← Chapters

အခန်း (၅၄၃-၅၄၄)

Vol. 41 Ch. 543-544

အခန်း (၅၄၃-၅၄၄)

Vol. 41 Ch. 543-544

အပိုင်း ၅၄၃ - တိုက်ခိုက်ရန် ထွက်ပေါ်လာခြင်း

အပြင်ဘက်တွင်၊ ဆူညံနေသော လူအုပ်ကြီးသည် ငြိမ်သက်သွားပြီး အကြည့်များကို စီရင်သူ အုပ်စုထံ ရိုသေလေးစားစွာ လှည့်လိုက်ကြသည်။

"တရားသူကြီး အင်မော်တယ် ကိုယ်တိုင် ကြီးကြပ်နေတာလား"

မျက်စိအားလုံးသည် အလယ်တွင် ရပ်နေသော ပုံရိပ်တစ်ခုသို့ ချက်ချင်း စူးစိုက်သွားကြ၏။ ထိုလူသည် အရပ်မြင့်မားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး သံချပ်ကာ၏ အစိတ်အပိုင်း အများစု ရွှေရောင် တောက်ပနေကာ ကြောက်မက်ဖွယ်ကောင်းသော အာဏာစက် အရှိန်အဝါကို ထုတ်လွှင့်ရန် ဒီဇိုင်းထုတ်ထားပုံရသည်။ သံခမောက်အောက်တွင် ကြမ်းတမ်းသော မျက်နှာတစ်ခု ရှိပြီး ချိုင့်ဝင်နေသော မျက်လုံးများ၊ နှာခေါင်းကောက်ကောက် နှင့် ထူထပ်သော မျက်ခုံးဖြူများက သူ့ကို ကောင်းကင်ရုံးတော်၏ သိမ်းငှက်တစ်ကောင်နှင့် တူစေကာ အားလုံး၏ အာရုံကို ဖမ်းစားထား၏။ ၎င်းက အဆင့် ၆ တရားစီရင်ရေး အရာရှိ လျူကျိုးယွီ ဖြစ်ကာ ကောင်းကင်အုပ်စိုး အိမ်တော် ကိုလည်း ကြီးကြပ်သည်။ ရာထူးအရ ကုန်သွယ်ရေးကို တာဝန်ယူရသော သခင်ကြီးလုနှင့် ပခုံးချင်းယှဉ်နိုင်ပြီး အာဏာပိုင်းတွင် တရားစီရင်ရေး ရာထူးက အနည်းငယ် အသာစီးရသည်။ သူ၏ ဘေးတွင် ကာကွယ်သူ အတော်များများနှင့် စီရင်သူ တပ်မှူး ဒါဇင်ပေါင်းများစွာ ရပ်နေကြကာ လျူမူလည်း ထိုနေရာတွင် ရှိနေသဖြင့် ကောင်းကင်အုပ်စိုး အိမ်တော် သည် ကောင်းကင်ရုံးတော်၏ ပြိုင်ပွဲကို အလွန် အလေးထားကြောင်း ရှင်းလင်းနေ၏။

"တရားစီရင်ရေး အင်မော်တယ် ရဲ့ လေးနက်တဲ့ အမူအရာက စာရင်းသွင်းထားတဲ့ ခြောက်ယောက်အကြောင်း သိနေတယ်ဆိုတဲ့ သဘောပဲ ဖြစ်ရမယ်"

တစ်စုံတစ်ယောက်က တီးတိုးပြောလိုက်သည်။

လျူကျိုးယွီသည် စာရင်းသွင်း ဆိုင်းဘုတ်ကို တစ်ချက်ကြည့်ပြီးနောက် သိမ်းငှက်ကဲ့သို့ မျက်လုံးများကို စီရင်သူ တပ်ဖွဲ့များသို့ ပြန်လှည့်ကာ အမိန့်ပေးလိုက်သည်။

"လုယောင်၊ ရှေ့ထွက်ခဲ့"

အားလုံး၏ အကြည့်များသည် ဤပြိုင်ပွဲနှင့် မသက်ဆိုင်သော်လည်း မရည်ရွယ်ဘဲ အဓိက အာရုံစိုက်ခံရသူ ဖြစ်လာသော လူငယ်လေးသို့ ချက်ချင်း ရောက်သွားကြသည်။

ပတ်ဝန်းကျင်ရှိ လူအုပ်ကြီး ကွဲထွက်သွားသဖြင့် ယွမ်ရှောင်သည် ရှေ့သို့ လှမ်းထွက်လာပြီး လျူကျိုးယွီ အနားသို့ ချဉ်းကပ်သွားသည်။

