← Chapters

အခန်း (၅၃၅-၅၃၆)

Vol. 41 Ch. 535-536

အခန်း (၅၃၅-၅၃၆)

Vol. 41 Ch. 535-536

အပိုင်း ၅၃၅ - လုယောင်အတွက် တရားမျှတမှု

နေ့လယ်ပိုင်းတွင် လုချန်ဖုန်းသည် ယွမ်ရှောင်ကို စမ်းသပ်ရန် ဝိညာဥ် အစောင့်အရှောက်ကို အသုံးပြုခဲ့ပြီး အင်မော်တယ်နယ်ပယ် မရောက်သေးသဖြင့် တရားခံ ဖြစ်ရန် အားနည်းလွန်းသည်။ သို့သော် အဆင့်တက်ပြီးပြီးချင်း သူက အခြေတည်အဆင့် အင်မော်တယ်ဆယ်ယောက်ကို တစ်ချက်တည်း သထတ်ပစ်လိုက်သောကြောင့် ကျန်းလန်ယွဲ့ပါ မျက်နှာထား တင်းမာနေသည်။ စီရင်သူ ဆယ်ယောက် အသတ်ခံလိုက်ရသော အမှုမျိုးသည် ကောင်းကင်အုပ်စိုး အိမ်တော် မိုးကြိုးဌာနတွင် နှစ်ပေါင်းများစွာ မဖြစ်ဖူးသောကြောင့် အခြေအနေက ထိန်းချုပ်မရလောက်အောင် ဖြစ်လာ၏။ အန္တရာယ်မရှိပုံရသော သိုးငယ်လေးက ခြင်္သေ့ဆယ်ကောင်ကို သတ်ဖြတ် စားသောက်လိုက်သကဲ့သို့ ဖြစ်သောကြောင့် သတိကြီးသော ကျန်းလန်ယွဲ့မှာ မတိုက်ခိုက်လိုတော့ပေ။

"ဒီကောင်က ထူးဆန်းနေတယ်။ ပုံရိပ်ဖမ်း စက်လုံးနဲ့ မှတ်တမ်းတင်ပြီး ဌာနကို ဖြေရှင်းခိုင်းလိုက်"

သူက မှန်ကန်သည်ဟု ယုံကြည်သော ဆုံးဖြတ်ချက်ကို ချက်ချင်း ညွှန်ကြားလိုက်သော်လည်း အရူးတစ်ယောက်ပမာ လှည့်စားခံလိုက်ရသည့် လုအိမ်တော် သခင်လေးမှာမူ သည်းမခံနိုင်ခဲ့ပေ။

"ဒီလောက်မသန်မာပါဘူး။ ငါ သူ့ကို သတ်နိုင်တယ်"

"သတ်ချင်ရင်လည်း မင်းတစ်ယောက်တည်း သတ်။ ငါ သွားပြီ"

ကျန်းလန်ယွဲ့က ပြတ်ပြတ်သားသား ငြင်းဆန်ပြီး ထွက်ခွာသွားသောကြောင့် တစ်ယောက်တည်းဆိုလျှင် သူရဲဘောကြောင်သည့် လုချန်ဖုန်းမှာ အပြေးတစ်ပိုင်း လိုက်ပါသွားခဲ့၏။

"မင်းတို့ သွားလို့ရပြီလို့ ငါ ပြောမိလား"

ယွမ်ရှောင်က လှောင်ရယ်ပြီး ပြောလိုက်သောကြောင့် ဓားကျင့်ကြံသူတစ်ယောက် ဖြစ်သော လုချန်ဖုန်းမှာ ကျောစိမ့်သွားကာ ဓားသမားကို ကျောပေးခြင်း၏ အန္တရာယ်ကို နားလည်သဖြင့် ချက်ချင်း ပြန်လှည့်လိုက်ရသည်။ သူက နက်ပြာရောင် ဓားရှည်တစ်လက် ဆင့်ခေါ်ကာ တဟုန်ထိုး ဝင်ရောက်လာသော မိုးပြာရောင် ဓားမြှောင်ကို ပက်ထုတ်လိုက်ရ၏။ ခရမ်းရောင် ထီးတစ်လက် လည်ပင်းထံ ရုတ်တရက် ဝင်ရောက်လာသောကြောင့် ကျန်းလန်ယွဲ့လည်း ရပ်တန့်သွားကာ ကာကွယ်လိုက်ရပြီး အထိအခိုက် မရှိသော်လည်း ထွက်မသွားနိုင်တော့ပေ။

"ကောင်းကင်ပျံသန်းမြို့တော်ရဲ့ မြို့စားမျိုးဆက်၊ အဆင့်ငါးအရာရှိရဲ့ သားက ကြောက်တတ်လှချည်လား။ စိတ်ပျက်စရာပဲ"

ယွမ်ရှောင်က နှစ်ယောက်လုံးရှေ့တွင် လမ်းပိတ်ပြီး ကဲ့ရဲ့လိုက်သောအခါ သူ့ကို ဒေါသတကြီး ဖြစ်သွားစေသည်။ သူက တစ်ဖက်လူတွင် ဝှက်ဖဲများရှိမည်ဟု ထင်သောကြောင့် အသက်နှင့်ရင်း မစွန့်စားလိုရုံ သက်သက် ဖြစ်ပြီး ယခု လှောင်ပြောင်ခံလိုက်ရသောအခါ ဘဝင်မြင့်နေသည့် မျိုးရိုးဗီဇအရ သည်းမခံနိုင်တော့ချေ။

