← Chapters

မရူံးနိမ့်နိုင်သော

Vol. 48 Ch. 574

မရူံးနိမ့်နိုင်သော

Vol. 48 Ch. 574

လိပ်ကြီးက ရုတ်တရက်ဆိုသလိုပင် စိတ်လှုပ်ရှား လာခဲ့သည်။

နေ့စဉ်နှင့်အမျှ ဧရာမရေဘဝဲများကိုသာ စားနေရသ ည်မှာ သူ့အတွက်မူ ရိုးအီနေချေပြီ။အရသာသစ်ကို ကြိုက်သူတစ်ဦးပီပီ နဂါးနက်၏ ပါးစပ်ဖျားမှ ကြား လိုက်ရသော "ကြီးမားသည့်အကောင်" က သူ့အား ဆွဲဆောင်နေ၏။

​လိပ်ကြီးက ဧရာမလှံကြီးကို ကိုင်ကာ ခရီးစတင်ရန် ပြင်လိုက်သည်။နဂါးနက်ကလည်း လမ်းပြတစ်ယေ ာက် အဖြစ် ရှေ့မှ လျင်မြန်စွာ ကူးခတ်နေ၏။နဂါး နက်၏ ငယ်သားမှာမူ ကျန်ရစ်ခဲ့ပြီး သူ့ တာဝန်ဖြစ် သည့် ပစ္စည်းသယ်ဆောင်ရေးအလုပ်ကိုသာ ဆက် လုပ်နေပေသည်။

​ထိုငယ်သားသည် သတ္တုများအား အကြိမ်ကြိမ် သ ယ်ဆောင်ပြီးနောက် အလုပ်တွင် ကျွမ်းကျင်နေခဲ့၏ ။အာကာသယာဉ်၏ ဂိုဒေါင်ကြီးအတွင်းမှ သတ္တု ချောင်းအမျိုးမျိုးကို ကျွန်းဘေးရှိ ရေတိမ်ပိုင်းနေရာ သို့ မည်သို့ရွှေ့ပြောင်းရမည်ဆိုသည်အား သူ ကောင် းကောင်း နားလည်နေခဲ့သည်။

​လိပ်ကြီးနှင့် နဂါးနက်တို့သည် လျင်မြန်စွာ ကူးခတ် နေကြသော်လည်း လိပ်ကြီးကမူ နှေးကွေးနေသည် ဟု ခံစားရသဖြင့် အဆက်မပြတ် တိုက်တွန်းနေ၏။

​"မြန်မြန်ကူးစမ်းပါကွာ...မင်း ပိုမြန်မြန် သွားစမ်း.."

​"အကိုကြီးကလည်းဗျာ... ဒါ ကျွန်တော့်ရဲ့ အရှိန်အ ကုန်ပဲ..ဒီထက်တော့ ပိုမမြန်နိုင်တော့ဘူးဗျ"

နဂါးနက်က ဝမ်းနည်းစွာ ပြန်ပြောရှာသည်။

​ဧရာမသတ္တဝါကြီးနှစ်ကောင်သည် ရေအောက်မီတာ ၁၀၀ အနက်တွင် တစ်နာရီလျှင် ရေမိုင် ၁၀၀ နော့ နူန်းဖြင့် ကူးခတ်နေကြ၏။ပုံမှန်အားဖြင့် ဤအရှိန် မှာ အလွန်မြန်သည်ဟု ဆိုနိုင်သော်လည်း စားချင်စိ တ် စောနေသည့် လိပ်ကြီးအတွက်မူ လိပ်သွားနှုန်း ကဲ့သို့ပင် နှေးကွေးနေဆဲဖြစ်နေသည်။

လိပ်ကြီး၏ စိတ်အာရုံမှာ နဂါးနက် ပြောပြထားသ ည့် ချောက်နက်ကြီးဆီသို့သာ ကြိုရောက်နေ၏။

