ရှေးခေတ်ကို ရောက်လာခြင်း
Vol. 48 Ch. 579
လျူယောင်က ဤမြို့စျေးကို သေချာကြည့်ဖို့အတွ က် သူ့ခြေလှမ်းတွေအား နှေးလိုက်၏။
ထိုမြို့စျေးလေး၏ အရွယ်အစားမှာ မသေးပေ။သူ့ အမြင်အရဆိုလျှင် အိမ်ထောင်စုတစ်ထောင်လော က်ရှိမည်။လမ်နှစ်ဖက်စလုံးမှာလည်း ဆိုင်တွေအမျ ား ကြီးရှိနေကာ အရမ်းစည်ကားနေ၏။
လမ်းနှစ်ဖက်စလုံးမှာရှိသည့် အဆောက်အအုံအမျာ း စုက နှစ်ထပ် သို့မဟုတ် သုံးထပ်ဖြစ်ကာ ရွှံ့လုပ် အဆောက်အအုံတွေ နည်းပါးကာ အများစုက အုတ် နက်နှင့် အမိုးမှာလည်း အနက်ရောင်ပြားတွေ ဖြစ်နေ သည်။
တချို့ကလည်း သစ်သားအိမ်တွေဖြစ်၏။
လျူယောင်က လမ်းလျှောက်ရင်း မြို့စျေး ကိုကြည့် နေခဲ့ရာ တခြားသူတွေကလည်း သူ့အား စပ်စုစွာ ကြ ည့်နေကြသည်။ကြည့်ရသည်မှာ သူ့ဝတ်စုံက ဤ အ ရပ်ဒေသနှင့် မတူညီပုံံရ၏။
ထိုအကြည့်များစွာကို ခံစားရသည့်အခါ လျူယော င်က အသံတိတ်ရယ်လိုက်သည်။ယခု သူပထမဆုံး လုပ်ရမှာက ဤခေတ်က အဝတ်အစားတွေကို ပြော င်းဝတ်ရမှာပင် ဖြစ်၏။
မဟုတ်လျှင် လူတွေ၏ အကြည့်က သူ့အား အမြဲတ မ်း စိတ်မသက်မသာ ဖြစ်နေလိမ့်မည်။လျူယောင် က သူ့အိတ်ထဲကို စမ်းလိုက်၏။ကံကောင်းစွာဖြင့် သူသည် ၁၀၀၀ ဂရမ်ရှိသည့် ရွှေချောင်းတစ်ချောင်း ကို ယူလာခဲ့သည်။
တစ်ကီလိုဂရမ်ရွှေက ဤနေရာမှာ တစ်ခုခု ဝယ်နိုင် လောက်၏။အကယ်၍ ထိုရွှေချောင်းကိုသာ သူ မ ယူလာခဲ့လျှင် ဒုက္ခရောက်မည်မှာ သေချာနေ၏။
လျူယောင်က မြို့စျေးထဲကို ဝင်လာပြီး ချက်ချင်း ပင် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။မကြာခင် မှာပင် ဘဏ်တိုက်တစ်တိုက်ကို တွေ့လိုက် သော ကြောင့် သူပြုံးလိုက်မိ၏။
ထိုကြီးမားသည့် ရွှေချောင်းအား အရင်ဆုံး ဒေသခံ ငွေကြေးနှင့် လဲလှယ်ဖို့လိုပေသည်။ရွှေချောင်းဖြင့် အဝတ်အစားတွေကိုမူ တန်းဝယ်လို့ မရလောက်ပေ။
ထိုဘဏ်တိုက်ထဲကို သူ ဝင်လာရာ သူ့ ဝတ်စုံက အ တော်လေး ထူးဆန်းနေပြီး ဤနေရာနှင့် မကိုက်ညီ သောကြောင့် ဘဏ်တိုက် ပိုင်ရှင် သို့မဟုတ် အရော င်းသမားတွေကတောင် သူတို့မှာရှိသင့်သော စိတ် အားထက်သန်မှုမျိုး ရှိမနေပေ။
ထိုအရာကိုမူ လျူယောင်က ဂရုမစိုက်ပေ။ ခေါင်းတောင် မဖော်သည့် ဆိုင်ပိုင်ရှင်ကို တစ်ချက် ကြည့်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်ပြောလို က်၏။
"ပိုင်ရှင်..ကျွန်တော့်မှာ ရွှေချောင်းတစ်ချောင်း လဲလှ ယ်ဖို့ရှိတယ်..”
