← Chapters

နောက်ဆုံးတော့ ဂူထဲက ထွက်နိုင်ခဲ့ပြီ

Vol. 7 Ch. 99

နောက်ဆုံးတော့ ဂူထဲက ထွက်နိုင်ခဲ့ပြီ

Vol. 7 Ch. 99

တံခါးကြီးမှာ သူတို့ရှေ့တည့်တည့်သို့ ရောက်နေပြီဖြစ်သည်။

"တောက်"

ချန်ယင်းက မနေနိုင်ဘဲ ဆဲလိုက်သည်။

"ဒါ... ဒါကြီးက တကယ်ပဲ ပွင့်သွားတာလား တိုက်ရိုက်ကြီး ဖြတ်ကျော်လာနိုင်တာလားဟ။ မြန်မြန်... မြန်မြန်... တံခါးကို တွန်းဖွင့်စမ်း၊ အပြင်ထွက်လို့ ရ၊ မရ မြန်မြန်ကြည့်ရအောင်။"

ရွှီရှင်းသည်လည်း မတတ်သာဘဲ တံခါးကို လှမ်းတွန်းလိုက်သည်။

တံခါးမှာ ဖြည်းဖြည်းချင်း ပွင့်သွားပြီး အပေါ်သို့ ဦးတည်နေသော ကျောက်လှေကားလမ်းကြောင်းတစ်ခု ပေါ်လာသည်။

၎င်းမှာ မြေပြင်ပေါ်သို့ ပြန်တက်သည့် လမ်းကြောင်းဖြစ်ကြောင်း ထင်ရှားလှသည်။

"ဒါ... ဒါက နှစ်ပေါင်းငါးဆယ်နီးပါးအတွင်း ငါတို့ မြေပြင်နဲ့ အနီးဆုံး ရောက်ဖူးတဲ့ အချိန်ပဲ"

ရှုလန်၏ အသံမှာလည်း အနည်းငယ် တုန်ရင်နေသည်။

"မေမေ... သားသားတို့ မြေပြင်ပေါ် တကယ် ရောက်တော့မှာလား"

ကောင်လေးရုပ်တုက မော့ကြည့်ရင်း မေးရှာသည်။

"ရောက်မှာပေါ့ကွယ်... ဒီတစ်ခါတော့ သေချာပေါက် ရောက်မှာပါ..."

ရှုလန်က ကောင်လေး၏လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။

ရွှီရှင်းမှာ လှေကားလမ်းကြောင်းအတွင်းသို့ ခြေလှမ်းစတင် လှမ်းလိုက်ပြီဖြစ်သည်။

ဤလှေကားလမ်းမှာ သူတို့ဆင်းလာစဉ်က လမ်းနှင့်ဆင်တူပြီး စိုစွတ်ဆွေးမြည့်သော အနံ့များ ရနေကာ လမ်းဘေးတစ်ဖက်စီတွင် မထွန်းရသေးသော မီးစင်များ ရှိနေသည်။

အားလုံး စင်္ကြံလမ်းထဲသို့ ဝင်ပြီးသည်နှင့် မျှော်လင့်ထားသည့်အတိုင်း နောက်ဘက်မှ "ဒုန်း" ဆိုသည့် အသံနှင့်အတူ တံခါးပိတ်သွားတော့သည်။

ထို့နောက် တံခါးဘေးတစ်ဖက်စီမှ လေပြင်းတစ်ချက် ဝှေ့ယမ်းလာပြီး စင်္ကြံလမ်းတစ်လျှောက်ရှိ မီးစင်များမှာ တစ်ခုပြီးတစ်ခု အလိုအလျောက် လင်းထိန်သွားကာ အပေါ်ဘက် လှမ်းမမြင်ရသော နေရာအထိ ဆက်တိုက် လင်းသွားတော့သည်။

ရွှီရှင်းသည် တစ်ခုခု မှားနေသည်ဟု ခံစားနေရပြီး၊ သူ၏စိတ်ထဲတွင် အန္တရာယ်အငွေ့အသက်မှာ တဖြည်းဖြည်း ပြင်းထန်လာသည်။

"အီးးး အီးးး"

