ဓားပြများနဲ့ တွေ့ဆုံခြင်း
Vol. 48 Ch. 580
မွန်းတည့် ၁၀ နာရီဝန်းကျင် အချိန်ဖြစ်သဖြင့် စား သောက်ဆိုင်ထဲတွင် အလွန်စည်ကားနေပေသည်။စ ားပွဲထိုးများမှာလည်း အပြုံးကိုယ်စီဖြင့် စိတ်အား ထက်သန်စွာ ဧည့်ခံနေကြ၏။
ဆိုင်ထဲရောက်တော့ စားပွဲထိုးလေးအား လျူယောင် ပြောလိုက်၏။
“ကျွန်တော် တစ်ယောက်တည်းပါပဲ... နည်းနည်းတိ တ်ဆိတ်တဲ့ တစ်နေရာလောက် စီစဉ်ပေးပါလား”
“ဟုတ်ကဲ့ပါခင်ဗျာ.. ဒီဘက်ကို ကြွပါဦး”
စားပွဲထိုးလေးက လျူယောင်အား ဒုတိယထပ်သို့ ခေါ်လာပြီးနောက် ပြတင်းပေါက်အနီးရှိ စားပွဲတစ် လုံးတွင် နေရာချပေးလိုက်သည်။ထို့နောက် သူက ပြာပြာသလဲဖြင့် မေးမြန်းလိုက်၏။
“ဧည့်သည်တော်... ဘာများ သုံးဆောင်ချင်ပါသလဲ ခင်ဗျ.”
လျူယောင်သည် ဒေါ်လာဘီလီယံ ရာနှင့်ချီ၍ ပိုင် ဆိုင်သော ကုမ္ပဏီဥက္ကဋ္ဌကြီးတစ်ဦး ဖြစ်၏။သူ့ ထံ တွင် ငွေကြေးများစွာ ရှိသော်လည်း မီနူးကဒ်ပြားကို ကြည့်ကာ ဘာမှာရမှန်း သူ မသိခဲ့ပေ။
ထို့ကြောင့်ပင် သူက တွေဝေစွာ ပြန်ပြောလိုက်၏။
“မင်းတို့ဆိုင်ရဲ့ အထူးဟင်းပွဲတွေရှိရင် အဆင်ပြေ သလို ချပေးပါ..”
စားပွဲထိုးက ထပ်မံ အကြံပေးလိုက်သည်။
“ဟုတ်ကဲ့ပါ ဧည့်သည်တော်... ဝိုင်ကော ဘာအမျိုး အစား သုံးဆောင်မလဲခင်ဗျ. ကျွန်တော်တို့ဆိုင်မှာ ကိုယ် တိုင်ချက်ထားတဲ့ ဆန်ဝိုင်အစစ်လေးတွေလ ည်း ရှိပါတယ် .”
လျူယောင်က လက်ဝှေ့ယမ်းကာ ငြင်းဆန်ရင်း ပြ န်ပြောလိုက်၏။
“ဝိုင်ကတော့ ထားလိုက်ပါတော့... မင်းတို့ဆိုင်ရဲ့ အ ထူးဟင်းပွဲနည်းနည်းရယ်. ထမင်းနှစ်ပန်းကန် ဆိုရ င်ပဲ ရပါပြီ”
“ဟုတ်ကဲ့ပါ ဧည့်သည်တော်... ခဏလေး သည်းခံ စောင့်ပေးပါဦးခင်ဗျာ..”
သိပ်မကြာလိုက်မီမှာပင် စားပွဲထိုးသည် အငွေ့တ ထောင်းထောင်းထနေသည့် အသားဟင်း သုံးပွဲ၊လ တ်ဆတ်သည့် ဟင်းသီးဟင်းရွက်ကြော် တစ်ပွဲ၊ဟ င်းရည်တစ်ခွက်နှင့် ထမင်းပန်းကန်ကြီး နှစ်လုံးအား ချပေးခဲ့သည်။
လျူယောင်သည် တကယ်လည်း ဆာလောင်နေပြီ ဖြစ်၍ တူကိုကောက်ကိုင်ကာ ထမင်းတစ်လုပ်ကို အားရပါးရ မြည်းစမ်းကြည့်လိုက်၏။ပထမဆုံး တ စ်လုပ်နှင့်တင် သူ အလိုအလျောက် ခေါင်းညိတ် မိ လိုက်သည်။
“အင်း... ထမင်းက အတော်လေး ကောင်းတာပဲ. .ဒီ လို ကျေးလက်မြို့ငယ်လေးက သာမန်စားသောက် ဆိုင်မှာ ဒီလောက်အဆင့်အတန်းရှိတဲ့ ထမင်းမျိုး ရ နိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး..”
