← Chapters

ပူးပေါင်းဆောင်ရွက်မည့် အကြောင်းအရာ

Vol. 7 Ch. 93

ပူးပေါင်းဆောင်ရွက်မည့် အကြောင်းအရာ

Vol. 7 Ch. 93

"မင်း ငါတို့ကို မြေပြင်ပေါ် ပြန်ခေါ်သွားပေးနိုင်သရွေ့ ဒီနေရာက မင်းလိုချင်တဲ့ ဘယ်အရာကိုမဆို စိတ်ကြိုက်ယူနိုင်တယ်" ဟု ချန်ယင်းတို့မိသားစုက ပြောသည်။

ရွှီရှင်း ခဏမျှ တိတ်ဆိတ်သွားပြီးနောက် "ခင်ဗျားတို့ကို မြေပြင်ပေါ် ပြန်ခေါ်သွားဖို့ဆိုတာ ဒီလောက် မလွယ်ကူဘူး မဟုတ်လား" ဟု မေးလိုက်၏။

"အတိအကျပဲ"

ချန်ယင်းက သူ၏ လက်ညှိုးဖြင့် ကျောက်စားပွဲကို တတောက်တောက် ခေါက်လိုက်သည်။

"မင်း လာခဲ့တဲ့လမ်းအတိုင်း ပြန်သွားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ အဲဒီလမ်းက အခု ပိတ်သွားပြီ။ မင်း မြေပြင်ကို ပြန်သွားချင်ရင် ဒီစင်္ကြံလမ်းရဲ့ အနက်ပိုင်းကိုပဲ ဆက်သွားရမယ်။"

"ဟင်"

ရွှီရှင်း မျက်မှောင်ကြုတ်လိုက်သည်။

"ဒါက ခင်ဗျားတို့ ပိတ်လိုက်တာ မဟုတ်ဘူးလား"

သူ အထဲဝင်လာပြီးနောက် မြေအောက်ကမ္ဘာ အဝင်ဝတံခါးက အလိုအလျောက် ပိတ်သွားပြီး သော့ပိတ်သွားခြင်း ဖြစ်သည်။

"ငါတို့ လုပ်တာ မဟုတ်တာတော့ သေချာပါတယ်" ဟု ရှုလန်က ဘေးမှ ဝင်ပြောသည်။

"မင်းက ငါတို့နဲ့ ပူးပေါင်းတဲ့ တတိယမြောက်လူပဲ။ အရင် နှစ်ကြိမ်တုန်းကလည်း အဲဒီလမ်းက အမြဲတမ်း ပိတ်သွားလေ့ရှိတယ်။"

တတိယမြောက်လူ ဟုတ်လား။

"ခင်ဗျားတို့ ပြောတဲ့ နောက်ဆုံး ပူးပေါင်းခဲ့တဲ့လူက... ငါ့ကျောပေါ်က ကျောပိုးအိတ် ပိုင်ရှင်လား"

ရွှီရှင်းက သူ၏ကျောပေါ်က အိတ်ကို ညွှန်ပြကာ မေးလိုက်သည်။

"မှန်တယ်၊ သူက လွန်ခဲ့တဲ့ ၁၂ နှစ်က ဒီကို ရောက်လာတဲ့ ရှင်ကျန်သူတစ်ယောက်ပဲ။"

လွန်ခဲ့တဲ့ ၁၂ နှစ်...

တစ်ဖန် ၁၂ နှစ်ဆိုတဲ့ အချိန်ကာလကို ပြန်ကြားရပြန်ပြီ။

ဒါနဲ့နေဦး... ဒီအိတ်ထဲက အသီးတွေက ၁၂ နှစ်တောင် ကြာတာတောင် မပုပ်မသိုးဘဲ ရှိနေတာလား။

အပြာရောင်အဆင့် အသီးတွေမို့လို့ပဲ ဖြစ်ရမယ်။

ချန်ယင်းသည် ရွှီရှင်း၏ ဇဝေဇဝါဖြစ်နေပုံကို သတိပြုမိသွားပုံရကာ ရှင်းပြလာသည်။

"၁၂ နှစ် တစ်ကြိမ်စီမှာ တခြားကမ္ဘာက ရှင်ကျန်သူတွေ ငါတို့ကမ္ဘာကို ရောက်လာတတ်ကြတယ်။ ငါသိသလောက်ဆိုရင် မင်းက ပဥ္စမမြောက် အသုတ်ပဲ။"

