← Chapters

အလင်းတံခါးကို ဖြ​တ်သန်းခြင်း

Vol. 48 Ch. 577

အလင်းတံခါးကို ဖြ​တ်သန်းခြင်း

Vol. 48 Ch. 577

သူ မီတာ ၄၀၀၀ ကျော်ရောက်ချိန်တွင်မူ သူ့ရှေ့၌ ချောက်နက်ကြီးတစ်ခုရှိနေပြီး လျူယောင်ကလည်း ပင်လယ်ရေဖိအားဒဏ်ကို ခံစားနေရ၏။

အရင်က လမ်းတစ်လျှောက်မှာ ရေအနက်က တဖြ ည်းဖြည်း တိုးလာခဲ့ပေသော်လည်း ထိုဖိအားမျိုးကို တစ်ခါမှ သူ မခံစားခဲ့ရပေ။

လျူယောင် သူ့စိတ်ထဲမှာ တွေးလိုက်မိသည်။

“အင်း အနည်းဆုံး မီတာ ၆၀၀၀ ကျော် အနက်အထိ ငါ ဆင်းရအုံးမယ်..ဒီဖိအားကို ခံနိုင်ရည်ရှိမရှိတော့ မသိဘူး..ခံနိုင်ရည်ရှိပါစေလို့ ငါ မျှော်လင့်မိတယ်”

ဖိအားကို မခံနိုင်လျှင် သူ လာရသည်မှာ အချည်းနှီး ပင်။ပြီးတော့ အလင်းတံခါးထဲသို့ သူ ဝင်နိုင်မည် မ ဟုတ်ပေ။

“ကျွန်တော် သခင်ကို ခေါ်သွားပါရစေ..”

လျူယောင်က ခေါင်းညိတ်ပြလိုက်၍ လိပ်ကြီး၏ ကျောပေါ်မှာပဲ ထိုင်လိုက်လာကာ ချောက်နောက် ကြီးထဲကို ဝင်လာခဲ့ပြီး ရေအနက်က တဖြည်းဖြည် း တိုးလာခဲ့သည်။

“အင်း.ရေဖိအားက ပိုပြီးသိသာလာတယ်..”

“ဒါ မီတာ ၅၀၀၀ ကျော်ဖြစ်လိမ့်မယ်..ဖိအားက တ ကယ်ကို မသက်သာဘူးပဲ.."

လိပ်ကြီးက နောက်ထပ် မီတာ ၁၀၀ ၂၀၀ လောက် ထပ်ဆင်းဖို့ ခက်နေသည်ကို တွေ့လိုက်သောအခါ လျူယောင်က လိပ်ကြီးအား အရှုံးပေးပြီး ပြန်လှည့် ဖို့ ပြောချင်ခဲ့ပေမဲ့ လိပ်ကြီးကမူ ဆက်ဆင်းလာခဲ့သ ည်။

“ငါ့ကောင်ကြီး..ပိုမြန်မြန်သွား..ဒီလောက်ကြီးမားတဲ့ဖိအားနဲ့ ငါကြာကြာမနေနိုင်ဘူး.."

လိပ်ကြီးက ဂူထဲကို အလျင်အမြန် ရေကူးဝင်လာလို က်၏။မကြာခင်မှာပင် အလင်းတံခါးရှေ့ကို သူတို့ ရောက်လာခဲ့ပြီး လျူယောင်က စိတ်ထဲကနေ တုန် လှုပ်သွားခဲ့ရသည်။

"ဝိုး ဒီမှာရှိနေရတာက အရမ်းစိတ်လှုပ်ရှားစရာကော င်းတာပဲကွာ.."

သူ အရင် တတိယအမြင်နဲ့ မြင်တုန်းက ဤကဲ့သို့ ခံစားချက်မျိုး မရှိခဲ့ပေ။ယခုမူ အလင်းတံခါးကြီးက သူ့ မျက်စိရှေ့မှာရှိနေပြီး သူ့အား စိတ်လှုပ်ရှားစေခဲ့ သည်။

မူလက မှောင်မိုက်နေသည့် ဂူ အောက်ခြေတွင်မူ ထို တံခါး၏ အလင်းကြောင့် အလင်းဖြူရောင်တစ် ရောင်ရှိနေ၏။

ပင်လယ်ရေ ဖိအားက အရမ်းကြီးမားနေပြီး လျူ ယောင်က သူမိနစ်အနည်းငယ်တောင် မခံနိုင်ဘူးဆို သည်အား သိနေသောကြောင့် အလင်းတံခါးဆီသို့ ချက်ချင်း ရေကူးသွားလိုက်သည်။

“သခင်ရ..ကိုယ့်ကိုယ်ကိုယ် သတိထားအုံး. . ကျွန် တော် ဒီမှာစောင့်နေမယ်နော်..”