လျူယောင်၏ အတွေ့အကြုံအရဆိုလျှင် ဤထမင်း သည် မြို့ကြီးများက အဖိုးတန် အော်ဂဲနစ်ထမင်း များထက်ပင် အရသာ ပိုနေသေးသည်။ကြယ်ငါးပွ င့်ဟိုတယ်ကြီးများမှ စားဖိုမှူးကြီးများ ကိုယ်တိုင်ချ က်သည့် ထမင်းမျိုးနှင့်ပင် ယှဉ်နိုင်မည်ဟု သူ ခန့်မှ န်းမိလိုက်၏။
ထို့နောက် သူ အသားဟင်းတစ်ဖဲ့ကို ထပ်စားလိုက် မိသည်။
“လခွမ်း ဒါက တကယ့်ကို ထူးခြားတဲ့ အရသာပဲ”
သူသည် မနေနိုင်တော့ဘဲ နောက်ထပ် ထမင်းတစ် လုပ်အား ခပ်ကြီးကြီးနောက် အသားဟင်းကို မြည်း ကြည့်လိုက်ရာ သူ့မျက်လုံးများ ချက်ချင်းပင် ပြူး ကျယ်လာခဲ့၏။
“ဝိုး... ဒီလောက်တောင် အရသာရှိတာလား.. ဒါ တ ကယ်ပဲ ကျေးလက်စားသောက်ဆိုင်လေးက ထွက် လာတဲ့ လက်ရာမှ ဟုတ်ပါလေစ..”
နောက်ထပ် အသားတစ်ဖဲ့ကို ထပ်စားရင်း သူ့ စိတ် ထဲတွင် ဝေခွဲမရအောင် ဖြစ်နေရသည်။သူ စားလေ လေ ဟင်းပွဲ၏ အရသာမှာ ပို၍ပင် ထူးကဲလာလေ လေဖြစ်၏။
ဤကဲ့သို့သော သာမန်နေရာလေးတစ်ဆိုင်တွင် အံ့ ဩစရာကောင်းလှသည့် အရသာမျိုးတွေ့ရှိလိမ့် မ ည်ဟု သူ တစ်ခါမှပင် မတွေးမိဖူးချေ။
ဟွာဟိုင်းမြို့တော်က အကောင်းဆုံးဆိုသည့် စား သောက်ဆိုင်ကြီးများပင် ဤနေရာမှ အရသာနှင့် ယှ ဉ်လျှင် အဆင့်အတန်းတစ်ခုခန့် နိမ့်ကျနေသကဲ့သို့ သူ ခံစားလိုက်ရသည်။
ချက်ချင်းဆိုသလိုပင် လျူယောင်၏ စားချင်စိတ် မှာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့၏။သာမန်ဟင်း သီးဟင်းရွက်ကြော် တစ်ပွဲသည်ပင် အလွန် ကြွပ်ရွ နေပြီး ထူးခြားသည့် မွှေးရနံ့နှင့်အတူ လျှာဖျားပေါ် ၌ စွဲကျန်နေပေသည်။
သူသည် ထမင်းပန်းကန်ကြီး နှစ်လုံးစလုံးကို အကု န်အစင် စားပစ်လိုက်ရုံတင်မကဘဲ ဟင်းပွဲများ၏ တစ်ဝက်ကျော်ကိုပါ အားရပါးရ စားပစ်လိုက်၏။
ကျန်နေသည့် အစားအစာများကို ကြည့်ကာ လျူ ယောင် စိတ်ထဲကနေ တိတ်တိတ်လေး နှမြောနေမိ သည်။သူ့ဗိုက်က တကယ်ပင် ပြည့်နေပြီဖြစ်၍ ရှေ့ တွင် ကျန်နေသည့် ဟင်းများအား ဆက်မစားနိုင် သောကြောင့်ပင်။
သူက စားပွဲထိုးကို လက်ပြလိုက်ရာ စားပွဲထိုးလေး က ပြုံးရွှင်စွာ လျှောက်လာပြီး မေးမြန်းလိုက်၏။
“ဧည့်သည်တော်... စားရတာ အဆင်ပြေရဲ့လားခင် ဗျ..”