"ငါက ပဥ္စမမြောက် အသုတ်... ဒါဆို အရင် အသုတ်လေးသုတ်က ရှင်ကျန်သူတွေ ဘာဖြစ်ကုန်ကြပြီလဲ"

"ငါလည်း သေချာမသိဘူး"

ချန်ယင်းက မသိကြောင်း ခေါင်းခါပြသည်။

"ငါက ဒီကို ရောက်လာတဲ့ ရှင်ကျန်သူတွေနဲ့ပဲ ထိတွေ့ဖူးတာ။"

"မင်းတို့က ဒီကို ရောက်လာတဲ့ ရှင်ကျန်သူတွေကို စမ်းသပ်ခံတွေလို ဆက်ဆံတာပဲ။ အခုဆိုရင် သူတို့အားလုံးက ဗီဇပြောင်းသတ္တဝါတွေ ဖြစ်ကုန်ကြပြီ မဟုတ်လား"

ရွှီရှင်းက ချန်ယင်းကို စိုက်ကြည့်ရင်း မေးလိုက်သည်။

ချန်ယင်း ခေတ္တမျှ ဆွံ့အသွားပြီးနောက် ခေါင်းခါယမ်းလိုက်သည်။

"မင်းထင်သလို မဟုတ်ပါဘူး။ မင်းတွေ့ခဲ့တဲ့ ဗီဇပြောင်းလူသား တစ်ဒါဇင်လောက်က ပထမဆုံး အသုတ်က ရှင်ကျန်သူတွေပါ" ဟု ရှုလန်က ထပ်မံ ပြောကြားသည်။

သူမ၏ အသံမှာ အမြဲတမ်း ယုံကြည်ချင်စရာကောင်းသော်လည်း၊ ရွှီရှင်းကတော့ သူတစ်ပါး နှာခေါင်းဖျားက အဆွဲခံရသည့် ခံစားချက်ကို မနှစ်သက်ချေ။

သူသည် မျက်မှောင်ကြုတ်ကာ ကျောပိုးအိတ်ထဲမှ လိမ္မော်သီးတစ်လုံး ထုတ်ယူလိုက်သည်။

လိမ္မော်သီးက တစ်ဖက်လူ၏ စိတ်လွှမ်းမိုးမှုဒဏ်ကို လျှော့ချပေးနိုင်သောကြောင့် ဖြစ်သည်။

"အီးးး"

ရွှီရှင်း၏ ပုခုံးပေါ်တွင် ငြိမ်နေသော ခဲခဲလေးက ရုတ်တရက် အော်ဟစ်ကာ သူ၏အဝတ်ကို ဆွဲသည်။

ရွှီရှင်းသည် ခဲခဲကိုပါ လိမ္မော်သီးတစ်လုံး ပေးလိုက်ရ၏။

ခဲခဲက ကျောက်စားပွဲပေါ်သို့ ခုန်ဆင်းကာ လိမ္မော်သီးကို စားနေတော့သည်။

ချန်ယင်းနှင့် ရှုလန်တို့က ရွှီရှင်း ဘာစားနေသည်ကို ဂရုမစိုက်ကြချေ။

ရှုလန်က ဆက်ပြောသည် "သူတို့က အုပ်စုလိုက် ရောက်လာပြီး ဒီနေရာမှာရှိတဲ့ အရာအားလုံးကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ကြတာ။ အဲဒီအချိန်တုန်းက ချန်ယင်းနဲ့ ငါက ကျောက်ရုပ်တုတွေ မဖြစ်သေးဘူး..."

