← Chapters

လျူ​ယောင်ကိုယ်တိုင် ဝင်ကြည့်ပြီ

Vol. 48 Ch. 576

လျူ​ယောင်ကိုယ်တိုင် ဝင်ကြည့်ပြီ

Vol. 48 Ch. 576

နဂါးနက်ဝင်သွားသည်ကို မြင်တော့ လျူယောင်က စိတ်ထဲမှ ရေရွတ်နေမိသည်။

"နဂါးနက်ကြီး..ဘာမှပြဿနာမရှိပါစေနဲ့..ဘာအန္တရာယ်မှ မဖြစ်ပါစေနဲ့ "

လိပ်ကြီးကလည်း တွေဝေစွာ မေးလိုက်၏။

“နဂါးနက် ဝင်သွားပြီ သခင်ရ..ကျွန်တော်တို့ ဘာလု ပ်ကြမလဲ..”

“အဲဒါ အန္တရာယ်မရှိဘူးမလား သခင်ရ..”

လျူယောင်လည်း မရေမရာ ပြန်ဖြေလိုက်သည်။

“အင်း ငါလည်း အန္တရာယ်မရှိပဲ ဘေးကင်းစွာ ပြန်လ ာနိုင်ပါစေလို့ မျော်လင့်ရုံပဲတတ်နိုင်တယ်ကွာ.."

အချိန်မှာ တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွားခဲ့၏။ မိနစ် ၂၀၊ ၃၀ လောက်အကြာမှာမူ အလင်းတံခါးမှာ လှုပ်ရှားမှုတစ်ခုရှိလာခဲ့ပြီး နဂါးနက်က တံခါးထဲက နေ တွားသွား ထွက်လာခဲ့သည်။

ထို မိနစ် ၂၀၊ ၃၀ ဟာ လျူယောင့်အတွက်မူ နှစ်နာ ရီ၊ သုံးနာရီလောက်ကြာနေသလိုပင်။နောက်ဆုံးမှာ နဂါးနက် ထွက်လာသည်ကိုမြင်တော့ လျူယောင်က သက်ပြင်းချလိုက်ပြီး စိုးရိမ်စွာ ပြောလိုက်၏။

“ဟူး လိပ်ကြီး..နဂါးနက်ကို ဒဏ်ရာရလာလား ..ဘာ မှားယွင်းမှုရှိလလည်း ဆိုတာကို မေးကြည့်လိုက်..”

အပြင်ပန်းကြည့်ရင်တော့ နဂါးနက်က ပုံမှန်အတိုင်း ပင် သူ့မှာ ဘာဒဏ်ရာမှမရှိပေ။

လျူယောင်၏ ညွှန်ကြားချက်အတိုင်း နဂါးနက်အား ဆက်သွယ်ပြီး လိပ်ကြီး မေးလိုက်သည်။

မေးပြီးနောက် လိပ်ကြီးက အမြန်ပြန်ပြောလိုက်၏။

“ကျွန်တော် သူ့ကိုမေးကြည့်ပြီးပြီ သခင်..ဘာဒဏ် ရာမှမရှိဘူး..အတွင်းပိုင်းမှာ အရမ်းလုံခြုံတယ်တဲ့ .”

“သူ့ကို ထပ်ပြီးမေးလိုက်..အတွင်းပိုင်းမှာ ဘာတွေဖြ စ်နေလဲ.သူမြင်သမျှအားလုံးကို ပြောပြခိုင်းလိုက်..”

လိပ်ကြီးနဲ့ နဂါးနက်တို့ ထပ်မံဆက်သွယ်ကြပြီး မိန စ် အနည်းငယ်အကြာမှာမူ လိပ်ကြီးက ပြန်ပြောလို က်၏။

“နဂါးနက်က ပြောတယ် သခင်ရ.. ဒီတံခါးကိုဖြတ် ပြီးနောက်မှာ ကြီးမားတဲ့လမ်းကြောင်းတစ်ခုရှိတ ယ်..ပြီးတော့ အဲဒီလမ်းကြောင်းရဲ့ တစ်ဖက်မှာလည် း ဒီလိုမျိုးတံခါးတစ်ချပ်ရှိသေးတယ် ..ပုံစံကတူတူ ပဲတဲ့..”

