← Chapters

အခန်း (၃၇၃-၃၇၄)

Vol. 35 Ch. 373-374

အခန်း (၃၇၃-၃၇၄)

Vol. 35 Ch. 373-374

အခန်း (၃၇၃)။

ဝှီး…။

လေဟာနယ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသော ထိုဆေဘာအလင်းတန်းမှာ အလွန်ပင် အစွမ်းထက်လှသဖြင့် ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွေးစတိုင်းမှာ လျှပ်စီးလက်သွားသကဲ့သို့ ထုံကျင်သွားရသည်။ ၎င်း၏စွမ်းအားမှာ သူ့ဘဝတစ်သက်တာတွင် မြင်တွေ့ခဲ့ရသမျှ အပြင်းထန်ဆုံးသော တိုက်ကွက်ပင် ဖြစ်သည်။

ပို၍ အရေးကြီးသည်မှာ ထိုဆေဘာ၏ အငွေ့အသက်၊ ဆေဘာဆန္ဒနှင့် ဆေဘာအနှစ်သာရ တို့မှာ ဟုန်ယွိအတွက် အလွန်ပင် ရင်းနှီးနေခြင်း ဖြစ်သည်။ မည်မျှအထိ ရင်းနှီးသနည်းဆို လျှင် သူ့ရင်ထဲတွင် စွဲထင်နေသည့်အထိပင်။

ဆေဘာအလင်းမှာ ထိုးဖောက်လာပြီး အသာအယာ ဝှေ့ယမ်းလိုက်ရုံဖြင့် ခြေလှမ်းငါးဆယ် ပတ်လည်အတွင်း၌ "ဆေဘာစွမ်းအင်’ ပုံရိပ်ယောင်များဖြင့် ပြည့်နှက်သွားသည်။ ထိုပုံရိပ်ယောင်များမှာ နဂါးများ၊ မြွေများကဲ့သို့ သက်ဝင်လှုပ်ရှားနေပြီး သက်ရှိလျှပ်စီးများ သဖွယ် ဖြစ်နေသည်။

ထိုဆေဘာအရိပ်များမှာ ပကတိ အစစ်အမှန်ကဲ့သို့ ထင်မှတ်ရပြီး လျှပ်စစ်မြွေများနှင့် လျှပ်စီးနဂါးများအသွင် ဆောင်နေကြသည်။

ဆေဘာတစ်ချက် ခုတ်ပိုင်းလိုက်ရုံဖြင့် ခြေလှမ်းငါးဆယ်အတွင်းရှိ ဟင်းလင်းပြင်မှာ သိပ်သည်းစွာ ဖုံးလွှမ်းသွားတော့သည်။ မည်သည့် တစ္ဆေအင်မော်တယ်၊ နတ်ဘုရားမျှ လွတ်မြောက်နိုင်ခြင်း မရှိပေ။

ဖျက်ဆီးခြင်း၊ ခြောက်သွေ့ခြင်းနှင့် သေခြင်းတရားတို့ ကိန်းဝပ်နေသော၊ သက်ရှိ အငွေ့ အသက်မှန်သမျှကို ဖြတ်တောက်ပစ်နိုင်သော ပြင်းထန်သည့် ဆေဘာဆန္ဒနှင့် ခိုင်မာလှ သော ဆေဘာဝိညာဉ်သည် ဟုန်ယွိ၏ လူသားအင်မော်တယ်ကိုယ်ပွားကို ရစ်ပတ်ထား တော့သည်။

“မိုးကြိုးလျှပ်စီးကျမ်း၊ အစစ်မှန် သိုင်းသူတော်စင် ခန္ဓာကိုယ်။”

ဤကဲ့သို့သော ဓားဆန္ဒ၊ ဆေဘာဝိညာဉ်နှင့် ဆေဘာအရှိန်ဟုန်ကို မြင်လိုက်ရုံဖြင့် ဟုန်ယွိ ချက်ချင်း သိလိုက်သည်။

ဤသည်မှာ သူကိုယ်တိုင် ကြိုးစားပမ်းစား လေ့ကျင့်ခဲ့ဖူးသည့် 'ဆေဘာသူတော်စင်' ဂွန်ယန်ယု ဖန်တီးခဲ့သော၊ ယွန်မင်နိုင်ငံ၏ လွန်ခဲ့သော ရာစုနှစ်အတွင်း အကြီးကျယ်ဆုံး သော ဖျက်ဆီးခြင်းဆေဘာ သိုင်းပညာပင် ဖြစ်သည်။

ဟုန်ယွိ၏ လက်ရှိသိုင်းပညာမှာ သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိနေပြီး ဤမိုးကြိုး လျှပ်စီးဆေဘာကျမ်းကို သူ ကျွမ်းကျင်နေပြီဟု ထင်ခဲ့သော်လည်း၊ ယခုလက်တွေ့ မြင်တွေ့လိုက်ရသော ဆေဘာအရှိန်ဟုန်မှာ သူ၏ အသိဉာဏ်ထက် များစွာ သာလွန်နေ ကြောင်း၊ သူသွားရမည့်လမ်းမှာ အဝေးကြီး လိုနေသေးကြောင်း သဘောပေါက်သွားသည်။

“တောင်ပိုင်းပြည်နယ် ဘုရင်ခံ ဝေတိုင်ကန်ရဲ့ နာမည်အရင်းက ဂွန်ယန်ချန်းပဲ။ သူက ဆေဘာသူတော်စင် ဂွန်ယန်ယုရဲ့ မျိုးဆက်ပေါ့။ သူက ယွန်မင်နိုင်ငံသား စစ်စစ် ဖြစ်ပါလျက်နဲ့ တော်ဝင်ချန်ရဲ့ အဆင့်မြင့်ဘုရင်ခံတစ်ယောက် ဖြစ်လာခဲ့တာပဲ။ အဲဒီတော့ ဂွန်ယန်ယုဟာ တော်ဝင်ချန်ဘက်ကို ကူးပြောင်းပြီး တော်ဝင်မိသားစုအတွက် အလုပ်လုပ် ပေးနေတာပေါ့။ သူဟာ တော်ဝင်ချန်ရဲ့ လျှို့ဝှက်ပညာရပ်တွေကို သုံးပြီး အသက်ကို ဆွဲဆန့်ထားရုံတင်မကဘဲ သိုင်းပညာရဲ့ အမြင့်ဆုံးအဆင့်ကိုပါ တက်လှမ်းနိုင်ခဲ့တာပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာက အထွတ်အထိပ်ရောက်ခဲ့တဲ့ သိုင်းသူတော်စင်ကြီးဟာ အခုတော့ လူသားအင်မော်တယ် တစ်ယောက် ဖြစ်နေပြီ။ ဒါကြောင့်လည်း မုန့်ရှန်းကျီ တောင် အခက်တွေ့ခဲ့ရတာကိုး။”

ဤအခိုက်တန့်တွင် တော်ဝင်ချန် မိသားစု၏ ဝှက်ဖဲမှာ မည်မျှ နက်နဲကြောင်း ဟုန်ယွိသည် နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

အပြင်ပန်းတွင် တော်ဝင်ချန် မိသားစု၌ ဟုန်ရွှန်ကျိ တစ်ယောက်တည်းသာ လူသား အင်မော်တယ်အဖြစ် ရှိနေသည်ဟု ထင်ရသော်လည်း၊ ပညာရှင်များစွာရှိသော ယွန်မင်နှင့် ဟွာလျိုနိုင်ငံတို့ကို မယှဉ်နိုင်ဟု ထင်ရသည်။

သို့သော် အမှန်တကယ်တွင် တော်ဝင်ချန်၏ အစစ်မှန် အစွမ်းထက်သူများမှာ အမှောင်ထဲ တွင် ပုန်းကွယ်နေကြခြင်း ဖြစ်သည်။

အမှောင်ထဲရှိ ပညာရှင်များမှာ ကြောက်စရာအကောင်းဆုံးပင်။ မိမိ၏ ဝှက်ဖဲကို သူတစ်ပါး အား မည်သည့်အခါမှ ထုတ်မပြခြင်းသည် အကောင်းဆုံး နည်းလမ်းဖြစ်သည်။ ဆိုရိုးစကား ရှိသည်မှာ 'ပုန်းကွယ်နေသော နဂါးကို အလွယ်တကူ အသုံးမပြုသင့်ပေ'။ဟူ၏

ဟုန်ယွိသည်လည်း သူ၏ လူသားအင်မော်တယ် ကိုယ်ပွားကို ဝှက်ဖဲတစ်ခုအဖြစ် ထားချင် သော်လည်း၊ ပိုင်ဇိယွဲ့အတွက် အချိန်ဆွဲပေးနိုင်ရန် လူအများ၏ အာရုံစိုက်မှုကို ရယူဖို့ ထုတ်သုံးလိုက်ရခြင်း ဖြစ်သည်။

ယခုအချိန်တွင် ပိုင်ဇိယွဲ့၏ ခွန်အားမှာ အားနည်းနေသေးသော်လည်း၊ မဟာအကြီးအကဲ ၉ ဉီးထံမှ စွမ်းအားများကို ရရှိထားပြီးဖြစ်၍ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နိုင်မည့် အချိန် အလုံလောက် ရရုံဖြင့် မိမိကိုယ်ကို ကာကွယ်နိုင်မည် ဖြစ်သည်။

ဆေဘာအလင်းများ ပေါက်ကွဲထွက်လာချိန်တွင် ဤအတွေးများမှာ တခဏအတွင်း သူ၏ စိတ်ထဲ၌ လျှပ်စီးကဲ့သို့ ဖြတ်ပြေးသွားသည်။

ယခုအချိန်တွင် ဟုန်ယွိ၌ စဉ်းစားနေရန် အချိန်မရှိတော့ပေ။

ဆေဘာအလင်း ရောက်ရှိလာချိန်တွင် သူ၏ဦးခေါင်းနောက်ကွယ်မှ မဟာလေဟာနယ် လက်ဝါးမှာ ပေါက်ကွဲထွက်လာသည်။ အလင်းတန်းကိုးခုသည် တောက်ပစွာ ထွန်းလင်း လာပြီး၊ အင်မော်တယ် မူလဝိညာဉ်ဖြစ်သော ဗုဒ္ဓပုံရိပ်ကြီးမှာ လေထုထဲတွင် ဝေဝါးစွာ ပေါ်လာကာ လေစီးကြောင်းအားလုံးကို ရပ်တန့်သွားစေသည်။

ထိုအင်မော်တယ် မူလဝိညာဉ် ဗုဒ္ဓအရိပ်သည် မဟာလေဟာနယ်လက်ဝါး၏ 'အနာဂတ် ဗုဒ္ဓ' ပုံရိပ်ပင် ဖြစ်သည်။