"ကျန်းလန်ယွဲ့ မင်း ကြောက်နေတာလား။ ဒီကောင့်ကိုတောင် မတိုက်ရဲရင် ငါ လေးစားမှာ မဟုတ်ဘူး"

လုချန်ဖုန်းကလည်း ဖိအားပေးနေသဖြင့် သူ၏ စိတ်ထဲတွင် ဒေါသများ အလုံးအရင်း ထွက်ပေါ်လာသည်။ ထို့ကြောင့် စီရင်သူနှစ်ယောက်သည် ပခုံးချင်း ယှဥ်ရပ်ကာ တိတ်ဆိတ်သွားသော်လည်း တိုက်ပွဲကို ရှောင်လွှဲတော့မည် မဟုတ်ချေ။

"ဒါ...ဒါကြီးက"

စွန်းရှောင်ချီမှာ ဤမြင်ကွင်းကြောင့် ကြက်သေသေပြီး ယွမ်ရှောင်နှင့် စီရင်သူနှစ်ယောက် ပြင်းထန်စွာ တိုက်ခိုက်နေသည်ကို ကြောင်ကြည့်နေမိသည်။ လုချန်ဖုန်း၏ ဓားဝိညာဥ် လေဓားသည် အပြာရောင်အောက်ခံတွင် အနက်ရောင်အစက်အပြောက်များ ရှိကာ စွမ်းအင်ဝဲများ ဖြစ်၍ လေကို စုပ်ယူနိုင်စွမ်း ရှိ၏။ ဓားဖြစ်သော်လည်း ယပ်တောင်ပုံစံ တိုက်ခိုက်ပြီး တစ်ချက်ယမ်းလိုက်တိုင်း လေမုန်တိုင်း ဖြစ်ပေါ်လာကာ မိစ္ဆာအင်မော်တယ် ဓားစက်ကွင်းများ တပ်ဆင်ထားသောကြောင့် အိပ်မက်ပင်လယ် ကမာ ဓားစက်ကွင်းများထက် ပို၍ သာလွန်သည်။ ရုန်းကျင့်ကြံသူဖြစ်သည့် လုချန်ဖုန်းက ငွေလမင်းအသက်တံဆိပ်ကို ပိုင်ဆိုင်ပြီး လခြမ်းကွေးပမာ တဖြတ်ဖြတ် လင်းလက်စေသည်။ စိတ်ဝင်စားစရာ ကောင်းသည်မှာ သူတို့၏ ဓားအော်ရာနှင့် ရုန်းအရေအတွက်သည်လည်း ၉၉၉၉၉၉၉တွင် ရပ်တန့်နေပြီး ယွမ်ရှောင်နှင့် တူညီ၏။

"ဘုန်း"

လုချန်ဖုန်း အနားတွင် လိပ်ကြီး ထွက်ပေါ်လာသကဲ့သို့ ကျန်းလန်ယွဲ့ အထက်တွင် အနီရောင် အလင်းများ ဖြာထွက်နေသည့် သွေးလတစ်စင်းလည်း ပေါ်ပေါက်လာကာ ဝိညာဥ်အစောင့်အရှောက်များ ဖြစ်ကြသည်။ ကျန်းလန်ယွဲ့က ပထမဆုံး တိုက်ခိုက်လိုက်ပြီး ရေခဲချီများ ယွမ်ရှောင်ထံ တိုးဝင်လာသကဲ့သို့ သွေးအလင်းများလည်း ရောက်လာသောကြောင့် သွေးရေခဲတောင်ကြီးပမာ ထင်မှတ်ရ၏။ တစ်ချိန်တည်းမှာပင် ဓားဝိညာဥ် ကိုင်ဆောင်ထားသည့် လုချန်ဖုန်းနှင့် လိပ်ကြီးလည်း ပြိုင်တူ ဝင်ရောက်လာကြသည့်တိုင်အောင် ယွမ်ရှောင်က ရန်စနေဆဲပင်။

"တကယ်တော့ လုရှောင်ကို သတ်လိုက်တာလည်း ငါပဲ"

"သေစမ်း"

လေဓားက ဆတ်ခနဲ တုန်ခါသွားကာ လေဆင်နှာမောင်း ဓားသိုင်းဖြင့် ဝင်ရောက်လာသော်လည်း ယွမ်ရှောင်သည် တစ်ချက်ကြည့်ရုံဖြင့် ထပ်တူညီသော ဓားသိုင်း ထုတ်ဖော်ပြလိုက်သည်။

"ဘာ"

လေဆင်နှာမောင်းကြီး နှစ်ခု ရင်ဆိုင်တွေ့သွားပြီး အချင်းချင်း ရန်စောင်နေသည့် သားရဲကြီးများပမာ အားပြိုင်နေစဥ် လုချန်ဖုန်း မျက်လုံးများ ပြူးကျယ်နေသည်။

"နောက်ထပ် အံ့သြစရာတွေ လာဦးမယ်"

ခရမ်းရောင် ရုန်းထီးသည် ကျန်းလန်ယွဲ့၏ တိုက်ကွက်ကို တားဆီးထားစဥ် ယွမ်ရှောင်သည် ဓားဆွဲကာ သူ့ကို ဖြေရှင်းရန် စဥ်းစားနေသည်။

"ဘုန်း"

