ်တွင်မူ သ င်္ဘောသားများက တစ်နေ့လုံးနီးပါးကို ငြီးငွေ့စဖွယ် စောင့်နေခဲ့ရသည်။ 'ဘလူးဝေးလ်' သင်္ဘော၏ အချိ န်ပြည့် စောင့်ကြည့်မှုအောက်တွင် ရှိနေခြင်းက သူ တို့အတွက် ခက်ခဲလှသလို စိတ်အနှောင့်အယှက်လ ည်း အတော်ဖြစ်ရသည်။

​"ဒါက အဓိပ္ပာယ်မရှိဘူး... အကြာကြီး စောင့်နေရပြီ .. ငါတို့ ပြန်သွားရင် ပိုကောင်းမယ်ထင်တယ်"

​သင်္ဘောသားများစွာမှာ တစ်ယောက်တစ်ပေါက် ည ည်းတွားတိုင်ကြားနေကြ၏။

တာဝန်ခံဗိုလ်ကြီးကမူ နာရီကို အကြိမ်ကြိမ်ကြည့်ရ င်း သူ့မျက်နှာကလည်း မကြည်မလင် ဖြစ်နေသည်။ သူကိုယ်တိုင်လည်း စိတ်ဓာတ်ကျနေသလို အဝေး ကြီး ကနေ လာခဲ့ရသမျှ အချည်းနှီး ဖြစ်နေရသည့် အတွက် အမြန်ဆုံးသာ သူ ပြန်သွားချင်နေမိသည်။

​သို့သော်လည်း သူ၏ တာဝန်သိစိတ်ကမူ ထိုသို့ လုပ် ရန် ခွင့်မပြုပေ။ပင်လယ်အောက်ခြေတွင် နစ်မြုပ် နေသည့် စစ်သင်္ဘောကြီးကို မည်သည့်နည်းနှင့်မဆို ရှာဖွေဆယ်ယူရန်က သူ၏ အဓိကတာဝန် မဟုတ် ပေလော။

"တီ..တီ..တီ.."

​ထိုသို့ စိတ်ညစ်ညူးနေစဉ်အတွင်း ဖုန်းမြည်သံ ထွ က် ပေါ်လာ၏။ဖုန်းပြန်ဖြေပြီးနောက်တွင်မူ ဗိုလ်ကြီး ၏ မျက်နှာမှာ ချက်ချင်းပင် ပြောင်းလဲလာသည်။

သူ၏ ခြေထောက်များ နာကျင်နေမှုမှာပင် ပျောက် ကွယ်သွားသလို ခံစားလိုက်ရပြီး ထိုသို့ စိတ်ဓာတ် တက်ကြွမှုနှင့်ဆိုလျှင် ၆ ထပ်တိုက်ကိုပင် အမောမ ပန်းဘဲ ပြေးတက်နိုင်တော့မည်ဟု သူ ထင်ရသည်။

​သူက သင်္ဘောသားများအားလုံး ကြားနိုင်လောက် သည့် အသံကျယ်ကြီးဖြင့် အမိန့်ပေးလိုက်သည်။

​"ကောင်လေးတို့... ငါတို့ အလုပ်ပြန်စလို့ရပြီ.. အခုပဲ အမိန့်ကျလာပြီ..ငါတို့ရဲ့ ရှာဖွေရေးအချင်းဝက်ကို မီတာ ၂,၀၀၀ အထိ ချဲ့လိုက်ပြီကွ.."

​"ဘုရားသခင်ရေ... ကျေးဇူးတင်လိုက်တာဗျာ.."

​ရှာဖွေရေးဧရိယာကို မီတာ ၂,၀၀၀ အထိ ချဲ့ခွင့်ရပြီ ဟူသော သတင်းကြောင့် Mနိုင်ငံသင်္ဘော သားများ မှာ ဝမ်းသာအားရ ဟစ်အော်လိုက်ကြသည်။၎င်းသ ည် သူတို့အတွက်မူ ပိတ်မိနေသော လှောင်အိမ်ထဲမှ လွတ်မြောက်ခွင့်ရလိုက်သကဲ့သို့ပင်။

​သို့သော်လည်း ထိုဝမ်းသာမှုမှာ ခဏတာသာ ဖြစ်နေ ၏။

အလုပ်စတင်သည်နှင့် တစ်ပြိုင်နက် တစ်ဖက်သ င်္ဘောများ၏ စောင့်ကြည့်မှုကို ခံနေရခြင်းက သူတို့ အတွက် ဆူးတစ်ချောင်းလို စိတ်အနှောင့်အယှက် ဖြ စ်နေပြန်သည်။