၉၉ ကြိမ် လှည့်ပတ်မူဖြင့် မဟာအောင်မြင်မူအဆင့်သို့ ရောက်ရှိထားသည့် မဟာလေဟာ နယ် လက်ဝါးသည် အလွန်ပင် အစွမ်းထက်လာခဲ့သည်။ ထို့ပြင် အတိတ်ကျမ်း၏ 'အတိတ် ဗုဒ္ဓ' နှင့် ပေါင်းစပ်ပြီးနောက် အနာဂတ်အန္တရာယ်ကို ကြိုတင်သိမြင်နိုင်စွမ်း ရှိလာခဲ့သည်။ ဘေးမကျရောက်မီကတည်းက အလိုအလျောက် တုံ့ပြန်နိုင်စွမ်း ရှိသည်။

ဟုန်ယွိသည်လည်း ၎င်းကို ချောင်းမြောင်းတိုက်ခိုက်မှုများမှ ကာကွယ်ရန် အသုံးချခဲ့သည်။

ဒိုင်ဇင်ဘုရားကျောင်း၏ နံပါတ်တစ် ပညာရပ်မှာ အချည်းနှီး မဟုတ်ပေ။ အကယ်၍ သာမန် တာအိုကျင့်စဉ်များနှင့် တူနေမည်ဆိုပါက 'အနာဂတ်' ဟူသော စကားလုံးနှင့် ထိုက်တန်ပါ မည်လော။

အထူးသဖြင့် ဟုန်ယိသည် ဝေကျွမ်းလက်ဝါးကြီး၏ စွမ်းအားကို ခြေလှမ်းတစ်ရာအတွင်း ၌သာ စုစည်းထားသဖြင့် ၎င်း၏ စွမ်းအားမှာ ပို၍ပင် ကြီးမားလှသည်။ လေထုတစ်ခုလုံးမှာ စိန်ကဲ့သို့ မာကြောနေပြီး ကောင်းကင်နှင့် မြေကြီးကို သတ်နိုင်သော ဆေဘာချက်ကို တိုက်ရိုက် ရင်ဆိုင်လိုက်သည်။

မဟာလေဟာနယ်လက်ဝါးသည် ဉာဏ်ပညာတံဆိပ်ကို ဖော်ဆောင်လိုက်သည်။ ထိုအခါ အတိတ်ဗုဒ္ဓ၏ အထက်တွင် အနာဂတ်ဗုဒ္ဓမှာ ထပ်မံ ပေါ်ပေါက်လာတော့သည်။ ဗုဒ္ဓနှစ်ပါး မှာ တစ်ပါးတည်းအလား ပေါင်းစည်းသွားကြပြီး၊ ကောင်းကင်နှင့် မြေကြီးရှိ တစ္ဆေ အင်မော်တယ်များကိုပင် သတ်ဖြတ်နိုင်စွမ်းရှိသော ထိုဓားချက်ကို မဟာလေဟာနယ် လက်ဝါးဖြင့် အစွမ်းကုန် ခုခံလိုက်လေသည်။

မဟာလေဟာနယ်လက်ဝါးနှင့် ဆေဘာအလင်းတို့ ထိပ်တိုက်တွေ့ဆုံချိန်တွင် အရိုးများ ကြေမွကာ မှုန့်မှုန့်ညက်ညက် ဖြစ်သွားသည့်အလား အသံများ တစီစီ ထွက်ပေါ်လာတော့ သည်။

...

သို့သော်…။

မဟာလေဟာနယ်လက်ဝါးဖြင့် ဆေဘာအလင်းကို တားဆီးနိုင်ခဲ့သော်လည်း ဟုန်ယွိ၏ စိတ်ထဲတွင် ပို၍ ပြင်းထန်သော ဘေးအန္တရာယ်တစ်ခုကို ခံစားလိုက်ရပြန်သည်။

၎င်းမှာ ဟုန်ရွှန်ကျိ၏ လက်သီးပင် ဖြစ်သည်။

ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကျောက်ခဲပေါင်းတစ်သောင်းဖြင့် တစ်ပြိုင်နက် ပစ်လွှတ်လိုက်သော လက်နက်ကြီးတစ်ခုအလား ရှေ့သို့ ဝုန်းခနဲ တိုးဝင်လာသည်။ သူ၏ လက်သီးများသည် ဆုပ်ကိုင်းခြင်း၊ ဆွဲငင်ခြင်းနှင့် ဖမ်းဆုပ်ခြင်းတို့ကို အပြန်အလှန် လျင်မြန်စွာ ပြုလုပ်နေပြီး၊ ဟုန်ယွိ၏ ဓားသိုင်းပညာရပ်ကို လုံးဝပင် ကြောက်ရွံ့ခြင်း ရှိမနေ ခဲ့ပေ။

ချွင်….၊ ချွင်…။

ဟုန်ယွိက ဓားဖြင့် ထိုးနှက်လိုက်သော်လည်း ဟုန်ရွှန်ကျိ၏ လက်ချောင်းများမှာ မျက်လှည့် ပြသကဲ့သို့ ဓားသွား ပေါ်သို့ ရောက်ရှိနေပြီးသား ဖြစ်သည်။ ဤလောကကို အနှစ်နှစ်ဆယ် တိုင်တိုင် စိုးမိုးခဲ့သော ဤသိုင်းပါရမီရှင်ကြီး၏ လက်ချောင်းလှုပ်ရှားမှုများကို ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွေးစများဖြင့်ပင် သဲသဲကွဲကွဲ မမြင်နိုင်ပေ။

သူ၏လက်ချောင်းများမှာ ဓားသွားပေါ်သို့ ရောက်ရှိလာပြီး ခပ်ဖွဖွလေး တောက်လိုက်ရုံဖြင့် ဖန်ဆင်းခြင်းတာအို၏ “လက်ချောင်းတောက်မိုးကြိုး” စွမ်းအား ထွက်ပေါ်လာသည်။

ဟုန်ယွိသည် တစ်ကိုယ်လုံး ထုံကျင်သွားသလို ခံစားလိုက်ရပြီး၊ ဓားမှတစ်ဆင့် စီးဝင်လာ သော ပြင်းထန်သော တုန်ခါမှုကြောင့် သူ၏ကြွက်သားများမှာ ပြင်းထန်စွာ လိမ်ဖယ်သွား ကာ လက်ထဲမှ ဓားပင် လွတ်ကျလုနီးပါး ဖြစ်သွားရသည်။

ကံကောင်းထောက်မစွာဖြင့် ဤလူသားအင်မော်တယ် ကိုယ်ပွားခန္ဓာကိုယ်မှာ နတ်ဘုရား သန္ဓေသားဖြစ်သဖြင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ အလွန်ပင် ခိုင်မာတောင့်တင်းလှသည်။ အသက်တစ်ရှိုက်စာ အချိန်အတွင်းမှာပင် နာကျင်ပန်းလျနေသော ကြွက်သားများမှာ ချက်ချင်း ပြန်လည်ကောင်းမွန်သွားသည်။ ဟုန်ယွိသည် ဘာကိုမျှ စဉ်းစားမနေတော့ဘဲ ဓားကို ဆေဘာကဲ့သို့ကိုင်ကာ မိုးကြိုးလျှပ်စီးဆေဘာကျမ်းထဲမှ “ယင်ယန်ကပ်ဘေး” သတ်ဖြတ်ခြင်း တိုက်ကွက်ကို အစွမ်းကုန် ပေါက်ကွဲထုတ်လိုက်တော့သည်။

ဟုန်ရွှန်ကျိသည် ဟုန်ယွိက ဤတိုက်ကွက်ကို သုံးမည်ဖြစ်ကြောင်း ကြိုတင်သိရှိနေပုံရပြီး၊ သူ၏ မျက်လုံးများမှာ ပြင်းထန်သော အလင်းတန်းများဖြင့် တောက်ပလာသည်။ သူ၏ ခန္ဓာကိုယ်လှုပ်ရှားမှုမှာ မယုံနိုင်စရာကောင်းလောက်အောင် လိမ်ဖယ်ဆန့်ထွက်သွားပြီး၊ ခါးကို အားပြုလျက် နဂါးနှင့်ကျား ရုန်းကန်နေကဲ့သို့၊ ဖီးနစ်ငှက် အတောင်ပံဖြန့်နေ ကဲ့သို့၊ တိမ်တိုက်ပေါ် နင်းလျှောက်နေသော ချီလင်သားရဲကဲ့သို့ ခြေလှမ်းပေါင်း ရှစ်ဆယ်ကျော်မျှ ရုတ်တရက် နောက်သို့ ဆုတ်ခွာသွားသည်။ ထိုသို့ ရှောင်တိမ်းလိုက်ခြင်းဖြင့် ဟုန်ယွိ၏ သေစေနိုင်သော ဓားချက်မှ သီသီလေး လွတ်မြောက်သွားလေသည်။

“လျှပ်တပြက်အလင်းရိပ်ဖြတ်သန်းခြင်း”

“မကောင်းတော့ဘူး။”

ဟုန်ယွိသည် ဓားဖြင့် ထိုးနှက်လိုက်သော်လည်း ဟုန်ရွှန်ကျိက ထိုတိုက်ကွက်ကို ကြိုတင် ခန့်မှန်းနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဓားချက် စတင်လိုက်သည်နှင့် တစ်ပြိုင်နက် ဟုန်ရွှန်ကျိသည် တိုင်ရှန်တာအိုဂိုဏ်း၏ အထွတ်အထိပ် ရွေ့လျားမှုပညာရပ်ဖြစ်သော “လျှပ်တပြက်အလင်းရိပ်ဖြတ်သန်းခြင်း” ဖြင့် ရှောင်တိမ်းသွားခြင်း ဖြစ်သည်။ ချက်ချင်းပင် အခြေအနေမှာ မဟန်တော့ကြောင်း ဟုန်ယွိ သိလိုက်သည်။

ဟုန်ရွှန်ကျိသည် နောက်သို့ ခြေလှမ်းရှစ်ဆယ် ဆုတ်ခွာပြီးနောက် ဘေးဘက်သို့ ခြေလှမ်း နှစ်ဆယ် ထပ်မံရွှေ့လိုက်ပြန်သည်။ သူ၏ ခန္ဓာကိုယ်မှာ တင်းမာသော လေးညှို့မှ ပစ်လွှတ် လိုက်သည့် ထက်မြက်သော မြားတစ်စင်းအလား ရှိနေပြီး၊ မိမိအလိုရှိသလို ကွေ့ဝိုက် လှုပ်ရှားနိုင်သည်။