"မင်းနဲ့ မင်းအစ်ကိုက သိပ်မတူကြဘူး"

လျူကျိုးယွီ က မှတ်ချက်ချလိုက်၏။

"ဟုတ်ပါတယ်"

သို့သော် စိတ်ထဲတွင် လုအန်း ကောင်းကင်ရုံးတော် သို့ ပြန်ရောက်ပြီးနောက် မည်သူ့ကို သွားရောက်ရှာဖွေခဲ့ကြောင်း မစဉ်းစားဘဲ မနေနိုင်ခဲ့ပေ။ အထူးသဖြင့် အင်မော်တယ် သုံးပါး၏ နောက်ကွယ်တွင် မက်မွန်ပန်း အင်မော်တယ် ရှိနေကြောင်း သိပြီးနောက်တွင် သူ့ကို အထင်သေးခဲ့သော အနာဂတ် ယောက္ခမလောင်း လျူကျိုးယွီ ဖြစ်နိုင်ချေများ၏။ ယွမ်ရှောင်သည် သံသယများကို ထိန်းသိမ်းထားပြီး လောလောဆယ် ပို၍ နက်ရှိုင်းစွာ မစူးစမ်းရန် ရွေးချယ်လိုက်သည်။

လျူကျိုးယွီက သူ့ကို ကြည့်ပြီး ရုတ်တရက် ပြုံးကာ ပခုံးပေါ် လက်တင်လိုက်ပြီး လူအများကို မျက်နှာမူကာ အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။

"ဒီမှာ ရပ်နေတာ အလုပ်သင် စီရင်သူ ဆိုပေမယ့် သူက လှောင်ပြောင်မှုတွေကို ရင်ဆိုင်ရဲတဲ့ သတ္တိရှိပြီး တခြားသူတွေ မကျော်ဖြတ်နိုင်ဘူးလို့ ထင်တဲ့ တောင်ထိပ်တွေကို စိန်ခေါ်ရဲတယ်။ ဒီလို စိတ်ဓာတ်မျိုးက စီရင်သူ တိုင်း ရှိသင့်တဲ့ အရာပဲ"

လူအများစုက ထိုချီးကျူးမှုများကို လိုက်လံထောက်ခံခဲ့ကြသော်လည်း နှုတ်ခမ်းများအထက်တွင် လူမိုက်လူဖျင်းဟု ဆိုလိုသော လှောင်ပြုံးကိုယ်စီ ရှိနေကြ၏။

"တခြား စာရင်းသွင်းထားသူတွေ အားလုံး ရောက်လာကြပြီလား"

လျူကျိုးယွီက မေးလိုက်သော်လည်း ရှင်းလင်းစွာပင် မည်သူမှ မရောက်လာသေးပေ။ ထိုအချိန်တွင် အဝေးမှ တောင်တန်းကြီးများကဲ့သို့ ကြီးမားသော ရောင်စုံ တိမ်တိုက်ကြီး တစ်ခုက အင်မော်တယ် အများအပြားကို သယ်ဆောင်ပြီး ထိုနေရာသို့ ဆင်းသက်လာသည်။

"အဲဒါ မြို့စားကျန်းပဲ"

ကောင်းကင်ပျံသန်းမြို့တော်၏ အမြင့်ဆုံး အာဏာပိုင် နှင့် မြို့၏ တစ်ဦးတည်းသော အဆင့် ၅ ကောင်းကင် အရာရှိအနေဖြင့် သူ ရောက်ရှိလာ၍ အာရုံစိုက်မှုကို ချက်ချင်းပင် အထွတ်အထိပ်သို့ ရောက်ရှိသွားစေသည်။

"ဒီနှစ် မိုးကြိုး ဌာနဆီ သွားမယ့် အဖွဲ့ကို မြို့စားကျန်း ကိုယ်တိုင် ဦးဆောင်သွားမယ့်ပုံပဲ"

"ဟုတ်တယ်။ သူက အဲဒီမှာ ရာထူးသစ် သွားလက်ခံတော့မှာလေ။ ပြီးတော့ ပြိုင်ပွဲဝင်မယ့် သမီး နှစ်ယောက်လည်း သူနဲ့ အတူတူ ပါတယ်။ သူတို့နဲ့ ရင်းနှီးကျွမ်းဝင်ဖို့ အခွင့်အရေးကောင်းပဲ"

