← Chapters

ဒါ ဘယ်နေရာလည်း

Vol. 48 Ch. 578

ဒါ ဘယ်နေရာလည်း

Vol. 48 Ch. 578

လျူယောင်က အမြင်အာရုံကောင်းသည်မို့ ၎င်းက အနည်းဆုံး အလျား ပေ ၅၀ ကနေ ၆၀ အထိရှိသ ည့် သစ်သားရွက်သင်္ဘောကြီးဆိုသည်အား သူ ရှင်း ရှင်းလင်းလင်း မြင်နေရ၏။

"အမ် ဒါ ခေတ်မီသင်္ဘောမဟုတ်ဘူးပဲ.."

လျူယောင်က အချိန်အတော်ကြာအောင် အံ့အားသ င့်ခဲ့ရသည်။ပင်လယ်ပြင်ပေါ်မှာ ဤကဲ့သို့ခေတ်ဟော င်းသင်္ဘောကြီး ဘယ်လိုလုပ်ရှိနေနိုင်မည်နည်း။

အခုခေတ်မှာဆိုလျှင်မူ အားလုံးက သံမဏိသင်္ဘော ကြီးတွေဖြစ်နေကာ တန်ချိန်သိန်းချီအထိ ရှိနေကြ ၏။

လျူယောင်က မိနစ်အနည်းငယ်လောက် သေချာ ကြည့်နေခဲ့သည်။သူ့စိတ်ထဲမှာမူ သူဌေးကြီးတစ်ဦး က ရှေးဟောင်းပုံစံ ကစားနေတာဖြစ်ပြီး ပင်လယ်ထဲ သွားဖို့အတွက် သစ်သားရွက်သင်္ဘောကြီးအား အ ထူးတည်ဆောက်ခဲ့သည်မှာ ဖြစ်နိုင်သည်ဟု တွေး လိုက်မိ၏။

သို့သော်လည်း ထိုဖြစ်နိုင်ခြေက မသေချာပေ။

ဘာတွေဖြစ်နေလဲဆိုသည်ကို သေချာမသိသော ကြောင့် ကုန်းပေါ်ကိုသာ အရင်တက်ဖို့ သူ ဆုံးဖြတ် လိုက်သည်။

နောက်ထပ် နှစ်နာရီ၊ သုံးနာရီလောက် ရေကူးပြီးနော က်တွင်မူ နောက်ဆုံး၌ ကုန်းမြေကို သူ မြင်လိုက်ရ ၍ စိတ်သက်သာရာရသွားပြီး သက်ပြင်းရှည်ကြီးချ လိုက်၏။ဤသည်မှာ သူ ပင်ပန်းလို့မဟုတ်ဘဲ ကုန်း ပေါ်ကို တက်နိုင်ခဲ့လို့ပင်။

သူ ကုန်းပေါ်ကို ရောက်သည်နှင့် ဘာတွေဖြစ်နေလဲ ဘယ်နေရာရောက်နေလဲဆိုသည်အား သိနိုင်မည် လေ။

ယခုမူ သူ့ စိတ်ထဲမှာ မေးခွန်းတွေအပြည့်ဖြစ်နေပြီး အဖြေကို ရှာဖို့ လိုအပ်နေသည်။

မကြာခင်မှာပင် လျူယောင် ကုန်းပေါ်ကိုရောက်လာ ခဲ့ပြီး သူ့ရဲ့စိုနေတဲ့အဝတ်အစားတွေကို ကြည့်ကာ မျ က်မှောင်ကြုတ်လိုက်၏။၎င်းတို့အား အရင်ခြောက် အောင် လုပ်ရပေမည်။

ပတ်ပတ်လည်ကို ကြည့်လိုက်ရာ လျူယောင်က ထ ပ်ပြီး အံ့အားသင့်ခဲ့ရ၏။လူတစ်ယောက် သို့မဟုတ် အဆောက်အအုံတစ်လုံးကိုမျှ မတွေ့ရဘဲပတ်ဝန်း ကျင်ရှိ မြင်ကွင်းက သူ့ကို ရှုပ်ထွေးစေခဲ့သည်။