နောက်ဆုတ်လိုက်၊ ဘေးသို့ ကွေ့ဝိုက်လှုပ်ရှားလိုက်ဖြင့် သူ၏ခန္ဓာကိုယ်မှာ မီးခိုးငွေ့ကဲ့သို့ မျက်စိတစ်မှိတ်အတွင်းမှာပင် ဟုန်ယွိ၏ ခန္ဓာကိုယ် လှုပ်ရှားမှု အပြောင်းအလဲဖြစ်နေသည့် အားနည်းချက်နေရာသို့ ရောက်ရှိသွားတော့သည်။

ထိုအားနည်းချက်နေရာသို့ ရောက်သည်နှင့် သူသည် အရှိန်ကို လုံးဝ မလျော့ဘဲ ဘယ်ဘက် လက်ကို မြှောက်ကာ လက်ချောင်းများကို ဖြန့်လိုက်ပြီး၊ ခြေလှမ်းကို အားယူလျက် လက်သီးဖြင့် ထိုးနှက်လိုက်တော့သည်။

၎င်းမှာ ကောင်းကင်ဘုံသေမင်းဘီး၏ သတ်ဖြတ်နိုင်စွမ်း အမြင့်ဆုံးဖြစ်သော “ကောင်းကင် ဘုံ မဟာသူတော်စင်လက်သည်း”ပင် ဖြစ်သည်။

ဤတိုက်ကွက်ကို အသုံးပြုလိုက်သည့်အတွက် ဟုန်ရွှန်ကျိသည် ဟုန်ယွိအပေါ် မည်သည့် ငဲ့ညှာမှုမျှ မထားတော့ဘဲ သတ်ဖြတ်ရန်အတွက် သူ၏ စွမ်းဆောင်ရည်အားလုံးကို အသုံးချ လိုက်ခြင်း ဖြစ်ကြောင်း ထင်ရှားနေသည်။

ဟုန်ယွိမှာ လွန်စွာ တုန်လှုပ်သွားသည်။ သူသည် ခြေလှမ်းတစ်ရာအကွာတွင် ရှိနေသော ဟုန်ရွှန်ကျိကို ကြည့်လိုက်သည်။ ဟုန်ရွှန်ကျိ၏ လက်ချောင်းငါးချောင်းမှာ တောင်တန်း ကြီးများအလား ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံထားပြီး၊ သူ၏ မျက်စိရှေ့တွင် ကြီးမား ကျယ်ပြန့်လာသည်။ သူ၏တစ်ကိုယ်လုံးမှာ ထိုဖိအားကြောင့် လှုပ်မရလောက်အောင် အဖိနှိပ်ခံထားရသည်။

“လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်က တကယ်ပဲ ဒီလောက်အထိ မြန်နိုင်တာလား။”

ဟုန်ယွိသည် ခြေလှမ်းတစ်ရာအကွာမှ ပျံသန်းလာနေသော ဟုန်ရွှန်ကျိကို ကြည့်ပြီး သူ၏ စိတ်ဝိညာဉ် အတွေးစများမှာ တုန်ခါသွားတော့သည်။

ခြေလှမ်းတစ်ရာအတွင်း ဟုန်ရွှန်ကျိ၏ အရှိန်ဟုန်မှာ အပြင်းထန်ဆုံးသော မြားထက်ပင် ပိုမို လျင်မြန်လှသည်။

...

ဟုန်ရွှန်ကျိ၏ လက်ဝါးမှာ သူ၏မျက်စိရှေ့တွင် ကြီးမားလာသော်လည်း ဟုန်ယွိမှာ ရှောင်တိမ်းရန် အချိန်မရတော့ပေ။

ကံကောင်းထောက်မစွာဖြင့် သူ၏ ခန္ဓာကိုယ်မှာ လူသားအင်မော်တယ် ကိုယ်ပွား ဖြစ်နေ၍ တုံ့ပြန်မှုမှာ လျင်မြန်လှသည်။ သာမန် သိုင်းသူတော်စင် ခန္ဓာကိုယ်သာဆိုလျှင် ကြေမွသွား လောက်ပြီ။

“ကောင်းကင်နှင့် မြေကြီး မီးဖို”

ဟုန်ယွိသည် ဟုန်ရွှန်ကျိ၏ ကောင်းကင်ဘုံ မဟာသူတော်စင်လက်သည်း တိုက်ကွက်ကို ရင်ဆိုင်ရချိန်တွင် သူသည် သူ့ခန္ဓာကိုယ်ကို အနည်းငယ် တွန့်လိမ်ပြီး၊ မိုးကြိုးလျှပ်စီးကျမ်း မှ “ကောင်းကင်နှင့် မြေကြီး မီးဖိုတိုက်ကွက်” ကို အသုံးပြု၍ ပြန်လည် ခုခံလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ နောက်ဘက်မှ မဟာလေဟာနယ်လက်ဝါးဖြင့် ပိတ်ဆို့ထား သော ဆေဘာအလင်းကလည်း တိုးဝင်လာပြီး၊ ပိုမိုသိပ်သည်းကာ ပေါက်ကွဲထွက်လာ သည်။ ၎င်းတိုက်ကွက်သည်လည်း ကောင်းကင်နှင့်မြေကြီးမီးဖိုတိုက်ပွက်ပင် ဖြစ်သည်။

ဤတိုက်ကွက်မှာ ဆေဘာသူတော်စင် ဂွန်ယန်ယုက မဟာလေဟာနယ်လက်ဝါးကို ချေဖျက်ရန် အသုံးပြုခဲ့သော သတ်ဖြတ်ခြင်း တိုက်ကွက်ပင် ဖြစ်သည်။ တိုက်ဆိုင်စွာပင် ဟုန်ယွိကလည်း ထိုတိုက်ကွက်ကိုပင် ပြန်လည် အသုံးပြုလိုက်သည်။

တခဏအတွငင်းမှာပင် ဆေဘာအလင်းနှစ်ခုမှာ တစ်ခုနှင့်တစ်ခု ထပ်တူကျသွားသည်။ ဟုန်ယွိ၏ ဆေဘာအရှိန်အဝါမှာ အသာစီးရသွားပြီး ဟုန်ရွှန်ကျိကို လွှမ်းမိုးသွားတော့ သည်။

“အင်…။”

ဟုန်ရွှန်ကျိ၏ လက်ဝါးမှာ ဟုန်ယွိနှင့် ခုနစ်ခြေလှမ်းခန့်သာ ကွာဝေးတော့ပြီး ဟုန်ယွိကို ဆွဲငင်ဖမ်းဆုပ်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ မမျှော်လင့်ဘဲ ဟုန်ယွိ၏ “ကောင်းကင်နှင့် မြေကြီးမီးဖို တိုက်ကွက်” မှာ ဆေဘာသူတော်စင် ဂွန်ယန်ယု၏ တိုက်ကွက်နှင့် ပြည့်စုံစွာ အံဝင်ခွင်ကျ ဖြစ်သွားခဲ့သည်။ ၎င်းမှာ အခြားတစ်ယောက်၏ အရှိန်အဟုန်ကို ငှားရမ်းလိုက် သကဲ့သို့ ဖြစ်သွားပြီး ထိုတစ်ခဏအတွင်း ထွက်ပေါ်လာသော အရှိန်အဝါမှာ အလွန်ပင် ပြင်းထန်ကြမ်းတမ်းသွားတော့သည်။

“ကြာပန်းတစ်ထောင်။”

ဟုန်ရွှန်ကျိ၏ မျက်မှောင်များမှာ တွန့်သွားသည်။ သူသည် ဘာမျှ စဉ်းစားမနေတော့ဘဲ သူ၏ လက်ချောင်းများကို လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ သူ၏ လက်ချောင်းက အရိပ်များအလား ပြောင်းလဲသွားကာ၊ ဟုန်ယွိ ထိုးနှက်လာသော ဓားချက်တိုင်းကို လက်ချောင်းများဖြင့် တိကျစွာ ရိုက်ထုတ်လိုက်သည်။ အလွန်ထက်မြက်လှသော ဓားသည် ပင် ဟုန်ရွှန်ကျိ၏ လက်ချောင်းများထက် နှေးကွေးနေပြီး ဟုန်ယွိ၏ ဓားမှာ အပြင်းအထန် ရိုက်ထုတ်ခြင်း ခံလိုက်ရသည်။

နောက်ဆုံးတွင် ဟုန်ယွိ၏ ဆေဘာအရှိန်အဝါမှာ ဟုန်ရွှန်ကျိ၏ လက်ဗလာဖြင့်ပင် တားဆီးခြင်း ခံလိုက်ရသည်။

ထိုအချိန်မှာပင် ဟုန်ယွိက သူ၏ဓားအရှိန်ကို မျက်လှည့်ပြသကဲ့သို့ ရုတ်တရက် ရုပ်သိမ်း လိုက်ပြီး သူ့နောက်ကျောတွင် ဖုံးကွယ်ကာ လက်ဝါးတစ်ချက် ပြန်လည်ရိုက်နှက်လိုက် သည်။ ဤလက်ဝါးမှာ ဉာဏ်ပညာတံဆိပ်ပင် ဖြစ်သည်။ ဤတိုက်ခိုက်မှုမှာ ဟုန်ရွှန်ကျိက ဓားအရှိန်ကို တားဆီးလိုက်သည့် အရှိန်အဟုန် အထွတ်အထိပ်သို့ ရောက်နေချိန်လည်း ဖြစ်သည်။ အင်အားဟောင်း ကုန်ခမ်းပြီး အင်အားသစ် မဖြစ်ပေါ်သေးသည့် အလွန် အရေးကြီးသော တခဏသာကို သူက အမိအရ အသုံးချလိုက်ခြင်း ဖြစ်သည်။

“ပစ္စုပ္ပန်ဗုဒ္ဓလက်ဝါး ဉာဏ်ပညာတံဆိပ်။”

ဟုန်ရွှန်ကျိသည် လက်ဝါး တိုးဝင်လာသည်ကို မြင်သောအခါ ထိပ်တိုက်မရင်ဆိုင်ရဲပေ။ သူ၏ ခန္ဓာကိုယ်မှာ လျှပ်ခနဲ လှုပ်ရှားသွားပြီး နောက်သို့ ဆုတ်ခွာသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ခြေလှမ်းတစ်ရာအကွာသို့ ရောက်ရှိသွားပြီး ဟုန်ယွိ၏ လက်သီးချက်မှာ လွဲချော်သွားတော့သည်။

