← Chapters

ထူးဆန်းသော အလင်းတံခါးကြီး

Vol. 48 Ch. 575

ထူးဆန်းသော အလင်းတံခါးကြီး

Vol. 48 Ch. 575

​“အရမ်းမာတဲ့ အရေပြားကရော ဘာအသုံးကျသ လဲ..ဟမ့်”

လိပ်ကြီး၏​ဧရာမလှံရှေ့တွင်မူ မည်မျှမာကျောသေ ာ အရာဖြစ်ပါစေ စက္ကူကဲ့သို့ပင် နူးညံ့သွားခဲ့ရသ ည်။ထက်မြက်လှသည့် လှံချွန်သည် မိကျောင်းကြီး ၏ အရေပြားများကိုသာမက ဦးခေါင်းခွံကိုပါ အ လွယ်တကူ ထိုးဖောက်သွား၏။လှံဖျားမှာမူ တစ် ခေါင်းလုံးအား ဖောက်ထွက်လုနီးနီး ဖြစ်ခဲ့ရသည်။

​၎င်းသည် ရှောင်လွှဲ၍မရသော သေစေလောက်သည့် ထိုးနှက်ချက်တစ်ခုပင်။

​ဧရာမမိကျောင်းကြီးမှာ ရုန်းကန်ရန်ပင် အချိန်မရလို က်ဘဲ အချိန်ခဏလေးအတွင်းမှာပင် အသက်ပျော က်သွား၏။သူ့ ခန္ဓာကိုယ်ကြီးမှာ တဖြည်းဖြည်း စော င်းလာကာ ဝမ်းဗိုက်ဖြူဖြူကြီးမှာမူ အပေါ်သို့ ပေါ် လာပြီး လုံးဝသေဆုံးသွားခဲ့သည်။

​

​"ဝိုး အကိုကြီးက တကယ်ကို အံ့သြစရာကောင်းလို က်တာဗျာ.."

​အဝေးမှ ကြည့်နေသော နဂါးနက်သည် တိုက်ပွဲ အ ဆုံးသတ်သွားသည်ကို မြင်လျှင်မြင်ချင်း လိပ်ကြီး ထံသို့ အပြေးအလွှား ရေကူးလာပြီး မြှောက်ပင့်၍ ချီးကျူးလိုက်၏။ထိုလက်နက်အသစ်ကြောင့် အကို ကြီးလိပ်၏ တိုက်ခိုက်ရေးစွမ်းအားမှာ အဆပေါင်း များစွာ မြင့်တက်သွားသည်အား သူ ကောင်းကောင် းသဘောပေါက်လိုက်သည်။

ယခုဆိုလျှင် သူကိုယ်တိုင်ပင် အကိုကြီးလိပ်အား ယှ ဉ်နိုင်စွမ်း ရှိတော့မည်မဟုတ်ပေ။

လိပ်ကြီးက အမိန့်ပေးလိုက်သည်။

​"လာ.ငါတို့.သွားကြစို့... ဒီကောင်ကြီးကို အေးအေး ဆေးဆေး အရသာခံစားလို့ရမယ့်နေရာကို အရင်ရှာ ရအောင်"

​နဂါးနက်မှာလည်း အလွန်ပင် ဝမ်းသာသွား၏။ထို မျှကြီးမားသော မိကျောင်းသားကို သူလည်း မြည်း စမ်းချင်နေသည်မှာ ကြာပြီမဟုတ်ပေလော။

​သို့သော်လည်း လိပ်ကြီးသည် မိကျောင်းသေကြီးကို ဆွဲ၍ ထိုနေရာမှ အလျင်အမြန် ထွက်ခွာလာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူ၏ စူပါအာရုံခံစနစ်အ တွင်း၌ နောက်ထပ် ဧရာမမိကျောင်း အုပ်ကြီးသည် သူတို့ဘက်သို့ ဦးတည်၍ တရကြမ်း ရေကူးလာနေ သည်အား မြင်လိုက်ရသောကြောင့် ဖြစ်၏။

ခုနက တိုက်ပွဲ၏ လှုပ်ခတ်မှုက ထိုကောင်ကြီးများ အား နိုးကြားသွားလောက်သည်။

​"နဂါးနက်..မြန်မြန်သွားကြစို့..ဟိုမှာ အကောင်ကြီး တွေ အုပ်လိုက်ကြီး လာနေပြီကွ.."