"ဒီနေရာက ရာသီဥတု မှားနေပုံပဲဟ.. "

သူ ခုနက ပင်လယ်ထဲ ရှိနေခဲ့သည်မို့ ၎င်းအား သ တိ မထားမိခဲ့ပေ။ယခုမူ မတူတော့ပေ။သူ့ ပတ်ဝန်း ကျင်မှာရှိသည့် သစ်ပင်တွေက စိမ်းလန်းစိုပြေနေပြီး အရွက်သစ်တွေဟာ ယခုမှ ထွက်လာပုံရကာ တောပ န်းတွေက နေရာတိုင်းမှာ ပွင့်နေ၏။မြက်တွေ စိမ်းစို နေသည်မှာလည်း ကော်ဇောစိမ်းခင်းထားသလိုမျိုး ဖြစ်နေသည်။

၎င်းက နွေဦးနှောင်းပိုင်းရဲ့ မြင်ကွင်းဖြစ်တာသေချာ ၏။နွေဦးအစပိုင်း မဖြစ်နိုင်ပေ။သို့ပေမဲ့ သူ နေသည့် ဟွာဟိုင်းမြို့တွင်မူ ဆောင်းဦးနှောင်းပိုင်း ဖြစ်နေသ ည်။

ထင်ရှားသည်မှာ သူရောက်နေသည့် နေရာက ကမ္ဘာ မြေပေါ်မှာပဲ ရှိနေပြီး အိမ်မွေးတိရစ္ဆာန်ချပ်ပြားပေါ် က ကမ္ဘာ့မြေပုံကလည်း ထိုအရာကို ဖော်ပြနေ၏။

"ရာသီဥတု မမှန်ဘူးဆိုရင် အလင်းတံခါးကို ငါ ဖြတ် ပြီးနောက်မှာ အချိန်ခရီးသွားတာ ဖြစ်နိုင်မလား.."

ထိုဖြစ်နိုင်ခြေကိုမူ လျူယောင်က အတော်လေး ယုံ ကြည်နေမိသည်။

သို့သော်လည်း အချိန်ခရီးသွားလာပြီးနောက် သူက ယခု ဘယ်ခေတ် ဘယ်နေရာလဲဆိုတာ သေချာ မသိ သေးပေ။ပင်လယ်ပြင်ပေါ်မှာ မြင်ခဲ့သည့် သစ်သား ရွက်သင်္ဘောကြီးကို သတိရလိုက်တဲ့အခါသူ့ ခန့်မှန်း ချက်က နည်းနည်းပိုသေချာလာသည်။

“ဆက်သွား .မယ်ကွာ.. ဒီလောက်အများကြီး မစဉ်း စားတော့ဘူး..ငါ ဒီနေရာကိုရောက်နေပြီဆိုတော့ ဒါ ဘယ်မင်းဆက်လဲ..ဘယ်လိုကမ္ဘာမျိုးလဲဆိုတာ သေ ချာကြည့်ရမယ်..."

လျူယောင် ပတ်ပတ်လည်ကိုကြည့်လိုက်ရာ လူသွာ းလမ်းတောင် မရှိပေ။ဤနေရာက တော်တော်လေး ဝေးလံခေါင်သီပုံရ၏။

လမ်းကြောင်းတစ်ခုကို ခန့်မှန်းပြီးနောက် လျူယော င်က ရှေ့ကိုနှစ်မိုင် သုံးမိုင်လောက် လမ်းလျှောက် လာသည့်အခါ ရေစီးသံကို သူကြားလိုက်ရသည်။ အသံရှိရာဘက်ကို ပေတစ်ရာလောက် သူ လျှောက် လာရာ ကြည်လင်သော မြစ်ငယ်လေးတစ်စင်းအား တွေ့လိုက်ရ၏။

လျူယောင်က နည်းနည်း အံ့အားသင့်ခဲ့ရသည်။ခေ တ်သစ်ကာလမှာ ဤကဲ့သို ကြည်လင်သည့် မြစ်ရေ မျိုးအား မြင်ရခဲလှ၏။