ထိုအမှောင်ထုထဲတွင် ကိန်းအောင်းနေမည့် ဧရာမသ တ္တဝါကြီးများကို သူ မြင်ယောင်နေမိသည်။အမှန်အ တိုင်းဆိုရလျှင် ထိုကောင်ကြီးများကို မြင်ချင်ရုံတင် မကဘဲ သူတို့၏ အရသာမှာ မည်မျှထူးကဲမည်နည်း ဟုသာ လိပ်ကြီးက အာသာငမ်းငမ်း ဖြစ်နေ၏။

​

​နာရီအနည်းငယ်အတွင်း ရေကြောင်းမိုင် တစ်ထောင် နီးပါးကို လျင်မြန်စွာ ကူးခတ်လာပြီးနောက် နဂါးန က်ကြီးက အရှန်တန့်လိုက်ပြီး တောင်းပန်လိုက်သည် ။

​"ကျွန်တော် ဆက်မသွားနိုင်တော့ဘူး အကိုကြီးရာ.. အရမ်းပင်ပန်းနေပြီ..ခဏလောက် နားကြရအောင် ဗျာ.."

​

လိပ်ကြီးကမူ ပင်ပန်းရကောင်းမှန်းပင် မသိသေးဘဲ ခန္ဓာကိုယ်အတွင်း စွမ်းအင်များ တက်ကြွနေဆဲ ဖြစ် ၏။

​ရှေ့သို့ ဆက်တိုးရန် ခွန်အားမရှိတော့ဘဲ တုန်ယင်နေ သည့် နဂါးနက်ကို ကြည့်ကာ လိပ်ကြီးက စိတ်မရှည် သော်လည်း အလျှော့ပေးလိုက်ရသည်။

​"ကောင်းပြီ... ဒါဆို ခဏနားကြတာပေါ့.. ရောက်ဖို့ က သိပ်မဝေးတော့ဘူးမို့လား.."

​"ဟုတ်ကဲ့... မဝေးတော့ပါဘူး.ရေမိုင် တစ်ရာတောင် မရှိတော့ပါဘူး.."

​နဂါးနက်ဆီမှ "မဝေးတော့ဘူး" ဆိုသည့် စကားကို ကြားလိုက်ရသည်နှင့် လိပ်ကြီးမှာ ပို၍ပင် စွမ်းအင် များ ပြည့်နှက်လာသလို ခံစားလိုက်ရသည်။သူသ ည် မိနစ်အနည်းငယ်မျှသာ နဂါးနက်ကို အနားပေး ပြီးနောက် ရှေ့ဆက်တိုး၍ ကူးခတ်လာခဲ့၏။

မိနစ်သုံးဆယ် လေးဆယ်ခန့် ကူးခတ်ပြီးနောက် န ဂါးနက်သည် ရေအနက်ပိုင်းသို့ ထိုးဆင်းလာရင်း လှမ်းပြောလိုက်သည်။

​"အကိုကြီး ရှေ့နားတင်ပဲဗျ.."

​ထိုစကားကို ကြားသည်နှင့် လိပ်ကြီးသည် နဂါးနက် ၏ လမ်းပြမှုကိုပင် မစောင့်နိုင်တော့ဘဲ ရှေ့ ကနေ လျင်မြန်စွာ ကူးခတ်လာ၏။သူက ရေအ နက် မီတာ ၁၀၀ မှသည် ရာဂဏန်း ထိုမှတစ်ဆင့် မီတာ ၁၀၀၀ ကျော်အထိ လျင်မြန်စွာ ဆင်းလာခဲ့သည်။

​မီတာ ၄၀၀၀ ကျော် အနက်သို့ ရောက်ရှိချိန်တွင်မူ လိပ်ကြီးနှင့် နဂါးနက်တို့သည် မှောင်အတိကျနေ သော ပင်လယ်ကြမ်းပြင်သို့ ရောက်လာကြသည်။သူ တို့ရှေ့တွင် ကြီးမားလှသော ချောက်နက်ကြီး အမှန် တကယ်ပင် ရှိနေ၏။