"အဆင့် ၅ အင်မော်တယ် မြို့စားကနေ သူက ကြီးမြတ်တဲ့ ရွှေရောင် အင်မော်တယ်အဆင့်ကို တက်တော့မှာပဲ"

မြို့စား အင်မော်တယ် ဟူသော အသုံးအနှုန်းသည် ကောင်းကင်ရုံးတော် ၏ စီရင်ပိုင်ခွင့် နယ်မြေတစ်ခုကို အုပ်ချုပ်သူဟု အဓိပ္ပာယ်ရပြီး ပုံမှန်အားဖြင့် ကောင်းကင်ရုံးတော်၏ အချက်အချာနှင့် အလွန်ဝေးကွာသော ရာထူးတစ်ခုဖြစ်သည်။ သို့သော် ရွှေရောင် အင်မော်တယ် အဆင့်သို့ တက်လှမ်းခြင်းသည် မိုးကြိုး ဌာနသို့ တာဝန်ချထားခံရလျှင်ပင် ကောင်းကင်ရုံးတော်၏ အတွင်းပိုင်း အာဏာစက်ဝန်းသို့ ဝင်ရောက်သွားခြင်းဟု ဆိုလို၏။

ယွမ်ရှောင် လှည့်ကြည့်လိုက်ရာ ကျန်းထိုက်ပင်းသည် သူ ထင်ထားသလောက် ကြီးကျယ်ခမ်းနားမှု မရှိကြောင်း တွေ့လိုက်ရသည်။ ထိုအစား သူ အဖြူရောင် ဝတ်ရုံဝတ်ထားသော သက်ကြီးရွယ်အို တစ်ဦးဖြစ်ကာ လောကကြီး၏ အပြင်ဘက်မှ အလွန် သဘောကောင်းသည့် ရသေ့တစ်ပါးကဲ့သို့ ပုံစံပေါက်နေသည်။ ဘေးတစ်ဖက်တစ်ချက်တွင် အစိမ်းရောင်နှင့် အပြာရောင် ဝတ်စုံ ကိုယ်စီဝတ်ထားသော အမျိုးသမီးငယ် နှစ်ဦးရှိပြီး ထူးထူးခြားခြား လှပကာ ဂုဏ်ယူဝင့်ကြွားစွာ အေးစက်စက် ရပ်နေကြသည်။ သူနှင့်အတူ ကောင်းကင်ပျံသန်းမြို့တော်မှ အခြား အဆင့် ၆ ကောင်းကင် အရာရှိ များလည်း ကောင်းကင်အုပ်စိုး အင်မော်တယ် အိမ်တော် သို့ ရောက်ရှိလာကြသည်။ ကောင်းကင်ပျံသန်းမြို့တော် တစ်ခုလုံးတွင် ဤနေရာမှာ မရှိသူဟူ၍ အဆင့် ၆ ကောင်းကင် အရာရှိ သခင်ကြီးလုသာ ရှိ၏။ အဆင့် ၆ အရာရှိ များသည် ကျန်းထိုက်ပင်းအား ကောင်းကင်ပျံသန်းမြို့တော် ၏ တရားဥပဒေစိုးမိုးရေး၊ ကုန်သွယ်ရေး နှင့် သတ္တုတူးဖော်ရေး အစရှိသည့် တာဝန်များကို အုပ်ချုပ်ရာတွင် ကူညီပေးကြသည်။

ပြိုင်ပွဲတွင် စာရင်းဝင်ထားသော အသက် နှစ်ဆယ်ကျော်အရွယ် အခြား စီရင်သူ တပ်မှူး သုံးဦးသည်လည်း ဤအရာရှိများ၏ သားသမီးများ ဖြစ်ကာ ကျန်းဟိုင်ယန် နှင့် ကျန်းဟယ်ချင်း တို့၏ ဘေးတွင် ရပ်နေကြပြီး ချောမောသော လူငယ် သုံးဦးဖြစ်၍ တစ်ဦးစီသည် ကိုယ်နှုတ်အမူအရာပိုင်းတွင် ကျန်းလန်ယွဲ့ နှင့် လုချန်ဖုန်းတို့ထက်ပင် သာလွန်ကြသည်။

"မြို့စားကျန်း"

လျူကျိုးယွီသည် စီရင်သူ အားလုံးကို ဦးဆောင်ကာ ကျန်းထိုက်ပင်းကို အရိုအသေ ပေးလိုက်သည်။

"လုပ်ထုံးလုပ်နည်းတွေကို ထားလိုက်ပါ။ ဒီနေ့က လူငယ်တွေရဲ့ နေ့ပါ; သူတို့ကိုပဲ အချိန်ပေးလိုက်ကြရအောင်။"