ရေစီးက ညင်သာပြီး မြစ်ကမ်းဘေးနှင့် မြစ်အောက် ခြေမှာမူ ကျောက်စရစ်ခဲတွေ အပြည့်ရှိနေကာ နေရ ာက အတော် ကောင်းလှသည်။လျူယောင်က သူ့ အဝတ်အစားတွေကို သန့်စင်အောင် ဆေးကြောဖို့ ခု န်ဆင်းလိုက်၏။

ကုန်းပေါ်ကိုသူ ပြန်ရောက်တော့ အဝတ်တွေကို ခြော က်သွေ့အောင်လုပ်ဖို့အတွက် ပတ်ပတ်လည်ကို ကြ ည့်လိုက်သည်။

ဘယ်သူမှမရှိသောကြောင့် ကျောက်တုံးကြီးတစ်တုံး ကို သူ ရှာလိုက်၏။သူ့အဝတ် အစားအားလုံးကို ချွ တ်လိုက်ပြီး အတွင်းခံတွေအပါအဝင် ရေညှစ်ကာ ကျောက်တုံးကြီးပေါ်၌ ဖြန့်ခင်းလိုက်သည်။

မနက်ပိုင်းတစ်ပိုင်းလုံးနီးပါး နေပူခံထားသည့် အတွ က် ကျောက်တုံးကြီးမှာ ပူပြီး ခြောက်နေသောကြော င့် ထိုအပေါ်တင်ကာ အဝတ်တွေအား အခြောက်ခံ ထားလိုက်သည်။

ဆယ်မိနစ်လောက်ကြာတိုင်းမှာ လျူယောင်က သူ့ ရဲ့အဝတ်တွေကို ဘေးတစ်ဖက်ကို လှည့်ပေးခဲ့ပြီး နှစ်ဖက်စလုံးကို အလှည့်ကျ အခြောက်ခံလိုက်၏။ တစ်နာရီကျော်ကြာပြီးချိန်တွင်မူ အကုန်ခြောက်သွာ းခဲ့သည်။လျူယောင်က အဝတ်တွေကို ပြန်ဝတ်လို က်ပြီး ရှေ့ဆက် လျှောက်လာခဲ့၏။

သုံး၊လေးမိုင်လောက် သူ လမ်းလျှောက်ပြီးနောက် လျူယောင်က အရမ်းဝမ်းသာသွားခဲ့ရသည်။နောက် ဆုံးတော့ လူသွားလမ်းတစ်လမ်းကို သူ တွေ့လိုက်ရ ၏။

သို့သော်လည်း ၎င်းက ဖုန်ဆိုးလမ်းဖြစ်ပြီး ကွန်ကရ စ် သို့မဟုတ် ကတ္တရာလမ်းမဟုတ်ပေ။

လမ်းအကျယ်က နှစ်မီတာကနေ သုံးမီတာလောက်ပဲ ရှိနေသည်။နေသာနေသောကြောင့် လမ်းမှာ ခြောက် သွေ့နေကာ ဗွက်ထ မနေပေ။

ထိုလမ်းအတိုင်း တစ်မိုင် နှစ်မိုင်လောက် သူ လမ်း လျှောက်လာပြီးနောက် နောက်ဆုံး၌ အိမ်တစ်အိမ် ကို သူ တွေ့လိုက်ရသည်။၎င်းက ရွှံ့နဲ့ လုပ်ထားသ ည့် အိမ်တစ်လုံးဖြစ်ကာ အမိုးကိုမူ မြက်ခြောက် ထူ ထူတွေနှင့် ဖုံးအုပ်ထား၏။