“မဟုတ်ဘူး.. မင်း လွတ်လွတ်လပ်လပ် နေနိုင်တယ် ..ငါဝင်ပြီးရင် ဘယ်လောက်ကြာမှ ထွက်နိုင်မလဲ မ သိဘူး..ငါထွက်လာမှ မင်းကို ဆက်သွယ်လိုက်မယ် . .”

ပြောပြီးနောက် လျူယောင်က ထိုအလင်းတံခါးထဲ သို့ရေကူးဝင်လာခဲ့သည်။သူဖြတ်သွားသည့်အခါမှာမူ ဘာခံနိုင်ရည်မှမရှိဘဲ လေထုအလွှာတစ်လွှာကို ဖြတ်သွားသလိုမျိုးပင်။သူ ခံစားရသည့် တစ်ခုတည် းသောအရာက ရေဖိအားရုတ်တရက် ပျောက်သွား တာပင် ဖြစ်၏။

ထိုအလင်းတံခါးထဲကို သူ ဝင်လိုက်တာနဲ့ ရေဖိအား လုံးဝမရှိတော့ပေ။

ပြီးတော့ အတွင်းပိုင်းတွင်မူ မီတာ ထောင်ပေါင်းမျာ းစွာရှည်လျားသော လမ်းဖြောင့်ကြီးတစ်လမ်း ရှိ နေ၏။ထိုနေရာက ပင်လယ်ရေမရှိသည့်အပြင် လမ် းကြောင်းတစ်ခုလုံးကလည်း နူးညံ့သည့် အလင်း ရောင်တွေနှင့် တောက်ပနေပေသည်။

တစ်လမ်းလုံးက အရမ်းလင်းနေသောကြောင့် လျူ ယောင်လည်း ရှေ့မှ နောက်ထပ် အလင်းတံခါး တစ် ချပ်အား ချက်ချင်းမြင်လိုက်ရ၏။

ထိုအလင်းတံခါးကို ဖြတ်ပြီးနောက်မှာ ဘယ်လို က မ္ဘာမျိုးဖြစ်မလဲဆိုသည်အား သူ မသိပေ။

"ဟူး..ဒါက ကမ္ဘာမြေပေါ်မှာပဲလား..ဒါမှမဟုတ် ပစိ ဖိတ်သမုဒ္ဒရာထဲမှာပဲလား..ဒါမှမဟုတ် စိတ်ကူးယဉ် ဝတ္ထုတွေထဲကလိုပဲ တံခါးရဲ့အပြင်ဘက်မှာ တခြား ကမ္ဘာတစ်ခုရှိနေတာများလားကွာ..."

လျူယောင်က လေပြင်းပြင်းအနည်းငယ် ရူလိုက်သ ည်။လမ်းကြောင်းက လေဟာနယ်မဟုတ်ပဲ လေက လုံလောက်သည့်အတွက် လေဖိအားကလည်း ပုံမှန် ဖြစ်နေ၏။

စိတ်ကိုတည်ငြိမ်အောင်လုပ်ပြီးနောက် လျူယောင် က အလင်းတံခါးဆီကို လျှောက်လာကာ တဖြည်း ဖြည်းနှင့် အလင်းတံခါးရှေ့သို့ သူ ရောက်လာခဲ့သ ည်။

သူ့ခြေလှမ်းတွေကို ရပ်လိုက်၍ ထိုအလင်းတံခါးကို ကြည့်လိုက်ရာ ခုနက သူဝင်လာသည့် အလင်းတံခါး နှင့် ဘာမှမကွာခြားမှန်း တွေ့လိုက်ရ၏။

တံခါးအရွယ်အစားမှာလည်း အတူတူဖြစ်နေသည်။

လျူယောင်က နောက်တစ်ကြိမ် လေပြင်းပြင်းရူလို က်ကာ ဝင်လာခဲ့၏။ဘာခုခံမူမှ မရှိဘဲ လေထုအလွှာ တစ်လွှာကို ဖြတ်သွားသလို ထပ်ခံစားလိုက်ရကာ တအောင့်ကြာတော့ ပင်လယ်ရေအောက်မှာ သူ ပေါ် လာ‌ခဲ့သည်။

၎င်းက ပင်လယ်ကြမ်းပြင်မှန်း ရှင်းလင်း၏နေ၏။ လျူယောင်က ပင်လယ်ရေဖိအား၏ ကြောက်စရာ ကောင်းပုံကို သူ သိနေကာ ရေအနက်က မီတာ ၆၀၀ ၀ ကျော်လောက်ရှိမယ်လို့ ခန့်မှန်းရသည်။

ထိုအနက်မှာ သူ ကြာကြာမနေနိုင်ပေ။

သူ့ခြေထောက်တွေကို တွန်းပြီး လျူယောင်က အ တော်လေးမြန်တဲ့အရှိန်နဲ့ အပေါ်ကို ရေကူးလာရာ ပ င်လယ်ရေဖိအားက တဖြည်းဖြည်း လျော့နည်းလာ သည်အား သူခံစားမိသည်။မိနစ်အနည်းငယ် အကြ ာမှာမူ ဘာဖိအားကိုမှ သူ မခံစားရတော့ပေ။

"ဟူး ရောက်ပြီ..တော်ပါသေးရဲ့.."