​

လိပ်ကြီး၏ သတိပေးသံအဆုံးတွင် နဂါးနက်သည် သူ့ဘဝ၌ တစ်ခါမှမရှိဖူးသော အရှိန်ဖြင့် ရေကူးပြေး လိုက်၏။အချိန်ခဏလေးအတွင်းမှာပင် သူ့အရှိန်သ ည် တစ်နာရီလျှင် ရေမိုင် ၂၀၀ အထိ ရောက်လာခဲ့ သည်။

​နှစ်ကောင်သား ချောက်နက်ကြီးအတွင်းမှ လျင်မြန် စွာ ဆုတ်ခွာလာခဲ့၏။

သူတို့အားလိုက်လံအမဲလိုက်နေသော ဧရာမမိကျော င်းအုပ်ကြီးသည်လည်း အကွာအဝေးတစ်ခုအထိ လို က်လာပြီးနောက် ရပ်တန့်ကာကျန်ရစ်ခဲ့သည်။

၎င်းမှည ထိုသတ္တဝါကြီးများသည် ရေနက်ပိုင်း၏ ဖိ အားမြင့်မားသော ပတ်ဝန်းကျင်နှင့်သာ အသားကျ နေသဖြင့် ရေတိမ်ပိုင်းသို့ ဆက်တက်ရန် ခက်ခဲသော ကြောင့် ဖြစ်ပေလိမ့်မည်။

​ရန်သူများ ဆက်လက်လိုက်မလာတော့သည်ကို သိ ရသောအခါမှသာ လိပ်ကြီးလည်း အရှိန်ကို လျှော့ ချလိုက်တော့၏။နဂါးနက်မှာမူ အမောတကောဖြင့် သက်ပြင်းရှည်ကြီးကို ချလိုက်မိသည်။

​"ဟူး... တော်သေးတာပေါ့ဗျာ.ကျနော်..သေတော့မ လို့ပဲ..ကံကောင်းလို့ သူတို့ ဆက်မလိုက်လာတော့ တာ.."

....

​နောက်ထပ် ရေမိုင် ၁၀၀ ခန့် ဆက်လက်ကူးခတ်ပြီး နောက် လိပ်ကြီးသည် ဘေးကင်းပြီး သင့်လျော် သော နေရာတစ်ခုကို တွေ့လိုက်၏။သူသည် ဧရာမ မိကျောင်းသေကြီးကို ချလိုက်ပြီး စိုက်ဝင်နေသော ဧရာမလှံကြီးကို ပြန်လည်ဆွဲထုတ်ကာ အားရပါးရ စားပစ်လိုက်သည်။

"အိုး..အရသာရှိတယ်.."

​လိပ်ကြီးက ပါးစပ်ကို အကျယ်ကြီးဟကာ အသား များကို ကိုက်ဖဲ့လိုက်၏။ထူထဲမာကျောလှသော အ ရေခွံများအောက်ရှိ မိကျောင်းသားများမှာ အလွန်ပ င် နူးညံ့ပြီး ယခင်က သူစားဖူးသမျှနှင့် လုံးဝမတူဘဲ ထူးခြားသည့် အရသာမျိုးအား ရနေခဲ့သည်။

​လိပ်ကြီးသည် ထိုထူးကဲသော အရသာကို ပျော်ရွှင်စွ ာ ခံစားနေစဉ် နဂါးနက်မှာမူ ဘေးမှနေ၍ တံတွေး တမြုံ့မြုံ့ဖြင့် ကြည့်နေသည်ကို သူ သတိပြုမိလိုက် သည်။

​"ဟေး နဂါးနက်..."

​လိပ်ကြီးက နဂါးနက်ကို လှမ်းခေါ်လိုက်ကာ အသား တစ်ဖဲ့အား ဖဲ့ပေးရင်း ပြောလိုက်၏။

​"ရော..ဒါက မင်းအတွက်ပဲ.. မြည်းကြည့်လိုက်ဦး.. အရသာကရှယ်ပဲကွ.."