ထိုရွံ့အိမ်တံခါးက ပိတ်ထားပြီး အိမ်ရှင်မရှိသည်မှာ ရှင်းနေသည်။

အိမ်က လမ်းဘေးမှာရှိနေသည်မို့ လျူယောင်က ထို ရွှံ့မြက်မိုးအိမ်ကို မနေနိုင်ဘဲ ရပ်ကြည့်နေမိသည်။ အိမ်က အနည်းဆုံး လွန်ခဲ့သော ဆယ်နှစ် အနှစ် နှ စ်ဆယ်လောက်က ဆောက်ထားတာဖြစ်နိုင်ပြီး အိ မ်အသစ်လို မဟုတ်ပေ။

တံခါးဝမှာမူ ပေါက်ပြားတွေ ထမ်းပိုးတွေအပါအဝင် စိုက်ပျိုးရေးသုံးပစ္စည်းတချို့ရှိကာ အိမ်နောက်ဘ က်ကို သူ ကြည့်လိုက်တော့ ဝက်ခြံတစ်ခြံ ရှိနေပုံရ၍ အထဲမှာ ဝက်တွေရှိမရှိကိုမူ သူ မသိပေ။

ဖုန်ဆိုးလမ်းတစ်လျှောက် ဆက်ပြီး လျှောက်လာခဲ့ရ ာ အကွေ့တစ်ခုကို ကွေ့လိုက်တော့ ရုတ်တရက် လ မ်းဘေး၌ ရွှံ့မြက်မိုးအိမ်အနည်းငယ် ရှိနေသည်အား သူ မြင်လိုက်ရပြီး အကြီးအသေး ပုံစံ အမျိုးမျိုး ရှိ နေသည်။

တချို့အိမ်တံခါးတွေက ပိတ်ထားပြီး တချို့ကမူ ပွင့် နေ၏။လမ်းနှစ်ဖက်စလုံးတွင်မူ လယ်ယာမြေများ ရှိ နေကာ ပျိုးပင်တွေအား စိုက်ထားတာ ကြာသေးပုံ မရပေ။

“ဟူး နောက်ဆုံးတော့ လူတွေကို တွေ့လိုက်ရပြီကွ..”

အိမ်အချို့ရဲ့ရှေ့မှာ လူတွေရှိနေပြီး သူတို့က လျူ ယောင်ကိုမြင်သောအခါ စပ်စုစွာကြည့်နေကြ၏။

လျူယောင်လည်း သူတို့ကိုကြည့်လိုက်ရာ ရှေးခေ တ်ကို သူ ပြန်ရောက်လာတာ ဖြစ်နိုင်သည်ဆိုတာကို မူ သူ့စိတ်ထဲကနေ အတည်ပြုလိုက်သည်။ဘာဖြစ် လို့လဲဆိုတော့ ထိုလူတွေ၏ ဝတ်စုံတွေက တီဗီထဲမှာ သူ မြင်ဖူးသည့် ဝတ်စုံတွေနှင့် အရမ်းဆင်တူနေလို့ ပင်။

တစ်ခုတည်းသော ကွာခြားချက်က သူတို့၏ အဝတ် အစားကြမ်းတွေအားလုံးက စုတ်ပြတ်နေပြီး တချို့ ကမူ နည်းနည်းပေကျံနေသည်။၎င်းက တီဗီထဲကလို မျိုး တောက်ပနေခြင်းမရှိပေ။

" ဘုရားရေ ငါ အချိန်ခရီးသွားတာ ဖြစ်နိုင်တယ်. .ဒါ က ရှေးခေတ်ပဲ.."

“ဒါက အပြိုင်ကမ္ဘာတစ်ခုလား”

၎င်းက ကမ္ဘာမြေဖြစ်သည်မှာ ရှင်းနေ၏။ပြီးတော့ သူမြင်နေရသည့် လူတွေကလည်း အရှေ့တိုင်းသား မျက်နှာတွေဖြစ်နေသည်။ဘယ်မင်းဆက်ကလဲဆိုသည်ကိုမူ လျူယောင် မသိပေ။

အသက်ကြီးသည့် အမျိုးသားတစ်ယောက်က လမ်း တစ်ဖက်ခြမ်းကနေ ကျွဲကြီးတစ်ကောင်ကို ဆွဲပြီး သူ့ ဆီကို လာနေ၏။လျူယောင်ကိုမြင်တော့ ထို အဘိုး ကြီးက စပ်စုစွာကြည့်ပြီး အနည်းငယ်ဘေးကို ရှောင် လိုက်သည်။

လျူယောင်က အနားလျှောက်လာကာ တီဗီထဲမှာ သူ မြင်ခဲ့သည့်အတိုင်းပဲ လက်နှစ်ဖက်ကိုယှက်ပြီး မေး လိုက်၏။

“အဘိုး..ဒါ ဘယ်နေရာလဲဆိုတာ ကျေးဇူးပြုပြီး မေး လို့ရမလား..”