"ဒါ...ဒါက ဘယ်လိုစွမ်းအားကြီးလဲ"

ဓားချက် ပျက်စီးသွားကာ လုချန်ဖုန်း လွင့်ထွက်သွားသဖြင့် စီရင်သူ သံချပ်ကာ ပျက်စီးသွားသောကြောင့် ကြောင်အနေစဥ် ယွမ်ရှောင်သည် ပစ်မှတ်ပြောင်းလဲကာ ကျန်းလန်ယွဲ့နှင့် တိုက်ခိုက်နေပြီ ဖြစ်၏။ ထိုအချိန်တွင် သူ အမှန်တကယ် ကြောက်လန့်သွားပြီဖြစ်ကာ အံကြိတ်ပြီး ထွက်ပြေးရန် ပြင်နေသဖြင့် ကျန်းလန်ယွဲ့ ဒေါသထွက်လွန်း၍ သွေးအန်မတတ် ဖြစ်လာပြီး အော်ငေါက်လိုက်မိသည်။

"တိုက်ပွဲကို အာရုံစိုက်စမ်း"

သို့သော် အေးစက်စက် စကားသံကြောင့် သူ ရင်ထိတ်သွားပြီး နောက်လှည့်ကြည့်လိုက်သောအခါ ခရမ်းရောင် ထီးကိုသာ မြင်လိုက်ရ၏။ ထိုအချိန်တွင် မိုးပြာရောင် ဓားဖျားသည် မျက်လုံးတစ်လုံးကို လှစ်ခနဲ ထိုးဖောက်ကာ နောက်စေ့မှ ဖောက်ထွက်သွားသဖြင့် ဖြည်းဖြည်းချင်း ဒူးထောက်ကျသွားကာ အလားအလာနှင့် နောက်ခံ ကောင်းမွန်သော စီရင်သူ တစ်ယောက် သေဆုံးသွားတော့သည်။ ယွမ်ရှောင်က ဤမျှဖြင့် ရပ်တန့်မနေဘဲ ဓားပျံ စီးနင်းကာ အရှိန်အဟုန်ဖြင့် လုချန်ဖုန်းကို လိုက်လံ ဖမ်းဆီး၏။

"လုချန် အစီအရင်ကို မြန်မြန် သိမ်းလိုက်စမ်း"

ထွက်ပြေးနေရင်း တစ်ခုခုကို သတိရသွားသဖြင့် လုချန်ဖုန်း ငယ်သံပါအောင် အော်ဟစ်လိုက်မိသည်။ သို့သော် ရပ်တန့်မသွားသော ခြေလှမ်းများကြောင့် ဝင်္ကပါ အစီအရင်အတွင်း ရောက်ရှိသွားကာ ထွက်ပြေးရန် လမ်းကြောင်း ပျောက်ကွယ်သွားပေတော့သည်။

"ငါတို့ စကား ပြောရအောင်။ လုယောင် မင်းဘာလိုချင် လိုချင် ငါ ပေးနိုင်ပါတယ်။ ငါတို့ကြားမှာ ရန်ငြှိုးမရှိပါဘူး။ လုချန်က အင်မော်တယ်ကျောက်စိမ်းမိုင်းတွင်းတစ်ခုကို အပိုင်သိမ်းဖို့ လူသတ်ခဲ့တာပါ"

သူက တစ်ကိုယ်လုံး တုန်ရီနေပြီး အနောက်မှ ကပ်ပါလာသော ယွမ်ရှောင်ကို ကမ်းလှမ်းချင်ခဲ့သည်။

"လုယောင်အစစ် ဘာဖြစ်သွားလဲ ဆိုတာ မင်းရော ငါရော သိပါတယ်။ ရက်စက်ကြမ်းကြုတ်မှုက သူ့အိပ်မက်ကိုရော အသက်ကိုပါ ဖျက်ဆီးခဲ့ပြီ။ ငါက သူ့အတွက် တရားမျှတမှု ရှာပေးချင်လို့ မင်းကို လိုက်သတ်နေတာပဲ"

ယွမ်ရှောင်က တစ်လုံးချင်း ပြောလိုက်သောအခါ တစ်ဖက်လူမှာ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တောင့်တင်းသွား၏။ ကောင်းကင်မှ ရုန်းထီးက ဝိညာဥ်အစောင့်အရှောက် လိပ်ကို ဖိချထားလိုက်ပြီး ကောင်းကင်သင်္ချိုင်းဓားမြှောင်သည် တည့်တည့်မတ်မတ် ပျံသန်း ဝင်ရောက်လာသည်။

"လုယောင် ငြိမ်းချမ်းစွာ အနားယူပါ"

ယွမ်ရှောင်၏ စကားအဆုံးတွင် လုချန်ဖုန်း၏ ဘယ်မျက်လုံး ပေါက်ထွက်သွားကာ ကြောက်စိတ်နှင့် မျှော်လင့်ချက်မဲ့စွာ ဖြည်းဖြည်းချင်း လဲကျသွားသည်။ ထို့နောက် သူက တစ်ချက်ပင် လှည့်မကြည့်ဘဲ တောင်ကြားအတွင်း ပြန်လည် ဝင်ရောက်သွားသောအခါ စွန်းရှောင်ချီ ကြောက်လွန်းသဖြင့် မြေကြီးပေါ် လဲကျကာ တဆတ်ဆတ် တုန်ရီနေ၏။ တစ်ကိုယ်လုံး သွေးများ ပေကျံနေသော အဖြူရောင်ဝတ် လူငယ်လေး၏ ချောမောခန့်ညားသော မျက်နှာသည် သူမအတွက် သေမင်းတမန်အလားပင်။