“အဲဒီတံခါးကို ဖြတ်သွားတော့ ဖြတ်ပြီးနောက်မှာ.. ပ င်လယ်ကြမ်းပြင်ဖြစ်နိုင်တယ်.. မီတာ ၆၀၀၀ ကျော် အနက်လောက်ရှိမယ်ထင်တယ်တဲ့ သခင်ရ..”

လျူယောင် စိတ်ထဲကနေ တွေးလိုက်မိသည်။

“အော်..ဒီလိုဖြစ်နေတာကိုး..အဲဒီအလင်းရောင်တံခါးကို ဖြတ်ပြီးတဲ့နောက်မှာ ပင်လယ်ကြမ်းပြင်ပဲ ဖြစ် နေတယ်.ရေအနက်လည်း အတူတူလောက်ပဲ..”

“အဲဒီနေရာက တခြားကမ္ဘာလား.. ဒါမှမဟုတ် ပစိဖိ တ်သမုဒ္ဒရာရဲ့ အောက်ခြေတစ်နေရာလား..”

တခြားကမ္ဘာဆိုရင်တော့ အရမ်းဆွဲဆောင်မှုရှိတယ်.. ပစိဖိတ်သမုဒ္ဒရာအောက်ခြေမှာပဲဆိုရင်တော့ သိပ်စိ တ်ဝင်စားစရာ မကောင်းဘူး.."

ခဏစဉ်းစားပြီးနောက်မှာတော့ လျူယောင်က နဂါး နက်အား ထိုတံခါးထဲ ဝင်ခိုင်းခြင်းမရှိတော့သလို လိ ပ်ကြီးကိုလည်း ဝင်ခိုင်းခြင်းမရှိတော့ပေ။

အကောင်းဆုံးနည်းလမ်းကတော့ သူကိုယ်တိုင်ဝင်ပြီ း သေသေချာချာ ကြည့်ဖို့ပင်။သူတို့နှစ်​ကောင်ဝင် ရင်တောင် ပြန်ယူလာမယ့်သတင်း အချက်အလက် က အကန့်အသတ်ရှိနေပေဦးမည်။

ဘာပဲဖြစ်ဖြစ် အန္တရာယ်မရှိသည်မှာ သေချာ၏။

နဂါးနက်ပြန်လာသည့် အခြေအနေနဲ့ သူ့ ဖော်ပြချက် အရ ထိုနေရာက အရမ်းလုံခြုံတာ သေချာသည်။အ ကြီးမားဆုံးပြဿနာက သူ့ အနေနှင့် မီတာ ၆၀၀၀ ကျော်အနက်ကို ရောက်နိုင်ဖို့ဆိုသည်အား မသေချာ ခဲ့ပေ။

“ဟူး မသေချာဘူး..ငါ တစ်ခါမှ မကြိုးစားဖူးသေး ဘူးဆိုတော့ ကြိုးစားကြည့်မှ သိလိမ့်မယ်ကွာ..”

လျူယောင်သည် သူ ကိုယ်တိုင်သွားရောက်စစ် ဆေးဖို့အား သေသေချာချာစဉ်းစားလိုက်ပြီး သူ အလျင်စလိုလုပ်လို့မရပေ။

လိပ်ကြီးနှင့်နဂါးနက်တို့ကို ထို အလင်းရောင်တံခါး ကြီးထဲကို ထပ်မဝင်ဖို့ မှာခဲ့ပြီး တတိယအမြင်အား လျူယောင် ပိတ်လိုက်၏။သူကိုယ်တိုင် ဝင်ရောက်စ စ်ဆေးဖို့ အတွက် သေချာ ပြင်ဆင်ဖို့လိုနေသည်။