သူ၏ အနောက်တွင် ကောင်းကင် အရာရှိ များက ပြုံးနေကြပြီး စကားနည်းနည်းပင် ထွက်မပြောကြပေ။

"အရည်အချင်းရှိသူ ခြောက်ယောက် စာရင်းသွင်းထားပါတယ်။ ဒါပေမယ့် ဝင်ခွင့်နေရာက ငါးနေရာပဲ ရှိတယ်။ စည်းကမ်းချက်အရ နေရာတစ်နေရာအတွက် တိုက်ခိုက်ဖို့ နှစ်ယောက်ကို ရွေးချယ်ပါမယ်။ နိုင်တဲ့သူက ဝင်ခွင့်ရမယ်၊ ရှုံးတဲ့သူက ထွက်သွားရမယ်"

လျူကျိုးယွီက ဤသို့ကြေညာလိုက်သောအခါ လူအုပ်ကြီးထံမှ တီးတိုးစကားသံများ ထွက်ပေါ်လာ၏။

"လုယောင် တကယ်ပဲ သူ့နေရာ သူ မသိဘူး။ ဘာလို့ ပြဿနာ လာရှာရတာလဲ"

" ဒီပါရမီရှင်တွေထဲက ဘယ်သူ့ကို သူ ကျော်ဖြတ်နိုင်မှာလဲ"

"သူ ခုန်ကိုက်ရင်တောင် သူတို့ရဲ့ ဒူးခေါင်းကို မမီပါဘူး"

ထို့နောက် အစိမ်းရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက် ရှေ့ထွက်လာပြီး လျူကျိုးယွီကို အရိုအသေ ပေးကာ တောင်းဆိုလိုက်သည်။

"လေးစားအပ်ပါသော တရားစီရင်ရေး အင်မော်တယ်၊ ကျွန်တော် တိုက်ခိုက်ချင်ပါတယ်"

အခြား နှစ်ဦးမှာ ထိုအခွင့်အရေး ပါသွားလိုက်ရသည်ကို မြင်သောအခါ၊ နောင်တရသည့် အရိပ်အယောင် အနည်းငယ် ဖြစ်သွားကြသည်။ စည်းမျဉ်းအရ အငယ်ဆုံးနှင့် အားအနည်းဆုံးဖြစ်သော ကျန်းဟယ်ချင်းသည် ဝင်ခွင့် နေရာအတွက် ယွမ်ရှောင် နှင့် တိုက်ခိုက်ရန် ဖြစ်သော်လည်း မိမိသဘောဆန္ဒအရ အစားထိုးခြင်းကို ခွင့်ပြုထားသည်။

ကျန်းဟယ်ချင်းကမူ အစိမ်းရောင် ဝတ်စုံနှင့် လူငယ်ကို တစ်ချက်ကြည့်ပြီး ငေါက်လိုက်သည်။

"မလိုတဲ့ နေရာမှာ ဝင်မပါနဲ့။ ဘေးဖယ်နေစမ်း"

ထို့နောက် သူမသည် အလယ်သို့ လျှောက်သွားကာ လူအုပ်ကြီးကို စိတ်မရှည်ဟန်ဖြင့် လက်ကာပြလိုက်၏။

"နောက်ဆုတ်ကြစမ်း၊ မြင်ကွင်းကို မပိတ်ကြနဲ့။ ငါက ဒီ စောက်ရူး ပြိုင်ဘက်ကို ချေမှုန်းတော့မယ်"

"အခု လုယောင် တကယ် ဒုက္ခရောက်ပြီ။ သူ ပြဿနာကြီးကြီး တက်နေပြီ"

အမှားအယွင်းများ ရှိသော်လည်း ကောင်းကင်ပျံသန်းမြို့တော်၏ ပြည်သူများက လုယောင် အပေါ် သံယောဇဉ် ရှိနေဆဲဖြစ်ပြီး စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာသည်။

"ကောင်းကင်ပျံသန်းမြို့တော် ရဲ့ မင်းသမီးလေးက သူ့ကို သက်သက်ညှာညှာ တိုက်ခိုက်ပြီး အသက်ရှင်ခွင့် ပေးပါစေလို့ မျှော်လင့်ရတာပဲ"

ယွမ်ရှောင်က တည်ငြိမ်စွာ ရှေ့ထွက်လာပြီး ကျန်းဟယ်ချင်းအနားသို့ ကပ်သွားချိန်တွင် သူတို့၏ မျက်နှာများအထက်တွင် စိုးရိမ်စိတ်များ အထင်းသား ပေါ်လွင်နေသည်။