"ဒီမှာ စောင့်နေ။ ဘယ်မှ မသွားနဲ့။ နားလည်လား"

"ဟုတ်...ဟုတ်ကဲ့"

"ကောင်းကင်ပျံသန်းမြို့တော်ကို ပြန်ရောက်ရင် မင်းကို နောက်ထပ် ထမင်းတစ်နပ် လိုက်ကျွေးပါ့မယ်။ ဒါပေမယ့် ဒီညတော့ ဆန်ဂျူမြို့ တံခါးမှာ အလောင်း ၁၃ခု ချိတ်ဆွဲရဦးမယ်ကွာ"

"ဟင် နောက်တစ်ယောက်က ငါလား"

စွန်းရှောင်ချီ တုန်တက်သွားပြီး ရှိုက်ကြီးတငင် ငိုကြွေးလိုက်သော်လည်း တစ်ဖက်လူသည် သူမကို လက်ဖျားနှင့်ပင် မထိဘဲ ရုတ်တရက် ပျောက်ကွယ်သွား၏။

တောင်ထိပ်အပေါ်တွင် လုချန်သည် သံလိုက်အိမ်မြှောင်ကို အာရုံစိုက်နေပြီး ကျူးကျော်ဝင်ရောက်လာသူ ရှိ မရှိ စောင့်ကြည့်နေခဲ့သည်။ နောက်ဆုံးတွင် တစ်စုံတစ်ယောက်က တောင်ကြားအပြင်သို့ ဖောက်ထွက်လာသည်ကို မြင်လိုက်ရပြီး မြင်ကွင်းကို စိုက်ကြည့်လိုက်သောအခါ လုချန်ဖုန်းနှင့် လုယောင် အပြင်းအထန် တိုက်ခိုက်နေကြောင်း တွေ့လိုက်ရ၏။

"ဘာတွေ ဖြစ်ကုန်တာလဲ။ တစ်ခုခု အမှားအယွင်း ဖြစ်သွားတာလား"

၎င်းက အစီအစဥ်နှင့် လွဲချော်နေသဖြင့် မျက်နှာထား ပြောင်းလဲသွားကာ အရေးကြုံလျှင် လုချန်ဖုန်းကို ကူညီပေးရန် တောင်ကြားအတွင်း အလျင်စလို ဆင်းလာခဲ့သည်။ ထိုအချိန်တွင် အဖြူရောင် အရိပ်တစ်ခု ရုတ်တရက် ခုန်ထွက်လာကာ လမ်းပိတ်ထားပြီး သွေးတစက်စက် စီးကျနေသော ဓားကို ကိုင်ထားရင်း သူမအား ပြုံးပြနေခဲ့လေသည်။

"လုချန် အင်မော်တယ်ကျောက်စိမ်းမိုင်းတွင်းတစ်ခု မင်း ခိုးထုတ်ထားတယ်လို့ ငါ ကြားတယ်"

အပိုင်း ၅၃၆ - သူငယ်ချင်းအတွက်

"လုယောင်"

လုချန်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး ရှေ့ရှိ လူငယ်လေးကို စိုက်ကြည့်နေစဉ် ထူးဆန်းသော အမူအရာအဖြစ် ပြောင်းလဲသွားသည်။ အန္တရာယ်ကင်းမဲ့ပုံ ပေါက်လောက်အောင် ချောမောခန့်ညားနေသော်လည်း အဝတ်အစားများအထက် သွေးစွန်းနေသည်များကို သူမ သတိထားမိလိုက်၏။

"နင်က ငါ့ကို ဘာမေးလိုက်တာလဲ"

သူမက မျက်မှောင်ကြုတ်ပြီး ယွမ်ရှောင်အပေါ် အကြည့်များတွင် မသက်မသာနှင့် စိတ်အနှောင့်အယှက်ဖြစ်လာကာ အင်မော်တယ် ကျောက်စိမ်း မိုင်းတွင်းအကြောင်း ပြောသည်ကို ကြားလိုက်ရသောကြောင့်ပင်။

"မင်းက အင်မော်တယ် ကျောက်စိမ်း မိုင်းတွင်း တစ်ခု ပိုင်တယ်လို့ ငါ ကြားဖူးတယ်လို့ ပြောလိုက်တာ"

ယွမ်ရှောင်က သူမဆီသို့ ခြေလှမ်းလှမ်းလာရာ ခြေတစ်လှမ်းချင်းစီတိုင်းတွင် သူ၏စွမ်းအား ပိုမို ကြီးမားလာ၍ အင်မော်တယ် အစောပိုင်းအဆင့်တွင်သာ ရှိသေးသော်လည်း အနှစ်သာရ ပုံဖော်ခြင်းနှင့် နီးကပ်နေပြီ ဖြစ်သည်။

အကြည့်များသည် ယွမ်ရှောင်ကို ကျော်လွန်သွားပြီး နောက်ကျောဘက်သို့ အေးစက်စွာ လှမ်းကြည့်လိုက်သည်။

"သခင်လေး ဘယ်မှာလဲ။ ကျန်းလန်ယွဲ့ရော ဘယ်ရောက်နေလဲ"

"သေပြီ"