လိပ်ကြီး၏ ထူးခြားသော အာရုံခံနိုင်စွမ်းသည် မီတ ာ ၁၀၀၀ အကွာအဝေးအထိ ရောက်နေသော် လ ည်း ထိုချောက်ကြီး၏ အကျယ်နှင့် အနက်ကိုမူ ခန့်မှ န်းရန်ပင် ခက်ခဲနေခဲ့သည်။

​သိသာထင်ရှားသည်မှာ ထိုချောက်နက်ကြီးသည် အ ကျယ် မီတာ ၁၀၀၀ ထက်မကရှိသလို မူလပင်လ ယ်ရေပြင်အနက် မီတာ ၄၀၀၀ နှင့် ပေါင်းလိုက်ပါက စုစုပေါင်း အနက်မှာ မီတာ ၅၀၀၀ ထက်ပင် နက်ရှိုင်း နေပေလိမ့်မည်။

​

​လိပ်ကြီးသည် တွန့်ဆုတ်ခြင်းမရှိဘဲ သူ၏ဧရာမလှံ ကြီးကို ကိုင်ကာ ချောက်နက်ကြီးထဲသို့ ရဲရဲဝံ့ဝံ့ ကူး ဝင်လာသည်။နဂါးနက်မှာမူ အဝေးကနေသာ လိုက် လာခဲ့ရသည်။

​ရေအနက်က တဖြည်းဖြည်း ပို၍ တိုးလာ၏။မကြာ မီမှာပင် လိပ်ကြီး၏ အာရုံခံစက်ကွင်းအတွင်းသို့ ဧ ရာမ ပုံသဏ္ဌာန်ကြီးတစ်ခု ဝင်လာခဲ့သည်။၎င်းသည် နဂါးနက် ပြောသည့် အကောင်ကြီးပင် ဖြစ်ပေလိမ့် မည်။

​ပေ ၁၀၀ ကျော် ရှည်သည့် ထိုသတ္တဝါကြီးသည် ရေ အောက်တွင် အေးအေးလူလူ ကူးခတ်နေပြီး လိပ် ကြီး ရောက်နေသည်အား ထိုအကောင်ကြီးက သ တိမမူမိသေးပေ။

​လိပ်ကြီးသည် ရေလှိုင်းအသံပင် မထွက်ဘဲ တိတ်တိ တ်လေး ချဉ်းကပ်လာခဲ့သည်။ပေ ၃၀၀၊ ၄၀၀ ခန့်အ ကွာသို့ ရောက်သောအခါ လိပ်ကြီးသည် ခေတ္တရပ် တန့်လိုက်ပြီး ရှေ့မှ ဧရာမမိကျောင်းကြီးကို အကဲခ တ်ကာ ကြည့်လိုက်၏။

ထိုသတ္တဝါကြီး၏ အရွယ်အစားမှာ လိပ်ကြီးထက် ပို မိုကြီးမားပုံရပြီး ခန့်မှန်းခြေ အလေးချိန်မှာ တန် ၂၀ ၀၀ ထက်မနည်း ရှိနိုင်ပေသည်။

အသွင်အပြင်အားဖြင့် ရိုးရိုးမိကျောင်းနှင့် ကိုးဆယ် ရာခိုင်နှုန်းကျော် တူညီသော်လည်း ၎င်းက သာမန်မိ ကျောင်းတစ်ကောင်အား အဆပေါင်းများစွာ ပုံကြီး ချဲ့ထားသည့် ဧရာမ သတ္တဝါဆိုးကြီးသဖွယ် ရှိနေသ ည်။

​ထိုသတ္တဝါသည် လူသားတို့ လုံးဝ မသိသေးသည့် မျိုးစိတ်သစ်တစ်ခုဖြစ်ပြီး ရေအောက် ၅ ကီလိုမီ တာမှ ၆ ကီလိုမီတာခန့် အနက်ရှိသော ထိုချောက်န က်ကြီးထဲတွင် အခြေချနေထိုင်နေခြင်း ဖြစ်လောက် ၏။