လိပ်ကြီးနဲ့ နဂါးနက်တို့မှာ တွင်းနက်ကြီးထဲကနေ ပြ န် ထွက်လာခဲ့၏။သူတို့ ဒီကိုလာတာက မိကျောင်း ကြီးတွေကို အစာအဖြစ် ရှာဖွေဖို့ဖြစ်ပြီး မတော်တ ဆ ရှာတွေ့ခဲ့တာဖြစ်သည်။

ကြီးမားသည့်ဂူထဲမှ ထွက်လာပြီးနောက် လိပ်ကြီးက အားမလိုအားမရ ပြောလိုက်၏။

“သွားကြစို့..အဲဒီဧရာမမိကျောင်းတွေကို ဆက်ရှာကြ မယ်.. သူတို့ ဘယ်မှာပုန်းနေလဲဆိုတာကို ငါကြည့်ချ င်သေးတယ်..”

လိပ်ကြီးက ပေရာဂဏန်းလောက်မှ ရှေ့ကနေ ကူး ခတ်နေပြီး နဂါးနက်မှာမူ သတိထားကာ အနောက် ဘက်တော်တော် ဝေးဝေးမှ လိုက်လာခဲ့သည်။သူက ကိုယ့်ကိုယ်ကို သိနေ၏။အကိုကြီးလိပ်က တစ်ယော က်တည်းတိုက်ရင်တောင် အဲဒီဧရာမမိကျောင်းတွေ ကို အသာလေးနိုင်သည်လေ။

အကိုကြီးလိပ်နှင့် ယှဉ်လျှင်မူ သူသည် ဘာမှမဟုတ် ပေ။

ရေမိုင်အနည်းငယ်ခန့် ရေကူးပြီးနောက်၌ လိပ်ကြီး က နောက်ဆုံးမှာ ဧရာမမိကျောင်းကြီး တစ်ကောင် ကို ရှာတွေ့ခဲ့ပြီးအရွယ်အစားက အရင်တစ်ကောင်နဲ့ အတူတူလောက်ပင်။

ခုအချိန်မှာမူ လိပ်ကြီးမှာ နည်းနည်း သိလာခဲ့၏။

ထိုချောက်နက်ကြီးထဲတွင် ဧရာမမိကျောင်းအရေအ တွက်က သူ စိတ်ကူးထားသလောက် အများကြီးမရှိ နိုင်‌ပေ။ကံကောင်းလျှင် သူ တစ်ခါတည်း နှစ်ကောင် သုံးကောင် ရှာတွေ့နိုင်ပြီး ကံမကောင်းလျှင်မူ တစ် ကောင်ရှာဖို့ အချိန်အတော် ကြာနိုင်၏။

လိပ်ကြီးက တိတ်တိတ်လေး ကူးလာ၍ ဧရာမမိ ကျောင်းနှင့် ပိုနီးကပ်လာခဲ့ကာ တစ်ဖက်က မသိခ င်မှာပဲ သူ တိုက်ခိုက်လိုက်သည်။

လိပ်ကြီးက နောက်ခံပုံရိပ်များချန်ကာ မျက်စိတစ်မှိ တ်အတွင်းမှာပင် ပြေးဝင်လိုက်၏။အရှိန်က အရမ်း မြန်လို့ ဧရာမမိကျောင်းကြီး တုံ့ပြန်ဖို့ပင် အချိန်မရ ခဲ့‌‌ပေ။

"ဇွက်.." "ဝုန်း..."