ယွမ်ရှောင်၏ အဖြေမှာ ပြတ်သားပြီး လက်ထဲတွင် ဓားကို ကိုင်လျက် မျက်တောင်တစ်ခတ် အတွင်း လုချန်၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာသည်။

တစ်ချက် ကြည့်လိုက်ရုံဖြင့် လုချန်က ကြောက်မက်ဖွယ်ရာ အမှန်တရားကို သဘောပေါက်လိုက်သည်။

"နောက်ကွယ်မှာ ဘယ်သူမှ မရှိခဲ့ဘူး။ ဒီကောင်လေးက သိုးရေခြုံထားတဲ့ ဝံပုလွေပဲ"

သေရေးရှင်ရေး အခိုက်အတန့်တွင် သူမ၏ သံလိုက်အိမ်မြှောင်ကို ရုတ်တရက် မြှောက်လိုက်သောအခါ လည်ပတ်သွားပြီး ယွမ်ရှောင်ကို ပိတ်ဆို့ထားရန် နံရံတစ်ခု အဖြစ် ပြောင်းလဲသွား၏။ သို့သော် အဖြူရောင် အရိပ်တစ်ခု ဖြတ်ခနဲ လက်သွားပြီး ယွမ်ရှောင်သည် ဓားနှင့်အတူ လေဟာနယ်ထဲမှ ထွက်ပေါ်လာကာ သူမ သတိမထားမိခင်မှာပင် ကျောကို ဓားထောက်ပြီးသား ဖြစ်၍ သေခြင်းတရား၏ အရိပ်မည်းကြီး လွှမ်းခြုံလာသည်။ သူမသည် လုချန်ဖုန်းအောက် အားနည်းသူ ဖြစ်ရာ ယွမ်ရှောင်၏ တိုက်ခိုက်မှုကို မခံနိုင်သည်မှာ သဘာဝပင်။

"အား"

လုချန်၏ ခန္ဓာကိုယ် ချက်ချင်း တောင့်တင်းသွားပြီး၊ နဖူးပေါ်တွင် ချွေးစေးများ ထွက်လာကာ မျက်နှာတစ်ခုလုံး သွေးဆုတ်ပြီး ဖြူဖျော့သွား၏။

"မနက်ဖြန်၊ ဆန်ဂျူမြို့ တံခါးဝမှာ အလောင်း ၁၃ လောင်း ချိတ်ဆွဲထားလိမ့်မယ်။ မင်းက နောက်ဆုံးလူပဲ"

ယွမ်ရှောင်၏ အသံသည် အေးစက်စွာ ထွက်ပေါ်လာသည်။

"လုယောင်"

သူမက အရာအားလုံးကို အခုမှ နားလည်သွားပြီး အန္တရာယ်ကင်းပုံ ပေါက်သော သိုးငယ်လေး တစ်ကောင်သည် ၎င်း၏ အစွယ်များကို ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်၍ အသံများ အလွန်တုန်ရီနေသည်။

"ငါ့မှာ အင်မော်တယ် ကျောက်စိမ်း မိုင်းတွင်း တစ်ခု ရှိတယ်။ အဲဒါကို မတူးရသေးဘူး။ ပြီးတော့ နင် တည်နေရာကို မသိဘူး"

"ငါသာ အဲဒါ ဘယ်မှာလဲဆိုတာ သိရင် မင်း အခုလောက်ဆို သေနေလောက်ပြီ"

"ဟုတ်တယ်၊ ဟုတ်တယ်။ ငါ နင့်ကို ခေါ်သွားပေးလို့ ရတယ်။ ပြီးတော့ နောက်ထပ် အများကြီးလည်း လုပ်ပေးနိုင်တယ်။ စီရင်သူတွေ အများကြီးကို သတ်ထားတာမို့ အပြစ်ကင်းအောင် လုပ်ဖို့ လိုတယ် မဟုတ်လား။ ငါ ကူညီနိုင်တယ်"

သူမ၏ ခန္ဓာကိုယ် တဆတ်ဆတ် တုန်ရီနေပြီး ဖြည်းဖြည်းချင်း လှည့်လာကာ ကြောက်လန့်တကြား ပြောလိုက်သည်။

ကောင်းကင် သင်္ချိုင်းဓားဝိညာဉ်ကို မြင်လိုက်ရသောအခါ လုချန်၏ မျက်လုံးများ ပြူးကျယ်သွားကာ အသက်ပင် ရဲရဲ မရှူရဲဘဲ ဖြည်းဖြည်းချင်း ဒူးထောက်ချလိုက်ကာ မျက်ဝန်းတွင် မျက်ရည်များ ပြည့်လျှံနေပြီး သနားစရာကောင်းသော အသံဖြင့် ဆက်ပြောသည်။

"ငါ၊ ငါ အသက်ရှင်ချင်တယ်။ မသေချင်ဘူး။ ငါ အသက်ရှင်နေသရွေ့ နင့်နာမည် ကင်းစင်ဖို့အတွက် အရာအားလုံး လုပ်ပါမယ်"

"ငါ မင်းကို ဘာလို့ ယုံရမှာလဲ။ မင်းသာ ရာထူးပိုကြီးတဲ့ စီရင်သူနဲ့ တွေ့ပြီး တိုင်လိုက်ရင် ဘယ်လိုလုပ်မလဲ"