ဟုန်ယွိ၏ လက်သီးချက်က ဟုန်ရွှန်ကျိကို နောက်ဆုတ်သွားအောင် ဖိအားပေးနိုင်ခဲ့သော် လည်း သူက ထပ်ချပ်မလိုက်တော့ပေ။ ထိုအစား သူက အသက်ကို ပြင်းပြင်းရှူသွင်းပြီး လေဟောင်းကို ထုတ်ကာ လေကောင်းလေသန့်ကို ရှူသွင်းလိုက်သည်။ သူ၏ ခန္ဓာကိုယ် အတွင်းရှိ သွေးများမှာ ချက်ချင်း ဆူပွက်လာပြီး သူ၏ ခွန်အားမှာ အထွတ်အထိပ်သို့ ပြန်လည် ရောက်ရှိသွားသည်။

သို့သော် သူ အသက်ရှူပြီး ခွန်အားကို အထွတ်အထိပ် ရောက်အောင် ပြန်လည် ဖြည့်တင်း လိုက်ရုံရှိသေး၊ ဟုန်ရွှန်ကျိက ခြေလှမ်းတစ်ရာအကွာမှ သူ့ထံသို့ ပြန်လည် တိုးဝင်လာပြီး လက်နှစ်ဖက်လုံးဖြင့် တိုက်ခိုက်လာပြန်သည်။

ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ် ခွန်အားမှာ အဆုံးမရှိသကဲ့သို့ပင် ထင်ရသည်။

…

ဝုန်း…။

ဟုန်ရွှန်ကျိ သူ့ထံသို့ တိုးဝင်လာချိန်မှာပင် ဟုန်ယွိ၏နောက်ဘက်မှ ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ မဟာလေဟာနယ်လက်ဝါးနှင့် အင်မော်တယ် မူလ စိတ်ဝိညာဉ်တို့မှာ ရုတ်တရက် ကြေမွသွားတော့သည်။ ထို့နောက် ၎င်းတို့မှာ အလင်းတန်း ကိုးခု အဖြစ် ပြောင်းလဲကာ နောက်သို့ ပြန်လည် လွင့်ပျံလာကြသည်။

မဟာလေဟာနယ်လက်ဝါး တစ်ခုလုံးမှာ ဆေဘာခုတ်ပိုင်းချက်ကြောင့် ပျက်စီးသွားရခြင်း ဖြစ်သည်။

မဟာလေဟာနယ်လက်ဝါး ပျက်စီးသွားပြီးနောက် ဟုန်ယွိသည် ဝတ်စုံနက်ဝတ်ထားသော အဘိုးအိုတစ်ဦးကို ဝိုးတဝါး မြင်လိုက်ရသည်။ သူသည် အရပ်အလွန်ရှည်ပြီး သာမန်လူ ထက် ခေါင်းနှစ်လုံးစာခန့် ပိုမြင့်သည်။ သူ၏ ဆံပင်များမှာ ဖြူဖွေးနေပြီး မည်သည့် သရဖူမျှ ဆောင်းမထားပေ။ ဆံပင်များမှာ လေထဲတွင် ဝဲပျံနေပြီး ဦးခေါင်းတွင် ခရမ်းရောင် ကြိုးတစ်ချောင်းကို စည်းနှောင်ထားသည်။

သို့သော် ၎င်းမှာ ခဏတာ မြင်လိုက်ရခြင်းသာ ဖြစ်ပြီး အဘိုးအို၏ ဆေဘာအလင်းမှာ လက်ခနဲ ဖြစ်သွားကာ သူ ပျောက်ကွယ်သွားပြီး ဆေဘာအလင်းသာ ကျန်ရစ်ခဲ့သည်။

သူ၏ရှေ့တွင် ဟုန်ရွှန်ကျိ ရှိနေပြီး၊ နောက်တွင်မူ ဆေဘာသူတော်စင် ဂွန်ယန်ယု ရှိနေကာ၊ ဟုန်ယွိသည် ဝိုင်းညှပ် တိုက်ခိုက်ခြင်း ခံနေရသည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် ဤလောက၏ နံပါတ်တစ် ပညာရှင် မုန့်ရှန်းကျီပင် လျှင် ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ပြီး ဟုန်ယွိအတွက်မူ ပြောနေစရာပင် မလိုတော့ပေ။

“ချန်ယင်းရှာ... အလွှာတစ်ထောင် ငရဲနတ်ဘုရားဉ၊”

ထိုခဏချင်းမှာပင် ချန်ယင်းရှာသည် စိတ်ဝိညာဉ် အတွေးအပိုင်းစ နှစ်ထောင်၊ သုံးထောင် ခန့်အဖြစ် ပြောင်းလဲသွားပြီး ဟုန်ယွိ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။ တစ်ချိန်တည်း မှာပင် ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွေးစ ထောင်ပေါင်းများစွာမှာလည်း ထွက်ပေါ်လာပြီး တစ်ခုချင်းစီကို ရောင်စုံအလင်းတန်းများဖြင့် ရစ်ပတ်ထားသည်။

ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွေးစတိုင်းကို မဟာလေဟာနယ်လက်ဝါး၏ ရောင်စုံအလင်း များဖြင့် ရစ်ပတ်ထားပြီး ချန်ယင်းရှာ၏ အတွေးစများနှင့် ပေါင်းစပ်လိုက်သည်။ ယင်နှင့်ယန် ပေါင်းစပ်သွားပြီး စိတ်ဝိညာဉ်များ အပြန်အလှန် ရစ်ပတ်သွားကြသည်။

ဟုန်ယွိ၏ ခန္ဓာကိုယ်ပတ်လည်တွင် ဖြူဖွေးသော ဥခွံလွှာပေါင်းများစွာ ပေါ်ပေါက်လာပြီး ထောင်ချီသော “အလွှာတစ်ထောင် အမှောင်နတ်ဘုရား ဉခွံအလွှာများက ဟုန်ယွိကို လွှမ်းခြုံထားလိုက်သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ဟုန်ယွိသည် ပေတစ်ရာခန့် ကျယ်ပြီး ပေတစ်ရာခန့် မြင့်မားသော တောင်ကုန်းငယ်တစ်ခုကဲ့သို့ ကြီးမားသော ဥကြီးတစ်လုံးအဖြစ် ပြောင်းလဲ သွားသည်။

ဆေဘာသူတော်စင် ဂွန်ယန်ယု၏ ဆေဘာအလင်းနှင့် ဟုန်ရွှန်ကျိ၏ လက်သီးတို့မှာ တစ်ပြိုင်နက်တည်း ရောက်ရှိလာပြီး ဥခွံပေါ်သို့ ကျရောက်သွားသည်။

ဖျစ်….၊ ဖျစ်….။

ဥခွံလွှာများမှာ တစ်လွှာပြီးတစ်လွှာ ကြေမွသွားတော့သည်။

လူသားအင်မော်တယ် နှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုမှာ “အလွှာတစ်ထောင် အမှောင် နတ်ဘုရားဉ၊” အလွှာတစ်ထောင်လုံးကို အမှန်တကယ်ပင် ကြေမွသွားခဲ့ပြီး၊ ကန့်နှင့် ချော်ရည်များအဖြစ် ပြောင်းလဲသွားသည်။

သို့သော် ဥခွံများ ကြေမွသွားချိန်တွင် ဟုန်ယွိ၏ လူသားအင်မော်တယ် ကိုယ်ပွားမှာ ဆီပူအိုးထဲသို့ ကျသွားသော ကြွက်တစ်ကောင်အလား မြေပြင်ပေါ်တွင် လျင်မြန်စွာ လိမ့်ထွက်သွားသည်။ သူသည် လှည့်ပတ်ခုန်ပျံလိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ခြေလှမ်းကိုးဆယ်အကွာသို့ ရောက်ရှိသွားကာ ဟင်းလင်းပြင်တစ်ခုထဲသို့ ပြင်းထန်စွာ ခုန်ဝင်လိုက်တော့သည်။

ထို့နောက် ကြည်လင်သော အလင်းတန်းအတွင်းမှ ဓားအရှိန်အဝါ နှစ်ခုမှာ လေထုကို ဖြတ်သန်းသွားပြီး ဟုန်ရွှန်ကျိထံသို့ ခုတ်ပိုင်းလိုက်သည်။

ဟုန်ရွှန်ကျိ၏ မျက်နှာမှာ မည်သည့် ခံစားချက်မျှ မရှိပေ။ သူက ပြင်းထန်သော အသက်ရှူသံတစ်ခုကို မှုတ်ထုတ်လိုက်ရာ ပြင်းထန်သော လေစီးကြောင်းမှာ မြားတစ်စင်း အလား ထွက်ပေါ်လာပြီး ဓားအရှိန်အဝါနှင့် ထိပ်တိုက်တွေ့ဆုံကာ လေထဲတွင် ပျောက်ကွယ်သွားကြသည်။

သို့သော် ထိုခဏချင်းမှာပင် ကြည်လင်သော အလင်းမှာ တောက်ပစွာ ထွန်းလင်းသွားပြီး တုန်ခါသွားကာ မည်သည့်ခြေရာလက်ရာမျှ မကျန်ဘဲ လေထဲတွင် ပျောက်ကွယ်သွားတော့ သည်။

“ဆီပူအိုးထဲက ကြွက်တစ်ကောင်လို လျင်မြန်လိုက်တဲ့ စိတ်ဝိညာဉ်ပါလား။ နှမြောစရာ ကောင်းတာက အနားမှာ ရန်သူရှိနေသေးလို့ ငါ အစွမ်းကုန် မတိုက်နိုင်ခဲ့တာပဲ။”

ဆေဘာသူတော်စင် ဂွန်ယန်ယုက တိုးညှင်းစွာ ချီးကျူးလိုက်သည်။ သူက ရှေ့သို့ တစ်လှမ်း တိုးလိုက်ရာ လေဟာနယ်ထဲတွင် ရှည်လျားသော အက်ကြောင်းတစ်ခု ပေါ်လာသည်။ ထိုအက်ကြောင်းအတွင်း၌ ပကတိ ရွှေရောင်အလင်းများ ရှိနေသည်။ သူနှင့် ဟုန်ရွှန်ကျိတို့ သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး စကားတစ်ခွန်းမျှ မဆိုတော့ဘဲ ထိုအက်ကြောင်း ထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားကြတော့သည်။

ဟုန်ရွှန်ကျိသည် တိတ်ဆိတ်ခြောက်သွေ့နေသော ကျောက်စိမ်းမြို့တော် အပြင်ဘက်တွင် ရပ်နေပြီး ဟုန်ယွိ ပျောက်ကွယ်သွားသော နေရာကို ကြည့်ကာ အတော်ကြာ တိတ်ဆိတ် နေခဲ့သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှာ လက်ခနဲ ဖြစ်သွားပြီး ညမှောင်မှောင်ထဲတွင် ပျောက်ကွယ်သွားတော့သည်။

…

“လူသားအင်မော်တယ်တွေရဲ့ တိုက်ပွဲက တကယ့်ကို ကမ္ဘာပျက်မတတ်ပါပဲလား။ တခဏလေးအတွင်း ဖြစ်သွားတာတောင်မှ...”