“ကျေနပ်တာထက်တောင် ပိုပါတယ်ဗျာ..”
ဤသို့သော မြို့ငယ်လေးက စားသောက်ဆိုင်လေး မှာ ထိုမျှ အရသာရှိသည့် အစားအစာများ ရှိနေလိ မ့်မည်ဟု သူ တစ်ခါမှ မတွေးဖူးခဲ့ချေ။ဤသည်မှာ သူ့အတွက် တကယ့်ကို အံ့အားသင့်စရာပင် ဖြစ်ခဲ့ရ သည်။
တစ်ချိန်တည်းမှာပင် လျူယောင်သည် ထူးခြားမှု တစ်ခုအား သတိထားမိလိုက်၏။သူက ဘေးပတ်ဝ န်းကျင်ရှိ တခြားဧည့်သည်များကို အကဲခတ်ကြည့် မိသော်လည်း သူတို့အားလုံးမှာမူ ထိုအရသာကို ထူ းခြားသည်ဟု မယူဆကြဘဲ ပုံမှန်အတိုင်းပင် အေး အေးဆေးဆေး စားနေကြသည်။
“လခွမ်း ငါတစ်ယောက်တည်းပဲ ဒီလို ထူးဆန်းနေ တာလား...”
လျူယောင် ခဏမျှ ဝေခွဲမရဖြစ်နေသော်လည်း အ စားအစာများပေါ်တွင်မူ အလွန်ပင် စိတ်ကျေနပ်ခဲ့ရ သည်။ ထို့ကြောင့် သူက စျေးနူန်း မေးလိုက်၏။
“အားလုံးပေါင်း ဘယ်လောက်ကျလဲဗျ”
“ဧည့်သည်တော်... စုစုပေါင်း ငွေဒင်္ဂါး ၃ ပြားနဲ့ ကြေ းနီပြား ၅၆ ပြား ကျပါတယ်ခင်ဗျ.."
ဤကမ္ဘာတွင် ငွေဒင်္ဂါးများအပြင် ကြေးနီဒင်္ဂါးများ ကိုပါ သုံးစွဲနေခြင်းဖြစ်ကြောင်း လျူယောင် ပို၍ သ ဘောပေါက်လာသည်။သူသည် ပိုက်ဆံအိတ်ကို ထု တ်လိုက်ရာ အထဲတွင် ရွှေဒင်္ဂါးအချို့နှင့် ငွေဒင်္ဂါး တစ်ဒါဇင်ခန့် ရှိနေသည်အား တွေ့လိုက်ရ၏။
လျူယောင် စိတ်ထဲကနေ တိုးတိုးလေး ညည်းတွား မိလိုက်သည်။
“ဒီလို ပိုက်ဆံအိတ်ကြီးနဲ့ သုံးနေရတာ အသားမကျ သေးဘူးပဲ... ဖုန်းနဲ့ Scan ဖတ်ပြီး ပေးရတာက ပို အဆင်ပြေသေးတယ်”
သူသည် ငွေဒင်္ဂါး ၄ ပြားအား စားပွဲထိုးထံ ကမ်းပေ းလိုက်ပြီး ကျန်နေသည့် ဒင်္ဂါးများကိုမူ ပိုက်ဆံအိ တ်ထဲ ပြန်ထည့်လိုက်သည်။စားပွဲထိုးက သူ့အား ကြေးနီဒင်္ဂါးအကြီး ၄ ပြားနှင့်အသေး ၄ ပြားကို အ ကြွေပြန်အဖြစ် ပြန်ပေးခဲ့၏။
လျူယောင်သည် ပြန်အမ်းငွေက ဘာကြောင့် ကြေး နီပြား ၄၄ ပြား မဟုတ်ရသနည်းဟု မမေးတော့ဘဲ ငွေကြေးလဲလှယ်နှုန်းကိုသာ အလိုက်သင့် ခန့်မှန်း ကြည့်လိုက်သည်။ကြီးမားသော ကြေးနီဒင်္ဂါးတစ် ပြားသည် သေးငယ်သည့် ကြေးနီဒင်္ဂါး ၁၀ ပြားနှင့် ညီမျှနေမည်မှာ သေချာပေ၏။
ငွေရှင်းပြီးနောက် လျူယောင်သည် လမ်းမပေါ်တွင် လျောက်လာရင်း လှည့်လည်ကြည့်ရှုနေမိသည်။သူ သည် ဤကမ္ဘာသစ်သို့ ရောက်လာခဲ့ပြီဖြစ်ရာ ပတ်ဝ န်းကျင်အခြေအနေအား သေချာ လေ့လာရန် ဆုံးဖြ တ်ထားခြင်းဖြစ်၏။
“ဧည့်သည်တော်... မြင်းလှည်း စီးချင်ပါသလား ခင် ဗျ..”