​"ဟုတ်..ကျေးဇူးအများကြီးတင်ပါတယ် အကိုကြီး... ကျေးဇူးတင်ပါတယ်ဗျာ.."

​နဂါးနက်သည် ဝမ်းသာအားရ ကျေးဇူးတင်စကား ပြောရင်း မိကျောင်းသားအား ပါးစပ်အပြည့် စားပစ် လိုက်သည်။

​ထိုမြင်ကွင်းကို စောင့်ကြည့်နေသော လျူယောင်မှာ လည်း သူတို့နှစ်ကောင် အရသာရှိရှိ စားနေကြသည် ကို မြင်ရသဖြင့် သဘောကျစွာ ပြုံးမိသွားသည်။

ယခုတော့ လိပ်ကြီးနှင့် နဂါးနက်တို့မှာ စားဖော်စား ဖက်သူငယ်ချင်းကောင်းများ ဖြစ်နေကြပြီ မဟုတ် ပေလော။

​တန်ချိန် ၂၀၀၀ ခန့် ရှိသော ဧရာမမိကျောင်းကြီးမှာ သူတို့နှစ်ဦးအတွက်တော့ ခဏတာ စားသောက် ပွဲတ စ်ပွဲမျှသာ ဖြစ်နေသည်။လိပ်ကြီးသည် ဗိုက်ဝသွား သောအခါ သူ၏ဧရာမလှံကြီးကို ဝင့်ကြွားစွာ မြှော က်၍ ပြောလိုက်၏။

​"ဒီကောင်တော့ ကုန်သွားပြီကွာ.. ကဲ..ငါတို့.. နောက် ထပ် တစ်ကောင် ထပ်ရှာကြစို့.."

​

​လိပ်ကြီးသည် ရှေ့မှ ဦးဆောင်၍ ကူးခတ်လာကာ န ဂါးနက်ကလည်း နောက်မှ တကောက်ကောက် လိုက် လာခဲ့သည်။ယခုတစ်ကြိမ်တွင်မူ လိပ်ကြီးသည် နဂါ းနက်၏ လမ်းပြမှုကို မစောင့်တော့ပေ။

သူသည် ရဲရဲဝံ့ဝံ့ပင် ချောက်နက်ပိုင်းကြီးထဲသို့ နော က်တစ်ခေါက် ပြန်ဝင်လာခဲ့၏။

မီတာ ၁၀၀၀ အထိ ရှိသည့် သူ၏ "စူပါအာရုံခံစွမ်း" ကြောင့် အန္တရာယ်ကို ကြိုတင်သိရှိနိုင်သဖြင့် ဘာကို မျှ လိပ်ကြီး စိုးရိမ်စရာမလိုပေ။

​ချောက်နက်ကြီးအတွင်းမှာမူ အမှောင်ထုက စိုးမိုး ထားပြီး ရေအပူချိန်ကလည်း အေးစက်နေသည်။

သို့သော်လည်း လိပ်ကြီး၏ စိတ်ထဲတွင်မူ နောက်ထ ပ် ဧရာမမိကျောင်းကြီးတစ်ကောင်ကို ရှာဖွေသတ်ဖြ တ်ရန်နှင့် ပြန်လည်ဆွဲယူလာရန်သာ ဆန္ဒရှိနေ၏။

​“ဟ..ဒီဧရာမမိကျောင်းတွေ အကုန်လုံး ဘာလို့ ပျော က်ခြင်းမလှ ပျောက်ကုန်ကြတာလဲကွ..”