မဝေးသောနေရာမှာရှိသည့် 'ဘလူးဝေးလ်' နှင့် 'ကေ လာဝေးလ်' သင်္ဘောများပေါ်မှ လူများသည် မှန်ပြော င်းများဖြင့် သူတို့၏ လှုပ်ရှားမှုတိုင်းကို စူးစမ်းနေကြ ပြီး မော်တော် ဘုတ်များကလည်း သူတို့၏ ဆယ်ယူ ရေးသင်္ဘောပတ်ပတ်လည်တွင် ​ရှိနေကြ၏။

​"တကယ်ကို စိတ်ပျက်ဖို့ကောင်းတာပဲကွာ.ချီးပဲ.."

သင်္ဘောသားတစ်ဦးက တိုးတိုးလေး ကျိန်ဆဲလိုက် သော်လည်း လက်တွေ့တွင်မူ မည်သူမျှ တစ်ဖက်လူ များကို ရန်စရဲခြင်း မရှိကြပေ။

​"ကဲ... ညည်းတွားနေတာတွေ ရပ်လိုက်ကြ.. အချိန်မ ဖြုန်းဘဲ အလုပ်လုပ်ကြစို့..ရေငုပ်ယာဉ်ကို အခုချက် ချင်း ရေထဲချလိုက်.."

​အလုပ်ရှုပ်ပြီးနောက် သူတို့၏ အဆင့်မြင့် ရေငုပ်ယ ာဉ်သည် ပင်လယ်ရေအောက်သို့ တိုးဝင်သွားကာ ရေအောက်မှ အခြေအနေများအား သင်္ဘောပေါ်ရှိ ထိန်းချုပ်ခန်းသို့ တိုက်ရိုက်ပေးပို့လိုက်၏။

​ထိန်းချုပ်ခန်းအတွင်း၌ လူတိုင်းမှာ အသက်ရှူရန်ပင် မေ့လျော့နေသကဲ့သို့ ကွန်ပျူတာမျက်နှာပြင်အား စူ းစိုက်ကြည့်နေကြသည်။ မျက်နှာပြင်ပေါ်ရှိ မီတာ ၂,၀၀၀ အချင်းဝက်ရှိသော စက်ဝိုင်းကြီးအတွင်း၌ အလင်းမှတ်လေးတစ်ခုက လမ်း ကြောင်းများဆွဲက ာ လှုပ်ရှားနေ၏။

ထိုအလင်းမှတ်လေးသည် သူတို့၏ တစ်ခုတည်း သော မျှော်လင့်ချက်ဖြစ်သည့် ရေငုပ်ယာဉ်ပင် ဖြစ် သည်။

​သူတို့သည် ပင်လယ်ကြမ်းပြင်၏ လက်မတိုင်းကို သေချာစွာ စစ်ဆေးရှာဖွေနေကြ၏။အချိန်မှာ တစ် မိနစ်ချင်းစီ ကုန်ဆုံးသွားခဲ့ပေသည်။အစပိုင်းတွင်မူ အားလုံး၏မျက်နှာတွင် အကောင်းမြင်စိတ်များ ရှိ နေသော်လည်း ရှာဖွေရေးဧရိယာ တစ်ဝက်ခန့်အထိ ရောက်လာသည့်တိုင် ဘာအစအနမှ မတွေ့ရသေး သောအခါ မျက်နှာများက တစ်ယောက်ပြီးတစ်ယေ ာက် ပျက်ယွင်းလာကြ၏။

မီတာ ၂,၀၀၀ အချင်းဝက်ရှိသည့် ဧရိယာသည် ကျ ယ်ဝန်းသည်ဟု ဆိုနိုင်သော်လည်း ခေတ်မီရေငုပ်ယ ာဉ်တစ်စင်းအတွက်မူ သေးငယ်သည်ဟုလည်း ပြေ ာ၍ရသည်။ တစ်နာရီကျော်မျှ အချိန်အတွင်းမှာပင် ရေငုပ်ယာဉ်သည် သတ်မှတ်ထားသော ဧရိယာ၏ တစ်ဝက်နီးပါးအား ပိုက်စိပ်တိုက် ရှာဖွေပြီးခဲ့၏။

သို့သော်လည်း ရလဒ်ကတော့ သုညပင်။

​"ငါတို့ရဲ့ စစ်သင်္ဘောကြီး..ဘယ်လို ပျောက်သွား ရ တာ လဲဟ"

​"ဘုရားသခင်ရေ... ကယ်မတော်မူပါ..ကျွန်တော်တို့ ကို အဲဒီစစ်သင်္ဘောကြီး အမြန်ဆုံး တွေ့ခွင့်ပေးပါဗျ ာ “