ခြောက်သွေ့သော တောရိုင်းမြေပြင်ပေါ်တွင်၊ ဟုန်ယွိသည် စကြဝဠာအိတ်ထဲသို့ ခုန်ဝင် ကာ ကျောက်စိမ်းမြို့တော်မှ ထွက်ခွာသွားပြီးနောက် ခဏအကြာတွင် တိုက်ပွဲဖြစ်ပွားခဲ့ သော နေရာသို့ အမျိုးသမီးတစ်ဦး ရောက်ရှိလာသည်။ သူမသည် ရှည်လျားသော ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာကို ပုဝါဖြင့် အုပ်ထားသည်။

ဤအမျိုးသမီးမှာ အလွန်ပင် လျှို့ဝှက်ဆန်းကြယ်ပြီး မည်သူမျှ သူမ၏ မျက်နှာကို သဲသဲကွဲကွဲ မမြင်နိုင်ပေ။

“ဟုန်ယွိ... ဟုန်ယွိ... သူက တကယ်ပဲ ဒီလောက်အထိ အစွမ်းထက်လာတာလား။ နှိုင်းယှဉ်ကြည့်ရင် ငါ့သားက နည်းနည်းလေး လိုနေသေးတာပဲ။ သူ့မှာ ဖန်ဟွမ်အသက် ဝိညာဉ်ဓား ရှိနေပေမယ့် သူ စိတ်ကြိုက် မသုံးနိုင်သေးဘူး။ ဒါပေမဲ့ အခုတော့ ငါက ခန္ဓာကိုယ်ကို စွန့်ခွာခဲ့ပြီးပြီဆိုတော့ သွေးသားတော်စပ်မှုတွေ မရှိတော့ဘူး။ သူက ငါ့သား မဟုတ်တော့ဘူး၊ သူ ငါ့ကို မှတ်မိဦးမလားဆိုတာတောင် မသိတော့ပါဘူး။ မန်ပိုင်ယွန် ကတော့ သူ ခန္ဓာကိုယ်ကိုတောင် စွန့်ခွာပြီး ပြန်လည်မဝင်စားနိုင်ဘဲ ပြာအဖြစ် ပြောင်းလဲသွားခဲ့ရတယ်...”

“မန်ပိုင်ယွန်... ငါ မင်းကို ရှုံးခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ ယန်ဖန်... ရှင်ကတော့ ဟုန်ရွှန်ကျိကို ရှုံးခဲ့တာပဲ။ ရှင့်သားက သူ့သားလောက် မတော်ဘူး...”

တခဏမျှ တိုးတိုးလေး ရေရွတ်ပြီးနောက် ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် ညအမှောင်ထုအတွင်းသို့ ပျောက်ကွယ်သွားလေတော့သည်။

အခန်း (၃၇၄)။

“လူသားအင်မော်တယ် နှစ်ယောက်ရဲ့ ဝိုင်းညှပ်တိုက်ခိုက်မူ ကြားကနေ ငါတို့ အသက်ဘေး က လွတ်ပြီး ပြန်လာနိုင်ခဲ့ပြီပဲ။”

ချင်ပြည်နယ်၏ ကြယ်ကြည့်မျှော်စင်ထက်တွင် စိမ်းဖန့်ဖန့် အလင်းလုံးတစ်ခု ပေါ်လာပြီး၊ ဟုန်ယွိနှင့် ချန်ယင်းရှာတို့ လမ်းလျှောက်ထွက်လာကြသည်။ ထိုအလင်းမှာ ဟုန်ယွိ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော စကြဝဠာအိတ်အဖြစ် ပြန်လည် ပြောင်းလဲသွားသည်။

ဟုန်ယွိ၏ စိတ်ဝိညာဉ်မှာ သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွားသည်။ လူသား အင်မော်တယ် ခန္ဓာပွားကိုမူ ချန်ပီယံမြို့စား၏ စိတ်ဝိညာဉ် အတွေးများက ပြဿနာရှာလာ နိုင်သည်ကို စိုးရိမ်သဖြင့် စကြဝဠာအိတ်ထဲတွင်ပင် ဆက်လက် ဖုံးကွယ်ထားလိုက်သည်။

“ဒါက ဘာမှမဟုတ်ပါဘူး။ တော်ဝင်ချန် မိသားစုထဲမှာ အစွမ်းထက်လူတွေ ရှိမယ်ဆိုတာ ငါသိထားပေမယ့်၊ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာက အထွတ်အထိပ်ရောက်ခဲ့တဲ့ ဆေဘာ သူတော်စင် ဂွန်ယန်ယု ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး။ သူ တကယ်ပဲ အခုထိ အသက်ရှင်နေတာလား။”

ဟုန်ယွိ၏ အမူအရာမှာ တည်ငြိမ်နေဆဲပင်။ “ဒါ့အပြင် ဧကရာဇ် ယန်ဖန်ကလည်း အခုထိ ကိုယ်တိုင် မလှုပ်ရှားသေးဘူး။ ဒီလူက တကယ်ကို ခန့်မှန်းရခက်တယ်။ သူက ငါ့ကို ထိန်းချုပ်ပြီး သူ့အတွက် အလုပ်လုပ်စေချင်နေတာ။ ဒီနေ့ ဆေဘာသူတော်စင် ဂွန်ယန်ယု ကို လွှတ်လိုက်တာက ငါ့ကို တော်ဝင်မိသားစုရဲ့ ခွန်အားကို ပြပြီး မဆင်မခြင် မလုပ်မိ အောင် သတိပေးလိုက်တာပဲ။”

“ဧကရာဇ် ယန်ဖန် ဒီတစ်ခါ ကိုယ်တိုင် မလှုပ်ရှားတာက သူ့ကို တခြား ပညာရှင် တစ်ယောက်က တားဆီးထားလို့များလား” ချန်ယင်းရှာက မေးလိုက်သည်။

“ဟုတ်တယ်၊ သူ့ကို တားဆီးထားတဲ့ ပညာရှင်တွေ ရှိနေလို့ပဲ။ ငါတို့လည်း ငါတို့ရဲ့ အစွမ်း ကို အကုန်မထုတ်သုံးခဲ့သလို၊ သူတို့လည်း ကျောက်စိမ်းမြို့တော် တစ်ခုလုံး ထိတ်လန့်သွား မှာကို ကြောက်နေကြတယ်။” ဟုန်ယွိက မျက်မှောင်ကြုတ်ကာ စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။ “ယင်းရှာ... မင်းရဲ့ စိတ်ဝိညာဉ် အတွေးစတွေရော အခြေအနေ ဘယ်လိုလဲ။ မင်း တော်တော်လေး ဒဏ်ရာရသွားတယ် ထင်တယ်။”

“ငါတို့နှစ်ယောက်ရဲ့ စိတ်ချင်းဆက်သွယ်ပြီး စိတ်ဝိညာဉ် အတွေးစတွေကို ပေါင်းစပ်ကာ အလွှာတစ်ထောင် အမှောင်နတ်ဘုရားဥခွံအလွှာနဲ့ ကာကွယ်ခဲ့တာလေ။ လျှပ်စီးတောင် အဲဒါကို မဖောက်နိုင်ဘူးလို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ ဟုန်ရွှန်ကျိနဲ့ ဂွန်ယန်ယုတို့က ခဏလေးအတွင်းမှာ ဖောက်ထွက်နိုင်ခဲ့တယ်။ ငါ့စိတ်ဝိညာဉ် ဒဏ်ရာရသွားပေမယ့် ကြေမွသွားခဲ့တာ မဟုတ်ဘူး။ ငါသာ အတိတ်ကျမ်းကို ကျင့်ကြံမထားရင် ငါ့စိတ်ဝိညာဉ်က ပျက်စီးသွားလောက်ပြီ။”

ချန်ယင်းရှာ၏ နဖူးပေါ်မှ စိတ်ဝိညာဉ်အတွေးစတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ လက်သည်းခွံ အရွယ်စားခန့်ရှိပြီး ကြည်လင်နေသော်လည်း အတွင်း၌ အက်ကြောင်းများ စွာ ထင်နေသည်။ ကြည့်ရသည်မှာ အတော်ပင် တုန်လှုပ်ဖွယ် ကောင်းလှသည်။

ထို့နောက် ချန်ယင်းရှာ၏ အမူအရာ ပြောင်းလဲသွားပြီး ထိုအတွေးစမှာ အတိတ်ဗုဒ္ဓပုံရိပ် အဖြစ် ပြောင်းလဲသွားသော်လည်း ဗုဒ္ဓရုပ်ပွားတော်လေး၏ ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း ကြောက်မက်ဖွယ် အက်ကြောင်းများ ပြည့်နှက်နေသည်။

“စိတ်ဝိညာဉ်အတွေး ကွဲအက်သွားတယ်။”

ဟုန်ယွိ အံ့သြသွားသည်။ ချန်ယင်းရှာက ဘာမှမဖြစ်သလို နေသော်လည်း သူမသည် အပြင်းအထန် ဒဏ်ရာရထားကြောင်း သူ သိလိုက်သည်။

ဂွန်ယန်ယုနှင့် ဟုန်ရွှန်ကျိတို့ တိုက်ခိုက်စဉ်က ဟုန်ယွိသည် တစ်ကိုယ်တည်း မတားဆီးနိုင် သဖြင့် ချန်ယင်းရှာနှင့် ပူးပေါင်းကာ အလွှာတစ်ထောင်အမှောင်နတ်ဘုရား ဥခွံအလွှာဖြင့် ခုခံခဲ့ခြင်း ဖြစ်သည်။ ထိုဥခွံအလွှာမှာ မီးလျှံနဂါးကိုးကောင်၏ မီးတောက် သို့မဟုတ် မိုးကြိုး ပစ်ခြင်းကိုပင် ခံနိုင်ရည်ရှိသော်လည်း လူသားအင်မော်တယ် နှစ်ဦးမှာ အလွန်တရာပင် အစွမ်းထက်လွန်းလှသည်။

ဟုန်ယွိ၏ စိတ်ဆန္ဒမှာ အလွန်ပင် ခိုင်မာတောင့်တင်းလှသည်။ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ တောက်ပသော အလင်းတန်းများ ဖြာထွက်နေ သည်။ ဤနေရာသို့ လာရာလမ်းတွင် သူသည် ကောင်းကင်တာအိုအား ပူဇော်မှုပြုလုပ်ပြီး သူ၏ စိတ်ဝိညာဉ်အတွေးအပိုင်းစများကို သန့်စင်ခဲ့ပြီးဖြစ်သဖြင့် ဘာမျှမဖြစ်ဘဲ အေးဆေး ရှိနေသည်။ သို့သော် ချန်ယင်းရှာ၏ ဝိညာဉ်မှာမူ ပြင်းထန်စွာ ဒဏ်ရာရရှိထားသည်။

ချန်ယင်းရှာ၏ ဝိညာဉ်အတွေးစများ ကြေမွနေသည်ကို မြင်သောအခါ ဟုန်ယွိသည် သူ၏ လက်ကို အမြန်ဝေ့ယမ်းလိုက်သည်။ ဟုန်လင်ဘိုးဘေး၏ စိတ်ဝိညာဉ် အတွေးစ ရာပေါင်း များစွာမှာ စကြဝဠာအိတ်ထဲမှ ထွက်ပေါ်လာပြီး ချန်ယင်းရှာ၏ စိတ်ဝိညာဉ်အတွင်းသို့ စီးဝင်သွားတော့သည်။

စီစီ... စီစီ...