သူ၏ပုခုံးပေါ်က ခဲခဲလေးမှာ ရုတ်တရက် ဂဏာမငြိမ်ဖြစ်လာပြီး ဘေးနံရံများနှင့် အပေါ်ဘက်ကို ညွှန်ပြကာ ရွှီရှင်းတို့ကို အပြင်းအထန် အချက်ပြနေသည်။

ထို့နောက် ၎င်းမှာ ရွှီရှင်း၏ ပုခုံးပေါ်မှ ခုန်ဆင်းကာ သူ့ကို အပေါ်သို့ အမြန်ပြေးရန် ဆွဲခေါ်တော့သည်။

ပတ်ဝန်းကျင်မှာ ပုံမှန်ထက် ပိုမိုစိုစွတ်လာသည်ကို ရွှီရှင်း သတိပြုမိလိုက်သည်။

၎င်းမှာ ရေစက်ကျရုံတင်မကဘဲ နံရံတစ်ခုလုံးမှ ရေများ စိမ့်ထွက်လာခြင်း ဖြစ်သည်။

အန္တရာယ် ရှိနေပြီ...သေချာပေါက် အန္တရာယ်ရှိနေပြီ။

ပြီးတော့ ဒါက ရေနဲ့ ပတ်သက်နေတယ်။

"ပြေးကြတော့"

ရွှီရှင်း အနောက်က ကျောက်ရုပ်တုများကို လှမ်းအော်ပြောကာ ရှေ့ဆုံးမှ ပြေးထွက်ခဲ့သည်။

သူသည် ခွန်အားရစေရန် အပြာရောင်အဆင့် အသီးအမျိုးမျိုးကို ပါးစပ်ထဲ အတင်းထိုးထည့်နေပြီး ခဲခဲမှာလည်း သူ့နောက်ကနေ ကပ်လိုက်လာသည်။

"ဘာဖြစ်လို့လဲ"

ချန်ယင်းနှင့် အခြားသူများမှာ ရွှီရှင်း၏ လုပ်ရပ်ကို နားမလည်သော်လည်း သူ့နောက်မှ အမြန် လိုက်လာကြသည်။

မြေပြင်မှာ ချောကျိနေသဖြင့် တစ်ချက်မှားလျှင် ချော်လဲနိုင်သော်လည်း ရွှီရှင်းမှာ ဂရုမစိုက်နိုင်တော့ချေ။

"ငါတို့နောက်မှာ ရေကြီးတော့မယ် ထင်တယ်"

ရွှီရှင်း၏ စကားမဆုံးမီမှာပင် အနောက်ဘက်မှ ကျောက်တုံးများ ကွဲအက်သံနှင့် ရေစီးသံများ ထွက်ပေါ်လာသည်။

သူ နောက်လှည့်ကြည့်လိုက်ရာ မျက်လုံးများ ပြူးသွားရတော့သည်။

"တောက်.. အဲဒါတွေက ဘာတွေလဲ"

အောက်ဘက် နံရံများတွင် အက်ကြောင်းများ ပေါ်လာပြီး ထိုမှတစ်ဆင့် ရေများ ဒလဟော စီးထွက်လာကာ တံခါးတစ်ခုလုံးကို ခဏချင်းမှာပင် မြှုပ်သွားစေသည်။

သို့သော် ရွှီရှင်းကို အကြောက်ဆုံး ဖြစ်စေသည်မှာ ရေများတင်မကဘဲ ထိုအက်ကြောင်းများထဲမှ ငါးရှဉ့်နှင့်တူသော သတ္တဝါအုပ်ကြီးများပါ ထွက်လာခြင်းပင် ဖြစ်သည်။

ထိုငါးရှဉ့်များမှာ သွေးရောင်ပုံစံများ ဖုံးလွှမ်းနေပြီး အချို့မှာ ရေနှင့်အတူ လိုက်ပါလာကာ ရွှီရှင်းတို့ကို ဝိုင်းအုံ တိုက်ခိုက်ရန် ပြင်ဆင်နေကြသည်

အခြားတစ်အုပ်မှာမူ ဥမင်နံရံများကို "ဂျောက် ဂျောက်" ဆိုသည့် အသံနှင့်အတူ ဖောက်ထွင်းဝင်ရောက်နေကြသဖြင့် အက်နေသော နံရံမှာ အပေါက်များစွာ ဖြစ်ကုန်တော့သည်။