"ရှုလန်... သူ့ကို ဒါတွေ ရှင်းပြနေဖို့ မလိုပါဘူး။ ရွှီရှင်း... မင်း သိထားဖို့က ငါတို့က အပြစ်မရှိတဲ့လူတွေကို အကြောင်းမဲ့ သတ်ဖြတ်တာမျိုး မလုပ်ခဲ့ဘူး ဆိုတာပဲ" ဟု ချန်ယင်းက ရှုလန်ကို စကားဖြတ်ပြောလိုက်သည်။

"ဒါဆိုရင် အပြင်က ကျောက်စားပွဲပေါ်က စာသားတွေကို ဘယ်လို ရှင်းပြမလဲ" ရွှီရှင်းက မေးလိုက်သည်။

ထိုကဲ့သို့သော စာသားမျိုးမှာ အလွန်အမင်း စိတ်ပျက်အားငယ်နေသည့် အခြေအနေမျိုးမှသာ ထွက်ပေါ်လာနိုင်ခြင်း ဖြစ်သည်။

ချန်ယင်း တိတ်ဆိတ်သွား၏။

ရှုလန်က ချန်ယင်း၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်ရင်း တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

"နင်ပြောတဲ့ အပြင်က စာသားတွေလား အဲဒါတွေက အဲဒီ ရှင်ကျန်သူတွေ ရေးခဲ့တာ မဟုတ်ပါဘူး။"

"ဘာကို ဆိုလိုတာလဲ"

ရွှီရှင်း ချက်ချင်း နားမလည်နိုင်ချေ။

"အဲဒီစာတွေကို ငါကိုယ်တိုင် ထွင်းခဲ့တာပါ"

ချန်ယင်းက ရုတ်တရက် ပြောလိုက်သည်။

သူ၏ ကျောက်သားမျက်လုံးများထဲတွင် အနီရောင်အလင်းတန်း တစ်ချက် ဝင်းခနဲ ဖြစ်သွားပြီးမှ ပြန်ပျောက်ကွယ်သွားသည်။

"ငါတို့ ဘာလို့ အခုလို ပုံစံမျိုး ဖြစ်သွားရသလဲဆိုတာ မင်း သိချင်နေမှာပေါ့"

ရွှီရှင်း တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။

ဤကဲ့သို့သော အဖြေမျိုး ရလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

အခန်းထဲတွင် တိတ်ဆိတ်မှုက ပြန်လည် စိုးမိုးသွားပြန်သည်။

ချန်ယင်းက စားပွဲကို "ဖောင်း" ဆိုသည့် အသံထွက်အောင် ရုတ်တရက် ရိုက်လိုက်သည်။

"ကဲ... တော်ပြီ။ အခု ပူးပေါင်းဆောင်ရွက်မှုအကြောင်း ဆွေးနွေးရအောင်။ ငါတို့ မင်းကို လုပ်စေချင်တာက ရိုးရှင်းပါတယ် ငါတို့ကို ဒီနေရာကနေ မြေပြင်ပေါ် ပြန်ခေါ်သွားပေးဖို့ပဲ။"

"အမှန်အတိုင်း ပြောရရင် ဒါက အလွန် ခက်ခဲတယ်။ လွန်ခဲ့တဲ့ ၂၄ နှစ်က ရှင်ကျန်သူတစ်ယောက်ကတော့ ထောင်ချောက် စက်ကွင်းတွေကြောင့် ကိုယ်ခန္ဓာ တစ်စစီ ပြတ်ထွက်သွားခဲ့တယ်။ နောက် ၁၂ နှစ်က လူကတော့ အပြင်မထွက်နိုင်တော့လို့ ဒီမှာပဲ နေဖို့ ဆုံးဖြတ်ခဲ့ပေမဲ့၊ နေပြီး တတိယမြောက်ညမှာတင် ရုတ်တရက် အသက်ရှူ ရပ်သွားခဲ့တယ်။ မင်း ယုံချင်မှ ယုံလိမ့်မယ်၊ ဒါပေမဲ့ သူ့သေဆုံးမှုနဲ့ ငါတို့ ဘာမှ မပတ်သက်ဘူး။

အခုအချိန်အထိ မင်းတို့ ရှင်ကျန်သူတွေထဲက ဘယ်သူမှ ဒီစင်္ကြံလမ်းထဲကနေ အသက်ရှင်လျက် ထွက်မသွားနိုင်သေးဘူး။

ပထမအသုတ်ကတော့ ငါတို့ကြောင့် ဖြစ်ပေမဲ့၊ ဒုတိယအသုတ်ကိုတော့ ငါတို့ လွှတ်ထားခဲ့တာတောင် သူတို့ သေဆုံးသွားကြတယ်။