ထိုအဘိုးကြီးက လျူယောင်ကို စပ်စုစွာထပ်ကြည့် လိုက်ပြီး ဘယ်နေရာလဲဆိုသည့် မေးခွန်းအား အလျ င်စလိုမဖြေဘဲ ပြန်ပြောလာသည်။

"ကောင်လေး..မင်းရဲ့အဝတ်အစားတွေက အရမ်း ထူး ဆန်းတာပဲ.ငါအဘိုးကြီး တစ်ခါမှမမြင်ဖူးဘူး ဟေ့.."

ထိုအဘိုးကြီး က ထင်ရှားစွာ ယန်ဘာသာစကား ဖြ စ်သည့် ဒေသခံဘာသာစကားနှင့် ပြောသောကြော င့် လျူယောင် နားလည်နေ၏။လျူယောင် စိတ်သ က်သာရာရသွားပြီး အတော်လေး စိတ်ပြေလက်ပျေ ာက်ဖြစ်ခဲ့ရသည်။

တစ်ဦးနှင့်တစ်ဦး စကား နားမလည်နိုင်လျှင် ဆက် သွယ်လို့မလျှင် သူ ဒုက္ခရောက်ပေလိမ့်မည်။

“ကျွန်တော်က ပင်လယ်ရပ်ခြားကနေ လာတာပါ ဒီ နေရာမှာ လမ်းပျောက်နေတာမို့ပါ..အဘိုးက ဒါ ဘ ယ်နေရာလဲဆိုတာ ပြောပြပေးနိုင်မယ်လို့ မျှော်လင့် ပါတယ်...”

အဘိုးကြီးက သူ့ အဝတ်အစားတွေနှင့်ပတ်သက်ပြီး ဆက်မမေးတော့ဘဲ ပြန်ဖြေလိုက်၏။

“ဒါက ဟိုင်ကျိုးပါ.. ဒီလမ်းအတိုင်း ခြောက်မိုင် ခုနစ် မိုင် လမ်းလျှောက်ရင် ကျောင်းကုန်းမြို့ကို ရောက် လိမ့်မယ်..”

လျူယောင်က လက်နှစ်ဖက်ကို ယှက်ပြီး ကျေးဇူး တင်စကားပြောလိုက်၏။

“ကျေးဇူးအရမ်းတင်ပါတယ် အဘိုး”

“လခွမ်း ​​ဒီမြို့ကို ငါ တစ်ခါမှ မကြားဖူးဘူး..ငါ ဗဟု သုတ နည်းနေတာများလား... ”

လျူယောင်က စိတ်ထဲကနေ တွေးလိုက်မိသည်။

သူ ဖုန်ဆိုးလမ်းတစ်လျှောက် ဆက်ပြီးလျှောက်လာ ခဲ့ရာ လူအချို့နှင့်လည်း တွေ့ဆုံခဲ့၏။အများစုမှာမူ လျူယောင့် ဝတ်စုံက အရမ်းထူးဆန်းသည်ဟု ထင် တာ ဖြစ်နိုင်ပြီး လျူ‌ယောင်အား ခဏခဏ ကြည့်နေ ကြသည်။

သူ ခြောက်မိုင်၊ခုနစ်မိုင်လောက် လျှောက်လာပြီးချိန် တွင်မူ မြို့စျေးကြီးတစ်စျေးကို တွေ့လိုက်ရကာ ထို နေရာက အရမ်းစည်ကားနေ​၏။

All Chapters