နောက်ဆုံးမှာမူ သူ ရေထဲကနေ ထွက်လာခဲ့ပြီးသက် ပြင်းရှည်ကြီးချလိုက်ကာ ချက်ချင်းပင် ပတ်ဝန်းကျ င်အား လျူယောင် ကြည့်လိုက်သည်။

ထင်ရှားသည်မှာ ဤနေရာက ပင်လယ်ထဲမှာဖြစ်ပြီး နေခင်းဖြစ်နေတုန်းပင်။အပြာရောင်ကောင်းကင်နှင့် တိမ်ဖြူတွေအား သူ အရမ်းရင်းနှီးနေ၏။

လျူယောင်က ကောင်းကင်ထက်က နေကို တစ်ချ က် ကြည့်လိုက်သည်။

"ဒါက ငါ အရမ်းရင်းနှီးတဲ့နေပဲ..ဟဲ.."

စိတ်ကူးယဉ်ဝတ္ထုတွေထဲကလို ကောင်းကင်မှာ နေနှ စ်စင်း လနှစ်စင်း မရှိဘူးပေ။ကောင်းကင်မှာ တခြား ကောင်းကင်တွေလည်း ရှိမနေပေ။

ဤနေရာက တခြားကမ္ဘာမဟုတ်ဘဲ ကမ္ဘာမြေပေါ်မှာ ပဲ ရှိနေတယ်ဆိုတာကိုပင် သူ့ မသိစိတ်က ပြောပြနေ ၏။

“စိတ်ပျက်ဖို့ကောင်းတယ်ကွာ..”

လျူယောင်က သက်ပြင်းချလိုက်ပြီး စိတ်ထဲကနေ တွေးလိုက်မိသည်။

“ငါ လမ်းဟောင်းအတိုင်း ပြန်ရမလား..ဒါမှမဟုတ် ခဏလောက် ထပ်စောင့်ကြည့်ရမလား..”

“ဒီနေရာ ဘယ်နေရာလဲ..”

“ကံမကောင်းတာက ငါ့မှာ တည်နေရာရှာဖွေရေးကိ ရိယာမှ မရှိဘူး..ဒါကြောင့် ဘယ်နေရာလဲဆိုတာ ငါ မသိဘူး ..ဒါက ပစိဖိတ်သမုဒ္ဒရာရဲ့အလယ်ပိုင်း ဖြစ် နိုင်တယ်..”

“နေစမ်းပါဦး..ငါ့မှာ ကမ္ဘာ့မြေပုံပါတဲ့ အိမ်မွေးတိရ စ္ဆာန်ချပ်ပြားရှိတာပဲ....ဟုတ်သားပဲကွာ.. ဒါက ငါနဲ့ လိပ်ကြီးရဲ့ တည်နေရာကို မြင်နိုင်တယ်လေ..”

လျူယောင်က အိမ်မွေးတိရစ္ဆာန်ချပ်ပြားကို အမြန် ဖွင့်ကြည့်လိုက်ရာ သူ့ရဲ့တည်နေရာကို ချက်ချင်း သိ သွားရသည်။မြေပုံပေါ်တွင့် သူ့ တည်နေရာကို ကိုယ် စားပြုသည့် အလင်းအစက်လေးတစ်စက် ရှိနေ၏။

“ဝိုး ယန်နိုင်ငံနဲ့ အရမ်းနီးနေတာပဲ.. ကမ်းရိုးတန်းက နေ အများဆုံး ရေမိုင် လေးငါးရာပဲ ဝေးတယ်ဟ..”

လျူယောင်က ကျွန်းငယ်လေးရဲ့တည်နေရာက ယန် နိုင်ငံကနေ ရေမိုင် တစ်ထောင်ကျော် ဝေးသည်အား သူ ရှင်းရှင်းလင်းလင်းမှတ်မိနေသည်။ကျွန်းငယ် လေးကနေ သူ ရေထဲကို ဆင်းလာပြီးနောက် လိပ် ကြီးပေါ်ကနေ ရေမိုင် နှစ်ရာ သုံးရာလောက် ရေကူး လာ၏။

အလင်းတံခါးနှစ်ချပ်ကို ဖြတ်ပြီးနောက် သူက ရုတ် တရက် ဤနေရာကို ရောက်လာခဲ့သည်။

" ဘာဖြစ်နေတာလဲဟ.."