ဧရာမလှံ၏ ကြီးမားသည့်ထိပ်ဖျားက ဘယ်လိုအရ ာမျိုးကိုမှ မရှုံးနိမ့်နိုင်ဘဲ မိကျောင်းကြီး၏ ခန္ဓာကို ယ်ထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်သွားခဲ့သည်။

အရင်တစ်ခါတုန်းကအတိုင်းပင်။

လှံထိပ်ဖျားက မိကျောင်း၏ မာကျောသည့်ဦးခေါင်း အရေခွံကို ဖောက်ဝင်သွားရုံသာမက အရိုးတွေကိုပါ ဖောက်ဝင်သွားကာ မိကျောင်းကြီး၏ ဦးခေါင်းအား ဖောက်ဝင်လုနီးပါးပင်။

ထိုဧရာမမိကျောင်းသည် ရုန်းကန်ဖို့ အချိန်ပဲ ရလိုက် ကာ သေဆုံးသွားရသည်။ထိုဧရာမမိကျောင်းကို ဆွဲ ပြီး လိပ်ကြီး ထွက်လာခဲ့၏။၎င်းက လိပ်ကြီးအတွ က်မူ ရက်အနည်းငယ်လောက် စားဖို့အတွက် လုံလေ ာက်နေပေသည်​။

လိပ်ကြီး မြန်မြန် ထွက်လာသည်မှာ နောက်ထပ် ဧရ ာမမိကျောင်းတစ်ကောင် လိုက်လာလို့မဟုတ်ပဲ အ စားကောင်းကောင်း ကြိုက်သူတစ်ယောက်မို့ ထိုရှား ပါးသည့် အရသာအား လိပ်ကြီး မြန်မြန်စားဖို့ နေရာ ရှာချင်လို့ပင်။

........

နောက်ဆုံးမှာမူ လျူယောင်က သေချာ စဉ်းစားနိုင် ခဲ့သည်။ထိုအလင်းရောင်တံခါးနှင့် ရှားပါးသည့်အ ခွင့်အရေးကို သူ တွေ့ရှိခဲ့တာဖြစ်၍ သူကိုယ်တိုင် သွားရောက်စစ်ဆေးတာက ပိုကောင်းပေမည်။

မထွက်ခွာခင်မှာပင် သူက ယူနီဗာဆဲလ်မှ အဆင့်မြ င့်အရာရှိများကို ရုံးခန်းသို့ ခေါ်ပြီး ရှင်းပြခဲ့သည်။ သူက ရက်အနည်းငယ်လောက် ခရီးထွက်မှာဖြစ်ပြီး အလုပ်ကိစ္စတွေကို တာဝန်ယူဖို့ ထိုလူတွေအား လျူ ယောင် သေချာ မှာခဲ့လိုက်၏။

သူက လီချန်လဲ့နှင့်လည်း ဆောက်လုပ်နေသည့် ကျွ န်းငယ်လေးကို သွားကြည့်ဖို့တိုင်ပင်ခဲ့သည်။

အမှန်ပါပင်။လျူယောင် ကျွန်းကို သွားကြည့်တာက အကြောင်းပြချက်တစ်ခု ဖြစ်ကာ အဖြူရောင် လိမ် ညာမှုတစ်ခုပင်။တကယ့်ရည်ရွယ်ချက်က ကြီးမား သည့် ဂူထဲက အလင်းတံ ခါးအား လျူယောင် သွား ကြည့်ဖို့ပင် ဖြစ်သည်။

နဂါးနက်ပြောသည့် လမ်းကြောင်းကို သူ ဖြတ်ပြီး နောက် နောက်ထပ်အလင်းတံခါးတစ်ချပ်ကို ဖြတ် ပြီးနောက်မှာမူ တခြားတစ်ဖက်ခြမ်းမှာ ဘာရှိလဲဆို သည်အား သူ သေချာပေါက် ရှာဖွေရပေမည်။

လိီချန်လဲ့အား သေချာ ရှင်းပြပြီးနောက် လျူယော င်က အထူးလေယာဉ်ဖြင့် ဟွာဟိုင်းမြို့ကနေ XX နိုင် ငံရဲ့မြို့တော်ကို တိုက်ရိုက်ပျံသန်းလာကာ ထိုမှတဆ င့် ရဟတ်ယာဉ်စီး၍ ဆောက်လုပ်နေသည့် ကျွန်းင ယ်လေးအား သွားကြည့်ခဲ့သည်။