​ကြောက်စရာအကောင်းဆုံးမှာ သူ၏ ဧရာမပါးစပ် ကြီးပင် ဖြစ်သည်။ခန္ဓာကိုယ်အရှည်၏ လေးပုံတစ် ပုံခန့် ရှိသော ထိုပါးစပ်ကြီးသည် အနည်းဆုံးပေ ၃၀၊ ၄၀ ခန့် ရှည်လျားလှသည်။ထိုပါးစပ်ကြီး၏ ကိုက်နို င်စွမ်းမှာ ကြောက်စရာကောင်းလွန်းလှ၏။

​လိပ်ကြီးက စိုးရိမ်တကြီး တွေးလိုက်မိလိုက်သည်။

"အကယ်၍သာ ငါနဲ့ နဂါးနက်သာ ဒီကောင်ကြီးနဲ့ ထိ ပ်တိုက်ရင်ဆိုင်ရရင်... နောက်ဆုံးမှာ ဘယ်သူနိုင်မ လဲဆိုတာတောင် မသေချာဘူး.."

​

​တစ်ချိန်တည်းမှာပင် ရုံးခန်းထဲ၌ လျူယောင် အေး အေးလူလူ ကော်ဖီသောက်နေစဉ် လိပ်ကြီး အသံအ ား သူ့ စိတ်အာရုံထဲမှ ကြားလိုက်ရ၏။သူ့လက်ထဲမှ ကော်ဖီခွက်ကို ချက်ချင်းချလိုက်ပြီး အိမ်မွေးတိရ စ္ဆာန်ချပ်ပြားအား လျူယောင် အမြန် ဖွင့်ကြည့်လို က်သည်။

​မြေပုံပေါ်တွင် လိပ်ကြီး၏ တည်နေရာကို ပထမဆုံး သူ မြင်လိုက်ရ၏။သူက ကျွန်းနှင့် သိပ်မဝေးလှဘဲ တည့်တည့်တိုင်းပါက ရေကြောင်းမိုင် ၂၀၀ မှ ၃၀၀ ခန့်သာ ကွာဝေးသော နေရာတွင် ရှိနေပေသည်။

​လျူယောင်သည် ချပ်ပြားမှတစ်ဆင့် ချောက်နက် ကြီးအတွင်း ရောက်နေသော လိပ်ကြီးကို ရှင်းလင်း စွာ မြင်နေရသည်။လိပ်ကြီး၏ ရှေ့မလှမ်းမကမ်းတွ င်မူ ထိတ်လန့်စရာ ဧရာမမိကျောင်းကြီးတစ်ကောင် ရှိနေ၏။

​"ဘုရားရေ... ဒါက တကယ့်ကို စူပါဧရာမမိကျောင်း ကြီးပဲ.."

​ထိုမျှ ကြောက်စရာကောင်းသည့် မိကျောင်းကြီးကို မြင်လိုက်ရသောအခါ စိတ်ထဲတွင် အတိတ်က Fast ကုမ္ပဏီကို လျူယောင် ပြန်လည် သတိရမိလိုက်သ ည်။

ထိုစဉ်က Fast ကုမ္ပဏီတွင် ဧရာမမိကျောင်း နှစ် ကောင် ရှိခဲ့ဖူးသည်။တစ်ကောင်မှာ ပေ ၇၀ ခန့်ရှိပြီး နောက်တစ်ကောင်မှာ ပေ ၁၀၀ နီးပါး ရှည်လျားသေ ာ်လည်း ထိုနှစ်ကောင်လုံးကိုမူ လိပ်ကြီးက အနိုင် ယူသတ်ဖြတ်ခဲ့ဖူး၏။

​သို့သော်လည်း ယခု သူ့ ရှေ့မှ မိကျောင်းကြီးမှာမူ အရင်ကကောင်များနှင့် လုံးဝမတူပေ။၎င်းက ပိုမို ကြီးမားကာ ပို၍လည်း ကြောက်စရာကောင်းလှသ ည်။အလျား ပေ ၁၅၀ မှ ၁၆၀ ခန့်အထိ ရှည်လျား ပြီး အလေးချိန်မှာ တန် ၂၀၀၀ ကျော်ရှိရာ လိပ်ကြီး ထက်ပင် ပိုမို ကြီးမားနေပေသည်။

​လျူယောင်၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာ သည်။

"အရင်က Fast ကုမ္ပဏီရဲ့ မိကျောင်းတွေက လူသား တေတွေ မျိုးဗီဇပြုပြင်ထားတဲ့ အကောင်တွေလို့ပဲ ငါ ထင်ခဲ့တာ..ဒါပေမဲ့ အခုတော့ အဲဒီလို မဟုတ်နိုင် လောက်ဘူး.."