ရေများမှာ ပိုမို ပြင်းထန်စွာ ထွက်လာပြီး တက်လာသော ရေမျက်နှာပြင်မှာ သူတို့ ပြေးနေသည့် အရှိန်ကို မှီတော့မည့်အလား ဖြစ်နေသည်။

"မြန်မြန်ပြေးကြ၊ ရေအောက် ရောက်မခံနဲ့၊ မဟုတ်ရင် အကုန် သေကုန်လိမ့်မယ်"

ရွှီရှင်း အားကုန်သုံး၍ အပေါ်သို့ ပြေးတက်ခဲ့သည်။

ချန်ယင်းသည် ငါ ရေမကြောက်ပါဘူး ဆိုသည့် စကားကို ပြန်မျိုချလိုက်ရသည်။

ထိုဗီဇပြောင်း ငါးရှဉ့်များသည် ကျောက်သားများကို ဖျက်ဆီးရန်အတွက်ပင် သီးသန့် ဖန်တီးထားပုံရသောကြောင့်ပင်။

"အားလုံး တင်းတင်းကိုင်ထားကြ၊ ငါ မြေကြီးကို နင်းလိုက်တော့မယ်"

ချန်ယင်းက ဟိန်းဟောက်လိုက်ရင်း မြေပြင်ကို အားကုန် နင်းချလိုက်ရာ ဥမင်လမ်းအတွင်းမှ ထူထဲသော ကျောက်တံတိုင်းကြီး တစ်ခု ထိုးထွက်လာပြီး လမ်းကို လုံးဝ ပိတ်ဆို့ပစ်လိုက်သည်။

ရွှီရှင်းမှာ နင်းလိုက်သည့် အရှိန်ကြောင့် ဟန်ချက်ပျက်သွားပြီး နောက်လှည့်ကြည့်လိုက်ရာ လမ်းမှာ ကျောက်တံတိုင်းဖြင့် ပိတ်သွားသည်ကို တွေ့ရသည်။

သူ စိတ်အေးသွားမည် ပြုစဉ်မှာပင် ကျောက်တံတိုင်းဆီမှ "ဂျောက် ဂျောက်" ဆိုသည့် အသံများကို ကြားလိုက်ရသည်။

ထို့နောက် "ခွပ်" ဆိုသည့် အသံနှင့်အတူ ငါးရှဉ့်တစ်ကောင်မှာ ရေစီးနှင့်အတူ ကျောက်တံတိုင်းပေါ်က အပေါက်အသစ်တစ်ခုမှ ထွက်လာသည်။

၎င်းနောက်တွင် အပေါက်ငယ်ပေါင်းများစွာ ပေါ်လာပြီး စက္ကန့်ပိုင်းအတွင်းမှာပင် ထိုကျောက်တံတိုင်းကြီးမှာ ပြိုကျသွားတော့သည်။

"သေစမ်းကွာ ထပ်မနင်းနဲ့တော့၊ မြန်မြန်တက်လာခဲ့"

ရွှီရှင်းက နောက်တစ်ကြိမ် ထပ်နင်းရန် ပြင်နေသော ချန်ယင်းကို အမြန် တားလိုက်ရသည်။

သူ၏ ကျောက်တံတိုင်းမှာ ရေကို မတားနိုင်သည့်အပြင် ထိုသို့ နင်းလိုက်ခြင်းက သူတို့၏ ခရီးကို နှောင့်နှေးစေကာ ချောကျိနေသော မြေပြင်ပေါ်တွင် အောက်သို့ ချော်ကျသွားနိုင်သောကြောင့် ဖြစ်သည်။

ချန်ယင်းမှာလည်း မတတ်သာဘဲ နောက်လှည့်ကာ အပြေးလိုက်လာရတော့သည်။

"ငါတို့ ရေအောက် လုံးဝ အရောက်မခံလို့ မဖြစ်ဘူး။ အဲဒီ ဗီဇပြောင်း ငါးရှဉ့်တွေက ကျောက်သားတွေကို ဖျက်ဆီးနိုင်တယ်။ သူတို့က ငါတို့ကို တိုက်ခိုက်ဖို့ သီးသန့်ပဲ" ဟု ချန်ယင်းက ကလေးကို ပွေ့ချီကာ ပြေးနေသော ရှုလန်နှင့် အစေခံတို့ကို လှမ်းအော်ပြောသည်။