“အမ်”

“မြေပုံပေါ်မှာ အလင်းအစက်လေးတစ်စက်ပဲ ဘာလို့ ရှိနေတာလဲ..လိပ်ကြီးကို ကိုယ်စားပြုတဲ့ အလင်းအ စက်လေးက မရှိပါလား...”

ဘာလို့ ဒီလိုအခြေအနေမျိုး ဖြစ်နေတာလဲဆိုသည် ကိုမူ သူ လုံးဝမသိတော့‌ပေ။သူက လိပ်ကြီးကို ဆ က်သွယ်ဖို့ ကြိုးစားကြည့်သော်လည်း တစ်ဖက်မှ ဘ ာတုံ့ပြန်မှုမှမရှိခဲ့ပေ။

ထိုကြောင့် လျူယောင် ပိုရှုပ်ထွေးခဲ့ရ၏။

“ဒါက ကမ္ဘာမြေပဲလား..”

"ကမ္ဘာမြေမဟုတ်ဘူးဆိုရင်တောင် အရာအားလုံးက ငါ အရမ်းရင်းနှီးနေတယ်.. လေရဲ့အနံ့တောင် ရင်းနှီး နေတယ်..ကောင်းကင်ပေါ်က နေကလည်း ငါ ရင်းနှီး နေတယ်လေကွာ.."

"ဒါက ကမ္ဘာမြေဆိုရင်..လိပ်ကြီးကရော ဘယ်ရော က် သွားတာလဲ..ဘာလို့ သူ့ကို ကိုယ်စားပြုတဲ့ အစ က်က မြေပုံပေါ်မှာ မရှိတာလဲ.. ပြီးတော့ အခု လိပ် ကြီးကို ငါ ဆက်သွယ်လို့မရတော့ဘူး.."

အချိန်အကြာကြီး စဉ်းစားခဲ့သော်လည်း လျူယောင် လုံးဝ နားမလည်နိုင်ခဲ့ပေ။အချိန်အကြာကြီး စဉ်းစား ပြီးနောက် လျူယောင်က စိတ်ထဲကနေ ဆုံးဖြတ်လို က်၏။

"အခု ဒီနေရာကို ငါ ရောက်လာပြီဆိုမှတော့ ထပ်သွ ားကြည့်ရအောင်.."

ဤအတိုင်းသာ သူ ပြန်သွားလျှင် လက်ဗလာနှင့် ပြန် ရပေမည်။ဘာတွေဖြစ်နေ လဲဆိုသည်အား အဖြေရှာ ဖို့ သူ ဆုံးဖြတ်လိုက်၏။

သူ လက်ရှိရောက်နေသည့် တည်နေရာကို ကြည့်ပြီး တိကျသော တည်နေရာကို မှတ်သားပြီးနောက် ယန် နိုင်ငံကုန်းတွင်းပိုင်းဘက်ကို သွားဖို့ လျူယောင် ရွေး ချယ်လိုက်သည်။

ရေမိုင် လေးငါးရာလောက်ဝေးရင်တောင် ရေကူးရ မှာဖြစ်ပြီး လှေငယ်လေးတောင် မရှိသည်မို့ သူ့လ က်မောင်းတွေကိုသုံးကာ ရေကူးတာကလွဲလို့ ဘာမျာ း လုပ်နိုင်ဦးမည်နည်း။

တစ်နာရီလျှင် ရေမိုင် ဒါဇင်အနည်းငယ် သို့မဟုတ် ရာဂဏန်းလောက် ရေကူးသည်မှာ သူ့အတွက်မူ ပြ ဿနာမရှိပေ။

ထို့ကြောင့်လျူယောင်က ရေအောက်မီတာ ၁၀ ကျေ ာ် အနက်ကနေ လျင်မြန်စွာ ရှေ့ဆက် ကူးလာခဲ့သ ည်။

ခဏလောက် ရေကူးပြီးနောက်မှာမူ လျူယောင်က အသက်အနည်းငယ်ရူဖို့ ရေပေါ်သို့ တက်လာပြီး နေ ာက်ထပ် ရေအောက် ၁၀ မီတာ ကျော်ကို ပြန်လာ ကာ ဆက်ကူးလာလိုက်၏။

တစ်နာရီကျော်ကြာပြီးနောက်မှာမူ ရေမိုင် ရာဂဏန်း လောက် သူ ရောက်လာခဲ့သည်။လျူယောင်က အ သက်ရူဖို့ ရေထဲက ပြန် ထွက်လာသည့်အခါမှာမူ သူ ရုတ်တရက် တောင့်တင်းသွားရ၏။

သူ့ရှေ့၌ သင်္ဘောကြီးတစ်စင်းကို မြင်လိုက်ရကာ ၎ င်းက သစ်သားရွက်သင်္ဘောကြီးတစ်စင်း ဖြစ်နေပေ သည်။

All Chapters