လဲလှယ်သည့် စျေးနူန်းအကြောင်း သူက ဘာမျှ မ ပြောခဲ့ပေ။ယခုအချိန်အထိ ဤနေရာမှာ ငွေစျေးနူ န်း ဘယ်လောက်ရှိလည်းဆိုသည်အား သူ မသိသေ းသော်လည်း ရွှေက တန်ဖိုးရှိမှာတော့ သေချာလှ သည်။
ပြောပြီးတော့ သူက ရွှေချောင်းကိုထုတ်ကာ ကောင် တာပေါ်မှာ တင်လိုက်၏။
ဆိုင်ပိုင်ရှင်က နောက်ဆုံးတော့ ခေါင်းမော့လိုက်ပြီး လျူယောင်အား စိတ်မဝင်စားသည့်အကြည့်နှင့် တ စ်ချက်ကြည့်လိုက်သည်။ထိုရွှေချောင်းကို မြင်သော အခါမှာသာ သူ့ မျက်နှာအမူအရာ ချက်ခြင်းပြောင်း လဲသွားကာ အရမ်းစိတ်အားထက်သန်လာခဲ့၏။
ထိုလူက သရုပ်ဆောင်မလုပ်တာ နှမြောစရာပင်။ မျက်နှာအား ထိုသို့ သဘာဝကျကျ လျင်မြန်စွာ ပြောင်းနိုင်သူမှာ နည်းပါးလှသည်။
“ဧည့်သည်.. မင်္ဂလာပါ..ရွှေဒင်္ဂါးတွေ..ငွေဒင်္ဂါးတွေ နဲ့ လဲလှယ်ချင်တာလား..”
ထိုအချိန်ကျမှ ဤကမ္ဘာမှာ ငွေကြေးက ရွှေဒင်္ဂါးနှင့် ငွေဒင်္ဂါးတွေ ဖြစ်သည်အား လျူယောင် သိလိုက်ရ သည်။ကြေးနီဒင်္ဂါးတွေ ရှိမရှိတော့ သူ မသိပေ။
“ဒါက ရှေးခေတ်နဲ့ နည်းနည်းတော့ မတူပုံပဲ”
သူက သမိုင်းအကြောင်းကို သိပ်မသိသော်လည်း ရှေး ခေတ်က အသုံးပြုသည့်ငွေကြေးက အများ အားဖြင့် ကြေးနီဒင်္ဂါးတွေဖြစ်ပြီး တန်ဖိုးကြီးတာက ငွေချောင်းတွေဖြစ်၏။ရွှေဒင်္ဂါး သို့မဟုတ် ငွေဒင်္ဂါး တွေမသုံးဘူးဆိုသည်အား လျူယောင်ကောင်းကော င်း သိနေသည်။
“ပိုင်ရှင်ငွေဒင်္ဂါး တစ်ရာ လဲပေးပါ ကျန်တာအားလုံး ကို ရွှေဒင်္ဂါးအဖြစ် လဲပေးပါ..”
"ဟုတ်ကဲ့..ဟုတ်ကဲ့ပါ ဧည့်သည်တော်သဘောပါ.."