ရွှီရှင်းသည် စိတ်ထဲမှနေ၍ ဤအဆုံးမရှိသော လှေကားလမ်းကို ကျိန်ဆဲနေမိသည်။

အကယ်၍ ရေသက်သက်သာဆိုလျှင် သူ့တွင် ရေအောက်မှာ အသက်ရှူနိုင်စေမည့် အပြာရောင်အဆင့် ရေမှော်ပင် ရှိနေသဖြင့် ရေဖိအား အရမ်းမကြီးသရွေ့ စိတ်ပူစရာ မရှိချေ။

သို့သော် ဤဗီဇပြောင်း ငါးရှဉ့်များရှိနေသဖြင့် သူသည် အပေါ်သို့သာ အသည်းအသန် ပြေးနေရတော့သည်။

သူ၏ ခန္ဓာကိုယ်မှာ ငါးရှဉ့်များကြောင့် အပေါက်ပေါင်းများစွာ ဖြစ်သွားမည်ကို သူ အလိုမရှိချေ။

ခဲခဲနှင့် ချီတာကျားသစ်မှာ အလွန်မြန်မြန် ပြေးနိုင်ကြပြီး ခဲခဲမှာ ကျားသစ်၏ ကျောပေါ်သို့ပင် ခုန်တက်သွားသည်။

အကြောင်းရင်းမသိသော်လည်း ကျားသစ်မှာ ရွှီရှင်းကို အထိမခံကာ ခဲခဲကိုတော့ ဘာမှ မပြောချေ။

ရွှီရှင်းမှာလည်း ကျားသစ်ကို စီးချင်သော်လည်း၊ ၎င်း၏ သွယ်လျသော ကိုယ်ထည်နှင့် အားနည်းသော ဇွဲတို့ကြောင့် သူ့ကိုပါ တင်လိုက်ပါက ခြေလှမ်းအနည်းငယ်အတွင်း မောသွားပေလိမ့်မည်။

ကြောင်မျိုးနွယ်ဝင်များ၏ လျင်မြန်မှုနှင့် ပေါက်ကွဲအားမှာ ဇွဲခွန်အားကို ပေးဆပ်ပြီးမှ ရရှိခြင်းဖြစ်သည် မဟုတ်ပါလား။

"အီးးး အီးးး"

ကျားသစ်ကျောပေါ်က ခဲခဲမှာ နောက်ကို ပြန်ကြည့်ရင်း ရွှီရှင်းတို့ကို စိုးရိမ်တကြီး အော်ဟစ် တိုက်တွန်းနေသည်။

ရွှီရှင်း နောက်လှည့်ကြည့်လိုက်ရာ ရေမျက်နှာပြင်မှာ သူတို့နှင့် ပို၍ ပို၍ နီးကပ်လာနေပြီဖြစ်သည်။

အလွန်အမင်း ပြေးနေရသဖြင့် ရွှီရှင်း၏ စွမ်းဆောင်ရည်နှင့်ပင် အသက်ရှူရန် တော်တော်လေး ခက်ခဲလာသည်။

အထူးသဖြင့် မြေအောက်လေထုမှာ အလွန်ညစ်ညမ်းနေသဖြင့် သူ့ကို ပို၍ နေထိုင်မကောင်း ဖြစ်စေသည်။

သူသည် အနောက်က ကျောက်ရုပ်တု လေးခုကို လှမ်းကြည့်လိုက်သည်။

ရှုလန်နှင့် အခြားသူများမှာ ချန်ယင်းကို စောင့်နေသဖြင့် ရွှီရှင်း၏ အနောက်မှာ ဝေးဝေး ကျန်ခဲ့သော်လည်း၊ ယခုအခါ သူတို့မှာ သူ့ကို မှီလာပြီ ဖြစ်သည်။

သူတို့မှာ သူ့ထက် ပိုမြန်နေကြခြင်း ဖြစ်သည်။

ရွှီရှင်း အရှိန်မြှင့်ပြေးရင်း အသက်ကို လုရှူကာ မေးလိုက်သည်။

"...မင်းတို့... မမောဘူးလား"