​လိပ်ကြီးသည် ချောက်နက်ကြီးအတွင်းသို့ မိနစ် ၂၀ ခန့် ထပ်မံတိုးဝင်လာပြီးနောက် ချောက်၏ အောက် ခြေသို့ပင် ရောက်လာခဲ့သည်။ဤနေရာသည် ပင်လ ယ်ရေမျက်နှာပြင်မှ တိုင်းတာလျှင် အနက်ပေ ၆၀၀ ၀ မှ ၇၀၀၀ ခန့်အထိ ရှိနေ၏။

နဂါးနက်က ဘေးမှနေ၍ မှတ်ချက်ပေးလိုက်သည်။

​“အဲဒီအကောင်ကြီးတွေ ဘယ်ရောက်ကုန်ပြီလဲမသိ ဘူးနော် အကိုကြီး..ဒီကောင်တွေ အကိုကြီးကိုကြော က်လို့ တစ်နေရာရာမှာ သွားပုန်းနေကြတာများလား”

လိပ်ကြီးက ပြန်ပြောလိုက်သော်လည်း သူ့ စိတ်ထဲ တွင်မူ အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိသည်။

​“မဖြစ်နိုင်တာကြီး.. ငါ ဒီချောက်ထဲကို လာတာ ဒါနဲ့ မှ နှစ်ခေါက် ရှိသေးတာပဲ..”

​အချိန်အတော်ကြာ ရှာဖွေနေသော်လည်း ဧရာမမိ ကျောင်းကြီးများ၏ အရိပ်အယောင်ကိုမျှ မတွေ့ရ သဖြင့် လိပ်ကြီးလည်း စိတ်ပျက်လာခဲ့သည်။

ချောက်အောက်ခြေတစ်လျှောက် ၁၀ မိနစ်ကျော်ကြ ာအောင် ထပ်မံကူးခတ်ကြည့်သော်လည်း မိကျော င်းတစ်ကောင်၏ အမြီးဖျားကိုပင် မမြင်ရတော့ချေ။

သူတို့အားလုံးသည် တစ်စုံတစ်ယောက်က ချိန်းဆို ထားသကဲ့သို့ပင် အစုလိုက်အပြုံလိုက် ပျောက်ကွယ် နေခဲ့သည်။

​

​ထိုစဉ်မှာပင် လိပ်ကြီး၏ စူပါအာရုံခံစနစ်အတွင်း၌ ထူးခြားသော မြင်ကွင်းတစ်ခု ပေါ်လာ၏။သူ့ ရှေ့မ လှမ်းမကမ်းတွင် ကြီးမားလှသော လိုဏ်ဂူပေါက်ကြီ း တစ်ပေါက်ရှိနေသည်။ထိုအပေါက်ကြီးမှာ လိပ် ကြီးနှစ်ကောင် ယှဉ်သွားလျှင်ပင် အလွယ်တကူ ဝင် ဆံ့နိုင်လောက်အောင် ကျယ်ဝန်းလှ၏။

​လိပ်ကြီးသည် စပ်စုလိုစိတ်ကို မအောင့်နိုင်တော့ဘဲ ထိုဂူကြီးအတွင်းသို့ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ကူးဝင်လာ ခဲ့သည်။ဂူအတွင်းသို့ သူ ပိုဝင်လာလေလေ ပို၍ ကျ ယ်ဝန်းလာလေလေ ဖြစ်ပြီး ပေအနည်းငယ်မျှ ဆက် သွားလိုက်သည့်အခါ အံ့သြစရာကောင်းသော အရာ တစ်ခုအား လိပ်ကြီး တွေ့လိုက်ရ၏။

​

ဂူ၏အဆုံးတွင်မူ ထောင့်မှန်စတုဂံလိုပုံစံ "အလင်းတံ ခါး"ကြီးတစ်ချပ် ရှိနေခြင်းပင်။

​

၎င်းသည် အကျယ် ပေ ၃၀ မှ ၄၀၊အမြင့် ပေ ၅၀ မှ ၆၀ ခန့်အထိ ရှိကာ ခန့်ညားထည်ဝါလှသည်။ထိုအ လင်းတံခါးမှ ထွက်ပေါ်နေသော အလင်းရောင်များမှ ာ အမှောင်ဖုံးနေသော ရေအောက်တွင်မူ ထူးခြား ဆန်းပြားစွာ လှပနေ၏။