​

အချို့သော သင်္ဘောသားများမှာမူ ရင်ဘတ်ပေါ်တွင် လက်ဝါးကပ်တိုင်ပုံစံပြုလုပ်ကာ ဘုရားသခင်ထံ တို းတိုးလေး ဆုတောင်းနေကြသည်။ထိန်းချုပ်ခန်း အတွင်းရှိ လေထုမှာမူ လေးလံထိုင်းမှိုင်းနေပြီး လူ တိုင်း၏မျက်နှာများပေါ်တွင် စိတ်ပျက်အားငယ်မူ များ အထင်အသား ပေါ်လွင်နေ၏။

​နောက်ထပ် မိနစ် ၂၀၊ ၃၀ ခန့် အချိန်ကုန်လွန်သွားချိ န်တွင်မူ တစ်ဦးက မနေနိုင်တော့ဘဲ စိတ်ပျက်လက် ပျက် မေးလိုက်၏။

"​ဗိုလ်ကြီး... အခုထိ ဘာအစအနမှ မတွေ့ရသေးဘူး ကျွန်တော်တို့ တကယ်ပဲ ဆက်ရှာသင့်သေးရဲ့လား..”

​တာဝန်ခံဗိုလ်ကြီး၏ မျက်နှာတစ်ခုလုံး ပျက်ယွင်း နေသော်လည်း အံကို တင်းတင်းကြိတ်ကာ အော်ဟ စ်လိုက်သည်။

"ဆက်ရှာစမ်း..မျှော်လင့်ချက် တစ်စွန်းတစ်စ ရှိနေ သရွေ့ ငါတို့ အရှုံးပေးလို့မရဘူး.."

​

အခြားသူများက မသိကြသော်လည်း သူကတော့ ကောင်းကောင်းသိနေသည်။ဤရှာဖွေရေးဧရိယာကို မီတာ ၅၀၀ မှ မီတာ ၂,၀၀၀ သို့ တိုးချဲ့ရန်အတွက် သူတို့အစိုးရက ဒေါ်လာ ၁ ဘီလီယံ တိတိကို လျူ ယောင့်လက်ထဲသို့ ထိုးထည့်ပေးခဲ့ရသည် မဟုတ် ပေလော။

​"ဒီလို ရှာခွင့်ရဖို့ ၁ ဘီလီယံတောင် ကုန်ထားတာကွ”

​ဤကဲ့သို့ များပြားသည့် ငွေပမာဏကို သုံးထားပြီး မှ ဘာမှမရဘဲ လက်လျှော့ပြန်သွားဖို့ဆိုသည်မှာ သူ ၏ ရာထူး၊ သူ၏ဂုဏ်သိက္ခာနှင့် သူ၏အသက် မွေး ဝမ်း ကျောင်းပါ ပြုတ်သွားနိုင်သည့် ကိစ္စ ဖြစ်နေသ ည်။

ထို့ကြောင့်ပင် သူသည် မီတာ ၂,၀၀၀ အတွင်းရှိ ပင် လယ်ကြမ်းပြင်အား တစ်လက်မ မကျန် ရှာပြီး သ ည့် တိုင် လက်လျှော့ရန် စိတ်ကူး မရှိခဲ့ပေ။

​မီတာ ၂,၀၀၀ အချင်းဝက်အတွင်း ပိုက်စိပ်တိုက် ရှာ ဖွေမှုများမှာ နာရီပေါင်းများစွာ ကြာမြင့်လာခဲ့သည်။ ရေမိုင် ၁၀ ကျော်အကွာတွင် အသင့်စောင့် ဆိုင်းနေ သည့် M နိုင်ငံမှ စစ်သင်္ဘောအုပ်စုကြီးမှာလည်း သ တင်းကောင်းအား စိတ်မရှည်စွာ စောင့်မျှော်နေကြ သည်။

အရာရှိတစ်ဦးက ညည်းတွားလိုက်၏။

​"ငါတို့ ရှာနေတာ နာရီပေါင်းများစွာ ရှိနေပြီ..ဘာလို့ သတင်းတစ်စမှ မကြားရသေးတာလဲ.."

အခြားတစ်ဦးကလည်း ဝင်၍ ထောက်ခံလိုက်သည် ။

​"ဆယ်ယူရေးလုပ်ငန်းတွေတောင် စနေလောက်ပြီ ထင်ပါတယ်..ဒီလောက်အချိန်ဆိုရင် စစ်သင်္ဘောရဲ့ တည်နေရာကို ရှာတွေ့ဖို့ လုံလောက်နေပြီပဲ.."