တတိယနဲ့ စတုတ္ထအသုတ်တွေကတော့ တစ်ယောက်တည်း ရောက်လာကြတာ။ ငါတို့ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တယ်၊ သူတို့ကို ကူညီဖို့ ကြိုးစားခဲ့တယ်၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ အားလုံးက ကျရှုံးမှုနဲ့ပဲ အဆုံးသတ်ခဲ့ရတယ်။ အခု မင်းက ငါတို့ဆီ ရောက်လာတဲ့ ပဥ္စမမြောက် ရှင်ကျန်သူပဲ။"

ရှင်ကျန်သူတွေ ဘာလို့ သေကုန်ကြသလဲဆိုတာကို ရွှီရှင်း ခန့်မှန်းမိပါသည်။

၎င်းမှာ အစီအစဉ်တစ်ခုကို ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

"ဒါဆိုရင်လည်း၊ ဘာလို့ ငါနဲ့မှ ပူးပေါင်းဖို့ ဆုံးဖြတ်ရတာလဲ"

ရွှီရှင်း ဇဝေဇဝါ ဖြစ်နေသည်။

"မင်းတို့ဘာသာ အပြင်ထွက်ဖို့ မကြိုးစားဖူးဘူးလား မင်းတို့ ကိုယ်ထည်တွေက ငါ့ထက် အများကြီး ပိုသန်မာတာပဲဥစ္စာ။"

"မင်းတို့ ရှင်ကျန်သူတွေရဲ့ စိတ်ထဲမှာ တစ်ခါတလေ စကားပြောတတ်တဲ့ လျှို့ဝှက်ဆန်းပြားတဲ့ အသံတစ်ခု ရှိတယ် မဟုတ်လား"

ချန်ယင်းက ရွှီရှင်း၏ ဦးခေါင်းကို ညွှန်ပြကာ ပြောသည်။

"... မင်းကတော့ ရှင်ကျန်သူတွေအကြောင်း တကယ်ကို အများကြီး သိတာပဲ။"

"အဲဒီ လျှို့ဝှက်ဆန်းပြားတဲ့ အသံက ငါတို့ကိုလည်း စကားပြောတယ်။"

ချန်ယင်း၏ စကားကြောင့် ရွှီရှင်း၏ မျက်ခုံးများ လှုပ်သွားပြီး သူ မတ်တပ်ရပ်လိုက်သည်။

"မင်းတို့လည်း အဲဒီအသံကို ကြားရတယ် ဟုတ်လား"

ဒါသာ အမှန်ဆိုလျှင်၊ ဤအသံသည် ယဇ်ပလ္လင်မှာ ဖော်ပြထားတဲ့ "နတ်ဘုရား" များလား။

ချန်ယင်းက ရွှီရှင်းကို ပြန်ထိုင်ရန် အချက်ပြလိုက်ပြီး သူပြန်ထိုင်မှ ဆက်ပြောသည်။

"ဟုတ်တယ်၊ လွန်ခဲ့တဲ့ ၂၄ နှစ်က တတိယအသုတ် ရှင်ကျန်သူတွေ မရောက်ခင်မှာ အဲဒီအသံက ငါတို့ကို ပြောခဲ့တယ်။ ရှင်ကျန်သူတွေနောက်ကို လိုက်သွားတာကသာ ဒီမြေအောက်မြို့တော်ကနေ ထွက်ခွာနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲတဲ့။"

"ငါတို့လည်း ကိုယ့်ဘာသာ ထွက်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ အပေါ်တက်တဲ့လမ်းက ပိတ်နေသလို၊ စင်္ကြံလမ်းရဲ့ အနက်ပိုင်းကို သွားရင်လည်း ဧရာမ သံတံခါးကြီးတွေက ပိတ်ဆို့နေတယ်။ အဲဒီတံခါးတွေကို မင်းတို့ ရှင်ကျန်သူတွေပဲ တွန်းဖွင့်လို့ ရတာ။ ငါတို့ ဘယ်လိုပဲ ကြိုးစားကြိုးစား မပွင့်ဘူး" ဟု ရှုလန်က တိုးတိုးလေး ပြောသည်။

"ဒါဆိုရင် ငါက အဲဒီတံခါးတွေကို တွန်းဖွင့်ပေးလိုက်ရုံပဲလား"