မြင်းလှည်းမောင်းသည့် အလယ်အလတ်အရွယ် အ မျိုးသားတစ်ဦးက လျူယောင်ထံ ချဉ်းကပ်ကာ စီး ပွားရေးစကား စတင်လိုက်သည်။လျူယောင်က တ စ်ယောက်တည်း လမ်းလျှောက်နေသည်မှာ ကြာပြီ ဖြစ်သလို သူ့ပုံစံမှာလည်း ဒေသခံတစ်ဦးနှင့် မတူ ကြောင်း ထိုလူက ရိပ်မိပုံရ၏။
“အင်း ဘယ်နေရာတွေကို သွားလို့ရမလဲ..”
မြင်းလှည်းဖြင့် လှည့်ပတ်ကြည့်ရှုရင်း ဤကမ္ဘာနှင့် ပိုမိုရင်းနှီးသွားအောင် လုပ်ခြင်းကလည်း နည်းလမ်း ကောင်းတစ်ခုပင်။ဤနေရာသည် ရိုးရှင်းသည့် ရှေး ခေတ်ကာလတစ်ခုသာ မဟုတ်နိုင်ကြောင်း လျူ ယောင် သံသယရှိနေသဖြင့် အသေးစိတ် သိရှိရန် လို အပ်နေသည်လေ။
“ဧည့်သည်တော်... လင်ဟိုင်းခရိုင်ကို သွားမလား. ဒါ မှမဟုတ် ဟိုင်ကျိုးမြို့ကို သွားမလား. ဟိုင်ကျိုးမြို့ ကတော့ နည်းနည်းဝေးတယ်ဗျ.ယအခုသွားရင် တောင် ညမှပဲ ရောက်လိမ့်မယ်..”
ဟိုင်ကျိုးမြို့သည် လင်ဟိုင်းခရိုင်ထက် ပိုမိုစည်ကာ းမည့်ပုံရှိ၏။သူ ရောက်တုန်းရောက်ခိုက် မြို့ကြီး တစ်မြို့သို့ သွားရောက်လေ့လာခြင်းက ပို၍ အဓိ ပ္ပာယ်ရှိပေလိမ့်မည်။ဟိုင်ကျိုးမြို့သည် အနည်းဆုံး တော့ ခ ရိုင်အဆင့် မြို့ကြီးတစ်မြို့နှင့် ညီမျှလိမ့် မ ည်ဟု လျူ ယောင် ခန့်မှန်းလိုက်မိသည်။
မြင်းလှည်းမောင်းသမားသည် မမျှော်လင့်ဘဲ စီးပွား ရေးအကွက်ကြီးကြီး ရလိုက်သဖြင့် အလွန်ပင် ဝမ်း သာသွား၏။သူသာ ဟိုင်ကျိုးမြို့အထိ ခရီးဝေးသွာ းရမည်ဆိုလျှင် အနည်းဆုံး ငွေဒင်္ဂါးအနည်းငယ် ရ ရှိမည်ဖြစ်ပြီး ပုံမှန်စျေးထက်ပင် ပို၍ ရနိုင်ခြေရှိနေ သည်လေ။
လျူယောင် မြင်းရထားပေါ်သို့ တက်လိုက်သည်နှင့် မြင်းလှည်းမောင်းသမားက ချက်ချင်းဆိုသလိုပင် မြို့စျေးလေးမှ ထွက်ခွာရန် ပြင်လိုက်၏။
မြင်းလှည်းလေးဖြင့် မြို့ပြင်သို့ ရောက်လာသော အ ခါ ငါးမီတာမှ ခြောက်မီတာခန့် လမ်းမကြီးတစ်လမ် းအား လျူယောင် တွေ့လိုက်ရသည်။လမ်းကိုမူ ကျောက်စရစ်ခဲများဖြင့် ခင်းထားသဖြင့် အတော် အ တန် ပြန့်ပြူးနေသည်ဟု ဆိုရပေမည်။
သို့သော်လည်း ခေတ်သစ်ကမ္ဘာ၏ ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းများနှင့် နှိုင်းယှဉ်လျှင်မူ အ ဘက်ဘက်မှ အားနည်းနေဆဲပင်။ထို့အပြင် သူ မြင်း လှည်းစီးရသည်မှာလည်း ကားစီးရသကဲ့သို့ မဟုတ် ဘဲ အတော်လေး ကြမ်းတမ်းလှသည်။