ယွမ်ရှောင်က မဲ့ပြုံးပြုံးလိုက်သည်။

လုချန်၏ ဦးနှောက်သည် အလျင်အမြန် အလုပ်လုပ်နေပြီး ယွမ်ရှောင် ယုံကြည်လောက်မည့် အရာတစ်ခုခုကို ပေးရန် အသည်းအသန် ကြိုးစားနေသည်။

"မင်း စဉ်းစားနေစရာ မလိုဘူး။ ငါ့မှာ နည်းလမ်းတစ်ခု ရှိတယ်

"ဟုတ်ကဲ့။ နင့်နည်းအတိုင်း လုပ်ကြတာပေါ့"

လုချန်က ဒုတိယအကြိမ် ပြန်မမေးဘဲ အလျင်အမြန် သဘောတူလိုက်သည်။

"အဲဒီလောက် ပြတ်သားတာလား။ မင်းက တကယ် သေမှာ ကြောက်ပုံရတယ်"

လုချန်က မျက်ရည်များ ကျဆင်းလာပြီး ပြန်ဖြေ၏။

"လူတိုင်းမှာ အသက်တစ်ချောင်းပဲ ရှိတာလေ၊ ဘယ်သူက အသက်မရှင်ချင်ဘဲ နေမှာလဲ။ နောက်ဘဝ ရှိတယ်ဆိုရင်တောင် ဝက်တစ်ကောင် အဖြစ် ဆင်းရဲဒုက္ခ ခံရတဲ့ ဘဝမျိုး ရောက်သွားရင် ဘယ်လိုလုပ်မလဲ။ လုယောင်၊ နင် ဘာလုပ်ချင်လုပ်ချင် လုပ်သာလုပ်လိုက်ပါ။ ငါ့ကို ယဉ်ကျေးနေစရာ မလိုပါဘူး။ ငါ့အသက်ကိုသာ ချမ်းသာပေးပါ"

သေခြင်းတရားဆိုသည်က မျက်လုံးမှိတ်လိုက်သလောက် မရိုးရှင်းဘဲ လူတိုင်း၏ ဘဝသည် နှစ်ရှည်လများ ဆန္ဒများ၊ အမှတ်တရများနှင့် ချစ်ရသူများဖြင့် ပြည့်နှက်နေကာ အသက်ရှင်ရပ်တည်ရန်အတွက် ခြွင်းချက်မရှိ အညံ့ခံမှုက ဉာဏ်ရည်ထက်မြက်ကြောင်း ပြသနေသည်။ အချို့လူများသည် ညှိနှိုင်းရန် အင်အားမရှိကြောင်း သိသော်လည်း ခေါင်းမာစွာ တင်းခံနေတတ်ကြပြီး ပိုမို ဆိုးရွားသော အဆုံးသတ်နှင့် ရင်ဆိုင်ကြရ၏။

"ကောင်းပြီ"

မိုင်းတွင်းတည်နေရာကို မသိသေးသဖြင့် ယွမ်ရှောင် အချိန်မဖြုန်းချင်ပေ။ သူသည် အစိမ်းရောင် ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်လိုက်ပြီး လိုက်လာရန် လက်ဟန်ပြလိုက်သောအခါ လုချန်သည် မတ်တတ်ပင်မရပ်ရဲဘဲ လေးဘက်ထောက်ကာ တွားသွားလာခဲ့သည်။ ထို့နောက် သူမ၏ နှုတ်ခမ်းကို ကိုက်လျက် ယွမ်ရှောင်ကို အားငယ်စွာ တစ်ချက်ကြည့်ပြီး သံချပ်ကာကို ချွတ်ပေးရန် လက်လှမ်းလိုက်သည်။

"မင်း ဘာလုပ်နေတာလဲ"

"နင်က ငါ့ကို ယုံလို့ရမယ့် နည်းလမ်း ရှိတယ်လို့ ပြောတယ်လေ။ ငါ့ခန္ဓာကိုယ်ကို ပေးအပ်ရမယ်လို့ ထင်လိုက်တာပါ"

"စိတ်ကူးယဉ်မနေနဲ့"

ယွမ်ရှောင်၏ နဖူးရှိ အသက်တံဆိပ် လင်းလက်လာပြီး ဒေါင်လိုက် ကွဲအက်သွားကာ ခရမ်းရောင် မျက်လုံးတစ်လုံး ပေါ်ထွက်လာသည်။

" မင်းရဲ့ စိတ်ကို သန့်စင်ပစ်မယ်။ မင်းရဲ့ ဝိညာဉ်ကို လျှော့ချထား။ နည်းနည်းလေး ခုခံဖို့ ကြိုးစားရင်တောင် ဓားတစ်ချက်တည်းနဲ့ မင်းမျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်"

"ဟုတ်ကဲ့။ မြန်မြန် လုပ်ပါ"

လုချန်က ကြောက်လန့်တကြား တုန်ရီနေပြီး မခုခံရဲဘဲ မကျေနပ်ကြောင်း ပြသမိလျှင် သေဆုံးသွားနိုင်သဖြင့် ယွမ်ရှောင် အလိုကျ လိုက်လျောခဲ့ရသည်။ အမှောင်ထဲတွင် ဝိညာဉ် မျက်လုံး၏ ထိန်းချုပ်စွမ်းအားသည် သူမ၏ ဦးနှောက်ကို ချက်ချင်း ကျူးကျော်ဝင်ရောက်လာပြီး ဝိညာဉ်အနက်ပိုင်းသို့ပင် စိမ့်ဝင်သွား၏။ ၎င်းက သိမ်မွေ့ပြီး အစွမ်းထက်လွန်း၍ မည်သူမှ ယွမ်ရှောင်၏ တည်ရှိမှုကို အာရုံခံနိုင်မည် မဟုတ်ချေ။ ထို့နောက် ခရမ်းရောင် အလင်းတန်းတစ်ခုက သူမ၏ မျက်ဝန်းများကို ဖြတ်သန်းသွားပြီး လျင်မြန်စွာ မှေးမှိန်ပျောက်ကွယ်သွားသည်။