"မဟုတ်ဘူး၊ လမ်းတစ်လျှောက်မှာ အနည်းဆုံး တံခါး သုံးချပ် ရှိတယ်။ လွန်ခဲ့တဲ့၁၂ နှစ်က ရှင်ကျန်သူကတော့ တတိယတံခါးမှာ ပိတ်မိသွားပြီး အပြင်မထွက်နိုင်ခဲ့လို့ ငါတို့ ဒီကို ပြန်လာခဲ့ကြရတာ" ဟု ရှုလန်က ရှင်းပြသည်။

"အပြောင်းအလဲ မရှိဘူးဆိုရင်တော့ ပထမ တံခါးနှစ်ချပ်ရဲ့ ထောင်ချောက် စက်ကွင်းတွေကို ငါတို့ သိတယ်၊ ငါတို့ ကိုင်တွယ်ပေးမယ်။ ဒါပေမဲ့ တံခါးတွန်းဖွင့်ဖို့ကတော့ မင်းအပေါ်မှာပဲ မူတည်တယ်။ ငါတို့ကတော့ ဘယ်လိုမှ ဖွင့်လို့ မရလို့ပါ။"

ရွှီရှင်းသည် သူတို့ပြောသမျှကို စိတ်ထဲတွင် စီစစ်ကြည့်လိုက်သည်။

ဤကမ္ဘာအကြောင်း၊ ရှင်ကျန်သူများနှင့် ပတ်သက်သော ကိစ္စရပ်များအကြောင်းပေါ့။

တစ်ချိန်တည်းမှာပင် ထို "အသံ" သည် ရှင်ကျန်သူများနှင့်သာမက ဤကမ္ဘာရှိ အခြားသော သတ္တဝါများနှင့်လည်း နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်နေကြောင်း သူ သိလိုက်ရသည်။

"မြေပြင်ပေါ် ရောက်ရင် မင်းတို့ ဘာဆက်လုပ်မှာလဲ"

ရွှီရှင်း သူ အသိချင်ဆုံး မေးခွန်းကို မေးလိုက်၏။

"မြေပြင်ပေါ် ရောက်မှပဲ အဲဒီကိစ္စကို စဉ်းစားကြတာပေါ့။ အခုလောလောဆယ်တော့ အဲဒီအသံ ပြောခဲ့တာ မှန်၊ မမှန် ငါတို့ အတည်ပြုချင်ရုံပါပဲ။"

"အဲဒီအသံက ဘာပြောခဲ့လို့လဲ"

"သူပြောတာသာ အမှန်ဆိုရင် မင်း မြေပြင်ပေါ်ရောက်ရင် သိလာမှာပါ။"

ရွှီရှင်း ထပ်မမေးတော့ချေ။

ဤကျောက်ရုပ်တု နှစ်ခု၏ စကားများက သူ့ကို လိမ်ညာနေပုံ မရသော်လည်း သူ လုံးဝတော့ မယုံကြည်သေးချေ။

အချို့သော အရာများကို သူကိုယ်တိုင် အတည်ပြုရန် လိုအပ်သည်။

"ကောင်းပြီ... ငါ သဘောတူတယ်။ မင်းတို့ကို အပြင်ခေါ်သွားပေးမယ်၊ ဒါပေမဲ့ ဒီနေရာကနေ ငါယူသမျှ ပစ္စည်းအားလုံးက ငါ့အပိုင်ပဲ။"

"မင်း တကယ်ပဲ ငါတို့ကို အပြင်ခေါ်သွားပေးနိုင်ရင်၊ မင်းအတွက် ဗီဇပြောင်းသတ္တဝါ စာချုပ်တွေ အများကြီး လုပ်ပေးပါ့မယ်။ ဒါပေမဲ့ လမ်းခုလတ်မှာ မသေသွားဖို့နဲ့ ငါတို့ကို တကယ် အပြင်ရောက်အောင် ပို့ပေးနိုင်ဖို့တော့ လိုမယ်နော်။"

သူ၏ စကားကို သက်သေပြရန်အတွက် ချန်ယင်းသည် တစ်နေရာရာမှ ဗလာစက္ကူတစ်ချပ်နှင့် အလွန်ထူးခြားသော ကလောင်တံတစ်ချောင်းကို ထုတ်ယူလိုက်သည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင် သူသည် စာချုပ်တစ်စောင်ကို ချက်ချင်း ရေးသားလိုက်တော့သည်။