ခရီးစဉ်တစ်လျှောက်တွင် မြင်းလှည်းမောင်းသမား သည် သူ့ကို စကားဖောင်ဖွဲ့ရင်း ဒေသန္တရ ဗဟုသုတ များကို ပြောပြနေသဖြင့် သူ့အတွက်မူ အချက်အလ က်အချို့ ရလာခဲ့၏။
ဥပမာအားဖြင့် လက်ရှိဧကရာဇ်သည် တိုင်းပြည်အု ပ်ချုပ်ရေးတွင် အလွန်လုံ့လဝီရိယရှိပြီး ပြည်သူတွေ ကို တန်ဖိုးသဖြင့် လူထုကြားတွင် အလွန်ကြည်ညို ခံရကြောင်း နယ်စပ်စစ်ပွဲတစ်ခုတွင် လူမည်မျှ သေ ဆုံးခဲ့ကြောင်း စသဖြင့်ပင်။
ထို့အပြင် ယခုနှစ်တွင် ကျင်းပမည့် "စစ်ရေးစာမေး ပွဲ" သည် သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဖြစ် ပြီး ဖြေဆိုသူ သန်း ၂၀ ကျော်အထိ ရှိသည် ဟူသော အချက်က သူ့အား ပို၍ အံ့ဩစေခဲ့ရသည်။
မြင်းလှည်းသည် တစ်နာရီလျှင် ၁၀ ကီလိုမီတာခန့် အရှိန်ဖြင့် မှန်မှန်လေး သွားနေ၏။ခရီးက နှေးသည် ဟု ဆိုနိုင်သော်လည်း ခြေကျင်လျှောက်ရခြင်းထက် စာလျှင်မူ ဤကဲ့သို့ အေးအေးဆေးဆေး စီးသွားရ သည်ကပင် တော်သေးသည်ဟု လျူယောင် တွေး လိုက်မိသည်။
လမ်းခရီးတစ်လျှောက်တွင် ကျေးရွာများနှင့် မြို့င ယ်လေးများစွာကို ဖြတ်သန်းခဲ့ရ၏။သူတို့သည် လ မ်းခုလတ်တွင် တစ်ကြိမ်သာ ရပ်နားခဲ့ပြီး ထိုနားချိန် မှာ မိနစ် ၃၀ ခန့်လောက် ကြာခဲ့သည်။
မြင်းလှည်းမောင်းသမားသည် မြင်းကို ရေတိုက် မြ က်ကျွေးကာ အားဖြည့်ပေးပြီးနောက် ခရီးကို ချက် ချင်းပြန်စခဲ့၏။လျူယောင်ကမူ မြင်း၏ ခံနိုင်ရည် ကို ကြည့်ကာ စိတ်ထဲမှ အံ့ဩနေမိသည်။
“ဒီမြင်းက တကယ်ကို ဇွဲကောင်းတာပဲ..မြင်းရထား ရဲ့ အလေးချိန်က အနည်းဆုံး ပေါင်တစ်ထောင်လေ ာက် ရှိနိုင်တယ်..လူနှစ်ယောက်ရဲ့ အလေးချိန်ပါ ပေါင်းလိုက်ရင်တောင် သူက နှစ်နာရီနီးပါးဆက်တို က် ပြေးနိုင်သေးတယ်.. အနည်းဆုံး ကီလိုမီ တာ ၂၀ ကနေ ၃၀ လောက်အထိ ခရီးပေါက်ခဲ့ပြီပဲ”
ငါးကီလိုမီတာခန့် ထပ်မံခရီးနှင်ပြီးနောက်တွင်မူ ကျေးရွာများကို သူ မတွေ့ရတော့ဘဲ ပတ်ဝန်းကျင် မှာ တိတ်ဆိတ်လာ၏။ထိုစဉ် ရထားမောင်းသမားက သတိပေးစကား ပြောလာသည်။
“ဒီလမ်းပိုင်းရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ တောင် တန်းတွေနဲ့ တောအုပ်တွေပဲ ရှိတော့တယ်ဗျ နောက် ထပ် ၇ ကီလိုမီတာလောက် သွားပြီးမှ ရွာတွေကို ပြန် တွေ့ရမှာ..ဟိုင်ကျိုးမြို့ကို ရောက်တဲ့အချိန်ဆိုရင် တော့ မှောင်နေလောက်ပြီဗျ..”