​လျူယောင်သည်လည်း တတိယအမြင်မှမှတစ်ဆင့် ထိုအလင်းတံခါးကြီးကို မြင်လိုက်ရသောအခါ အသ က်ရှူပင် မှားမတတ် အံ့အားသင့်ခဲ့ရသည်။လိပ်ကြီး နောက်မှ ကပ်လိုက်လာသော နဂါးနက်မှာလည်း ထို ကဲ့သို့သော ထူးဆန်းသည့်မြင်ကွင်းမျိုးအား တစ်သ က်နှင့်တစ်ကိုယ် တစ်ခါမှ မမြင်ဖူးသဖြင့် ပါးစပ် အ ဟောင်းသားနှင့် ငေးကြည့်နေ၏။

​အံ့အားသင့်နေမှုများကြားမှ လျူယောင် ပထမဆုံး သတိပြန်ဝင်လာပြီးနောက် အကြံပေးလိုက်၏။

​"ငါ့ကောင်ကြီး.. အဲဒီအလင်းတံခါးကို မင်းရဲ့ဧရာမ လှံနဲ့ အသာလေး တို့ကြည့်လိုက်ပါဦး..သတိထားပြီး တော့ ဖြည်းဖြည်းချင်းပဲ ထိကြည့်နော်"

​လျူယောင်၏ ညွှန်ကြားချက်အတိုင်း လိပ်ကြီးသ ည် ဧရာမလှံဖျားကို အဝေးမှနေ၍ အလင်းလွှာဆီသို့ စမ်းသပ်ထိတွေ့လိုက်သည်။

လှံဖျားနှင့် အလင်းရောင် ထိတွေ့မိသည်နှင့် တစ်ပြို င်နက် ရေပြင်ပေါ်သို့ ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ ထိတွေ့သည့်နေရာအား ဗဟိုပြုကာ စက်ဝိုင်းပုံစံ လှို င်းကလေးများ ဖြာထွက်လာ၏။

လျူယောင်က စိုးရိမ်တကြီး မေးလိုက်သည်။

​"ဘယ်လိုနေလဲ ငါ့ကောင်ကြီး...မင်း ဘယ်လိုခံစား ရလဲ.."

​"ဘာမှ ထူးထူးခြားခြား မရှိဘူး သခင်ရ.. လေထဲကို ထိုးလိုက်ရသလိုပဲ အတားအဆီး မရှိဘူး.."

​လျူယောင်က ထပ်မံညွှန်ကြားလိုက်၏။

"ဒါဆို လှံကို ရှေ့ကို ပိုပြီး ဆန့်ထုတ်လိုက်စမ်း.. အဲဒီ အလင်းလွှာကို ဖောက်ဝင်သွားနိုင်လား ကြည့်ရအေ ာင်.."

​

လိပ်ကြီးသည် ပေ ၁၀၀ ခန့် ရှည်လျားသော ဧရာမ လှံကြီးကို ရှေ့သို့ ပေ ၂၀၊ ၃၀ ခန့် ထိုးသွင်းကြည့်လို က်သည်။လှံကြီးသည် ဘာခံနိုင်ရည်မှ မရှိဘဲ လေ ဟာနယ်ကို ဖြတ်သန်းသွားသကဲ့သို့ လွယ်ကူစွာ ဝင် သွားသော်လည်း ထူးခြားသည့် တုံ့ပြန်မှုတစ်စုံတစ် ရာ ဘာမှ မတွေ့ရသေးပေ။

"အမ် ဒါ တခြားကမ္ဘာကို သွားတဲ့ တံခါးများလား.."

​ထိုထူးဆန်းသည့် အခြေအနေကို မြင်သောအခါ လျူယောင်မှာ ပို၍ ဝေခွဲမရ ဖြစ်လာခဲ့သည်။

သူစိတ်ကူးယဉ်ဝတ္ထုများထဲတွင် ဖတ်ဖူးသကဲ့သို့ ဤ အရာသည် တခြားကမ္ဘာတစ်ခုသို့ ကူးပြောင်းနိုင် သော "တယ်လီပို့ တံခါးပေါက်"တစ်ချပ်လားဟုလျူ ယောင် တွေးမိလိုက်၏။

​လိပ်ကြီးက အချိန်အတော်ကြာအောင် ထိုးသွင်းထာ းသော လှံကြီးအား ပြန်လည်ဆွဲထုတ်လိုက်ပြီး သ တင်းပို့လိုက်သည်။

​"ကျွန်တော် ဘာမှ မခံစားရဘူး သခင်ရ.. အထဲမှာ ဘာရှိလဲဆိုတာလည်း မသိရဘူးဗျာ.."