"မမောပါဘူး။"

"လုံးဝ မမောဘူး။ ငါတို့က ကျောက်ရုပ်တုတွေပဲလေ၊ ဘယ်လိုလုပ် မောမှာလဲ" ဟု ချန်ယင်းက ပြန်ဖြေသည်။

သူသည် အေးအေးဆေးဆေး ရှိပုံရသော်လည်း မျက်နှာအမူအရာမှာ တည်ကြည်နေပြီး မျက်မှောင်ကြုတ်ထားသည်။

"ဒါပေမဲ့ ငါတို့ အခု အားကုန် ပြေးနေတာတောင် ဒီထက် ပိုမြန်လို့ မရတော့ဘူး။"

ရွှီရှင်း အံကြိတ်ကာ သူ့ကို အပြင်ခေါ်ထုတ်လာပေးသော ဤကျောက်ရုပ်တုကို ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။

"ငါ့ရဲ့ ကျောပိုးအိတ်တွေကို ကူသယ်ပေးလို့ ရမလား ဒါတွေက ငါ့အားတွေကို ကုန်စေတယ်"

ကျောပိုးအိတ်တွေထဲမှာ ကုန်ကြမ်းတွေ ပြည့်နေပြီး၊ အလေးချိန်ကို ၁၀ ရာခိုင်နှုန်း လျှော့ချထားသော်လည်း လေးလံသော ဝန်ထုပ်ဝန်ပိုး ဖြစ်နေဆဲပင်။

" အော်... ရတာပေါ့။"

ချန်ယင်းက ရွှီရှင်း လှမ်းပေးလိုက်သော အိတ်ကို အတွင်းသို့မကြည့်ဘဲ လှမ်းယူကာ သူ၏ကျောမှာ လွယ်လိုက်သည်။

"ငါလည်း တစ်လုံး ကူသယ်ပေးပါ့မယ်။"

ရှူလန်၏ အသံ ထွက်ပေါ်လာသည်။

အရှိန်ပြင်းပြင်း ပြေးနေစဉ်မှာပင် သူမ၏ အသံမှာ ညင်သာနေဆဲပင်။

ရွှီရှင်း အံကြိတ်လိုက်၏။

ကျောပိုးအိတ်များ၏ အလေးချိန်က သူ၏အရှိန်ကို တကယ် ထိခိုက်စေပြီး၊ တက်လာသော ရေမျက်နှာပြင်နှင့် အကွာအဝေးကို လုံးဝ မခွာနိုင်အောင် ဖြစ်နေစေသည်။

အကယ်၍ ရှုလန်တို့က အပြင်ရောက်မှ အိတ်တွေကို ပြန်မပေးခဲ့လျှင်တောင် သူ လက်ခံလိုက်တော့မည်။

"ကောင်းပါပြီ"

ကျောပိုးအိတ် နှစ်လုံး လျော့သွားသည်နှင့် သူ၏ကိုယ်မှာ သိသိသာသာ ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

အလေးအပင်များကို အချိန်အကြာကြီး သယ်လာခဲ့ရာမှ ချန်ထားခဲ့ရသဖြင့် ရွှီရှင်းမှာ ကိုယ်ကို လေထဲမြောက်နေသလို ခံစားရပြီး၊ အသက်ကို ပြင်းပြင်းရှူပြီး အရှိန်မြှင့်လိုက်ရာ ချန်ယင်းတို့နှင့် အရှိန်တူသွားတော့သည်။

အစပိုင်းတွင် အနောက်က ရေမျက်နှာပြင်နှင့် အနည်းငယ် ကွာသွားသော်လည်း၊ အပေါ်သို့ တက်လာသည်နှင့်အမျှ ဥမင်လမ်းမှာ ကျဉ်းလာသဖြင့် ရေမျက်နှာပြင်မှာ ပိုမြန်မြန် တက်လာတော့သည်။

ရေမျက်နှာပြင်နှင့်အတူ လိုက်ပါလာသော ဗီဇပြောင်း သတ္တဝါများ၏ တွားသွားသံများကိုပင် ကြားနေရပြီဖြစ်သည်။

"ထွက်ပေါက်ကို မြင်နေရပြီ"