လျူယောင်က အသာအယာ ခေါင်းညိတ်ပြရင်း ပ တ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။လမ်းဘေးဝဲ ယာတွင်မူ သစ်တောကြီးများက အုပ်ဆိုင်းနေပြီး ရှေးဟောင်းသစ်ပင်ကြီးများကိုလည်း သူ တွေ့လိုက် ရ၏။
“ဒေသခံတွေက တောရိုင်းတိရိစ္ဆာန်တွေရဲ့ အန္တရာ ယ်ကို မစိုးရိမ်ဘူးလား..ဒီလောက် ထူထပ်တဲ့ တော ထဲမှာ တောခွေးတွေ..ကျားသစ်တွေ မရှိဘူးလို့ ဘ ယ်သူမှ အာမခံနိုင်မှာ မဟုတ်ဘူး..”
လျူယောင် ထိုသို့ တွေးနေစဉ်မှာပင် မြင်းရထားသ ည် ရုတ်တရက် ရပ်တန့်သွားသည်။လျူယောင် အ ရှေ့သို့ လှမ်းကြည့်လိုက်ရာ လမ်းအလယ်တွင်မူ ကြ ည့်မကောင်းသည့် လူကောင်ထွားထွားများက ပိတ် ရပ်ထားကို တွေ့လိုက်ရ၏။
ထိုလူများအားလုံး၏ လက်ထဲတွင်မူ ဓားရှည်များနှ င့် နတ်မိစ္ဆာခေါင်းပုံသဏ္ဌာန် ပါရှိသော လူသတ်ဓား ကြီးများကိုယ်စီ ကိုင်ဆောင်ထားကြသည်။အထူးသ ဖြင့် သူတို့၏ခေါင်းဆောင်ဖြစ်ဟန်တူသူအား ကြည့် ရသည်မှာ အလွန်ပင် ကြောက်စရာ ကောင်းလှ၏။
သူ့မျက်နှာပေါ်တွင် ထင်ရှားသည့် အမာရွတ်ကြီးတ စ်ခု ရှိနေပြီး လက်မောင်းနှစ်ဖက်စလုံးတွင်လည်း တက်တူးများ အပြည့်ရှိနေသည်။
ရထားမောင်းသမားမှာမူ အခြေအနေကို ကြည့်ကာ သွေးပျက်နေ၏။ သူ့မျက်နှာမှာ ဖြူလျော့နေပြီး တု န်တုန်ရင်ရင်ဖြင့် ညည်းညူလိုက်သည်။
“ဧည့်သည်တော်.. ကျွန်တော်တို့တော့ ဓားပြတွေနဲ့ တိုးပြီ.. သွားပြီ..သွားပါပြီဗျာ...”
ဤသို့သော တောလမ်းခရီးတွင် ဓားပြများ လမ်းပိ တ်ကာ တိုက်ခိုက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ သော်လည်း သူ၏ တည်ငြိမ်မှုမှာမူ ပျက်ယွင်းသွား ခြင်း မရှိပေ။
ကြောက်ရွံ့ခြင်းထက်ပင် ထိုအခြေအနေအား မည် သို့ ကိုင်တွယ်ရမလဲဆိုသည့် စိတ်ကသာ စိုးမိုးနေပေ သည်။