​လျူယောင်၏ စပ်စုလိုစိတ်မှာ အထွဋ်အထိပ်သို့ ရောက်နေခဲ့သည်။ထိုအလင်းတံခါး၏ တစ်ဖက်ခြမ် းတွင် မည်သည့် လျှို့ဝှက်ချက်များ ရှိနေမည်ကို သူ အလွန်သိချင်နေ၏။

ခဏ စဉ်းစားပြီးနောက် လျူယောင်က ဆုံးဖြတ်ချ က်တစ်ခု ချလိုက်၏။

​"ငါ့ကောင်ကြီး... မင်းသွားတာထက် နဂါးနက်ကို အ ရင်ဝင်ကြည့်ခိုင်းလိုက်ပါဦး..သူက ပိုပြီး လျင်မြန်ဖြ တ်လတ်တော့ အန္တရာယ်ရှိရင် ရှောင်နိုင်လိမ့်မယ်.."

​လျူယောင်သည် လိပ်ကြီးကို အန္တရာယ် ဖြစ်စေမှာ ကို အလွန် စိုးရိမ်နေခဲ့၏။

ထို့ကြောင့် မိမိ၏ အချစ်တော် လိပ်ကြီးကို မလွှတ် ဘဲ အတ္တအနည်းငယ်ဖြင့် နဂါးနက်ကိုသာ စူးစမ်းသူ အဖြစ် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

လျူယောင်၏ ညွှန်ကြားချက်အတိုင်း လိပ်ကြီးက အမိန့်ပေးလိုက်၏။

​"ဟေး နဂါးနက်..အဲဒီထဲကို အရင်ဝင်ကြည့် လိုက်စ မ်း.."

​နဂါးနက်သည် ရှေ့တွင် မည်သည့်အရာ ရှိနေမှန်း မ သိသော်လည်း အကိုကြီးလိပ်၏ စကားကိုတော့ မ လွန်ဆန်ဝံ့ပေ။သူသည် ကြောက်စိတ်ကို ထိန်းကာ အလင်းရောင်တံခါးကြီးဆီသို့ ဖြည်းဖြည်းချင်းတွား သွား၍ ချဉ်းကပ်လာခဲ့သည်။

တံခါးဝသို့ ရောက်သည့်အခါ သူ အနည်းငယ် တုံ့ဆို င်းနေသော် လည်း နောက်ဆုံးတွင်မူ အလင်းလွှာထဲ သို့ ရဲရဲဝံ့ဝံ့ပင် တိုးဝင်လာခဲ့၏။

​

​လျူယောင်သည်လည်း တတိယအမြင်မှတစ်ဆင့် န ဂါးနက်၏ လှုပ်ရှားမှုတိုင်းကို အာရုံစိုက်၍ ကြည့်နေ ခဲ့သည်။အရင်ဆုံး နဂါးနက်၏ ဦးခေါင်းပိုင်းသည် အလင်းလွှာထဲသို့ မြုပ်ဝင်သွားပြီးနောက် ကိုယ်ထ ည်နှင့် အမြီးပိုင်းတို့သည်လည်း တဖြည်းဖြည်းချင်း တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။

​မကြာမီမှာပင်...

နဂါးနက်ဆီမှ တုံ့ပြန်မှု သို့မဟုတ် မည်သည့် အသံမျှ ထွက်ပေါ်မလာဘဲ နဂါးနက်သည် ထိုအလင်းတံခါး ကြီး၏ တစ်ဖက်ခြမ်းသို့ လုံးဝဥဿုံ ဝင်ရောက်ကာ ပျောက်ကွယ်သွားပေသည်။

အလင်းရောင်တံခါးမှာမူ ဘာမျှမဖြစ် သကဲ့သို့ပင် ငြိမ်သက်စွာ ရှိနေ၏။

All Chapters