သူနှင့်အတူ ချန်းဟူကိုပဲ ခေါ်လာခဲ့၏။ဘာဖြစ်လို့လဲ ဆိုတော့ ချန်းဟူက လျှို့ဝှက်ချက်တွေကို ကောင်း ကောင်းထိန်းသိမ်းနိုင်လောက်အောင် သစ္စာရှိလို့ပင်။

ကျွန်းကို စစ်ဆေးပြီးနောက်၌ ချန်းဟူအား ရှင်းပြ ပြီးနောက်တွင်မူ ဘယ်သူမှမရှိသည့် နေရာအား လျူ ယောင် ရှာလိုက်၏။လူရှင်းတာ သေချာတော့မှ လျူ ယောင် ရေထဲ ဆင်းလာကာ ချောက်ဘက်ကို ရေကူး လာခဲ့သည်။

တချို့လူတွေကမူ လျူယောင် ဘာလို့ပျောက်သွား တာလဲဟု မေးနိုင်၏။သို့ပေမဲ့ ချန်းဟူက ရှင်းပြပြီး ဖုံးကွယ်ပေးလိမ့်မည်။

ဒီမေးခွန်းကို မေးမည့်သူတွေက ရပ်ဆဲလ် ဒါမှမဟု တ် ကျွန်းဆောက်လုပ်ရေးကို တာဝန်ယူထားသည့် တိန်းမင်ဒါနှင့် နောက်ထပ်လူတချို့ပဲ ဖြစ်နိုင်လော က်သည်။

လျူယောင်က ရေမျက်နှာပြင်အောက် ၁၀ မီတာ ကျော်လောက်ကနေ လျင်မြန်စွာ ကူးလာကာ အချိန် ခဏလေးအတွင်းမှာပင် ရေမိုင်အနည်းငယ်သို့ သူ ရောက်လာ၏။

ထိုအချိန်၌ လိပ်ကြီးလည်း ရောက်လာခဲ့သည်။

လျူယောင်က ယဉ်ကျေးမနေတော့ဘဲ လိပ်ကြီး၏ ကျောပေါ်ကို တိုက်ရိုက်တက်လိုက်ပြီး လိပ်ကြီးအား ချောက်နက်ကြီးဆို ခေါ်သွားခိုင်းလိုက်သည်။

လိပ်ကြီးရဲ့အရှိန်က ပိုမြန်နေ၏။

ထိုချောက်နက်ကြီးက သူဝယ်ထားသည့် ကျွန်းနှင့် သိပ်မဝေးပေ။ရေကြောင်းမိုင် ၂၀၀ ကနေ ၃၀၀ လောက်ရှိသောကြောင့် တစ်နာရီအတွင်း သူတို့ရော က်လာခဲ့သည်။

“ကျွန်တော်အဆင်သင့်ပဲ သခင်ရေ ချောက်နက်ကြီး ကို သွားကြစို့...”

လိပ်ကြီးက ပင်လယ်ကြမ်းပြင် အနက်ပိုင်းကနေ ကူ းခတ်လာခဲ့သည်။အလင်းရောင်က တဖြည်းဖြည်း မှောင်လာသောကြောင့် လျူယောင် ဘာကိုမှ မမြင် ရတော့ပေ။လိပ်ကြီးကမူ လမ်းကြောင်းသိသော ကြောင့် မကြာခင်မှာပင် ချောက်နက်ကြီးသို့ လျူ ယောင် ရောက်လာကာ အထဲသို့ ဝင်လာခဲ့သည်။

ပင်လယ်ရေမျက်နှာပြင်အောက် မီတာ ဒါဇင်အနည် းငယ်ကနေ ချောက်နက်ကြီး၏ မီတာ ၄၀၀၀ ကျေ ာ် အနက်မှစ၍ ရေဖိအားဒဏ်ကို လျူယောင် ခံစ ားခဲ့ရ၏။

All Chapters