ချန်ယင်း၏ ကလောင်အောက်တွင် ဗလာစက္ကူပေါ်၌ ထူးဆန်းသော စာလုံးများ ပေါ်ထွက်လာပြီး အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

ပြီးစီးသွားသောအခါ ချန်ယင်းက ထိုစာချုပ်ကို ရွှီရှင်းထံ ကမ်းပေးလိုက်သည်။

"မင်းတို့ ရှင်ကျန်သူတွေက ပစ္စည်းတွေကို ထိလိုက်ရင် အဲဒါရဲ့ အစွမ်းတွေကို မြင်ရတယ် မဟုတ်လား"

ရွှီရှင်း လှမ်းယူလိုက်ရာ၊ ၎င်းမှာ တကယ်ပင် ဗီဇပြောင်းသတ္တဝါ စာချုပ် ဖြစ်နေသည်။

အထဲတွင် သူနားမလည်သော ရှေးဟောင်း စာလုံးများ ပါရှိနေပြီး ယခင် စာချုပ်နှင့် ဆင်တူလှသည်။

"... ဒါကို ဘယ်လို လုပ်လိုက်တာလဲ"

ရွှီရှင်း ဇဝေဇဝါ ဖြစ်သွားသည်။

လိုင်းအနည်းငယ် ဆွဲလိုက်ရုံနဲ့ ပြီးသွားတာလား။

"လျှို့ဝှက်ချက်ပေါ့။ အော်... ဒါကို ငါ့ကို ပြန်ပေးဖို့ မလိုပါဘူး။ မင်း ငါတို့ကို အပြင်ခေါ်သွားပေးနိုင်ရင် ဒါတွေက မင်းအပိုင် ဖြစ်လာမှာပါ။"

သူ မပြောဘဲ ချန်ထားခဲ့သော အချက်မှာ အကယ်၍ သူတို့ အပြင်မထွက်နိုင်ခဲ့ပါက ဤပစ္စည်းများသည် မြေအောက်မြို့တော်မှာပဲ ကျန်ရစ်ခဲ့မည် ဆိုသည်ပင်။

ရွှီရှင်းသည် လာခဲ့သည့် လမ်းဟောင်းအတိုင်း တစ်ခါ ပြန်သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ချန်ယင်းက ထိုလမ်းမှာ ပိတ်နေပြီဟု ပြောခဲ့သော်လည်း သူကိုယ်တိုင် သွားကြည့်ချင်သေးသည်။

ချန်ယင်းနှင့် ရှုလန်တို့ကတော့ ရွှီရှင်းနောက်ကို မလိုက်ခဲ့ကြချေ။

သူတို့၏ အဆိုအရ ထိုဘက်လမ်းမှာ သေချာပေါက် ပိတ်နေပြီဖြစ်ရာ ရွှီရှင်းမှာ နောက်ဆုံးတွင် ပြန်လှည့်လာရမည်သာ ဖြစ်သောကြောင့်ပင်။

သူ အခန်းတံခါးကို ဖွင့်ပြီး အပြင်ထွက်လိုက်သောအခါ၊ တံခါးနှင့် မလှမ်းမကမ်းတွင် အစေခံ အမျိုးသမီးရုပ်တု တစ်ခု ရပ်နေသည်ကို တွေ့လိုက်ရသည်။

ဤရုပ်တုမှာ အစပိုင်းကတည်းက ပေါ်မလာခဲ့ဘဲ ယခုမှ ရုတ်တရက် တံခါးနားတွင် ရှိနေခြင်းဖြစ်ရာ ရွှီရှင်း အနည်းငယ် လန့်သွားရသည်။

"အဲ... မင်္ဂလာပါ။"

ရွှီရှင်းက အစေခံရုပ်တုကို နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါရှင်။"

အစေခံရုပ်တုကလည်း ဧည့်သည်ကို နှုတ်ဆက်သည့် အစေခံတစ်ဦးကဲ့သို့ သူ့ကို ဦးညွှတ် နှုတ်ဆက်သည်။