၎င်းကို မြင်သောအခါ လျူကျိုးယွီက မဆိုင်းမတွ ကြေညာလိုက်သည်။

"ဒါဆိုရင် ကျန်းဟယ်ချင်း နဲ့ လုယောင်၊ လူငယ် နှစ်ယောက်အကြားမှာ တိုက်ခိုက်ပြီး အဆုံးအဖြတ်ပေးမယ်"

စီရင်သူများတွင် အချို့က သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာအားရ ပြုံးနေကြကာ အများစုမှာ သာမန်နောက်ခံများမှ လာကြသောကြောင့် နိမ့်ပါးအားနည်းသော်လည်း ဘဝတူ ယွမ်ရှောင် အပေါ် စာနာမှု နည်းပါးကြသည်။

လျူမူတစ်ဦးတည်းသာ ကောင်းကင်အုပ်စိုး အိမ်တော် အဝင်ရှိ သားရဲ ရုပ်တုကို လက်ပိုက်၍ မှီရပ်ကာ အဖြူရောင် သံချပ်ကာ ဝတ်ဆင်ထားသည့် ကြောက်စိတ်ကင်းမဲ့သော လူငယ်လေးအပေါ် နက်ရှိုင်းစွာ စိုက်ကြည့်နေခဲ့လေသည်။

အပိုင်း ၅၄၄ - အရှုံးကို လက်ခံစမ်း

ယွမ်ရှောင်သည် ကျန်းဟယ်ချင်းနှင့် တိုက်ခိုက်ရန် မျက်နှာချင်းဆိုင် ရပ်နေသော်လည်း ပေါ့ပေါ့ပါးပါး ရှိနေသဖြင့် လူအများ၏ ဆွေးနွေးသံများ တစ်ဖန် ထွက်ပေါ်လာကြသည်။

"စီရင်သူ စာမေးပွဲမှာ လုယောင်က အင်မော်တယ်နယ်ပယ်ကို ရောက်ကာစ တိုက်ခိုက်ရေးစွမ်းအားပဲ ရှိခဲ့တာ မဟုတ်လား။ ဒါဆိုရင် တပ်မှူးတစ်ယောက်ကို ယှဥ်နိုင်ဖို့ အများကြီး လိုသေးတယ်"

"အားအနည်းဆုံးဆိုရင်တောင် တပ်မှူးတစ်ယောက်က ပြည့်စုံခြင်းအဆင့် အနှစ်သာရ နယ်ပယ်မှာ ရှိတယ်"

ယင်နယ်ပယ်နှင့် ယန်နယ်ပယ် ကျင့်ကြံသူ ပြည်သူများက နောက်ဆုတ်သွားသဖြင့် တိုက်ခိုက်ရန် ကွက်လပ်တစ်ခု ဖြစ်ပေါ်လာသည်။ ပါရမီနှင့် ပတ်သက်လျှင် ကောင်းကင်ပျံသန်းမြို့တော်၌ ကျန်းဟယ်ချင်းကို ထိပ်တန်းအဖြစ် သတ်မှတ်ထားကာ ယနေ့တွင် ခမ်းနားလှပသည့် သံချပ်ကာ ဝတ်ဆင်၍ အစိမ်းရောင် မျက်ဝန်းများမှာ သစ်တောနတ်သမီးကဲ့သို့ လန်းဆန်းတက်ကြွနေသည်။

"စလိုက်တော့"

သူမက လျူကျိုးယွီကို တိုက်ရိုက်ပင် အမိန့်ပေးခဲ့ပြီး တစ်ဖက်မှလည်း ခေါင်းညိတ်ပြခဲ့သည်။ သွယ်လျသော လက်ချောင်းများအကြားမှ အစိမ်းရောင် ရေစီးကြောင်း ထွက်ပေါ်လာကာ ငါးအုပ်အဖြစ် ပြောင်းလဲ၍ ယွမ်ရှောင်ထံ အကြမ်းပတမ်း ကူးခတ်လာကြ၏။

"ဝုန်း"

တစ်ကိုယ်လုံး ရေစီးကြောင်းအောက် နစ်မြုပ်သွားသဖြင့် လူတိုင်း သူ့ကို ရှုံးနိမ့်ပြီဟု ထင်မှတ်ကြသော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် အထိအခိုက်မရှိ ဖောက်ထွက်ပြခဲ့သည်။

"ဟမ့်"