"သခင်"

သူမက ခေါင်းကိုက်လာသကဲ့သို့ ခံစားရပြီး ခေါင်းခါလိုက်ရာ ယွမ်ရှောင်၏ နတ်ဘုရားဆန်သော ရုပ်သွင် မျက်လုံးထဲတွင် တဖြည်းဖြည်း ကြည်လင်လာ၏။

"သွားကြစို့"

ယွမ်ရှောင်က မတ်တတ်ရပ်ပြီး ပြောလိုက်သည်။

"ဟုတ်ကဲ့"

လုချန် ဒူးထောက်ထားသည်မှာ ကြာပြီဖြစ်၍ မတ်တတ်ရပ်လိုက်သောအခါ ယိုင်နဲ့သွားကာ ကိုယ့်ကိုကိုယ် ထိန်းပြီး စွဲလမ်းနေသော အကြည့်ဖြင့် လျင်မြန်စွာ လိုက်ပါသွားသည်။ ဝိညာဉ် မျက်လုံး ၏ စွမ်းရည်သည် ရိုးရှင်းကာ တစ်စုံတစ်ဦးအပေါ် ဝိညာဉ်ရေးရာ လွှမ်းမိုးရန်သာ လိုအပ်ပြီး သူ့အပေါ် လုံးဝ သစ္စာရှိသွားစေသည်။ ထို့ကြောင့် သူမ၏ လုပ်ရပ်အားလုံးသည် သူ့ကို ကာကွယ်ရန် ဖြစ်လာပေလိမ့်မည်။ ကောင်းကင်ရုံးတော်တွင် ယွမ်ရှောင်သည် လွတ်လပ်စွာ သတ်ဖြတ်၍ မရသောကြောင့် သဲလွန်စနှင့် ခြေရာများကို ဖုံးကွယ်ရန် ဝိညာဉ် မျက်လုံးကို လိုအပ်သည်။

ယွမ်ရှောင်နှင့် လုချန် တို့ အမှောင်ထဲမှ တောင်ကြားသို့ ထွက်လာသောအခါ နေရာတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသော စွန်းရှောင်ချီသည် မလှုပ်ရဲတော့ဘဲ ငိုချလိုက်မိသည်။

"တကယ်ပဲ ငါက ၁၃ လောင်းမြောက် အလောင်းလား"

"မကြောက်ပါနဲ့။ ငါ စိတ်ပြောင်းသွားပြီ။ ဒီည ၁၂ လောင်းပဲ ချိတ်တော့မယ်"

အင်မော်တယ် ကျောက်စိမ်း မိုင်းတွင်းက မတူးဖော်ရသေးသည့်အပြင် လုချန်က အလိုက်သိသောကြောင့် ယွမ်ရှောင်က သူမကို အသက်ချမ်းသာ ပေးလိုက်သည်။

"နင် ငါ့ကို မသတ်ဘူးလား" ဆွန်းရှောင်ချီ၏ မျက်နှာ ဖြူဖျော့နေပြီး သူမ ပတ်ဝန်းကျင်ရှိ စီရင်သူများ၏ အလောင်းများကို ညွှန်ပြကာ မေးမိသည်။

"ဒါ..ဒါပေမယ့် နင် ငါ့ကို နှုတ်ပိတ်မပစ်ရင် လျှို့ဝှက်ချက် ပေါက်ကြားမှာ မကြောက်ဘူးလား"

"မကြောက်ဘူး"

"ဘာလို့လဲ"

စွန်းရှောင်ချီက ကြောင်တောင်တောင်ဖြင့် ဆက်မေးလိုက်သည်။

"ဘာလို့လဲဆိုတော့ နင်က လူကောင်းတစ်ယောက် ဖြစ်ပြီး ငါတို့က သူငယ်ချင်းတွေမို့လို့လေ။ ငါ လူကောင်းတွေကို မသတ်ဘူး။ သူငယ်ချင်းတွေကိုလည်း သစ္စာမဖောက်ဘူး"

"ငါက အရမ်း ပျင်းတယ်၊ လောကကြီးရဲ့ သဘာဝကိုလည်း နားမလည်ဘူး၊ ယုံကြည်လောက်တဲ့ စကားလုံးတွေနဲ့လည်း မပြောတတ်ဘူး။ ငါလို လူမျိုးမှာ တကယ်ပဲ သူငယ်ချင်း ရှိနိုင်လို့လာ?"