​ထိုစကားများကို ကြားလိုက်ရသောအခါ ဗိုလ်မှူးချု ပ်မှာ ပို၍ စိတ်မရှည်ဖြစ်လာသည်။ဆယ်ယူရေး အ ဖွဲ့၏ ဗိုလ်ကြီးထံမှ မည်သည့်သတင်းမျှ ရောက်မလ ာခြင်းမှာ သူ့ကို အလေးမထားရာ ရောက်နေသည် ဟု သူက ယူဆလိုက်သည်။

​"ရှစ်.. မင်းတို့ ငါ့ကို အလေးမထားကြဘူးလား.."

​ဒေါသထွက်နေသော ဗိုလ်မှူးချုပ်သည် ဖုန်းကို ဆတ် ခနဲကောက်ကိုင်ကာ ဆယ်ယူရေးသင်္ဘောပေါ်ရှိ ဗိုလ် ကြီးထံ ဆက်သွယ်လိုက်၏။တစ်ဖက်မှ ဗိုလ်ကြီး ဘ ာမှမပြောရသေးခင်မှာပင် ဗိုလ်မှူးချုပ်က အဆူအ ဆဲများဖြင့် စတင်လိုက်ပြီးနောက် အသံနက်ကြီးဖြ င့် မေးလိုက်သည်။

​"မင်းတို့ ဆယ်ယူရေးကိစ္စ ဘယ်လိုရှိလဲ.. အစီအစဉ် တွေရော အပြီးသတ်နိုင်ပြီလား.."

​သူသည် "စစ်သင်္ဘောကို တွေ့ပြီလား" ဟုတောင် မ မေးခဲ့ပေ။ဤမျှကြာမြင့်သော အချိန်အတွင်း ရှာ တွေ့ပြီးသား ဖြစ်ရမည်ဟု သူက အပိုင်တွက်ထားခဲ့ ခြင်းဖြစ်၏။သို့သော်လည်း ဖုန်းတစ်ဖက်မှ ပြန်ကြ ားလိုက်ရသော အဖြေကြောင့် ထိုဗိုလ်မှူးချုပ်၏ မျ က်နှာမှာမူ ကျောက်ရုပ်ကဲ့သို့ တောင့်တင်းသွားခဲ့သ ည်။

​"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.."

​"တကယ်ပဲ လေထဲ အငွေ့ ပျံသွားတာလားကွာ.."

​ဗိုလ်မှူးချုပ်သည် ဖုန်းကိုကိုင်ထားရင်း အချိန်အတေ ာ်ကြာအောင် မှင်သက်နေမိသည်။ဖုန်းချပြီးနောက် တွင်ပင် သူ့ဦးနှောက်က ဖြစ်ပျက်နေသမျှကို လက် မခံနိုင်သေးပေ။

မီတာ ၂,၀၀၀ အတွင်းရှိ ပင်လယ်ကြမ်းပြင်တစ်ခု လုံးကို တစ်လက်မ မကျန် လှန်လှောရှာ ဖွေခဲ့သော် လည်း စစ်သင်္ဘောကြီး၏ အရိပ်အယောင်ပင် မတွေ့ ရခြင်းမှာ ကမ္ဘာကျော်သည့် ပဟေဠိတစ်ခု ဖြစ်နေ၏ ။ပြင်းထန်သော ရေစီးကြောင်းများ ရှိနေလျှင်ပင် မီ တာ ရာဂဏန်းထက် ပိုမရွေ့နိုင်သည်မှာ သိပ္ပံနည်း ကျ အချက်အလက်ပင် မဟုတ်ပေလော။

​

နှစ်ရက်အကြာတွင် M နိုင်ငံမှ ရှာဖွေရေးအဖွဲ့များသ ည် စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားကြသည်။ စစ်သင်္ဘောလည်း မတွေ့၊ လျော်ကြေးပေးလိုက်ရ သော ဒေါ်လာ ၁ ဘီလီယံမှာလည်း ရေထဲတွင် အရ ည်ပျော်သွားသကဲ့သို့ ဘာတစ်ခုမှ ပြန်မရလိုက်ဘဲ အချည်းနှီးသာ ဖြစ်ခဲ့ရ၏။

​'

ဘလူးဝေးလ်' သင်္ဘောပေါ်မှ ကပ္ပတိန်ရမ်ဇီကွမ်းသ ည် မှန်ပြောင်းကိုကိုင်ကာ Mနိုင်ငံမှ ဆယ်ယူရေးသ င်္ဘောကြီး မြင်ကွင်းမှ ပျောက်သွားသည်အထိ စော င့်ကြည့်နေခဲ့၏။ထို့နောက် သူက လျူယောင်ထံသို့ ဖုန်းဆက်၍ သတင်းပို့လိုက်သည်။

​"သူတို့ ထွက်သွားတာ ကောင်းတာပဲ..ငါတို့လည်း အ နှောင့်အယှက်ကင်းကင်းနဲ့ အလုပ်လုပ်လို့ ရပြီ.."