ကျန်းဟယ်ချင်းက အနိုင်ရပြီဟု ထင်မှတ်၍ လှည့်ထွက်ကာနီးဆဲဆဲတွင် မျက်စိရှေ့တည့်တည့်မှ ရုတ်တရက် ထွက်ပေါ်လာသောကြောင့် မျက်မှောင်ကြုတ်လိုက်မိ၏။ ယွမ်ရှောင်၏လက်အတွင်းမှ မိုးပြာရောင် ဓားမြှောင်တစ်လက် အနီးကပ် ပစ်သွင်းလိုက်ရာ ဓားသမားတစ်ယောက်၏ တိုက်ကွက်မျိုး ဖြစ်၍ သူမ ထိတ်လန့်မသွားချေ။ သို့သော် ခဏအတွင်း ဓားမြှောင်၏ စွမ်းအားက သူမကို တုန်လှုပ်သွားစေလောက်အောင် ပြင်းထန်လာ၍ ဟင်းလင်းပြင် စုတ်ပြဲကာ လွန်သွားတစ်ခုကဲ့သို့ တဝီဝီ ဝင်ရောက်လာခဲ့သည်။

"နင်..နင်"

ကြောက်မက်ဖွယ် ဓားဝိညာဥ်ကြောင့် သူမ၏ မျက်နှာအထက်တွင် အံံ့သြတုန်လှုပ်မှုများ အထင်းသား ဖြစ်တည်လာကာ သေမင်း၏ ခြိမ်းခြောက်မှု နီးကပ်လာခဲ့သည်။ သေရေးရှင်ရေးတွင် မူလဝိညာဥ်ကို ပုံဖော်လိုက်ရာ လူကိုယ်နှင့်ငါးမြှီး ရှိသော ကြီးကျယ်ခမ်းနားသည့် ရေသတ္တဝါတစ်ကောင် ခက်ရင်းကိုင်လျက်သား ထွက်ပေါ်လာ၏။ ချီးကျူးသံများ ညံစည်သွားသဖြင့် ကျန်းဘိုးဘေးများအပေါ် လူတိုင်း လေးစားကြောင်း သိနိုင်သော်လည်း ကျန်းဟယ်ချင်းမှာမူ ကိုယ့်အသက်ကို ကယ်တင်ရန် အသည်းအသန် ကြိုးပမ်းနေရပုံပေါ်သည်။ ရေသတ္တဝါသည် ခက်ရင်းဖြင့် ဓားမြှောင်ကို အတိအကျ ရိုက်ထုတ်ပစ်လိုက်သဖြင့် မီးပွားလွင့်စင်၍ ပစ်မှတ်အား လွဲချော်သွားစေ၏။ သို့သော် ၎င်း၏ ခက်ရင်း၊ လက်မောင်းနှင့် ခန္ဓာကိုယ်တစ်ဝက်ခန့် အစိမ်းရောင်အရည်အဖြစ် ပေါက်ကွဲကာ သူမကိုယ်တိုင်လည်း ယိုင်နဲ့သွားကာ ခြေသုံးလှမ်း နောက်​ဆုတ်ပေးလိုက်ရပြီး နားမလည်နိုင် ဖြစ်နေသည်။

"အဲ့တာက ဘာကြီးလဲ"

ထိုအခိုက်အတန့်တွင် လူအုပ်ကြီးသည်လည်း အံ့အားသင့်ကုန်ပြီး လုယောင်၏ ခွန်အား အစစ်အမှန်ကို နားလည် သဘောပေါက်သွားကြ၏။ သူက ဓားဝိညာဥ်ကို ပြန်လည် ဖမ်းယူ၍ ဓားရှည်အဖြစ် ဆွဲကိုင်ကာ တစ်လုံးချင်း အေးအေးဆေးဆေး ပြောလိုက်သည်။

"ကဲ ငါ့အစွမ်းကို သက်သေပြပြီးပြီ။ တကယ့်စွမ်းအားတွေ ထုတ်သုံးပြီး တိုက်ခိုက်သင့်တယ် မထင်ဘူးလား"

"ဟမ့်"