​မိကျောင်းများသည် ထိုချောက်နက်ကြီးဖြင့် တစ်န ည်းနည်း ဆက်စပ်မှုရှိနိုင်ပြီး ဤနေရာမှပင် ပေါက်ဖွ ားလာခဲ့ကြသည်လောဟု သူ သံသယဝင်မိလိုက်သ ည်။

​အန္တရာယ်၏ အနံ့အသက်ကို ခံစားမိသော လျူ ယောင်က လိပ်ကြီးကို သတိပေးလိုက်၏။

​"ငါ့ကောင်ကြီး... သတိထားဦးနော်.. ဒီကောင်က အ ရင်ကကောင်တွေလို မဟုတ်ဘူး..ရင်ဆိုင်ရတာ တေ ာ်တော်ခက်ခဲလိမ့်မယ်.."

​လိပ်ကြီးကမူ အကြောက်အလန့်မရှိဘဲ ခိုင်မာသော လေသံဖြင့် ပြန်ပြောလိုက်သည်။

​"စိတ်မပူပါနဲ့ သခင်ရ..ဒီကောင်ကြီးကို ကျွန်တော့်ရဲ့ လက်နက်သစ်က ဘယ်လောက် အစွမ်းထက်တယ် ဆိုတာ မြည်းစမ်းခိုင်းလိုက်ပါဦးမယ်.."

အကွာအဝေးက နီးကပ်လွန်းလှသဖြင့် ဧရာမမိကျေ ာင်းကြီးသည် နောက်ဆုံးတွင် လိပ်ကြီးကို သတိပြု မိ သွား၏။သူက အမြီးကြီးကို တစ်ချက်ခါယမ်းကာ ခန္ဓာကိုယ်ကို လျင်မြန်စွာ လှည့်လိုက်ပြီး လိပ်ကြီးရှိ ရာသို့ ထိပ်တိုက် ရင်ဆိုင်ရန် ပြင်လိုက်၏။

​ထိုမျှကြီးမားသော သတ္တဝါမျိုးကို လိပ်ကြီးတစ်သ က်တွင် တစ်ခါမျှ မမြင်ဖူးချေ။

သို့သော်လည်း လိပ်ကြီးသည် နောက်ဆုတ်ပြေးမ ည့်အစား နေရာတွင်ပင် ရပ်ကာ အသင့်စောင့်နေလို က်၏။ဧရာမမိကျောင်းကြီး၏ မျက်လုံးများမှ အေး စက်သော အလင်းရောင်များ ထွက်ပေါ်နေပြီး မဖိတ် ခေါ်ဘဲ ရောက်လာသည့် ဧည့်သည်တော် လိပ်ကြီး အား စူးစိုက်ကြည့်နေပေသည်။

​

လိပ်ကြီးကမူ သူ့ရှေ့မှ ဧရာမသတ္တဝါကြီးကို အကဲခ တ်ရင်း စိတ်ထဲမှ ရွေရွတ်လိုက်၏။

​"လခွမ်း..တကယ့်ကို ကြီးတာပဲဟ.. ငါ အဝအပြဲ စာ းလို့ရနိုင်တဲ့ အရွယ်ပဲ..ဒါပေမဲ့ သူ့အသားက ဘယ် လိုအရသာမျိုး ရှိမလဲဆိုတာ ငါမသိသေးဘူး. စိတ်ဝ င်စားဖို့ကောင်းတယ် ဟီးဟီး.."