ချန်ယင်းရှာ၏ စိတ်ဝိညာဉ်အတွင်းသို့ ထိုအစွမ်းထက်သော အတွေးစများ ထည့်သွင်းလိုက် သည်နှင့် တစ်ပြိုင်နက် သူမ၏ စိတ်ဝိညာဉ်မှာ ပကတိအတိုင်း ကြည်လင်သွားသည်။ အက်ကြောင်းများ ပျောက်ကွယ်သွားပြီးနောက် တဖြည်းဖြည်း ပိုမိုခိုင်မာအားကောင်းလာ ကာ ဝင်းပသော အလင်းရောင်များ စတင်ထွက်ပေါ်လာသည်။

သူမ၏ ဒဏ်ရာအားလုံး ပျောက်ကင်းသွားခဲ့ပြီ ဖြစ်သည်။

“ဒုတိယအဆင့် မိုးကြိုးကပ်ဘေး ပညာရှင်တစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို သန့်စင်ပြီးတဲ့ နောက် ကျန်ရှိတဲ့ စိတ်ဝိညာဉ် အတွေးအပိုင်းစတွေက စိတ်ဝိညာဉ်ကို ကုသပေးနိုင်တဲ့ ပြိုင်ဘက်ကင်း နတ်ဆေးစွမ်းကောင်းပဲ။ ဒါက နတ်ဆိုးဘုရားသွေးနဲ့တောင် နှိုင်းယှဉ်လို့ ရတယ်။ နှမြောစရာကောင်းတာက ဒီလောကမှာ ဒုတိယအဆင့် ပညာရှင်တွေက အလွန်ရှားပါးနေတာပဲ။”

စိတ်ဝိညာဉ် အတွေးအပိုင်းစ တစ်ရာကျော်ကို လက်ခံရရှိပြီးနောက် ချန်ယင်းရှာ၏ စိတ်ဝိညာဉ်မှာ ပြန်လည်ကောင်းမွန်သွားသဖြင့် သူမ သက်ပြင်းချလိုက်နိုင်သည်။ သူမ၏ မျက်နှာမှာ ဝင်းပနေသော်လည်း တစ်ချိန်တည်းမှာပင် ရင်ထဲ၌ ကြောက်စိတ်မှာ ကျန်ရှိနေ သေးသည်။

အကယ်၍ သူမသာ အတိတ်တုန်းက ဟုန်ယွိနှင့် မဆုံခဲ့လျှင် ဟုန်ရွှန်ကျိ၏ လက်သီး သို့မဟုတ် ဂွန်ယန်ယု၏ ဆေဘာချက် တစ်ချက်တည်းနှင့်တင် သူမ၏ စိတ်ဝိညာဉ်မှာ ခေါင်းမှအစမှ ခြေဖျားအထိ အစအနမကျန် ပျက်စီးသွားလောက်ပေပြီ။

သို့သော် ယခုမူ “အတိတ်ကျမ်း” ကို သင်ယူပြီးနောက် မိုးကြိုးကပ်ဘေးတစ်ပိုင်းအဆင့် ပညာရှင်ဖြစ်လာသည့်အတွက် သူမ၏ မှော်စွမ်းအားမှာ အဆမတန် တိုးတက်လာခဲ့သည်။ ထို့ပြင် နတ်ဘုရားရှစ်ပါး၏ စွမ်းအားကိုလည်း ကျွမ်းကျင်လာခဲ့ရာ သူမ၏ မဟာ လေဟာနယ် လက်ဝါး မှာ ယခင်ကထက် ငါးဆမက ပိုမိုအားကောင်းလာခဲ့သည်။

“မင်းက မဟာလေဟာနယ်လက်ဝါးကို အပြည့်အဝ မကျွမ်းကျင်သေးဘူး။ အလင်းတန်း ကိုးခုမှာ တစ်ခု လိုနေသေးတယ်။ အဲဒါကြောင့် မင်းက အင်မော်တယ် မူလဝိညာဉ်ကို မပိုင်ဆိုင်သေးတော့ အခုလို ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တာ။ ရှေ့လျှောက် တိုက်ပွဲတွေ က ပိုပြီး ရှုပ်ထွေးလာတော့မှာဆိုတော့ သံပူခိုက်မှာ ထုနှက်ရမယ်။ ငါ မတည်မြဲခြင်းဓားကို ထုတ်ပြီး အဲဒီပေါ်က မဟာဖျက်ဆီးခြင်းဂါထာကို ဖြိုခွင်းမယ်။ ပြီးရင် ဖျက်ဆီးခြင်း နတ်ဘုရားရဲ့ ကိုယ်ပွားကို မျှားထုတ်ပြီး မင်းကို သန့်စင်ခိုင်းမယ်။ မင်းလည်း မဟာ လေဟာနယ်လက်ဝါး ကို အထွတ်အထိပ်အထိ လေ့ကျင့်ပြီး အင်မော်တယ် မူလဝိညာဉ်ကို ရယူလိုက်။”

ဟုန်ယွိသည် လက်ကို တစ်ဖန်ဝေ့ယမ်းလိုက်ရာ နာလန်ယန်လူထံမှ သိမ်းဆည်းခဲ့သော ဖျက်ဆီးခြင်းခန်းမ၏ တန်ဖိုးအရှိဆုံးရတနာ မတည်မြဲခြင်းဓားမှာ စကြဝဠာအိတ်ထဲမှ ထွက်ပေါ်လာသည်။

မတည်မြဲခြင်းဓား၏ ဓားသွားပေါ်တွင် ဖြူဖွေးသော ပန်းရိပ်များ ဝန်းရံနေသည်။ ၎င်းမှာ လှပသော်လည်း ဖျက်ဆီးခြင်းနတ်ဘုရား မကြွရောက်မီ တိတ်ဆိတ်ခြောက်ခြားဖွယ်ရာ သေခြင်းတရားကို ကိုယ်စားပြုနေသည်။

“ဟုန်ရွှန်ကျိ ပြောတာက အတိတ်ဆိုတာ တစ်ခုပဲရှိတာမို့ အတိတ်ကျမ်းကို တစ်ယောက်ပဲ ကျင့်ရမယ်တဲ့။ မဟုတ်ရင် ကြောက်မက်ဖွယ် သေခြင်းနဲ့ ရင်ဆိုင်ရလိမ့်မယ်တဲ့။ ဒိုင်ဇင် ဘုရားကျောင်းရဲ့ မျိုးဆက်တစ်လျှောက်မှာလည်း ကျောင်းထိုင်ဆရာတော်ပဲ ဒါကို ကျင့်ခွင့် ရှိတာ။ တခြားဘယ်သူမှ မကျင့်ခဲ့ဘူး။ ငါလည်း အဲဒီလို ကောလာဟလမျိုး ကြားဖူးတယ်။ ဒါက ကံကြမ္မာပဲလား...”

ချန်ယင်းရှာ၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ပေါ်လာသည်။

“ငါ အရင်က မပြောခဲ့ဘူးလား။ လူကြီးလူကောင်းတစ်ယောက်ဟာ ကံကြမ္မာကို မယုံကြည် ဘူး။ တကယ်လို့, ကံကြမ္မာကသာ အနန္တစကြဝဠာထဲမှာ တကယ်ရှိနေရင် လူတိုင်းရဲ့ ကြိုးစားအားထုတ်မှုက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။ ဒါဟာ ဟုန်ရွှန်ကျိက လောကလူသား တွေကို မှိုင်းတိုက်ဖို့နဲ့ သူတို့ရဲ့ ကံကြမ္မာမှာပဲ ရောင့်ရဲနေအောင် လုပ်ထားတဲ့ မှားယွင်းတဲ့ အယူအဆတွေပဲ။ မင်းစိုးရာဇာတွေ၊ စစ်သူကြီးတွေ၊ ဝန်ကြီးတွေဆိုတာ မွေးရာပါ သတ္တိနဲ့ ဖြစ်လာတာလား။”

ဟုန်ယွိသည် ချန်ယင်းရှာကို ကြည့်လိုက်သည်။ သူမ၏ စိတ်ဓာတ် ယိုင်နဲ့နေသည်ကို သူ သိလိုက်ရပြီး ၎င်းမှာ မကောင်းသော လက္ခဏာဖြစ်သည်။

“ယင်းရှာ... ငါ ရေးထားတဲ့ ပြောင်းလဲခြင်းကျမ်းထဲက ကိုး-ငါးလုံး တာအိုအကြောင်းကို ငါ မှတ်ချက် ရေးပေးမယ်။ အဲဒါကို ဖတ်ပြီး နားလည်အောင် ကြိုးစားပါ။ ဟုန်ရွှန်ကျိရဲ့ စကားတွေကို မင်းရဲ့ စိတ်ထဲကနေ မောင်းထုတ်ရမယ်။”

ဟုန်ယွိက မျက်မှောင်ကြုတ်လိုက်သည်။

“ဟုန်ရွှန်ကျိကတော့ တကယ်ကို ကြောက်စရာကောင်းတဲ့ တစ်ယောက်ပဲ။ ဟဲဟဲ...” ချန်ယင်းရှာက အေးစက်စွာ ရယ်လိုက်သည်။ သူမ၏ နှုတ်ခမ်းများမှာ တစ်စုံတစ်ခုကို ဝါးစားနေသကဲ့သို့ လှုပ်ရှားနေသည်။

“လေဟာနယ်က ပျက်စီးသွားပြီး အနာဂတ်က ကုန်ဆုံးသွားတယ်။ ကောင်းကင်ဘုံရဲ့ အလွန်ကနေ အင်မော်တယ် မူလဝိညာဉ်တစ်ခု ဆင်းသက်လာပြီး သူတော်စင်အဖြစ် ပြောင်းလဲသွားတယ်။ ဒါဟာ အနာဂတ်ဗုဒ္ဓပဲ။”