ရွှီရှင်း၏ အမြင်အာရုံထဲတွင် အလင်းရောင်တစ်ခု ရုတ်တရက် ပေါ်လာသည်။

သူသည် ပန်းဝင်ခါနီး အားကစားသမားတစ်ဦးကဲ့သို့ အော်ဟစ်ကာ အရှိန်ကို ထပ်မံ မြှင့်လိုက်သည်။

ရှေ့တွင် ကျားသစ်မှာ ရွှီရှင်းတို့နှင့် အရှိန်တူ မပြေးတော့ချေ။

၎င်းသည် ဟိန်းဟောက်လိုက်ပြီး အရှိန်ကို အသေမြှင့်ကာ အပေါ်သို့ လျင်မြန်စွာ ပြေးတက်သွားတော့သည်။

၎င်းမှာ နေရောင်ခြည်ကို မမြင်ရတာ ကြာပြီ မဟုတ်လား။

ရွှီရှင်း၏ ဘေးက ချန်ယင်း မိသားစုမှာလည်း စိတ်လှုပ်ရှားလာကြသည်။

"အလင်းရောင်... ဒါ နေရောင်ခြည်ပဲ အလိုလေး... ငါတို့ နေရောင်ခြည်ကို ပြန်မြင်ရပြီ"

ယခုမှာ ဒုတိယမြောက်နေ့ နေ့ခင်းဘက် ဖြစ်သဖြင့် အပြင်ဘက်တွင် နေရောင်ခြည် ရှိနေသည်မှာ သဘာဝကျလှသည်။

"ဒါတွေ ဂရုမစိုက်နဲ့ဦး၊ မြန်မြန်ပြေးကြ၊ အနောက်က ရေတွေ လွှမ်းတော့မယ်"

ရွှီရှင်း ထပ်မံ အရှိန်မြှင့်လိုက်ရာ သူ၏ အဆုတ်များ ပေါက်ထွက်တော့မည့်အလား ခံစားရသည်။

ဤခံစားချက်မှာ မီတာတစ်ထောင် အပြေးပြိုင်ပွဲ၏ နောက်ဆုံးအဆင့်ထက်ပင် များစွာ ပိုမို ဆိုးရွားလှသည်။

မူလက အလင်းစက်လေးမှာ တဖြည်းဖြည်း ကြီးမားလာပြီး၊ ရွှီရှင်းမှာ အပြင်ဘက်က တိမ်တိုက်များကိုပင် မြင်နေရပြီ ဖြစ်သည်။

ချီတာကျားသစ်မှာ အလွန်မြန်လှသဖြင့် ခဲခဲနှင့်အတူ ဥမင်လမ်းထဲမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

အနောက်က ရေမျက်နှာပြင်မှာ သူတို့နှင့် နှစ်မီတာ၊ သုံးမီတာခန့်သာ ဝေးတော့သည်။

ရွှီရှင်းမှာ လှေကားထစ် သုံးထစ်ကို တစ်လှမ်းတည်းနှင့် နင်းကာ အပေါ်သို့ အသည်းအသန် ပြေးတက်ခဲ့သည်။

"လွတ်ပြီကွ"

မြေအောက်ဂူထဲမှ အားလုံး ထွက်လာနိုင်ကြပြီဖြစ်သည်။

အပြင်ဘက် မြင်ကွင်းကို မြင်လိုက်ရသဖြင့် ဝမ်းသာရုံရှိသေးသော်လည်း ရွှီရှင်း၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားတော့သည်။

သူတို့သည် ခြောက်သွေ့နေသော ကန်အောက်ခြေက ကျင်းကြီးတစ်ခုထဲ ရောက်နေခြင်း ဖြစ်သည်။

ယခု ၎င်း၏ အလယ်ဗဟိုမှာ ရှိနေပြီး၊ ကမ်းပါးမှာ အနည်းဆုံး လေးမီတာ၊ ငါးမီတာခန့် မြင့်လှသည်။

"မြန်မြန် အပေါ်တက်ကြ၊ မဟုတ်ရင် ဒီနေရာက ရေတွေနဲ့ ပြည့်သွားလိမ့်မယ်"