ကျန်းဟယ်ချင်း၏ စိတ်ထဲတွင် ဒေါသအစား ယှဥ်ပြိုင်လိုစိတ် ဖြစ်တည်လာပြီး မူလတွင် တစ်ဖက်လူက သူမကို အချိန်ဖြုန်းနေသည်ဟု ထင်ထားသော်လည်း အရည်အချင်း စစ်မှန်ကြောင်း သက်သေပြလိုက်ပြီ ဖြစ်၏။ မြို့စားကျန်း၏ သမီးဖြစ်သောကြောင့် ရွယ်တူများထံမှ စိန်ခေါ်ခြင်းကို သူမ တစ်ကြိမ်တစ်ခါလေးပင် မကြောက်ဖူးချေ။ သူမ၏ နဖူးတွင် အစိမ်းရောင် အသက်တံဆိပ် ချက်ချင်း ထွက်ပေါ်လာကာ မြစ်တစ်စင်းပမာ တစ်ကိုယ်လုံး လွှမ်းခြုံလိုက်သည်။ ၎င်းက အဆင့်မြင့် ကောင်းကင်မြစ် အသက်တံဆိပ် ဖြစ်ကာ ရုန်းအရေအတွက်မှာလည်း ၉၉၉၉၉၉၉တွင် ရပ်တန့်နေကြောင်း မြင်နိုင်၏။

"လုယောင် နင့်အသက် ဘယ်လောက်လဲ"

"၂၇"

"ငါ့ထက် အသက်ကြီးပေမယ့် ပြိုင်ဘက်ကောင်းပဲ"

စကားအဆုံးတွင် ကျန်းဟယ်ချင်းသည် ယွမ်ရှောင် မသိသော ရတနာတစ်ခုကို ပေါက်ကွဲသံကြီးနှင့်အတူ ပစ်ခတ်လိုက်သောအခါ ကြယ်မြစ်ကိုးစင်း စီးဆင်းနေသည့် ပန်းချီကားအဖြစ် ပြန့်ထွက်သွားကာ လက်တွေ့ကမ္ဘာသို့ ရုန်းထွက်လာကြ၏။ ကျန်းထိုက်ပင်းသည် ကိုးကောင်းကင် မြစ်မြေပုံ ခေါ် ရတနာကို သမီးဖြစ်သူထံ ပေးအပ်ထားသောကြောင့် အင်မတန် ချစ်မြတ်နိုးကြောင်း သိသာ၍ လူတိုင်း မနာလိုအားကျကုန်သည်။ မြေပုံ၏ အစွမ်းကြောင့် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများ တုန်ခါလာပြီး မြစ်ကိုးစင်း ဝန်းရံနေသည့် သူမ၏ ပုံရိပ်ကြောင့် လူငယ်ယောကျ်ားလေးများ၏ စိတ်ထဲတွင် အားကျစိတ်၊ လေးစားမှုနှင့် ပေါင်းဖက်လိုသော ဆန္ဒများ ဖြစ်ပေါ်လာသော်လည်း လက်တွေ့ဖြစ်လာရန် အိပ်မက်ပင် မမက်ဖူးချေ။

ယွမ်ရှောင်သည် ကောင်းကင်သင်္ချိုင်း ဓားပျံကို စီးနင်း၍ ပျံတက်လာပြီး မြစ်မြေပုံ၏ ဖိနှိပ်မှုကို ဖောက်ထွက်သွားသောအခါ ဓားပတ်လည်၌ အပြာရောင်မီးတောက် ကြာပန်းတစ်ခု ရုပ်သွင်ဖြစ်တည်လာ၏။ ၎င်းက အဆက်မပြတ် လည်ပတ်၍ မီးတောက်များ ပိုမို ပြင်းထန်လာကာ သိုင်းခန်းမရှိ အဆင့်သတ်မှတ်မထားသော မီးတောက်ပြာ ကြာပန်းဓားသိုင်းဖြစ်ကြောင်း စီရင်သူအများအပြား မှတ်မိကုန်သည်။ ၎င်းသည် သာမန်စီရင်သူများပင် အထင်သေးသော ဓားပျံ သိုင်းကွက် တစ်ခု ဖြစ်၍ အထင်သေးစွာ နှာခေါင်းရှုံ့များ ထွက်ပေါ်လာစဥ်မှာပင် ကောင်းကင်ရှိ မီးတောက်ကြာပန်း လည်ပတ်မှု အင်မတန် မြန်ဆန်လာခဲ့၏။ ထိုမီးတောက်များအောက်တွင် ဟင်းလင်းပြင်၌ အက်ကြောင်း ကိုးခု ပွင့်ထွက်သွားကာ ကြာပန်းနှင့် တိုက်ရိုက်ဆက်သွယ်နေသဖြင့် စကြာလက်နက်တစ်ခုကို သံကြိုးကိုးချောင်း ချိတ်ဆက်ထားသကဲ့သို့ ထင်မှတ်ရသည်။