ချန်ယင်း၏ အဆိုအရ ဤအစေခံရုပ်တုမှာလည်း တစ်ချိန်က လူသားတစ်ဦး ဖြစ်ခဲ့ပုံရသည်။

အစေခံရုပ်တုက ထပ်မံ လှုပ်ရှားခြင်း မရှိသည်ကို တွေ့ရသဖြင့် ရွှီရှင်းက ခေါင်းငြိမ့်ပြကာ ထွက်ခွာခဲ့သည်။

စင်္ကြံလမ်းမှ ထွက်လာပြီးနောက် ရွှီရှင်းနှင့် ခဲခဲတို့သည် အဝင်ဝက ကျောက်ခန်းမထဲသို့ ပြန်ရောက်လာကြသည်။

နာကျည်းစရာ စာသားများ ထွင်းထားသော စားပွဲမှာ ရှိနေဆဲ ဖြစ်ပြီး၊ ရွှီရှင်းက ထိုစာသားများကို တစ်ဖန် ပြန်လည် စစ်ဆေးကြည့်သည်။

လက်ရေးမှာ မညီမညာ ဖြစ်နေသော်လည်း၊ ချန်ယင်း ခုနက ပြုလုပ်ခဲ့သော ဗီဇပြောင်းသတ္တဝါ စာချုပ် ပေါ်က စာလုံးများနှင့် အလွန်ဆင်တူလှသည်။

စာလုံးချင်း လုံးဝ မတူသည့်တိုင်အောင် ရေးသားပုံ အလေ့အထမှာ ထပ်တူကျနေသည်။

ကြည့်ရတာ ချန်ယင်း လိမ်မပြောခဲ့တာ သေချာသည်။

ဤစာသားများကို သူကိုယ်တိုင် ထွင်းခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ဤအချက်ကို အတည်ပြုပြီးနောက် ရွှီရှင်း စိတ်ထဲတွင် အနည်းငယ် ပို၍ သက်သာရာ ရသွားသည်။

ချန်ယင်းတို့ ဘာကြောင့် ကျောက်ရုပ်တုများ ဖြစ်သွားရသလဲ ဆိုသည်ကို သိချင်သော်လည်း၊ သူတစ်ပါး၏ အနာဟောင်းကို ဆွတတ်သည့် အကျင့် ရွှီရှင်းတွင် မရှိချေ။

ထို့ပြင် ချန်ယင်း၏ အမူအရာအရလည်း သူ ပြောပြလိမ့်မည် မဟုတ်ချေ။

သူသည် ဗီဇပြောင်း လင်းနို့များရန်မှ ရှောင်ရှားရန် သူကိုယ်တိုင် တင်းတင်းကျပ်ကျပ် ပိတ်ထားခဲ့သော တံခါးကြီးဆီသို့ သွားကာ ညင်သာစွာ ဆွဲဖွင့်လိုက်သည်။

သူ တံခါးပိတ်လိုက်စဉ်က ညပ်ပြီး သေသွားသော လင်းနို့တစ်ကောင်မှာ မြေပြင်ပေါ်သို့ "ဖတ်" ဆိုသည့် အသံနှင့်အတူ ကျလာသည်။

လှေကားလမ်းကြောင်း တစ်လျှောက်ရှိ မီးစင်များမှာ လင်းနေဆဲဖြစ်ပြီး လမ်းကြောင်းတစ်ခုလုံးကို လင်းထိန်စေသည်။

"အီးးး"

ခဲခဲက တိုးတိုးလေး အော်ကာ၊ လှေကားထစ်များ၏ အပေါ်ဘက်တွင် သိပ်သည်းစွာ တွဲလောင်းခိုနေကြသော လင်းနို့များကို လက်ညှိုးထိုးပြသည်။

ရွှီရှင်းသည် ဗီဇပြောင်း သတ္တဝါများကို မောင်းထုတ်နိုင်သော တံမြက်စည်းကို သူ၏ ကျောပိုးအိတ်ထဲမှ ထုတ်ယူလိုက်သည်။

သူ တံမြက်စည်းကို ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် လင်းနို့များမှာ ရုတ်တရက် လှုပ်ရှားလာကြတော့သည်။

---

အခန်း ၉၃ ပြီး။

All Chapters