အပြင်ဘက်က တောအုပ်ကို မြင်လိုက်ရသဖြင့် ချန်ယင်း မိသားစုမှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြပြီး၊ ခေတ္တမျှ ဇဝေဇဝါ ဖြစ်သွားသော်လည်း ရွှီရှင်း၏ အမိန့်ကို နာခံရန် ဆုံးဖြတ်လိုက်ကြသည်။

"ကောင်းပြီ ဘယ်ဘက်က သွားရမှာလဲ"

ရွှီရှင်း ပတ်ဝန်းကျင်ကို အမြန် စူးစမ်းလိုက်သည်။

"အီးးး အီးးး"

ခပ်လှမ်းလှမ်းမှ ခဲခဲ၏ အသံ ထွက်ပေါ်လာသည်။

ရွှီရှင်း လှမ်းကြည့်လိုက်ရာ၊ ကမ်းပါးပေါ်မှနေ၍ ခဲခဲက သူတို့ကို စိုးရိမ်တကြီး ကြည့်နေသည်ကို တွေ့ရသည်။

ထိုနေရာမှာ ကမ်းပါး စောင်းအဆုံး နေရာဖြစ်သဖြင့် အပေါ်သို့ တိုက်ရိုက် ပြေးတက်နိုင်ပေလိမ့်မည်။

ထွက်ပေါက်မှ ရေများ စတင် လျှံထွက်လာပြီး၊ ရေတွက်၍ မရနိုင်သော ဗီဇပြောင်း သတ္တဝါများမှာ သူတို့ ငါးဦးထံသို့ ဦးတည်ကာ တိုးထွက်လာကြသည်။

"ဟိုဘက်"

ရွှီရှင်းက ခဲခဲရှိရာဆီသို့ ပြေးထွက်ခဲ့ပြီး ချန်ယင်း မိသားစုမှာလည်း သူ့နောက်က ကပ်လိုက်လာသည်။

လျှံထွက်လာသော ရေများမှာ သူတို့၏ ခြေဖဝါးအထိ ရောက်ရှိလာပြီး၊ နောက်ဆုံးတွင် ထိုသတ္တဝါများ ရွှီရှင်း၏ ခြေဖနောင့်ကို ကိုက်တော့မည့် အချိန်မှာပင်၊ သူတို့သည် ကမ်းပါးစောင်းသို့ ရောက်ရှိသွားပြီး အပေါ်သို့ ခုန်တက်ကာ အန္တရာယ်မှ လွတ်မြောက်သွားကြတော့သည်။

သူတို့ ကမ်းပါးပေါ်သို့ အပြည့်အဝ မရောက်သေးသော်လည်း၊ ကျင်း၏ ဧရိယာမှာ ကြီးမားလှသဖြင့် ရေမျက်နှာပြင်မှာ ဖြည်းဖြည်းချင်းသာ တက်လာတော့ရာ သူတို့အတွက် အန္တရာယ် မရှိတော့ချေ။

ခြေလှမ်းအနည်းငယ်အတွင်း ရွှီရှင်းမှာ ကမ်းပါးအစွန်းသို့ ရောက်ရှိသွားပြီး အသက်ကို လုရှူနေရစဉ်၊ ချန်ယင်းနှင့် အခြားသူများမှာမူ သူ၏ဘေးတွင် ရပ်ကာ ပတ်ဝန်းကျင်ကို ကြောင်တောင်တောင် စိုက်ကြည့်နေကြသည်။

ကျားသစ်မှာ ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း၊ ရွှီရှင်း မြေပုံကို ဖွင့်ကြည့်လိုက်ရာ ကျားသစ်ကို ကိုယ်စားပြုသော အလင်းစက်မှာ သူတို့ပတ်ဝန်းကျင်တွင် လျင်မြန်စွာ လှုပ်ရှားနေသည်ကို တွေ့ရသည်။

၎င်းမှာ တစ်ချိန်က မြက်ခင်းပြင်မှာ ပြေးလွှားခဲ့ဖူးသော ခံစားချက်ကို ပြန်လည် ခံစားနေပုံရသည်။

နောက်ဆုံးတွင်တော့ ရွှီရှင်းမှာ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး မြေပြင်ပေါ်သို့ လှဲချလိုက်တော့သည်။

နောက်ဆုံးတော့... အပြင်ရောက်ပြီဟေ့။

---

အခန်း ၉၉ ပြီး။

All Chapters