"နင်လို လူမျိုးတွေက အကောင်းဆုံး သူငယ်ချင်းတွေပဲ"

ယွမ်ရှောင်က သက်ပြင်းချလိုက်သည်။ "အဆင့်အတန်း ခွဲခြားဆက်ဆံတာ ရက်စက်တဲ့ ကမ္ဘာကြီးမှာ နင့်လို ရိုးသားစစ်မှန်တဲ့ လူမျိုးတွေက ရှားတယ်"

"တကယ်လား။ ငါက အဲဒီလောက် ကောင်းလို့လား"

သူမက ကိုယ့်နားကိုယ် မယုံနိုင်အောင် ဖြစ်နေသည်။

"ဟုတ်တယ်။ ကောင်းကင်ရုံးတော် က နင်လို စစ်မှန်ပြီး ဖြူစင်တဲ့ လူတွေကို လိုအပ်တယ်။ နင့်ကို မသတ်တာက ငါ့အတွက် အန္တရာယ် ရှိတယ် ဆိုရင်တောင် စစ်မှန်တဲ့ သူငယ်ချင်းသံယောဇဉ်အတွက် ငါ အဲဒီ အန္တရာယ်ကို လက်ခံဖို့ ဆန္ဒရှိတယ်။"

"လုယောင်၊ ဘယ်သူကမှ ငါ့ကို ဒီလို စကားမျိုး မပြောဖူးဘူး။ ငါ အရမ်း ကြည်နူးမိတယ်"

"ဒါဆို၊ မင်း အခု ဘာဆက်လုပ်မလဲ"

ယွမ်ရှောင်က မေးလိုက်သည်။

"ငါ ဆုံးဖြတ်လိုက်ပြီ။ နင့်ရဲ့ ယုံကြည်မှုကို ကျေးဇူးဆပ်ဖို့ ငါ့ကိုယ်ငါ နင့်ဆီ ပုံအပ်လိုက်ချင်တယ်"

"လခွမ်း"

ယွမ်ရှောင်က ဆွံ့အသွားသဖြင့် သူမ နှုတ်ခမ်းဆူလိုက်၏။

"နောက်မနေနဲ့။ ငါ့နာမည် ကင်းစင်အောင် ကူညီဖို့ မင်းကို လိုတယ်"

သူက လေးနက်စွာ အကူအညီတောင်းခဲ့ပြီး သူမသည်လည်း အသက်ပြင်းပြင်း ရှူပြီး အံကြိတ်ကာ မငြင်းဆန်ခဲ့ပေ။

"ကောင်းပြီ"

"မင်း သေချာလို့လား။ မင်း ငါ့အတွက် လိမ်ပြောပေးရင်းနဲ့ အမှုပေါ်သွားခဲ့ရင် မင်းပါ ရောပြီး ဒုက္ခရောက်မှာနော်"

"ငါ သေချာတယ်။ နင် ငါ့ကို လွယ်လွယ်လေး သတ်ပစ်ပြီး အန္တရာယ် အားလုံးကို ရှောင်လို့ ရမှန်း သိတယ်။ ဒါပေမယ့် နင် ငါ့ကို လေးစားပြီး သူငယ်ချင်းသံယောဇဉ်အတွက် စွန့်စားပေးတယ်။ ငါက အသုံးမကျပေမယ့် သူငယ်ချင်းတွေ အတွက်ဆိုရင် ရေမီးကို ဖြတ်ကျော်ရပါစေ မငြင်းဘူး"

"ကောင်းတယ်"

သူမ၏ လေးနက်သော စကားများကြောင့် ယွမ်ရှောင် စိတ်သက်သာရာရစွာ ပြုံးလိုက်သည်။ အင်မော်တယ် လမ်းစဉ်တွင် လူသားများသည် မူလစိတ်ရင်း ပျောက်ဆုံးပြီး အေးစက်ကာ လောဘကြီးသူများဖြစ်လာရန် လွယ်ကူသည်။ သူ၏ ခရီးလမ်းတစ်လျှောက်တွင် တွေ့ခဲ့ဖူးသော လူသားဆန်မှုသည် ကမ္ဘာကြီးက အမှောင်ထုသက်သက်နှင့် ပြည့်နှက်နေခြင်း မဟုတ်ကြောင်း ယုံကြည်စေခဲ့သည်။ ဤသို့သော လူမျိုးများနှင့် တွေ့ကြုံရသောအခါ သူသည် အရှုံးအမြတ်ကို ဂရုစိုက်တော့မည် မဟုတ်ဘဲ အကယ်၍ သစ္စာဖောက်ခံရလျှင်လည်း လက်ခံရန် ပြင်ဆင်ထား၏။ သူသည် အကျိုးကို မျှော်ကိုးသော သတ်ဖြတ်ရေး စက်ယန္တရား မဖြစ်လိုသည့်အပြင် နှလုံးသားရှိ အလှပဆုံး မျှော်လင့်ချက်များကို ဆုပ်ကိုင်ထားချင်သေးသည်။ ထို့ကြောင့် စွန်းရှောင်ချီကို ထိန်းချုပ်ရန် ဝိညာဉ် မျက်လုံး ကို အသုံးပြုဖို့ပင် သူ ရှောင်ရှားကာ ထိုသို့ပြုလုပ်ခြင်းသည် သူငယ်ချင်းမိတ်ဆွေ ဟူသော စကားလုံးကို ညစ်ညမ်းစေမည် ဖြစ်သောကြောင့်ပင်။

"လုယောင်၊ သူကရော သူငယ်ချင်းပဲလား"

စွန်းရှောင်ချီက ခေါင်းကုတ်၍ လုချန်ကို ညွှန်ပြလိုက်သောအခါ သူ ပြတ်သားစွာ ခေါင်းခါပြလိုက်လေသည်။

"မဟုတ်ဘူး၊ သူက ရုပ်သေးတစ်ရုပ်ပဲ"

All Chapters