ဆိုင်ပိုင်ရှင်က အသံကျယ်ကျယ်နှင့် ပြန်ဖြေပြီးနော က် ရွှေချောင်းအား ကောက်ယူ၍ ကြည့်လိုက်၏။
ထို့နောက် သူက ခေါင်းအနည်းငယ်ညိတ်နေသည်။ သူ့ကိုကြည့်ရသည်မှာ ထိုလုပ်ငန်းတွင် အတွေ့အ ကြုံများသည့် ကျွမ်းကျင်သူတစ်ဦးဖြစ်ပုံရ၏။
ထို့ကြောင့် အကြည့်တစ်ချက်နှင့်ပင် ရွှေအစစ်ဖြစ် သည်အား ဤလူ သိနေခြင်းကြောင့်ပင်။
ကြည့်ပြီးနောက် သူက သေးငယ်သည့် ချိန်ခွင်တစ် ခုကို ကောက်ယူ၍ ချိန်ကာ ပြောလိုက်၏။
“ဧည့်သည်တော် ရွှေက ၃၂ ကျပ်သားရှိတယ် .. အား လုံးကို ရွှေဒင်္ဂါးအဖြစ် ပြောင်းလဲမယ်ဆိုရင် စုစုပေါ င်း ရွှေဒင်္ဂါး ၃၂၀ ပြား ဖြစ်ပါတယ်..ငွေဒင်္ဂါးပြား ၁ ၀၀ လဲလှယ်မယ်ဆိုရင်တော့ စုစုပေါင်း ရွှေဒင်္ဂါး ပြား၂၂ဝ နဲ့ ငွေဒင်္ဂါးပြား ၁၀၀ ပါ”
ဤသည်မှာ မှန်ကန်လား မမှန်ကန်လား တိတိကျ ကျ မသိသော်လည်း ဤကဲ့သို့ဘဏ်တိုက်ကြီးက ဖောက်သည်တွေအား အမြတ်ထုတ်မှာ မဟုတ်ကြေ ာင်း ယုံကြည်သောကြောင့် သူ ခေါင်းညိတ်ပြလိုက် သည်။
သူလည်း အခြေခံအားဖြင့် နားလည်လာခဲ့၏။
ဤနေရာ၌ ရွှေ တစ်ကီလိုဂရမ်က ရွှေ ၃၂ ကျပ်သား နှင့် ညီမျှပြီး ရွှေတစ်ကျပ်သားကိုမူ ရွှေဒင်္ဂါး ၁၀ပြား နှင့် လဲနိုင်ပေသည်။ရွှေဒင်္ဂါးတစ်ပြားကိုမူ ငွေဒင်္ဂါး ၁၀ ပြားနှင့် လဲလှယ်နိုင်၏။
ငွေဒင်္ဂါးတစ်ပြားကိုမူ ကြေးနီဒင်္ဂါးဘယ်နှစ်ပြားနှင့် လဲလှယ်ရမည်ဆိုကိုမူ သူ မသိပေ။အောက်ထပ်မှာ ကြေးနီဒင်္ဂါးတွေ ရှိနိုင်၏။ငွေဒင်္ဂါးတစ်ပြားကိုမူ ကြေးနီဒင်္ဂါး ၁၀ ပြား သို့မဟုတ် ကြေးနီဒင်္ဂါးပြား ၁၀၀ နှင့် လဲလှယ်နိုင်လောက်သည်။
လျူယောင် ခေါင်းညိတ်တာကို မြင်တော့ ပိုင်ရှင်က အသံကျယ်ကျယ် အော်ပြောလိုက်၏။
“ကဲ..လေးမောင်ရေ..ဒီရွှေချောင်းကို ဂိုဒေါင်ထဲထည့် လိုက်..ပြီးတော့ ရွှေဒင်္ဂါး ၂၂ ပြားနဲ့ ငွေဒင်္ဂါးပြား ၁၀ ၀ ကို ထုတ်လာခဲ့..”
“ဟုတ်ကဲ့ပါ..ပိုင်ရှင်..”