ဟုန်ယွိသည် ချန်ယင်းရှာ၏ လှုပ်ရှားမှုကို ကြည့်နေသည်။ သူက မျက်တောင်တစ်ချက် ခတ်လိုက်ပြီး လက်ချောင်းနှစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။ သူ၏ လက်ချောင်းများ ပေါ်တွင် ကိုးရောင်ခြည် အလင်းတန်းများ လက်ခနဲ ဖြစ်သွားပြီး မတည်မြဲခြင်းဓားကို ရိုက်ခတ်လိုက်သည်။

ထိုသို့ ရိုက်ခတ်လိုက်သည်နှင့် မတည်မြဲခြင်းဓား တစ်ခုလုံးမှ မီးရှူးမီးပန်းများ ပေါက်ကွဲသ ကဲ့သို့ တုန်ခါသံ ၃၆ ကြိမ် ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ထိုတုန်ခါသံ ၃၆ ကြိမ်မှာ ကောင်းကင်ယံသို့ ပျံ့နှံ့သွားသည်။ ကောင်းကင်ရှိ ကြယ်တာရာများမှာ အရောင်ပြောင်းသွားပြီး အမှောင်ထုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ထိုအမှောင်ထုအတွင်းတွင် ဖြူဖွေးသော ပန်းပေါင်းများစွာ ပေါ်ထွက်လာသည်။ ပန်းများ အကြားတွင် မဟာဖျက်ဆီးခြင်းနတ်ဘုရား၏ ပုံရိပ် ပေါ်လာသည်။ ၎င်းမှာ ဖျက်ဆီးခြင်း မင်စီလာဘုရင်နှင့် မခြားပေ။ သူ၏ မျက်ခုံးနှစ်ခုကြားတွင် ဒေါင်လိုက်မျက်လုံးတစ်လုံးရှိပြီး အမှောင်ထု၏ ဖျက်ဆီးခြင်း အလင်းတန်းများကို ထုတ်လွှတ်နေသည်။

“ကလေး... မင်းက ငါ့ရဲ့ဓားကို သန့်စင်ဖို့အထိ အတင့်ရဲလှချည်လား။”

ဖျက်ဆီးခြင်းနတ်ဘုရား ပေါ်လာသည်နှင့် ပြင်းထန်သော စိတ်ချင်းဆက်သွယ်မှု သတင်း စကားက ဟုန်ယွိနှင့် ချန်ယင်းရှာတို့၏ ဝိညာဉ်အတွင်းသို့ စီးဝင်လာသည်။

“ဒီနတ်ဆိုးတွေက ဦးနှောက်သိပ်မရှိကြဘူး။ စကားတစ်ခွန်းတည်းပဲ ပြောတတ်ကြတယ်။ ယင်းရှာ၊ လုပ်လိုက်တော့။” ဟုန်ယွိသည် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ ဖျက်ဆီးခြင်း နတ်ဘုရား၏ ကိုယ်ပွားနှင့် ပန်းရိပ်များကို စိုက်ကြည့်ကာ သူက စကားအပို မဆိုတော့ပေ။ သူသည် မဟာလေဟာနယ်လက်ဝါးကို လျှို့ဝှက်စွာ ပြင်ဆင်ထားပြီးသား ဖြစ်သည်။

ဖျက်ဆီးခြင်းနတ်ဘုရား၏ ကိုယ်ပွား လေဟာနယ်ထဲမှ တိုးထွက်လာချိန်တွင် ဟုန်ယွိသည် “လေဟာနယ်ထိန်းချုပ်ခြင်း လက်ဝါးတံဆိပ်”ကို ဖော်ဆောင်ပြီး လက်သီးဖြင့် ထိုးနှက်လိုက်သည်။

တစ်ချိန်တည်းမှာပင် ချန်ယင်းရှာကလည်း လက်ကိုမြှောက်ကာ မဟာလေဟာနယ် လက်ဝါးဖြင့် တိုက်ခိုက်လိုက်သည်။

ဘုန်း…။

ဖျက်ဆီးခြင်းနတ်ဘုရား၏ ကိုယ်ပွား လေဟာနယ်ထဲမှ ထွက်လာသည်နှင့် ကောင်းကင်ယံ တစ်ခုလုံး ပြည့်နှက်နေသော ရွှေရောင်အလင်းတန်းများကို ခံစားလိုက်ရသည်။ ဟင်းလင်း ပြင်မှာ အေးခဲသွားပြီး သူ မလှုပ်ရှားနိုင်တော့ပေ။

ဖျက်ဆီးခြင်းနတ်ဘုရား၏ ကိုယ်ပွားမှာ မြေအောက်ကမ္ဘာ အမှောင်နတ်ဘုရားနှင့် ဆင်တူ ပြီး ပထမအဆင့် မိုးကြိုးကပ်ဘေး ပညာရှင်တစ်ဦး၏ အစွမ်းသာ ရှိသည်။ ယခုမူ ဟုန်ယွိ၏ အင်မော်တယ် မူလဝိညာဉ်မှာ အလွန်အစွမ်းထက်နေပြီဖြစ်ပြီး ချန်ယင်းရှာနှင့် ပူးပေါင်းပါ က ပထမအဆင့် ပညာရှင်တစ်ဦးကို ချက်ချင်း သတ်ဖြတ်နိုင်စွမ်း ရှိသည်။

ဒိုင်း…။

ဖျက်ဆီးခြင်းနတ်ဘုရား၏ ကိုယ်ပွားမှာ ထွက်ပေါ်လာသည်နှင့် ခေါင်းကို အထိုးခံလိုက်ရ သည်။ မဟာလေဟာနယ်လက်ဝါးနှစ်ခုမှာ သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားရာ သူသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

ဝူး... ဝူး... ဝူး...

ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ ဖျက်ဆီးခြင်းနတ်ဘုရား၏ ကိုယ်ပွားမှာ ကြေမွပြီး ပြာအဖြစ် ပြောင်းလဲသွားတော့သည်။

ချန်ယင်းရှာသည် ထိုဖျက်ဆီးခြင်းနတ်ဘုရား၏ ကိုယ်ပွား အစအနများကို စုစည်းရန်နှင့် မဟာလေဟာနယ်လက်ဝါးဖြင့် ဖမ်းယူရန် လှုပ်ရှားလိုက်သည်။ ထို့နောက် ဟုန်ယွိနှင့်အတူ ပူးပေါင်းကာ သန့်စင်ရန် ပြင်လိုက်သည်။ သို့သော် ဟုန်ယွိမှာ ရုတ်တရက် လှုပ်ရှားသွား သည်။

“သတိထား။”

ထိုစကားထွက်လာသည်နှင့် ချန်ယင်းရှာလည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။ သူမသည် မဟာလေဟာနယ်လက်ဝါးကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ကျောနောက်တွင် အလင်းတန်းရှစ်ခုအဖြစ် ပြောင်းလဲကာ စုစည်းလိုက်သည်။

ထိုအချိန်တွင် ကောင်းကင်ယံမှ လက်သီးဆုပ်ခန့်ရှိသော ကြယ်ပွင့်ပေါင်း တစ်သောင်း ကျော် ရုတ်တရက် ကျဆင်းလာသည်။

၎င်းတို့တစ်ခုချင်းစီမှ ပြင်းထန်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်နေသည်။

ထိုလက်သီးဆုပ်ခန့်ရှိသော “ကြယ်ပွင့်” များမှာ တစ်ဧကခန့်ရှိသော အနက်ရောင် “နတ်ဆိုး ထောင်ချောက်ပန်း” အဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။ ထိုပန်းခင်း၏ အလယ်တွင် အနက်ရောင်ဝတ်စုံဝတ်ထားပြီး ကျောနောက်တွင် အနက်ရောင်အလင်းဝိုင်းတစ်ခုရှိသော တာအိုပညာရှင်တစ်ဦး ထိုင်နေသည်။

ထိုတာအိုပညာရှင်က လက်ညှိုးဖြင့် ညွှန်လိုက်ရာ ကြီးမားသော စက်ဝိုင်းပုံစံ အစီအရင် တစ်ခု ပေါ်လာသည်။ ခုနက ကြေမွသွားသော်လည်း တဖြည်းဖြည်း ပြန်လည် စုစည်းလာ သော ဖျက်ဆီးခြင်းနတ်ဘုရား၏ ကိုယ်ပွားမှာ အနက်ရောင် ပုံဆောင်ခဲပြားတစ်ခု အတွင်းသို့ ချိပ်ပိတ်ခံလိုက်ရသည်။

“ဆန်းကြယ်ကောင်းကင်ဘုံခန်းမသခင်။”

ဟုန်ယွိသည် အနက်ရောင်ပန်းခင်းအလယ်တွင် ထိုင်နေသော တာအိုပညာရှင်ကို ကြည့် ကာ ရေရွတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုပန်းခင်း၏ အလယ်တွင် ထိုင်နေသူ မှာ အနက်ရောင် ခန္ဓာကိုယ်နှင့် ကြယ်တာရာကဲ့သို့ မျက်လုံးကို ပိုင်ဆိုင်ထားသော အမျိုးသမီးတစ်ဦး ဖြစ်နေသောကြောင့်ပင်။

ဤအမျိုးသမီးမှာ ကောင်းကင်မြွေဘုရင်မ ရှင်းမူပင် ဖြစ်သည်။

၎င်းတို့မှာ လောကတွင် ထိပ်တန်း တာအိုလက်တွဲဖော်များ ဖြစ်ကြသည်။

“ဟုန်ယွိ... ငါတို့ ပြန်တွေ့ကြပြန်ပြီပေါ့” ကောင်းကင်မြွေဘုရင်မ ရှင်းမူက ကြယ်ကြည့် မျှော်စင်ပေါ်မှ ဟုန်ယွိကို ကြည့်ကာ အေးစက်သော အသံဖြင့် ပြောလိုက်သည်။ “ပြီးတော့ ငွေငါးမန်းလည်း ပါတယ်။”

“ခင်ဗျားတို့နှစ်ယောက် ဘာလို့ ဒီကို ရောက်နေတာလဲ။ ကျုပ်တို့နဲ့ တာအိုပညာချင်း ပြိုင်ချင်လို့လား။” ဟုန်ယွိသည် ကောင်းကင်မြွေဘုရင်မနှင့် လျှို့ဝှက်ဆန်းကြယ်သော ဆန်းကြယ်ကောင်းကင်ဘုံခန်းမသခင်ကို စိုက်ကြည့်လိုက်သည်။

ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၏ ပိုင်ရှင်မှာလည်း အနက်ရောင် ဝတ်ဆင်ထားသည်။ သူသည် အသက်သုံးဆယ်ကျော်ခန့်ရှိပြီး ယဉ်ကျေးသိမ်မွေ့သော အမျိုးသားတစ်ဦး ဖြစ်သည်။ သူ၏ ဆံပင်ကို အစိမ်းရောင်ဆံထိုးဖြင့် ထုံးထားပြီး လက်များကို ဒူးပေါ်တွင် တင်ထားသည်။ သူ၏ လက်သည်းများမှာ ခုနစ်လက်မခန့် ရှည်လျားပြီး ဓားသွားများကဲ့သို့ ဖြောင့်တန်းနေကာ လုံးဝ ကွေးညွှတ်ခြင်း မရှိပေ။

သို့သော် သူသည် စကားများများ ပြောဟန်မတူပေ။ သူက ဟုန်ယွိကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်ပြီး “နာလန်အမှောင်ဧကရာဇ်က တာအိုသခင်ဟုန်ကို နှုတ်ဆက်ပါ တယ်” ပြောလိုက်သည်။

“ဒါဆို ဆန်းကြယ်ကောင်းကင်ဘုံခန်းမသခင်ရဲ့ နာမည်က နာလန် အမှောင်ဧကရာဇ်ပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက အမှောင်ဧကရာဇ် တာအိုပညာရှင်က ဆန်းကြယ် ကောင်းကင်ဘုံခန်းမကို တည်ထောင်ခဲ့တာ။ မျိုးဆက်အလိုက် ခန်းမသခင်တွေဟာ အမှောင်ထုကို အုပ်စိုးတဲ့ ဧကရာဇ်တွေအဖြစ် ကိုယ်စားပြုဖို့ သူတို့ရဲ့နာမည်ကို အမှောင် ဧကရာဇ်လို့ ပြောင်းလဲခေါ်ဝေါ်ကြတာပဲ။”

ဟုန်ယွိသည် ဒိုင်ဇင်ဘုရားကျောင်းရှိ စာအုပ်များတွင် အလွန်ရှင်းလင်းစွာ ရေးထားသော ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၏ စည်းမျဉ်းအချို့ကို သိထားသည်။

“တာအိုသခင်ဟုန်... ငါတို့ တာအိုပညာချင်း ပြိုင်ခဲ့ပြီးပြီဆိုတော့ ထပ်ပြိုင်ဖို့ မလိုတော့ဘူး လို့ ထင်ပါတယ်။ ဒီနေ့ မင်း ငါတို့ခန်းမရဲ့ မဟာဖျက်ဆီးခြင်းနတ်ဘုရားကို သန့်စင်နေတာ ကို ငါ ခံစားမိလို့ အထူးလာခဲ့တာပါ။ ပညာရှင်ဟုန်ရဲ့ တာအိုပညာတွေက ပိုပိုပြီး အစွမ်းထက် လာတာပဲ။ မင်းက တကယ်ပဲ မဟာလေဟာနယ်လက်ဝါးကို ကျွမ်းကျင်နေပြီ။ အင်မော်တယ် မူလဝိညာဉ်ကိုလည်း ရရှိထားပြီပဲ။”

ကောင်းကင်မြွေဘုရင်မ ရှင်းမူက ဆက်ပြောသည် “ဒီတစ်ခါ အမှောင်ဧကရာဇ်နဲ့ ငါ လာတာက တာအိုသခင်ဟုန်နဲ့ ပူးပေါင်းဖို့ကိစ္စတစ်ခုကို ဆွေးနွေးချင်လို့ပါ။ မဟာဖျက်ဆီး ခြင်း နတ်ဘုရားရဲ့ ကိုယ်ပွားကို ငါတို့ ချိပ်ပိတ်ထားပြီးသား။ တကယ်လို့, တာအိုသခင်ဟုန် သာ သဘောတူမယ်ဆိုရင် အမှောင်ဧကရာဇ်နဲ့ ငါက အဲဒီကိုယ်ပွားရဲ့ သိစိတ်ကို လုံးဝ ချိပ်ပိတ် ပေးမယ်။ ပြီးရင် အဲဒါကို ငွေငါးမန်းအတွက် ကိုးခုမြောက် အလင်းတန်း ပြည့်စုံအောင် လက်ဆောင်ပေးမယ်။”

“ပူးပေါင်းမယ်။ ဘာအတွက်လဲ။”

ဟုန်ယွိသည် “ဤလောက၏ နံပါတ်တစ် တာအိုလက်တွဲဖော်” ကို ကြည့်ကာ အံ့သြသွား သည်။ ခုနလေးတင် ဆန်းကြယ်ကောင်းကင်ဘုံခန်းမသခင် ပြသခဲ့သော စွမ်းအားမှာ အလွန်ပင် ကြီးမားလှသည်။ လက်သီးဆုပ်ခန့်ရှိသော စိတ်ဝိညာဉ် အတွေးစပေါင်း သောင်းချီမှာ ကြယ်ကြွေသကဲ့သို့ ကျဆင်းလာခဲ့ခြင်းမှာ ကောင်းကင်မြွေဘုရင်မ ရှင်းမူ ထက်ပင် တစ်ဆင့်မြင့်နေသဖြင့် ဟုန်ယွိ အတော်ပင် သတိထားနေရသည်။

“တာအိုသခင်ဟုန်ရဲ့ တာအိုပညာတွေ၊ လူသားအင်မော်တယ် ခန္ဓာကိုယ်၊ ပြီးတော့ ကောင်းကင်မြွေဘုရင်မနဲ့ အမှောင်ဧကရာဇ်တို့ ပူးပေါင်းပြီး လုပ်ဆောင်ဖို့ ထိုက်တန်တဲ့ အရာ ဒီလောကမှာ တစ်ခုပဲ ရှိတယ်” ကောင်းကင်မြွေဘုရင်မ ရှင်းမူက တည်ငြိမ်စွာ ပြောလိုက်သည်။ “အဲဒါကတော့ မုန့်ရှန်းကျီကို သတ်ဖို့ပဲ။”

“မုန့်ရှန်းကျီ ကို သတ်ဖို့။”

ဟုန်ယွိ၏ တာအိုပညာမှာ နက်နဲပြီး စိတ်ဓာတ်ခိုင်မာသော်လည်း ကောင်းကင်မြွေဘုရင်မ ရှင်းမူ၏ စကားကို ကြားလိုက်ရသောအခါ သူ၏ အတွေးစများပင် တုန်လှုပ်သွားရသည်။

ယခင်က ပညာရှင် ၅ ဦးသည် မုန့်ရှန်းကျီ အဆင့်ရှစ် မိုးကြိုးကပ်ဘေး ကျော်ဖြတ်ပြီး အားနည်းနေချိန်ကို အခွင့်ကောင်းယူကာ လိုက်လံတိုက်ခိုက်ခဲ့ကြသည်။ အဆုံးသတ်တွင် ဥဒေါင်းဘုရင်မှာ ကိုယ်ပွားအချို့ ပျက်စီးပြီး သူ၏ရတနာများ ဆုံးရှုံးခဲ့ရသည်။ အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ပိုင်ဖေးရှန်မှာလည်း သူ့ခန္ဓာကိုယ် ပျက်စီးကာ ထွက်ပြေးခဲ့ရသည်။ သူတော်စင်တုယွမ်မှာမူ လမ်းခုလတ်တွင် ဟုန်ယွိ၏ တိုက်ခိုက်မှု ကြောင့် အစအနမကျန် သေဆုံးခဲ့ရသည်။

ယခုမူ ကောင်းကင်မြွေဘုရင်မ ရှင်းမူက ဟုန်ယွိနှင့် ပူးပေါင်းကာ မုန့်ရှန်းကျီကို သတ်ရန် ပြောလာသည့်အတွက် ဟုန်ယွိ အနည်းငယ် ကြောက်လန့်သွားမိသည်မှာ သဘာဝပင်။

“ဟားဟားဟား။ ကောင်းကင်မြွေဘုရင်မ... ခင်ဗျား နောက်နေတာလား။ မုန့်ရှန်းကျီက မိုးကြိုးကပ်ဘေးကို ရှစ်ကြိမ်မြောက် ကျော်ဖြတ်ထားသူ။ သူက အလွန်အစွမ်းထက်ပြီး အတိုင်းအဆမဲ့ မှော်စွမ်းအားတွေ ပိုင်ဆိုင်ထားတယ်။ ပြီးခဲ့တဲ့အကြိမ် မင်းတို့အားလုံး ပူးပေါင်းတာတောင် ဖရိုဖရဲဖြစ်ခဲ့ကြတာပဲ။ အခု ကျုပ်ကို အသုံးချပြီး သေတွင်းထဲ ပို့မလို့ လား။ ဒါ့အပြင် ကျုပ်တို့က ရန်သူတွေလေ။”

ဟုန်ယွိက လှောင်ပြောင်သလို အကျယ်ကြီး ရယ်မောလိုက်သည်။

“တာအိုသခင်ဟုန်... မင်းနဲ့ ရှင်းမူကြားက ရန်ငြိုးက သေးငယ်တဲ့ ပဋိပက္ခလေးပါ။ ငါတို့ဟာ မပျက်စီးနိုင်တဲ့ နတ်ဘုရားတွေ မဟုတ်ကြပေမယ့် ဒီအဆင့်အထိ ကျင့်ကြံထားသူတွေ အတွက် အသက်တမ်းက ရှည်လျားလှပါတယ်။ ငါတို့ဟာ အကျိုးစီးပွားအတွက်ပဲ တိုက်ခိုက်ကြတာပါ၊ ပုဂ္ဂိုလ်ရေး ခံစားချက်တွေကြောင့် မဟုတ်ပါဘူး။ ရှင်းမူ မင်းအပေါ် ပြစ်မှားခဲ့တာတွေကို ငါ ဖြေရှင်းပေးဖို့ အသင့်ရှိပါတယ်။”

ဆန်းကြယ်ကောင်းကင်ဘုံခန်းမသခင် နာလန် အမှောင်ဧကရာဇ်က ရုတ်တရက် ပြောလိုက်သည် “ငါတို့ ဆန်းကြယ်ကောင်းကင်ဘုံခန်းမရဲ့ အမြင့်ဆုံး လျှို့ဝှက်ကျမ်း ဖြစ်တဲ့ ဆန်းကြယ်ကောင်းကင်ဘုံ အမှောင်မှတ်တမ်းကို တာအိုသခင်ဟုန်ကို ခဏ ငှားပေး ဖို့ ငါ့ဘက်က အသင့်ရှိပါတယ်။ ဒီကမ်းလှမ်းချက်ဟာ ငါတို့ ရန်ငြိုးကို ပြေပျောက်စေဖို့ လုံလောက်ရဲ့လား။ ငါတို့ ပူးပေါင်းပြီး မုန့်ရှန်းကျီကို သတ်ဖို့ရော လုံလောက်ရဲ့လား။”

All Chapters