လျူယောင်က ဖုန်းထဲမှတစ်ဆင့် အေးအေးဆေး ဆေး တုံ့ပြန်လိုက်သည်။

"မင်းရဲ့ နောက်ထပ်တာဝန်ကတော့ အဲဒီသတ္တုချော င်းတွေကို အမြန်ဆုံး ဆယ်ယူဖို့ပဲ.."

​မီးခိုးနက်ရောင် သတ္တုချောင်း တန်ချိန် ၂၀,၀၀၀ ကျော်မှာ သူတို့အတွက် နှစ်ရှည် အသုံးပြုဖို့လုံလော က်မည့် ရတနာသိုက်ကြီးတစ်ခု ဖြစ်နေပေသည်။

........

​ပင်လယ်နက်ပိုင်းရှိ အာကာသယာဉ်ပျက်ကြီး၏ အ နီးတွင်မူ...

'လိပ်ကြီး'တို့အဖွဲ့သည် နန်းတော်ကြီးတစ်ခုအတွင်း စားသောက်ပွဲ ကျင်းပနေသကဲ့သို့ ခန့်ညားစွာ အစာ စားနေကြသည်။သူတို့ အစားအစာမှာ အခြားမဟု တ် တန်ချိန် ၂၀၀ မှ ၃၀၀ ခန့် ရှိသည့် ဧရာမရေဘဝဲ ကြီးများ ဖြစ်ကြသည်။ထိုရေဘဝဲကြီးများကိုမူ 'နဂ ါးနက်' တို့က ရေနက်ပိုင်းချိုင့်ဝှမ်းကြီးများထဲမှ ရှာ ဖွေကာ ဖမ်းဆီးလာကြခြင်းဖြစ်၏။

​တန် ၃၀၀ ခန့်ရှိသည့် ရေဘဝဲကြီးတစ်ကောင်ကို အ ားရပါးရ စားသောက်ပြီးနောက် လိပ်ကြီးက စိတ် ပျက်လက်ပျက် ရေရွတ်လိုက်သည်။

"ဒီရေဘဝဲတွေက အရသာရှိပေမဲ့... နေ့တိုင်းစားနေရ တော့လည်း ငြီးငွေ့လာပြီ..ငါ အရသာအသစ် တစ်ခု ခု ပြောင်းစားချင်တယ်ကွာ.."

​ထိုအခါ နဂါးနက်က အနီးသို့ ချဉ်းကပ်လာပြီး ခပ် တိုးတိုးလေး ပြောလိုက်၏။

"အကိုကြီး.. ကျွန်တော် နေရာသစ်တစ်ခု တွေ့ထား တယ်..အဲဒီမှာလည်း ရေနက်ပိုင်းချောက်နက်ကြီး တစ်ခု ရှိတယ်.. အထဲမှာတော့ ကြီးမားတဲ့ အရာတ စ်ခုခု ရှိနေပုံရတယ်ဗျ.."

လိပ်ကြီးက စိတ်ဝင်တစား မေးလိုက်သည်။

​"ဟမ်... ဟုတ်လို့လား"

​"ဟုတ်တယ်အကိုကြီးရ.. လွန်ခဲ့တဲ့ ရက်ပိုင်းက မီးခို းနက်ရောင် သတ္တုချောင်းတွေကို ကျွန်တော် သယ် နေတုန်း လမ်းမှားပြီး ရောက်သွားတာ..အဲဒီချောက် နက်ထဲမှာ အကြီးဆုံးအကောင်ကို ကျွန်တော် ရေး ရေးလေး မြင်ခဲ့ရတယ်"

​နဂါးနက်၏ ပြောပြမူကြောင့် လိပ်ကြီးမှာမူ စိတ် လှုပ်ရှားလာကာ မျက်လုံးများ တောက်ပလာ၏။

"ကောင်းပြီ... အခု လမ်းပြစမ်း..အဲဒီမှာ ဘာတွေရှိ နေမလဲဆိုတာ ငါတို့ ခုချက်ချင်း သွားကြည့်ကြတာ ပေါ့.."

All Chapters