လူငယ်တစ်ဦးက ရွှေချောင်းနှင့်အတူ အထဲဝင်သွား ခဲ့ပြီး နှစ်မိနစ် သုံးမိနစ်ကြာပြီးနောက် သေတ္တာတစ် လုံးအား ထုတ်လာခဲ့သည်။
လူငယ်က ရွှေနှင့်ငွေဒင်္ဂါးတွေကို ရေတွက်ပြီးနောက် ပိုက်ဆံအိတ်ထဲထည့်ကာ လျူယောင်အား လက်နှစ် ဖက်နဲ့ ပေးလိုက်၏။
ခုနက အရောင်းသမားတွေ ရွှေနှင့်ငွေဒင်္ဂါးတွေကို ရေတွက်နေတုန်း လျူယောင်က ရှင်းရှင်းလင်းလင်း းမြင်လိုက်ရသည်။ရွှေဒင်္ဂါးနှင့် ငွေဒင်္ဂါးပြားတွေက သိပ်မကြီးပေ။တစ်ကျပ်သားဒင်္ဂါးပြား အရွယ်အစာ းလောက်ပဲ ရှိ၏။
“အမ် ဒါက မဟာရှောင်မင်အင်ပါယာရဲ့ လုံဝူခေတ် ကသွန်းလုပ်သည်ဆိုတဲ့ စကားလုံးတွေလား...”
“ငါလည်း တစ်ခါမှမကြားဖူးဘူး”
လျူယောင်က နည်းနည်းသံသယဖြစ်နေမိသည်။ သိုပေမဲ့ ဤကဲ့သို့ မေးခွန်းမျိုးအား လူတွေကို မေးဖို့ ဆိုသည်မှာ ခက်လှ၏။
"ဒါ ဘယ်မင်းဆက်လဲလို့ မေးရင် သူတို့က ငါ့ကို ရူး နေတယ်လို့ ထင်မှာပဲ.."
ပိုက်ဆံအိတ်ကို သူ့အိတ်ထဲထည့်လိုက်ပြီး ဘဏ်တို က်ထဲကနေ လျူယောင် ထွက်လာခဲ့သည်။သူ့စိတ် ထဲမှာမူ သူနားမလည်သည့် ပြဿနာတွေအားနော က်မှ ဖြည်းဖြည်းချင်းနားလည်အောင်လုပ်မည်ဟု တွေးလိုက်၏။
ယခု သူ နောက်လုပ်ရမည်မှာ အဝတ်အစားတွေ လဲ လှယ်ဖို့ပင်။
ဘဏ်တိုက်ထဲကနေ သူ ထွက်လာလိုက်တော့ ထော င့်တစ်ဖက်မှာရှိသည့် ဆိုင်တစ်ဆိုင်က အပ်ချုပ်ဆိုင် ဖြစ်ပုံရပြီး အထဲမှာ အဝတ်အစားတွေ အများကြီး ရှိ နေသည်။
လျူယောင် ဆိုင်ထဲဝင်လိုက်သည့်အခါ သူချက်ချ င်းနားလည်လာခဲ့၏။၎င်းက ခေတ်သစ်အဝတ် အ စားဆိုင်နဲ့ ဆင်တူနေသည်။ဆိုင်ပိုင်ရှင်က အပ်ချုပ် သမားတစ်ယောက်ဖြစ်ပုံရပြီး အမှာစာလက်ခံပြီး အ ဝတ်အစားတွေလည်း ရောင်းနေပေသည်။
ဆိုင်ထဲမှာ အထည်အချို့နဲ့ အဆင်သင့်ချုပ်ပြီးသား အဝတ်အစားတချို့လည်းရှိနေကာ ပုံစံနည်းနည်းသ ာရှိ၏။
၎င်းက နားလည်ရလွယ်ပေသည်။
အဘယ်ကြောင့်ဆိုသော် ယခု သူရောက်နေသည့် နေ ရာမှာ ရှေးခေတ်ဖြစ်ပုံရပြီး နည်းပညာအဆင့်လည်း မဖွံ့ဖြိုးသေးသလို မြို့စျေးတစ်ခု ဖြစ်နေကာ ခရိုင် မြို့တောင် မဖြစ်သေးပေ။
"အင်း ဒီလောက်ရှိနေတာကပဲ အတော်လေးကောင်း နေပြီ.."