​အကယ်၍သာ ထိုမိကျောင်းကြီးသည် လိပ်ကြီး၏ အတွေးကို သိသွားပါက ဒေါသတကြီးဖြင့် အားကုန် ခုန်သုံး၍ တိုက်ခိုက်မည်မှာ မြေကြီး လက်ခတ်မလွဲ ပေ။

​

​လိပ်ကြီးက အသာစီးရယူရန်အတွက် အရင်ဆုံးလှုပ် ရှားလိုက်သည်။သူ၏ "အရှိန်ပြင်း အပြေးစွမ်းရည် " ကို သုံးကာ ရေအောက်တွင် နပုံရိပ်ယောင်များကျန် သည်အထိ အလျင်အမြန် ထိုးစစ်ဆင်လိုက်၏။

​သူ၏ ဧရာမလှံဖျားကြီးကိုမူ မိကျောင်းကြီး၏ ဦး ခေါင်းတည့်တည့်သို့ ချိန်ရွယ်ကာ လျှပ်စီးတမျှ မြန် ဆန်သော အရှိန်ဖြင့် ပြေးဝင်လာ၏။

မိကျောင်းကြီးသည်လည်း အန္တရာယ်ကို ကြိုတင်ခံ စားမိသညဖြင့် ဦးခေါင်းကို လှည့်၍ ရှောင်တိမ်းရန် ကြိုးစားသော်လည်း သူ ဘာမှ မတတ်နိုင်ခဲ့ပေ။

လိပ်ကြီး၏ အရှိန်က မြန်လွန်းလှသဖြင့် ထိုအကော င်ကြီး တုံ့ပြန်ရန်ပင် အချိန်မရလိုက်ချေ။

​“ဘုန်း..”

​

အသံကျယ်ကြီးနှင့်အတူ ဧရာမလှံဖျားကြီးသည် မိ ကျောင်းကြီး၏ ဦးခေါင်းထဲသို့ တိတိကျကျ ထိုးဖေ ာက်သွား၏။ထိုမိကျောင်းကြီး၏ ဦးခေါင်းခွံသည် ကျောက်သားကဲ့သို့ မာကျောလှသော်လည်း .လိပ် ကြီး၏ လှံအောက်တွင်မူ သံမဏိပြားကြီးကို ထိုးဖေ ာက်သကဲ့သို့ တစစီ ပွင့်ထွက်သွားရသည်။

​အကယ်၍ လိပ်ကြီး အရင်က အသုံးပြုခဲ့ဖူးသည့် လက်နက်ဟောင်းသာဆိုလျှင် ထိုမျှမာကျောလှသေ ာ မိကျောင်းကြီး၏ အ​ရေပြားအား ထိုးဖောက်ရန် မှာ အလွန်ခက်ခဲပေလိမ့်မည်။အားကုန်သုံး၍ ထိုးဖေ ာက်နိုင်ခဲ့လျှင်ပင် အရေပြားကိုသာ အနည်းငယ် ဒ ဏ်ရာရစေနိုင်ပြီး ဤကဲ့သို့ ဧရာမသတ္တဝါကြီးကို ကြီးကြီးမားမား ထိခိုက်စေနိုင်ရန်မှာ မဖြစ်နိုင်သ လောက်ပင်။

​သို့သော်လည်း ယခုလက်နက်မှာမူ စွမ်းရည်ချင်း လုံ းဝမတူညီပေ။

​ဧရာမလှံ၏ ထိပ်ဖျားကိုမူ တန်ချိန် ဒါဇင်နှင့်ချီသော သတ္တုအနက်ဖြင့် သွန်းလုပ်ထားပြီး လက်ကိုင်ကိုမူ တန်ချိန်တစ်ရာကျော် ရှိသည့် မီးခိုးနက်ရောင် သတ္တု ဖြင့် ပြုလုပ်ထား၏။

​ထိုမျှ အစွမ်းထက်လှသော လက်နက်ကို ပိုင်ဆိုင် ထားသဖြင့် လိပ်ကြီးအနေဖြင့်လည်း ယုံကြည်မှု အ ပြည့်ရှိနေခြင်းမှာ အံ့သြစရာ ဘာမျှ မရှိပေ။

All Chapters