"ဒါက ဘယ်လိုမျိုး မီးတောက်ပြာ ကြာပန်းဓားသိုင်းလဲ"

အက်ကြောင်းကိုးခု၌ အပြာရောင် မီးတောက်များ တောက်လောင်လာသောအခါ ချီစွမ်းအား ပေါင်းစပ်၍ အားကောင်းလာသောကြောင့် စီရင်သူများထံမှ အလန့်တကြား အော်သံများ ထွက်ပေါ်ကာ လျူကျိုးယွီကိုယ်တိုင်ပင် မျက်ဝန်းများ၌ အံ့သြမှုများ ထင်ဟပ်နေ၏။ သူက ကောင်းကင်အုပ်စိုး အိမ်တော်ရှိ သိုင်းပညာတိုင်းကို ရင်းနှီးပြီး မူလတွင် မီးတောက်ပြာ ကြာပန်းဓားသိုင်းဖြစ်ကြောင်း သိသော်လည်း အပြောင်းအလဲကို လိုက်မမီတော့ပေ။

အက်ကြောင်းကိုးခုနှင့် ချိတ်ဆက်၍ ချီစွမ်းအား ဝါးမျိုနေသော အပြာရောင် မီးတောက်ကြာပန်းသည် မြစ်မြေပုံကို ဝင်ဆောင့်ပစ်လိုက်ရာ တဝုန်းဝုန်း မြည်ဟီးသွား၏။ ၎င်းသည် လွှသွားတစ်စင်းပမာ မြေပုံကို ပိုင်းဖြတ်သွားပြီး အက်ကြောင်းကိုးခုမှာလည်း အတွင်းသို့ အတင်းအဓမ္မ ဝင်ရောက် မွှေနှောက်ပစ်လိုက်ကြသည်။

"ဘုန်း"

မြစ်မြေပုံ၏ ကြယ်မြစ်များ စီးဆင်းမှု ရပ်တန့်ကာ နှစ်ပိုင်း ပြတ်ထွက်သွားကာ ကျန်းဟယ်ချင်း၏ အသက်တံဆိပ်နှင့် ချိတ်ဆက်ထားသောကြောင့် ထိပ်တိုက်ရင်ဆိုင်ရာ၌ ယွမ်ရှောင်အောက် တစ်ဆင့် နိမ့်သွားသည်။ လျင်မြန်ပြီး ကျော့ရှင်းလှပသော ဓားချက်သည် လမ်းကြောင်းတလျှောက် အရာရာကို ရိုက်ချိုးဖျက်ဆီးကာ သူမ၏ အစိမ်းရောင် မျက်ဝန်းများနှင့် တစ်ပေအကွာတွင် ရုတ်တရက် ရပ်တန့်သွားသည်။ အရှိန်ပါလာသော ဓားစွမ်းအင်များက နံဘေးမှ ဖြတ်သန်းသွားသောကြောင့် သူမ၏ မျက်နှာကို ကြောက်လန့်မှုကြောင့် ရှုံ့မဲ့သွားစေကာ လွင့်ပျံလာသော ဆံပင်ရှည်များအထက်၌ အပြာရောင် မီးပွားများပင် ထိမှန်ကုန်သည်။ ဓားပျံအပေါ်တွင် မတ်တပ်ရပ်၍ ငုံ့ကြည့်နေသော ယွမ်ရှောင်၏ မျက်လုံးများက အထင်သေးကြောင်း ဖော်ပြနေ၍ သူမကို စိတ်အနှောင့်အယှက် ဖြစ်စေသော်လည်း ပြသခဲ့သော အစွမ်းမှာမူ လက်ဖျားခါလောက်စရာပင်။

"ကျန်းဟယ်ချင်း ငါက မင်းကို မျှမျှတတ အနိုင်ယူခဲ့တယ်။ ကောင်းကင်ပျံသန်းမြို့တော်ကို ငါ ကိုယ်စားပြုပြီး ဝင်ပြိုင်မယ်။ အရှုံးကို လက်ခံလား"

အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်၌ သူ၏ စကားသံက ဟိန်းထွက်သွားသည်။

"ငါ လက်မခံဘူး။ ငါ့ထက် အသက်ကြီးလို့ နိုင်သွားတာပဲ။ ဘာမှ ကြီးကျယ်တဲ့ ကိစ္စ မဟုတ်ဘူး"

ကျန်းဟယ်ချင်းက တုန်တုန်ရီရီနှင့် ကန့်ကွက်လိုက်ပြီး မျက်ဝန်းများပင် နီရဲလာခဲ့လေသည်။

All Chapters