လျူယောင်က ကျမ်းပညာရှင်တွေ ဝတ်သည့် ဝတ်ရုံ ရှည်တစ်ထည်ကို ရွေးလိုက်ပြီး ဦးထုပ်တစ်လုံးလည် း ဝယ်လိုက်၏။၎င်းက ကျမ်းပညာရှင်တွေ မကြာ ခဏဝတ်တဲ့ ပုံစံမျိုးပင်။
ထိုဝတ်စုံမျိုး ဝတ်လိုက်တော့ သူ့ ခန္ဓာကိုယ်တစ်ခု လုံးက ပြောင်းလဲသွားခဲ့ရသည်။
သူက ၁.၈ မီတာလောက် အရပ်ရှည်ပြီး ခန္ဓာကိုယ် အချိုးအစားကျကာ ခန့်ညားသော ကျမ်းပညာရှင် ပုံစံပေါက်လာခဲ့၏။
အပ်ချုပ်ဆိုင်မှာ မှန်အကြီးကြီး တစ်ချပ် ရှိနေကာ ၎င်းက ရှေးဟောင်းကြေးနီမှန်မဟုတ်ပေ။ဤခေတ် နည်းပညာအဆင့်က သူ စိတ်ကူးထားသလောက် နေ ာက်ကျ နေပုံ မရဘဲ ချင်မင်းဆက်နှောင်းပိုင်း အ ဆင့်လောက် ဖြစ်နိုင်သည်။
“ဆိုင်ရှင်..နောက်ထပ်အိတ်တစ်လုံး ဝယ်ရင် ဘယ် လောက်ကျမလဲ”
အပ်ချုပ်ဆိုင်ပိုင်ရှင်က ချက်ခြင်း ပြန်ဖြေလိုက်၏။
“စုစုပေါင်း ငွေဒင်္ဂါး ၅ ပြားပါ..”
လျူယောင် ပိုက်ဆံပေးပြီးတဲ့နောက် ဒီကစျေးနှုန်း တွေအကြောင်း အခြေခံအားဖြင့် နားလည်လာခဲ့သ ည်။ငွေဒင်္ဂါးတစ်ပြား၏ ဝယ်ယူနိုင်စွမ်းက အကြမ်း ဖျင်းအားဖြင့် ယွမ် ၁၀၀ နှင့် ညီမျှနေ၏။
အစက သူ ဝတ်ထားသည့် အဝတ်အစားတွေကို ခေါ က်ကာ အထည်အိတ်ထဲထည့်ပြီးနောက် လျူယောင် ဆိုင်ကနေ ထွက်လာခဲ့သည်။
သူ လမ်းလျှောက်နေသည်မှာ ယခင်ကနှင့် လုံးဝမ တူတော့ပဲ အခြေခံအားဖြင့် ဘယ်သူမှ သူ့အား ထူး ဆန်းသည့် မျက်လုံးတွေနှင့် မကြည့်တော့ပေ။တစ် ခါတစ်ရံ တစ်စုံတစ်ယောက်က ကြည့်လျှင်တောင်မှ မှ သူ့ ရုပ်ရည်မှာ ချောမောသောကြောင့် ဖြစ်နိုင်၏။
ယခု သူလျှောက်နေသည့်လမ်းက ခြောက်မီတာက နေ ခုနစ်မီတာလောက်ကျယ်ပြီး ကျောက်ပြားတွေ ခင်းထားသောကြောင့် အတော်လေးပြားနေသည်။ လမ်းနှစ်ဖက်စလုံးမှာလည်း အိမ်တွေရှိနေကာ အမျ ားစုက နှစ်ထပ် ဒါမှမဟုတ် သုံးထပ်အမြင့်ရှိပြီး အ များစုမှာမူ ဆိုင်အမျိုးမျိုးပင်။
လျူယောင်က ဖြည်းဖြည်းချင်း လမ်းလျှောက်ရင်း ပတ်ပတ်လည်အား လေ့လာနေခဲ့သည်။ဤနေရာမှ အရာအားလုံးက သူ့အတွက်မူ အသစ်အဆန်း ဖြစ် နေ၏။
“အာ ငါ ဗိုက်နည်းနည်းဆာသလိုပဲ..”
ရှေ့၌ စားသောက်ဆိုင်တစ်ဆိုင်ကို သူ မြင်လိုက်ရာ အထဲဝင်ထိုင်လိုက်သည်။သူ့ ဗိုက်အရင်ဖြည့်ပြီးမှပဲ ဆက်သွားဖို့ လုပ်ရပေမည်။